အခန်း ၃၇၈
Vol. 38 Ch. 378
အခန်း (၃၇၈) တန်ပြန်တိုက်ခိုက်ခြင်း
"ငါလည်း အခုလေးတင် သိတာပါကွာ..."
ချန်ဖုန်းသည် ဆရာမကုကို ဆွဲမလိုက်ပြီး ဘေးဘက်တွင် အလျင်အမြန် ထိုင်ခိုင်းလိုက်၏။
"ငါ မောင်းမယ်..."
ကား၏ အတွင်းပိုင်းနေရာမှာ အလွန် ကျဉ်းမြောင်းလှပေသည်။
လူနှစ်ဦး ယာဉ်မောင်းထိုင်ခုံတွင် ထိုင်လိုက်ရသဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်များ ထပ်နေကာ တစ်ယောက်နှင့်တစ်ယောက် ပွတ်တိုက်မိနေသော ခံစားချက်ကြောင့် ဆရာမကု၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားတော့၏။ သူမ၏ နှလုံးသားမှာလည်း ပြင်းထန်စွာ ခုန်ပေါက်နေခဲ့သော်လည်း လက်ရှိအခြေအနေကြောင့် သူမက ယာဉ်မောင်းဘေးထိုင်ခုံဆီသို့ ခန္ဓာကိုယ်ကို အလျင်အမြန် ရွှေ့လိုက်လေ၏။
"ခိုင်ခိုင်ကိုင်ထား..."
ချန်ဖုန်းသည် အစပိုင်းတွင် ဆယ်နှစ်စာ ယာဉ်မောင်းစွမ်းရည်ကို ရယူထားခဲ့ဖူး၏။
ဤအခိုက်အတန့်တွင် သူက ထပ်မံ၍ ရယူလိုက်ပြန်သည်။
[ဒင်... ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... မာစတာအဆင့် ယာဉ်မောင်းစွမ်းရည် ကို လဲလှယ်ရယူလိုက်ပါပြီ... စနစ်ပွိုင့် ၃၀၀ နုတ်ယူလိုက်ပါပြီ]
[ဒင်…ပိုင်ရှင်၏ လက်ရှိ ကျန်ရှိနေသော စနစ်ပွိုင့် - ၃၆,၈၀၀]
ချန်ဖုန်း၏ မျက်လုံးများမှာ ဓားတစ်လက်အလား စူးရှထက်မြက်နေခဲ့ပေ၏။
လျင်မြန်ပြီး အားကောင်းသော ချိုးကွေ့မှုတစ်ခုနှင့်အတူ BMW ကားသည် ၉၀ ဒီဂရီ အချိုးအကွေ့တစ်ခုကို ပြုလုပ်လိုက်ပြီး အနောက်မှ ကျည်ဆန်အချို့ကို ချက်ချင်းပင် ရှောင်လွှဲသွားနိုင်ခဲ့လေသည်။
“ချီးပဲ…”
အနောက်ဘက်ရှိ ဗော့စ်ဝက်ဂွန်ကား တစ်စီးထဲတွင်။
မျက်နှာထား တင်းမာနေသော အနက်ရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးသည် ကား၏ ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ပြောဆိုလိုက်၏။
"ဒုတိယအစ်ကို... တတိယအစ်ကို... ခင်ဗျားတို့နှစ်ယောက် သူတို့ကို ဘေးနှစ်ဖက်ကနေ ညှပ်ပိတ်လိုက်... ကားထဲက လူနှစ်ယောက်ကို သေချာပေါက် သတ်ပစ်ရမယ်..."
"အစ်ကိုကြီး... အဲဒီကောင်ရဲ့ စွမ်းရည်တွေက အရမ်းကောင်းလွန်းတယ်... ငါတို့ လိုက်မမီနိုင်ဘူး..."
"ဘာကို ကြောက်နေရတာလဲ... ငါတို့က အဲဒီကားရဲ့ ဘရိတ်တွေကို ဖျက်စီးထားပြီးသားလေ... တကယ်လို့ သူက အရမ်းမြန်မြန်မောင်းပြီး ရပ်လို့မရတော့ဘူးဆိုရင်လည်း အတူတူပဲ သေရမှာပဲကွ..."
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက လှောင်ပြောင်လိုက်သည်။
၎င်းတို့က သေချာပေါက် အနိုင်ရရန် ဆုံးဖြတ်ထားပုံရပေ၏။
ထိုအချိန်၌...ချန်ဖုန်း၏ အမြန်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၀၀ အထိ ရောက်ရှိနေပြီဖြစ်ပြီး သူနှင့် တစ်ဖက်လူကြားရှိ အကွာအဝေးကို တိုးမြှင့်ရန် မြေပြင်အနေအထားကို အခွင့်ကောင်းယူ၍ ဆက်လက်မောင်းနှင်နေခဲ့သည်။
အမြန်နှုန်းကို ထပ်မံမြှင့်တင်၍ ရနိုင်သေးသော်လည်း...
ထိုအနက်ရောင်ဝတ်စုံနှင့် အမျိုးသားများ ပြောခဲ့သကဲ့သို့ပင် အမြန်နှုန်းက အရမ်းမြန်လွန်းနေပြီး ရပ်တန့်ရန် နည်းလမ်းမရှိပါက သူက ခုန်ဆင်းနိုင်ကောင်း ခုန်ဆင်းနိုင်မည်ဖြစ်သော်လည်း ဆရာကုမှာမူ သေချာပေါက် ဒဏ်ရာရသွားပေလိမ့်မည်။
"ခိုင်ခိုင်ကိုင်ထား..."
မြေပြင်အနေအထားကို လမ်းညွှန်အဖြစ် အသုံးပြုကာ ချန်ဖုန်းသည် ဗော့စ်ဝက်ဂွန်ကား တစ်စီး၏ အနောက်ဘက်သို့ အလျင်အမြန် ကွေ့ပတ်သွားလေ၏။
ထို့နောက် ကြီးမားသော အသံကြီးနှင့်အတူ ၎င်းကို ဝင်တိုက်ပစ်လိုက်သည်။
ကား၏အရှေ့ပိုင်းနှင့် ဗော့စ်ဝက်ဂွန်ကား၏ အနောက်ပိုင်းတို့မှာ တွဲလျက် ကပ်သွားပြီး ထိုအခိုက်အတန့်တွင် ကားနှစ်စီးမှာ တစ်စီးတည်းအဖြစ် ပြောင်းလဲသွားကာ တစ်နာရီလျှင် မိုင် ၁၀၀ နှုန်းဖြင့် ရှေ့သို့ ရွေ့လျားသွားတော့၏။
"လခွမ်းပဲ..."
ဗော့စ်ဝက်ဂွန်ကားထဲတွင်။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသား၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ဖက်လူက သူ၏အနောက်သို့ မည်သို့ရောက်ရှိလာမှန်း သူ တကယ်ကို မသိလိုက်ချေ။
"မြန်မြန်... သူ့ကို သတ်လိုက်..."
ကားထဲရှိလူများသည် ၎င်းတို့၏ အနောက်ဘက်သို့ လှည့်ကာ သေနတ်ခလုတ်များကို အလျင်အမြန် ဆွဲလိုက်ကြလေ၏။
အခြား ဗော့စ်ဝက်ဂွန်ကား နှစ်စီးကလည်း တစ်ချိန်တည်းမှာပင် ချဉ်းကပ်လာကြပြီး ၎င်းတို့၏ ကျည်ဆန်များ စတင် ပျံသန်းလာတော့သည်။
တစ်ချိန်တည်းမှာပင်...ချန်ဖုန်းက လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။
သူ၏ ပြင်းထန်သော အင်အားကြောင့် လေကာမှန်မှာ အပိုင်းပိုင်းအစစ ကြေမွသွားပြီး အားကောင်းသော တုန်ခါမှုလှိုင်းကြောင့် မှန်ကွဲစများ လွင့်စင်ထွက်သွားတော့သည်။
ချန်ဖုန်းက ဟိန်းဟောက်လိုက်၏။
"ခုန်ချ..."
ဆရာမကုက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်လေသည်။
မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အပေါ်သို့ လွင့်တက်သွားပြီး ဗော့စ်ဝက်ဂွန်ကား၏ အမိုးပေါ်သို့ ကျရောက်သွားပေ၏။
"အပေါ်မှာ..."
ကားအမိုးပေါ်သို့ ကျည်ဆန်များ နောက်တစ်ကြိမ် မိုးရွာချသကဲ့သို့ ကျရောက်လာပြန်သည်။
ကားအမိုးတစ်ခုလုံး အပေါက်များဖြင့် ပြည့်နှက်သွားတော့၏။ ဤအခွင့်အရေးကို အသုံးချကာ ချန်ဖုန်းသည် ဗော့စ်ဝက်ဂွန်ကား၏ နောက်လေကာမှန်ကို လက်သီးဖြင့် ထိုးခွဲလိုက်ပြီး ငါးရှဉ့်တစ်ကောင်အလား အထဲသို့ လိမ့်ဝင်သွားလေသည်။
ထိုအခိုက်အတန့်၌...လူတိုင်း၏ နှုတ်ခမ်းများ ပြင်းထန်စွာ တွန့်ကွေးသွားကြတော့၏။
တစ်ဖက်လူက ၎င်းတို့အနားသို့ တကယ်ကြီး ခိုးဝင်နိုင်ခဲ့ပြီပဲ…
၎င်းတို့ မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်နိုင်မီမှာပင် အားကောင်းသော ဖိအားတစ်ခု ၎င်းတို့အပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရပြီး ထိုအခိုက်အတန့်တွင် ကားအတွင်းရှိ အပူချိန်မှာ သိသိသာသာ ကျဆင်းသွားသကဲ့သို့ ဖြစ်သွားလေ၏။
သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲတမျှ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။
"ဖျစ်..."
ချန်ဖုန်းသည် စကားတစ်ခွန်းမျှ မပြောခဲ့ချေ။ သူက တစ်ဖက်လူများ၏ လည်ပင်းကို ချိုးပစ်လိုက်၏။
မကြာခင် ကားထဲရှိ လူများမှာ တစ်ချိန်တည်းမှာပင် သေဆုံးသွားကြတော့သည်။
ချန်ဖုန်းက ကားတံခါးကို ကန်ဖွင့်ကာ အလောင်းများကို အပြင်သို့ ပစ်ချလိုက်ပြီး ယာဉ်မောင်းထိုင်ခုံတွင် ဝင်ထိုင်လိုက်လေသည်။
ဤအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်ပေ၏။
ဆရာမကုလည်း နောက်ဆုံးတွင် အမိုးပေါ်မှ ခုန်ဆင်းလာပြီး ဗော့စ်ဝက်ဂွန်ကားထဲသို့ ဝင်ရောက်လာချိန်တွင် ဆယ်စက္ကန့်ခန့်သာ ကုန်ဆုံးသွားခဲ့ပုံရပေသည်။
၎င်းတို့၏ အရှေ့တွင်။ အခြား ဗော့စ်ဝက်ဂွန်ကား နှစ်စီးမှာ ရုတ်တရက် ရပ်တန့်သွားပြီး ချက်ချင်း နောက်လှည့်ကာ အဝေးသို့ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်ထွက်ပြေးသွားကြလေ၏။
ချန်ဖုန်းက ၎င်းတို့ကို ထွက်ပြေးရန် အခွင့်အရေး ပေးမည် မဟုတ်ချေ။
BMW ကို အနောက်တွင် ချန်ထားခဲ့ပြီးနောက် သူသည် ဗော့စ်ဝက်ဂွန်ကားကို မောင်းနှင်ကာ မဆုတ်မနစ် နောက်မှ လိုက်ပါသွားတော့သည်။
ဆရာမကုမှာ အနည်းငယ် ရယ်ချင်နေခဲ့ပေ၏။
လွန်ခဲ့သော ဆယ်မိနစ်ခန့်က ဤလူများသည် ၎င်းတို့၏ ကားများဖြင့် သူမတို့နောက်သို့ လိုက်နေခဲ့ကြသော်လည်း ယခုအခါတွင် ၎င်းတို့၏ အခန်းကဏ္ဍများ ပြောင်းပြန် ဖြစ်သွားခဲ့လေပြီ။
ထိုလူများက အလွန် ဉာဏ်ကောင်းပုံရပေသည်။
မြို့လယ်ခေါင်တွင် လူများနှင့် ကားများ များပြားသဖြင့် လူအုပ်ကြားထဲတွင် ပျောက်ကွယ်သွားပါက ၎င်းတို့ကို ရှာဖွေရန် ခက်ခဲမည်ဖြစ်ကြောင်း သိရှိထားသောကြောင့် ထိုနေရာသို့ ဦးတည်မောင်းနှင်နေကြခြင်း ဖြစ်၏။
တတိယမြောက် လမ်းဆုံသို့ ရောက်ရှိချိန်တွင်...
ချန်ဖုန်းသည် အရှေ့ရှိ ဗော့စ်ဝက်ဂွန်ကားနှင့် မီတာ ၅၀ ထက်မနည်း ကွာဝေးနေပေ၏။ သူက အရှိန်ကို ထပ်မံမြှင့်တင်ရန် ပြင်လိုက်ချိန်မှာပင် ဘေးဘက်မှ ကုန်တင်ကားကြီးတစ်စီး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"သတိထား..."
ဆရာမကု၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။
ထိုကုန်တင်ကားကြီးမှာ အရှိန်ပြင်းပြင်းဖြင့် လာနေခြင်းဖြစ်ပြီး ၎င်းတို့ကား၏ အရှေ့ရှိ လမ်းကြောင်းကို ပိတ်ဆို့ထားပြီး ဖြစ်လေသည်။
အကယ်၍ ဝင်တိုက်မိပါက သေချာပေါက် ကြီးမားသော ယာဉ်တိုက်မှုကြီးတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ကုန်တင်ကားပေါ်တွင် သတ္တုအပိုင်းအစများ တင်ဆောင်ထားသောကြောင့် ကြီးမားသော အင်အားဖြင့် တိုက်မိပါက သတ္တုအပိုင်းအစများ အားလုံး ကားပေါ်သို့ ကျရောက်လာမည် ဖြစ်ပေ၏။
ထိုသို့ဖြစ်ပါက သေချာပေါက် အသက်အန္တရာယ်ရှိသော ယာဉ်တိုက်မှုကြီးတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ချန်ဖုန်းက လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။
သူတို့သည် တစ်ချိန်တည်းလိုလိုပင် ဘရိတ်ကို နင်းလိုက်ကြ၏။
တစ်ချိန်တည်းမှာပင်...စတီယာရင်ကို ရုတ်တရက် ချိုးကွေ့လိုက်သည်။
ကားကိုယ်ထည် တစ်ခုလုံးသည် မြေပြင်ပေါ်တွင် ပြီးပြည့်စုံသော စက်ဝိုင်းခြမ်း ပုံစံမျိုး ရေးဆွဲသွားပြီး ချက်ချင်းပင် လမ်းကြောင်း ပြောင်းလဲသွားခဲ့ပေ၏။
ထို့နောက် ကုန်တင်ကားနှင့် တစ်မီတာအကွာတွင် တည်ငြိမ်စွာ ရပ်တန့်သွားတော့သည်။
"သီသီလေးပဲ..."
ဆရာမကု က ကြောက်ရွံ့စွာဖြင့် သူမ၏ ရင်ဘတ်ကို ပုတ်လိုက်လေ၏။
ကံကောင်းထောက်မစွာဖြင့် ချန်ဖုန်းက ကားမောင်းနေခြင်း ဖြစ်ပေသည်။
အကယ်၍ အခြားတစ်စုံတစ်ယောက်သာ ဖြစ်ပါက သူမ ထိုင်ရဲမည် မဟုတ်ချေ။
ယခုအခိုက်အတန့်တွင် သူမသည် ကားစီးရမည်ကိုပင် ကြောက်ရွံ့သွားခဲ့လေပြီ။
မြေပြင်ပေါ်တွင်သာ ဆိုလျှင် အကယ်၍ အန္တရာယ်ကြုံတွေ့ရပါက သူမက တိုက်ခိုက်ခြင်း သို့မဟုတ် ထွက်ပြေးခြင်းများ ပြုလုပ်နိုင်သော်လည်း ကားထဲတွင်မူ ယာဉ်မောင်းထံသို့ သူမ၏ အသက်ကို အပ်နှံထားရုံသာ ရှိပေသည်။
ဤအချိန်၌…ကုန်တင်ကားလည်း ရပ်တန့်သွားခဲ့၏။
ယာဉ်မောင်းတစ်ဦးက ပြာယာခတ်နေသော အမူအရာဖြင့် ယာဉ်ပေါ်မှ ပြေးဆင်းလာပြီး တောင်းပန်စကား ဆိုလိုက်သည်။
"အရမ်း အားနာပါတယ်ဗျာ... အရမ်းကို တောင်းပန်ပါတယ်... အားလုံး အဆင်ပြေကြရဲ့လား..."
"အဆင်မပြေဘူး..."
ချန်ဖုန်းက တစ်ဝက်တစ်ပျက် ပြုံးလျက် သူ့ကို ကြည့်ကာ ပြောလိုက်၏။
"ဒါပေမဲ့... မင်းကတော့ အဆင်မပြေနိုင်တော့ဘူး ထင်တယ်..."
"ဗျာ..."
ယာဉ်မောင်းသည် သူ့စကားကို နားလည်ပုံ မရချေ။
ချန်ဖုန်းက သူ့ကို ဖြေကြားရန်ပင် ပျင်းရိနေခဲ့သည်။
သူက ရုတ်တရက် ရှေ့သို့ တစ်လှမ်းတိုးကာ တစ်ဖက်လူ၏ လည်ပင်းကို ဆွဲညှစ်လိုက်လေ၏။
"မင်း..."
ယာဉ်မောင်း၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပေသည်။
သူ နောက်သို့ ဆုတ်ရန် ပြင်လိုက်ချိန်မှာပင် ချန်ဖုန်း၏ လက်က သူ၏ လည်ပင်းကို ဆုပ်ကိုင်ထားပြီးဖြစ်ကာ ကြီးမားလှသော အင်အားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့၏။
"ဒေါက်..."
လေပြွန် ပေါက်ပြဲသွားလေပြီ။
"သူဌေး... သူက ဘယ်သူလဲ..."
"ရန်သူလေ..."
ချန်ဖုန်း၏ မျက်နှာပေါ်တွင် အန္တရာယ်ရှိသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
"တိုက်ဆိုင်လွန်းတယ် မထင်ဘူးလား... ငါတို့က သူတို့ကို နောက်ကနေ လိုက်ဖမ်းနေတာ... အဲဒီအချိန်မှာမှ ကုန်တင်ကားကြီး တစ်စီးက ရုတ်တရက် ပေါ်လာတယ်လေ..."
“သူက အဲဒီလူတွေ ထွက်ပြေးလွတ်မြောက်သွားအောင် ကူညီပေးနေတယ်ဆိုတာ ရှင်းနေတာပဲ…
ပြီးတော့ ကုန်တင်ကားပေါ်မှာ ဘာတွေ တင်လာလဲဆိုတာ ကြည့်လိုက်ဦး…”
"သတ္တုအပိုင်းအစတွေလေ... ဘာပြဿနာ ရှိလို့လဲ..." ဆရာမကုက စကားပြော၍ပင် မဆုံးသေးမီ သူမ ရုတ်တရက် သဘောပေါက်သွားခဲ့၏။
"အဲဒီတုန်းက ကျိုတိုမှာ နန်ကုန်းရိ တို့ သားအဖ သေဆုံးခဲ့တာက ယာဉ်တိုက်မှုတစ်ခုကြောင့်လေ... သူတို့ရဲ့ ကားကို သတ္တုအပိုင်းအစတွေ အပြည့်တင်လာတဲ့ ကုန်တင်ကားကြီးတစ်စီးက ဝင်တိုက်ခဲ့တာ... ကားရော လူရော အကုန်လုံး ပျက်စီးသွားခဲ့တယ်..."
“အဲဒါကို ဧကရီဘုရင်မ အဲလစ်ဇဘက် က တစ်ယောက်ယောက်ကို ခိုင်းစေပြီး လုပ်ခိုင်းခဲ့တာလို့ ကျွန်မ မှတ်မိတယ်... ဟုတ်တယ် မဟုတ်လား…”
"ဟုတ်တယ်..."
ချန်ဖုန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။
"အဲဒီတုန်းက ငါ ဆာကူရာနိုင်ငံ မှာ ရှိနေတုန်းက နန်ကုန်းရိတို့ သားအဖက ဝိညာဉ်အဖွဲ့အစည်း က လူတွေကို ငှားပြီး ငါ့ကို သတ်ခိုင်းခဲ့တာလေ..."
“ပြီးတော့ အဲလစ်ဇဘက်က ငါနဲ့ ပူးပေါင်းဖို့အတွက် သူတို့ကို သစ္စာဖောက်သွားပြီ ဆိုတာကို သူတို့ လုံးဝ မသိခဲ့ကြဘူးလေ…”
“ဒါပေမဲ့ နန်ကုန်း သားအဖက နန်ကုန်းမိသားစု အကြီးအကဲရဲ့ အမိန့်ပေးမှုအောက်မှာ လုပ်ဆောင်နေတာလို့ ငါ သံသယရှိတယ်...
ဒီနေ့ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေ အပါအဝင်... ဒါက နန်ကုန်းမိသားစု အကြီးအကဲက ငါ့ကို သတိပေးလိုက်တာ ဖြစ်ဖို့များတယ်…”
"သူဌေး... ဒါဆို ငါတို့ ဘာလုပ်ကြမလဲ..."
"အလျင်မလိုပါဘူး..."
ချန်ဖုန်းက သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။
"အဲဒီလူတွေ ထွက်ပြေးလို့ လွတ်မှာ မဟုတ်ပါဘူး... ငါတို့လူတွေက သူတို့ကို လိုက်မီသွားပြီပဲ... ငါတို့ အရင် ပြန်ကြတာပေါ့..."
---