အခန်း ၃၇၉
Vol. 38 Ch. 379
အခန်း (၃၇၉) တစ်ခုခု ဖြစ်တော့မယ်
တစ်ချိန်တည်းမှာပင်။
ကျိုတိုရှိ စစ်ဘက်ဆိုင်ရာဌာန ရုံးချုပ်တွင်။
ကျန်းထျန်ရှန်း သည် နောက်ဆုံးတော့ ရက်အနည်းငယ်ခန့် ငြိမ်းချမ်းစွာ နေထိုင်ခွင့် ရရှိခဲ့ချိန်တွင် ချန်ဖုန်းထံမှ ဖုန်းတစ်ကော လက်ခံရရှိခဲ့လေ၏။
"ဝန်ကြီးကျန်း... ကျန်းနန်မှာ လူတစ်ယောက် သေသွားတယ်... ဒါကို ကိုင်တွယ်ပေးပါဦး..."
"လခွမ်းပဲ..."
ကျန်းထျန်ရှန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့သည်။
‘ဒီကောင် လူထပ်သတ်ပြန်ပြီလား…’
သူသည် ရှင်းလင်းရေးလုပ်ပေးရသူ တစ်ဦးအဖြစ် တကယ်ကို ပြောင်းလဲသွားပြီဖြစ်ကြောင်း သူ သဘောပေါက်သွားတော့၏။
ဖုန်းချပြီးနောက်။
သူက ဟွမ်ဇီ ကို ချက်ချင်းခေါ်ကာ ပြောဆိုလိုက်သည်။
"ဒီကိစ္စကို ကိုင်တွယ်ပြီး ဖုံးဖိထားဖို့ ကျန်းနန်မှာရှိတဲ့ စစ်ဘက်ဆိုင်ရာဌာနကို ဆက်သွယ်လိုက်ပါ...ပြီးတော့ မကြာသေးခင်က နန်ကုန်းမိသားစု ဘက်က လှုပ်ရှားမှု တစ်ခုခုများ ရှိသေးလား…”
"လောလောဆယ်တော့ မရှိသေးပါဘူး..."
ဟွမ်ဇီက ခေါင်းခါလျက် ပြောဆိုလိုက်၏။
"မိသားစု အကြီးအကဲ နန်ကုန်းရှုံ က အချိန်တစ်လျှောက်လုံး အိမ်မှာပဲ နေနေတာ... သူ ဘာလုပ်နေလဲတော့ မသိဘူး... သူ အပြင်ထွက်တဲ့ တစ်ခုတည်းသော အချိန်ကတော့..."
“ထင်ရှားတဲ့ မိသားစု တော်တော်များများကို သွားရောက်လည်ပတ်ခဲ့တဲ့ အချိန်ပဲ...
ကျွန်တော်တို့လူတွေက အနားကပ်ခွင့်မရခဲ့လို့ သူတို့ ဘာတွေပြောနေကြလဲ ဆိုတာကိုတော့ မသိခဲ့ဘူး…”
"ဝန်ကြီး... အဓိက မိသားစုကြီးတွေကို အရေးယူဖို့ အချိန်ရောက်ပြီလား..."
"ဘာလို့ အလျင်လိုနေရတာလဲ..."
ကျန်းထျန်ရှန်းက စားပွဲပေါ်သို့ လက်ချောင်းများဖြင့် ညင်သာစွာ ခေါက်ရင်း သက်ပြင်းချရင်း ပြောလိုက်၏။
"ကျိုတိုမှာရှိတဲ့ မိသားစုကြီး ငါးခုအနက် ကျီမိသားစု တစ်ခုတည်းကသာ ငါတို့နဲ့ အတော်လေး နီးစပ်တာ..."
“တခြား မိသားစုတွေနဲ့ ငါတို့မှာ ဆက်သွယ်မှုက လုံးဝ နီးပါးကို မရှိတာလေ...ဒီလူတွေက စီးပွားရေး အသက်သွေးကြောကို ထိန်းချုပ်ထားပြီး နိုင်ငံခြားမှာလည်း စီးပွားရေးလုပ်ငန်းတွေ အများကြီး ရှိနေတယ်…”
“တကယ်လို့ ဆက်ဆံရေးတွေကို လုံးဝ ဖြတ်တောက်လိုက်ပြီး သူတို့ကို အရမ်း ဖိအားပေးလိုက်မယ်ဆိုရင် သူတို့က ရန်ပုံငွေ အများအပြားကို နိုင်ငံခြားဆီ တိုက်ရိုက် လွှဲပြောင်းသွားနိုင်တယ်…”
“ဒါက ဟွာရှနိုင်ငံရဲ့ စီးပွားရေးအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှု ရှိလာနိုင်တယ်... ခဏလောက် စောင့်ကြတာပေါ့..”
ဟွမ်ဇီက မေးလိုက်၏။
"ဒါဆို... ဘယ်တော့လောက် ဖြစ်မလဲ..."
"မကြာခင် ဖြစ်လာမှာပါ... နယ်စပ်စစ်ပွဲ ပြီးဆုံးသွားပြီးနောက်ပိုင်း ဟွာရှနိုင်ငံက အခု ပြည်တွင်း ပြန်လည်ဖွဲ့စည်းရေးအပေါ် စွမ်းအင်တွေ အကုန်လုံးကို အာရုံစိုက်နေပြီ... အနောက်ကျဆုံးအနေနဲ့ အဲဒီ အင်အားကြီး မိသားစုတွေကို သုံးလအတွင်း ရှင်းလင်းပစ်မယ်..."
"နားလည်ပါပြီ..."
ဟွမ်ဇီက ခေါင်းညိတ်ပြီးနောက် အလျင်အမြန် ထွက်ခွာသွားလေ၏။
......
အခြားတစ်ဖက်တွင်။
ချန်ဖုန်းနှင့် ဆရာမကုတို့သည် စံအိမ်သို့ ပြန်ရောက်လာကြသည်။
သူ အသစ်ဝယ်ထားသော BMW မှာ လိုက်လံဖမ်းဆီးမှုအတွင်း လုံးဝပျက်စီးသွားခဲ့ပြီး စံအိမ်တွင် ယခင်က သူပိုင်ဆိုင်ခဲ့သော ကားမှာလည်း အရောင်းကိုယ်စားလှယ်ထံတွင် ပြုပြင်နေရသဖြင့် သူ နောက်တစ်စီး ထပ်ဝယ်ရတော့မည် ဖြစ်ပေ၏။
‘ဘာပဲဖြစ်ဖြစ်... ဈေးမကြီးပါဘူး... ယွမ် သိန်းအနည်းငယ်လောက်ပဲ ရှိတာလေ…’ဟု တွေးလိုက်၏။
ရှန်ကွမ်ယွဲ့သည် အပေါ်ထပ်ရှိ အိပ်ခန်းထဲမှနေ၍ ဖြည်းညင်းစွာ ဆင်းလာခဲ့သည်။
ချန်ဖုန်း၏ အဝတ်အစားများကို မြင်လိုက်ရချိန်တွင် သူမ မျက်မှောင်အနည်းငယ် ကြုတ်သွားခဲ့၏။
"လုပ်ကြံသတ်ဖြတ်သူနဲ့ ကြုံတွေ့ခဲ့ရတာလား..."
"ဘာမှမဖြစ်ပါဘူး... လူသစ်လေးတွေပါ..."
ချန်ဖုန်းက ပြုံးလျက် လျှောက်သွားကာ ရှန်ကွမ်ယွဲ့၏ လက်ကို ဆွဲကိုင်လိုက်ပြီး တစ်စုံတစ်ရာ အပြစ်လုပ်ရန် ပြင်လိုက်ပြန်သည်။
စနစ်အဆင့်မြှင့်တင်မှုရှိ အင်္ဂါရပ်အသစ်များကို အကောင်းဆုံး အသုံးချရမည် ဖြစ်ပေ၏။ လိင်ဆက်ဆံရုံဖြင့် ခန္ဓာကိုယ် အားဖြည့်မှုကို ရရှိနိုင်ပြီး တစ်လလျှင် အကြိမ်သုံးဆယ် ပြုလုပ်နိုင်လေသည်။
ထိုအချိန်ရောက်လျှင် ယွဲ့ယွဲ့လေး၏ စွမ်းရည်များသည် မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာရန် သေချာပေါက် လုံလောက်သွားပေလိမ့်မည်။
သူ ဤအကြောင်းကိုပင် တွေးတောနေခဲ့၏။
အနည်းဆုံးတော့ ၎င်းတို့ကိုယ်ကို ကာကွယ်နိုင်ရန် သေချာစေဖို့အတွက် ရှန်ယန်းယန်းနှင့် ယွင်ထင်တို့၏ ခန္ဓာကိုယ်များကို အားဖြည့်ပေးရန် အချိန်အနည်းငယ် ရှာဖွေရပေမည်။
‘အင်း...ငါက မင်းတို့ရဲ့ ခန္ဓာကိုယ်တွေကို တပ်မက်နေတာ မဟုတ်ပါဘူး…’
‘မင်းတို့ကိုယ်မင်းတို့ ကာကွယ်နိုင်စွမ်း ရှိစေချင်ရုံ သက်သက်ပါ…’
‘ဟုတ်တယ်...အဲဒါပဲ…’ဟု ချန်ဖုန်းတစ်ယောက် ကိုယ်အတွေးနဲ့ကို ပျော်နေတော့၏။
"အရူးမလုပ်နေနဲ့... ငါက နင့်ကို အရေးကြီးကိစ္စတွေ ပြောနေတာနော်..."
ရှန်ကွမ်ယွဲ့က သူ့ကို မျက်စောင်းထိုး ကြည့်လိုက်ပြီး သူ၏လက်များ နောက်တစ်ကြိမ် လှည့်လည်သွားလာနေမည်ကို ကြောက်ရွံ့သဖြင့် ချန်ဖုန်းနှင့် တမင်သက်သက် အကွာအဝေးတစ်ခု ခြားထားလိုက်လေ၏။
သူမက တိုးညင်းစွာ ပြောဆိုလိုက်သည်။
"ငါ အပြင်ကို ထွက်လာတာ တစ်လကျော်နေပြီ... ရှောင်လန် နဲ့အတူ အပန်းဖြေချင်ရုံ သက်သက်ပါ...အခု ပြန်ရမယ့်အချိန် ရောက်ပြီလေ…”
"ကျိုတိုကို ပြန်မလို့လား..."
ချန်ဖုန်း အနည်းငယ် မှင်တက်သွားခဲ့၏။
"အင်း..."
ရှန်ကွမ်ယွဲ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။
"နင် ဒီမှာ ငါနဲ့အတူ နေနေစရာ မလိုပါဘူး... နင် လုပ်စရာရှိတာ သွားလုပ်လေ..."
သူမ သိနိုင်ပေ၏။ ချန်ဖုန်းတွင် လုပ်စရာ အခြားကိစ္စများ ရှိနေသော်လည်း သူမနှင့်အတူ နေရန်အတွက် အခြား ကတိကဝတ်များကို သူ ပယ်ချထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။
"ကောင်းပြီလေ... ငါ မစ်ဝမ်ကို နောက်တစ်ရက်လောက် ထပ်ကုသပေးဖို့ လိုသေးတယ်... အဲဒါပြီးသွားရင် နင့်ကို လာတွေ့ဖို့ ကျိုတိုကို လိုက်ခဲ့မယ်..."
တကယ်တမ်းတွင် ရှန်ကွမ်ယွဲ့ ကျိုတိုသို့ ပြန်သွားမည်ကို ချန်ဖုန်း မျှော်လင့်နေခဲ့ပေ၏။
မည်သို့ပင်ဖြစ်စေ ကျိုတိုတွင် လုံခြုံရေးအတွက် အာမခံချက် ရှိလေသည်။
ထို့အပြင် သူမ၏ မိဘများကလည်း သူမ၏ ကျန်းမာရေးကို ဂရုစိုက်ပေးနိုင်ပေသည်။
ကျန်းနန်ဒေသအတွက်ဆိုလျှင်မူ…
‘ငါ့ရဲ့ ညီမလေး ချန်ဟွေ က အဆင်ပြေသင့်ပါတယ်... သူမကို အချမ်းသာဆုံးသူဌေး ဝမ်ကျင်းပဲ သင့်တော်သလို စောင့်ရှောက်ပါစေလေ…’ဟု တွေးတောလိုက်သည်။
ထိုအချိန်၌ ချန်ဖုန်းက ရှန်ကွမ်ယွဲ့ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီး ဖြီးဖြီးပြုံးကာ ပြောဆိုလိုက်၏။
"ယွဲ့ယွဲ့လေး... ငါ အခုလေးတင် နင့်ရဲ့ သွေးခုန်နှုန်းကို စမ်းကြည့်လိုက်တာ... နင့်ခန္ဓာကိုယ်မှာ တစ်ခုခု မှားယွင်းနေတာကို တွေ့လိုက်ရတယ်…
“တစ်ခုခု မှားယွင်းနေတယ် ဟုတ်လား…”
ရှန်ကွမ်ယွဲ့မှာ လန့်ဖြတ်သွားခဲ့၏။
“ကလေးမှာများ တစ်ခုခု မှားယွင်းနေတာများလား…”
"တကယ်တော့ ကြီးကြီးမားမား ပြဿနာတော့ မဟုတ်ပါဘူး..."
ချန်ဖုန်းက သူမကို ဖက်ကာ အိပ်ခန်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားရင်း ပြောလိုက်သည်။
"အဓိက ပြဿနာက နင် လေ့ကျင့်ခန်း အလုံအလောက် မလုပ်လို့ပဲ... နင့်လိုလူမျိုးက လေ့ကျင့်ခန်း ပိုလုပ်သင့်တယ်..."
"အိပ်ရာပေါ်မှာ အရင် လှဲနေလိုက်... ဘယ်လို လေ့ကျင့်ခန်း လုပ်ရမလဲဆိုတာ နင့်ကို သင်ပေးမယ်..."
အိပ်ခန်းထဲသို့ ဝင်သွားချိန်တွင်...
ချန်ဖုန်းက တံခါးကို ဘန်းခနဲ ပိတ်ပစ်လိုက်၏။
ရှောင်လန်က နှုတ်ခမ်းစူကာ ဒေါသတကြီးဖြင့် သူမဘာသာ တီးတိုးရေရွတ်လိုက်သည်။
"ဟွန့်... အစ်မရှောင်ယွဲ့က သူ့ရဲ့ အချစ်ကို ဟန်ရေးပြနေပြန်ပြီ... မရဘူး... ငါ သူ့ကို အရှုံးပေးလို့ မဖြစ်ဘူး..."
သူမက ပြုံးလျက် အပြင်သို့ ထွက်သွားလေ၏။
ထိုနောက် သူမက လဲ့ယန်ကို ခေါ်ကာ တီးတိုးပြောဆိုလိုက်သည်။
"ငါ့ကိုယ်ပေါ်က အမာရွတ်တွေကို ဆေးလိမ်းဖို့ လိုနေလို့... ငါ့ကို ထပ်ပြီး လိမ်းပေးနိုင်မလား..."
ဤသည်ကို ကြားချိန်တွင် လဲ့ယန်မှာ...
၎င်းက ဘာကိုဆိုလိုသနည်းဆိုတာ ချက်ချင်း သဘောပေါက်သွားတော့၏။
အဲဒီညက သူတို့ လိင်ဆက်ဆံခဲ့ချိန်တုန်းက ရှောင်လန်က သူ့ကို ဆေးလိမ်းပေးဖို့ အကူအညီတောင်းခဲ့ပြီး... သူ လိမ်းပေးနေရင်းနဲ့ပဲ အိပ်ရာပေါ်မှာ လူးလှိမ့်သွားခဲ့ကြတာလေ…
၎င်းတို့နှစ်ဦး အချင်းချင်း တီးတိုးပြောဆိုနေကြသည်ကို ကြည့်ရင်း…
ဆရာမကုမှာ အတော်လေး စကားပြောစရာမဲ့သွားခဲ့ပေသည်။
‘လဲ့ယန်လို သစ်တုံးခေါင်းလေးတောင် အခု ရည်းစားရနေပြီပဲ... အဲဒီကောင် တကယ်ကို ကံကောင်းတာပဲ…’
နှစ်နာရီ အကြာတွင်။
ချန်ဖုန်း အိပ်ခန်းထဲမှ ထွက်လာချိန်၌ ရှန်ကွမ်ယွဲ့မှာ အိပ်ရာပေါ်တွင် လှဲလျောင်းနေဆဲဖြစ်ပြီး ရှက်ရွံ့မှုကြောင့် သူမ၏ မျက်နှာမှာ နီရဲနေခဲ့ပေ၏။
‘ဖွီး…’
‘ငါ ထပ်ပြီး အရူးလုပ်ခံလိုက်ရပြန်ပြီ…’
သို့သော် ဤအချိန်၌...
သူမ၏ ခွန်အားများ နောက်တစ်ကြိမ် တိုးလာသကဲ့သို့ သူမ ရှာဖွေတွေ့ရှိလိုက်ရပြီး သူမ၏ သံသယများကို နောက်တစ်ကြိမ် အတည်ပြုလိုက်နိုင်ပေသည်။
‘ဒါ တကယ်ပဲလား... လိင်ဆက်ဆံတာက တကယ်ပဲ ငါ့ကို ပိုအားကောင်းလာစေတာပဲ…’
ချန်ဖုန်း ဧည့်ခန်းထဲသို့ ဝင်လာချိန်တွင်။
ဆရာမကုက သူ့အနားသို့ အလျင်အမြန် ရောက်လာခဲ့၏။
"သူဌေး... ခုနက ထွက်ပြေးသွားတဲ့ ကောင်တွေကို ငါတို့ လိုက်မီသွားပြီ... သူတို့က ဝိညာဉ်အဖွဲ့အစည်းက လူတွေပဲ...သူတို့ကို ကျိုတို နန်ကုန်းမိသားစု က စေလွှတ်ခဲ့တာ ဟုတ်၊ မဟုတ် ဆိုတာကိုတော့ မသေချာသေးဘူး…”
"ဝိညာဉ်အဖွဲ့အစည်း ထပ်ပြီးတော့လား..."
ချန်ဖုန်း မှင်တက်သွားခဲ့ပေသည်။
“ပြီးခဲ့တဲ့ အကြိမ် ငါ ဆာကူရာနိုင်ငံမှာ ရှိနေတုန်းက ဝိညာဉ်အဖွဲ့အစည်းက လူတစ်ယောက် ငါ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့သေးတယ်လေ...
သူတို့က တကယ်ကို ဇွဲကောင်းတဲ့ တစ္ဆေတွေပဲ…”
ဆရာမကုက အလျင်အမြန် ပြောဆိုလိုက်၏။
"ဝိညာဉ်အဖွဲ့အစည်းက အရမ်း ယုံကြည်စိတ်ချရတယ်... ပြီးခဲ့တဲ့အကြိမ်က သူတို့ရဲ့ လုပ်ကြံသတ်ဖြတ်မှု ကျရှုံးခဲ့တော့ သူတို့က ဒီတာဝန်ကနေ အလွယ်တကူ နောက်ဆုတ်မှာ မဟုတ်ဘူး..."
“ငှားရမ်းသူက သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ပိုက်ဆံရထားသရွေ့တော့ တာဝန်ကို သေချာပေါက် ပြီးမြောက်အောင် လုပ်ဆောင်မှာပဲလေ…”
"ပြီးတော့..."
"ပြီးတော့ ဘာဖြစ်လဲ..."
ချန်ဖုန်းသည် ဒေသပြင်ပရှိ မြေအောက်အဖွဲ့အစည်းများ၏ စည်းမျဉ်းများကို သိပ်မရှင်းလင်းခဲ့ချေ။
ဆရာမကုက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်၏။
"ဒေသပြင်ပရှိ မြေအောက်အဖွဲ့အစည်းတွေရဲ့ လက်ရှိ အဆင့်သတ်မှတ်ချက်တွေအရ... ထိပ်ဆုံးသုံးခုက ထျန်ကျီ ၊ တီရှား နဲ့ အဇူရာနန်းတော် တို့ပဲ..."
“ဝိညာဉ်အဖွဲ့အစည်း က အဆင့် ၅ မှာ ရှိနေပေမဲ့ သူတို့က ထိပ်ဆုံး သုံးခုစာရင်းထဲကို အမြဲတမ်း ဝင်ချင်နေကြတာ...ဒီတစ်ကြိမ်မှာ သူတို့ကလည်း အခြေအနေကို စမ်းသပ်နေတာ ဖြစ်ဖို့များတယ်…”
“ဟွာရှနိုင်ငံမှာရှိတဲ့ ဝိညာဉ်အဖွဲ့အစည်းရဲ့ လျှို့ဝှက်စခန်းကို ငါတို့လူတွေ ရှာတွေ့ထားပါတယ်...သူတို့ကို ဟွာရှနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ ရုံးခွဲတွေထဲက တစ်ခုအဖြစ် သတ်မှတ်သင့်တယ်... သူတို့ကို အမြစ်ပြတ် ရှင်းလင်းပစ်ရမလား…”
"အကြမ်းဖျင်းအားဖြင့် လူဘယ်နှယောက်လောက် ရှိလဲ..."
"လူ ၈၀၀ လောက်ပါ..."
ဆရာမကုက ခဏတာ တွေးတောလိုက်ပြီးနောက် ဆက်ပြောဆိုလိုက်၏။
"စခန်းကို ကာကွယ်ဖို့ သူတို့ဆီမှာ လက်နက်ကြီးတွေ ရှိတယ်... စခန်းက စွန့်ပစ်ထားတဲ့ ရွာတစ်ရွာမှာ တည်ရှိပြီး တောင်တစ်တောင်ရဲ့ တစ်ဝက်လောက်မှာ ရှိတယ်..."
"လူရှစ်ရာပဲလား..."
ထူးဆန်းသော အပြုံးတစ်ခုက ချန်ဖုန်း၏ နှုတ်ခမ်းများပေါ်တွင် ဖြတ်ပြေးသွားခဲ့ပေသည်။
စစ်မြေပြင်တွင် သိန်းနှင့်ချီသော စစ်တပ်များကို သူ မြင်တွေ့ခဲ့ဖူးလေပြီ။ လူရှစ်ရာဆိုသည်မှာ ဘာများလဲ။
"သွားကြစို့... လူတိုင်းကို စုစည်းလိုက်... သူတို့ မတုံ့ပြန်နိုင်ခင် သွားဖမ်းကြတာပေါ့..."
"ဟွာရှနိုင်ငံမှာရှိတဲ့ ဝိညာဉ်အဖွဲ့အစည်းရဲ့ စခန်းကို ဖြိုခွဲပစ်လိုက်..."