← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

(161)

အထူးသင်တန်းသား အားလုံး၏ အကြည့်များက ဆက်တိုက်ပြေးနေသော ယောင်ပင်းထံသို့သာ စူးစိုက်လျက် ရှိနေချေသည်။

ကျန်းကျယ်နှင့် အခြားသူများသည်ကား မူလက ယောင်ပင်းအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ကြပြီး သူ ခွန်အားကုန်ခမ်းကာ ပြေးလမ်းပေါ်တွင် လဲကျသွားမည်ကို ကြောက်ရွံ့နေခဲ့ကြသည်။

တစ်ပတ်။

ပြီးတော့ နောက်ထပ်တစ်ပတ်။

ယောင်ပင်းသည် ပြေးကွင်းအတွင်း ပင်ပန်းနွမ်းနယ်မှုမရှိဘဲ ဆက်တိုက် ပြေးလွှားနေခဲ့သည်။

ကျန်းကျယ်နှင့် သူ၏ အဖွဲ့ဝင်များသည် မူလက တင်းမာနေခဲ့ကြသော်လည်း တဖြည်းဖြည်းနှင့် စိတ်ဓာတ်များ ပြန်လည်တက်ကြွလာခဲ့ကြပြီး ယောင်ပင်းအတွက် အပတ်ရေကို တညီတညွတ်တည်း ရေတွက်ပေးလုကြလေသည်။

“အပတ်ရေ ခြောက်ဆယ်”

“အပတ်ရေ ခြောက်ဆယ့်ငါးပတ်”

“ယောင်ပင်း... ဇွဲမလျှော့နဲ့ဦး”

“ယောင်ပင်း... ဇွဲမလျှော့နဲ့ဦး”

  …

“နည်းပြ ... ကျွန်တော့်ကို ယောင်ပင်းနဲ့အတူ နောက်ဆုံး ငါးပတ်ကို အတူတူ ပြေးခွင့်ပြုဖို့ တောင်းဆိုပါတယ် “

“နည်းပြ ... ကျွန်တော်လည်း ယောင်ပင်းနဲ့အတူ နောက်ဆုံး ငါးပတ်ကို အတူတူ ပြေးခွင့်ပြုဖို့ တောင်းဆိုပါတယ် “

…

ယောင်ပင်း၏ မီတာ သုံးသောင်းဖြစ်သော ခုနစ်ဆယ့်ငါးပတ်ပြည့်ရန် နောက်ဆုံး ငါးပတ်သာ လိုတော့သည့်အချိန်တွင် အဖွဲ့ဝင်အားလုံးသည် သူ့အား အားပေးရန်အတွက် အတူတူပြေးရန် သူတို့၏သဘောအလျောက် တောင်းဆိုလာကြသည်။

နည်းပြရှီး၏ မျက်လုံးများက ပုံသေအရှိန်နှုန်းဖြင့် တည်ငြိမ်စွာ ပြေးနေသော ယောင်ပင်းထံသို့ စူးစိုက်လျက် ရှိနေပြီး သူ၏အကြည့်မှာ လေးနက်နေကာ တစ်စုံတစ်ခုကို စဉ်းစားခန်း ဝင်နေသည်။

“နည်းပြရှီး... သူတို့က ဒီလောက်အထိ ဆန္ဒရှိနေကြမှတော့ သူတို့နဲ့အတူ ပြေးခွင့်ပြုလိုက်ပါဦး”

အဖွဲ့ဝင်များ၏ တောင်းဆိုမှုကို မြင်သောအခါ နည်းပြလီက မကြည့်ရက်သဖြင့် သူတို့အတွက် အသနားခံပေးလေသည်။

“ကျွန်တော်တို့က သူတို့ကို အဖွဲ့အစည်းစိတ်ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်တွေ ရှိလာအောင် အမြဲတမ်း လေ့ကျင့်ပေးနေခဲ့တာ မဟုတ်ဘူးလား၊ ကျွန်တော့်အထင်တော့ အခုက အကောင်းဆုံး အချိန်ပဲ ဖြစ်လိမ့်မယ်”

နည်းပြလီ၏ လေသံမှာလည်း အလွန်အမင်း ရိုးသားလှချေသည်။

သူ၏ မျက်လုံးများထဲတွင်တော့ အရောင်များ တောက်ပနေချေသည်၊

သူသည် ဤကဲ့သို့သော စိတ်ဓာတ်တက်ကြွဖွယ် အခြေအနေမျိုးကို မမြင်တွေ့ရသည်မှာ ကြာလှပေပြီ။

အကယ်၍ သူသာ နည်းပြတစ်ဦး မဟုတ်ခဲ့ပါက ပြေးလမ်းထဲသို့ ဝင်ရောက်ကာ ယောင်ပင်းနှင့်အတူ ဝင်ပြေးမိခဲ့လိမ့်မည်။

နည်းပြရှီးသည် စဉ်းစားခန်းဝင်နေရာမှ သတိပြန်လည်လာပြီး ကျန်းကျယ်နှင့် သူ၏အုပ်စုမှ သင်တန်းသားများကို တစ်ချက်ကြည့်လိုက်ကာ နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ... မင်းတို့ကို သူတို့နဲ့အတူ ဝင်ပြေးခွင့်ပြုလိုက်မယ်၊ ဒါပေမဲ့ မင်းတို့ရဲ့ အတိုင်းအဆကို မင်းတို့ သိရမယ်၊ အကယ်လို့ တစ်ခုခု ဖြစ်ပွားခဲ့ရင် မင်းတို့ကိုယ်တိုင်ပဲ တာဝန်ယူရမယ်၊ နားလည်လား…”

နည်းပြရှီး စကားမဆုံးမီမှာပင် ကျန်းကျယ်က ပြေးလမ်းပေါ်သို့ ပထမဆုံးအကြိမ် ခြေစုံပစ် ဝင်ရောက်သွားခဲ့လေပြီ။

ထို့နောက်တွင်မှ ဟောင်ရှောက်ယားက ချက်ချင်း လိုက်ပါသွားလေသည်။

နောက်ဆုံးတွင် ကျန်ရှိသော အဖွဲ့ဝင် သုံးဦးသည်လည်း ပြေးလမ်းပေါ်သို့ အပြေးအလွှား ဝင်ရောက်သွားကြသည်။

“ယောင်ပင်း... ဇွဲမလျှော့နဲ့ဦး၊ ငါတို့ မင်းနဲ့အတူ လာပြေးပေးတာ”

“ယောင်ပင်း... ဇွဲမလျှော့နဲ့ဦး၊ မင်းက တကယ်ကို တော်တယ်”

ကျန်းကျယ်နှင့် အခြားသူများသည် ယောင်ပင်း၏ ဘေးသို့ ပြေးဝင်လာကြပြီး အားလုံးက အားပေးစကား ဆိုကြလေသည်။

သူ၏ အဖွဲ့ဝင်များသည် နောက်ဆုံး ငါးပတ်ကို သူနှင့်အတူ ပြေးပေးရန်အတွက် ပြေးလမ်းပေါ်သို့ ဝင်ရောက်လာကြသည်ကို မြင်သောအခါ ယောင်ပင်း၏ မျက်လုံးများထဲတွင် မျက်ရည်များပင် ဝဲတက်လာရပေသည်။

“မင်းတို့ ငါနဲ့အတူ ပြေးပေးဖို့ မလိုပါဘူး၊ ငါ နောက်ဆုံးအထိ သေချာပေါက် အဆုံးသတ်နိုင်ပါတယ်”

“ငါတို့အားလုံးက အတူတူပဲလေ၊ ဘယ်သူကမှ ဘယ်သူ့ထက် ပိုပြီး ညံ့မနေပါဘူး”

“ငါတို့က သူတို့ထက် ပိုပြီး သေချာပေါက် သန်မာလာမှာပါ”

ယောင်ပင်း၏ လေသံက အားကောင်းပြီး ပြတ်သားလွန်းချေသည်။

ယောင်ပင်း၏ စကားလုံးများကြောင့် ကျန်းကျယ်၊ ဟောင်ရှောက်ယားနှင့် တခြားသော အဖွဲ့ဝင်များ၏ နှလုံးသားထဲမှ မီးတောက်သည်လည်း ချက်ချင်းပင် တောက်လောင်သွားရပေသည်။

သူတို့၏ နှလုံးသားများက ပြင်းထန်စွာ တောက်လောင်နေကြချေပြီ။

သူတို့၏ သွေးများက ချက်ချင်း ဆူပွက်သွားရပေသည်။

မှန်ပေ၏။ သူတို့သည် ယန်ရိချန်နှင့် သူ၏အုပ်စုကဲ့သို့သော လူများနှင့် အတူတူပင် ဖြစ်သည်။

သူတို့၏ အဆင့်အတန်းက အများကြီး နိမ့်ကျမနေပေ။

သူတို့သာ ကြိုးစားအားထုတ်ရန် ဆန္ဒရှိကြပါက ယန်ရိချန်နှင့် သူ၏အုပ်စုကို သေချာပေါက် ကျော်ဖြတ်နိုင်ချေ ရှိသည်။

မလှမ်းမကမ်းသော နေရာ၌ :

နည်းပြဝမ်သည် ယောင်ပင်း တစ်ပတ်ပြီးတစ်ပတ် ပြေးနေသည်ကို စူးစိုက်ကြည့်နေခဲ့သည်။ သူသည် နည်းပြရှီး၏ ဘေးသို့ လျှောက်လှမ်းသွားပြီး လေသံကိုနှိမ့်၍ ပြောလိုက်သည်။

“နည်းပြရှီး... အဲဒီကလေးက တကယ်ကို ထူးခြားလွန်းတယ်၊ သူက ပုံမှန်အားဖြင့် အဖွဲ့ထဲမှာ သာမန်ကာလျှံကာပဲ နေတတ်ပေမဲ့ တခြားအဖွဲ့ဝင်တွေ၏ ခံစားချက်ကိုတော့ အလွယ်တကူ လှုံ့ဆော်ပေးနိုင်စွမ်း ရှိတယ်”

“ဒါ့အပြင်... သူက အခု မီတာ ခုနစ်သောင်းနီးပါး ပြေးပြီးပြီလေ... ကျွန်တော့်ကို ပြောပါဦး၊ ဘယ်သူ့မှာများ အဲဒီလို ခန္ဓာကိုယ် ကြံ့ခိုင်မှုမျိုး ရှိလို့လဲ”

နည်းပြရှီးသည် ယောင်ပင်း၏ ပုံရိပ်ကို စူးစိုက်ကြည့်ကာ သူ၏လေသံမှာ လေးနက်နေချေသည်။

“အဲဒီ တာဝန်အတွက် လျှောက်ထားဖို့ လိုအပ်နေပြီမလား၊ ဒါဆိုရင် သူ့ကို အဓိက တာဝန်တွေ ထမ်းဆောင်ခိုင်းလိုက်တာပေါ့”

ထိုသို့ ပြောပြီးနောက် နည်းပြရှီးက ရက်စက်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

နည်းပြဝမ်က ခေါင်းညိတ်ပြပြီး လေသံကိုနှိမ့်၍ ပြောလိုက်လေသည်။

“ဒါဆိုရင် ကျွန်တော် အထက်ကို ဒီတာဝန်အတွက် တတ်နိုင်သမျှ မြန်မြန် လျှောက်ထားလိုက်ပါ့မယ်၊ နည်းပြရှီး.. ကျွန်တော်တို့ ဒီကိစ္စကို သေသေချာချာ စီစဉ်ရလိမ့်မယ်”

နည်းပြရှီးနှင့် နည်းပြဝမ်တို့ စီမံကိန်းအကြောင်း ဆွေးနွေးနေကြစဉ် လေ့ကျင့်ရေးကွင်းမှ ရုတ်တရက် အောင်ဟစ်ကြွေးကြော်သံတစ်ခု ထွက်ပေါ်လာရပေသည်။

ယောင်ပင်းသည် အပတ်ရေ ခုနစ်ဆယ့်ငါးပတ် ပြည့်မြောက်သွားခဲ့လေပြီ။

မီတာ သုံးသောင်းတိတိပင်။

“ယောင်ပင်း”

“ယောင်ပင်း”

  …

ယောင်ပင်း၏ အုပ်စုသည် လုံးဝ ပေါက်ကွဲတက်ကြွသွားကြချေပြီ။

သူ၏ အဖွဲ့ဝင်များသည်က ယောင်ပင်းအား ပွေ့ချီလိုက်ကြပြီး လေထဲသို့ မြှောက်တင်ကာ သူ၏နာမည်ကို အဆက်မပြတ် အော်ဟစ်ကြွေးကြော်နေကြသည်။

  နည်းပြရှီးနှင့် နည်းပြဝမ်တို့လည်း သဘောပေါက်သွားကြသည်။ ယောင်ပင်းအပေါ် ပြစ်ဒဏ်ပေးသကဲ့သို့ ပြုမူခဲ့သော ဤအပြုအမူက တကယ်တမ်းတွင် သင်တန်းသားများအကြားတွင် သူ့အား အနှိုင်းမဲ့အာဏာကို တည်ဆောက်နိုင်ရန် ကူညီပေးလိုက်သကဲ့သို့ ဖြစ်သွားရလေပြီ။

တာဝန်ယူတတ်ခြင်း၊ အားကိုးထိုက်ခြင်းနှင့် အခြားသူများ မယှဉ်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားခြင်း။

ယောင်ပင်းသည် သင်တန်းသားများအကြား သူတို့ လေးစားရိုသေရမည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။

ဤသည်က သူတို့၏ မူလရည်ရွယ်ချက်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

နည်းပြရှီးနှင့် နည်းပြဝမ်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြချေသည်။ နည်းပြရှီး၏ မျက်နှာက ချက်ချင်းပင် မှုန်မှိုင်းသွားပြီး အော်ဟစ်လိုက်သည်။

“မင်းတို့ ဘာလုပ်နေကြတာလဲ၊ အခြေစိုက်စခန်းမှာ လူအများကြီး အခု အနားယူနေကြတာကို မမြင်ဘူးလား”

သူ့အနေဖြင့် ယောင်ပင်းအား ထိုကဲ့သို့သော လူစားမျိုး လုံးဝ ဖြစ်မလာစေရန် တားဆီးပိတ်ဆို့ချင်ခဲ့သည်။

နည်းပြလီက တိုးတိုးလေး ပြောရှာသည်။

“နည်းပြရှီး... သူတို့က ပြေးလမ်းကို အခုလိုမျိုး အတူလိုက်ပြီး ပတ်ပြေးခဲ့ကြတာဆိုတော့ စိတ်လှုပ်ရှားနေကြတာကလည်း သဘာဝကျပါတယ်၊ ခနလောက် လွှတ်ထားလိုက်ပါဦး”

နည်းပြလီ ကိုယ်တိုင်ကလည်း ဆင်းရဲသော မိသားစုမှ ဆင်းသက်လာသူဖြစ်သဖြင့် ယောင်ပင်းတို့အုပ်စုအပေါ်တွင် အထူး ညှာတာတတ်ချေသည်။

နည်းပြရှီးက ကန့်ကွက်ရန် ပြင်စဉ် နည်းပြဝမ်က သူ့အား မျက်စိတစ်ချက် ပြလိုက်သဖြင့် နည်းပြရှီးက လက်လျှော့လိုက်ရလေသည်။

“နည်းပြလီ...မင်း ဒီမှာပဲ စောင့်ကြည့်နေလိုက်တော့၊ သူတို့ ပြီးသွားရင် ထမင်းစား၊ အိပ်ရေးဝအောင် အိပ်ခိုင်းလိုက်၊ မနက်ဖြန်မနက်မှာ အဝေးပြေးစစ်ချီတာဝန် ရှိတယ်၊ ဒီနေ့ ပြစ်ဒဏ်က မနက်ဖြန် တာဝန်ကို လာပြီး မထိခိုက်စေနဲ့”

ဤကိစ္စကို နည်းပြလီထံ အပ်နှံပြီးနောက် နည်းပြရှီးနှင့် နည်းပြဝမ်တို့သည် အဆောင်ဆီသို့ အတူသွားခဲ့ကြသည်။

အခြေအနေက သူတို့ အမုန်းဆုံးသော လမ်းကြောင်းဆီသို့ ဦးတည်သွားခဲ့ပြီဖြစ်သဖြင့် သူတို့သည် ထိုတာဝန်အတွက် အထက်သို့ အမြန်ဆုံး လျှောက်ထားရလိမ့်မည်။

နည်းပြရှီးနှင့် နည်းပြဝမ်တို့ ထွက်ခွာသွားသည်ကို မြင်သောအခါ ယန်ရိချန်၏ အုပ်စုက ယောင်ပင်းတို့အုပ်စု အောင်ပွဲခံနေသည်ကို အေးစက်စွာ ပြန်ကြည့်လိုက်ကြသည်။

အဖွဲ့ဝင်များက အထင်သေးသော လေသံဖြင့် တိုးတိုးတိတ်တိတ် ရေရွတ်ကြလေသည်။

“သူတို့က အရည်အချင်းမရှိတါ့ကောင်တွေ ဖြစ်ရုံတင်မကဘူး၊ အားလုံးက အရူးတွေပဲ၊ ဒီလို ကိစ္စသေးသေးလေးကို ဒီလောက်အထိ ဖြစ်ပျက်နေရလား”

သူတို့ ဆက်လက်ကြည့်ရှုရန် စိတ်မပါတော့ပေ။

ယန်ရိချန်၏ ဦးဆောင်မှုဖြင့် သူတို့က နည်းပြလီ၏ ဘေးသို့ ချဉ်းကပ်လာပြီး မေးလိုက်သည်။

“နည်းပြလီ... ကျွန်တော်တို့အတွက် ဘာမှမရှိတော့ဘူးဆိုရင် ထမင်းသွားစားတော့မယ်နော်”

“သွားကြလေ”

နည်းပြလီက ခေါင်းညိတ်ပြလိုက်သည်။

ဤလူချမ်းသာ သားသမီးများအားလုံးက မာနကြီးပြီး စည်းကမ်းမဲ့ကြကာ နည်းပြရှီးနှင့် နည်းပြဝမ်တို့၏ အမိန့်ကိုသာ နာခံတတ်ကြသည်။ သူ့ကိုတော့ လုံးဝ အလေးမထားကြပေ။

နည်းပြရှီးနှင့် နည်းပြဝမ်တို့က သူတို့ကို ဘက်လိုက်နေသည်ကို သူ အသိဆုံး ဖြစ်ပေသည်။ သူတို့က ရန်ဖြစ်ခဲ့ကြသော်လည်း မီတာ ၅၀၀၀ သာ အပြစ်ပေးခံရပြီး၊ ယောင်ပင်းကတော့ ကျန်းကျယ် လဲကျတော့မည့်အချိန်တွင် ကူညီပေးခဲ့ရုံမျှဖြင့် မီတာ သုံးသောင်း ပြစ်ဒဏ်ပေးခံရသည် မဟုတ်ပါလား။

ဤသည်က သိသာလွန်းသော မတရားမှု ဖြစ်ခသည်။

သို့သော် သူ အများကြီး မပြောဝံ့ဘဲ ယောင်ပင်းတို့အုပ်စုကို တတ်နိုင်သမျှ ကာကွယ်ပေးရန်သာ ကြိုးစားနိုင်တော့သည်။

ဆယ်မိနစ်ခန့် ကုန်လွန်သွားသောအခါ:

ယောင်ပင်း၏ အဖွဲ့ဝင်များက စိတ်လှုပ်ရှားမှုများကို ဖွင့်ချပြီးနောက် နည်းပြလီအား လာရောက်နှုတ်ဆက်ကြလေသည်။

“ကဲ... အချိန်လည်း မစောတော့ဘူး၊ သွားပြီး ထမင်းစား၊ အနားယူကြတော့”

နည်းပြလီက သူတို့ ခြောက်ဦးကို ကြည့်ပြီး ပြုံးလိုက်သည်။ သူတို့ထံတွင် သူ၏ ငယ်စဉ်က ပုံရိပ်ကို မြင်တွေ့နေရသည့်အလားပင်။

“မနက်ဖြန်မနက်မှာ လေ့ကျင့်ရေး ရှိတယ်၊ ဘယ်သူမှ နောက်မကျစေနဲ့၊ နားလည်လား”

“နားလည်ပါတယ်!”

“နားလည်ပါတယ် !”

…

All Chapters