← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

(162)

ကျန်းကျယ်နှင့် အခြားသူများသည် နည်းပြလီအား ပြုံးလျက် အလေးပြုကြပြီး ထမင်းစားဆောင်ဆီသို့ ပျော်ရွှင်စွာ သွားခဲ့ကြသည်။

ဤသည်က အထူးစစ်ဆင်ရေးအဖွဲ့ထဲ ဝင်ရောက်လာကတည်းက သူတို့၏ ပထမဆုံးသော “အောင်ပွဲ” ဖြစ်သဖြင့် သူတို့ စိတ်ရင်းအမှန်ဖြင့် ပျော်ရွှင်နေကြခြင်း ဖြစ်ချေသည်။

ယောင်ပင်းသည် ရည်ရွယ်ချက်ရှိရှိဖြင့် ခြေလှမ်းကို နှေးကွေးလိုက်ပြီး ကျန်းကျယ်နှင့် အခြားသူများ အဝေးသို့ ရောက်ရှိသွားသည့်အချိန်တွင်မှ နည်းပြလီအား တိုးတိုးလေး ပြောလိုက်သည်။

“နည်းပြလီ ခင်ဗျာ... ကျွန်တော်တို့ကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

နည်းပြရှီးနှင့် နည်းပြဝမ်တို့က သူတို့ကို ဒုက္ခပေးသည့်အချိန်တိုင်းတွင် နည်းပြလီက တတ်နိုင်သမျှ ကူညီပေးရန် အမြဲကြိုးစားခဲ့ကြောင်း သူ အသိဆုံး ဖြစ်ချေသည်။

နည်းပြသုံးဦးအနက် နည်းပြလီသည် ရာထူးအနိမ့်ဆုံးဖြစ်သဖြင့် အလေးထားခြင်း မခံရရုံမျှသာဖြစ်၏။

“မင်းတို့ကိုယ်မင်းတို့ လေးစားသရွေ့တော့ ဘယ်သူမှ မင်းတို့ကို နှိမ့်ချကြည့်ရဲမှာ မဟုတ်ပါဘူး”

နည်းပြလီက ယောင်ပင်းကို ကြည့်ပြီး မသိမသာ ပြုံးလိုက်သည်။

“မြန်မြန် သွားစားလိုက်ဦး၊ နောက်ကျရင် ကုန်သွားလိမ့်မယ်။”

ယောင်ပင်းက ခေါင်းညိတ်ပြပြီး အုပ်စုနောက်သို့ ပြေးလိုက်သွားလေသည်။

သူ ခြေလှမ်းအနည်းငယ်သာ ပြေးရသေးချိန်တွင် နည်းပြလီက သူ့ကို လှမ်း၍ ခေါ်လိုက်ပြန်သည်။

“ယောင်ပင်း”

ယောင်ပင်းသည် ခြေလှမ်းရပ်လိုက်ပြီး နည်းပြလီထံသို့ လှည့်ကြည့်လိုက်ချေသည်။

“မင်းက တကယ်ကို စွမ်းရည်ရှိတဲ့သူပဲ”

နည်းပြလီက ယောင်ပင်းကို စူးစိုက်ကြည့်ကာ အလေးအနက် ပြောလိုက်သည်

“မင်းက နဂါးတစ်ကောင်ဖြစ်နေရင်တောင်မှ ခွေလိပ်နေသရွေ့တော့ မင်းရဲ့ နဂါးနှုတ်ခမ်းမွှေးကို လာပြီး ထိပါးဝံ့တဲ့သူ ရှိနေမှာပဲ၊ အချိန်တန်ရင် မင်းရဲ့ ခွန်အားကို ထုတ်ဖော်လိုက်စမ်းပါ၊ လာပြီး ဖုံးကွယ်မထားနဲ့တော့”

ထိုသို့ ပြောပြီးနောက် နည်းပြလီက ထပ်မံပြောလာသည်။

“သွား... သွားစားတော့”

ယောင်ပင်းက ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်ပြပြီး ထမင်းစားဆောင်ဆီသို့ လှည့်၍ ပြေးသွားခဲ့သည်။

သို့သော်လည်း သူ၏စိတ်ထဲတွင်တော့ ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ဆူပွက်သွားရချေသည်။ သူ့အနေဖြင့် ဤမျှအထိ လျှို့ဝှက်ထားခဲ့ပါလျက်နှင့် နည်းပြလီက အဖြစ်မှန်ကို မြင်တွေ့သွားခဲ့ပုံရသည်။

နည်းပြလီက သူ့ကို ဒီလိုစကားမျိုး သီးသန့်ပြောရသည့် ရည်ရွယ်ချက်က သူ့ရဲ့ ခွန်အားကို ဖုံးကွယ်မထားရန် ပြောကြားနေခြင်းများလား။

သံသယများဖြင့် ပြည့်နှက်လျက် ယောင်ပင်းတစ်ယောက် ရိုးရှင်းသော ညစာကို စားသုံးပြီးနောက် အဆောင်သို့ ပြန်လာခဲ့ချေသည်။

အဆောင်သို့ ပြန်ရောက်သောအခါ လေထုက မမှန်သည်ကို သူ သတိပြုမိလိုက်ချေသည်။

အဆောင်အတွင်းရှိ လေထုမှာ အလွန်အမင်း လေးလံနေခဲ့သည်။

ယန်ရိချန် ဦးဆောင်သော အုပ်စုနှင့် ဟောင်ရှောက်ယား ဦးဆောင်သော အုပ်စုတို့သည် မျက်နှာချင်းဆိုင် မတ်တတ်ရပ်နေကြပြီး မျက်နှာများက တင်းမာလျက် မျက်လုံးများထဲတွင်မူ ဒေါသများ ပြင်းထန်စွာ တောက်လောင်နေကြချေသည်။

အဆောင်အတွင်းရှိ လေထုမှာ တင်းမာလွန်းလှသဖြင့် မည်သည့်အချိန်တွင်မဆို ချက်ချင်း ပေါက်ကွဲသွားနိုင်တော့မည့်ပုံရသည်။

“ဘာဖြစ်နေကြတာလဲ”

ယောင်ပင်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

“မင်းတို့ ဘာလုပ်နေကြတာလဲ”

သူ စကားပြောလိုက်သည်နှင့် တပြိုင်နက် ယန်ရိချန်က သူ့ထံသို့ လှည့်ကြည့်လိုက်ပြီး အေးစက်သော စကားတစ်ခွန်းကို ပစ်လွှတ်လိုက်သည်။

“မင်းနဲ့ မဆိုင်တဲ့ကိစ္စကို ဝင်မပါနဲ့၊ မင်း မီတာသုံးသောင်း ပြေးနိုင်ရုံနဲ့ မင်းကိုယ်မင်း တစ်ခုခုလုပ်နိုင်တယ်လို့ထင်မနေနဲ့ဦး၊ မင်းမှာ ဒီမှာ စကားပြောပိုင်ခွင့် မရှိဘူး”

ယန်ရိချန် ထိုစကားကိုပြောလိုက်သည်နှင့် သူ၏ အဖွဲ့ဝင်အားလုံးက ယောင်ပင်းအား အေးစက်စွာ စူးစိုက်ကြည့်လာခဲ့ကြသည်။ တစ်ဦးချင်းစီက ရက်စက်သော အကြည့်များဖြင့် ကြည့်နေကြခြင်းပင်။

အကယ်၍ သူသာ စကားထပ်ပြောပါက သူ့အား အရှင်လတ်လတ် ဝါးမြိုပစ်တော့မည့်ပုံရသည်။

“ယောင်ပင်း”

ကျန်းကျယ်က ယောင်ပင်းအား လက်လှမ်းပြလိုက်ပြီး သူ၏ ခုတင်ကို လက်ညှိုးထိုးပြကာ ဒေါသတကြီး ပြောလိုက်သည်။

“ငါ ပြန်လာတဲ့အချိန်မှာ ငါ့ခုတင်က ဒီလို ဖြစ်နေတယ်၊ သူတို့က အရင်ဆုံး ပြန်ရောက်တာဆိုတော့ ဒါကို သူတို့ပဲလုပ်တယ်ဆိုတာ သေချာတယ်”

ယောင်ပင်းလည်း ကျန်းကျယ်၏ လက်ညှိုးညွှန်ပြလာသည့် ခုတင်ဆီသို့ လှည့်ကြည့်လိုက်သည်။

ကျန်းကျယ်၏ ခုတင်က ရှုပ်ပွနေရုံတင်မကဘဲ ရေတစ်ဇလုံဖြင့် အပက်ခံထားရသဖြင့် စောင်နှင့် အခင်းများအားလုံး ရွှဲနစ်နေကာ လုံးဝ အိပ်၍မရနိုင်လောက်အောင် ဖြစ်နေသည်။

ဤသည်က သူတို့ ပဋိပက္ခဖြစ်ပွားရခြင်း၏ အကြောင်းရင်း ဖြစ်ချေသည်။

“ကျန်းကျယ်... ငါတို့က မင်းရဲ့ခုတင်ပေါ်ကို ရေလောင်းတယ်လို့ မင်း ဘာလို့ ဒီလောက်အထိ သေသေချာချာ ပြောနိုင်ရတာလဲ၊ မင်းရဲ့ မျက်စိနဲ့ တပ်အပ် မြင်ခဲ့လို့လား”

ကျန်းကျယ် စကားပြောပြီးသည်နှင့် တုမင်ယွမ်က ပထမဆုံးအကြိမ် ချက်ချင်း ပြန်လည်ချေပလိုက်သည်။

သူ့အနေဖြင့် ယခင်က ယန်ရိချန်ကို အပြစ်လုပ်မိခဲ့သဖြင့် ဤအကြိမ်တွင်တော့ အထင်ကြီးစရာကောင်းသော အပြုအမူမျိုး ပြုလုပ်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်ချေသည်။

တုမင်ယွမ်၏ စကားကို အခြားအဖွဲ့ဝင်များကလည်း ထောက်ခံလာကြသည်။

“အမှန်ပဲ... လူတစ်ယောက်ကို ဖမ်းချင်ရင် သက်သေရှိရမယ်၊ ငါတို့လုပ်တယ်ဆိုတဲ့ သက်သေ မင်းမှာရှိလို့လား၊ သက်သေရှာတွေ့မှပဲ လာပြီး စကားပြောစမ်းပါ”

“အိုး... အိုး... အိုး... ငါတို့ကတော့ ဘာမှမလုပ်ရဲပါဘူး၊ မဟုတ်ရင် တစ်ယောက်ယောက်က ကလေးမလေးတွေလိုမျိုး နည်းပြဆီ ချက်ချင်း သွားပြီး တိုင်တန်းနေဦးမယ်၊ ဟီးဟီးဟီး...”

သူတို့၏ တစ်ခွန်းပြီးတစ်ခွန်း ပြောဆိုသံများကြောင့် ကျန်းကျယ်မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်သွားရပြီး မျက်လုံးများထဲတွင် ဒေါသမီးများ ပြင်းထန်စွာ တောက်လောင်နေခဲ့သည်။ သို့သော်လည်း အတင်းအကျပ် အောင့်အီးထိန်းချုပ်ထားပြီး အရှေ့သို့ ပြေးမဝင်မိစေရန် ထိန်းထားရလေသည်။

ယန်ရိချန်က သူ၏လက်ကို ဝေ့ယမ်းလိုက်ပြီး အဖွဲ့ဝင်များကို ပါးစပ်ပိတ်ရန် အချက်ပြလိုက်ချေသည်။

ထို့နောက်တွင်မှ ကျန်းကျယ်ကို အေးစက်စွာ ကြည့်လိုက်သည်။

“ကျန်းကျယ်... ရန်ဖြစ်တာက စည်းကမ်းဖောက်ဖျက်တာ ဖြစ်ပေမဲ့၊ အဖွဲ့ဝင်အချင်းချင်းကို အခြေအမြစ်မရှိဘဲ စွပ်စွဲတာကလည်း ပြင်းထန်တဲ့ ပြစ်မှုတစ်ခုပဲနော်၊ ငါတို့ နည်းပြရှီးတို့ဆီ သွားပြီး ဒီကိစ္စကို သွားရှင်းကြရင် ဘယ်လိုလဲ”

သူသည် စစ်တပ်ထဲတွင် အဆက်အသွယ်များ ရှိနေချေသည်။

ထို့ကြောင့် သူ့အနေဖြင့် မည်သည့်အရာကိုမျှ မကြောက်ရွံ့ဘဲ ပြုမူနေခြင်း ဖြစ်ချေသည်။

မှန်ပေ၏။ ကျန်းကျယ်၏ ကုတင်ပေါ်မှ ရေသည်က ယန်ရိချန်နှင့် သူ၏အုပ်စုမှ လောင်းခဲ့ခြင်း ဖြစ်ချေသည်။ သူတို့က အရင်ဆုံး ထမင်းစားပြီး အဆောင်သို့ ပြန်ရောက်ခဲ့ကြသည်။

ယန်ရိချန်က အလွန်အမင်း ဒေါသထွက်နေခဲ့သဖြင့် သူ၏အဖွဲ့ဝင်အား ရေတစ်ပုံး သွားခတ်ခိုင်းခဲ့ပြီး ထိုရေကို ကျန်းကျယ်၏ ကုတင်ပေါ်သို့ တည့်တည့် လောင်းချပစ်ခဲ့သည်။

ယန်ရိချန်က ရည်ရွယ်ချက်ရှိရှိဖြင့် တမင်သက်သက် ရန်စနေခြင်း ဖြစ်လေသည်။

သူသည် ကျန်းကျယ်၏ ခုတင်ပေါ်သို့ ရေတစ်ပုံးလောင်းချလိုက်လျှင်ပင် ကျန်းကျယ်အနေဖြင့် သူ့အား မည်သည့်အရာမျှ မလုပ်နိုင်ဟု အခိုင်အမာ ယုံကြည်နေခြင်း ဖြစ်ချေသည်။

ကျန်းကျယ်အုပ်စု၏ တခြားအဖွဲ့ဝင်များနှင့် ပတ်သက်လျှင်တော့ အကယ်၍ ပဋိပက္ခ ဖြစ်ပွားခဲ့ပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။

သူတို့သည် ကျန်းကျယ်၏ အုပ်စုအား အထူးစစ်ဆင်ရေးအဖွဲ့မှ ထုတ်ပယ်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားကြလိမ့်မည်ပင်။

ဤအောက်တန်းစား ဆင်းရဲသားများက သူတို့ကဲ့သို့သော လူချမ်းသာ သားသမီးများနှင့် အဖွဲ့တစ်ခုတည်းတွင် ရှိနေရန် မထိုက်တန်ပေ။

“ယန်ရိချန်... မင်း လွန်လွန်းနေပြီ”

ယန်ရိချန်၏ စကားကြောင့် ကျန်းကျယ်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်နေချေပြီ။

“ငါတို့အားလုံးက အထူးသင်တန်းသားတွေပဲလေ၊ မင်းက ဘာလို့ အမြဲတမ်း အထက်စီးဆန်ပြီး ငါတို့ကို လာပြီး အနိုင်ကျင့်နေရတာလဲ၊ မင်းက အရင်ဆုံး ပြန်ရောက်တာဆိုတော့ ငါ့ခုတင်ပေါ်ကို မင်းကလွဲလို့ ဘယ်သူက လာပြီး ရေလောင်းရမှာလဲ”

ဤသည်ကို ယန်ရိချန်နှင့် သူ၏ သူငယ်ချင်းများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သူ အခိုင်အမာ ယုံကြည်နေခဲ့သည်။

ယန်ရိချန်မှာ မူလက သူတို့ကို ကလဲ့စားချေရန် ရည်ရွယ်ခဲ့သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် သူတို့က သူအား ပြန်လည်တိုင်တန်းခဲ့ချေသည်။

ယန်ရိချန်နှင့် သူ၏သူငယ်ချင်းများသည် ဤကိစ္စအတွက် လုံးဝ ကျေနပ်ကြမည်မဟုတ်ဘဲ သေချာပေါက် ကလဲ့စားချေကြလိမ့်မည်။

ဟောင်ရှောက်ယားက သူ၏လက်ကို ဝေ့ယမ်းလိုက်ပြီး ကျန်းကျယ်အား စကား ဆက်မပြောရန် အချက်ပြလိုက်ချေသည်။ သူသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ယန်ရိချန်... ငါတို့အားလုံးက အဖွဲ့တစ်ခုတည်းပဲလေ၊ ပွင့်ပွင့်လင်းလင်းပဲ ပြောကြစို့၊ ငါတို့က မကြောက်တတ်ဘူး၊ ကလဲ့စားချေဖို့အတွက် ဒီလို မရိုးသားတဲ့ နည်းလမ်းတွေကို လာပြီး မသုံးနဲ့”

ဟောင်ရှောက်ယား၏ စကားသည် ယန်ရိချန်နှင့် သူ၏အုပ်စုအကြားတွင် ဆူညံလှသော မကျေနပ်သံများကို ချက်ချင်း ဖြစ်ပေါ်လာစေချေသည်။

“မင်းက ဘယ်သူ့ကို မရိုးသားတဲ့သူလို့ လာပြောနေတာလဲ”

“ဟောင်ရှောက်ယား... မင်း ဘာဆိုလိုတာလဲ၊ မင်းက ရန်ဖြစ်ချင်လို့လား”

“တောက်... ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ ရန်ဖြစ်ချင်ရင်လည်း လာခဲ့စမ်းပါ...”

…

ယန်ရိချန်၏ အဖွဲ့ဝင်များသည် ရန်ဖြစ်ရန်အတွက် အလွန်အမင်း တက်ကြွနေကြပြီး လက်ဝါးချင်း ပွတ်နေကြချေပြီ။

ဟောင်ရှောက်ယားသည် အနည်းငယ် ဝေခွဲမရ ဖြစ်သွားရချေသည်။

အဖွဲ့ဝင်အားလုံး သိထားသည်။ သူတို့အားလုံးက အထူးစစ်ဆင်ရေးအဖွဲ့သို့ အတူတကွ ဝင်ရောက်လာခဲ့ကြသော်လည်း၊ နည်းပြရှီးနှင့် နည်းပြဝမ်တို့က ယန်ရိချန်၏ အုပ်စုကို အမြဲတမ်း ဘက်လိုက်ခဲ့ကြသည်ပင်။

အကယ်၍ ရန်ပွဲ ဖြစ်ပွားခဲ့ပါက ယန်ရိချန်၏ အုပ်စုသည်က ကြောက်ရွံ့လိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အဖွဲ့မှ ထုတ်ပယ်ခံရမည် မဟုတ်ကြောင်းသေချာနေသောကြောင့်ပင် ဖြစ်လေ၏။

သို့သော် သူတို့အုပ်စုမှ အဖွဲ့ဝင်များကတော့ စစ်ဆင်ရေးအဖွဲ့မှ အထုတ်ခံရနိုင်ချေ ရှိနေချေသည်။

ဤသည်က သူတို့ အမုန်းဆုံးသော အခြေအနေ ဖြစ်ပေသည်။

အဆုံးတွင် အထူးစစ်ဆင်ရေးအဖွဲ့ထဲသို့ ဝင်ရောက်ရခြင်းက သူတို့၏ အနာဂတ်အတွက် အများကြီး အကျိုးရှိစေမည်ဖြစ်ပြီး သူတို့၏ ဘဝကို ပြောင်းလဲစေကာ ဆင်းရဲမွဲတေမှုမှ လွတ်မြောက်စေနိုင်ချေ ရှိနေသည်။

ထို့ကြောင့် သူတို့က ဤအခွင့်အရေးကို ထိုအလိုလိုက်ထားသည့် လူချမ်းသာ သားသမီးများထက် ပို၍ တန်ဖိုးထားကြရသည်။

*

All Chapters