← Chapters

အခန်း ၁၆၅

Vol. 17 Ch. 165

အခန်း ၁၆၅

Vol. 17 Ch. 165

(165)

နောက်တစ်နေ့။

နံနက် ငါးနာရီတိတိတွင်ဖြစ်၏။

ဒေါက်... ဒေါက်... ဒေါက်...

အထူးသင်တန်းသားများ အိပ်မောကျနေစဉ်မှာပင် အဆောင်တံခါးအပြင်ဘက်မှ ရုတ်တရက် အရေးတကြီး တံခါးခေါက်သံများ ထွက်ပေါ်လာရပေသည်။

ထို့နောက်တွင် နည်းပြဝမ်၏ လေသံသည်လည်း တံခါးအပြင်ဘက်မှ ထွက်ပေါ်လာလေသည်။

“ကွင်းပြင်လေ့ကျင့်ရေးအတွက် ထကြတော့၊ အဆောင်အပြင်ဘက်က ပြေးကွင်းမှာ လူစုကြစမ်း၊ မြန်မြန်ဆန်ဆန်နဲ့ တိတ်တဆိတ် လုပ်ဆောင်ကြရမယ်ဆိုတာကို သတိထားလိုက်”

ရုတ်တရက် ထွက်ပေါ်လာသော ဆူညံသံကြောင့် အဆောင်အတွင်းရှိ လူတိုင်း ချက်ချင်းပင် နိုးလာကြရတော့၏။

အတွင်းဘက်မှ ယန်ရိချန်သည်ကား အဆောင်အတွင်း၌ တစ်ညလုံး မတ်တတ်ရပ်နေခဲ့ရသည်ဖြစ်၍ ခြောက်နာရီနီးပါးရှိနေခဲ့လေပြီ။

သူ့အနေဖြင့် တစ်ညလုံး အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့သော်လည်း အိပ်စက်၍ လုံးဝမရနိုင်ခဲ့ပေ။

ထို့အပြင် ယန်ရိချန်သည်ကတစ်ညလုံး မတ်တတ်ရပ်ခဲ့ရသဖြင့် သူ၏ကျောပြင်တစ်ခုလုံး နာကျင်ကိုက်ခဲနေပြီး တစ်ကိုယ်လုံး တောင့်တင်းလျက်ရှိနေခဲ့သည်။

သူ၏ လေသံပင်လျှင် အလွန်အမင်း အက်ကွဲကာ သြရှရှဖြစ်နေခဲ့လေပြီ။

တံခါးအပြင်ဘက်မှ နည်းပြဝမ်၏ အသံကို ကြားရသောအခါ သူသည် ချက်ချင်း စိတ်ဓာတ်တက်ကြွသွားပြီး အော်ဟစ်လိုက်သည်။

“နည်းပြဝမ်... ကျွန်တော့်ကို ကယ်ပါဦး”

“ယန်ရိချန်လား”

နည်းပြဝမ်က ပျာပျာသလဲ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

“ကျွန်တော်...”

ယန်ရိချန်သည် တစ်ကိုယ်လုံး ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း ဖွင့်ချစရာ နေရာမရှိသဖြင့် နည်းပြဝမ်အား လှမ်း၍သာ တိုက်တွန်းနိုင်တော့သည်။

“နည်းပြဝမ်... ခင်ဗျား ဝင်လာရင် သိရလိမ့်မယ်၊အဲဒီ ယောင်ပင်းက ကျွန်တော့်ကို ဒုက္ခပေးဖို့ ကြိုးစားနေတာ”

ဤခဏတွင် အဆောင်အတွင်းရှိ အခြားသော အထူးသင်တန်းသားများအားလုံး လုံးဝ နိုးသွားခဲ့ကြပြီ ဖြစ်ချေသည်။

တုမင်ယွမ်သည်က တုံ့ပြန်မှု အမြန်ဆုံး ဖြစ်ချေသည်။ သူက ကုတင်ပေါ်မှ ဝုန်းခနဲ ဆင်းလိုက်ပြီး အပြင်ဘက်မှ နည်းပြဝမ်ဝင်လာနိုင်ရန်အတွက် အဆောင်တံခါးကို ပြေး၍ ဖွင့်ပေးလိုက်သည်။

ယခုအခါ အဆောင်အတွင်း၌ ယန်ရိချန်သည် တစ်ကိုယ်လုံးက တောင့်တင်းလျက်ရှိနေပြီး သူ၏ လက်မောင်းနှစ်ဖက်လုံးက တွဲလောင်းကျနေခဲ့သည်။

အကယ်၍ နည်းပြဝမ်သာ ဝင်လာပါက အခြေအနေအားလုံးကို တစ်ချက်တည်းဖြင့် သေချာပေါက် မြင်တွေ့သွားပေလိမ့်မည်။

ဒီလိုဆိုရင် ယောင်ပင်းအနေနဲ့ အထူးစစ်ဆင်ရေးအဖွဲ့မှ သေချာပေါက် ထွက်ခွာသွားရတော့မှာပဲလေ။

“ယောင်ပင်း”

ကျန်းကျယ်က ယောင်ပင်းအား မသိမသာ တို့လိုက်ပြီး လေသံကိုနှိမ့်၍ စိုးရိမ်တကြီး မေးလိုက်သည်။

“နည်းပြဝမ် ဝင်လာတော့မယ်၊ ငါတို့ ဘာလုပ်ကြမလဲ”

ယောင်ပင်းက သူ့ကို ကြည့်ပြီး ခေါင်းခါပြလိုက်သည်။ စိုးရိမ်ပူပန်နေရန်မလိုအပ်ကြောင်း အချက်ပြလိုက်ခြင်းသာ ဖြစ်လေသည်။

ထို့နောက်တွင်မှ ယောင်ပင်းက ထိုင်နေရာမှထလိုက်ပြီး ယန်ရိချန်၏ ဘေးသို့ လျှောက်လှမ်းသွားကာ သူ၏ ပုခုံးနှစ်ဖက်စလုံးကို ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည်။

ထိုသို့ပုတ်ပြီးနောက် သူက သူ၏ ကုတင်ကို ပြန်လည်ပြင်ဆင်ရန်အတွက် လှည့်ထွက်သွားလေသည်။

ယောင်ပင်းကို မြင်သောအခါ ယန်ရိချန်သည် တစ်ကိုယ်လုံး တုန်ရင်သွားပြီး သူ့အား စူးစိုက်ကြည့်ကာ ရက်စက်စွာ ပြောလိုက်သည်။

“ယောင်ပင်း... မင်း အခု ဘာလုပ်ဖို့ ကြိုးစားနေတာလဲ... နည်းပြဝမ်၊ မြန်မြန် ဝင်လာပါဦး၊ယောင်ပင်းက ကျွန်တော့်ကို ထပ်ပြီး တိုက်ခိုက်တော့မယ်”

မနေ့ညက ကိစ္စပြီးနောက် သူသည် ယောင်ပင်းအပေါ်တွင် အကြောင်းပြချက်မရှိဘဲ ထိတ်လန့်တုန်လှုပ်မှုကို ခံစားနေရလေပြီ။

ထို့ကြောင့် သူတို့က နည်းပြဝမ်အား တတ်နိုင်သမျှ မြန်မြန်ဝင်လာစေချင်ခဲ့ကြသည်။

ပို၍ အရေးကြီးသည်မှာ နည်းပြဝမ်သာ သူ၏ ဤကဲ့သို့သော အခြေအနေကို မြင်တွေ့သွားပြီး ယောင်ပင်းက သူ့အား “အနိုင်ကျင့်” ခဲ့သည်ကို သိရှိသွားပါက ယောင်ပင်းအနေဖြင့် အထူးစစ်ဆင်ရေးအဖွဲ့မှ သေချာပေါက် ထွက်ခွာသွားရလိမ့်မည်။

“ယောင်ပင်း... နည်းပြဝမ် အခု ရောက်လာတော့မယ်၊ ငါတို့ ဘာလုပ်ကြမလဲ”

ကျန်းကျယ်ကတော့ အလွန်အမင်း စိုးရိမ်နေခဲ့လေ၏။

မည်သို့ပင်ဖြစ်စေ ယောင်ပင်းက သူ့အတွက် ရပ်ပေးရာမှ ယန်ရိချန်နှင့် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်ပေ၏။ ထို့ကြောင့် ယောင်ပင်း ဒုက္ခရောက်သွားမည်ကို သူ လုံးဝ မကြည့်ရက်နိုင်ပေ။

ယောင်ပင်းက သူ့ကို ကြည့်ပြီး အသာ ပြုံးပြလိုက်သည်။

“စိတ်မပူပါနဲ့... အားလုံး အဆင်ပြေပါတယ်”

ထို့နောက် ယောင်ပင်းသည် သူ၏ ကုတင်ကို ပြန်လည်ပြင်ဆင်ခြင်းဖြင့် အလုပ်ရှုပ်နေခဲ့သည်။

သူ၏ မျက်လုံးထဲတွင်တော့ ကုတင်ကို ပြန်လည်ပြင်ဆင်ရခြင်းက မကြာမီ ရောက်ရှိလာတော့မည့် နည်းပြဝမ်ထက် အများကြီး ပို၍ အရေးကြီးနေပုံရသည်။

ဝုန်း။

အဆောင်တံခါးက ဝုန်းခနဲ အဖွင့်ခံလိုက်ရလေသည်။

ကျန်းကျယ်က တစ်ကိုယ်လုံး တုန်ရင်သွားပြီး သူ၏ကုတင်ကို ပြန်လည်ပြင်ဆင်ရန်အတွက် အပြေးအလွှား သွားတော့၏။

နည်းပြဝမ်သည်လည်း အဆောင်အတွင်းသို့ အပြေးအလွှား ဝင်ရောက်လာခဲ့ချေပြီ။

သူသည် အဆောင်တစ်ခုလုံးကို လျင်မြန်စွာ ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် သူ၏အကြည့်သည် ယန်ရိချန်ထံသို့ ရောက်ရှိသွားကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ယန်ရိချန်... မင်းက ဘာလို့ ငါ့ကို အထဲကို ဝင်လာဖို့ အသည်းအသန် ခေါ်နေရတာလဲ ၊ ဘာဖြစ်လို့လဲ”

နည်းပြဝမ်မှာ တံခါးအပြင်ဘက်တွင်ရှိနေချိန်က ယန်ရိချန်၏ သနားစဖွယ် အော်ဟစ်သံကို ကြားခဲ့ရသဖြင့် ကြီးမားသော ဘေးအန္တရာယ်တစ်ခုခု ဖြစ်ပွားခဲ့ပြီဟု ထင်မှတ်ကာ တုမင်ယွမ် တံခါးဖွင့်ပေးသည်နှင့် ချက်ချင်း ပြေးဝင်လာခဲ့ခြင်း ဖြစ်လေသည်။

သို့သော် သူ ပြေးဝင်လာသည့်အချိန်တွင်တော့ အထူးသင်တန်းသားများအားလုံးက အဝတ်အစားများ ဝတ်ဆင်နေကြပြီး ကုတင်များကို ပြန်လည်ပြင်ဆင်နေကြသည်။ မည်သည့်ပုံမှန်မဟုတ်သော အခြေအနေမျှ ရှိမနေပေ။

ယန်ရိချန်ကတော့ အဆောင်အတွင်း၌ တောင့်တောင့်ကြီး မတ်တတ်ရပ်နေပြီး ဆံပင်များက ရှုပ်ပွနေခဲ့သည်။ မျက်လုံးများတွင်လည်း ကြီးမားသော အမည်းရောင်ကွင်ကြီးများရှိနေကာ သူ့အား ဝမ်းနည်းပက်လက်သော အမူအရာဖြင့် ကြည့်ရှုနေချေသည်။

“နည်းပြဝမ်... ယောင်ပင်းက... သူ ကျွန်တော့်ရဲ့ လက်မောင်းနှစ်ဖက်လုံးကို ဆွဲဖြုတ်ပစ်လိုက်တာ”

နည်းပြဝမ်ကို မြင်သောအခါ ယန်ရိချန်တစ်ယောက် မနေ့ညက သည်းခံခဲ့ရသော မကျေနပ်မှုများအားလုံး ပေါက်ကွဲထွက်သွားရပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“သူ မရိုးသားတဲ့ နည်းလမ်းတစ်ခုခုကို သုံးပြီး ကျွန်တော့်ကို ဒီမှာ ပိတ်လှောင်ထားတာ၊ ကျွန်တော့်ကို တစ်ညလုံး ဒီမှာ မတ်တတ်ရပ်ခိုင်းထားတာပါ”

ဤနေရာသို့ ရောက်ချိန်တွင် ယန်ရိချန်မှာ ဒေါသကြောင့် အံကိုတင်းတင်းကြိတ်ထားမိလေသည်။ သူသည်က ယောင်ပင်းအား အပိုင်းပိုင်း စုတ်ဖြဲပစ်ချင်စိတ်ပင် ပေါက်နေချေသည်။

ယောင်ပင်းက သူ့ကို လူသိရှင်ကြား အရှက်ခွဲခဲ့ရုံတင်မကဘဲ တစ်ညလုံး မတ်တတ်ရပ်ခိုင်းရဲသည် မဟုတ်ပါလော။

သူသည် ယောင်ပင်းအား ဤအရာအတွက် သေချာပေါက် ပြန်လည်ပေးဆပ်ခိုင်းမည်ပင်။

သူ့ကို စော်ကားမိလျှင် မည်သို့သော အကျိုးဆက်မျိုး ရှိလာမည်ကို ယောင်ပင်းအား သိစေရမည်။

“ယောင်ပင်းက မင်းရဲ့ လက်မောင်းနှစ်ဖက်စလုံးကို ဖြုတ်ပစ်တယ် ဟုတ်လား”

နည်းပြဝမ်င ကုတင်ပြင်နေသော ယောင်ပင်းကို စူးစိုက်ကြည့်လိုက်ပြီး စူးစူးရှရှ အော်ဟစ်လိုက်သည်။

“ယောင်ပင်း... အပြင်ကို ထွက်ခဲ့စမ်း”

ယောင်ပင်းသည် ရုတ်တရက် ခန္ဓာကိုယ်ကို မတ်လိုက်ပြီး ကျယ်လောင်သော လေသံဖြင့် အော်ဟစ်လိုက်သည်။

“အစီရင်ခံပါတယ် ... ယန်ရိချန် ဘာပြောနေလဲဆိုတာ ကျွန်တော် လုံးဝ နားမလည်ပါဘူး၊ ကျွန်တော်က ဘာလို့ သူ့ရဲ့ လက်မောင်းတွေကို ဖြုတ်ပစ်ရမှာလဲ “

ယောင်ပင်းသည် ယန်ရိချန်၏ စွပ်စွဲချက်ကို ချက်ချင်းပင် ငြင်းဆိုလိုက်လေ၏။

“မင်း...”

ယန်ရိချန်တစ်ယောက် ဒေါသကြောင့် ပေါက်ကွဲလုမတတ် ဖြစ်သွားရသည်။

ယောင်ပင်းက ဤမျှအထိ အလွယ်တကူဖြင့် ချက်ချင်း ငြင်းဆိုလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့ပေ။

သူက ထိုနေရာတွင် မတ်တတ်ရပ်နေဆဲ ဖြစ်သော်လည်း ယောင်ပင်းက မျက်တောင်တစ်ချက်မခတ်ဘဲ ငြင်းဆိုဝံ့ပြီး သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်ချေ။

“ယောင်ပင်း... မင်းက ထပ်ပြီး ငြင်းချင်သေးတယ်ပေါ့ ဟုတ်လား”

ယန်ရိချန်သည် ဒေါသတကြီးဖြင့် ယောင်ပင်းအား လက်ညှိုးထိုးပြလိုက်ပြီး တစ်ကိုယ်လုံး တုန်ရင်နေခဲ့သည်။

“မင်း ငါ့ရဲ့ လက်မောင်းကို ဖြုတ်ပြီး မရိုးသားတဲ့ နည်းလမ်းနဲ့ ငါ့ကို ဒီမှာ ပိတ်လှောင်ထားတုန်းက တုမင်ယွမ်နဲ့ အခြားသူတွေ အားလုံး မြင်ခဲ့ကြတယ်၊ နည်းပြ... တုမင်ယွမ်နဲ့ အခြားသူတွေကို မေးကြည့်ပါဦး၊ သူတို့အားလုံး မြင်ခဲ့ကြတယ်၊ ယောင်ပင်းက ကျွန်တော့်ရဲ့ လက်မောင်းကို ဖြုတ်ပစ်ခဲ့တာ”

ယန်ရိချန် သူ၏ စကားလုံးများကို ချက်ချင်းပင် ပြန်လည်မျိုချလိုက်ရတော့၏။

အဘယ်ကြောင့်ဆိုသော် ယန်ရိချန်အနေဖြင့် သူ့၏ ခန္ဓာကိုယ်ဘေးတွင် တောင့်တောင့်ကြီး တွဲလောင်းကျနေခဲ့သော လက်မောင်းက ယခုအခါ အထက်သို့ မြင့်မားစွာ မြှောက်တက်သွားပြီး ယောင်ပင်း၏ နှာခေါင်းတည့်တည့်ကို ညွှန်ပြနေမိသည်ကို ရုတ်တရက် သတိပြုမိသွားသောကြောင့် ဖြစ်ပေ၏။

ဒါက ဘာဖြစ်တာလဲ။

နည်းပြဝမ်က သူတို့ကို လာနှိုးသည့်အချိန်တွင် သူ့၏ လက်မောင်းနှစ်ဖက်စလုံး လှုပ်ရှား၍ မရခဲ့ပါချေ။

အခုမှ ဘာလို့ရုတ်တရက် လွတ်လွတ်လပ်လပ်စွာ လှုပ်ရှားသွားနိုင်ရတာလဲ။

ယန်ရိချန်တစ်ယောက် မယုံကြည်နိုင် ဖြစ်ရကာ သူ၏ တခြားလက်တစ်ဖက်ကို လှမ်း၍ ဝေ့ယမ်းကြည့်လိုက်သည်။

သူ အံ့သြတုန်လှုပ်သွားရလေ၏။

သူ၏ အခြားလက်တစ်ဖက်သည်လည်း ဒဏ်ရာ လုံးဝမရှိဘဲ ပုံမှန်အတိုင်း ဖြစ်နေခဲ့သည်။

ချီးပဲ။

ဒါက ဘာတွေ ဖြစ်ကုန်တာလဲ။

သူသည် တစ်ညလုံး လှုပ်ရှား၍မရဘဲ နာကျင်မှုကို အလွန်အမင်း အောင့်အီးခဲ့ရသည်။

သို့သော် တိုင်တန်းရန် ပြင်လိုက်သည့်အချိန်ကျမှ သူ၏ လက်မောင်းနှစ်ဖက်စလုံး ပုံမှန်အတိုင်း အဆင်ပြေသွားရပြန်သည်။

သူ၏ လက်မောင်းများ မည်သည့်အချိန်က ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်ကို သူ မသိနိုင်တော့ပေ။

ဤအရာကို သဘောပေါက်သွားသောအခါ ယန်ရိချန်၏ စိတ်ထဲတွင် ဆဲဆိုသံများစွာဖြင့် ပြည့်နှက်သွားရတော့၏။

“နည်းပြ ... သူပဲ၊ သူ မနေ့က ကျွန်တော့်ရဲ့ လက်မောင်းတွေကို ဖြုတ်ပြီး ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို ပိတ်လှောင်ထားခဲ့တာပါ”

ယန်ရိချန်သည် တုမင်ယွမ် တံခါးဖွင့်ပေးစဉ်က ယောင်ပင်း သူ့ထံသို့ လျှောက်လာပြီး သူ၏ပုခုံးကို နှစ်ချက် ပုတ်ခဲ့သည်ကို ရုတ်တရက် သတိရသွားမိရသည်။

သူ ချက်ချင်းပင် အော်ဟစ်လိုက်သည်။

“နည်းပြ... ကျွန်တော် သိပြီ၊ နည်းပြ ဝင်မလာခင်တုန်းာ ယောင်ပင်းက ကျွန်တော့်ရဲ့ ပုခုံးကို နှစ်ချက် ပုတ်ခဲ့တာ၊ အဲဒီနောက်မှ ကျွန်တော် အခုလိုမျိုးလှုပ်ရှားနိုင်သွားတာပါ၊

သူ တစ်ခုခု လုပ်ခဲ့တာ သေချာတယ်၊ အကယ်လို့ နည်းပြ မယုံရင် တုမင်ယွမ်နဲ့ တခြားသူတွေကို မေးကြည့်လို့ရပါတယ်၊ ကျွန်တော် အမှန်အတိုင်း ပြောနေတာပါ”

သူ၏ ချောမောသော မျက်နှာမှာ စိတ်လှုပ်ရှားထိတ်လန့်မှုကြောင့် ပျက်ယွင်းနေခဲ့သည်။

တုမင်ယွမ်နှင့် အခြားသူများသည်လည်း ချက်ချင်းပင် ထောက်ခံစကား ပြောလာကြလေသည်။

“နည်းပြဝမ်၊ ယန်ရိချန် ပြောတာ အမှန်ပါပဲ၊ မနေ့က ယောင်ပင်းက သူ့ရဲ့ လက်မောင်းနှစ်ဖက်လုံးကို ဖြုတ်ပြီး အဆောင်ထဲမှာ တစ်ညလုံး မတ်တတ်ရပ်ခိုင်းထားခဲ့တာပါ”

“ယောင်ပင်းက ယန်ရိချန်အပေါ် အဲဒီလိုလုပ်ခဲ့တာကို ကျွန်တော်တို့ သက်သေခံနိုင်ပါတယ်”

…

All Chapters