← Chapters

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း ၁၆၈

Vol. 17 Ch. 168

(168) ကောင်းကင်ဘုံဧကရာဇ်၏ ဖုန်းခေါ်ဆိုမှု

နည်းပြရှီ၏ မျက်နှာက မည်းမှောင်နေခဲ့သည်။ သူက အသံနှိမ့်၍ယောင်ပင်းကို ငေါက်ငမ်းလိုက်သည်။

“ယောင်ပင်း... မင်း စကားကို ဘယ်လိုပြောလိုက်တာလဲ၊ ဒါ ငါတို့ရဲ့ ဗိုလ်မှူး...”

ယောင်ပင်းက တည်ကြည်စွာ တုံ့ပြန်သည်။

“နည်းပြရှီ... ကျွန်တော်က အရှိကို အရှိအတိုင်း ပြောတာပါ”

“မကောင်းတဲ့အရာတွေကို ကြိုပြောထားတာ ပိုကောင်းပါတယ်”

“တကယ်လို့ ကျွန်တော်သာ လောင်အန်းကို အမှန်တကယ် သတ်မိသွားရင် ဘယ်သူက တာဝန်ယူမှာလဲ”

ယောင်ပင်းက နည်းပြရှီကို ဖိအားပေး၍ မေးမြန်းလိုက်ပေသည်။

နည်းပြရှီက ဒေါသကြောင့် စကားဆွံ့အသွားရပြီး သူ၏ဒေါသကို မျိုသိပ်လျက် ပြောလာသည်။

“ယောင်ပင်း... လျှောက်မပြောနဲ့၊ ပြိုင်ပွဲတောင် မစသေးဘူး၊ မင်း အတွေးလွန်နေပြီ”

ယောင်ပင်း၏ စကားများက မောက်မာလွန်းသောကြောင့် ဗိုလ်မှူးယန်ကို ပြစ်မှားမိမည်ကို သူ စိုးရိမ်နေခြင်း ဖြစ်ပေသည်။

“ခင်မင်မှုအရ ယှဉ်ပြိုင်ရုံသက်သက်ပါပဲ”

ဗိုလ်မှူးယန်မှာ ယောင်ပင်းကို တိုက်ခိုက်စေချင်လှသောကြောင့် သူ၏ဒေါသကို အတင်းအကျပ် မျိုသိပ်လိုက်ပြီး ခဏမျှ စဉ်းစားဟန်ပြုကာ ပြောလာသည်။

“ဒီလိုလုပ်... ဘာပဲဖြစ်လာလာ ငါ တာဝန်ယူတယ်၊ ဒါဆို အဆင်ပြေပြီလား”

မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ဦး သေဆုံးသွားခဲ့လျှင်ပင် ထိုသူက ယောင်ပင်းသာ ဖြစ်လိမ့်မည်ဟု သူ အသေအချာ ယုံကြည်ထားပေသည်။

ဆင်းရဲတဲ့ ကျောင်းသားတစ်ယောက်က သေဆုံးသွားခဲ့ရင်တောင် သူလို ဗိုလ်မှူးတစ်ယောက်က မဖိနှိပ်နိုင်ဘဲ နေပါ့မလား။

ဗိုလ်မှူးကြီးယွီချီနှင့် ပတ်သက်လျှင်တော့..

ဗိုလ်မှူးကြီးယွီချီက ယောင်ပင်းကို အဖွဲ့ထဲက မောင်းမထုတ်ရဘူးလို့ပဲ ပြောခဲ့တာလေ။ ယောင်ပင်း ဒီမှာ သေသွားလို့မရဘူးလို့ မပြောခဲ့ဘူး။

ဤသို့ဖြင့်...

မကြာမီအချိန်တွင် ဗိုလ်မှူးယန်၊ နည်းပြရှီ၊ နည်းပြဝမ်နှင့် တခြား အထူးသင်တန်းသားများ အားလုံးမှာ ဆွံ့အမှင်သက်သွားကြရသည်။

ယောင်ပင်းက လောင်အန်းကို ကိုင်တွယ်ရန်အတွက် လှုပ်ရှားမှု နှစ်ခုသာ အသုံးပြုခဲ့သည်။

ပထမတစ်ချက်တွင် လောင်အန်းသည် မြေပြင်ပေါ်သို့ လွှင့်ထွက်လဲကျသွား၏။

ဒုတိယတစ်ချက်တွင်တော့ လောင်အန်း၏ ခြေထောက် ကျိုးသွားခဲ့ရချေပြီ။

သပ်ရပ်လွန်းသည်။

လျင်မြန်လွန်းသည်။

ပြတ်သားလွန်းပေသည်။

ထို့အပြင် ပေါ့ပေါ့ပါးပါးနှင့် အားစိုက်ထုတ်ရန်ပင် မလိုခဲ့ချေ။

လောင်အန်းမှာ ယောင်ပင်း၏ ပြိုင်ဘက် လုံးဝမဟုတ်ခဲ့ပေ။

ဗိုလ်မှူးယန် လုံးဝ ဆွံ့အသွားရသည်။

သူသည်က ယောင်ပင်းကို သတ်ပစ်ရန်အတွက် လောင်အန်းကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

မျှော်လင့်မထားဘဲ လောင်အန်းက ယောင်ပင်းကို မသတ်နိုင်ခဲ့သည့်အပြင် ယောင်ပင်းက လှုပ်ရှားမှုတစ်ခုတည်းဖြင့် လောင်အန်း၏ ခြေထောက်ကို ရယူသွားခဲ့ချေပြီ။

ကိစ္စများက တစ်မိနစ်ပင် မပြည့်ခဲ့ချေ။

ထိုအချိန်ထဲတွင် လောင်အန်း မြေပြင်ပေါ်သို့ လဲကျသွားသည့် အချိန်လည်း ပါဝင်ပေသည်။

ချက်ချင်း အပြတ်ရှင်းလိုက်ခြင်း..

ဗိုလ်မှူးယန်မှာ လောင်အန်း၏ အစွမ်းကို ကောင်းစွာ သိရှိထားပေသည်။

ဒါဆိုရင် ယောင်ပင်းရဲ့ အစွမ်းက တကယ် ကြောက်စရာကောင်းနေတာလား။

“ထစမ်း”

ယောင်ပင်း လောင်အန်း၏ရှေ့တွင် မတ်တတ်ရပ်ကာ အေးစက်စွာ ပြောလိုက်သည်။

“နောက်တစ်ခေါက်”

လောင်အန်းမှာ နာကျင်မှုကြောင့် ချွေးစေးများ တဖြိုင်ဖြိုင်ကျလျက် မြေပြင်ပေါ်တွင် လူးလိမ့်နေရချေပြီ။

ယောင်ပင်းက သူ့ကို ထ၍ ဆက်လက်တိုက်ခိုက်ရန် တိုက်တွန်းနေသည်ကို မြင်ချိန်တွင် လောင်အန်းက အော်ဟစ်လိုက်သည်။

“သေစမ်း... မင်းမှာ လူသားဆန်မှုရောရှိရဲ့လား၊ မင်း ငါ့ခြေထောက်ကို ကျိုးအောင် လုပ်ပြီးပြီပဲ၊ နောက်ထပ် ဘာလိုချင်သေးတာလဲ”

နာကျင်မှုနှင့် ဒေါသတို့ကြောင့် လောင်အန်း၏ အော်ဟစ်သံက ဆိုးရွားနေခဲ့သည်။

“မင်းမှာ လူသားဆန်မှု ရှိရဲ့လား ဟုတ်လား”

ယောင်ပင်းက မြေပြင်ပေါ်တွင် နာကျင်မှုကြောင့် ချွေးစေးများကျနေသော လောင်အန်းကို ငုံ့ကြည့်လျက် နှာခေါင်းရှုံ့ကာ ပြောလာသည်။

“မင်း ကျန်းကျယ်ကိုတိုက်ခိုက်ကလည်း ဒီလိုပဲ လုပ်ခဲ့တာ မဟုတ်ဘူးလား၊ ဘာလဲ... အခု မင်းအလှည့်ကျတော့မှ မင်းကိုယ်မင်း လူသားမဆန်ဘူးလို့ ထင်နေတာလား”

လောင်အန်းတစ်ယောက် ဒေါသကြောင့် ဆွံ့အသွားရသည်။

“မင်း...”

ဗိုလ်မှူးယန်မှာ နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး အော်ဟစ်လိုက်သည်။

“ယောင်ပင်း... ဒါက ခင်မင်မှုအရ ယှဉ်ပြိုင်ရုံသက်သက်ပဲ၊ မင်းက ဒီလောက်တောင် ရက်စက်တဲ့ နည်းလမ်းကို သုံးရဲတယ်ပေါ့၊

နည်းပြရှီ... ယောင်ပင်းကို ပြစ်မှုကြီး မှတ်တမ်းတင်လိုက်၊ သူ့ကို အထူးစစ်ဆင်ရေးအဖွဲ့ကနေ ထုတ်ပယ်ပြီး အထူးစစ်ဆင်ရေးအဖွဲ့ထဲကနေ မောင်းထုတ်လိုက်စမ်း၊

ငါတို့ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့က ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တွေကိုတောင် သတ်မယ့် ဒီလို လူမိုက်မျိုးကို မလိုအပ်ဘူး”

လူမိုက် ဟုတ်လား။

ယောင်ပင်း ပြုံးလိုက်သည်။

ဗိုလ်မှူးယန်မှာ အမှန်တကယ်ပင် ဆက်လက်အောင့်အီးမထားနိုင်တော့ချေ။

မတိုင်လင်လေးတင် ကျန်းကျယ်ကို တစ်စစီဖြစ်အောင် ရိုက်ခံရတုန်းက ဗိုလ်မှူးယန်က တုန်လှုပ်ခြင်းမရှိခဲ့ပေ။

ယခု လောင်အန်း အရိုးကျိုးသွားသည့်အချိန်ကျမှသာ ဗိုလ်မှူးယန်က သူ့ကို အထူးစစ်ဆင်ရေးအဖွဲ့ထဲကနေ မောင်းထုတ်ချင်နေချေသည်။

စံနှုန်းနှစ်ခွထားခြင်းက ဤထက် ပို၍ ထင်ရှားနိုင်မည် မဟုတ်တော့ပေ။

“ဗိုလ်မှူး... ဒီကလေးက အထူးစစ်ဆင်ရေးအဖွဲ့ထဲကို ခုမှ ဝင်ခါစမို့လို့ ကိုယ့်အစွမ်းကိုယ် အတိုင်းအဆမသိလို့ပါ...”

ဗိုလ်မှူးယန် အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် နည်းပြလီက အပြေးအလွှား ဝင်ရောက်လာပြီး ယောင်ပင်းအတွက် အလျင်အမြန် အသနားခံပေးလေသည်။

ဗိုလ်မှူးယန်၏ မျက်နှာက ချက်ချင်းပင် အေးစက်သွားသည်။

“ဟမ့်... သူက ကိုယ့်အတိုင်းအဆကိုယ် မသိတာ ဟုတ်လား၊ ငါကြည့်ရသလောက်တော့ သူက တမင်သက်သက် လုပ်တယ်ဆိုတာ ထင်ရှားနေတာပဲ၊ နည်းပြရှီ... ဒါကို ချက်ချင်း အစီရင်ခံစာတင်၊ ဒီလို လူမိုက်မျိုးက တပ်ဖွဲ့ထဲမှာ နေဖို့ မထိုက်တန်ဘူး”

နည်းပြဝမ်က ဗိုလ်မှူးယန်မှ ယောင်ပင်းကို နာမည်ဖျက်တော့မည်ကို မြင်သောကြောင့် ပြာပြာသလဲဖြစ်ကာ အလျင်အမြန် သတိပေးလိုက်သည်။

“ဗိုလ်မှူး... ဗိုလ်မှူးကြီးယွီချီ ကိစ္စကရော ဘယ်လိုလုပ်မလဲ”

“ငါက ထုတ်ပယ်မယ်လို့ ပြောရင် ထုတ်မယ်ပေါ့၊ ဗိုလ်မှူးကြီးမှာ တစ်ခုခု ပြဿနာရှိရင် ငါ့ကို လာရှာခိုင်းလိုက်”

နည်းပြဝမ်က အလွန်အမင်း ထိတ်လန့်သွားသောကြောင့် စကားတစ်ခွန်းမျှ ထပ်မံမဆိုရဲတော့ပေ။ သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေချေသည်။

တီတီ... တီတီ...

ထိုခဏ၌ပင် နည်းပြဝမ်၏ ဖုန်းသံ မြည်လာတော့၏။

“ဘယ်သူ့ဖုန်းလဲ၊ ပိတ်လိုက်စမ်း”

ဒေါသထွက်နေပြီးသားဖြစ်သော ဗိုလ်မှူးယန်မှာ ဒေါသတကြီး ဆဲရေးတိုင်းထွာတော့သည်။

“မင်းတို့က ဒီကောင်ကို ရွေးချယ်ခဲ့ပြီး ပြီးခဲ့တဲ့ လဝက်လုံးလုံး လေ့ကျင့်ပေးခဲ့တာ၊ အခု မင်းတို့ ဘာတွေ ထုတ်လုပ်လိုက်လဲ ကြည့်စမ်းဦး”

နည်းပြဝမ်က ဖုန်းကို ကိုင်ထားရင်း ဝေခွဲမရဖြစ်သည်။

“ဗိုလ်မှူး... ဒီဖုန်းခေါ်ဆိုမှုက...”

သူ စကားမဆုံးသေးမီမှာပင် ဗိုလ်မှူးယန်က ဖြတ်ပြောလိုက်သည်။

“ဒီနေ့ ကောင်းကင်ဘုံဧကရာဇ် ကိုယ်တိုင်ပဲ ဖုန်းခေါ်ရင်တောင် ငါက ဒီကောင့်ကို အထူးစစ်ဆင်ရေးအဖွဲ့ထဲကနေ မောင်းထုတ်မှာပဲ”

“ဗိုလ်မှူးယန်...”

လိုင်း၏ တစ်ဖက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ငါက ကောင်းကင်ဘုံဘုရင် မဟုတ်လို့ မင်း စိတ်ပျက်သွားလား”

ထိုအသံက ဖုန်းထဲမှပင် အရှိန်အဝါပြင်းထန်ပြီး တင်းမာလွန်းပေသည်။

ဗိုလ်မှူးရန်၏ မျက်နှာက ချက်ချင်းပင် လူသေကောင်ကဲ့သို့ ဖြူလျော်သွားရချေပြီ။

နည်းပြဝမ် စကားမပြောနိုင်သေးမီမှာပင် ဗိုလ်မှူးယန်ကသူ၏လက်ထဲမှ ဖုန်းကို လုယူလိုက်ပြီး ဖြူလျော်နေသော မျက်နှာထက်တွင် အနေရခက်သည့်အပြုံးကို ချိတ်ဆွဲလျက် သူ၏ကျောပြင်ကို မသိစိတ်အရ ကိုးဆယ်ဒီဂရီအထိ ကိုင်းညွတ်ကာ ရိုသေစွာဖြင့် စကားဆိုလိုက်သည်။

ဗိုလ်မှူးယန်မှာ လူတိုင်းထက် မြင့်မြတ်သည့်အသွင်ဖြင့်နေသော်လည်း လက်ရှိတွင် လူတိုင်းကို ဆွံ့အမှင်သက်သွားစေသည့် ဖားယားတတ်သော သဘောထားမျိုးကို ပြသနေလေပြီ။

အစပိုင်းတွင် မောက်မာခဲ့ပြီး ချက်ချင်းပင် ဖားယားလာခဲ့သည်။

ကံကြမ္မာ၏ ပြောင်းပြန်လှန်ပစ်ခြင်းပင်။

ရောက်ရှိနေသူတိုင်းသည်လည်း ထိုအခြေအနေကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ကြရပေသည်။

အထူးသင်တန်းသားများက ဗိုလ်မှူးယန်၏ သဘောထားကို ဤမျှအထိ ပြင်းထန်စွာ ပြောင်းလဲသွားစေနိုင်သည့် ဖုန်းခေါ်ဆိုသူမှာ မည်သူနည်းဟု တွေးတောလျက် အချင်းချင်း ကြည့်ရှုနေကြ၏။

နည်းပြရှီသည်လည်း ဆွံ့အသွားရပေသည်။

သူ ခဏမျှ ဝေခွဲမရဖြစ်သွားပြီးနောက် နည်းပြဝမ်အား အသံကိုနှိမ့်၍ မေးမြန်းလိုက်သည်။

“နည်းပြဝမ်... ဘာတွေဖြစ်နေတာလဲ၊ ဘယ်သူ ဖုန်းခေါ်တာလဲ”

နည်းပြဝမ်က နည်းပြရှီ၏အနားသို့ တိုးကပ်သွားပြီး သူ၏နားရွက်နားတွင် လူတစ်ဦး၏ အမည်ကို တိုးတိုးကပ်၍ ပြောဆိုလိုက်ပေသည်။

ထိုနာမည်ကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် နည်းပြရှီ၏ မျက်နှာသည် ချက်ချင်းပင် ပြောင်းလဲသွားပြီး အလန့်တကြား ရေရွတ်မိသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါတို့ရဲ့ လျှို့ဝှက်ချက်က အရမ်းကောင်းတာကို၊ ဘယ်လိုလုပ်ပြီး အဲဒီလူအထိ သတင်းရောက်သွားရတာလဲ...”

သူ စကားမဆုံးသေးမီမှာပင် နည်းပြဝမ်က သူ့ကို မျက်စိတစ်မှိတ် ပြလိုက်လေသည်။ နည်းပြရှီလည်း သူ၏ အမှားကို ချက်ချင်း သတိပြုမိသွားပြီး ကျန်ရှိနေသော စကားလုံးများကို မျိုသိပ်လိုက်တော့၏။

သို့သော်လည်း ထိတ်လန့်တုန်လှုပ်မှုသည် နည်းပြရှီ၏ မျက်နှာထက်တွင် ထင်ဟပ်နေဆဲပင်။

သူ၏မျက်လုံးထဲတွင် ယောင်ပင်းက မည်သည့်နောက်ခံ သို့မဟုတ် အဆက်အသွယ်မျှမရှိသော အရေးမပါသည့် ဆင်းရဲသားကျောင်းသားတစ်ဦးမျှသာ ဖြစ်ပေ၏။

ငို့ဆိုပါက ဤမျှအထိ အာဏာရှိသော ပုဂ္ဂိုလ်ကြီးထံသို့ အဘယ်ကြောင့် သတင်းရောက်ရှိသွားရသနည်း။

ထိုသူက ဗိုလ်မှူးယန်ထံသို့ ကိုယ်တိုင်ပင် ဖုန်းခေါ်ဆိုခဲ့သည်လား။

နည်းပြရှီက ကျန်ရှိသောစကားများကို မပြောဆိုခဲ့သော်လည်း သင်တန်းသားများမှာတော့ ဗိုလ်မှူးယန်နှင့် နည်းပြရှီတို့၏ တုံ့ပြန်မှုများကို မြင်တွေ့ရသောကြောင့် အားလုံး နားလည်သွားကြပေသည်။

ဗိုလ်မှူးယန်၏ သဘောထားကို ဤမျှအထိ ပြင်းထန်စွာ ပြောင်းလဲသွားစေသည့်အတွက် ထိုဖုန်းခေါ်ဆိုသူသည် အလွန်မြင့်မားသော ရာထူးနှင့် အာဏာရှိသည့် ပုဂ္ဂိုလ်ကြီး ဖြစ်လိမ့်မည်။

သို့သော် ထိုအာဏာရှိသော ပုဂ္ဂိုလ်ကြီးက မည်သူနည်း။ စကားတစ်ခွန်းတည်းဖြင့် ဗိုလ်မှူးယန်ကို ဤမျှအထိ ထိတ်လန့်သွားစေနိုင်သည်လား။

သင်တန်းသားများအားလုံးက ထိုဖုန်းခေါ်ဆိုသူအကြောင်းကို သိရှိလိုသည့် စိတ်ဆန္ဒတို့ဖြစ်နေခဲ့ကြသည်။

ထို့ကြောင့် သူတို့သည် ရင်တမမဖြင့် အသက်ရှူအောင့်ကာ ဗိုလ်မှူးယန် ဖုန်းဖြေဆိုနေသည်ကို အာရုံစိုက်၍ နားစွင့်နေကြ၏။

သို့သော်လည်း ဗိုလ်မှူးယန်င ဖုန်း၏စပီကာကို ပိတ်လိုက်သောကြောင့် ရောက်ရှိနေသူအားလုံး ကြားရသည်မှာ သူ့ဘက်မှ အကြိမ်ကြိမ် အနူးအညွတ်တောင်းပန်နေပြီး သူ မှားယွင်းသွားခဲ့ကြောင်း ပြောဆိုနေသည့် အသံမျှသာ ဖြစ်ပေသည်။

သူက စကားတစ်ခွန်းမျှပင် အသံကျယ်ကျယ်မပြောရဲရှာချေ။

ထို့အတွက် ဖုန်းလိုင်း၏တစ်ဖက်တွင် မည်သူရှိနေကြောင်းကို ခန့်မှန်း၍မရနိုင် ဖြစ်နေကြသည်။

ယန်ရိချန်နှင့် သူ၏အုပ်စုမှာတော့ အချင်းချင်း ကြည့်ရှုနေကြပြီး ယန်ရိချန်မှာတော့ အလွန်အမင်း အရှက်ရနေချေပြီ။

သူသည် သူ၏အစ်ကိုဖြစ်သူ၏ ဗိုလ်မှူးရာထူးကို အားကိုးကာ သူအတွက် လက်စားချေပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ခြင်း ဖြစ်၏။

သူ၏အစ်ကိုသည်လည်း ခမ်းနားကြီးကျယ်စွာ ရောက်ရှိလာခဲ့ပြီး ယောင်ပင်းကို ကိုင်တွယ်ရန်ပင် ရည်ရွယ်ခဲ့ပေသည်။

သို့သော် မျှော်လင့်မထားဘဲ ဤကဲ့သို့ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်ရောက်လာခဲ့လေပြီ။

သူ၏အစ်ကိုဖြစ်သူက ဖုန်းပြောချိန်တွင်ပင် အလွန်ရိုသေလေးစားနေသော အမူအရာကို မြင်တွေ့ရသောကြောင့် ယန်ရိချန်တစ်ယောက် အလွန်အမင်း အရှက်ရနေခဲ့ရသည်။

*

All Chapters