← Chapters

အခန်း ၁၁၄၅

Vol. 55 Ch. 1145

အခန်း ၁၁၄၅

Vol. 55 Ch. 1145

အခန်း(၁၁၄၅)

ဟင်းလင်းပြင်ဆုံးဖြတ်ချက်

"သခင်လေးသုံး..."

ခေါင်းသုံးလုံး မိစ္ဆာသည် ကြီးမားထည်ဝါလှသော စွမ်းအားများဖြင့် ပြေးဝင်လာသည်ကို မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ စွမ်းအားကြီးမားသော ကျင့်ကြံသူများသည် ကွီရှူးကို သတိပေးရန် ချက်ချင်းပင် အော်ဟစ်လိုက်ကြချေသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဤစွမ်းအားကို ပိတ်ဆို့ရန် ရည်ရွယ်လျက် ရှေ့သို့ တိုးထွက်သွားကြ၏။ သို့သော်လည်း ခေါင်းသုံးလုံး မိစ္ဆာ၏ စွမ်းအားမှာ အလွန်တရာ ထူးကဲပြင်းထန်လှပေရာ ထိုလူများသည် ၎င်းကို ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် လွင့်စင်ထွက်သွားကြရတော့သည်။

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ကွီရှူးကိုယ်တိုင်ပင်လျှင် မိုးကြိုးလျှပ်စီးစွမ်းအား၏ ပြင်းထန်သော ရိုက်ခတ်မှုကို ခံလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်၌ အလင်းတန်းတစ်ခု လျင်မြန်စွာ လှည့်ပတ်သွားပြီး စွမ်းအား၏ တစ်စိတ်တစ်ပိုင်းကို ခုခံခြေဖျက်ပေးလိုက်၏။ ထိုသို့သော အကာအကွယ်ရှိသော်ငြားလည်း ကွီရှူးသည် သွေးအန်လျက် နောက်သို့ လွင့်စင်သွားရရှာသည်။

ချင်ယွမ်ဖုန်းသည် ဤမြင်ကွင်းကို ကြည့်ပြီး တုန်လှုပ်သွားမိကာ ခေါင်းသုံးလုံး မိစ္ဆာ၌ ဤမျှအထိ ကြီးမားသော စွမ်းအားရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ အစောင့်အရှောက်အိုကြီးနှင့် ကွီရှူးအပါအဝင် ပညာရှင်အားလုံးကို မျက်စိတစ်မှိတ်အတွင်း ဒဏ်ရာရရှိစေခဲ့သည်။ ရှေ့သို့ မတိုးရသေးသော ပညာရှင်များသည် ဤအခြေအနေကို မြင်သောအခါ လှုပ်ရှားရန် မဝံ့ရဲကြတော့ဘဲ ကွီရှူး၏ အသက်ကို ကာကွယ်ရန် သူ၏ဘေးနားသို့ ပျာပျာသလဲ ပျံသန်းလာကြတော့သည်။

သို့သော် ခေါင်းသုံးလုံး မိစ္ဆာသည် တိုက်ခိုက်မှုကို ရပ်တန့်မသွားခဲ့ချေ။ ဝတ်ရုံဖြူနှင့် အစောင့်အရှောက်အိုကြီးသည် လက်နှစ်ဖက်ဖြင့် ဝိညာဉ်ထိန်းချုပ်ခြင်းပညာရပ် လက်တံဆိပ်တော်ကို ဖော်ဆောင်လိုက်ပြီး ခေါင်းသုံးလုံး မိစ္ဆာကို လူအုပ်ကြီးထဲသို့ တိုက်ရိုက် ပြေးဝင်စေလိုက်သည်။

ပြင်းထန်လှသော မိုးကြိုးစွမ်းအားသည် ၎င်း၏ အရှိန်အဟုန်ကို အဆုံးစွန်ထိ မြှင့်တင်ပေးလိုက်၏။ လေတိုးသံနှင့်အတူ ၎င်းသည် ကျင့်ကြံသူများထံသို့ ရောက်ရှိသွားပြီး နတ်ဘုရားအဆင့် ဝိညာဉ်နတ်မင်း တစ်ဦးကို ချက်ချင်း ဖမ်းဆွဲလိုက်တော့သည်။

ထို့နောက် ၎င်း၏ ကြီးမားတုတ်ခိုင်သော လက်မောင်းများထံမှ မိုးကြိုးလျှပ်စီးများ ထွက်ပေါ်လာပြီး နတ်ဘုရားအဆင့် ဝိညာဉ်နတ်မင်းကို တင်းကျပ်စွာ ချည်နှောင်လိုက်ချေသည်။

တစ်ပြိုင်နက်တည်းမှာပင် ၎င်း၏ ခေါင်းသုံးလုံးပေါ်ရှိ မျက်လုံးခြောက်လုံးမှ ငွေရောင်အလင်းတန်းများ ချက်ချင်း ပေါက်ကွဲထွက်လာပြီး ဖမ်းဆီးခံထားရသော နတ်ဘုရားအဆင့် ဝိညာဉ်နတ်မင်းကို အပေါက်ပေါင်းများစွာ ပွင့်ထွက်သွားစေကာ တိုက်ရိုက် သတ်ဖြတ်လိုက်တော့သည်။

လူတိုင်းသည် ဤမြင်ကွင်းကြောင့် မှင်တက်သွားကြရသည်။ ခေါင်းသုံးလုံး မိစ္ဆာသည် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိပေရာ ၎င်း၏ လက်ခြောက်ဖက်ကို လူအုပ်ထဲသို့ တိုက်ရိုက် ဆန့်ထုတ်လိုက်သည်။ ကျင့်ကြံသူများသည် ကွီရှူးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ပြာပြာသလဲ ရှောင်တိမ်းနေကြရ၏။ ကွီရှူး၏ နှလုံးသားသည်လည်း ချက်ချင်းပင် မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်သွားတော့သည်။ ခေါင်းသုံးလုံး မိစ္ဆာသည် မိမိထံသို့ ပြေးဝင်လာသည်ကို မြင်သောအခါ သူသည် ဝုန်းခနဲ ဒူးထောက်ကျသွားပြီး အော်ဟစ်တောင်းပန်ရှာသည် ။

"ငါ့အသက်ကို ချမ်းသာပေးပါ၊ ငါ ကြယ်အရှင်သခင် ရာထူးကို မပြိုင်ဆိုင်တော့ဘူး။"

ဝတ်ရုံဖြူနှင့် အစောင့်အရှောက်အိုကြီးက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည် —

"အခုလို အချိန်ကျမှ ဒါတွေ ပြောနေတော့ ဘာအသုံးဝင်ဦးမှာလဲ။"

ပြောပြီးသည်နှင့် သူနှင့် သခင်လေး ကွီရှန်းတို့သည် ကွီရှူးထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြပြီး ခေါင်းသုံးလုံး မိစ္ဆာကြီးမှာမူ ၎င်းတို့၏ နောက်ကွယ်၌ ခန့်ညားထည်ဝါစွာ ရပ်တန့်နေခဲ့သည်။

" ငါ့ကို အသက်ချမ်းသာပေးသရွေ့ ငါ ဒီလိုမျိုး စိတ်ကူးမျိုး ဘယ်တော့မှ ထပ်မမွေးမြူတော့ပါဘူးလို့ ကတိပေးပါတယ်" ဟု ကွီရှူးက ပျာပျာသလဲ ပြောရှာသည်။

သခင်လေး ကွီရှန်းသည် မကြာသေးမီက ဒဏ်ရာရထားသော သူ၏ ရင်ဘတ်ကို လက်ဝါးဖြင့် အုပ်ထားရင်း အသနားခံနေသော ကွီရှူးကို ရက်စက်သော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည် —

"ဒါနဲ့ပဲ ပြီးမလား၊ ညီသုံး... မင်း

ထင်နေတာလား ငါ နင့်ကို အလွယ်တကူ လွှတ်ပေးလိမ့်မယ်လို့... အိပ်မက်မက်မနေနဲ့... ဒီလမ်းကို လျှောက်လှမ်းဖို့အတွက်ဆိုရင် ငါတို့က ညီအစ်ကိုအရင်း ဖြစ်နေရင်တောင်မှ ငါ နင့်ကို သတ်ရမှာပဲ... ဘာပဲဖြစ်ဖြစ် နင့်ကို အသက်ရှင်လျက် ထားတာက အကြီးမားဆုံး အန္တရာယ်ပဲ။"

ကွီရှူးက တုန်လှုပ်ချောက်ချားစွာဖြင့် ပြောလိုက်သည် —

"ငါ အရှုံးပေးပြီးပြီပဲ... ငါတို့ကြားမှာ ညီအစ်ကို သံယောဇဉ် လုံးဝ မကျန်တော့ဘူးလား။"

"မရှိဘူး" ဟု သခင်လေး ကွီရှန်းက ပြတ်သားစွာ ပြောလိုက်သည်။

သူ၏ စကားအဆုံးတွင် ဝတ်ရုံဖြူနှင့် အစောင့်အရှောက်အိုကြီးသည် ခေါင်းသုံးလုံး မိစ္ဆာကို တိုက်ရိုက် ထိန်းချုပ်ကာ ကွီရှူးကို ဖမ်းဆွဲစေလိုက်သည်။ နောက်ဆုံးသူသည် ရုန်းကန်ရန် ကြိုးစားသော်လည်း လက်ခြောက်ဖက်က သူ့ကို တင်းကျပ်စွာ ချည်နှောင်ထားလိုက်ချေပြီ။ တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော မိုးကြိုးလျှပ်စီးစွမ်းအားသည် ခေါင်းသုံးလုံး မိစ္ဆာ၏ မျက်လုံးများထဲမှ ပေါက်ကွဲထွက်လာပြီး ကွီရှူးကို ချက်ချင်းပင် အသက်ပျောက်သွားစေတော့သည်။

ပတ်ဝန်းကျင်ရှိ လူများသည် လုံးဝ မှင်တက်သွားကြရသည်။ နောက်ဆုံးတွင် သခင်လေး ကွီရှန်းကသာ အသာစီးရရှိသွားပြီး သူသည် ကြယ်အရှင်သခင်အသစ် ဖြစ်လာပေတော့မည်။ ကွီရှူး သေဆုံးသွားသည်ကို မြင်သောအခါ ထိုလူများသည် ဤကိစ္စရပ်မှာ အမှန်တကယ်ပင် ပြီးဆုံးသွားပြီဖြစ်ကြောင်း နားလည်လိုက်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ရပ်တည်ချက်ကို ချက်ချင်းပြောင်းလဲကာ မိမိတို့၏ အမှားများကို ပျာပျာသလဲ ဝန်ခံချင်နေကြတော့၏။

သို့သော်လည်း ထိုအချိန်တွင် ခြေလှမ်းသံများနှင့်အတူ နူးညံ့သော ရယ်မောသံတစ်ခုသည် ဖြည်းညှင်းစွာ နီးကပ်လာခဲ့သည်။ ချင်ယွမ်ဖုန်းနှင့် ကွီလင်းတို့သည် ကွင်းပြင်ထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာကြသည်ကို မြင်လိုက်ရ၏။

ဝတ်ရုံဖြူနှင့် အစောင့်အရှောက်အိုကြီးသည် ချင်ယွမ်ဖုန်း ရောက်ရှိလာသည်ကို မြင်သောအခါ အကျပ်အတည်းမှာ လုံးဝ မပြီးဆုံးသေးကြောင်း နားလည်လိုက်သည်။ သူ၏ မျက်လုံးများသည် ရုတ်တရက် စူးရှတောက်ပလာပြီး ချင်ယွမ်ဖုန်းကို စိုက်ကြည့်ကာ ပြောလိုက်သည် —

"ကွီရှူး သေပြီဆိုတော့... နောက်တစ်ယောက် သေရမှာက မင်းပဲ။" ပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများသည် ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းက ခပ်ဖွဖွ ရယ်မောလိုက်သည် —

"မင်းက မင်းကိုယ်မင်း စွမ်းအားကြီးလှပြီလို့ တကယ်ပဲ အထင်ကြီးနေပုံရတယ်။"

ဝတ်ရုံဖြူနှင့် အစောင့်အရှောက်အိုကြီး၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရင်သွားမိသည်။ သူသည် ဤလူငယ်က ဤမျှအထိ မောက်မာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူသည် မိမိကိုယ်မိမိ ဝါရင့်အစောင့်အရှောက်အိုကြီးတစ်ဦးအဖြစ် ယူဆထားသော်လည်း ချင်ယွမ်ဖုန်း၏ မျက်လုံးထဲတွင်မူ သူသည် တန်ဖိုးမရှိသော အရာတစ်ခုကဲ့သို့ ဖြစ်နေချေသည်။ ထိုအချိန်တွင် သခင်လေး ကွီရှန်းသည် ချင်ယွမ်ဖုန်း၏ နောက်ကွယ်၌ ရှိနေသော ကွီလင်းကို ကြည့်ပြီး ပြောလိုက်သည် —

"ကွီလင်း... မင်းလည်း ကြယ်အရှင်သခင် ရာထူးကို စိတ်ဝင်စားနေတာလား။"

ခုနကတင် ကွီလင်းနှင့် ချင်ယွမ်ဖုန်းတို့သည် အတူတူရှိနေခဲ့ကြသော်လည်း လှုပ်ရှားမှု မပြုခဲ့ကြချေ။ ယခုအခါ ကွီရှူး သေဆုံးသွားပြီဖြစ်ရာ ၎င်းတို့နှစ်ဦးက ရှေ့သို့ တက်လှမ်းလာခြင်းဖြစ်သဖြင့် ၎င်းတို့သည် အခွင့်ကောင်းယူရန် ရည်ရွယ်ထားသည်ဟု သခင်လေး ကွီရှန်းက သံသယဝင်နေခြင်းပင်။ ကွီလင်း မဖြေကြားနိုင်သေးမီမှာပင် ချင်ယွမ်ဖုန်းက တိုက်ရိုက် ဖြတ်ပြောလိုက်သည်။

"ဒါပေါ့... ငါ ယုံကြည်တာက မငတို့ ညီအစ်ကိုတွေထဲမှာ သခင်လေး ကွီလင်းထက် ကြယ်အရှင်သခင်အသစ် ဖြစ်ဖို့ ပိုပြီး သင့်တော်တဲ့သူ မရှိဘူးဆိုတာပဲ။"

"ဟွန်း..." သခင်လေး ကွီရှန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်မိသည်။

"ငါ့အတွက် သေစမ်း..."

ဝတ်ရုံဖြူနှင့် အစောင့်အရှောက်အိုကြီးသည် ချင်ယွမ်ဖုန်းကို တိုက်ရိုက် တိုက်ခိုက်လိုက်တော့သည်။ ခေါင်းသုံးလုံး မိစ္ဆာ၏ ကြီးမားလှသော ခန္ဓာကိုယ်သည် ချင်ယွမ်ဖုန်းကို ချက်ချင်းပင် လွှမ်းမိုးသွားပြီး သူ၏ထံသို့ ပြင်းထန်စွာ ခုန်အုပ်လိုက်ချေသည်။ ဝတ်ရုံဖြူနှင့် အစောင့်အရှောက်အိုကြီး၏ မျက်နှာတွင်မူ ယုံကြည်မှုအပြည့်ရှိသော အမူအရာ ထွက်ပေါ်နေပြီ ဖြစ်သည်။ သူသည် မိမိ၏ ခေါင်းသုံးလုံး မိစ္ဆာတိုက်ခိုက်မှုအောက်တွင် ချင်ယွမ်ဖုန်းကို သတ်ဖြတ်ရန်မှာ မျက်စိတစ်မှိတ်အတွင်း ကိစ္စရပ်တစ်ခုသာ ဖြစ်လိမ့်မည်ဟု ယုံကြည်နေ၏။ ချင်ယွမ်ဖုန်းသည် စစ်မှန်သော နတ်ဘုရားနယ်ပယ် ကျင့်စဉ်ရှိသော်လည်း အစောင့်အရှောက်အိုကြီးသည် သူ၏ ခေါင်းသုံးလုံး မိစ္ဆာ၏ စွမ်းအားအစစ်အမှန်ကို မသိသေးချေ။

သို့သော်လည်း ခေါင်းသုံးလုံး မိစ္ဆာက တိုက်ခိုက်လိုက်သည့် ထိုအခိုက်အတန့်၌ပင် ချင်ယွမ်ဖုန်း၏ ပုံရိပ်သည် မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူ၏ အသံသည် ကောင်းကင်ယံအထက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

"မိုးကြိုးလျှပ်စီး စွမ်းအားလား... အဲဒါက လူတိုင်းမှာ ရှိနေတာ မဟုတ်ဘူးလား... ဟဟ။"

ခပ်ဖွဖွ ရယ်မောသံနှင့်အတူ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်တွင်လည်း မိုးကြိုးလျှပ်စီးစွမ်းအား အလင်းတန်းများ ထွက်ပေါ်လာချေသည်။

ဝတ်ရုံဖြူနှင့် အစောင့်အရှောက်အိုကြီးသည် မျက်မှောင်ကုတ်လိုက်မိသည်။ ချင်ယွမ်ဖုန်း၌ ဤကဲ့သို့သောအရာ ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့သလို သူ၏ အရှိန်အဟုန်မှာလည်း ယုံကြည်နိုင်စရာမရှိအောင်ပင် မြန်ဆန်လှပေသည်။ သို့သော်လည်း အစောင့်အရှောက်အိုကြီးသည် ခေါင်းသုံးလုံး မိစ္ဆာကိုသာ အားကိုးနေပါက ချင်ယွမ်ဖုန်းကို သတ်ရန် လုံးဝ မလုံလောက်နိုင်ကြောင်း သိရှိထားသည်။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ သူ၏ စွမ်းအားများကို တိုက်ရိုက် စုစည်းပြီး ခေါင်းသုံးလုံး မိစ္ဆာနှင့်အတူ ချင်ယွမ်ဖုန်းထံသို့ တစ်ပြိုင်နက်တည်း ပြေးဝင်တိုက်ခိုက်လိုက်တော့သည်။

---

၎င်းတို့နှစ်ဦး၏ တိုက်ခိုက်မှုမှာ ဟာကွက်မရှိဘဲ ပြီးပြည့်စုံလှသဖြင့် ချင်ယွမ်ဖုန်းအတွက် ရှောင်တိမ်းရန် အခွင့်အရေး မရှိသကဲ့သို့ ဖြစ်နေသည်။ သို့သော် ဤအခိုက်အတန့်တွင် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော ဓားအရှိန်အဝါတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။ ထို့နောက် သူ၏ သွေးများသည် စတင် ဆူပွက်လာပြီး ဝတ်ရုံဖြူနှင့် အစောင့်အရှောက်အိုကြီးကိုပင် ထိတ်လန့်တုန်လှုပ်သွားစေသည့် စွမ်းအားတစ်ခု ဖြာထွက်လာတော့သည်။ ရုတ်တရက် ထိုပြိုင်ဘက်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည် ။

"ဒီစွမ်းအားက... မရဏနဂါး ဖြစ်ပုံရတယ်။"

ချင်ယွမ်ဖုန်းက လှောင်ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။

"ငါ ပြောသားပဲ... မင်းကမင်းကိုယ်မင်း စွမ်းအားကြီးလှပြီလို့ တကယ်ပဲ အထင်ကြီးနေတာ... ငါ့ရှေ့မှာ မင်းက ယှဉ်လို့တောင် မရဘူး... ပြီးတော့ ကွီလင်းက ကြယ်အရှင်သခင်အသစ် ဖြစ်ဖို့ သင့်တော်တယ်... ဒါကြောင့် သေချင်တယ်ဆိုရင် ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးနိုင်ပါတယ်။"

ဝတ်ရုံဖြူနှင့် အစောင့်အရှောက်အိုကြီးသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်မှ စွမ်းအားများသည် ရုတ်တရက် နက်ရှိုင်းလွန်းလှသဖြင့် ခန့်မှန်းရခက်ခဲသွားကြောင်း ခံစားလိုက်ရသည်။ သူသည် ချက်ချင်း သွားကြိတ်လိုက်ပြီး ခေါင်းသုံးလုံး မိစ္ဆာနှင့်အတူ ချင်ယွမ်ဖုန်းထံသို့ ပြေးဝင်သွားတော့၏။

"လက်မောင်းတွေ ဒီလောက်အများကြီး ရှိနေတာက အနှောင့်အယှက် မဖြစ်ဘူးလား" ဟု ချင်ယွမ်ဖုန်းက ခပ်ဖွဖွ ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ဓားအရှိန်အဝါတစ်ခု တိုက်ရိုက် ပေါက်ကွဲထွက်လာစေသည်။

ဓားအလင်းတန်း တစ်ချက် လက်သွားပြီးနောက် ချင်ယွမ်ဖုန်း၏ ဓားသိုင်းပညာရပ်သည် ရုတ်တရက် လွင့်ပျံထွက်သွားခဲ့သည်။ ၎င်းသည် ပြိုင်ဘက်ထံသို့ ချဉ်းကပ်သွားသည်နှင့် ချက်ချင်းပင် နဂါးလက်သည်းအသွင်သို့ ပြောင်းလဲသွားတော့၏။ ဖြန်းခနဲ အသံနှင့်အတူ ထိုပြင်းထန်လှသော စွမ်းအားသည် ခေါင်းသုံးလုံး မိစ္ဆာ၏ လက်မောင်းတစ်ဖက်ကို အတင်းအဓမ္မ ဖြတ်တောက်လိုက်ချေတော့သည်။

All Chapters