← Chapters

အခန်း ၁၁၄၆

Vol. 55 Ch. 1146

အခန်း ၁၁၄၆

Vol. 55 Ch. 1146

အခန်း(၁၁၄၆) အတူတကွ ပျက်စီးခြင်း

ဝတ်ရုံဖြူနှင့် အစောင့်အရှောက်အိုကြီးသည် များစွာ တုန်လှုပ်ခြောက်ခြားသွားပြီး ချင်ယွမ်ဖုန်း၏ စွမ်းအားကို ခုခံရန် ပြင်ဆင်လိုက်သော်လည်း ဤအခိုက်အတန့်တွင် ချင်ယွမ်ဖုန်း၏ လှုပ်ရှားမှုများက စီးဆင်းနေသော ရေလှိုင်းပမာ သွဟ်လှျက် ရှိနေသည်။ သူသည် ခေါင်းသုံးလုံး မိစ္ဆာ၏ လက်မောင်း ခြောက်ဖက်လုံးကို တစ်ခဏချင်း ဖြတ်တောက်လိုက်ပြီး ထိုဧရာမ သတ္တဝါကြီး၏ ဦးခေါင်းဆီသို့ တိုက်ရိုက် ဦးတည်ကာ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

အခြေအနေ မဟန်တော့သည်ကို အစောင့်အရှောက်အိုကြီး ရိပ်မိသွားပြီး ချင်ယွမ်ဖုန်းကို တားဆီးရန် ရှေ့သို့ အပြေးအလွှား တိုးဝင်လာသည်။ သို့သော် ထိုအချိန်တွင် ချင်ယွမ်ဖုန်းက သူ့ထံသို့ ဓားဖြင့် ရုတ်တရက် ခုတ်ပိုင်းလိုက်သည်။ ဤဓားချက်၏ စွမ်းအားမှာ ခန့်မှန်းရ ခက်ခဲပြီး ယင်း၌ ပါဝင်သော အင်အားမှာလည်း ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လှသည်။ တိုးညင်းသော အသံတစ်ချက်နှင့်အတူ ဓားချီများက အစောင့်အရှောက်အိုကြီး၏ ရင်ဘတ်ကို တစ်ခဏချင်းအတွင်း ချင်းနင်း ဖြတ်သန်းသွားသည်။ သူသည် မည်သို့ ဖြစ်ပျက်သွားသည်ကိုပင် သဘောမပေါက်သေးသည့်အလား မျက်လုံးများကို ပြူးကျယ်လျက် ကြည့်နေမိသည်။

"မင်း ငါ့ရဲ့ စွမ်းအားကို ဘာမှ နားမလည်သေးတဲ့ပုံပဲ။"

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီးနောက် ဓားအလင်းတန်းကို လှပစွာ ကစားလိုက်သည်။ ထိုအခါ မီးလျှံစီးကြောင်း အစိမ်းရောင်နှင့်အတူ ကြမ်းတမ်းသော ဓားချီများ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်ပေါ်လာပြီး ဝတ်ရုံဖြူနှင့် အစောင့်အရှောက်အိုကြီးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

အစောင့်အရှောက်အိုကြီးသည် တစ်ခါမျှ မကြုံဖူးသော သေရေးရှင်ရေး အန္တရာယ်ကို ခံစားလိုက်ရသဖြင့် မျက်ဝန်းများ အလိုအလျောက် တုန်လှုပ်သွားပြီး ချင်ယွမ်ဖုန်းကို စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။

"ကောင်လေး... မင်းရဲ့ စွမ်းအားက တကယ်ပဲ အားကောင်းပါတယ်။ ဒါပေမဲ့ ငါ မင်းကို အောင်မြင်ခွင့်ပေးမှာ မဟုတ်ဘူး။"

ထိုသို့ ပြောပြီးနောက် ချင်ယွမ်ဖုန်းသည် ရုတ်တရက် မျက်မှောင်ကြုတ်လျက် စိတ်ထဲမှ ရေရွတ်လိုက်သည်။

"မကောင်းတော့ဘူး။"

အစောင့်အရှောက်အိုကြီး၏ ဝတ်ရုံဖြူမှာ ရုတ်တရက် ဖောင်းကားလာသည်ကို သူ မြင်လိုက်ရသည်။ ဤသူက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပြီး ပေါက်ကွဲရန် ကြံစည်နေခြင်း ဖြစ်သည်။ ယင်းကို ရိပ်မိပြီးနောက် ချင်ယွမ်ဖုန်းသည် အနောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သော်လည်း သူ၏ ဆုတ်ခွာနှုန်းမှာ အနည်းငယ် နှောင့်နှေးနေဆဲ ဖြစ်သည်။ ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ အစောင့်အရှောက်အိုကြီးသည် သူ့အတွင်းရှိ စွမ်းအားများကို တိုက်ရိုက် ထုတ်လွှတ်လိုက်ပြီး ချင်ယွမ်ဖုန်းကို အသေပေါက်ကွဲရန် ကြံရွယ်လိုက်သည်။ ပြင်းထန်သော ရိုက်ခတ်မှုလှိုင်းများက ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို ဆွဲဖြဲလုနီးပါး ဖြစ်သွားစေသည့် အခိုက်အတန့်တွင် ကွီလင်းသည်လည်း စိုးရိမ်တကြီးဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

သခင်လေး ကွီရှန်းမှာ ဤစွမ်းအားကြောင့် အဝေးသို့ လွင့်စင်သွားပြီး သတိလစ် မေ့မြောသွားခဲ့ပြီ ဖြစ်ကာ ဤစွမ်းအားလှိုင်းကြီးက ချင်ယွမ်ဖုန်းနှင့် ကွီလင်းတို့ထံသို့ တိုက်ရိုက် ဦးတည် ပြေးဝင်သွားသည်။ ချင်ယွမ်ဖုန်းသည် ပြင်းထန်သော ရိုက်ခတ်မှုကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ ထိုအခိုက်အတန့်တွင် ဆွဲဖြဲခံရတော့မည့်အလား ခံစားလိုက်ရသည်။

"ဟားဟားဟား... ငါ မရှင်သန်နိုင်မှတော့ မင်းတို့လည်း အသက်ရှင်ဖို့ မစဉ်းစားနဲ့။ အားလုံး သေကြပေတော့။"

ဤအစောင့်အရှောက်အိုကြီးသည် သခင်လေး ကွီရှန်း၏ ရန်သူများကို အမြစ်ပြတ် သုတ်သင်ပြီးနောက် ကြယ်အရှင်သခင် ရာထူးနေရာသို့ တက်လှမ်းနိုင်ရန်အတွက် ချင်ယွမ်ဖုန်း၊ ကွီလင်းတို့နှင့်အတူ အတူတကွ သေဆုံးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ အမှန်တကယ်တွင် အစောင့်အရှောက်အိုကြီးသည် လွန်ခဲ့သော အခိုက်အတန့်ကတည်းက သူ၏ စွမ်းအားများ ကုန်ခမ်းလုနီးပါး ဖြစ်နေသည်ကို ခံစားမိခဲ့ပြီး နောက်ဆုံးတွင် ချင်ယွမ်ဖုန်းနှင့်အတူ သေတွင်းသက်ဆင်းရန်သာ ရွေးချယ်နိုင်တော့သည်။

သသူ၏ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည့် တစ်ပြိုင်နက် ချင်ယွမ်ဖုန်းသည် ဤစွမ်းအားလှိုင်းများအောက်တွင် တစ်စစီ ပျက်စီးသွားတော့မည့်အလား ဖြစ်သွားသည်။

သူ ကွီလင်း၏ အနီးသို့ ရောက်ရှိလာစဉ် ကွီလင်းသည် ဧရာမ လက်တစ်ဖက်က သူ့ကို တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်ကို ခံစားလိုက်ရသည်။ ထို့နောက် ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်မှာ ဝေဝါးသွားပြီး ပတ်ဝန်းကျင် ရှုခင်းများ လျင်မြန်စွာ ပြောင်းလဲသွားသည်ကို သိရှိလိုက်သည်။ သူ မျက်လုံးများကို ပြန်လည် ဖွင့်ကြည့်လိုက်သောအခါ တစ်ခါမျှ မမြင်ဖူးသည့် ကမ္ဘာသစ်တစ်ခုအတွင်းသို့ ရောက်ရှိနေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။

"ဒါက..."

ကွီလင်းက ချင်ယွမ်ဖုန်းကို မေးမြန်းရန် ပြင်လိုက်သည်။

ဤအခိုက်အတန့်တွင် သူ၏အနီး၌ ရှိနေသော ချင်ယွမ်ဖုန်းသည် တစ်စုံတစ်ခုကို တွက်ချက်နေပုံ ရသည်။ သူက ခေါင်းကို အသာအယာ ညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။

"အချိန်စေ့လုနီးပြီ။"

ပြောပြီးသည်နှင့် သူသည် ကွီလင်းကို တစ်ဖန် ပြန်လည် ဖမ်းဆုပ်လိုက်ရာ ၎င်းတို့၏ ပုံရိပ်များမှာ ပြန်လည် ဝေဝါးပျောက်ကွယ်သွားပြီး ကြယ်အရှင်သခင်၏ မဟာခန်းမတော်ကြီး အပြင်ဘက်သို့ ပြန်လည် ရောက်ရှိလာသည်။

---

တစ်ချိန်တည်းမှာပင် အပြင်ဘက်ရှိ လူများ၏ အမြင်၌မူ ချင်ယွမ်ဖုန်းနှင့် ကွီလင်းတို့၏ ပုံရိပ်များသည် ပြင်းထန်သော ပေါက်ကွဲမှုအောက်တွင် ဖုံးလွှမ်းသွားသည်ကို မြင်တွေ့ခဲ့ရသဖြင့် ၎င်းတို့နှစ်ဦးလုံး သေဆုံးသွားပြီဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် ပေါက်ကွဲမှုစွမ်းအားများ ပျောက်ကွယ်သွားသည့်အခါ ချင်ယွမ်ဖုန်းနှင့် ကွီလင်းတို့သည် မူလနေရာ၌ပင် မတ်တပ်ရပ်လျက် ရှိနေသည်ကို တွေ့လိုက်ရသည်။

ထို့အပြင် ကွီလင်းမှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရခြင်း မရှိဘဲ လုံးဝ အကောင်းပကတိ အတိုင်း ရှိနေသည်။ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအချို့ ပေါ်ပေါက်နေသော်လည်း ဤဒဏ်ရာများသည် သူ့ကို သေစေနိုင်သည့် အနေအထား မဟုတ်ပေ။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

ထိုလူများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။ လွန်ခဲ့သော အခိုက်အတန့်က အစောင့်အရှောက်အိုကြီး ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပေါက်ကွဲသွားသည့် အားလှိုင်းမှာ မည်မျှ ပြင်းထန်ကြောင်းကို သူတို့ အထင်အရှား သိမြင်ခဲ့ကြသည်။ ချင်ယွမ်ဖုန်းနှင့် ကွီလင်းတို့သည် ထိုပေါက်ကွဲမှု၏ ဗဟိုချက်တည့်တည့်၌ ရှိနေခဲ့ပြီး လွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်သည့် အခြေအနေ ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ၎င်းတို့နှစ်ဦးစလုံးမှာ ထိခိုက်မှု မရှိသလောက် ဖြစ်နေသည်မှာ မယုံကြည်နိုင်စရာပင်။

အမှန်တကယ်တွင် ချင်ယွမ်ဖုန်းသည် ထိုအရေးပေါ် အခိုက်အတန့်၌ အန္တရာယ်ကို ကြိုတင်သိမြင်ခဲ့သဖြင့် ဘေးဆိုးနှင့် ရင်ဆိုင်ရချိန်တွင် ကမ္ဘာငယ်လေး၏ စွမ်းအားကို တိုက်ရိုက် လှုံ့ဆော်ပြီး ၎င်းအတွင်း၌ ပုန်းကွယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် ထိုစွမ်းအားလှိုင်း၏ ရိုက်ခတ်မှုကို အနည်းငယ် ခံစားခဲ့ရသဖြင့် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကာ ကွီလင်းမှာမူ ပိုမို ကံကောင်းခဲ့ခြင်းပင်။

"သက်ရှိ နတ်ဘုရားတွေပဲ..."

ချင်ယွမ်ဖုန်းနှင့် ကွီလင်းတို့ သေဆုံးခြင်း မရှိသည်ကို အားလုံးက မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် လွန်စွာ ကြောက်ရွံ့ ရိုသေသွားကြသည်။ လက်ရှိ အခြေအနေကို ကြည့်မည်ဆိုလျှင် ကွီရှူးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး သခင်လေး ကွီရှန်းမှာလည်း သတိလစ်နေကာ ဝတ်ရုံဖြူနှင့် အစောင့်အရှောက်အိုကြီးသည်လည်း ပြာမှုန့်အဖြစ် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ရလဒ်အနေဖြင့် ကွီလင်းနှင့် ချင်ယွမ်ဖုန်းတို့ နှစ်ဦးသာ ကျန်ရှိတော့သည်။

အားလုံးသည် တစ်ဦးကိုတစ်ဦး လှည့်ပတ် ကြည့်ရှုလိုက်ကြပြီးနောက် တူညီသော သဘောတူညီချက် တစ်ခုကို ရရှိသွားသည့်အလား ဒူးထောက် တုပ်ဝပ်လိုက်ကြပြီးနောက် ကျယ်လောင်စွာ ဟစ်အော်လိုက်ကြသည်။

"ကြယ်အရှင်သခင်ကို ဂါရဝပြုအပ်ပါတယ်။"

ကွီလင်းသည် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်သည်။ ယခုအခါတွင် သူသည် ကြယ်အရှင်သခင်အသစ် ဖြစ်လာခဲ့ပြီ ဖြစ်ပြီး သူ့ကို ခြိမ်းခြောက်နိုင်သည့် ရန်သူများအားလုံး ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

"သခင်လေးချင်... ဒဏ်ရာတွေ ဘယ်လိုနေလဲ။"

ကွီလင်းသည် ချင်ယွမ်ဖုန်းအပေါ် စိတ်ထဲမှ လွန်စွာ ကျေးဇူးတင်မိသည်။ အဘယ်ကြောင့်ဆိုသော် ချင်ယွမ်ဖုန်းသည် သူ ကတိပေးထားသည့်အတိုင်း ကြယ်အရှင်သခင် ရာထူးနေရာကို ရရှိအောင် ကူညီပေးခဲ့သောကြောင့် ဖြစ်သည်။ ချင်ယွမ်ဖုန်းမှာ လွန်ခဲ့သော ပေါက်ကွဲမှုလှိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်မှာ အသေအချာပင်။

သို့သော် ချင်ယွုန်းဖုန်းက လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။

"ငါ အဆင်ပြေပါတယ်။ အနည်းငယ် နားလိုက်ရင် သက်သာသွားလိမ့်မယ်။"

ပြောပြီးသည်နှင့် သူသည် တစ်စုံတစ်ရာ ထပ်မံ ပြောကြားခြင်း မရှိတော့ဘဲ ထိုနေရာမှ တိုက်ရိုက် ထွက်ခွာကာ သူ၏ နေအိမ်ဆီသို့ ဦးတည် လျှောက်လှမ်းသွားသည်။ နေအိမ်သို့ ပြန်လည် ရောက်ရှိသောအခါ ချင်ယွမ်ဖုန်းသည် လတ်ဆတ်သော သွေးတစ်လုတ်ကို ရုတ်တရက် အန်ထုတ်လိုက်မိသည်။ လွန်ခဲ့သော ပေါက်ကွဲမှုဒဏ်မှာ သူ့အပေါ် လွန်စွာ ပြင်းထန်သော ဖိအားကို ပေးခဲ့သဖြင့် နေရာ၌ပင် သေဆုံးလုနီးပါး ဖြစ်ခဲ့ရသည်။ အကယ်၍ ကမ္ဘာငယ်လေးကို အချိန်မီ မလှုံ့ဆော်နိုင်ခဲ့ပါက သူသည် အမှန်တကယ်ပင် သေဆုံးသွားနိုင်ပေသည်။

---

ချက်ချင်းပင် ချင်ယွမ်ဖုန်းသည် ဝိညာဉ်ဆေးလုံး အချို့ကို သောက်သုံးလိုက်ပြီးနောက် သူ၏ ဒဏ်ရာများကို ကုသရန် ပြင်ဆင်လိုက်သည်။ ဝိညာဉ်ဆေးလုံးများ၏ ဆေးစွမ်းနှင့်အတူ သူ၏ ကျင့်ကြံခြင်းပညာရပ်မှ ပေးစွမ်းသော ကုသမှု အာနိသင်များကြောင့် ဒဏ်ရာများမှာ တဖြည်းဖြည်း သက်သာကောင်းမွန်လာသည်။

ချင်ယွမ်ဖုန်း၏ ဒဏ်ရာ ကုသခြင်း ဒုတိယမြောက်နေ့တွင် ကြယ်အရှင်သခင် ဖြစ်လာခဲ့ပြီး သံယုကြယ်ပေါ်ရှိ အခြေအနေကို စတင် ထိန်းသိမ်းနေသော ကွီလင်းသည် လက်အောက်ငယ်သား တစ်စုကို ဦးဆောင်ကာ အဖိုးတန် ရတနာများနှင့် ဒဏ်ရာကုသရန် ဝိညာဉ်ဆေးလုံးများစွာကို ယူဆောင်လျက် ချင်ယွမ်ဖုန်း၏ နေအိမ်သို့ ရောက်ရှိလာသည်။

သို့သော် ချင်ယွမ်ဖုန်းမှာ လက်ရှိတွင် ဒဏ်ရာများကို ကုသနေဆဲ ဖြစ်သဖြင့် ဧည့်ခံရန် အချိန်မရှိရာ ကွီလင်းသည် အပြင်ဘက်၌သာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ရသည်။

ရက်အနည်းငယ် ကြာပြီးနောက် တံခါးဂျောက်ခနဲ ပွင့်ဟလာပြီး ချင်ယွမ်ဖုန်းမှာ အပြင်သို့ ထွက်လာသည်။ သူ၏ မျက်နှာအဆင်းမှာ ကောင်းမွန်လာပြီး လန်းဆန်း တက်ကြွနေသည့် ပုံပေါ်သည်။ ကွီလင်းသည် သူ၏ တံခါးအပြင်ဘက်၌ စောင့်ဆိုင်းနေသည်ကို မြင်သောအခါ သူက ပြုံးလျက် ပြောလိုက်သည်။

"ကြယ်အရှင်သခင်။"

ကွီလင်းသည် ချက်ချင်းပင် လှည့်ကြည့်လိုက်ပြီး အားနာစွာဖြင့် ပြောလိုက်သည်။

"သခင်လေးချင်... ငါ့ကို အဲဒီလို ခေါ်စရာ မလိုပါဘူး။ ငါတို့တွေက သူငယ်ချင်းတွေပဲလေ။ အရင်ကလည်း ဒီလိုပဲ၊ အခုလည်း ဒီလိုပါပဲ။"

ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။

"မင်းက အခု ကြယ်အရှင်သခင် ဖြစ်နေပြီပဲ။ မင်းရဲ့ အဆင့်အတန်းကတော့ သဘာဝအတိုင်း အနည်းငယ် ပြောင်းလဲသွားပြီပေါ့။"

ကွီလင်းက ခါးသက်သက် ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။

"ငါ့ရဲ့ ပခုံးပေါ်က တာဝန်တွေက ပိုပြီး လေးလံလာသလို ခံစားရတယ်။"

ချင်ယွမ်ဖုန်းက သူ၏ ပခုံးကို အသာအယာ ပုတ်ပေးလိုက်ပြီး ပြောလိုက်သည်။

"လူငယ်... ဖိအားကို ခံစားရတာက ကောင်းတဲ့အရာပဲ။"

"ဒါနဲ့... မင်းအတွက် ကုသရေး ဝိညာဉ်ဆေးလုံးတချို့ ငါ ယူလာပေးတယ်။ ငါတို့ သံယုကြယ်က ဝိညာဉ်ကျင့်ကြံသူတွေ ဖော်စပ်ထားတဲ့ ဝိညာဉ်ဆေးလုံးတွေက အဆင့်မြင့်ပြီး ဒဏ်ရာကုသရာမှာ အလွန်ကောင်းမွန်တယ်။ ပြီးတော့ တခြား ရတနာအချို့လည်း ပါသေးတယ်။ အရမ်း တန်ဖိုးမကြီးပေမဲ့ မင်းအတွက်တော့ အသုံးဝင်မှာပါ။"

All Chapters