← Chapters

အခန်း ၁၁၆၈

Vol. 56 Ch. 1168

အခန်း ၁၁၆၈

Vol. 56 Ch. 1168

အခန်း(၁၁၆၈)

ချင်ယွမ်ဖုန်းသည် ကျင်ယွမ်နတ်သီး ရှစ်လုံးကို သိမ်းဆည်းရရှိထားခဲ့ခြင်း ဖြစ်သည်။ သူသည် မိမိကိုယ်တိုင်အတွက် လေးလုံးချန်ထားခဲ့ပြီး လျှို့ဝှက်နယ်မြေအတွင်း၌ အဆင့်တက်ရန် ကျင့်ကြံနေစဉ် တစ်လုံးကို စုပ်ယူသုံးစွဲခဲ့ချေသည်။ ယခုအခါ သူ့ထံ၌ သုံးလုံးသာ ကျန်ရှိတော့တော့ရာ ယင်းတို့အနက် နှစ်လုံးကို ထုတ်ယူလိုက်ပြီးနောက် တာဝန်ခံယန်ကို လှမ်း၍ မေးလိုက်သည်။

"ကျွန်တော် ဒီကျင်ယွမ်နတ်သီးတွေကို ရောင်းချင်တယ်၊ တာဝန်ခံယန်အနေနဲ့ ဒါတွေကို ဝယ်ယူဖို့ စိတ်ဝင်စားမှု ရှိမလား သိချင်ပါတယ်"

ယန်ကွမ်း၏ မျက်ဝန်းများသည် အနည်းငယ် လှုပ်ခတ်သွားပြီးနောက် ချက်ချင်းပင် ပြန်၍ ပြောလိုက်သည်။

"မင်း ပြောလိုက်တာ ကျင်ယွမ်နတ်သီး ဟုတ်လား၊ ငါ ကြားလိုက်တာ မှားမသွားဘူးမလား"

ဘေးနားရှိ မာပေါင်နှင့် ကျန်ရှိနေသူများပင်လျှင် အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြတော့သည်။

"ညီလေး... ကျင်ယွမ်နတ်သီးဆိုတာ ငါတို့ နတ်ဘုရားနယ်ပယ်မှာ အလွန်ကို တွေ့ရခဲတဲ့ ပစ္စည်းမျိုးကွ။ ဒါက လျှို့ဝှက်နယ်မြေတွေထဲမှာပဲ အများဆုံး တွေ့ရတတ်ပြီးတော့ ဖြတ်ဖြတ်လတ်လတ် ဈေးဖြတ်လို့မရတဲ့ အဖိုးတန်ရတနာပဲ။ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့အတွက် နေရာမှာ အကောင်းဆုံးပဲ။ ဒါ့အပြင် ဘယ်လို ကျင့်စဉ်အဆင့်မျိုးမှာပဲ ရှိနေရှိနေ ကျင့်စဉ်အဆင့်အတန်း တိုးတက်ဖို့အတွက် ဆိုရင် ယင်းရဲ့ အာနိသင်က ပိုပြီးတော့တောင် ထိရောက်သေးတယ်။ အဲဒါတင်မကသေးဘူး၊ ဒီပစ္စည်းက ဒဏ်ရာရထားတဲ့ အရိုးအဆစ်တွေနဲ့ ကြွက်သားတွေကို ကုသတဲ့နေရာမှာ အထူးပဲ အစွမ်းထက်လှတယ်"

နတ်ဘုရားများသည် တိုက်ပွဲဝင်နေစဉ်အတွင်း အရိုးအဆစ်နှင့် ကြွက်သားများ ထိခိုက်ဒဏ်ရာရနိုင်ခြေ အလွန်နည်းပါးသော်လည်း တစ်ကြိမ်တစ်ခါ ဒဏ်ရာရသွားခဲ့လျှင်မူ ပြန်လည်ကုသရန် အချိန်အတော်ကြာမြင့်တတ်ပေရာ ထိုအချိန်အတောအတွင်း ၎င်းတို့၏ စွမ်းဆောင်ရည်သည်လည်း မလွဲမသွေ ကျဆင်းသွားရလေ့ရှိသည်။ ထိုသို့သော အခြေအနေမျိုးတွင် ဝိညာဉ်ကျောက်တုံးများ မည်မျှပင် များပြားနေပါစေဦးတော့ အသုံးမဝင်နိုင်တော့ချေ။ အကယ်၍ ကျင်ယွမ်နတ်သီး သာ ရှိနေပါက ကုသရမည့် အချိန်ကို အများကြီး တိုတောင်းသွားစေနိုင်သဖြင့် အချိန်ကုန်ဆုံးမှုကို များစွာ သက်သာစေမည် ဖြစ်ချေသည်။

ထို့အပြင် ကျင်ယွမ်နတ်သီးသည် အချို့သော လျှို့ဝှက်နယ်မြေများမှလွဲ၍ ပြင်ပကမ္ဘာတွင် ရှာဖွေရန် မဖြစ်နိုင်သလောက်ပင် ရှိချေသည်။

ယင်း၏ အဖိုးတန်လှပုံမှာ စကားဖြင့် ဖော်ပြရန်ပင် လိုမည်မထင်တော့ပေ။ ထိုလူများ၏ အံ့ဩမှင်သက်နေကြသော မျက်နှာပေးများကို ကြည့်ရုံမျှဖြင့် မိမိထုတ်ယူလိုက်သော ကျင်ယွမ်နတ်သီးသည် မည်မျှအထိ အဖိုးထိုက်တန်ကြောင်း ချင်ယွမ်ဖုန်း ကောင်းစွာ နားလည်သွားခဲ့ချေသည်။ ချင်ယွမ်ဖုန်းသည် ကျင်ယွမ်နတ်သီး လေးလုံးကို ရရှိထားခဲ့သော်လည်း ချက်ချင်း မသုံးစွဲဘဲ အမြတ်တနိုး သိမ်းဆည်းထားခဲ့ခြင်းမှာ မဆန်းတော့ပေ။

၎င်းကို စုပ်ယူစားသုံးပြီးနောက် ရရှိလာမည့် အကျိုးအာနိသင်မှာလည်း သိသာထင်ရှားလှကြောင်း ချင်ယွမ်ဖုန်းကိုယ်တိုင် ကောင်းစွာ သိရှိထားပြီးသား ဖြစ်ချေသည်။

"သူက တစ်ခါတည်းနဲ့ နှစ်လုံးတောင် ထုတ်ပြလိုက်တာပါလား" ဟု လျှောင်ကျဲ၏ ဘေးတွင် ရပ်နေသော အစိမ်းရောင်နဂါးအသင်းမှ အကြီးအကဲတစ်ဦးက အံ့ဩတုန်လှုပ်ခြင်းများ ပြည့်နှက်နေသည့် မျက်နှာပေးဖြင့် မပြောဘဲ မနေနိုင်တော့ပေ။

ယန်ကွမ်းပင်လျှင် တုန်လှုပ်သွားရပြီး ချင်ယွမ်ဖုန်းကို ကြည့်ကာ မေးလိုက်သည်။

"သခင်လေးချင်... မင်း တကယ်ပဲ ဒီကျင်ယွမ်နတ်သီး နှစ်လုံးစလုံးကို ရောင်းဖို့ ရည်ရွယ်ထားတာ ဟုတ်လား"

ချင်ယွမ်ဖုန်းကမူ အရေးစိုက်မနေခဲ့ပေ။ သူကိုယ်တိုင်လည်း တစ်လုံးကို စုပ်ယူပြီး ဖြစ်သဖြင့် နောက်ထပ်တစ်လုံးကို ထပ်မံစားသုံးလျှင်လည်း ထူးခြားသော အာနိသင် ရရှိတော့မည် မဟုတ်ချေ။ ထို့အပြင် ဤရတနာသည် ကြွက်သားနှင့် အရိုးအဆစ် ဒဏ်ရာများကို ကုသရန်အတွက်လည်း အသုံးပြုနိုင်သေးရာ ချင်ယွမ်ဖုန်းထံ၌ နောက်ထပ် တစ်လုံး ကျန်ရှိနေသေးသဖြင့် ကျန်ရှိသည့် နှစ်လုံးကို ရောင်းချလိုက်ခြင်းသည် ပြဿနာမရှိနိုင်ပေ။ ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး နှစ်လုံးစလုံးကို တစ်ပြိုင်နက်တည်း ရောင်းချမည်ဖြစ်ကြောင်း အသိပေးလိုက်ချေသည်။

ယန်ကွမ်းသည် ရင်ခုန်စိတ်လှုပ်ရှားလွန်းသဖြင့် လက်များ တုန်ရင်လျက် ချင်ယွမ်ဖုန်းထံမှ ကျင်ယွမ်နတ်သီးကို လွှဲပြောင်းယူလိုက်ပြီး ဂရုတစိုက် သိမ်းဆည်းလိုက်ပြီးနောက် မေးလိုက်သည်။

"သခင်လေးချင်... ဒီရတနာကို ဘယ်လောက်ဈေးနဲ့ ရောင်းချင်လဲ"

ချင်ယွမ်ဖုန်းက ပြန်ပြောလိုက်သည်။

"ကျွန်တော်က ဒီလိုရတနာမျိုးရဲ့ ပေါက်ဈေးကို သိပ်နားမလည်ဘူး။ တာဝန်ခံယန်ပဲ သင့်တော်သလို ဈေးသတ်မှတ်ပေးပါ"

ယန်ကွမ်းသည် ထိုစကားကို ကြားရလျှင် ခေါင်းညိတ်လိုက်ချေသည်။ အမှန်အတိုင်း ဆိုရလျှင် သူသည်လည်း ဤမျှ အဖိုးတန်လှသော ရတနာမျိုးကို ကိုင်တွယ်ရောင်းဝယ်ဖူးခြင်း မရှိသလောက် နည်းပါးသော်လည်း ၎င်းတို့၏ ကုန်သွယ်မှုဈေးကွက်ကို အနည်းငယ် နားလည်ထားသဖြင့် ဈေးနှုန်းသတ်မှတ်ရာတွင် ကျွမ်းကျင်မှု ရှိလှချေသည်။ သို့သော်လည်း ထိုခဏ၌ ယန်ကွမ်း၏ မျက်ဝန်းများသည် ရုတ်ချည်း တောက်ပသွားပြီး ချင်ယွမ်ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။

"သခင်လေးချင်... အဆင်ပြေမယ်ဆိုရင် ကျွန်တော် တစ်လုံးကို ချန်ထားချင်တယ်။ ဘာလို့လဲဆိုတော့ ဒီပစ္စည်းက အလွန်ပဲ အဖိုးတန်လွန်းလို့လေ။ ကိုယ်တိုင် သုံးဖို့ပဲဖြစ်ဖြစ်၊ နောင်တစ်ချိန် တျန်ပေါင်မျှော်စင်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ပဲဖြစ်ဖြစ် ကျွန်တော့်နားမှာ ဆောင်ထားချင်လို့ပါ"

သူ၏ တောင်းဆိုချက်ကို ကြားလိုက်ရလျှင် ချင်ယွမ်ဖုန်းသည် တစ်ဖက်လူ၏ ဆိုလိုရင်းကို သဘောပေါက်သွားခဲ့သဖြင့် ပြောလိုက်သည်။

"တာဝန်ခံယန်... မင်း သဘောအတိုင်း ချန်ထားပါ"

"ဒါပေါ့... ကျွန်တော်လည်း အလကား ယူမှာတော့ မဟုတ်ပါဘူး။ ဒီရတနာရဲ့ လေလံဈေး ထွက်လာတာနဲ့ သခင်လေးချင်ကို လေလံအောင်တဲ့ ဈေးနှုန်းအတိုင်း ဝိညာဉ်ကျောက်တုံး အပြည့်အဝ ပေးပါမယ်" ဟု ယန်ကွမ်းက ဆိုသည်။ သူသည် ဤရတနာ၏ ရှားပါးမှုကို သိရှိထားသဖြင့် မိမိအနားတွင် တစ်လုံး ဆောင်ထားခြင်းက သေချာပေါက် အကျိုးအမြတ်ရှိမည့် ကိစ္စဖြစ်ကြောင်း သိနေချေသည်။ လေလံဈေးနှုန်းအတိုင်း ဝယ်ယူရလျှင်ပင် သေချာပေါက် မြတ်ဦးမည် ဖြစ်သည်။ ထို့အပြင် အကယ်၍ တစ်လုံးတည်းကိုသာ လေလံတင်မည်ဆိုပါက လေလံဈေးနှုန်းသည် မှန်းဆ၍မရနိုင်လောက်အောင် မြင့်တက်သွားမည် ဖြစ်ချေသည်။

အကယ်၍ သူကိုယ်တိုင် ချန်မထားဘဲ လေလံတင်လိုက်လျှင်ပင် နောက်တစ်ကြိမ် ပြန်လည်ရောင်းချသည့် ဈေးနှုန်းသည် ဆက်တိုက် မြင့်တက်နေဦးမည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တာဝန်ခံယန်သည် ဤပစ္စည်းကို အလွယ်တကူ ရရှိခဲ့ခြင်း မဟုတ်ကြောင်း သိထားသဖြင့် ယင်းကို ယူဆောင်ရသည်မှာ အနည်းငယ် အားနာသကဲ့သို့ ခံစားလိုက်ရချေသည်။ ထို့ကြောင့် သူသည် ပွင့်လင်းမြင်သာပြီး တောက်ပနေသော ခရမ်းရောင်သလင်းကတ်ပြားတစ်ခုကို ထုတ်ယူကာ ချင်ယွမ်ဖုန်းထံသို့ ကမ်းပေးရင်း ပြောလိုက်သည်။

"ဒါက ကျွန်တော်တို့ တျန်ပေါင်မျှော်စင်ရဲ့ ခရမ်းရောင်သလင်းကတ်ပဲ။ အထူးဧည့်သည်တော်တွေအတွက်ပဲ သီးသန့်ထုတ်ပေးတာ။ ဒီကတ်ရှိရင် တျန်ပေါင်မျှော်စင်ထဲက ပစ္စည်းအားလုံးနီးပါးကို နှစ်ဆယ်ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရနိုင်တယ်"

ချင်ယွမ်ဖုန်းသည် ထိုစကားကို ကြားရသောအခါ အံ့ဩဘနန်း ဖြစ်သွားရချေသည်။ နှစ်ဆယ်ရာခိုင်နှုန်း လျှော့ဈေးဆိုသည်မှာ အမှန်ပင် နည်းလှသည်မဟုတ်ပေ။ အကယ်၍ ဝယ်ယူမည့် ရတနာများသည် တန်ဖိုးကြီးပြီး အရေအတွက် များပြားမည်ဆိုပါက လျှော့ဈေးရရှိမှုမှာ ပို၍ပင် ကြီးမားလှပေလိမ့်မည်။

ဘေးနားတွင် ရပ်နေသော မာပေါင်သည်လည်း အားကျမနာလိုဖြစ်မှုကို မအောင့်နိုင်တော့ဘဲ ပြောလိုက်တော့သည်။

"မင်းတို့ တျန်ပေါင်မျှော်စင်က နှစ်ပေါင်း တစ်ရာကျော်အတွင်းမှာ ခရမ်းရောင်သလင်းကတ် တစ်ပြားတောင် ထုတ်ပေးဖို့ တွန့်တိုနေခဲ့တာ။ ဒီတစ်ခါတော့ မင်း ဒီလောက်အထိ ရက်ရောလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ငါ့ကိုလည်း တစ်ပြားလောက် ပေးပါလား" သူက ပြောရင်း အားကျနေသော မျက်လုံးများဖြင့် ကြည့်လိုက်ချေသည်။

ယန်ကွမ်းက ရယ်မောလိုက်ပြီး "မင်း ယူလာတဲ့ မှော်လက်နက်က စွမ်းအားကြီးတယ်ဆိုပေမယ့် ယင်းရဲ့ အရည်အသွေးက သာမန်အဆင့်ပဲ ရှိသေးတာ။ သခင်လေးချင် ယူလာတာကတော့ ရှားပါးပြီး ထိပ်တန်းအဆင့် ရတနာပစ္စည်းပဲ။ ငါက တစ်လုံး ချန်ထားခွင့်ရတာကိုပဲ အတိုင်းထက်အလွန် ကံကောင်းလှပြီလို့ ပြောရမယ်၊ ဒါကြောင့် သူ့ကို ခရမ်းရောင်သလင်းကတ် ပေးတာက တရားမျှတပါတယ်။ မင်းကတော့ ငါ့ကို လာပြီး အခက်တွေ့အောင် လုပ်နေပြီ။ မင်းကို ပြာလွင်သောသလင်းကတ်တစ်ခု ပေးရင် ဘယ်လိုလဲ"

တျန်ပေါင်မျှော်စင်၏ အထူးဧည့်သည်တော်များကိုလည်း အဆင့်အတန်း ခွဲခြားထားရာ အမြင့်ဆုံးအဆင့်မှာ ခရမ်းရောင်သလင်းကတ်ကို ကိုင်ဆောင်ထားသူများ ဖြစ်ပြီး ၎င်းနောက်တွင် ဝါဂွမ်းရောင်သလင်းကတ်၊ အစိမ်းရောင်သလင်းကတ်၊ ပြာလွင်သောသလင်းကတ် စသည်ဖြင့် အဆင့်ဆင့် ရှိကြချေသည်။

မာပေါင်သည် ဤနေရာသို့ ရတနာများကို မကြာခဏ လာရောက် ပေးအပ်လေ့ရှိသော်လည်း ပြာလွင်သောသလင်းကတ်အဆင့်ကိုသာ ရရှိထားခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူက သူ့ကို ပြာလွင်သောသလင်းကတ်တစ်ခု ပေးမည်ဟု ကြားလိုက်ရသောအခါ သူက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။

"ငါ့မှာ ပြာလွင်သောသလင်းကတ် ရှိပြီးသားပဲ။ မင်း နည်းနည်းလောက် ပိုပြီး ရက်ရက်ရောရော လုပ်ပြီးတော့ ငါ့ကို အစိမ်းရောင်သလင်းကတ်အဆင့် မြှင့်ပေးပါလား"

ယန်ကွမ်းသည် အနည်းငယ် စိတ်ပျက်သွားသော်လည်း ချင်ယွမ်ဖုန်းကို တစ်ချက် ကြည့်လိုက်ပြီး တစ်ခုခုကို စဉ်းစားနေသကဲ့သို့ ဖြစ်သွားပြီးနောက် အစိမ်းရောင်သလင်းကတ်တစ်ခုကို ထုတ်ယူကာ ကမ်းပေးရင်း ပြောလိုက်သည်။

"မင်း ဒီတစ်ကြိမ်တော့ အမြတ်ကြီးကြီး ရသွားတာပဲ"

မာပေါင်သည် ဆိုလိုရင်းကို နားလည်သွားခဲ့သဖြင့် ချင်ယွမ်ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။

"ငါ ဒီတစ်ခါတော့ ညီလေးချင်ရဲ့ ကျေးဇူးနဲ့ အကျိုးအမြတ် ရသွားတာပဲ"

ကတ်ပြားကို လက်ခံရရှိပြီးနောက် ချင်ယွမ်ဖုန်းသည် တျန်ပေါင်မျှော်စင်၏ သလင်းကတ်ပြားများနှင့် ပတ်သက်သော အချက်အလက်များကို လျင်မြန်စွာ သိရှိသွားခဲ့ရာ ယင်းတွင် သလင်းကတ်များ၏ အဆင့်အတန်း ခွဲခြားမှုများနှင့် တျန်ပေါင်မျှော်စင်အတွင်း ရရှိနိုင်မည့် အခွင့်အရေးများနှင့် အကျိုးကျေးဇူးများ ပါဝင်ချေသည်။ ၎င်းတို့သည် ဤအချက်များကို ဤမျှအထိ အသေးစိတ် လုပ်ဆောင်ထားသည်ကို သူ အံ့ဩသွားမိချေသည်။

"ညီလေးချင်... ဒီနေရာမှာ ပစ္စည်းတွေ အများကြီး ရှိသေးတယ်။ မင်း မလောဘူးဆိုရင် ကိုယ်တိုင်ပဲ အေးဆေး ရွေးချယ်နိုင်ပါတယ်။ ငါတို့လည်း လူစုခွဲပြီး ရတနာအချို့ သွားရှာကြည့်လိုက်ဦးမယ်" ဟု မာပေါင်က ချင်ယွမ်ဖုန်းကို ပြောလိုက်သည်။

"ကောင်းပါပြီ" ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ချေသည်။

သူသည် ဤနေရာတွင် စီတန်းခင်းကျင်းထားသော စူးရှတောက်ပလှသည့် ရတနာမျိုးစုံကို သတိပြုမိထားပြီးဖြစ်ရာ ယင်းတို့အနက် အတော်များများကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ အချို့မှာ ရှောင်လင်း၏ ဆိုင်တွင် ရှိသော ပစ္စည်းများထက်ပင် ပို၍ တန်ဖိုးကြီးမားလှချေသည်။ သူ၏ ခရမ်းရောင်သလင်းကတ်ကြောင့် လျှော့ဈေးရရှိမှုမှာ အလွန်ပင် ကြီးမားလှပေရာ လျှော့ဈေးဖြင့် ရရှိလာမည့် ဝိညာဉ်ကျောက်တုံးများ၏ ပမာဏသည် သာမန်သိုင်းပညာရှင်တစ်ဦးအတွက် နှစ်အတော်ကြာ၊ သို့မဟုတ် ဆယ်စုနှစ်တစ်ခုမက ကျင့်ကြံရန်ပင် လုံလောက်လှချေသည်။

All Chapters