← Chapters

နိုးထလာခြင်း (၂)

Vol. 97 Ch. 1338

နိုးထလာခြင်း (၂)

Vol. 97 Ch. 1338

လီချန်မေသည် ပြန်မလာသေးပေ။ သူမသည် လောကထဲမှ ပျောက်ကွယ်သွားသည့််အလား။

တောင်ကြားသည် လုံးဝ ငြိမ်သက်တိတ်ဆိတ်လျက် ရှိသည်။ ကျောက်တုံးရုပ်တုဟတာ ကျောက်စိမ်းပြားနှင့်အတူ လင်းလက်မှုကို ပေးနေသည်။ သို့ရာတွင် ထိုကျောက်စိမ်းပြားထံမှ အလင်းသည် ပို၍ မှိန်ဖျော့လာခဲ့၏။ လေအဝေ့ရှိ ဖယောင်းတိုင်တစ်တိုင်ကဲ့သို့ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့်အလား။

အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ လီချန်မေထွက်ခွာသွားပြီး နှစ်ဆယ့်ခုနစ်ရက်မြောက်နေ့တွင် အဖြူရောင်ဝတ်စုံဖြင့်အဘွားအိုတစ်ယောက်သည် လူအရောက်အပေါက်နည်းလွန်းသော သည်အရိုင်းကုန်းမြေသို့ ရောက်ရှိလာသည်။

ထိုအဘွားအိုသည် သုန်မှုန်နေ၏။ သူမ၏လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုကို ကိုင်ဆောင်ထားသည်။ သူမသည် ရှေ့သို့ ဆက်လာနေရင်း ဤအရိုင်းကုန်းမြေအနား ရောက်လာနေသည်။

တစ်နေ့ပြီးနောက် ဝမ်လင်းရှိနေသော အရိုင်းကုန်းမြေမှာ ထိုအဘွားအို၏ရှေ့ရှိ မြူများကြားတွင် ပေါ်လာ၏။

ထိုအဘွားအိုက အေးစက်စက်နှာခေါင်းရှုံ့ကာ ရှေ့သို့ ခြေလှမ်း၏။ သူမသည် ပျောက်ကွယ်သွားပြီး အရိုင်းကုန်းမြေပေါ်တွင် ပြန်ပေါ်လာသည်။ သူမက နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး သူမ၏နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းကို ထုတ်ဖော်ကာ ဤအရိုင်းကုန်းမြေတစ်ခွင်သို့ ဖြန့်ကျက်သည်။

သူမသည် သူမရှာနေသော တောင်ကြားကို ချက်ခြင်း တွေ့ရှိသွား၏။

ထိုတောင်ကြားကို တွေ့သည့်နောက် အဘွားအိုသည် ယင်းထံ လျှပ်စီးတန်းကဲ့သို့ ရွှေ့လျားလာ၏။ တုန်ဟည်းသံများပါ ပဲ့တင်ထပ်ပြီး သူမသည် ဝမ်လင်းရှိနေသော တောင်ကြားအပြင်ဘက်သို့ ချက်ခြင်းလိုလို ရောက်လာသည်။

“ဒီနေရာပဲ…” ထိုအဘွားအိုသည် မျက်မှောင်ကြုတ်၏။ သူမသည် တောင်ကြားအတွင်းသို့ ဝင်ရောက်ရန် ပြင်စဉ် တောင်ကြားထဲမှ ဓားကိုးလက်သည် ရုတ်တရက် တဟုန်ထိုး ထွက်ပေါ်လာပြီး သူမ ဝင်ရောက်မည်ကို တားဆီးသည်။

အဘွားအို၏အမူအရာမှာ ပုံမှန်ပင်။ သို့သော်‌ သူမသည် ဓားကိုးလက်ကို ကြည့်ကာ စိတ်အနည်းငယ် ရှုပ်ထွေးမှု ဖြစ်ပေါ်သည်။ သူမသည် သက်ပြင်းချကာ ကျောက်စိမ်းပြားတစ်ခုကို ပစ်လွှတ်လိုက်၏။ ထိုကျောက်စိမ်းပြားသည် ဓားကိုးလက်ဖြင့် ချက်ခြင်း ထိမိသည်။

ကျောက်စိမ်းပြားသည် လင်းလက်မှုကို ထုတ်လွှတ်ကာ ဓားကိုးလက်ကို ညင်သာသောအော်ရာတစ်ခုကို ဝန်းရံသွား၏။ ဓားများသည် ချက်ခြင်း တုန်ယင်ကာ ခုခံမှု မပြုတော့ဘဲ ပျောက်ကွယ်သွားလေသည်။

ဓားများ ဟန့်တားခြင်း မရှိတော့သည်နှင့် အဘွားအိုသည် တောင်ကြားထဲ ခြေလှမ်းကာ အလယ်ရှိ ဝမ်လင်း၏ ရုပ်တုကို တွေ့မြင်သည်။ သူမသည် ရုပ်တုလည်တိုင်တွင် ချိတ်ဆွဲထားသော ကျောက်စိမ်းလည်ဆွဲတစ်ခုကိုလည်း တွေ့မြင်သည်။

ဝမ်လင်းကနေ ပြောင်းလဲသွားခဲ့သော ဤရုပ်တုကို ကြည့်ကာ အဘွားအိုသည် ရှုပ်ထွေးသောအကြည့် ဖြစ်ပေါ်သည်။ အချိန်အတန်ကြာပြီးနောက် သူမသည် သက်ပြင်းချမိသည်။

“လီချန်မေ…နင်ဟာ ဒီယောကျ်ားအတွက် အများကြီး စတေးခဲ့တယ်။ ဒီအဘွားအိုဟာ နင့်ရဲ့ စိတ်ဝိညာဉ်သွေးကို လာပို့ပေးမယ်လို့ ကတိပေးခဲ့တယ်။ ငါ့ ကတိကို အခု တည်စေခဲ့ပြီ…”

အဘွားအိုသည် သူမ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ သိုလှောင်နေရာလွတ်တစ်ခု ပေါ်လာ၏။ လက်သီးဆုပ်ခန့်သွေးလုံးတစ်လုံး ပျံသန်းထွက်လာသည်။

ထိုသွေးလုံးသည် အစစ်အမှန်သွေးနှင့်မတူ၊ စိတ်ဝိညာဉ်တစ်ခုနှင့် ပိုတူ၏။ ၎င်းပေါ်လာသည်နှင့် အဘွားအိုက သူမ၏လက်ကို ဝေ့ယမ်းလိုက်ရာ ယင်းသွေးလုံးသည် ဝမ်လင်း၏ရုပ်တုထဲသို့ ဝင်ရောက်သွားသည်။

စိတ်ဝိညာဉ်သွေး ဝင်ရောက်သွားသည်နှင့် ရုပ်တုသည် တုန်ခါကာ မွန်းစတားဆန်သော သွေးအလင်း တောက်ပ၏။ သို့ရာတွင် ထိုသွေးအလင်းထဲတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒမပါဝင်ပေ။ ထိုအစား အသက်ဓာတ်နှင့် ပြည့်ဝနေ၏။

ကျောက်ရုပ်တုသည် တုန်ခါနေရင်း အော်ရာတစ်ခု ချိုးဖျက်ထွက်လာတော့မည့်ပုံ ပေါ်သည်။ အက်သံများ ပဲ့တင်ထပ်၏။ အက်ကြောင်းများစွာသည် ယင်းရုပ်တုမျက်လုံးပတ်လည်တွင် ပေါ်လာသည်။ ဆယ်နှစ်တာအိပ်စက်နေပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။

သူမျက်လုံးဖွင့်လာနေရင်း သူ့မျက်နှာပေါ်ရှိ ကျောက်သားများမှာ ပျက်စီးသည်။ ကြည့်ရသည်မှာ သူ အပြည့်အဝ ချိုးဖျက်နိုင်ဖို့ အချိန်အချို့သာ လိုပေမည်။

သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ရှိ၏။ ဝမ်လင်းသည် အိပ်မက်မက်နေသလို ဖြစ်နေ၏။ ထိုအိပ်မက်အတွင်း သူသည် ထူးဆန်းသောနယ်ပယ်ထဲ ဝင်ရောက်ခဲ့သည်။ ၎င်းမှာ တာအိုနယ်ပယ် ဖြစ်၏။

“ဟက်…နင် နိုးလာပြီလား…” အေးစက်စက်အသံတစ်ခုသည် ဝမ်လင်း၏ရှုပ်ထွေးမှုကို နှောက်ယှက်လာသည်။ ထိုအဖြစ် ဝမ်လင်း၏မျက်လုံးများကို ချက်ခြင်း ပြန်ကောင်းမွန်လာစေသည်။ သူသည် အကွာအဝေးတစ်ခုရှိ ဆံဖြူအဘွားအိုကို လှမ်းကြည့်သည်။

“သင်က…” ဝမ်လင်းသည် ထိုအဘွားအိုကို ကြည့်နေချိန်တွင် သူ့မျက်လုံးများမှာ တည်ငြိမ်၏။ သူသည် ထိုအဘွားအိုအတွင်းရှိ မူလစိတ်ဝိညာဉ်တစ်ခုကို ရှင်းလင်းစွာ မြင်၏။ ထိုမူလစိတ်ဝိညာဉ်ထဲရှိ မန္တာန်များအားလုံးကိုလည်း မြင်ရသည်။ သူ့အကြည့်အောက်တွင် ထိုမန္တာန်များသည် ရပ်တန့်သွားဟန် တူသည်။ သူသာ ဆန္ဒရှိလျှင် သူသည် ယင်းမန္တာန်များ၏ ရင်းမြစ်ကို လွယ်ကူစွာ ဖြတ်မြင်နိုင်ပေလိမ့်မည်။

သူ့အကြည့်က ရွှေ့လျားနေရင်း သူသည် ထိုအဘွားအို၏နှလုံးညာဘက်ခြမ်းတွင် ချိပ်ပိတ်မှုတစ်ခု ရှိနေသည်ကိုလည်း တွေ့မြင်သည်။ ထိုချိပ်ပိတ်မှုသည် ဒဏ်ရာကုသဖို့အတွက် အသုံးပြုထားတာ ဖြစ်ပြီး အနည်းဆုံးနှစ်ပေါင်းတစ်ထောင်ခန့် ကြာနေလောက်ပေပြီ။

သူ့အကြည့်ရှေ့တွင် အဘွားအို၏မျက်နှာသည် ကြီးစွာ ပြောင်းလဲသွားသည်။ သူမသည် အလိုလိုနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသည်။ သူမ၏နှဖူးထက်တွင် အေးစက်စက်ချွေးများ ပြန်လာသည်။ သည်အခိုက်အတန့်တွင် သည်လူက သူမ၏လျှို့ဝှက်ချက်အားလုံးကို ဖြတ်မြင်နေရသည်ဟု ခံစားမိရသည်။

သူမကို ပို၍ ထိတ်လန့်စေသည်မှာ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်က နတ်ဆိုးကလန်၏မြင့်မြတ်သောအကြီးအကဲတစ်ယောက်က သူမပေါ်တွင် ဒဏ်ရာကုသနိုင်ဖို့ ချန်ထားခဲ့သော ချိပ်ပိတ်မှုပါ သည်အကြည့်ကြောင့် ပျက်စီးမတတ် ဖြစ်သွားခြင်းပင်။

သူမသည် ကြောက်လန့်နေမိသော်လည်း သူမ၏စိတ်နေစိတ်ထားမှာ အမြဲတမ်းကြမ်းလှ၏။ သူမသည် နောက်ဆုတ်လိုက်ရင်း လှမ်းအော်သည်။ “ဒီအဘွားအိုဟာ လီချန်မေရဲ့ စိတ်ဝိညာဉ်သွေးကို ယူလာပြီး နင်နိုးထလာနိုင်ဖို့အတွက် ကူညီပေးဖို့ ရောက်လာခဲ့တာ။ နင် ဘာလုပ်ချင်နေတာလဲ။ နင်က ဒီအဘွားအိုကို သတ်ချင်နေတာလား…”

“လီချန်မေ…” ဝမ်လင်း မင်သက်မိသွား၏။

အဘွားအိုသည် ဝမ်လင်း၏အမူအရာကို တွေ့မြင်သည့်အခါ သူမသည် ကြောက်လန့်မှုကို ဖိနှိပ်၏။သူမသည် ဝမ်းနည်းစွာ ပြုံး၍ ပြောလိုက်သည်။ “လီချန်မေ…အာ။ လီချန်မေ…နင်က ဒါတွေအားလုံးကို လုပ်ဆောင်ပေးခဲ့တယ်။ သူကတော့ နင်လုပ်ပေးခဲ့တာတွေကို သိတောင် မသိနေဘူး။ ထားလိုက်ပါတော့လေ။ ဒီအဘွားကြီးက နင့်ရဲ့ စိတ်ဝိညာဉ်သွေးကို ဒီနေရာကို ယူလာပေးခဲ့ပြီး နင့်ရဲ့ ကျေးဇူးကို ပြန်ပေးဆပ်ပေးခဲ့ပြီးပြီးပဲ။ ငါ နင့်အပေါ် ထပ်ပြီး အကြွေးမတင်တော့ဘူး…”

ထိုအဘွားအိုသည် ရုတ်တရက် လှည့်ကာ ထွက်သွားရန် ပြင်သည်။

ဝမ်လင်းသည် တစ်ခုခုကို ခန့်မှန်းမိသွားဟန် ရ၏။ သူက ခပ်သွက်သွက် လှမ်းပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ…ကျေးဇူးပြုပြီး အလျင်စလို မထွက်သွားပါနဲ့ဦး…”

သူ ထိုသို့ ပြောလိုက်စဉ်တွင် လောက၏ဥပဒေသပါ ပြောင်းလဲသွားဟန် ရသည်။ အဖြူရောင်ဝတ်စုံဖြင့်အဘွားအိုသည် တုန်ယင်သွား၏။ မထင်မှတ်စွာဖြင့် သူမသည် ထွက်မသွားနိုင်တော့သည်ကို တွေ့ရှိလိုက်ရသည်။ သူမသည် ဝမ်လင်းကို ကြည့်ကာ သုန်မှုန်စွာ လှမ်းပြော၏။ "နင်က အစွမ်းထက်ပါတယ်။ ငါ့ကို လွယ်လွယ်သတ်ပစ်နိုင်စွမ်းလည်း ရှိတယ်။ အခု နင် ငါ့ကို ထွက်မသွားစေချင်ပြန်ဘူး။ ဒီအဓိပ္ပာယ်က…”

ဝမ်လင်းသည် ထိုအဘွားအိုကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ အချိန်အကြာကြီး မေ့မြောနေခဲ့တယ်။ ဘာတွေ ဖြစ်ခဲ့လဲ မသိရဘူး။ သင်က ငါ့ကို ဖြစ်ခဲ့သမျှကို သေချာပြောပြပေးဖို့ မျှော်လင့်မိပါတယ်…”

အဘွားအိုသည် နှာခေါင်းရှုံ့၏။ အချိန်အတန်ကြာပြီးမှ သူမက ပြောလိုက်သည်။ “နင်က သိချင်တာပေါ့။ ကောင်းပြီ ငါ နင့်ကို အရာအားလုံး ပြောပြပေးမယ်။ နင် လီချန်မေဆိုတဲ့ အမျိုးသမီးကို သိလား။ နင် ဖြေစရာမလိုဘူး။ နင် သူမကို သိကိုသိရမယ်…”

“နင် သူမနဲ့ ဘယ်လိုတွေ့ဆုံခဲ့လဲတော့ ငါ မသိဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ဆယ်နှစ်က လီချန်မေဟာ နတ်ဆိုးကလန်ရဲ့ တပည့်ဖြစ်လာမယ့် ကြီးမားတဲ့အခွင့်အရေးကို လက်လွှတ်ခဲ့ပြီး နတ်ဆိုးကလန်ကို စွန့်ခွာခဲ့တယ်။ သူမဟာ တိုက်ပွဲကွင်းပြင်ကနေ ပထမဆုံး ထွက်လာခဲ့တဲ့သူ ဖြစ်ခဲ့ပြီး နင့်ကို တွေ့ဖို့သပ်သပ်အတွက် ထာဝရကလန်ကို လာခဲ့တယ်..”

“နတ်ဆိုးကလန်ဟာ ဒီလိုမဖြစ်စေချင်ခဲ့ဘူး။ သူမရဲ့ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ကတောင် မပျော်မရွှင် ဖြစ်ခဲ့ရတယ်။ သူမအတွက် ဆုံးရှုံးခဲ့ရတွေကို နင် မသိရင်တော့ နင် နာကျင်ရမှာ မဟုတ်တော့ဘူး…”

ဝမ်လင်းသည် မင်သက်မိသွား၏။ သူသည် အမှန်တကယ်ပင် သည်အကြောင်းကို မသိခဲ့ပေ။ သူ လီချန်မေနှင့် ထာဝရကလန်တွင် တွေ့ခဲ့ချိန်က သူမသည် ဤအကြောင်းကို တစ်ခွန်းမှ မဟခဲ့ပေ။

“လွန်ခဲ့တဲ့ဆယ်နှစ်က လီချန်မေဟာ သူမဆရာရဲ့ အမိန့်ကြောင့် ကလန်ကို ပြန်လာခဲ့တာ နင် သိလား။ နင် ဒါတော့ သိသင့်တယ်။ သူမ ပြန်ရောက်လာတဲ့နောက် သူမဆရာရဲ့ ချုပ်နှောင်ထားမှုကို ခံရပြီး သုံးလလုံး အပြင်ထွက်ခွင့် မပြုခဲ့ဘူး။ သူမကို ဘာကြောင့် သုံးလချုပ်နှောင်ထားရတာလဲ။ ဘာလို့လဲဆိုတော့ လူတစ်ယောက်ဟာ သေရေးရှင်ရေးကပ်ဘေးတစ်ခုကို ရင်ဆိုင်ရတော့မှာ သေချာနေလို့ပဲ။ ဒီအဘွားအိုက ဒီကိစ္စကိုတော့ အများကြီး မသိပါဘူး။ ဒါပေမဲ့ နင် နားလည်လိမ့်မယ်လို့ ငါ ယူဆတယ်…”

ဝမ်လင်း၏စိတ်သည် တုန်လှုပ်သွား၏။ သူသည် လီချန်မေ သူမ၏ကလန်သို့ ပြန်သွားခဲ့သည်ကို သိပေသည်။ သို့သော် အခုမှ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်တွင် လီချန်မေ မည်သို့ဖြစ်ခဲ့ရပုံကို ပထမဆုံး သူ ကြားလိုက်ရခြင်း ဖြစ်၏။

“နင့်ကို ကယ်တင်ပေးဖို့အတွက် လီချန်မေဟာ သူမရဲ့အဖေလို သတ်မှတ်ထားတဲ့ သူမရဲ့ဆရာနဲ့ ဆက်ဆံရေးကို ရင်းပြီး ကလန်ကနေ ထွက်လာဖို့ အလဲအလှယ်လုပ်ခဲ့တယ်။ အဲ့ဒီနောက် သူမဟာ ကလန် ဒါမှမဟုတ် အိမ်မဲ့တဲ့သူတစ်ယောက် ဖြစ်သွားခဲ့တယ်…”

“နင်သိလား။ နင် နိုးထလာနိုင်ဖို့အတွက် လီချန်မေဟာ ဆယ်နှစ်လုံးလုံး သူမရဲ့ သွေးနဲ့ နင့်ကို အားဖြည့်သွန်းလောင်းပေးနေခဲ့တယ်။ သူမရဲ့ သွေးတွေ ကုန်ခမ်းသွားတဲ့နောက် သူမရဲ့ သွေးအဆီအနှစ်ကိုပါ အသုံးပြုခဲ့တယ်။ ဒါနဲ့လည်း မလုံလောက်ပြန်တော့ သူမရဲ့ တာအိုနယ်ပယ်ကိုပါ အသုံးပြုခဲ့တယ်…”

“ဒီလိုတွေ လုပ်ရတဲ့အတွက် သူမ ဘယ်လောက်တောင် နာကျင်ရလဲ နင်သိလား။ သူမက ဒိလိုနာကျင်ရတာတောင် ဆယ်နှစ်လုံးလုံး လုံးဝ မရပ်တန့်ဘဲ နင့်အတွက် လုပ်ဆောင်ပေးခဲ့တယ်…”

“ဒီဆယ်နှစ်လုံး…နောက်ဆုံးသုံးလကလွဲလို့ သူမဟာ တောင်ကြားထဲကနေ လုံးဝ မထွက်သွားဘဲ နင့်ကို အဖော်ပြုပေးနေခဲ့တာ နင် သိလား…”

“ဒီဆယ်နှစ်အတွင်း သူမရဲ့ သွေးကို အသုံးပြုခဲ့တာ မဟုတ်ဘူး။ သူမရဲ့ အသက်ဓာတ်၊အရာအားလုံးကို နင့်အတွက် ပေးဆပ်ခဲ့တယ်။ သူမဟာ နင့်ကို သွေးနဲ့ ဖုံးလွှမ်းပေးနိုင်ခဲ့တဲ့နောက် အလွန်အမင်း အားနည်းလာခဲ့တယ်…”

“သူမရဲ့နယ်ပယ်နဲ့တောင် မလုံလောက်တော့မှန်း သိလာတဲ့အခါ သူမဟာ နတ်ဆိုးကလန်ကို သွားခဲ့တာ နင် သိလား။ အဲ့ဒီနောက် ငါတောင် မသိရတဲ့ ပေးဆပ်မှုနဲ့ သူမဟာ နတ်ဆိုးကလန်ကနေ သူမရဲ့ စိတ်ဝိညာဉ်သွေးကို ပြန်ယူခဲ့ပြီး နင့်ရှိယူလာပေးဖို့ ငါ့ကို တောင်းဆိုခဲ့တာရော နင် သိလား…”

“သူမ ထွက်သွားခဲ့တဲ့ အချိန်မှာတောင် သူမရဲ့ စိတ်ဝိညာဉ်ကျောက်စိမ်းပြားကို နင့်ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့အတွက် ချန်ထားခဲ့တာရော နင်သိလား။ ဒါတွေအားလုံးကို နင် သိမှာမဟုတ်ဘူး။ နင် သိလိမ့်မှာ မဟုတ်ဘူး…”

ထိုအဘွားအိုသည် စကားဆိုနေရင်း ဝမ်လင်းကို ဝမ်းနည်းသည့်အမူအရာဖြင့် ကြည့်သည်။

ထိုစကားလုံးများသည် ဝမ်လင်း၏နားထဲ မိုးကြိုးပစ်သံကဲ့သို့ တိုးဝင်လာ၏။ သူ့ခန္ဓာကိုယ်တွင် သည်စကားများ ပဲ့တင်ထပ်နေသည်။ သူ သိသည်။ ခုချိန်တွင် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်း၌ သူ့ကို နွေးထွေးမှု ပေးနေသော သွေးအလင်းသည် မည်သည့်အရာဖြစ်မှန်း သူ နားလည်ခဲ့ပေပြီ။ ထိုအလင်းသည် သူတာအိုနယ်ပယ်ထဲ ဝင်ရောက်ခဲ့ချိန်တွင်ပင် မရပ်တန့်ခဲ့သည်ကို သူ နားလည်ခဲ့ပေပြီ။

သူ ခေါင်းငုံ့သွား၏။ သူ့လည်တိုင်ရှိ ကျောက်စိမ်းလည်ဆွဲကို တွေ့မြင်လိုက်ရသည်။ ၎င်းထံမှ အလွန်ဖျော့တော့သောအလင်းတစ်ခု ထွက်ပေါ်လာနေပြီး အချိန်မရွေး ပျောက်ကွယ်သွားမည့်ဟန် ပေါ်သည်။ အချို့အကြောင်းပြချက်များကြောင့် သူ ယင်းကျောက်စိမ်းလည်ဆွဲကို ကြည့်သည့်အခါတွင် သေးငယ်သောအက်ကြောင်းတစ်ခု ပေါ်လာသည်။

“အခု သူမ ဘယ်နေရာမှာလဲဆိုတာရော နင် သိလား…” အဘွားအို၏အသံသည် ဝမ်းနည်းမှုနှင့် ပြည့်သည်။

“နင် မသိပါဘူး။ နတ်ဆိုးကလန်ကနေ သူမရဲ့စိတ်ဝိညာဉ်သွေးကို ပြန်ထုတ်ယူဖို့အတွက် သူမ ဘယ်လိုပေးဆပ်ခဲ့ရလဲ နင် သိမှာ မဟုတ်ဘူး။ နင် ဘယ်သိနိုင်ပါ့မလဲ။ ငါဟာ သူမ ငယ်စဉ်ထဲက ကြီးထွားလာတာကို စောင့်ကြည့်နေခဲ့တဲ့သူ မဟုတ်ရင်၊ သူမရဲ့ စီနီယာအစ်မ မဟုတ်ခဲ့ရင်၊ နတ်ဆိုးကလန်မှာ ငါ့ကို အရာအားလုံး ပြောပြဖို့ သူမကို အတင်းအကြပ် မလုပ်ခဲ့ရင် ငါတောင် ဒီအကြောင်းတွေ သိမှာ မဟုတ်ဘူး…”

ဝမ်လင်းသည် တိုးညင်းစွာ မေးလိုက်၏။ “သူမ ဘယ်မှာလဲ…”

“သူမ ဘယ်မှာလဲ ဟုတ်လား။ နတ်ဆိုးကလန်ကနေ သူမရဲ့ စိတ်ဝိညာဉ်သွေးကို ပြန်ထုတ်ယူဖို့ ဆိုတာ လွယ်တယ်များ မှတ်နေလား။ သူမဟာ လွန်ခဲ့တဲ့ဆယ်နှစ်တည်းက တိုက်ပွဲကွင်းပြင်ကို ထွက်သွားခဲ့ပြီး ဆယ်နှစ်လုံးလုံး ပြန်မလာခဲ့တော့ဘူး။ သူမဟာ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ကနေလည်း နှင်ထုတ်ခံခဲ့ရပြီးပြီး။ နတ်ဆိုးကလန်က သူမကို ဘာကြောင့်များ အပြစ်မပေးတော့ဘဲ နေမလဲ။ သူမရဲ့ စိတ်ဝိညာဉ်သွေးကို လိုချင်ရင် သူမ တန်ဖိုးတစ်ခု ပြန်ပေးရမှာပဲ…”

“သူမရဲ့ စိတ်ဝိညာဉ်သွေးကို ပြန်ထုတ်ယူနိုင်ဖို့အတွက် သူမဟာ တိုက်ပွဲကွင်းပြင်ဖြစ်တဲ့ ဟင်းလင်းပြင်အက်ကြောင်းရဲ့ အနက်ရှိုင်းဆုံးအပိုင်းကို သွားပါ့မယ်လို့ နတ်ဆိုးကလန်ကို ကတိပေးခဲ့တယ်။ အဲ့နေရာမှာ ပြင်ပနယ်မြေကို သွားနိုင်တဲ့ လမ်းကြောင်းတစ်ခု ရှိခဲ့ရင် ရှာဖို့အတွက် သွားခဲ့ရတယ်။ ဒါပေမဲ့ အဲ့နေရာမှာ ကြမ်းကြုတ်တဲ့သားရဲတွေ ပြည့်နှက်နေတာ…”

“ပြင်ပနယ်မြေကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတစ်ခု အမှန်တကယ် ရှိခဲ့ရင်တောင် သူမ ဘယ်လိုလုပ် ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ပါ့မလဲ။ အဲ့လိုမရှိခဲ့ရင်လည်း ဒီနေရာဟာ အစွမ်းထက်သားရဲတွေ ပြည့်နှက်နေတာ။ သူမ သေရလိမ့်မယ်…”

“အခုချိန် သူမရဲ့ အသက်ဓာတ်အား အများကြီး ဆုံးရှုံးနေတာ၊ ကျင့်ကြံမှုအဆင့် လျော့ကျနေတာတွေကို ထဲ့မတွက်ရင်တောင် သူမ ဘယ်လိုလုပ် ရှင်သန်နိုင်ပါ့မလဲ။ နတ်ဆိုးကလန်ဟာ သူမကို ဥပမာတစ်ခုအနေနဲ့ ပြဖို့အတွက် တိုက်ပွဲကွင်းပြင်မှာပဲ သေသွားစေချင်တာလေ…”

“နတ်ဆိုးကလန်က လူတွေဟာ သူမ ပြန်လာမှာကို ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါ့ကြောင့် သူမက ဒီစိတ်ဝိညာဉ်သွေးကို နင့်ရှိ ယူလာပေးဖို့အတွက် ငါ့ကို အကူအညီတောင်းခဲ့တာ။ သူမက နင့်ကို သူ့အကြောင်း ပြောခွင့်မပေးခဲ့ဘူး။ ဒါပေမဲ့ နင် မေးမှတော့ ငါက ဘာလို့ မပြောပြဘဲ နေရတော့မှာလဲ။ ငါ နင့်ကို ဘာကြောင့် မပြောပြသင့်ရမှာလဲ။ ငါ နင့်ကို သူမရဲ့ ပေးဆပ်မှုအကုန်လုံးကို သိစေချင်တယ်…”

ထိုအဘွားအို၏အသံသည် အေးစက်၏။ စကားလုံးတိုင်းသည် ဝမ်လင်း၏နှလုံးသားကို ထိုးစိုက်ဝင်နေသည်။

ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ အစက သူ့ခန္ဓာကိုယ်ပေါ်ရှိ ကျောက်သားများ ပျက်စီးရန် အချိန်တစ်ခု ယူရပေမည်။ ခုချိန်တွင်တော့ ယင်းကျောက်သားများပေါ်တွင် အက်ကြောင်းများစွာ အလျင်အမြန် ပေါ်လာပြီး တုန်ဟည်းသံ ဖြစ်ပေါ်ကာ ပျက်စီးသွား၏။

ဝမ်လင်း၏ခန္ဓာကိုယ်နှင့် ချိပ်ဆက်ထားသော ကျောက်သားသည် ခုချိန်တွင် ပျက်စီးသွားခဲ့ပေပြီ။ ဝမ်လင်းသည်လည်း သွေးအလိမ်းလမ်း ဖြစ်သွား၏။ သို့ရာတွင် သူက ခုချိန်တွင် သည်အရာကို မည်သို့ ဂရုစိုက်ပါ့မည်နည်း။

သူ ပြောင်းလဲသွားခဲ့သော ကျောက်ရုပ်တုမှာ ဤအရိုင်းကုန်းမြေဖြင့်လည်း ချိတ်ဆက်နေခဲ့၏။ ခုချိန်တွင် ကျောက်သားထု ပျက်စီးသွားသည့်အခါ ဤအရိုင်းကုန်းမြေသည် တုန်ခါကာ ချက်ခြင်း ပြိုလဲပျက်စီးတော့သည်။

တုန်ဟည်းသံတို့ ပဲ့တင်ထပ်၏။ ကုန်းမြေတစ်ခုလုံး စတင် ပျက်စီးနေသည်။

အရိုင်းကုန်းမြေ ပျက်စီးသွားသည့်အခိုက်အတန့်တွင် ဝမ်လင်းသည် ထိုးထွက်လာသည်။ ပြင်းထန်သောကျင့်ကြံခြင်းအော်ရာတစ်ခုသည် သူ့ခန္ဓာကိုယ်ကနေ ပျံ့နှံ့လာ၏။ထိုအော်ရာသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေသည့်အထိ အားကောင်း၏။

သူ ထွက်ပေါ်လာသည့်နောက် သူသည် ကြယ်များကို မော့ကြည့်ကာ ခြေလှမ်း၏။ သူ့လက်ကို ဆန့်ထုတ်ပြီး ထိုအဘွားအိုကို လှမ်းဆွဲယူသည်။

“ငါ့ကို လမ်းပြပါ။ ငါ နတ်ဆိုးကလန်ရဲ့ တိုက်ပွဲကွင်းပြင်ကို သွားချင်တယ်…”

ဝမ်လင်း၏အသံသည် တည်ငြိမ်၏။သို့သော် ထည်ဝါလေးနက်သည်။ မနာခံ၍ မရနိုင်။ နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်ပင် သူ့ကို နာခံရမည်။

“နင်…” အဘွားအို၏မူလစိတ်ဝိညာဉ်မှာ တုန်ယင်သွား၏။သူမသည် ဝမ်လင်း၏အော်ရာရှေ့တွင် မည်သည့်မန္တာန်ကိုမျှ အသုံးမပြုနိုင် ဖြစ်ရသည်။ သူမသည် မရှောင်နိုင်ဘဲ ချက်ခြင်း ဝမ်လင်း၏ဆွဲယူခြင်းနောက် ပါသွားသည်။

“ငါ သူမကို သွားကယ်မယ်…”

***

All Chapters