← Chapters

လူသောင်းချီ ငါ့ကို တားဖို့ ကြိုးစားရင်တောင် ငါ ရှေ့ဆက်တိုးမှာ…

Vol. 98 Ch. 1339

လူသောင်းချီ ငါ့ကို တားဖို့ ကြိုးစားရင်တောင် ငါ ရှေ့ဆက်တိုးမှာ…

Vol. 98 Ch. 1339

ရိုးရှင်းသောစကားလုံးငါးလုံး။

“ငါ သူမကို ကယ်တင်ဖို့ သွားမယ်…” သည်စကားမှာ ပြတ်သား၏။ခိုင်မာ၏။ သေဆုံးရမည်ကိုပင် မကြောက်မှု ပါ၏။ အဖြူရောင်ဝတ်စုံနှင့်အဘွားအိုသည် ဤစကားလုံးများကို ကြားလိုက်ရသည့်နောက် မိုးကြိုးပစ်ချသကဲ့သို့ ခံစားရ၏။ မျက်ရည်များကို ခံစားရ၏။ သွေးကို ခံစားရ၏။ ယင်းစကားလုံးများသည် ဝမ်လင်း၏နှလုံးသားမှ လာခြင်း မဟုတ်လား။ သွေးရောင် ခပ်နှိပ်ထား၏။ သို့သော် ယင်းစကားသည် သတ်ဖြတ်လိုမှုကို မပေး၊ ဝမ်းနည်းမှုနှင့်နွေးထွေးမှုကိုသာ ပေးစွမ်းသည်။

ဝမ်လင်း၏နှလုံးသားမှ၊ သူ့သွေးမှ၊ သူ့စိတ်ဝိညာဉ်မှ ပြင်းထန်သောနာကျင်မှု ဖြစ်ပေါ်လာနေသည်။

“နင် ငါ့ကို လိုက်ပို့ပေးမယ်လို့ ကတိပေးထားခဲ့တယ်…” ခွဲခွာခါနီးအချိန်တုန်းက လီချန်မေပြောခဲ့သော စကားသည် သူ့နားထဲတွင် ပဲ့တင်ထပ်နေမိသည်။ သူမ၏ တောင်းဆိုမှုသည် ဘယ်တော့မှ လိုချင်တတ်မက်မှု မပါဝင်ခဲ့။ သူမသည် ခွဲခွာခါနီး နှုတ်ဆက်ချင်ခဲ့ရုံသာ၊ခွဲခွာခြင်းအပြုံးကို ဖူးပွင့်စေခဲ့ရုံသာ။ သူမနှင့်ပတ်သတ်သည့် သဘောတူညီမှုကို ဘယ်တော့မှ မမေ့ဖို့သာ ရည်ရွယ်ခဲ့သည်။

သူမသည် ဝမ်လင်းနှလုံးသားထဲရှိ လီမူဝမ်၏နေရာကိုလည်း လုယူမည် မဟုတ်သလို အစားထိုးမည်လည်း မဟုတ်ပေ။

ဖြစ်နိုင်သည်က လီချန်မေသည် လီမူဝမ်ကဲ့သို့ နှစ်ပေါင်းရာချီလည်း စောင့်နေခဲ့မည် မဟုတ်၊ လျိုမေကဲ့သို့ ဝမ်လင်းနှလုံးသားကို တစစီဖြစ်စေမည်လည်း မဟုတ်ပေ။ သို့သော် သူမသည် ဝမ်လင်းကို ပြန်ပေးဆပ်ရန် မဖြစ်နိုင်လောက်အောင် ဆယ်နှစ်တာ ပေးဆယ်မှုဖြင့် စိတ်မသက်မသာ ဖြစ်စေခဲ့ပေသည်။ ထိုအဖြစ်က ဝမ်လင်း၏နှလုံးသားကို နာကျင်စေသည်။

“တစ်နေ့ ငါမရှိတော့ရင် နင့်ရဲ့ ဘဝမှာ လီချန်မေဆိုတဲ့ အမျိုးသမီးတစ်ယောက် ရှိခဲ့ဖူးတာကို သတိရနေပေးပါ…” လီချန်မေ၏စကားလုံးများသည် ဝမ်လင်း၏စိတ်နှလုံးထဲတွင် ထာဝရတိုင် ပြေးလွှားနေတော့မည့်အလား။

“ငါ ဘယ်တော့မှ ပြန်မလာနိုင်ခဲ့ရင် နင် ငါ့ကို မှတ်မိနေဖို့ မျှော်လင့်မိပါတယ်…”

ထိုအမျိုးသမီးသည် သူမ ပျောက်ကွယ်သွားတော့မည့် အချိန်တွင်ပင် သူမ ဝမ်လင်းအပေါ် လုပ်ဆောင်ပေးခဲ့မှုများကို ဝမ်လင်းအား မသိစေချင်ခဲ့ပေ။ သူမသည် စိတ်ဝိညာဉ်သွေးကို ထုတ်ယူဖို့အတွက် သည်အဘွားအိုကို အရာအားလုံး ပြောပြခဲ့ရခြင်းကြောင့်သာ မဟုတ်ပါက လီချန်မေသည် သူမ၏လုပ်ဆောင်ပေးမှုများကို တစ်ခွန်းတလေပင် ပြောခဲ့မည် မဟုတ်ပါ။

လီချန်မေသည် ဝမ်လင်း စိတ်မသက်မသာ ဖြစ်ရတာကို မလိုချင်ခဲ့ပေ။ သူမအပေါ် သနားမှုကို မလိုချင်ခဲ့ပေ။ သူမသည် သူ့ကို သူမ၏တည်ရှိမှုအား လက်ခံစေချင်ရုံသာ ရှိ၏။

သူမသည် ဆံဖြူသွားကျိုးသေဆုံးသည့်အချိန်ထိ ဝမ်လင်းနှင့်အတူ ရှိဖို့လည်း မမျှော်လင့်ခဲ့ချေ။ သူမလိုချင်သည် တစ်ခုတည်းသောအရာမှာ သည်လောကတွင် လီချန်မေဆိုသော အမျိုးသမီးတစ်ယောက်ကို ဝမ်လင်း မှတ်မိနေစေချင်တာသာ ဖြစ်၏။

သူမ သေသည်ဖြစ်စေ၊ရှင်သည်ဖြစ်စေ ဤမျှဖြင့် လုံလောက်ပေပြီ။

သူမသည် ဝမ်လင်း၏ မှတ်ဉာဏ်ထဲ၌ သူမ၏ပုံရိပ်ကို အိုမင်းချိန်ထိ ရှိနေစေချင်ရုံသာ။

သူမ၏တောင်းဆိုမှုသည် မများပါ။

ဝမ်လင်းသည် ခေါင်းမော့ကာ နက်မှောင်သောကောင်းကင်ထက်ကို ကြည့်နေ၏။ သူ့နှလုံးသာ နာကျင်နေရသည်။ သူသည် လီချန်မေကို သွားရောက်ကယ်တင်ပေမည်။ ထိုအဖြစ်သမီးသည် ဆယ်နှစ်လုံးလုံး သူ့အတွက် အရာရာကို ပေးဆပ်ခဲ့သူ မဟုတ်လား။

ဟင်းလင်းပြင်အက်ကြောင်း တိုက်ပွဲကွင်းပြင်သည် ပြင်ပနယ်မြေနှင့် ချိတ်ဆက်နေတာ ဖြစ်ချင်ဖြစ်မည်။ ထာဆန်သည် ပြင်ပနယ်မြေတွင် ရှိနေသည့်အတွက် သူသာ ထိုနေရာသို့ ခြေတစ်လှမ်းချလိုက်သည်နှင့် ထာဆန်က သူ့ကို သတိပြုသွားမည်သာ။ သူသည် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။

ခုချိန်တွင် သူသည် တာအိုနယ်မြေတွင် သူ ရရှိခဲ့သော ဉာဏ်အလင်းကို ဆင်ခြင်နားလည်နိုင်ရန် တံခါးပိတ်ကျင့်ကြံဖို့လည်း လိုနေ၏။ ထိုအခါ သူသည် ကောင်းကင်တုန်လှုပ်ဖွယ် တတိယအဆင့်ထိ ရောက်ကောင်းရောက်သွားနိုင်မည်။

သို့ရာတွင် သည်အရာများအားလုံးကို ဝမ်လင်းက ဘေးဖယ်ထား၏။ သူသည် သည်အကြောင်းများကို တွေးပင်မတွေးချင်ပေ။ သူသည် လီချန်မေဆိုသော အမျိုးသမီးတစ်ယောက် အသက်အန္တရာယ် ရင်ဆိုင်နေရသည်ကိုသာ သိ၏။ သူသာ သူမကို မကယ်တင်ပေးခဲ့ရပါက သူ ဘယ်တော့မှ ပျော်ရွှင်နိုင်တော့မည် မဟုတ်ပေ။ အကြောင်းမှာ သူမအပေါ် သူ အကြွေးတင်နေသည့် ဆယ်နှစ်တာပေးဆပ်မှုသည် ပြန်ပေးဆပ်နိုင်ရန် ခက်ခဲလွန်းသောကြောင့်တည်း။

ခြေတစ်လှမ်းဖြင့် ကောင်းကင်သည် တုန်ခါသွား၏။ ဝမ်လင်းသည် လောင်ကျွမ်းကြယ်ပျံတစ်စင်းကဲ့သို့ ရှေ့သို့ ရွှေ့လျားလို့နေသည်။

ဝတ်စုံဖြူနှင့်အဘွားအိုကိုလည်း သူ ဆုပ်ကိုင်ထားလျက် သူတို့နှစ်ယောက်သည် သဲလွန်စမရှိ ပျောက်ကွယ်သွားကြသည်။

ထိုအဘွားအိုသည် ဝမ်လင်းကို မင်သက်ကြောင်ရီစွာ စူးစိုက်ကြည့်နေမိသည်။ ဟင်းလင်းပြင်ကို ဖြတ်သန်းလာနေသည့်အရှိန်က သူမကိုပါ တုန်လှုပ်စေမိ၏။

သူမသည် ထိုအမြန်နှုန်းထဲမှ ဝမ်လင်း၏ ဆုံးဖြတ်ထားမှုကို ခံစားမိသည်။ လူသောင်းချီပင် သူ့ကို ခုချိန်၌ တားဆီးနိုင်မည် မဟုတ်ပေ။

“အဆင့်သုံးနဲ့ အဲ့အဆင့်အောက်နယ်မြေတွေမှာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် မရှိဘူး။ အဆင့်လေး ပင်လယ်စိတ်ဝိညာဉ်ကလန်မှာတော့ ထာဝရကလန်ရဲ့ လက်အောက်ခံကလန်ဖြစ်တဲ့ အဆင့်ခြောက် ကောင်းကင်ဘုံဂီတကလန်ရှိ သွားရောက်နိုင်တဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိတယ်။ သူတို့မှာ အဆင့်ရှစ်ထာဝရကလန်ရှိ သွားရောက်နိုင်တဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိတယ်…”

“ထာဝရကလန်မှာလည်း အဆင့်ကိုးဒေသကို အမြန်ဆုံးရောက်အောင် သွားနိုင်တဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိတယ်။ ငါတို့ အဆင့်ကိုးဒေသကို ရောက်တာနဲ့ နတ်ဆိုးကလန် ဘယ်မှာရှိလဲ ငါ နင့်ကို ပြောပြမယ်…”

“ဒါဟာ အမြန်ဆုံးနည်းလမ်းပဲ။ ဒါပေမဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တွေဟာ မူလသလင်းကျောက်များစွာ လိုအပ်တယ်။ ငါ့မှာ အလုံအလောက် မရှိဘူး။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဟာ မကြာဆိုသလို ဖွင့်လှစ်တာ မရှိတဲ့အပြင် လွယ်လွယ်နဲ့လည်း ငှားယမ်းအသုံးပြုလို့ မရဘူး…”

အဘွားအို၏စကားလုံးများကို ဝမ်လင်းသည် ဘာတစ်ခွန်းမှ မတုန့်ပြန်ပေ။ သူ စကားလုံးငါးခွန်းကို ဆိုပြီးနောက် ငြိမ်သက်လို့နေသည်။ ထိုတိတ်ဆိတ်မှုသည် အဘွားအိုကိုပါ ကြောက်လန့်စေသည့်ဖိအားကို ဖန်တီးနေသည်။ သူမသည် ဝမ်လင်းကို အရာအားလုံး ပြောပြခဲ့ခြင်းအား နောင်တရသလိုပင် ခံစားမိ၏။

သူမသည် သူမရှေ့ရှိလူငယ်မှာ လီချန်မေ၏လုပ်ဆောင်ပေးခဲ့မှုများကို ကြားလိုက်ရသည့်နောက်တွင် ကောင်းကင်ဘုံသားတစ်ယောက်မှ မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်ဟု ခံစားမိသည်။

ဝမ်လင်းသည် ပိုမိုမြန်ဆန်စွာ သွားနေရင်း ဟင်းလင်းပြင်တွင် တုန်ဟည်းသံတို့ မြည်ဟီးပဲ့တင်ထပ်နေသည်။ သူ့ဆံပင်ဖြူများမှာ လွင့်နေ၏။ သူ့မျက်နှာထက်ရှိ သွေးကြောများ ဖောင်းကြွနေ၏။ သူ့ကို ပိတ်ဆို့ထားဆီးသည့်တစ်ခုခုရှိနေလျှင်ပင် သူသည် နောက်ဆုတ်လိမ့်မည် မဟုတ်ပေ။

အဆင့်နှစ်ဒေသမှာ ကျယ်ပြော၏။သို့သော် ဝမ်လင်း၏အမြန်နှုန်းကြောင့် အဆင့်နှစ်ဒေသရှိ မြူများသည် နောက်သို့ လွင့်စင်ကာ သူ့အနား မကပ်ဝံ့ဟု ထင်မှတ်ရသည်။ မြူအတွင်းရှိ ပုန်းကွယ်နေသော သားရဲများလည်း နောက်ဆုတ်ပေးကြသည်။ ယင်းသားရဲတို့သည် သတ်ဖြတ်သူနတ်ဘုရားတစ်ပါး တရကြမ်း သွားလာနေသကဲ့သို့ ခံစားမိသည်။ သူတို့သာ သူ့ကို ပိတ်ဆို့ဝံ့ပါက သံသယမရှိ သေဆုံးရပေမည်။

အဆင့်နှစ်ဒေသကို ဝမ်လင်းသည် ဖျပ်ခနဲ ကျော်ဖြတ်လာ၏။ တုန်ဟည်းသံများ မြည်ဟိန်းပြီးနောက် အက်ကြောင်းကြီးတစ်ခုပေါ်လာသည်။ ထိုအက်ကြောင်းသည် အဆင့်နှစ်ဒေသကို ထက်ပိုင်းခွဲလုနီးနီးပင်။

သည်အမြန်နှုန်းဖြင့် ဝမ်လင်းသည် အဆင့်နှစ်ဒေသနှင့်အဆင့်သုံးဒေသတို့ကို ကျော်ဖြတ်လာပြီး အဆင့်လေးဒေသို့ ဝင်လာသည်။ သူက ပင်လယ်စိတ်ဝိညာဉ်ကလန်ရှိနေသော ကုန်းမြေထံ ခြေလှမ်းဝင်၏။

ပင်လယ်စိတ်ဝိညာဉ်ကလန်သည် ငြိမ်သက်သောစိတ်ဝိညာဉ်ကလန်၏ လက်အောက်ခံကလန်တစ်ခု ဖြစ်သည်။ ပင်လယ်စိတ်ဝိညာဉ်ကလန်သည် အဆင့်လေဒေသကို အမြဲလိုလို လွှမ်းမိုးထားနိုင်ကာ သူတို့ကို ရန်လာစဝံ့သူ မရှိသလောက်ပင်။

ထိုကလန်ခေါင်းဆောင်မှာ နိဗ္ဗာနကြိုမြင်ခြင်းအထွတ်အထိပ်အဆင့်တွင် ရှိ၍ အဆင့်လေးဒေသကို လွှမ်းမိုးနိုင်ဖို့ လုံလောက်အောင် အစွမ်းထက်ပေသည်။

ခုချိန်တွင် သည်ပင်လယ်စိတ်ဝိညာဉ်ကလန် တည်ရှိသော ကုန်းမြေတွင် ညအချိန် ဖြစ်၏။ ကျင့်ကြံသူအားလုံး ကျင့်ကြံနေကြသည်။ ကလန်ခေါင်းဆောင်လည်း သူ့လျှို့ဝှက်ခန်းထဲတွင် ထိုင်လျက် ရှိသည်။ သည်အခိုက်အတန့်မှာ မိုးကြိုးတုန်ဟည်းသံ ပဲ့တင်ထပ်ကာ ကုန်းမြေတစ်ခုလုံး တုန်ခါသွား၏။

ထိုတုန်ခါမှုသည် အားမကောင်းလွန်းပေ။ သို့သော် ကျင့်ကြံသူအားလုံးကို နိုးထလာစေဖို့တော့ လုံလောက်သည်။ ကလန်ခေါင်းဆောင်သည် မျက်လုံးဖွင့်လာကာ သူ့လျှို့ဝှက်ခန်းကနေ အလျင်အမြန် ထွက်လာ၏။ ပင်လယ်စိတ်ဝိညာဉ်ကလန်၏ အကြီးအကဲများလည်း ထိုးထွက်လာကြသည်။

သူတို့ ပေါ်လာသည်နှင့် သူတို့သည် အကာအကွယ်အစီအရင် တောက်ပသွားသည်ကို ချက်ခြင်း တွေ့မြင်၏။ သူတို့သည် ထိုအစီအရင်မှာ ဧရာမလက်တစ်စုံ၏ စုတ်ဖြဲခြင်းခံရသည့်အလား ပျက်စီးသွားသည်ကို မင်သေစွာ ကြည့်နေမိ၏။ အကာအကွယ်အစီအရင် ပျက်စီးပြီးနောက် ပုံရိပ်တစ်ခုသည် ကုန်းမြေထံ ခြေချလာသည်။

သူတို့ စကားမဆိုနိုင်ခင်မှာပင် အေးစက်လွန်းသောအသံတစ်သံသည် လောကတွင် ပဲ့တင်ထပ်လာ၏။

“တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ဖွင့်လှစ်ပြီး မင်းတို့အားလုံးရဲ့ မူလသလင်းကျောက်တွေ ယူလာခဲ့ကြ။ မဟုတ်ရင် သေရမယ်…”

ထိုလူက အကြောင်းအရာတစ်ခုကိုသာ ပြောခဲ့၏။ သို့သော် သည်စကား၏အဓိပ္ပာယ်သည် ပင်လယ်စိတ်ဝိညာဉ်ကလန်၏ လူများကို ကြောက်လန့်ကုန်စေသည်။

ကလန်ခေါင်းဆောင်သည်လည်း တုန်ယင်နေမိ၏။ သူသည် ထိုလူ၏ကျင့်ကြံမှုအဆင့်ကို ဖြတ်မမြင်နိုင်သော်လည်း အကာအကွယ်အစီအရင်ကို စုတ်ဖြဲပစ်ခြင်းက မလွယ်ကူသည်ကိုတော့ သိသည်။ သည်စကားလုံးများကို ကြားလိုက်ရသည့်နော်က သူသည် လက်နှစ်ဖက်ကို ဆုပ်ကာ စကားပြောရန် ပြင်သည်။ သို့ရာတွင် သူ့က ဝမ်လင်း၏အကြည့်ကို တွေ့လိုက်ရသည်။ သူ့စိတ်သည် တုန်ယင်သွားပြီး သွေးအန်လိုက်ရကာ သူ့မျက်နှာမှာ ချက်ခြင်း ဖြူရောသွားသည်။

ဝမ်လင်းသည် မည်သည့်အရာကိုမှ မပြုလုပ်သေးပေ။ ထိုသို့ဖြစ်ရခြင်းမှာ ပင်လယ်စိတ်ဝိညာဉ်ကလန်ခေါင်းဆောင်သည် သူ့ရှေ့တွင် အားနည်းလွန်းခြင်းကြောင့်သာ ဖြစ်သည်။ သူ ဝမ်လင်းအကြည့်နှင့် တွေ့ဆုံရချိန်တွင် သူ့စိတ်မှာ မတည်မငြိမ်ဖြစ်သွားပြီး သူ့ဟာသူ ဒဏ်ရာ ရသွားခြင်းပင်။ ဝမ်လင်းနှင့် ဘာမှ မဆိုင်ပေ။

“ကောင်းပါပြီ…” ပင်လယ်စိတ်ဝိညာဉ်ကလန်ခေါင်းဆောင်သည် တလေးတစား တုန့်ပြန်ပြီး တွေဝေခြင်းမရှိ အပြေးအလွှား ထွက်သွား၏။ သူသည် တုန်လှုပ်နေကြသော အကြီးအကဲများကို ခေါ်ကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ဖွင့်လှစ်ပြီး သူတို့၏မူလသလင်းကျောက်များကို တလေးတစား ကမ်းပေးလိုက်သည်။

သူသည် နှေးဖင့်နေခြင်း သို့မဟုတ် အနည်းငယ် တွေဝေနေပါက တစ်ဖက်လူ၏ သတ်ဖြတ်မှု စတင်တော့မည်ကို သံသယ မရှိပေ။

သူက သူ့ရှေ့ရှိလူကို ကျင့်ကြံသူတစ်ယောက်ဟု မခံစားရ၊ ရှေးဦးသားရဲကြီး သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် လောကသို့ သက်ဆင်းလာသည်ဟု ခံစားမိသည်။

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ဖွင့်လှစ်ရန် အချိန်အချို့ ကြာ၏။ သည်အခိုက်အတန့်တွင် အကြီးအကဲများအားလုံး ထိုင်ချကာ အစီအရင်ကို ဖွင့်လှစ်နိုင်ရန် အရှိန်မြင့်တင်ကြ၏။ အကြောင်းမှာ သူတို့အထက်တွင် သတ်ဖြတ်သူနတ်ဘုရားက အေးတိအေးစက် ကြည့်နေသည် မဟုတ်လား။

ဝမ်လင်းအဖို့ စောင့်နေရန် အချိန်မရှိပေ။ ပင်လယ်စိတ်ဝိညာဉ်ကလန်ခေါင်းဆောင် ကိုယ်တိုင် အစီအရင်ကို ဖွင့်လှစ်နေလျှင်ပင် နာရီဝက်ခန့် ကြာဦးမည် ဖြစ်သည်။ ဝမ်လင်းသည် ထိုမျှပင် မစောင့်နိုင်ပေ။

အစီအရင် ဖြည်းဖြည်းချင်း အသက်ဝင်လာသည့်အခါ ဝမ်လင်းသည် ခြေလှမ်းဝင်ကာ သူ့ညာလက်ကို ဖိချလိုက်၏။

လောကရှိ မူလစွမ်းအင်များ ထိုအစီအရင်ထံသို့ အရူးအမူး စုဝေးသွားကြပြီး ပေါက်ကွဲထွက်စေသည်။

ဝမ်လင်းသည် ထိုကဲ့သို့ အစီအရင်ကို ချက်ခြင်းလိုလို ဖွင့်လှစ်သည့်နည်းလမ်းကို အသုံးပြုခြင်းမှာ အစီအရင်ကို များစွာ ထိခိုက်ပျက်စီးမှု ဖြစ်သွားနိုင်သည်။ သူက အတွင်းသို့ ခြေလှမ်းဝင်လိုက်သည်။ အဘွားအိုလည်း လိုက်ပါလာ၏။

ပင်လယ်စိတ်ဝိညာဉ်ကလန် ပြင်ဆင်ပေးထားသော မူလသလင်းကျောက်များကို ထုတ်ယူကာ ဝမ်လင်းနှင့်အဘွားအိုတို့သည် အစီအရင်အတွင်း၌ ပျောက်ကွယ်သွားတော့သည်။

သူတို့နှစ်ယောက် ပျောက်ကွယ်သွားချိန်တွင် အစီအရင်ထံမှ အက်သံများ ထွက်ပေါ်လာပြီး ရုတ်တရက် ပျက်စီးသွားတော့သည်။

“ငါ အလျင်လိုနေတဲ့အတွက် ငါ မြန်မြန်သွားရမှာ။ ငါက မင်းတို့ရဲ့ အစီအရင်ကို ဖျက်စီးပြီး မူလသလင်းကျောက်တွေကိုလည်း ယူဆောင်သွားခဲ့တယ်။ အနာဂတ်မှာ ငါ မင်းတို့ကို ဆယ်စ ပြန်ပေးမယ်…”

ဝမ်လင်း၏အသံသည် ပင်လယ်စိတ်ဝိညာဉ်ကလန်၏ ကျင့်ကြံသူများ၏ နားထဲတွင် ပဲ့တင်ထပ်ကာ ကျန်ခဲ့သည်။

***

All Chapters