← Chapters

လွန်ခဲ့သောဆယ်နှစ်မှ ကျော်ကြားမှု

Vol. 98 Ch. 1340

လွန်ခဲ့သောဆယ်နှစ်မှ ကျော်ကြားမှု

Vol. 98 Ch. 1340

အဆင့်ခြောက်ဒေသတွင်လည်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိနေသည်။ ၎င်းအစီအရင်ပတ်လည်တွင် ကျင့်ကြံသူဆယ်ယောက်ကျော် ထိုင်နေကြ၏။ ထိုသူတို့ထဲတွင် စကားပြောဆိုနေကြသော အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့လည်း ပါဝင်ကြသည်။ တစ်ခါတစ်ရံ အမျိုးသမီးသည် အမျိုးသားဖြစ်သူကို စွဲဆောင်သောအကြည့်ဖြင့် ကြည့်ကာ ပြုံးသည်။

“ငါ နင် ပြောတာကို တကယ် မယုံနိုင်ဘူး။ လုဇီဟောင်သာ နင် ပြောသလို အစွမ်းထက်နေခဲ့ရင် ထာဝရကလန်ဟာ သူ့ကို ကာကွယ်ပေးမှာပဲလေ။ သူက ဘယ်လိုလုပ် သေသွားရမှာလဲ…”

“ဂျူနီယာညီမလေး…ငါ ပြောတာအကုန် အမှန်ပဲ။ လုဇီဟောင်ဟာ နတ်ဘုရားကလန်ကို ရန်စခဲ့ပြီး သူတို့ရဲ့ အမဲလိုက်တာ ခံခဲ့ရတယ်။ သူဟာ အဆင့်ငါးဒေသမှာ သေသွားခဲ့တာ…” ထိုလူက ရယ်မောကာ ပြောလိုက်၏။

“လုဇီဟောင်ကို တိမ်ပင်လယ်ရဲ့ ပါရမီရှင်တစ်ယောက်အဖြစ် ယူဆလို့ ရတယ်။ ကံမကောင်းစွာနဲ့ သူဟာ မောက်မာလွန်းပြီး နတ်ဘုရားကလန်ကို စော်ကားခဲ့တာပဲ…”

ထိုသူ ပြောနေစဉ် သူတို့စောင့်ကြပ်နေသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် အသက်ဝင်လာပြီး တောက်ပ၏။

ထိုသူသည် စကားစကို ရပ်ကာ လှမ်းကြည့်လိုက်သည်။

“ဘယ်အဆင့်နိမ့်ဒေသကများ အစီအရင်ကို ဖွင့်လှစ်ခဲ့လဲ ငါ သိချင်မိတယ်…” ထိုလူက လှောင်ရယ်ရယ်၏။ သူသည် ကောင်းကင်ဘုံဂီတကလန်၏ တပည့်တစ်ယောက် ဖြစ်ပြီး သည်အစီအရင်ကို ကြီးမှုး၍ စောင့်ကြပ်နေသည်။ တစ်စုံတစ်ယောက် ရောက်လာတိုင်း သူတို့သည် မူလသလင်းကျောက်အချို့ကို အစောင့်အကြပ်အား လက်ဆောင်ပေးကြရသည်။ ယင်းက တိမ်ပင်လယ်တွင် စည်းမျဉ်းတစ်ခုလို ဖြစ်နေ၏။

သို့ရာတွင် သည်အခိုက်အတန့်တွင် အစီအရင်သည် ပိုပို၍ တောက်ပလာပြီး အထွတ်အထိပ်ထိ ရောက်လာသည်။ လောကသည် တုန်ခါလာ၏။ လေပြင်းများ ဝေ့ခတ်လာသည်။ ကောင်းကင်သည် အရောင်ပြောင်းသည်။ အဆုံးမဲ့တုန်ဟည်းသံများ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံမှ ထွက်ပေါ်လာပြီး အစီအရင်ပေါ်တွင် အက်ကြောင်းများလည်း ပေါ်လာ၏။

ထိုရုတ်တရက် ပြောင်းလဲမှုက အစီအရင်ပတ်လည်ရှိ ကျင့်ကြံသူများ၏အမူအရာကို ပြောင်းလဲသွားစေသည်။ သူတို့အားလုံး မတ်တပ်ထရပ်လာကြ၏။

“သူတို့က အစီအရင်ကို ဒီလိုအရှိန်နှုန်းနဲ့ ဖွင့်လှစ်ဖို့ သတ္တိရှိနေကြတယ်ပေါ့။ အစီအရင်သာ ပျက်စီးသွားခဲ့ရင် အဆင့်နိမ့်ဒေသက ဘယ်ကလန်မဆို တာဝန်ယူနိုင်မှာ မဟုတ်ဘူး။ ဘယ်ကလန်ကများ ဒီလောက်မောက်မာနေတာလဲ ငါ မြင်ချင်မိတယ်…”

ထိုသို့ ပြောလိုက်သောသူသည် သုန်မှုန်နေသည်။ သူသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ဓားပျံတစ်လက် ထွက်ပေါ်လာသည်။ သူ့လက်ညွှန်ချက်နှင့်အတူ ဓားပျံသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံသို့ တိုးဝင်သွား၏။

သို့ရာတွင် ထိုဓားပျံ နီးကပ်လာစဉ်တွင် အစီအရင်ထံမှ မိုးကြိုးတုန်ဟည်းသံ ထွက်ပေါ်လာ၏။ အစီအရင်အလင်းသည် ပို၍ တောက်ပလာပြီး ပေါက်ကွဲထွက်သည်။ ပုံရိပ်နှစ်ခုသည် ကြယ်ရောင်စုံကောင်းကင်ထက်သို့ တိုးဝင်လာကြသည်။

“မင်းတို့…” ဓားပျံကို အသုံးပြုလိုက်သောသူသည် စကား ပြောရန် ပြင်၏။ သို့သော် သူက ချက်ခြင်း ပြန်ဆွံ့အသွားသည်။ ပုံရိပ်နှစ်ခု တိုးဝင်လာချိန်တွင် သူသည် ထိုနှစ်ယောက်ထဲမှ တစ်ယောက်ကို သိသလိုလို ရှိလာ၏။

ထိုအဖြစ်က သူ့အမူအရာကို ကြီးစွာ ပြောင်းလဲစေသည်။

“လုဇီဟောင်…” ထာဝရကလန်တွင် ထိုလူသည် ဝမ်လင်း၏အံ့မခန်းတိုက်ပွဲများကို ကိုယ်တိုင်မြင်တွေ့ခဲ့ဖူး၏။ သူသည် သူ့ကလန်ခေါင်းဆောင်၊အကြီးအကဲခေါင်းဆောင်နှင့် စီနီယာတပည့်တို့ သေဆုံးသွားရတာကိုပါ မျက်မြင်တွေ့ခဲ့သည်။

ဝမ်လင်းသည် သည်ဂျူနီယာများကို အလေးစိုက်မနေပေ။ သူ ထွက်လာသည့်နောက် သူသည် တုန်ဟည်းသံများ ဖြစ်စေကာ ရှေ့သို့ ပျံသန်းသွားသည်။

အဖြူရောင်ဝတ်စုံဖြင့်အဘွားအို၏ မျက်နှာသည် ဖြူရောနေ၏။ သူမသည် ဝမ်လင်းကို ကြောက်လန့်စွာ ကြည့်နေမိသည်။

“ဒီလူ ရူးသွားပြီ။ ရူးသွားပြီ..။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ရဲ့ အမြန်နှုန်းကို မြင့်တင်ဖို့ သူဟာ နာရီဝက်တောင် မစောင့်ချင်တော့ဘူး။ သူဟာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ချက်ခြင်းအသက်ဝင်စေတဲ့ မူလစွမ်းအင်ပေါင်းစပ်ပျော်ဝင်စေတဲ့ အန္တရာယ်များတဲ့ နည်းလမ်းကို အသုံးပြုဖို့ ရွေးချယ်လိုက်တာပဲ။ ဒါဟာ ရူးနေတဲ့သူပဲ လုပ်နိုင်မှာ။ ဒီနည်းလမ်းဟာ နည်းနည်းမှားသွားတာနဲ့ စုတ်ပြဲသွားတဲ့ဟင်းလင်းပြင်ထဲ ချက်ခြင်းသေသွားလိမ့်မယ်…”

အဘိုးအိုသည် တည်နေရာရွှေ့ပြောင်းစဉ်အတွင်း ဖြစ်ပျက်ခဲ့ပုံကို စဉ်းစားကာ ကြောက်လန့်မိနေဆဲပင်။

ဝမ်လင်းသည် ကောင်းကင်ထက်သို့ တိုးဝင်လာနေရင်း သူ့အမူအရာသည် သုန်မှုန်နေ၏။ တုန်ဟည်းသံများ ပဲ့တင်ထပ်နေ၏။ သူသည် အဘွားအိုပြောသည့်အတိုင်း ကောင်းကင်ဘုံဂီတကလန်ထံ ဦးတည်သွားနေ၏။

သူ့အမြန်နှုန်းအားလုံးကို အသုံးပြုထားကာ လျှပ်စီးကဲ့သို့ အဆင့်ခြောက်ဒေသကို ဖြတ်သန်းလာနေသည်။ သိပ်မကြာခင်တွင်ပင် ကောင်းကင်ဘုံဂီတကလန်သည် သူ့မျက်လုံးရှေ့တွင် ပေါ်လာတော့၏။

ကောင်းကင်ဘုံဂီတကလန်သည် ကုန်းမြေသုံးခုနှင့် အဆင့်ခြောက်ကလန် ဖြစ်သည်။ သူတို့တွင် ပိုအစွမ်းထက်သော အကာအကွယ်အစီအရင် ပိုင်ဆိုင်ထား၏။ သာမန်လူတွေအတွက် ဒါကို ချိုးဖျက်နိုင်ဖို့ ခက်ခဲပေ၏။ နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်တစ်ယောက်ပင် အချိန်တိုအတွင်း သည်အကာအကွယ်အစီအရင်ကို ရှာနိုင်ရန် ခက်ခဲပေသည်။

ကောင်းကင်ဘုံဂီတကလန်၏ နိဗ္ဗာနဖြိုခွဲခြင်းကျင့်ကြံသူများသာ ထွက်လာပြီး အားဖြည့်ပေးပါက အစီအရင်သည် ပို၍လည်း အားကောင်းလာဦးမည်ပင်။

ဝမ်လင်းသည် ကြယ်များကြား သွားလာနေ၏။ သူသည် မြန်လွန်းသဖြင့် မိုးကြိုးတုန်ဟည်းသံတို့ကို ဖြစ်ပေါ်နေစေသည်။ ထိုအဖြစ်က ကောင်းကင်ဘုံဂီတကလန်ကို နိုးနိုးကြားကြား ဖြစ်လာစေ၏။ ခုမှ အသစ်ဖြစ်လာခါစ ကလန်ခေါင်းဆောင်နှင့် အကြီးအကဲများသည် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာကြသည်။ သူတို့သည် လေထဲသို့ ပျံတက်လာရင်း သုန်မှုန်စွာဖြင့် ရှေ့သို့ ကြည့်နေသည်။

သူတို့မြင်လိုက်ရသော အရာကြောင့် သူတို့၏အမူအရာများမှာ ကြီးစွာ ပြောင်းလဲသွားကြ၏။

“လုဇီဟောင်…”

“လုဇီဟောင်။ လုဇီဟောင်ဟာ အရင်ကလန်ခေါင်းဆောင်နဲ့ အကြီးအကဲခေါင်းဆောင်တို့ကို သတ်ခဲ့တာပဲ…”

“ဒီလူ့ကို နတ်ဘုရားကလန်က သတ်ပစ်လိုက်ပြီ မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ် မသေသေးတာလဲ…”

“လွန်ခဲ့တဲ့ဆယ်နှစ်က နတ်ဘုရားကလန်ဟာ သူ့ကို အဆင့်ငါးဒေသမှာ သတ်ပစ်ခဲ့တယ်လို့ ဆိုတယ်။ ဒါပေမဲ့လည်း သူဟာ မသေတဲ့အပြင် ပိုလို့တောင် အစွမ်းထက်လာသေးတယ်။ နတ်ဘုရားကလန်ကတောင် သူ့ကို မသတ်နိုင်တာများ ဖြစ်နေမလား…”

ထာဝရကလန်တွင် ဝမ်လင်းကို တွေ့မြင်ခဲ့ဖူးသော ကောင်းကင်ဘုံဂီတကလန်မှ လူများသည် အလန့်တကြား ဖြစ်ကုန်ကြ၏။ သူတို့သည် တုန်လှုပ်မိ၏။ သူတို့၏ မျက်လုံးထဲတွင် ကြောက်လန့်မှုတို့ ပြည့်၏။

ဝမ်လင်း၏ပုံရိပ်မှာ သူတို့စိတ်ထဲတွင် စွဲထင်နေသည် မဟုတ်လား။

သူတို့၏အကြည့်အောက်တွင် ဝမ်လင်းသည် တစ်စက်လေးပင် မရပ်တန့်သွားပဲ သည်ကုန်းမြေပြင်ပရှိ အစီအရင်နား ရောက်လာသည်။ သူ့အကြည့်သည် အေးစက်၏။ သူသည် သူ ရောက်ရှိလာမှုကြောင့် တုန်လှုပ်နေသော ကျင့်ကြံသူများကို ကြည့်ပင်မကြည့်ပေ။ သူက သူ့လက်ကို ပင့်မြှောက်ကာ အစီအရင်ထံသို့ ရိုက်ချသည်။

သူ့လက်ဝါးသည် အစီအရင်နှင့် ထိမိသွားချိန်တွင် ဝမ်လင်းသည် တုန်လှုပ်ဖွယ်အော်ရာတစ်ခုကို ပေးစွမ်းလာ၏။

“ငါ့အတွက် ပျက်စီးလိုက်စမ်း…”

လောကတွင် တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ကုန်းမြေသုံးခုသည် လှုပ်ရမ်းခါသည်။ အစီအရင်သည် အပြင်းအထန် တုန်ခါကာ စတင် တောက်ပလာသည်။ ဝမ်လင်း၏ လက်ငါးချောင်းကြောင့် အက်ကြောင်းငါးခု ပေါ်လာပြီး အက်ကွဲသံများ ပဲ့တင်ထပ်သည်။

ထိုအက်ကြောင်းငါးခုသည် အလျင်အမြန် ပျံ့နှံ့ကာ မျက်စိတစ်မှိတ်အတွင်း အစီအရင်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။

နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ပင် သည်အစီအရင်ကို ချိုးဖျက်နိုင်ရန် အချိန်အချို့ လိုပေမည်။ သို့သော် ခုချိန်တွင်မူ ဝမ်လင်း၏လက်ချက်ကြောင့် ကောင်းကင်ဘုံဂီတကလန်၏လူများရှေ့တွင်ပင် ဤအစီအရင်သည် လွင့်ပျောက်လာခဲ့ပေပြီ။

အစီအရင် ပျက်စီးနေချိန်တွင် အံ့မခန်းဖိသိပ်အားများ ပျံ့နှံ့ကုန်သည်။ အစီအရင်သည် ကြေးမှန်တစ်ချပ်ကဲ့သို့ တစစီကျိုးပျက်၏။ မရေမတွက်နိုင်သောအစိတ်အပိုင်းများ ပျံ့ကြဲသွားသည်။ ထိုအစိတ်အပိုင်းများထဲတွင် အစွမ်းထက်အားတစ်ခု ပါဝင်၏။ ထိုမြင်ကွင်းသည် ကောင်းကင်ဘုံဂီတကလန်မှ ကျင့်ကြံသူအားလုံးကို တုန်လှုပ်စေပြီး သူတို့ကို ကြောက်လန့်တကြားနှင့် အမြန်နောက်ဆုတ်စေတော့သည်။

လူတစ်ယောက်၊ လက်ဝါးတစ်ချက်၊ ခြေတစ်လှမ်းဖြင့် လောကကို တုန်လှုပ်စေခဲ့လေပြီ။

“ထာဝရကလန်ကို သွားတဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ဖွင့်လိုက်၊ မင်းတို့အားလုံးရဲ့ မူလသလင်းကျောက်တွေကိုလည်း ယူလာခဲ့ကြ…”

ဝမ်လင်းသည် သူ့ရှေ့ရှိ ကျင့်ကြံသူများကို အေးစက်စက်ကြည့်သည်။

ငြင်းဆန်နိုင်မည့် အခွင့်အရေးလုံးဝ မရှိပေ။ သည်စကားလုံးများသည် ကောင်းကင်ဘုံမှ သက်ဆင်းလာသကဲ့သို့ ကောင်းကင်ဘုံဂီတကလန် အနှံ့တွင် ပျံ့နှံ့သည်။ ကျင့်ကြံသူအားလုံး၏စိတ်မှာ တုန်ယင်ကြ၏။ မည်သူကမျှ မနာခံဘဲ မနေဝံ့ကြပေ။

ကောင်းကင်ဘုံဂီတကလန်၏ ကလန်ခေါင်းဆောင်အသစ်မှာ ချွေးများ ရွှဲနစ်နေ၏။ သူသည် ဝမ်လင်းကို ကြောက်လန့်စွာ ကြည့်နေမိသည်။ သူသည် ဝမ်လင်း၏ အံ့မခန်းတောက်ပမှုကို ထာဝရကလန်၌ တွေ့မြင်ခဲ့ဖူးကာ အရင်ကလန်ခေါင်းဆောင်သေဆုံးခဲ့ရသည်ကိုလည်း ကိုယ်တိုင် တွေ့မြင်ခဲ့ရသေးသည်။

“ဒီလူဟာ ကလန်ခေါင်းဆောင်နဲ့ အကြီးအကဲခေါင်းဆောင်တို့ကို လွန်ခဲ့တဲ့ဆယ်နှစ်ထဲက အလွယ်တကူ သတ်ပစ်နိုင်တယ်။ နတ်ဘုရားကလန်တောင် သူ့ကို မသတ်နိုင်ခဲ့ဘူး။ အခု ဆယ်နှစ်ကြာပြီးတဲ့နောက် သူ ပြန်ရောက်လာခဲ့ပြီ။ အရင်ကထက်လည်း ပိုကြောက်မက်ဖွယ် ကောင်းသွားပြီ။ ဒီလိုလူကို မစော်ကားသင့်ဘူး…”

ကောင်းကင်ဘုံဂီတကလန်သည် ထာဝရကလန်ထံ ရွှေ့ပြောင်းနိုင်သည့် အစီအရင်ကို စတင် အသက်သွင်းသည်။

ခုချိန်တွင် ကောင်းကင်ဘုံဂီတကလန်တစ်ခုလုံးသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသက်သွင်းနိုင်ရန် စတင် လုပ်နေကြသည်။ကလန်ခေါင်းဆောင်သစ်သည် စိတ်ထဲ၌ ငိုကြွေးနေမိသည်။ သူသည် သည်မိစ္ဆာကောင်ကို အဝေးသို့ မြန်မြန် ထွက်သွားစေချင်နေ၏။ သူသည် ဝမ်လင်းကို စော်ကားမိမည်ကို လန့်နေမိသည်။ အတိတ်တုန်းက ဝမ်လင်းသည် အရင်ကလန်ခေါင်းဆောင်ကို သတ်ပစ်ခဲ့ဖူး၏။ သည်နေ့တွင်လည်း သူ့ကို ထိုစဉ်ကလို ထပ်မံ သတ်ပစ်လာနိုင်သည် မဟုတ်လား။

မူလသလင်းကျောက်များ ပါဝင်သော သိုလှောင်အိတ်ကို ထုတ်ယူလိုက်ပြီးနောက် ဝမ်လင်းသည် အစီအရင်အတွင်းသို့ အဘွားအိုနှင့်အတူ ခြေချလိုက်၏။ အဘွားအိုသည် ဤအဖြစ်အပျက်များကြောင့် အတော်လေး တုန်လှုပ်နေခဲ့ရပြီး ဖြစ်သည်။ သူမသည် သူမ၏အချိန်အများစုကို နတ်ဆိုးကလန်၏ တိုက်ပွဲကွင်းပြင်တွင် ကုန်ဆုံးခဲ့ကာ လွန်ခဲ့သောဆယ်နှစ်က မည်သို့ဖြစ်ပျက်ခဲ့သည်ကို သိ မထားခဲ့ပေ။ သူမက အခုသည်နေရာရှိ အဖြစ်အပျက်များကို တွေ့မြင်ရချိန်တွင် ကိုယ့်မျက်လုံးကို မယုံနိုင် ဖြစ်နေမိသည်။

သူမသည် ကောင်းကင်ဘုံဂီတကလန်၏ ကလန်ခေါင်းဆောင်နှင့်အကြီးအကဲများသည် ဝမ်လင်းကို အလွန်အမင်းကြောက်လန့်နေကြသည်ကို တွေ့မြင်နေရ၏။

သူမသည် မူလသလင်းကျောက်ကိစ္စကို စိတ်ပူနေခဲ့၏။ သို့သော်အခု ကောင်းကင်ဘုံဂီတကလန်က ဝမ်လင်းထံ သိုလှောင်အိတ် ကမ်းပေးလိုက်သည်ကို တွေ့မြင်လိုက်သည့်အခါ သူမ ခါးသီးစွာသာ ပြုံးနိုင်တော့၏။ စကားတစ်ခွန်းဖြင့်ပင် ဝမ်လင်းသည် မူလသလင်းကျောက်များကို စုဆောင်းပြီးခဲ့ပြီ မဟုတ်လား။

“ထာဝရကလန်က မူလသလင်းကျောက်တွေ လာတောင်းရင်တောင် ဒီကောင်းကင်ဘုံဂီတကလန်က အခုလောက်မြန်မြန် လှုပ်ရှားမှာ မဟုတ်တာ ငါ စိုးရိမ်မိတာ။ သူတို့က အခု ဝမ်လင်းကို ပေးသလိုမျိုး အကုန်မပေးလိုက်တာတောင် ဖြစ်နိုင်တယ်…”

ဝမ်လင်းသည် ထိုအဘွားအိုနှင့်အတူ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အတွင်းသို့ ခြေချကာ ပျောက်ကွယ်သွားတော့၏။ အဆင့်ရှစ်ဒေသသို့ တိုက်ရိုက်ပို့ဆောင်ပေးနိုင်သော ဒီလိုအစီအရင်မှာ စောင့်နေရန် မလိုအပ်ချေ။ ထာဝရကလန်ကို ရောက်ရန် တဒင်္ဂသာ ကြာမြင့်မည် ဖြစ်၏။

ဝမ်လင်းက ကိုယ်တိုင်ကိုယ်ကျ ထွက်သွားသည်ကို တွေ့မှ သူတို့သည် စိတ်သက်သာရာ ရသွားကြ၏။ သူသည် ဗလာကင်းမဲ့သွား တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နှင့် ကျိုးပျက်သွားသောအကာအကွယ်အစီအရင်တို့ကို ကြည့်ကာ ကြောက်လန့်မှု တွယ်ငြိနေတုန်းပင်။

“နောက်ဆုံးတော့ ငါတို့ ဒီလူ့ကို ပို့ဆောင်ပေးလိုက်နိုင်ပြီ။ မူလသလင်းကျောက်တွေနဲ့ ပတ်သတ်လို့တော့ မေ့ထားလိုက်ကြတော့။ သူသာ ကောင်းကင်ဘုံဂီတကလန်ကို လိုချင်တယ်လို့ ပြောလာရင်တောင် သူ မြန်မြန် ထွက်သွားဖို့အတွက် ငါ သူ့ကို ပေးမိမှာပဲ…”

အဆင့်ရှစ်ကလန်၊ ထာဝရကလန်ပိုင်ဆိုင်သော ဂြိုဟ်များထဲမှ တစ်ခုပေါ်ရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် ရုတ်တရက် လင်းလက်လာ၏။ အလင်းများ သိပ်သည်းလာသည်။

“ထာဝရကလန်ရဲ့ ရတနာတစ်ခုကို ငါ ရဖို့ လိုတယ်…” ဝမ်လင်းသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကနေ လှမ်းလျှောက်ထွက်လာကာ လွန်ခဲ့သောဆယ်နှစ်က သူ ရောက်ရှိခဲ့သော ထာဝရကလန်သို့ ရောက်ရှိလာခဲ့ပေပြီ။

***

All Chapters