အခန်း ၁၃၂
Vol. 14 Ch. 132
အခန်း ၁၃၂ - အဆင့်၉ကို သတ်ဖြတ်ခြင်း။
အသံပို့လွှတ်သည့် ကျောက်စိမ်းပြားထဲတွင် စကားလုံးနှစ်လုံးသာ ပါရှိ၏။
“ပြင်ဆင်”
သတင်းအချက်အလက် နည်းပါးလေလေကျောက်စိမ်းပြား၏ စွမ်းအင်စားသုံးမှု နည်းပါးလေလေ ဖြစ်သည်
ပိုင်ရှင်းယန်က အဝေးမှ ပျံသန်းလာပြီး ပြောလိုက်၏။
“သူတို့ လှုပ်ရှားလိုက်ပြီ။ ဝေ့ဝူ... မင်းရဲ့ ရုပ်သေးကို မြန်မြန်ဆင့်ခေါ်ပြီး ဒီမှာ ခြုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်လိုက်တော့။”
ဝေ့ဝူက ခေါင်းညိတ်ကာ သူ၏ညာလက်ကို ဝေ့ယမ်းလိုက်ရာ Belial ပေါ်လာ၏။
Belial ၏ ကိုယ်ထည်မှာ အနီနက်ရောင်ရှိပြီး ကော့ညွှတ်နေသော မျက်ဝန်းများ အလွန်ရက်စက်ကြမ်းကြုတ်သော မျက်နှာနှင့် ထွားကျိုင်းကာ ဖိအားပေးနိုင်သော ရုပ်ခန္ဓာရှိသည်။
“ဒီရုပ်သေးက... အရမ်းမိစ္ဆာဆန်တာပဲ။”
ပိုင်ရှင်းယန်က ပြောလိုက်၏။
“အကြီးအကဲပိုင်... ကျွန်တော်တို့ မြန်မြန်ဆုတ်ခွာသင့်တယ်။”
ပိုင်ရှင်းယန်သည် မန်ရှင်း အဆင့် ၇ သာ ရှိသဖြင့် မန်ရှင်း အဆင့် ၉ ကျင့်ကြံသူများ၏ တိုက်ပွဲတွင် ပါဝင်နိုင်ခြင်းမရှိပေ။
ပိုင်ရှင်းယန်က ခေါင်းညိတ်ကာ ဝေ့ဝူနှင့်အတူ Belial ၏အနားမှ ခွာလိုက်ကြလေ၏။
“ဒီတစ်ခါ မိသားစုအတွက် တိုက်ခိုက်ပေးမယ့် မန်ရှင်း အဆင့် ၉ ကျွမ်းကျင်သူက ဘယ်သူလဲ။”
ဝေ့ဝူက မေးလိုက်၏။
“စတုတ္ထအကြီးအကဲ ပိုင်ဟူချန်ပဲ။”
ဝေ့ဝူ ခေါင်းညိတ်လိုက်သည်။ စတုတ္ထအကြီးအကဲ ပိုင်ဟူချန်၏ နာမည်ကို သူ ယခင်က ကြားဖူးပေ၏။
“ဦးလေးက ပြောတယ် အကယ်၍ မိစ္ဆာကျင့်ကြံသူက ဒီဘက်ကို ထွက်ပြေးလာရင် သူ တိကျတဲ့ တည်နေရာကို အကြောင်းကြားလိမ့်မယ်တဲ့။”
“အကြီးအကဲပိုင်... ကျွန်တော်တို့ လမ်းခွဲပြီး ပုန်းနေရအောင်။”
“ဒါတော့မဖြစ်ဘူး။ မင်းက ရုပ်သေးကို ထိန်းချုပ်ရမှာဆိုတော့ အဝေးကြီးကို သွားလို့မရဘူး။ ငါ မင်းကို ကာကွယ်ပေးနိုင်အောင် ငါ့ဘေးမှာပဲ နေတာ အကောင်းဆုံးပဲ။”
“ဒီဂျူနီယာမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။”
ဝေ့ဝူ၏ အတင်းအကျပ် တောင်းဆိုမှုကို မြင်သောအခါ ပိုင်ရှင်းယန်က နောက်ဆုံးတွင် သဘောတူလိုက်၏။
ယခုအခါ ဝေ့ဝူတစ်ယောက်တည်း ဖြစ်သွားသဖြင့် သူသည် လျှပ်စစ်အပူစက်အသေးစားကို ကိုင်ဆောင်လိုက်သည်။
“တစ်ချိန်လုံး လက်နဲ့ လှည့်နေရတာက အရမ်းဒုက္ခများတာပဲ။”
ဝေ့ဝူက ညည်းတွားလိုက်လေ၏။
သူသည် လီဗာမောင်းတံကို မောင်းနှင်ရန် ဝိညာဉ်စွမ်းအင်ကို သုံးနိုင်သော်လည်း လမ်းကြောင်းကို ချိန်ညှိနေရသောကြောင့် ဝေ့ဝူသည် သူ၏အာရုံကို တစ်ချိန်လုံး စိုက်ထားရသည်။
“ဒီပြဿနာကို တစ်ခါတည်းနဲ့ အပြတ်ရှင်းနိုင်မယ့် နည်းလမ်းရှိမလား။”
သူ ခဏမျှ စဉ်းစားပြီးနောက် မှော်ရတနာ
တစ်ခုကို ထုတ်ယူလိုက်သည်။ ဤမှော်ရတနာသည် ပထမအဆင့်သာဖြစ်၏။
အကယ်၍ ၎င်း၏လမ်းကြောင်းကို တမင်တကာ မထိန်းချုပ်ပါက ဝိညာဉ်စွမ်းအင်ဖြင့် မောင်းနှင်ပြီးနောက် ၎င်းသည် ရှေ့တည့်တည့်သို့ ပျံသန်းသွားမည်ဖြစ်ပေသည်။
ဝေ့ဝူသည် မှော်ရတနာကို လီဗာမောင်းတံနှင့် ကိုးဆယ်ဒီဂရီထောင့်တွင် ထားရှိကာ မီးလုံးမန္တန်ကို အသုံးပြု၍ ၎င်းတို့ကို ဂဟေဆော်လိုက်သည်။
၎င်း၏ အခြေခံသဘောတရားမှာ ဤသို့ဖြစ်၏။
ဂျင်နရေတာ လီဗာမောင်းတံ ရတနာ။
အထက်ပါ ပုံကြမ်းတွင် ပြထားသည့်အတိုင်း ဂျင်နရေတာနှင့် မှော်ရတနာကို အလျားလိုက်ထားရှိပြီး လီဗာမောင်းတံဖြင့် ချိတ်ဆက်ထား၏။
မှော်ရတနာကို အသက်သွင်းလိုက်သည်နှင့် ၎င်းသည် အပေါ်သို့ ဦးတည်သော အားကို ရရှိမည်ဖြစ်သည်။
ဤနည်းဖြင့် လီဗာမောင်းတံသည် လက်ယာရစ်ပြောင်းပြန်လည်ပတ်စေမည်ဖြစ်၏။
မှော်ရတနာနှင့် လီဗာမောင်းတံကို ဂဟေဆော်ထားသောကြောင့် သက်ရောက်အား၏ လမ်းကြောင်းသည် အလိုအလျောက် ပြောင်းလဲသွားမည်ဖြစ်ပြီး လီဗာမောင်းတံနှင့် အမြဲတမ်း ထောင့်မှန်ကျနေမည်ဖြစ်သည်။
ဆိုလိုသည်မှာ လီဗာမောင်းတံသည် ထောင့်မှန်ကျသော သက်ရောက်အားကို အမြဲတမ်း ခံရမည်ဖြစ်ပြီး ဆက်တိုက် လည်ပတ်နေမည်ဖြစ်သည်။
ဤနည်းဖြင့် ဝေ့ဝူက မှော်ရတနာထံသို့ ဝိညာဉ်စွမ်းအင်ကို ဆက်တိုက် ပေးပို့နေသရွေ့ ဂျင်နရေတာသည် ဆက်တိုက် လည်ပတ်နေမည် ဖြစ်၏။
သူသည် မိမိကိုယ်တိုင် လုပ်ဆောင်ရန် မလိုဘဲ ဝိညာဉ်ကျောက်တုံးမျာကို သုံး၍ပင် စွမ်းအင်ပေးနိုင်သည်။
လည်ပတ်နေသော တံကို ဆွဲရန် အလွန်နည်းပါးသော အားသာ လိုအပ်သဖြင့် သာမန်လူသားတစ်ဦးပင် လုပ်ဆောင်နိုင်ပြီး ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းနှင့်ပင် အချိန်အတော်ကြာ ခံနိုင်သည်။
ဝေ့ဝူ စမ်းသပ်ကြည့်ရာ အောင်မြင်သွားခဲ့၏။
သူသည် ဂျင်နရေတာကို ဝိညာဉ်ကျောက်တုံးဖြင့် စွမ်းအင်ပေးကာ မြေကြီးထဲသို့ တိုးဝင်ပုန်းကွယ်နေလိုက်လေသည်။
ထို့နောက် ဝေ့ဝူသည် သူ၏ခေါင်းတစ်ဝက်ကို မြေကြီးထဲမှ ပြူထွက်ကာ အဝေးက ကောင်းကင်ယံကို စတင်စောင့်ကြည့်နေတော့၏။
ယုတ္တိဗေဒအရ မိစ္ဆာကျင့်ကြံသူသည် မြောက်ဘက်မှ ထွက်ပြေးလာပေလိမ့်မည်။
နာရီဝက်ခန့် ကြာပြီးနောက် အသံပို့လွှတ်သည့် ကျောက်စိမ်းပြားထံမှ နောက်ထပ် သတင်းစကားတစ်ခု ရောက်လာ၏။
ဝေ့ဝူသည် Belial ကို အနောက်ဘက်သို့ မိုင်အနည်းငယ် ခေါ်ဆောင်သွားခဲ့သည်။ မိစ္ဆာကျင့်ကြံသူကို ဤနေရာသို့ မောင်းထုတ်လာနေသည်ဟု ဆိုသည်။
မကြာမီပင် မိုးကုတ်စက်ဝိုင်းတွင် မည်းမှောင်နေသော အစုအဝေးတစ်ခု ပေါ်လာတော့၏။ လှိမ့်ဝင်လာသော တိမ်တိုက်နက်များကြားတွင် ဆံပင်ဗရုတ်ဗရက်နှင့် ထွားကျိုင်းသော လူတစ်ယောက် ရှိနေလေပြီ။
ထိုသူသည် ရင်ဘတ်ကို ဗလာကျင်းထားပြီး လည်ပတ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖြူဖျော့ဖျော့ ပုတီးစေ့တစ်ကုံးကို ဆွဲထားကာ အလွန်ကြမ်းကြုတ် ခက်ထန်ပုံပင်။
သူ့ကို ကာကွယ်ပေးထားသည့်အလား သူ့ပတ်ပတ်လည်တွင် မည်းမှောင်နေသော ခေါင်းတလား ခြောက်လုံး ပျံသန်းနေတော့၏။
ဝေ့ဝူ၏ မျက်နှာအမူအရာ တင်းမာသွားကာ သူသည် ကောင်းကင်ကိုဖုံးလွှမ်းခြင်းကို အလျင်အမြန် သုံးလိုက်ပြီး မည်သည့်အရှိန်အဝါကိုမျှ မထုတ်လွှတ်ဝံ့တော့ချေ။
မန်ရှင်း အဆင့် ၉ ကျွမ်းကျင်သူတစ်ဦး၏ ရှေ့မှောက်တွင် မည်သည့်အချိန်မဆို သေသွားနိုင်သည်လော။
မိစ္ဆာကျင့်ကြံသူသည် လျင်မြန်စွာ ချဉ်းကပ်လာရာ ဝေ့ဝူသည် အဝေးရှိ Belial ထံသို့ တိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့၏။
ရုတ်တရက် မြေပြင်အပြားပေါ်တွင် မိုးခြိမ်းသံများ ပေါက်ကွဲထွက်လာလေတော့သည်။
ခရမ်းနီရောင် မိုးကြိုးတစ်ချက်သည် မြေပြင်မှ ထပျံကာ မိစ္ဆာကျင့်ကြံသူထံသို့ ပြေးဝင်သွား၏။
တစ်ချိန်တည်းမှာပင် Belial သည် မိစ္ဆာစွမ်းအားများ ဝန်းရံလျက် ပေါ်လာပြီး မိစ္ဆာကျင့်ကြံသူ၏ လမ်းကို ပိတ်ဆို့လိုက်သည်။
“ဘယ်သူလဲ။”
မိစ္ဆာကျင့်ကြံသူသည် ဒေါသအမျက်ချောင်းချောင်း ထွက်သွားလေ၏။ သူက သူ၏လက်ကြီးကို ရှေ့သို့ ဝှေ့ယမ်းလိုက်ရာ ခေါင်းတလားတစ်ခုက မိုးကြိုးတိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။
“ဟင် ရုပ်သေးလား။”
“ဘယ်လိုဖြစ်ပြီး မန်ရှင်း အဆင့် ၉ ရုပ်သေးတစ်ရုပ်က ဒီဒေသမှာ ပေါ်လာနိုင်ရတာလဲ။”
မိစ္ဆာကျင့်ကြံသူသည် ထိတ်လန့်ခြင်းမရှိဘဲ ပို၍ အံ့ဩသွားပုံရ၏။
“ငါ့ကို ဘယ်သူမှ တားလို့မရဘူး။”
မိစ္ဆာကျင့်ကြံသူက ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးစိစိလုပ်ကာ ခေါင်းတလားနှစ်လုံးကို ထုတ်လွှတ်ပြီး Belial ထံသို့ ပစ်လွှတ်လိုက်လေတော့သည်။
Belial သည် သူ၏လက်ထဲတွင် ပါရှိသော Ultimate Battleizer ကို ကိုင်ဆောင်ကာညကာကွယ်ရန်အတွက် ၎င်း၏ခန္ဓာကိုယ်ရှေ့တွင် အလျားလိုက် ထားရှိလိုက်၏။
ထိုအရာနှစ်ခု တိုက်မိပြီး နောက်သို့ လွင့်ထွက်သွားတော့သည်။
ဤလောကရှိ Belial သည် မိစ္ဆာသားရဲများကို မထိန်းချုပ်နိုင်ခြင်းက နှမြောစရာပင်ဖြစ်သည်။ မဟုတ်ပါက ၎င်း၏တိုက်ခိုက်ရေးစွမ်းရည်မှာ ယခုထက် များစွာပိုမြင့်မားလိမ့်မည်။
ဤတိုက်မိမှုမှာ အဝေးရှိ ဝေ့ဝူသည် အနည်းငယ် စိတ်သက်သာရာ ရသွား၏။
ရုတ်တရက် အဝေးက ကောင်းကင်ယံမှ ဓားကြီးတစ်စင်း ပျံသန်းလာသည်ကို သူ မြင်လိုက်ရ၏။
ဤဓားသည် ပေတစ်ရာခန့် ရှည်လျားပြီး စူးရှသော အလင်းဖြူများ ထွက်ပေါ်နေကာ ၎င်းပတ်လည်တွင် နဂါးဖြူတစ်ကောင် ရစ်ပတ်ထားသည့်အလား အရှိန်အဝါမှာ ပြင်းထန်လှပေသည်။
မိစ္ဆာကျင့်ကြံသူသည် ကာကွယ်ရန်အတွက် ခေါင်းတလားတစ်ခုကို အလျင်အမြန် တွန်းထုတ်လိုက်တော့သည်။
၎င်းပေါ်တွင် ခရမ်းရောင်ရင့်ရင့် ဆန်းပြားသော အစီအရင်ပုံစံများ လင်းထိန်သွားကာ ၎င်းတိုက်ခိုက်မှုကို မနည်းပိတ်ဆို့လိုက်နိုင်သည့် ဝါးတားတား ဒိုင်းကာတစ်ခု ဖြစ်ပေါ်လာလေ၏။
ဓားကြီးသည် ပိတ်ဆို့ခြင်းခံလိုက်ရသော်လည်း တောက်ပစွာ လင်းထိန်သွားပြီး ရုတ်တရက် ဓားရိပ်ပေါင်း ရာချီအဖြစ် ကွဲထွက်ကာ မိစ္ဆာကျင့်ကြံသူကို ဝန်းရံရန် ဓားအစီအရင်တစ်ခု ဖြစ်ပေါ်လာတော့၏။
“ဒီအဖိုးကြီးအတွက် ကျန်ခဲ့စမ်း။”
ထိုအခါမှသာ ဓားကြီး၏ပိုင်ရှင်သည် မိုးကုတ်စက်ဝိုင်းမှ ပျံသန်းရောက်ရှိလာလေ၏။
၎င်းမှာ ဆံပင်ဖြူမုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ဦး ဖြစ်ပြီး အခြားဓားကြီးတစ်စင်းနှင့်အတူ သူ၏အရှိန်အဝါမှာ သက်တံကဲ့သို့ ခန့်ညားထည်ဝါလှပေသည်။
ထျန်းဓားဂိုဏ် မှ ချူးထင်ယီသည် မာကျောမှုနှင့် ပျော့ပျောင်းမှုကို ပေါင်းစပ်ထားသော ဓားသိုင်းပညာကို ကျင့်ကြံပြီး ဓားကြီးနှစ်စင်း ဖြစ်သည့် ရှင်းသတ္တုနှင့် ကန်းသတ္တုဓားတို့ကို ကိုင်ဆောင်လေသည်။
ရှင်းသတ္တုသည် ယင်ဖြစ်ပြီး ကန်းသတ္တုသည် ယန်ဖြစ်ရာ ယင်နှင့်ယန် ပေါင်းစပ်မှုက အမြင့်မြတ်ဆုံးဆုံးသော ဓားလမ်းစဉ်ကို ဖန်တီးပေး၏။
ချူးထင်ယီ၏ နောက်ကွယ်မှ နောက်ထပ် လူသုံးဦး ပေါ်လာပြီး ၎င်းတို့အားလုံးသည် ပိုင်မိသားစုမှ တစ်ဦးအပါအဝင် မန်ရှင်း အဆင့် ၉ ကျွမ်းကျင်သူများ ဖြစ်ကြသည်။
ထိုငါးဦးက မိမိကို ဝန်းရံထားသည်ကို မြင်သောအခါ မိစ္ဆာခေါင်းဆောင်သည် အခြေအနေမကောင်းကြောင်း အာရုံခံမိပုံရ၏။
ခေါင်းတလား ခြောက်လုံးက သူ၏ခန္ဓာကိုယ်ကို ထူးဆန်းသော ပုံစံဖြင့် ကာကွယ်ထားသည်။
“ဟင်း ငါ့တစ်ယောက်တည်းအတွက်နဲ့ မင်းတို့ အဖိုးကြီးငါးယောက်လုံး လှုပ်ရှားရတယ်ပေါ့။ ငါ တကယ်ပဲ ဂုဏ်ယူမိပါတယ်။”
“ဒါပေမဲ့ ငါမင်းတို့နဲ့ မကစားချင်တော့ဘူး။”
သူက လက်နှစ်ဖက်ကို ကောင်းကင်သို့ မြှောက်လိုက်ရာ ခေါင်းတလား ခြောက်လုံးသည် မတူညီသော လမ်းကြောင်း ခြောက်ခုသို့ ပျံထွက်သွားပြီး သူ၏ခန္ဓာကိုယ်မှာ အခိုးအလျှံနက်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
“ဒီထူးဆန်းတဲ့ ထွက်ပြေးတဲ့ပညာရပ်က တစ်ခါပြန်လာပြန်ပြီ။”
ချူးထင်ယီက တည်ကြည်သော အသံဖြင့် ပြောလိုက်၏။
ခေါင်းတလား ခြောက်လုံး၏ အရှိန်မှာ အလွန်ပြင်းထန်လှပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ပေါင်းများစွာ ပျံသန်းသွားတော့လေသည်။
ခေါင်းတလားများထဲမှ တစ်ခုသည် ရုတ်တရက် ပွင့်သွားပြီး မိစ္ဆာကျင့်ကြံသူသည် ၎င်းထဲမှ ထွက်ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် အခြားခေါင်းတလား ငါးလုံးသည် အခြားနေရာများတွင် ပျောက်ကွယ်သွားပြီး အရုပ်ဆင့်ကဲ့သို့ ဤခေါင်းတလားထဲမှပင် ပြန်လည်ပေါ်ထွက်လာပြန်သည်။
“ဒီလူယုတ်မာက ဒီမှာ လာပြီး ပြဿနာရှာရဲတယ် ငါတို့ သူ့ကို လုံးဝလွှတ်မပေးနိုင်ဘူး။ ဆက်လိုက်ကြ။”
စတုတ္ထအကြီးအကဲ ပိုင်ဟူချန်က အော်ဟစ်လိုက်၏။ အကယ်၍ သူ ထွက်ပြေးနိုင်သွားပါက ရယ်စရာ ဖြစ်သွားပေလိမ့်မည်။
သူတို့ လေးဦးသည် တည်ကြည်သော မျက်နှာများဖြင့် လိုက်လံဖမ်းဆီးကြတော့၏။
သို့သော် Belial သည် ချက်ချင်းမလှုပ်ရှားပေ။ ၎င်းအစား လက်နှစ်ဖက်ကို မြှောက်ကာ ပြင်းထန်သော စွမ်းအင်များကို စုဆောင်းပြီး စူးရှတောက်ပသော အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။
၎င်းမှာUltraman Belialယ၏ အလင်းတန်းပညာရပ်ဖြစ်ပြီး သူ၏ အဆုံးသတ်ဗျူဟာလည်း ဖြစ်သော Deathcium Rayပင် ဖြစ်တော့သည်။.
ထိုအလင်းတန်း၏ အရှိန်သည် သာမန်မှော်ရတနာများထက် များစွာသာလွန်လှရာ ချူးထင်ယီ၏ ဓားပင်လျှင် ၎င်းနှင့်ယှဉ်ပါက အရောင်မှိန်သွားရလေသည်။
မိစ္ဆာကျင့်ကြံသူသည် ထိုလှုပ်ရှားမှုကို အာရုံခံမိပြီး ကာကွယ်ရန်အတွက် ခေါင်းတလားတစ်ခုကို ထုတ်လွှတ်လိုက်သော်လည်း အလင်းတန်းသည် ခေါင်းတလားပေါ်သို့ ကျရောက်ပြီးနောက် အရည်ကဲ့သို့ စီးဆင်းသွားပြီး သူ့ကို ဖုံးလွှမ်းသွားလေတော့၏။
သူသည် ပြင်းထန်သော စွမ်းအင်တစ်ခု မိမိထံသို့ ပြေးဝင်လာကြောင်းသာ ခံစားလိုက်ရသည်။
မိစ္ဆာကျင့်ကြံသူသည် စူးရှစွာ အော်ဟစ်လိုက်ပြီး အောက်သို့ ဘုန်းခနဲ ပြုတ်ကျသွားတော့သည်။
“အခွင့်အရေးပဲ။”
ထိုလေးဦးသည် အလွန်ဝမ်းမြောက်သွားကြပြီး ဝန်းရံတိုက်ခိုက်ရန် မိမိတို့၏ နည်းလမ်းအသီးသီးကို အလျင်အမြန် သုံးလိုက်ကြ၏။
Belial သည် ဒက်ဆီယမ်ရောင်ခြည်ကို ပစ်လွှတ်ပြီးနောက် စွမ်းအင်အလွန်အကျွံ သုံးစွဲလိုက်ရခြင်းကြောင့် ဖြစ်နိုင်သည်
သူ၏အရှိန်အဝါမှာ ရုတ်တရက် ကျဆင်းသွားသော်လည်း ဆက်လက်ပျံသန်းသွားဆဲဖြစ်၏။
ဝေ့ဝူသည် Belial ကို အနည်းငယ် နှေးကွေးစွာ ပျံသန်းစေခဲ့သည် မဟုတ်ပါက မြေအောက်တွင် သူ၏အရှိန်မှာ အလွန်နှေးကွေးသောကြောင့် လိုက်မီနိုင်မည်မဟုတ်ပေ။
သူ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ရောက်ရှိပြီး ကြည့်လိုက်သောအခါ ပေထောင်ချီမြင့်သော တောင်ထိပ်မှာ ပေါက်ကွဲပျက်စီးသွားပြီး တောင်တွင်းရှိ ကျောက်တုံးများမှာ မှုန့်မှုန့်ညက်ညက် ကြေမွသွားကာ မိစ္ဆာသားရဲ အလောင်းများစွာပင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။
တောင်စောင်းတစ်ခုကို ကြည့်လိုက်သောအခါ ပေရာခီကျယ်ဝန်းသော ချိုင့်ခွက်ကြီးတစ်ခု ရှိနေ၏။ မိစ္ဆာကျင့်ကြံသူသည် ဒဏ်ရာဗလာပွနှင့် ဗဟိုတွင် လဲလျောင်းနေပြီး သူ၏ပတ်ပတ်လည်တွင် ခေါင်းတလား ခြောက်လုံး ပြန့်ကျဲနေကာ ၎င်းတို့အနက် နှစ်လုံးမှာမူ အဖုံးများပင် ကြေမွပျက်စီးနေပြီ ဖြစ်သည်။
ဝေ့ဝူက စိတ်ထဲတွင် တွေးလိုက်မိ၏။
“ရလဒ်ကတော့ ပေါ်သွားပြီထင်တယ်။ ဒီမိစ္ဆာကျင့်ကြံသူက ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ မန်ရှင်း အဆင့် ၉ ကျွမ်းကျင်သူ ငါးယောက်ရဲ့ ဝန်းရံတိုက်ခိုက်မှုကိုတော့ မခံနိုင်ဘူး။”
ကောင်းကင်ယံတွင် ချူးထင်ယီသည် ဆန်းပြားသော ဓားမန္တန်တစ်ခုကို ဖော်ဆောင်လိုက်ရာ ယင်နှင့်ယန် ရွှေဓားအစုံသည် ဓားရိပ်ပေါင်း ထောင်ချီကို ပြသလျက် မိစ္ဆာကျင့်ကြံသူထံသို့ တိုးဝင်သွားတော့သည်။
ကြီးမားသော ဓားအစီအရင်တစ်ခု ဖြစ်ပေါ်လာပြီး ရုတ်တရက် ဓားစွမ်းအင်များထွက်ပေါ်လာကာ မိစ္ဆာကျင့်ကြံသူကို အသားစ မြေစာစ ဖြစ်အောင် မွှေနှောက်ဖျက်ဆီးပစ်လိုက်တော်လေ၏။
ကြေမွနေပြီးသား မြေကြီးများပင်လျှင် ပိုမိုနုပ်နုပ်စင်းသွားရလေတော့သည်။
“မိစ္ဆာခေါင်းဆောင်ကို သတ်ဖြတ်ပြီးပြီ။”
စတုတ္ထအကြီးအကဲ ပိုင်ဟူချန်၏ အသံမှာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာတော့သည်။