← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃ - ပညာရေးဆိုင်ရာ ပြဿနာများ။

ဝေ့ဝူသည် မြေအောက်ထဲမှ ထွက်လာပြီးနောက် ဂျင်နရေတာနှင့် လျှပ်စစ်အပူစက်ဆအသေးစားကို သိမ်းဆည်းလိုက်သည်။

တိုက်ပွဲဖြစ်ပွားရာနေရာသို့ ပျံသန်းသွားသောအခါ မန်ရှင်း အဆင့် ၉ ကျင့်ကြံသူလေးဦးသည် မြေပြင်သို့ ဆင်းသက်ပြီးနေပြီဖြစ်၏။

စတုတ္ထအကြီးအကဲ ပိုင်ဟူချန်က မိစ္ဆာကျင့်ကြံသူ၏ သိုလှောင်အိတ်ကို သိမ်းဆည်းကာ လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်သည်။

"အားလုံးပဲ ကူညီပေးကြတဲ့အတွက် များစွာကျေးဇူးတင်ပါတယ်။"

လူတိုင်းက ၎င်းသည် မိမိတို့၏တာဝန်သာဖြစ်ပြီး ကျေးဇူးတင်ရန်မလိုကြောင်း ပြန်လည်ပြောကြားခဲ့ကြလေ၏။

ဝေ့ဝူသည် Belial ကို ပြန်လည်သိမ်းဆည်းရန် ပြင်လိုက်စဉ် စတုတ္ထအကြီးအကဲ ပိုင်ဟူချန်ကတားလိုက်သည်။

"ခဏနေဦး မင်းက ဝေ့ဝူ ဖြစ်ရမယ်။"

ဝေ့ဝူက အလျင်အမြန် ဦးညွှတ်လိုက်၏။

"စတုတ္ထအကြီးအကဲ ဝါဝရပြုပါတယ်။"

ပိုင်မိသားစု၏ အကြီးအကဲများအနက် စတုတ္ထအကြီးအကဲ ပိုင်ဟူချန်သည် နံပါတ်လေးနေရာတွင် ရှိနေပေသည်။

"စောစောက မိစ္ဆာကျင့်ကြံသူ ထွက်ပြေးဖို့ ကြိုးစားတုန်းက မင်းရဲ့ရုပ်သေးက မန္တန်တစ်ခုသုံးပြီး သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တာပဲ။ ငါ ပိုင်ဟူချန် သက်တမ်းနှစ်ရာကျော် နေလာခဲ့ပေမဲ့ ဒီလိုမန္တန်မျိုး တစ်ခါမှမမြင်ဖူးသလို မန်ရှင်း အဆင့် ၉ ရုပ်သေးမျိုးကိုလည်း မတွေ့ဖူးဘူး။ ငါ စိတ်ဝင်စားလို့ တစ်ချက်လောက် ကြည့်ပါရစေဦး။"

စတုတ္ထအကြီးအကဲ ပိုင်ဟူချန်သည် Belial ၏ ဘေးနားသို့ ရောက်ရှိလာပြီး ခေါင်းကို ညင်သာစွာ ညိတ်ရင်း လေ့လာကြည့်ရှုနေ၏။

သို့သော် သူသည် လွန်လွန်ကဲကဲ လှုပ်ရှားမှုမျိုး တစ်စုံတစ်ရာ မပြုလုပ်ခဲ့ချေ။

ချူးထင်ယီနှင့် အခြားသူများလည်း ဝန်းရံလာကြပြီး Belial ကို အံ့ဩတသစွာ ငေးမောကြည့်ရှုကြလေသည်။

၎င်းတို့၏ အတွေ့အကြုံနှင့် သက်တမ်းအရ ၎င်းတို့ကို တုန်လှုပ်စေနိုင်သည့်အရာ အလွန်နည်းပါးသော်လည်း မန်ရှင်း အဆင့် ၉ ရုပ်သေးတစ်ရုပ်ကမူ ခြွင်းချက်ဖြစ်သည်။

လူတစ်ဦးက ပြောလိုက်လေ၏။

"ငါလည်း ရုပ်သေးတွေအပေါ် တော်တော်စိတ်ဝင်စားတာ ဒါပေမဲ့ နှမြောစရာကောင်းတာက စွမ်းအားကြီးတဲ့ ရုပ်သေးဂိုဏ်း တစ်ခုက ချင်းလုံဂိုဏ်းဒေသထဲမှာ တစ်ခါမှ ပေါ်မလာခဲ့ဖူးဘူး။ ဝေ့ဝူက ငါ့ရဲ့အမြင်ကို တကယ်ပဲ ကျယ်ပြန့်စေခဲ့ပါတယ်။"

ဝေ့ဝူက လူကြီးလူကောင်းများ ဝန်းရံထားခြင်း ခံနေရသဖြင့် သမင်ပျိုလေးတစ်ကောင်ကဲ့သို့ ယဉ်ကျေးသိမ်မွေ့စွာဖြင့် နှိမ့်ချစွာ ပြန်လည်ပြောဆိုခဲ့၏။

ခဏမျှ ချီးကျူးကြည့်ရှုပြီးနောက် စတုတ္ထအကြီးအကဲ ပိုင်ဟူချန်ကဆိုပြန်သည်။

"ပင်ပန်းရကျိုးနပ်ပါတယ် ဝေ့ဝူ အခု ရုပ်သေးကို သိမ်းဆည်းနိုင်ပါပြီ။"

ဝေ့ဝူသည် လက်နှစ်ဖက်ဆုပ်ကာ Belial ကို သိမ်းဆည်းလိုက်တော့သည်။

"အခု မိစ္ဆာကျင့်ကြံသူကို ချေမှုန်းပြီးပြီဆိုတော့ အားလုံးပဲ အရင်ဆုံး ထွက်ခွာနိုင်ပါပြီ။ နောက်မှ ငါ့ရဲ့ ပိုင်မိသားစုဆီမှာ လာရောက်စုဝေးကြပါ၊ ငါ အောင်ပွဲခံစားသောက်ပွဲ ပြင်ဆင်ထားပါတယ်။"

ထိုလူများ ထိုနေရာမှ ထွက်ခွာသွားကြတော့သည်။

သို့သော် စတုတ္ထအကြီးအကဲ ပိုင်ဟူချန်သည် ထွက်မသွားသေးဘဲ ဝေ့ဝူကို ထပ်ပြောလိုက်၏။

"ဝေ့ဝူ... မင်းနဲ့ ဒီမှာဆုံတုန်း ပြောစရာတစ်ခုရှိတယ်။ နောက်ထပ် ဆယ်ရက်ကြာရင် ငါ့ရဲ့ ပိုင်မိသားစုက အင်အားစုအတော်များများကို စုစည်းပြီး ကြယ်စုဆောင်းခြင်းအစည်းအဝေး တစ်ခု ကျင်းပလိမ့်မယ်။ တည်နေရာက ယင်ယန်မြို့ရဲ့ တောင်ဘက်က တာ့ယွမ်တောင်ပဲ။ မင်းတို့ ဝေ့မိသားစုလည်း လူလွှတ်ပြီး တက်ရောက်နိုင်သလို မင်းလည်း လာခဲ့နိုင်ပါတယ်။"

ကြယ်များကို စုဆောင်းခြင်းသည် စိတ်နှလုံးများကို စုစည်းခြင်းဖြစ်ပေသည်။ ဤကာလအတွင်း မပြတ်တမ်းဖြစ်ပွားနေသော မငြိမ်မသက်မှုများကြောင့် ပိုင်မိသားစု၏ ဤလှုပ်ရှားမှုမှာ စိတ်ဓာတ်များကို တည်ငြိမ်စေရန် ရည်ရွယ်ခြင်း ဖြစ်၏။

ဝေ့ဝူသည် လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်လိုက်လေသည်။

"ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ် စတုတ္ထအကြီးအကဲ။"

ထို့နောက် သူသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မြေအောက်တွင် မိမိမြင်တွေ့ခဲ့ရသည့် အရာများကို စတုတ္ထအကြီးအကဲ ပိုင်ဟူချန်အား အသိပေးရန် ဆုံးဖြတ်လိုက်တော့၏။

ထိုအကြောင်းကို ကြားလိုက်ရသောအခါ စတုတ္ထအကြီးအကဲ ပိုင်ဟူချန်၏ မျက်နှာအမူအရာသည် ချက်ချင်း တည်ကြည်လေးနက်သွားပြီး ထပ်ခါတလဲလဲ အတည်ပြုမေးမြန်းခဲ့သည်။

"မင်းပြောတာ အမှန်ပဲလား။"

သူသည် ဝေ့ဝူ မြေလျှိုးမန္တန်ကို အသုံးပြုနိုင်သည်ဟူသော အချက်ကို လုံးဝ လျစ်လျူရှုလိုက်မိသည်အထိ ဤကိစ္စ၏ ကြီးလေးမှုကို ပြသနေလေ၏။

"ဒီနှစ်တွေမှာ မိစ္ဆာသားရဲတွေ ဘာလို့ နည်းပါးသွားတာလဲလို့ ငါ တွေးနေတာ သူတို့တွေအားလုံး မြေအောက်မှာ ပုန်းနေကြတာကိုး။"

"ဒီကိစ္စက အရမ်းအရေးကြီးတယ်။ ငါ ပထမအကြီးအကဲကို အစီရင်ခံဖို့ ချက်ချင်း ပြန်ရမယ်။ ဝေ့ဝူ... ငါ အရင်သွားတော့မယ်။"

သူသည် အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ထိုဒေသမှ ချက်ချင်း ထွက်ခွာသွားတော့လေသည်။

ဝေ့ဝူသည် ခေါင်းငုံ့ကာ စဉ်းစားလိုက်ပြီးနောက် ပရမ်းပတာဖြစ်နေသော တိုက်ပွဲမြေပြင်ကို တစ်ချက်ကြည့်ကာ ပိုင်ရှင်းယန်ကို နှုတ်ဆက်ပြီး ကူယွန်းတောင်တန်းထံသို့ ပျံသန်းသွားခဲ့သည်။

ဤအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သော နေရာသည် မြေဆီလွှာအသစ်များဖြင့် လုံးဝ တိတ်ဆိတ်နေ၏။

ရုတ်တရက် ဘယ်ကမှန်းမသိသော အနက်ရောင်အငွေ့အသက်အချို့ စုစည်းလာပြန်သည်။

ဤအငွေ့အသက်များသည် ဖယောင်းတိုင်မီးတောက်များကဲ့သို့ အလွန်သေးငယ်လှပေသည်။

ဖြည်းဖြည်းချင်း ၎င်းတို့သည် ကြီးထွားလာပြီး ပုံသဏ္ဌာန် ပေါ်လာကြသည်။

အများစုမှာ မြေခွေးတစ္ဆေများဖြစ်ကြသော်လည်း မြေခွေးအနွယ်ဝင်များ၊ ဝံပုလွေများ၊ မြွေများ၊ ငှက်များနှင့် လေလွင့်သရဲများလည်း ပါဝင်သည်။

"မလုကြနဲ့ မလုကြနဲ့ င့ါလို အဘွားကြီးကို သနားကြပါဦး။"

ရုပ်ဆိုးလှသော အဘွားအိုတစ်ဦးက အော်ဟစ်ငိုကြွေးလိုက်လေ၏။

ရုတ်တရက် ထိုအငွေ့အသက်များသည်အစုအဝေးကြီးတစ်ခု ပေါ်လာ၏။ ၎င်းမှာ တောင်မည်းမိစ္ဆာအိုကြီး ဖြစ်ပြီး၄င်းကကျိန်ဆဲလိုက်သည်။

"ငါနဲ့ ပြိုင်ရဲတဲ့ကောင်ကို ငါ အမှုန့်ကြိတ်ပစ်မယ်။"

ဤဧရိယာသည် မိစ္ဆာများနှင့် သရဲတစ္ဆေများဖြင့် ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။ ၎င်းတို့သည် မိစ္ဆာကျင့်ကြံသူ၏ ကြေမွနေသော အသားစများနှင့် မိစ္ဆာသားရဲများ၏ အလောင်းများကို ဝါးမြိုကြပြီး တစ်ခါတစ်ရံတွင် စားသုံးရန် မှော်ဆေးဝါးအနည်းငယ်ကိုပင် ရှာဖွေတွေ့ရှိကြ၏။

"ဒီအသားနဲ့ သွေးက အရမ်းစွမ်းအားကြီးတာပဲ။"

မြွေဟောက်ကြီးတစ်ကောင်က ဆို၏။

"ငါပြောမယ် အားလုံးပဲ ငါတို့တွေ ဒီလိုပဲ ရည်ရွယ်ချက်မရှိ လေလွင့်နေတာက လမ်းစမဟုတ်ဘူး။ ငါတို့ နေရာတစ်ခုရှာပြီး အင်အားစုတစ်ခု ထူထောင်ကာ ဒီလောကမှာ ခြေကုပ်ယူကြရင် မကောင်းဘူးလား။ ဒါဆိုရင် ငါတို့ လူတွေ ဒါမှမဟုတ် သားရဲတွေကို စားတဲ့အခါ ကလဲ့စားချေခံရမှာကို ကြောက်စရာမလိုတော့ဘူး။"

"ကောင်းတယ် ကောင်းတယ်။"

မိစ္ဆာအများအပြားက ထောက်ခံနေကြသည်။

ဤနေရာရှိ ကြေမွနေသော အသားစများကို ပြောင်စင်အောင် ဝါးမြိုပြီးနောက် ၎င်းတို့သည် ငါးနက်အုပ်စုကြီးကဲ့သို့ လှုပ်ရှားကာ သတ်မှတ်ထားသော နေရာတစ်ခုသို့ ထွက်ပြေးသွားကြတော့သည်။

ကူယွန်းတောင်တန်းသို့ ပြန်ရောက်သောအခါ ဝေ့ဝူသည် အောက်တွင် လူအချို့ကို တွေ့လိုက်ရ၏။ ၎င်းတို့၏ ဝတ်စုံကို ကြည့်ခြင်းအားဖြင့် တစ်ဦးမှာ ဝေ့မိသားစုမှ ဖြစ်၏။

မိစ္ဆာသားရဲတစ်ကောင်သည် ၎င်းတို့၏ဘေးတွင် လဲလျောင်းနေပြီး ၎င်းတို့သည် ၎င်းကို အတူတကွ သတ်ဖြတ်ခဲ့ကာ လက်ရှိတွင် ရရှိလာသောပစ္စည်းများကို ခွဲဝေနေကြပုံရသည်။

သို့သော်လည်း လေထုမှာ အနည်းငယ် တင်းမာနေပုံရ၏။

ဝေ့ဝူသည် တွေးတောပြီးနောက် အောက်သို့ ဆင်းသက်ရန် ဆုံးဖြတ်လိုက်သည်။

ထိုလူများသည် ဝေ့ဝူကို မြင်သည်နှင့်တစ်ပြိုင်နက် ထိတ်လန့်သွားကြပြီး ဆောင်းတွင်းက ပုရစ်များကဲ့သို့ လုံးဝ ငြိမ်သက်သွားကြတော့သည်။

ယခုအခါ ကူယွန်းတောင်တန်းတွင် သူ၏နာမည်ကျော်ကြားမှုသည် ဟိန်းထွက်နေပြီဖြစ်၏။

အသက်နှစ်ဆယ်အရွယ်နှင့် မန်ရှင်းအဆင့်သို့ ရောက်ရှိနေခြင်းသည် ၎င်းတို့၏ စိတ်ကူးစိတ်သန်းထက် ကျော်လွန်နေပြီး ၎င်းတို့အားလုံးက သူ့ကို မိသားစုမျိုးနွယ်စုဘိုးဘေးတစ်ဦးကဲ့သို့ သတ်မှတ်ဆက်ဆံကြ၏။

ဝေ့ဝူသည် သူ၏မိသားစုဝင်ကို ကြည့်လိုက်ရာ သူ မှတ်မိသည်။ သူ၏နာမည်မှာ ဝေ့ဇီရွှမ်းဖြစ်ပြီး အသက် ၂၂ သို့မဟုတ် ၂၃ နှစ်ခန့် ရှိပြီဖြစ်၏။ ပြန်စဉ်းစားကြည့်လျှင် သူသည် သူ၏အစ်ကို ပင်ဖြစ်သည်။

ဝေ့ဇီရွှမ်းသည် မူလက ပါရမီအလွန်နိမ့်ပါးပြီး ချီသန့်စင်ခြင်းအဆင့် ၃ တွင်သာ ရှိခဲ့သော်လည်း ပေါက်စီတစ်လုံးကို စားပြီးနောက် ယခုအခါ ချီသန့်စင်ခြင်း အဆင့် ၆ သို့ ရောက်ရှိနေပြီဖြစ်၏။

သူသည် လေလွင့်ကျင့်ကြံသူ ဖြစ်ပုံရသည့် အတော်လေး ဆွဲဆောင်မှုရှိသော အမျိုးသမီးငယ်တစ်ဦးကို ဖက်ထား၏။

ဝေ့ဝူကို မြင်သောအခါ သူက အလျင်အမြန် လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်လိုက်သည်။

"နှုတ်ခွန်းဆက်ပါတယ် သခင်လေး။"

ဝေ့ဝူ ခေါင်းညိတ်လိုက်၏။ ဝေ့ဇီရွှမ်းသည် သူ့ထက် အသက်ကြီးသော်လည်း လိုအပ်သော ကျင့်ဝတ်များကိုမူ ပြုလုပ်ရဦးမည်သာ ဖြစ်သည်။

"ဒီမှာ ဘာတွေဖြစ်နေတာလဲ။"

ဝေ့ဇီရွှမ်းက ပစ္စည်းခွဲဝေမှုတွင် သဘောထားကွဲလွဲမှု အနည်းငယ်ရှိခြင်းသာဖြစ်ပြီး ကိစ္စအသေးအမွှားလေးပါဟုသာ ပြောကြားခဲ့သည်။

အခြားသူများမူ စကားပင်မပြောဝံ့ကြချေ။

ဝေ့ဝူ ခဏမျှ စဉ်းစားပြီးနောက် လူတစ်ဦးထံသို့ လှည့်လိုက်၏။

ထိုလူကို လျူချူချန်းဟု ခေါ်ပြီး ချီသန့်စင်ခြင်း အဆင့် ၅ တွင် ရှိ၏။ သူသည် ယခင်ကတည်းက သူ့ကို သိကျွမ်းခဲ့ပြီး ၎င်းတို့၏ ဆက်ဆံရေးမှာ အတော်ပင် ကောင်းမွန်ခဲ့ပေသည်။

ဝေ့ဝူ မေးသည်ကို မြင်သောအခါ လျူချူချန်းသည် သွားကြိတ်ကာ လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်လိုက်၏။

"ကျွန်တော်တို့ ခြောက်ယောက် အတူတကွ ပူးပေါင်းပြီး ဒီ ချီသန့်စင်ခြင်း အဆင့် ၇ မိစ္ဆာသားရဲကို သတ်ခဲ့တာပါ။ လုပ်အားအလိုက် ခွဲဝေဖို့ သဘောတူထားခဲ့ပေမဲ့ ဝေ့ဇီရွှမ်းက မိစ္ဆာသားရဲအလောင်းတစ်ခုလုံးကို တစ်ယောက်တည်း အပိုင်စီးချင်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။"

ဝေ့ဝူ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၏။

သူသည် ဝေ့ဇီရွှမ်းကို ဘေးသို့ ခေါ်ထုတ်ကာ မေးလိုက်၏။

"ဘာဖြစ်လို့လဲ။ မိသားစုက မင်းကို မှော်ရတနာတွေ ဝိညာဉ်ကျောက်တုံးတွေ ပေးတာ နည်းလွန်းလို့လား။"

ဝေ့ဝူ၏ မျက်ဝန်းများကို ဝေ့ဇီရွှမ်း မကြည့်ဘဲ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဒါ... ဒါကြောင့် မဟုတ်ပါဘူး အဲ့ဒါက..."

ဝေ့ဝူ နားလည်သွား၏။ သူသည် အခြားသူများထက် သာလွန်မြင့်မြတ်နေသည်ဟူသော ခံစားချက်ကို သဘောကျနေခြင်းသာ ဖြစ်သည်။

"မင်းနဲ့ငါက မိသားစုဝင်တွေပဲ စကားပြောတဲ့အခါ ဒီလောက်အထိ သတိထားနေစရာမလိုဘူး။ လောဘကြီးတာက ကိစ္စမရှိပေမဲ့ လွန်တော့မလွန်စေနဲ့။ အနည်းဆုံးတော့ တခြားသူတွေ သောက်ဖို့ ဟင်းရည်လေးတော့ ချန်ထားပေးဦး။ ပြီးတော့ မင်း စောစောက ဖက်ထားတဲ့ အမျိုးသမီး သူမရဲ့ အရှိန်အဝါက မမှန်ဘူးဆိုတာ ငါမြင်တယ် သူမ ကျင့်ကြံတဲ့ ကျင့်စဉ်က မိစ္ဆာစွမ်းအင် အနည်းငယ် ပါနေသလိုပဲ။"

ဝေ့ဇီရွှမ်း စကားပြောရန် ပြင်သော်လည်း ဝေ့ဝူက တားလိုက်၏။

"မင်း သတိမထားမိမှာစိုးလို့ ငါ သတိပေးတာပါ။ မင်း ဘယ်လိုအမျိုးသမီးမျိုးကို လိုချင်လဲဆိုတာက မင်းရဲ့လွတ်လပ်ခွင့်ပဲ ဒါပေမဲ့ အရာရာတိုင်းမှာ သတိထားပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။"

"ငါ မိသားစုဆီ အရင်ပြန်နှင့်မယ်။"

ပြောပြီးနောက် ဝေ့ဝူသည် နှုတ်ဆက်ထွက်ခွာခဲ့၏။

ဝေ့ဇီရွှမ်းက အလျင်အမြန် ပြန်လည်အရိုအသေပေးခဲ့သည်။

ကောင်းကင်ယံတွင် ပျံသန်းရင်း ဝေ့ဝူ သက်ပြင်းချလိုက်၏။ သူသည် တတ်နိုင်သမျှ တည်ငြိမ်အောင် နေထိုင်ခဲ့သော်လည်း ဝေ့ဇီရွှမ်း၏ သဘောထားမှာ အရိုအသေပေးလွန်းနေဆဲ ဖြစ်သည်။ သူ၏ ယခင်ဘဝက စကားစုတစ်ခုကို သုံးရလျှင် ၎င်းတို့ကြားတွင် သနားစရာကောင်းပြီး ထူထဲလှသော အတားအဆီးတစ်ခု ရှိနေခဲ့ပြီဖြစ်သည်။

စောစောက ကိစ္စသည် အမှန်တကယ်တွင် အရေးမကြီးလှပေ။ ယခုအခါ ဝေ့မိသားစုတွင် အင်အားကြီးမားပြီး မြင့်မားသော အဆင့်အတန်း ရှိနေသဖြင့် ၎င်းတို့အနေဖြင့် ကဏ္ဍစုံတွင် အခွင့်အရေး ပိုမိုရယူကြမည်မှာ သဘာဝပင် ဖြစ်၏။

ဝေ့ဇီရွှမ်း၏ အပြုအမူမှာ အမှန်ပင် လွန်ကဲသော်လည်း ၎င်းသည် ကြီးမားသော ပြဿနာတစ်ခုဟု မသတ်မှတ်နိုင်ပေ။

သို့သော်လည်း ဤကဲ့သို့သော ထောင်လွှားစော်ကားသည့် စိတ်ဓာတ်မျိုးသည် မိသားစုတစ်ခုလုံးတွင် ပိုမိုကြီးထွားလာမည်ကို သူ စိုးရိမ်မိသည်။

ထိုအချိန်ရောက်လျှင် မည်ကဲ့သို့သော စိတ်ရူးပေါက်နေသည့် သားရဲတိရစ္ဆာန်များ ပေါ်ထွက်လာမည်ကို မည်သူသိနိုင်မည်နည်း။

အခြားဂိုဏ်းများမှ အမျိုးသမီးတပည့်များကို အဓမ္မလုယူခြင်း မိသားစုနောက်ခံကို သုံး၍ အခြားသူများကို စော်ကားခြင်း သို့မဟုတ် အခြားသူများက မိမိကို အနည်းငယ် စော်ကားမိရုံဖြင့် သတ်ဖြတ်လိုစိတ် ရှိလာခြင်း၎င်းတို့သည် လုံးဝကို သာယာပျော်ပါးသူ လူလေလူလွင့်များ ဖြစ်သွားကြပေလိမ့်မည်။

ဝေ့ဝူ သက်ပြင်းချလိုက်၏။ ကြီးမားသော မိသားစုတစ်ခုတွင် ဤကဲ့သို့သော မျိုးဆက်များမှာ မလွဲမသွေ ရှိနေတတ်စမြဲပင်ဖြစ်သည်။ တစ်ဦးတည်းအနေဖြင့် ၎င်းတို့ကို လုံးဝ အမြစ်ပြတ်အောင် မလုပ်နိုင်ဘဲ အနည်းဆုံးဖြစ်အောင်သာ ကြိုးစားနိုင်မည်သာဖြစ်သည်။

မိသားစုတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုသည် အာဏာစွမ်းအားပေါ်တွင်သာမက ပညာရေးကဲ့သို့သော စီမံခန့်ခွဲမှု ကဏ္ဍများပေါ်တွင်လည်း တည်မှီနေပေသည်။

All Chapters