← Chapters

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း ၁၃၄ - ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်း။

အိမ်သို့ ပြန်ရောက်ပြီးနောက် ဝေ့ဝူသည် မန်ရှင်း အဆင့် ၉ ကျင့်ကြံသူကို သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့် ကြယ်စုဆောင်းခြင်းအစည်းအဝေး အကြောင်းကို ရှင်းပြပြီးနောက် ဝေ့ကျင်းပေါ် နှင့်အတူ မိသားစု၏ မျိုးဆက်သစ်လူငယ်များ၏ ပညာရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။

ဤကာလအတွင်း မိသားစုဝင်အတော်များများ ကိုယ်ဝန်ရရှိနေကြသဖြင့် ဝေ့မိသားစုသည် မကြာမီ ကလေးမွေးဖွားမှုနှုန်း အလွန်မြင့်မားလာမည့် အခြေအနေကို ကြုံတွေ့ရတော့မည်ဖြစ်ရာ ပညာရေးပြဿနာမှာ ပိုမိုအရေးကြီးလာခဲ့လေ၏။

ဝေ့ကျင်းပေါ်သည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။

“ဒီရက်ပိုင်းအတွင်း မိသားစုကောင်းမှုခန်းမက တာဝန်တွေကို အဆက်မပြတ် ထုတ်ပြန်ပေးနေပေမဲ့ အများစုက မှော်ဆေးခင်းတွေကို စောင့်ရှောက်တာ မိစ္ဆာသားရဲတွေကို အမဲလိုက်တာ ဒါမှမဟုတ် လောကီရေးရာတွေကို ကိုင်တွယ်တာတွေပဲ များနေတယ်။ လက်တွေ့လေ့ကျင့်မှုအပိုင်း တကယ်ပဲ လိုအပ်နေတာ။”

“ဒါပေမဲ့...”

ဝေ့ကျင်းပေါ်က ဆက်ပြော၏။

“ငါ မကြာသေးခင်က အကြံတစ်ခုရထားတယ်။ ငါတို့ ဝေ့မိသားစုရဲ့ သြဇာလွှမ်းမိုးမှုနယ်ပယ်ကို တိုးချဲ့သင့်တယ်လို့ ထင်တယ်။”

“တိုးချဲ့မယ် ဘယ်ဘက်ကို တိုးချဲ့မှာလဲ။”

“လက်ရှိမှာ ကူယွန်းတောင်တန်းက အခြေခံအားဖြင့် ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီ။ တခြားအင်အားစုတွေကို အလွယ်တကူ ချေမှုန်းပစ်နိုင်ပေမဲ့ အတိတ်က ဆက်ဆံရေးတွေ ရှိနေသေးတယ်။ ငါ အချိန်တစ်ခုရှာပြီး သူတို့ကို စကားပြောမယ်။ သခင်နဲ့ကျွန် ဆက်ဆံရေးကို တရားဝင် ထူထောင်ချင်တယ်။ နယ်မြေအသစ် တိုးချဲ့ဖို့အတွက်ဆိုရင် ကူယွန်းတောင်တန်းရဲ့ မြောက်ဘက်မှာ ပိုင်ရှန်းချိုင့်ဝှမ်း ရှိပြီး တောင်ဘက်မှာတော့ ကူချန်ဘုရားကျောင်း ရှိတာမို့ အဲ့ဒီလမ်းကြောင်းတွေက ပိတ်နေတယ်။”

“အရှေ့ဘက်မှာတော့ မူလ လင်ရှီးဂိုဏ်း ကို မြွေမွေးတဲ့ကျင့်ကြံသူက ဖျက်ဆီးပစ်ပြီးတဲ့နောက် ရှုပ်ထွေးတဲ့ စစ်ပွဲတွေကြားထဲမှာ အင်အားစုအသေးစား အနည်းငယ်ပဲ ခံတပ်လုပ်နေကြတာမို့ ငါတို့ ဝင်ရောက်စွက်ဖက်နိုင်တယ်။”

“အရေးကြီးဆုံးကတော့ အနောက်ဘက်ပဲ။ အဲ့ဒါက မတ်စောက်ပြီး မြင့်မားတဲ့တောင်ကြီးတစ်လုံး ရှိနေတဲ့ ကျယ်ပြန့်တဲ့ တောရိုင်းမြေရိုင်းဒေသ ဖြစ်တယ်။ ငါတို့ အဲ့ဒါကို ဖွံ့ဖြိုးအောင်လုပ်ပြီး ငါတို့မိသားစုနယ်မြေအဖြစ် သတ်မှတ်နိုင်တယ်။”

“အဲ့ဒီမှာ ဘာအရင်းအမြစ်မှ မရှိဘူးလေအဲ့ဒါက ဘာအသုံးဝင်မှာလဲ။”

ဝေ့ဝူက မေးလိုက်၏။

“အရင်ဆုံး ယူထားလိုက်ရအောင်။ ပထမအချက်အနေနဲ့ နယ်မြေအသစ်တစ်ခုကို ဖွံ့ဖြိုးအောင်လုပ်ဖို့ ဆူးခြုံတွေကို ရှင်းရမယ် မိစ္ဆာသားရဲတွေကို သတ်ရမယ် တောင်တွေကို ညှိရမယ် ပြီးတော့ အိမ်တွေနဲ့ မသေမျိုးဂူတွေကို တည်ဆောက်ရမှာဆိုတော့ သူတို့ကို အလုပ်ရှုပ်နေစေလိမ့်မယ်။ ဒုတိယအချက်အနေနဲ့ နောင်အနာဂတ်မှာ ငါတို့ အဲ့ဒီနေရာကို ဝိညာဉ်သွေးကြောကြီးတစ်ခု ဖြန့်ကျက်နိုင်တယ် ဒါမှမဟုတ် တခြားတိုတောင်းတဲ့ ဝိညာဉ်သွေးကြောတစ်ခုကို ရှာပြီး အစကနေ ပြန်စကာ ဖုန်းရွှေရတနာမြေတစ်ခု ဖန်တီးနိုင်တယ်။ အိမ်ရာကျမ်းထဲမှာ ဖုန်းရွှေပညာရပ်တွေ အများကြီးရှိတာ နေရာက သေးလွန်းရင် အသုံးချဖို့ ခက်ခဲလိမ့်မယ်။”

ဝေ့ဝူ ၎င်းကို ကြားလိုက်ရသောအခါ ခေါင်းညိတ်လိုက်မိလိုက်သည်။

“ပြီးတော့ ကျိယဲ့တောအုပ်နဲ့ ရွှမ်းပိတောင် တွေမှာ ရှားပါးအရင်းအမြစ်တွေ မရှိဘူးလို့ ထင်ရပေမဲ့ ငါတို့ သေချာစုံစမ်းစစ်ဆေးရင် တစ်ခုခုတော့ ရနိုင်တယ် အထူးသဖြင့် မြေအောက်မှာပေါ့။”

ဝေ့မိသားစု၏ အနောက်ဘက်ရှိ တောရိုင်းမြေပြင်ပေါ်မှ တောအုပ်ကြီးကို ကျိယဲ့တောအုပ် ဟု ခေါ်ပြီး ကျိယဲ့တောအုပ်အတွင်းရှိ မတ်စောက်သောတောင်ကို ရွှမ်းပိတောင် ဟု ခေါ်၏။

ဤအကြောင်းကို ပြောလိုက်သောအခါ ဝေ့ဝူသည် ယခင်က မြေအောက်သို့ လျှိုးဝင်စဉ် တန်ဖိုးရှိသော သတ္တုရိုင်းများစွာနှင့် ဝိညာဉ်ကျောက်တုံးတွင်း တစ်ခုကိုပင် တွေ့မြင်ခဲ့ရသည်ကို သတိရသွားတော့သည်။

“အချိန်ကျရင် ငါ သိုလှောင်အိတ်တွေ ပိုယူသွားပြီး ဝိညာဉ်ကျောက်တွင်းတွေအားလုံးကို သိမ်းဆည်းပစ်မယ်။”

ဝေ့ကျင်းပေါ်သည် နေအိမ်ကျမ်းကို ထုတ်ယူကာ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို လေ့လာလိုကြောင်း ပြောသဖြင့် ဝေ့ဝူ ထွက်ခွာခဲ့တော့သည်။

နောက်ပိုင်းတွင် မိသားစုကောင်းမှုခန်းမသည် တာဝန်အမြောက်အမြားကို ထုတ်ပြန်ပေးလိမ့်မည် ဖြစ်၏။

မိမိ၏ မသေမျိုးဂူသို့ ပြန်ရောက်သောအခါ ဝေ့ဝူသည် ဟင်းသီးဟင်းရွက် စိုက်ပျိုးရန် ပြင်ဆင်လိုက်တော့သည်။

သူသည် သူ၏ဂူအပြင်ဘက်တွင် စိုက်ခင်းတစ်ခုကို ရှင်းလင်းကာ မျိုးစေ့အချို့ကို ထုတ်ယူ၍ ပက်ကြဲလိုက်ပြီးနောက် ရေအနည်းငယ် လောင်းပေးလိုက်၏။

ခဏမျှ စဉ်းစားပြီးနောက် သူသည် လျူရှုယွီ ကို လာရန် အသံပို့လွှတ်လိုက်သည်။

လျူရှုယွီ ရောက်ရှိလာပြီး ကြည့်လိုက်သောအခါအော်ဟစ်ဆဲဆိုလိုက်တော့သည်။

“မင်းကို ဒီလိုမျိုး စိုက်ရတယ်ထင်တာလား။”

ကျင့်ကြံခြင်းလောကရှိ မှော်ဆေးဝါးများ၏ ကြီးထွားမှုအခြေအနေမှာ အလွန်ပင် ခက်ခဲကြမ်းတမ်းလှပြီး အထူးသဖြင့် မျိုးစေ့မှ ပျိုးထောင်သည့် အဆင့်တွင် သေဆုံးရန် အလွန်လွယ်ကူလှပေ၏။

လျူရှုယွီသည် အရည်အချို့နှင့် မိစ္ဆာသားရဲဖြစ်သော ကျောက်စိမ်းအဆီပိုးကောင်မှ ရရှိသည့် ပိုးချည်မျှင်များ ပါဝင်သော ပွင့်လင်းမြင်သာသည့် ဖန်ပုလင်းအချို့ကို ယူဆောင်လာခဲ့သည်။

သူက ဝေ့ဝူအား အမျိုးအစားတစ်ခုစီမှ မျိုးစေ့သုံးစေ့စီကို ထုတ်ယူကာ ပုလင်းများထဲသို့ ထည့်ခိုင်းလိုက်၏။

“ပုလင်းထဲက မျိုးစေ့တွေရဲ့ အညှောက်ပေါက်တဲ့ လုပ်ငန်းစဉ်အတွင်းမှာ အချက်အလက်တွေကို ငါ မှတ်တမ်းတင်ထားမယ် ဒါမှ သူတို့နဲ့ သင့်တော်တဲ့ အခြေအနေတွေကို ရှာဖွေနိုင်မှာ။”

ကျင့်ကြံခြင်းလောကတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းသည် ကမ္ဘာမြေပေါ်တွင် စိုက်ပျိုးသည်ထက် များစွာ ပိုမိုဒုက္ခများပုံရလေသည်။

တစ်ရက်မပြည့်မီမှာပင် မျိုးစေ့အချို့ ကွဲအက်ကာ အညှောက်စတင်ထွက်လာခဲ့တော့၏။

သုံးရက်အကြာတွင် မျိုးစေ့အားလုံး အညှောက်ပေါက်သွားခဲ့သည်။

အချက်အလက်များကို အခြေခံ၍ လျူရှုယွီသည် မတူညီသော ဝိညာဉ်မြေဆီလွှာများကို ပြင်ဆင်ကာ ဝိညာဉ်မြေဩဇာများကို ခွဲဝေပေးခဲ့ပြီး နောက်ဆုံးတွင် ၎င်းတို့သည် ခြောက်သွေ့သော သို့မဟုတ် စိုစွတ်သော ပတ်ဝန်းကျင်ကို နှစ်သက်သလား၊ အပူ သို့မဟုတ် အအေးဒဏ်ကို ခံနိုင်ရည်ရှိသလား၊ ကြီးထွားမှုကို လှုံ့ဆော်ရန် ဝိညာဉ်စွမ်းအင် စီးဆင်းမှု လိုအပ်သလား စသည့် အခြေအနေများကို အသေးစိတ် သတ်မှတ်ပေးခဲ့ချေသည်။

၎င်းတို့သည် မျိုးစေ့များကို ၎င်းတို့၏ အခြေအနေများနှင့်အညီ စိုက်ပျိုးခဲ့ကြ၏။

ငါးရက်အကြာတွင် အခြေခံအားဖြင့် ၎င်းတို့အားလုံးသည် စိမ်းစိုပြီး နူးညံ့လှပသော ဟင်းသီးဟင်းရွက် ပျိုးပင်လေးများအဖြစ် ကြီးထွားလာကာ အလွန်ချစ်စရာကောင်းလှသည်။

ဝေ့ဝူသည် ရုတ်တရက် တိုက်ခိုက်သတ်ဖြတ်ခြင်းများနှင့် ဝေးဝေးတွင်နေကာ ကျေးလက်ဆန်သော ဘဝမျိုးတွင် နေထိုင်ချင်စိတ် ပေါ်လာခဲ့တော့​၏။

“နောင်ကျရင် ငါ ဒီအနီးအနားမှာ သက်ငယ်မိုး အိမ်လေးတစ်လုံး ဆောက်ပြီး ကမ္ဘာမြေကနေ ခွေးဝါကြီးတစ်ကောင် ခေါ်လာမယ် ဒါဆိုရင် တကယ့်ကို နေချင်စရာကောင်သွားပြီ။”

လျူရှုယွီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

“မင်းရဲ့ မှော်ဆေးဝါးတွေက တကယ်ထူးဆန်းတာပဲ သူတို့တွေအားလုံးက တကယ်ပဲ နေရောင်ခြည် လိုအပ်တာလား။”

ကျင့်ကြံခြင်းလောကရှိ မှော်ဆေးဝါးအချို့သည် နေရောင်ခြည် လိုအပ်သော်လည်း အများစုမှာ မှောင်မိုက်သော ကျောက်ဂူများထဲတွင် ကြီးထွားနိုင်ကြလေသည်။

သို့သော် ကမ္ဘာမြေမှ သယ်ဆောင်လာသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များအားလုံးမှာမူ နေရောင်ခြည်အောက်တွင်သာ ကြီးထွားရန် လိုအပ်၏။

“ဒီလိုမျိုး အပြင်မှာ ဆက်စိုက်နေတာက ရေရှည်လမ်းစမဟုတ်ဘူး။ မင်း အချိန်နည်းနည်းပေးပြီး နေရောင်ခြည်အဖြစ် အသုံးပြုနိုင်မယ့် တောက်ပတဲ့ နေကျောက်စိမ်းအပိုင်းအစအချို့ကို ဝယ်သင့်တယ်ဒါဆိုရင် မင်း မသေမျိုးဂူဗိမာန်ထဲမှာ စိုက်လို့ရပြီ။”

ဝေ့ဝူ ခေါင်းညိတ်လိုက်၏။

လျူရှုယွီက ဆက်ပြောသည်။

“ပြီးခဲ့တဲ့တစ်ခါ မင်း ငါ့ကို တုပခိုင်းထားတဲ့ ရီမန်နီးယား ဆေးလုံး နဲ့ ပေါင်းစပ် ဦးနှောက်အသားဓာတ်ဆေး တွေထဲက ရီမန်နီးယား ဆေးလုံးရဲ့ပုံစိတူကိုပဲ ငါ အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့တယ်ဒါပေမဲ့ အာနိသင်က နည်းနည်း ကွဲပြားနေတယ်။”

ဝေ့ဝူက အာနိသင်က ဘာလဲဟု မေးလိုက်၏။

“မူလ ပေါင်းစပ် ဦးနှောက်အသားဓာတ်ဆေးလုံးက မျိုးအောင်မှုကို မြှင့်တင်ပေးပြီး ကလေးအရေအတွက်ကို တိုးပွားစေတာ။ ငါ့ရဲ့ ပုံစံတူကတော့ ကိုယ်ဝန်ဆောင်ကာလကို လျှော့ချပေးတယ်။”

ဝေ့ဝူ ပြုံးလိုက်သည်။

“ကိုယ်ဝန်ဆောင်ကာလကို လျှော့ချပေးတယ်? စိတ်ဝင်စားဖို့ကောင်းသားပဲ ဘယ်လောက်အထိ လျှော့ချပေးနိုင်လို့လဲ။”

“ကိုးလကနေ ခြောက်လအထိ လျှော့ချပေးနိုင်တယ်။”

ဤအာနိသင်မှာ အတော်ပင် အသုံးဝင်လှသဖြင့် ဝေ့ဝူက လျူရှုယွီအား အသုတ်လိုက် ချက်ချင်း ထုတ်လုပ်ပေးရန် တောင်းဆိုလိုက်တော့သည်။

ယခုတစ်ခါတွင် သူသည် ကွန်ပေါင်းဆီရိုဘရိုပရိုတိန်းဆေးလုံးပေါင်း ၂၄၀ ကို သယ်ဆောင်လာခဲ့ပြီး ဝေ့ကျွင်းချန်ကို သူ၏ ဝိညာဉ်ငှားခြင်းနှင့် ခန္ဓာကိုယ်ပြန်လည်ရှင်သန်ခြင်းကျင့်စဥ် ကို ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်စေရန် အချို့ကို ပေးခဲ့သည်။

သူကိုယ်တိုင်လည်း ၎င်းတို့ကို သောက်သုံးနေခဲ့ရာ သူ၏စိတ်အာရုံမှာ သိသိသာသာ ပိုမိုအားကောင်းလာခဲ့၏။

ဝေ့ဝူ အမျှော်လင့်ဆုံးအရာမှာ ဆေးရွက်ကြီးပင်ဖြစ်သည်။

ယခုတစ်ခေါက် ပြန်လာသောအခါ သူသည် ဆေးရွက်ကြီး မျိုးစေ့များနှင့် ပျိုးပင်အချို့ကို သယ်ဆောင်လာခဲ့ပြီး ၎င်းတို့ကို စိုက်ပျိုးပြီးဖြစ်သည်။

ကျင့်ကြံခြင်းလကတွင် စိုက်ပျိုးထားသော ဆေးရွက်ကြီးသည် ကျင့်ကြံခြင်းကို တကယ်ပဲ အရှိန်မြှင့်တင်ပေးနိုင်မလား ဆိုသည်ကို သိရန် ၎င်းတို့ ရင့်မှည့်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေတော့၏။

သူ ဤအရာကို အလွန်မျှော်လင့်ထားရခြင်းမှာ ကျင့်ကြံခြင်းလောကတွင် ကျင့်ကြံခြင်းကို အထောက်အကူပြုသည့် နံ့သာတိုင်ပုံသဏ္ဌာန် ပြုလုပ်ထားသော မှော်ဆေးဝါးအချို့ ရှိနှင့်ပြီးဖြစ်သောကြောင့် ဆေးရွက်ကြီးသည်လည်း ထိုကဲ့သို့သော အာနိသင်မျိုး ရှိလိမ့်မည်ဟု ယူဆခြင်းကြောင့် ဖြစ်သည်။

ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်းအပြင် သူသည် ဥများကိုလည်း ဖောက်ရဦးမည်ဖြစ်သည်။

သူသည် ကမ္ဘာမြေမှ ကြက်ဥနှစ်လုံးနှင့် ငုံးဥငါးလုံးကို သယ်ဆောင်လာခဲ့သော်လည်း ပြဿနာမှာ ၎င်းတို့ကို မည်သို့ ဖောက်ရမည်နည်း။

ဝေ့ဝူသည် မျိုးအောင်ထားသော ဥ များကို အထူးတလည် ဝယ်ယူလာခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက အနှစ်တစ်ရာကြာလျှင်ပင် အကောင်ပေါက်လာလိမ့်မည်မဟုတ်ပေ။

“ငါမှတ်မိသလောက် ရှောင်ချီက အမ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် သေခါနီးမြင်းကို အရှင်ဖြစ်အောင် ကုသတဲ့သဘောနဲ့ စမ်းကြည့်ရတာပေါ့။”

သူသည် ရှောင်ချီကို ခေါ်ယူလိုက်ပြီး သူမ၏ မကျေနပ်သော မျက်ဝန်းများကို လျစ်လျူရှုကာ အပြင်မထွက်ဘဲ အိမ်မှာပဲနေပြီး ဥများကို ဝပ်ပေးရန် ပြောလိုက်တော့၏။

မန်ရှင်း အဆင့် ၉ မိစ္ဆာကျင့်ကြံသူကို သတ်ဖြတ်ခဲ့ပြီးနောက် ဆယ်ရက် ကုန်ဆုံးသွားခဲ့ပြီး မနက်ဖြန်သည် ပိုင်မိသားစု ပြောကြားခဲ့သော ကြယ်စုဆောင်းခြင်းအစည်းအဝေး ကျင်းပမည့်ရက်ပင် ဖြစ်သည်။

ဝေ့ဝူသည် ယနေ့ညတွင်ပင် ထိုဘက်သို့ သွားရန် စီစဉ်လိုက်သည်။

ချန်န်ချွမ်တောင်သို့ ရောက်သောအခါ သူသည် သူ၏ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို မိမိကိုယ်စား ကြည့်ရှုစောင့်ရှောက်ပေးမည့်သူတစ်ဦးကို ရှာဖွေရန် မိသားစုကောင်းမှုခန်းမတွင် တာဝန်တစ်ခုကို အရင်ဆုံး ထုတ်ပြန်လိုက်၏။

သူက ၎င်းတို့သည် သာမန်မှော်ဆေးဝါးများသာဖြစ်ပြီး အမျိုးအစားအလိုက် အချိန်မှန် မြေဩဇာကျွေးကာ ဝိညာဉ်ရေလောင်းပေးလျှင် အဆင်ပြေကြောင်းသာ ပြောကြားခဲ့သည်။

ရုပ်သေးကို သုံး၍ စောင့်ရှောက်ရန်အတွက်မူ ရုပ်သေး၏ အာရုံခံနိုင်စွမ်း နယ်ပယ်မှာ ကန့်သတ်ချက်ရှိသဖြင့် သူ မသေမျိုးဂူတွင် ရှိနေသည့်အချိန်၌သာ ဤနည်းလမ်းကို အသုံးပြုနိုင်သည်။

ဝေ့ကျင်းပေါ်သည် ဤကာလအတွင်း မိသားစုနယ်မြေအသစ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များဖြင့် အလုပ်ရှုပ်နေခဲ့ပြီ မန်ရှင်းအဆင့်​ကျွမ်းကျင်သူသုံးဦးဖြစ်သည့် ဒုတိယအကြီးအကဲ ဝေ့ဒုံချန်တတိယအကြီးအကဲ ဝေ့ရှင်းယန် နှင့် ဝေ့ကျွင်းချန်တို့သည် မိစ္ဆာသားရဲများ မိသားစုဝင်များကို မန္တန်မပြုနိုင်စေရန်အတွက် ကြီးကြပ်ကွပ်ကဲရန် ကျယဲ့တောအုပ်သို့ သွားရောက်နှင့်ကြပြီ ဖြစ်သည်။

ယခုတစ်ခါ ပိုင်မိသားစုထံသို့ သွားရာတွင် ဘိုးဘေး ဝေ့ချွမ်ဟဲ နှင့် ဝေ့ဝူတို့သာ သွားကြရမည်ဖြစ်သည်။

ဝေ့ကျင်းပေါ်က သူတို့ကို ခန်းမအပြင်ဘက်အထိ လိုက်လံပို့ဆောင်ခဲ့ပြီး ထိုနှစ်ဦးသည် ကစားစရာကားကို စီးနင်းကာ မြောက်ဘက်သို့ ဦးတည်ထွက်ခွာသွားကြတော့လေသည်။

All Chapters