အခန်း ၁၃၈
Vol. 14 Ch. 138
အခန်း ၁၃၈- ငါ့ရဲ့ ဟင်းသီးဟင်းရွက်တွေ ဘယ်မှာလဲ။
ဝေ့ဝူသည် သေချာစွာ စစ်ဆေးကြည့်လိုက်ရာ မုန်လာဥနီ၊ ဟင်းရွက်စိမ်း၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးများ ခိုးယူခံထားရကြောင်း တွေ့ရှိရပြီး တစ်မျိုးလျှင် သုံး၊ လေးပင်ခန့် ပါသွားလေသည်။
ထိုအထဲတွင် မုန်လာဥနီနှင့် ခရမ်းချဉ်သီးများကို ထည့်မပြောလျှင်ပင် ဟင်းရွက်စိမ်းနှင့် ငရုတ်သီးများအကြောင်းသာ ပြင်ပသို့ ပျံ့နှံ့သွားပါက ကျင့်ကြံခြင်းလောကတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားစေရန် လုံလောက်လှ၏။
အထူးသဖြင့် ငရုတ်သီးများပင်။ အကယ်၍ ၎င်းတို့သာ ပြင်ပသို့ ပျံ့နှံ့သွားပြီး ကျင့်ကြံခြင်းလောကတွင် အကြီးအကျယ် စိုက်ပျိုးကြမည်ဆိုပါက နောက်ဆက်တွဲအကျိုးဆက်မှာ တွေးဝံ့စရာပင် မရှိချေ။
“ဘယ်သူကများ ငါ့ဝေ့မိသားစုကို ကောက်ကျစ်တဲ့နည်းနဲ့ လာပြီး လုပ်ကြံနေတာလဲ။”
ဝေ့ဝူသည် ဒေါသတကြီးဖြင့် ကျောက်တုံးတစ်တုံးကို ရိုက်ချလိုက်ရာ ၎င်းမှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့သည်။
ဝေ့မိသားစုဝင်များ၏ အမူအရာမှာ အလွန်တရာ ပုံမှန်မဟုတ်ခဲ့ချေ။ ၎င်းတို့သည် တစ်စုံတစ်ဦး၏ စိတ်ထိန်းချုပ်မှုကို ခံထားရခြင်း ဖြစ်ရမည်။
သို့သော်လည်း အခြားသူများ၏ စိတ်ကို ထိန်းချုပ်နိုင်သည့် မန္တန်များသည် အလွန်ရှားပါးပြီး အလွန်မြင့်မားသော ကျင့်ကြံခြင်းနယ်ပယ် လိုအပ်လှသည်။
လင်းထိုင်အဆင့်တွင် ရှိနေသည့် ကျင့်ကြံသူတစ်ဦးဦးက ပြဿနာရှာနေခြင်းမျိုးလော။
မဖြစ်နိုင်ပါ။ လုံးဝ မဖြစ်နိုင်ချေ။
အကယ်၍ လင်းထိုင်နယ်ပယ်မှ လူတစ်ဦးက ဝေ့မိသားစုကို အာရုံစိုက်လာခဲ့လျှင် ဤမျှအထိ ဒုက္ခခံကာ လှည့်ကွက်များ သုံးနေစရာ မလိုပေ။
“ဒါပေမဲ့ ငါက ဟင်းသီးဟင်းရွက်တွေကို ဘယ်သူခိုးသွားမှန်းတောင် မသိရသေးဘူး။”
သူ ခဏမျှ တွေးတောပြီးနောက် ဝေ့ကျင်းပေါ်ထံသို့ အလျင်အမြန် ဆက်သွယ်လိုက်သည်။
ဝေ့ကျင်းပေါ်၏ အသံမှာ ဒေါသထွက်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့ ရောပြွမ်းနေသည်။
“ဒါ လျိူမိသားစုနဲ့ ချင်းမင်ဂိုဏ်းရဲ့ လက်ချက်ပဲ ပုံမှန်မဟုတ်တဲ့ မိသားစုဝင်တွေအားလုံးကနေ့ခင်းတုန်းက သူတို့နဲ့ လက်ရည်စမ်းခဲ့ကြတဲ့သူတွေချည်းပဲ။ ပြီးတော့ အခုလေးတင် ရရှိတဲ့သတင်းအရ လျိူမိသားစုနဲ့ ချင်းမင်ဂိုဏ်းကလူတွေဟာ ပြစ်ဒဏ်ကို ကြောက်ရွံ့ပြီး အရပ်ရပ်ကို ထွက်ပြေးတိမ်းရှောင်သွားကြပြီ။”
ဝေ့ဝူသည်လည်း အလွန်အမင်း ဒေါသထွက်နေမိသော်လည်း လျိူမိသားစုနှင့် ချင်းမင်ဂိုဏ်းကို လိုက်လံရှင်းလင်းရန် အချိန်မရှိသေးသဖြင့် တည်ငြိမ်စွာ မေးလိုက်သည်။
“အဖေ... ကျွန်တော်တို့ မိသားစုဝင်တွေထဲက ပျောက်ဆုံးနေတဲ့သူ ရှိသေးလား။”
“ဝေ့ရှန်း၊ ဝေ့ချုံနဲ့ ဝေ့ယန်တို့ကို ဘယ်မှာမှ ရှာမတွေ့တော့ဘူး... နေဦး ဝေ့ဟူ လည်း ပျောက်နေတယ် ပြီးတော့...ဒုတိယအကြီးအကဲ ဝေ့ဒုံချန် လည်း သတိလစ်နေပြီး သူရဲ့ သိုလှောင်အိတ် လည်း ခိုးယူခံလိုက်ရတယ်။”
ဝေ့ဝူသည် ချက်ချင်းပင် ချွေးစေးများ ထွက်လာခဲ့ရ၏။
ဒုတိယအကြီးအကဲ ဝေ့ဒုံချန်၏ အခြေအနေကို မသိရသေးခြင်းကို ထားလိုက်ဦး ထိုပျောက်ဆုံးသွားသော သိုလှောင်အိတ်ထဲတွင် ဘဏ်ကတ်ပြား ရုပ်သေးရုပ်တစ်ရုပ်နှင့် လျှို့ဝှက်ဆန်းကြယ်သော ဆေးလိပ်တို့ ပါရှိနေသည်ကို သိထားရမည်။
“အဖေ... မိသားစုထဲက မန်ရှင်းကျင့်ကြံသူတွေအားလုံးကို အမြန်ဆုံး အပြင်ထွက်ပြီး လမ်းခွဲရှာဖွေခိုင်းလိုက်ပါ။”
“ကောင်းပြီ ဒီကာလအတွင်းမှာ ငါလည်း အနီးနားက အင်အားစုတွေနဲ့ ဆက်ဆံရေး ရှိထားတော့ သူတို့ကိုလည်း ကူညီရှာဖွေပေးဖို့ ပြောလိုက်မယ်။”
ချက်ချင်းပင် ဝေ့မိသားစုဝင်များအားလုံး ရှာဖွေရန် အရပ်ရပ်သို့ လူစုခွဲထွက်ခွာသွားကြတော့သည်။
ဝေ့ဝူသည်လည်း အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ သူ၏ ကစားစရာကားပေါ်တွင် ထိုင်ကာ အနိမ့်ပိုင်းမှ ပျံသန်းပြီး လိုက်လံရှာဖွေခဲ့သည်။
“နှမြောစရာကောင်းတာက ငါ့မှာ ပတ်ဝန်းကျင်ကို ထောက်လှမ်းနိုင်တဲ့ မန္တန်မရှိဘူး။ မဟုတ်ရင် စွမ်းဆောင်ရည်ကို အများကြီး မြှင့်တင်နိုင်မှာ။”
“ဒါပေမဲ့ ပျောက်ဆုံးသွားတဲ့သူတွေရဲ့ ကျင့်ကြံခြင်းက မမြင့်မားတော့ အဝေးကြီးကိုတော့ ရောက်သွားနိုင်မှာ မဟုတ်ဘူး။”
ပျောက်ဆုံးနေသူ လေးဦးအနက် အမည်တစ်ခုက ထူးခြားစွာ ထွက်ပေါ်နေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဝေ့ဝူသည် မိသားစုကောင်းမှုကုသိုလ်ခန်းမ တွင် ဟင်းသီးဟင်းရွက် ပျိုးပင်များကို ကူညီစောင့်ရှောက်ပေးရန် တာဝန်တစ်ခု ထုတ်ပြန်ခဲ့ပြီး ထိုတာဝန်ကို လက်ခံခဲ့သူမှာ ဝေ့ရှန်းပင်ဖြစ်သည်။
“ဝေ့ရှန်းက ချီသန့်စင်ခြင်း အဆင့် ၆ ပဲ ရှိသေးပြီး အသက် တစ်ဆယ့်သုံးနှစ်ပဲ ရှိသေးတယ်သူ အနီးနားမှာပဲ ရှိနေဦးမှာ သေချာတယ်။”
သူပြောသော အနီးနားဆိုသည်မှာ ကျင့်ကြံခြင်းလောက၏ အတိုင်းအတာအရ မိုင်ပေါင်းထောင်ချီသော အကွာအဝေးအတွင်း ဖြစ်သည်။
သူသည် ကစားစရာကားကို အစွမ်းကုန် မောင်းနှင်ရင်း အောက်ခြေရှိ အသေးစိတ်အချက်အလက်များကို မလွတ်တမ်း အာရုံစိုက်ကာ လိုက်လံရှာဖွေခဲ့၏။
မကြာမီပင် လက်ကိုင်ဖုန်းမှ အသံထွက်ပေါ်လာသည်။
“ဝေ့ဟးကို ရှာဖွေတွေ့ရှိပါပြီ။”
ဝေ့ဝူ သက်ပြင်းတစ်ချက် ချလိုက်နိုင်၏။ ဝေ့ဟူ ခိုးယူသွားသော သိုလှောင်အိတ်သည်လည်း အလွန်အရေးကြီးလှပေသည်။
သူ တွေးမိသည်မှာ ဝေ့မိသားစုဝင်များသည် ထိန်းချုပ်ခြင်း ခံထားရသည်ဆိုပါက ထိုနောက်ကွယ်မှလူ၏ ရည်ရွယ်ချက်မှာ ဝေ့မိသားစု၏ ရတနာအမျိုးမျိုးကို ခိုးယူရန် ဖြစ်ရမည်။
ထို့ကြောင့် သူသည် ဝေ့မိသားစုဝင် အနည်းငယ်ကို အရာဝတ္ထုများအား မိမိထံ လာရောက်ပေးပို့စေရန် ပြုလုပ်လိမ့်မည်။
“အဲဒါဆိုရင် သူတို့တွေဟာ နေရာအနှံ့ကို ထွက်ပြေးကြမှာ မဟုတ်ဘဲ လမ်းကြောင်းတစ်ခုတည်းဆီကိုသာ ဦးတည်သွားကြမှာ ဖြစ်ရမယ်။”
ဤအချက်ကို သဘောပေါက်သွားပြီးနောက် ဝေ့ဝူသည် ဝေ့ကျင်းပါ် ဝေ့ဟူကို တွေ့ရှိခဲ့သည့် လမ်းကြောင်းအတိုင်း အလျင်အမြန် ပျံသန်းသွားခဲ့၏။
သို့သော်လည်း ထိုလမ်းကြောင်းအတိုင်း နာရီပေါင်းများစွာ ရှာဖွေခဲ့သော်လည်း ဘာမျှ ရှာမတွေ့ခဲ့ချေ။
သို့သော် သူသည် ဝေ့ချုံကိုမူ ထပ်မံတွေ့ရှိခဲ့သည်။
“ဝေ့ရှန်းနဲ့ ဝေ့ယန်တို့ကိုကော ရှာမတွေ့သေးဘူးလား။”
ဝေ့ကျင်းပေါ်က လှမ်းမေး၏။
ဝေ့ဝူက မတွေ့သေးကြောင်း ပြန်ပြောလိုက်သည်။
တစ်ညတာ ကုန်လွန်သွားခဲ့သော်လည်း နောက်ဆုံးတွင် ဘာမျှ ရှာမတွေ့ခဲ့ချေ။
မိသားစုဝင် နှစ်ဦး၏ အသက်အန္တရာယ်နှင့်အတူ ဟင်းသီးဟင်းရွက် လေးမျိုး ပါသွားခြင်းက ဝေ့ဝူကို အလွန်အမင်း စိုးရိမ်ပူပန်စေခဲ့သည်။
ကံကောင်းသည်မှာ အချိန်မီ သိရှိခဲ့ခြင်းကြောင့် မိသားစု၏ အခြားအစိတ်အပိုင်းများတွင် ကြီးမားသော ဆုံးရှုံးမှု မရှိခဲ့ဘဲ ဒုတိယအကြီးအကဲ ဝေ့ဒုံချန်သည်လည်း သတိလစ်နေရုံသာ ဖြစ်ပြီး ပြင်းထန်သော ဒဏ်ရာ မရရှိခဲ့ချေ။
“လျိူမိသားစုနဲ့ ချင်းမင်ဂိုဏ်း ဘယ်ကို ရောက်သွားလဲဆိုတာ ချက်ချင်း စုံစမ်းစစ်ဆေးပါ သူတို့တွေ ချူးပြည်နယ် ကနေ ထွက်ပြေးသွားရင်တောင် ဒီအတွက် တန်ဖိုးတစ်ခု ပြန်ပေးဆပ်စေရမယ်။”
ဝေ့ကျင်းပေါ်သည် မကြုံစဖူး ပြင်းထန်လှသော ဒေါသတရားများ ပေါက်ကွဲထွက်လာခဲ့၏။
ထိုပုံမှန်မဟုတ်သော မိသားစုဝင်များသည် တစ်နေ့ပြည့်ပြီးနောက်မှသာ သတိပြန်လည်လာခဲ့ကြသော်လည်း ၎င်းတို့၏ အမူအရာများမှာ နွမ်းနယ်နေကြပြီး ကောင်းမွန်စွာ အနားယူရန် လိုအပ်နေသည်။
ဝေ့ကျင်းပေါ်သည် ၎င်းတို့ကို အပြစ်မတင်ခဲ့ချေ။ အကြောင်းမှာ ၎င်းတို့သည်လည်း သားကောင်များ ဖြစ်ကြသောကြောင့် ဖြစ်၏။
သို့သော်လည်း ၎င်းတို့၏ နှာခေါင်း နားနှင့် စအိုပေါက်များမှ အနက်ရောင် အင်းဆက်ပိုးမွှားအချို့ တွားသွားထွက်ပေါ်လာခဲ့သည်။
ထိုအင်းဆက်ငယ်များသည် မှင်ကဲ့သို့ မည်းမှောင်နေပြီး သွယ်လျသော ခန္ဓာကိုယ်ရှိကြကာ အပ်နက်တစ်ချောင်းကဲ့သို့ ဖြစ်နေ၏။
ဝေ့မိသားစုဝင်များသည် ဤအရာမှာ ဘာမှန်းမသိကြသဖြင့် တွေးတောပြီးနောက် ဝေ့ကျင်းပေါ်သည် ပိုင်ရှင်းယန် ကို လာရောက်ကြည့်ရှုရန် ဖိတ်ကြားခဲ့သည်။
ပိုင်ရှင်းယန်သည် သေချာစွာ ကြည့်ရှုပြီးနောက် ပြောသည်။
“ဒါက ကူအဆိပ် တစ်မျိုးပဲ။”
“ကူအဆိပ်လား။”
ဝေ့ဝူ မျက်မှောင်ကြုတ်လိုက်မိသည်။
“မှန်တယ် ဒီကူပိုးမွှားကို ဝိညာဉ်ညို့ ရှစ်ပါး အပ်ပုံသဏ္ဌာန်ကူပိုးမွှားလို့ ခေါ်တယ်။ ဒီအင်းဆက်က အပ်တစ်ချောင်းလို လုံးဝ အလင်းပေါက်ဖြစ်ပြီး အလွန်တရာ သွယ်လျတာကြောင့် သာမန်မျက်စိနဲ့ မမြင်နိုင်သလောက်ပဲ။ မင်းတို့ အခုမြင်နေရတဲ့ သိသာထင်ရှားတဲ့ အပ်နက်တွေကတော့ လူသားရဲ့ အသားနဲ့ သွေးတွေကို စုပ်ယူစားသောက်ပြီးမှ အရောင်ပြောင်းသွားကြတာ။ ဒီအပ်ပုံသဏ္ဌာန်ကူပိုးမွှားတွေ လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားတာနဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး လူကို ထိန်းချုပ်လိုက်လိမ့်မယ်။ အချိန်အတိုင်းအတာကတော့ မင်းတို့မြင်တဲ့အတိုင်းပဲ တစ်ရက်ခန့် ကြာမြင့်တတ်တယ်။”
ဝေ့မိသားစုဝင်များ၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဤ ဝိညာဉ်ညို့ ရှစ်ပါး အပ်ပုံသဏ္ဌာန်ကူပိုးမွှားကဲ့သို့ အရာမျိုးသည် သာမန် ချင်းမင်ဂိုဏ်း သို့မဟုတ် လျိူမိသားစုတို့ ရရှိနိုင်မည့် အရာမဟုတ်ချေ။ ၎င်းသည် နောက်ကွယ်တွင် တစ်စုံတစ်ဦးက အမှန်တကယ် စီစဉ်နေခြင်း ဖြစ်ပေလိမ့်မည်။
ယခင်က လက်ရည်စမ်းရန် လာရောက်ခြင်းမှာ အကြောင်းပြချက်သက်သက်သာ ဖြစ်ပြီး တကယ့်အကြောင်းရင်းမှာ အခွင့်အရေးယူကာ လုပ်ကြံရန်ပင်ဖြစ်သည်။
ကူပိုးမွှား၏ အာနိသင်သည် ဆယ့်နှစ်နာရီသာ ခံသဖြင့် ပိုမိုကြီးမားသော အကျိုးအမြတ်များ ရရှိရန်အတွက် ၎င်းတို့သည် လူအများအပြားကို တစ်ပြိုင်နက်တည်း လုပ်ကြံကာ ကိစ္စကြီးကြီးမားမား ဖြစ်အောင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပင်။
အကယ်၍ ၎င်းတို့သည် သာမန်အချိန်တွင် လူတစ်ဦး သို့မဟုတ် နှစ်ဦးကိုသာ လုပ်ကြံခဲ့မည်ဆိုပါက ဘာမျှမရရှိနိုင်သည့်အပြင် ရန်သူကိုလည်း လန့်ဖျပ်သွားစေနိုင်ပေသည်။
“ဒါဆိုရင် ငါတို့ ဝေ့မိသားစုကို လုပ်ကြံနေတဲ့သူက ကူပိုးမွှားတွေကို မွေးမြူတဲ့ ကျင့်ကြံသူတစ်ဦး ဖြစ်ရမယ်။ ပြီးတော့ ထိုလူရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း မနိမ့်ဘူး။”
“ဒါပေမဲ့ ပိုင်မိသားစုနယ်မြေထဲမှာ ကူပိုးမွှားမွေးမြူတဲ့ ကျွမ်းကျင်သူ ရှိတယ်လို့ ငါမကြားဖူးဘူး။ သူတို့တွေ တခြားနေရာကနေ လာတာ ဖြစ်နိုင်မလား။”
“သူတို့တွေ အရှေ့ဘက်ကနေ လာတာ ဖြစ်လိမ့်မယ်လို့ ငါစိုးရိမ်မိတယ်။”
လွန်ခဲ့သော ရက်အနည်းငယ်က မကောင်းဆိုးဝါးကျင့်ကြံသူ အမြောက်အမြား စီးဝင်လာခဲ့ရာ ထိုအထဲတွင် ကူပိုးမွှားမွေးမြူသူအချို့ ပါဝင်နေခြင်း ဖြစ်နိုင်ပေသည်။
ပိုင်ရှင်းယန်ကို ပြန်လည်ပို့ဆောင်ပြီးနောက် ဝေ့ဝူက ပြော၏။
“သူက အရှေ့ဘက်က လာတဲ့ မကောင်းဆိုးဝါးကျင့်ကြံသူ ဖြစ်ဖို့ မလွယ်ဘူးလို့ ကျွန်တော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုလူ ဒီလိုကောက်ကျစ်တဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ ဒုက္ခခံခဲ့တာကို ကြည့်ရင် သူက ကျွန်တော်တို့ရဲ့ ရုပ်သေးရုပ်တွေရဲ့ စွမ်းအားကို တွန့်ဆုတ်နေတာ ထင်ရှားတယ် ပြီးတော့ သူက ချင်းမင်ဂိုဏ်းနဲ့ လျိူမိသားစုအကြောင်းကိုလည်း အတိုင်းအတာတစ်ခုအထိ နားလည်ထားပုံရတယ်။”
“ဒါဆိုရင် ဘယ်သူ ဖြစ်နိုင်မယ်လို့ မင်းထင်လဲ။”
ဝေ့ဝူ ခေါင်းခါလိုက်သည် သူသည် နတ်ဘုရားတစ်ပါး မဟုတ်ရာ မည်သို့ သိနိုင်ပါမည်နည်း။
၎င်းတို့တွင် ရုပ်သေးရုပ်များ ရှိလာကတည်းက ဤကဲ့သို့ အန္တရာယ်ပြုရန် အာရုံစိုက်ခံရသည့် ခံစားချက်မျိုး ရှားရှားပါးပါးသာ ပေါ်လာခဲ့သော်လည်း ယခုအခါ ဝေ့မိသားစုအပေါ်တွင် နောက်ထပ် မှောင်မိုက်သော တိမ်တိုက်တစ်ခု ဖုံးလွှမ်းသွားခဲ့ပြန်ပြီ ဖြစ်သည်။
“ငါတို့ မိသားစုနယ်မြေကို အမြန်ဆုံး ချဲ့ထွင်ဖို့ လိုအပ်တယ် အိမ်ရာကျမ်းထဲမှာ ကောင်းချီးမင်္ဂလာ တောင်းခံပြီး ဘေးအန္တရာယ်တွေကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်။ ငါတို့အခုချက်ချင်း အသုံးပြုလို့ရတယ်။”
အကယ်၍ ကမ္ဘာမြေပေါ်တွင် ထိုကဲ့သို့သော စကားမျိုးကို ကြားခဲ့ရလျှင် ဝေ့ဝူသည် ဧကန်မုချ လှောင်ပြောင် သို့မဟုတ် ဒေါသထွက်မိပေလိမ့်မည်။
ဤချဉ်းကပ်ပုံမှာ ကလေးတစ်ယောက် ဖျားနာနေသည်ကို ဆေးရုံမခေါ်သွားဘဲ အမွှေးတိုင်ထွန်းကာ နတ်ဘုရားများကို ကိုးကွယ်နေသကဲ့သို့ အလွန်ပင် မိုက်မဲလှပေသည်။
သို့သော် ကျင့်ကြံခြင်းလောကတွင်မူ ဝေ့ဝူသည် ဤချဉ်းကပ်ပုံမှာ အလွန်ပင် လိုအပ်သည်ဟု ခံစားရ၏။ ကံကြမ္မာ ဆိုသည်မှာ စိတ်ကူးယဉ်ဆန်သော်လည်း လူတိုင်းကို အချိန်တိုင်းတွင် လွှမ်းမိုးချုပ်ကိုင်ထားဆဲ ဖြစ်သည်။
တွေးတောပြီးနောက် ဝေ့ဝူသည် ကံစမ်းမဲတံဆိပ်အချို့ကို ထုတ်ယူကာ အကြီးအကဲများကို စိတ်မပူကြရန် ပြောလိုက်ပြီး အထူးကောင်းမွန်သော တံဆိပ်အချို့ကို ရွေးထုတ်ကာ ၎င်းတို့၏ နဖူးများပေါ်သို့ ရိုက်သွင်းလိုက်သည်။
၎င်းက အသုံးဝင်လိမ့်မည်ဟု သူ မျှော်လင့်လိုက်လေသည်။
“ကောင်းပြီ ဒီကိစ္စက ငါတို့ ဝေ့မိသားစုဟာ လက်ရှိမှာ စိုးရိမ်ပူပန်မှုမရှိဘဲ အေးအေးဆေးဆေး ထိုင်နေလို့ မရသေးမှန်း သိစေခဲ့တာပဲ။ အရပ်ရပ်က လူယုတ်မာတွေဟာ ငါတို့ကို ဗြောင်ကျကျ မရင်ဆိုင်ဝံ့ရင်တောင် ကောက်ကျစ်တဲ့ နည်းလမ်းတွေနဲ့ လုပ်ကြံနိုင်ကြသေးတယ်။ အားလုံးပဲ နောက်နောင် သတိထားကြပါ၊ ဒီကာလအတွင်းမှာ အပြင်ကို တတ်နိုင်သမျှ မထွက်ကြပါနဲ့ ကိစ္စရပ်တွေကိုလည်း ရိုးရိုးကုပ်ကုပ်ပဲ လုပ်ဆောင်ကြပါ။”
“ပြီးတော့ ဝေ့ရှန်းနဲ့ ဝေ့ယန်တို့ကို ရှာဖွေဖို့ ဆုကြေးငွေ ထုတ်ပြန်လိုက်ပါ၊ လျူမိသားစုနဲ့ ချင်းမင်ဂိုဏ်းရဲ့ သတင်းတွေကိုလည်း သေချာ ဂရုစိုက် စောင့်ကြည့်ထားကြပါ။”
“ဟုတ်ကဲ့ပါ။”
အားလုံးက တည်ငြိမ်စွာဖြင့် ပြန်လည်ဖြေကြားခဲ့ကြသည်။
၎င်းတို့ အစည်းအဝေးကို ရုပ်သိမ်းခါနီးတွင် အပြင်ဘက်မှ လူတစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်၏။
“သွားစး သွားပြီး မိသားစုခေါင်းဆောင်ကို တွေ့လိုက်စမ်း မင်း ဒီနေ့ ဘယ်ကို သွားခဲ့ပြီး ဘာတွေလုပ်ခဲ့လဲဆိုတာ ငါတို့ကို ပြောပြစမ်း။”
တံခါးဝမှ လူတစ်ဦး ယိမ်းထိုးလျက် ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းမှာ အခြားသူမဟုတ်ဘဲ ဝေ့ရှန်းပင် ဖြစ်၏။
ဝေ့ဝူသည် ချက်ချင်းပင် ဝေ့ရှန်း၏ ရှေ့သို့ လျှပ်တပြက် ရောက်ရှိသွားပြီး မေးလိုက်သည်။
“ငါ့ ဟင်းသီးဟင်းရွက်တွေ ဘယ်မှာလဲ။”