← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉ - အမျက်ဒေါသထွက်ခြင်း။

ဝေ့ရှန်း၏ ခန္ဓာကိုယ်ပေါ်တွင် ပွန်းပဲ့ဒဏ်ရာအချို့ ရှိနေပြီး သူ၏ အမူအရာမှာလည်း အလွန်ပင် ပင်ပန်းနွမ်းနယ်နေပုံရ၏။ ဝေ့ဝူ အပြေးအလွှား ရောက်ရှိလာသည်ကို မြင်သောအခါ သူ ထိတ်လန့်သွားပြီး အလျင်အမြန် ငိုယိုကာ အော်ဟစ်လိုက်သည်။

"သခင်လေး... ကျွန်တော် မှားမှန်းသိပါပြီ။"

ဝေ့ရှန်းသည် အသက် တစ်ဆယ့်သုံးနှစ်သာ ရှိသေးပြီး ဝေ့ဝူ၏ ရင်ဘတ်ခန့်အထိသာ အရပ်မီကာ ကလေးဆန်မှုများ မပျောက်သေးချေ။

ဤကဲ့သို့ ငိုယိုနေပုံမှာ ပို၍ပင် ကလေးဆန်လှပေသည်။

ဝေ့ဝူ ကြောင်အမ်းသွားပြီး ၎င်းတို့၏ အပြစ်မဟုတ်ကြောင်း ၎င်းမှာ ထိုကူပိုးမွှားကျင့်ကြံသူ၏ လက်ချက်သာဖြစ်ကြောင်း ပြောရန် ပြင်လိုက်သည်။

သို့သော်လည်း သူ ရုတ်တရက် သတိပြုမိသည်မှာ ဝေ့ရှန်းသည် ဒဏ်ရာရထားသော်လည်း အခြားသူများကဲ့သို့ သတိလစ်မနေဘဲ ကူပိုးမွှား၏ ထိန်းချုပ်ခြင်း ခံထားရသည့် မည်သည့်လက္ခဏာမျှ မရှိချေ။

"မင်းးးး"

သူ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး သူ၏ အရှိန်အဝါမှာ ရုတ်တရက် ပြင်းထန်လာသည်။

"မင်းက ငါ့ရဲ့ ဝိဉာဥ်ဆေးပင်တွေကို တကယ်ပဲ ခိုးယူခဲ့တာလား။"

ဝေ့ရှန်းက ပိုမိုကျယ်လောင်စွာ ငိုကြွေးလိုက်သည်။

"ဒါက လျိူချန် နဲ့ တခြားသူတွေက ကျွန်တော့်ကို အသိဉာဏ်မရှိဘူး ဘာဝိဉာဥ်ဆေးပင်ကိုမှ မသိဘူးလို့ ပြောပြီး သူတို့မသိတဲ့ ဝိဉာဥ်ဆေးပင်ဆိုတာ မရှိဘူးလို့ ကြွားလုံးထုတ်ကြလို့ပါ။ ကျွန်တော်က အစ်ကို ဝေ့ဝူရဲ့ စိုက်ခင်းထဲက ဝိဉာဥ်ဆေးပင်တွေက ထူးဆန်းနေတာကို မြင်တော့ သူတို့ကို အခက်တွေ့အောင် လုပ်ချင်လို့ ခိုးခဲ့တာပါ။ ကျွန်တော် တကယ်ပဲ မှားမှန်းသိပါပြီ။"

ဝေ့ဝူသည် မူလက ဝေ့ရှန်းမှာ ဝိညာဉ်ညို့ ရှစ်ပါး အပ်ပုံသဏ္ဌာန်ကူပိုးမွှား၏ တိုက်ခိုက်ခြင်းကို ခံရသဖြင့် ထိုသို့ဖြစ်ရသည်ဟု ထင်မှတ်ထားသောကြောင့် သူ၏ဒေါသကို ၎င်းအပေါ် လုံးဝ မပုံချခဲ့ဘဲ သူ၏ အသက်ဘေးကင်းရေးကိုသာ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

ယခု ဝေ့ရှန်း၏ စကားကို ကြားလိုက်ရသောအခါ သူ၏ရင်ထဲတွင် ဒေါသတရားများ ရုတ်တရက် အဟုန်ပြင်းစွာ ထကြွလာခဲ့တော့၏။

ဤအချိန်တွင် ဘိုးဘေး ဝေ့ချွမ်ဟဲသည် သူ၏ဘေးသို့ လျှောက်လှမ်းလာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဝေ့ရှန်း... ဒူးထောက်စမ်းးး"

ဝေ့ရှန်းသည် ဘုန်းခနဲအသံနှင့်အတူ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ရလေသည်။

ဘိုးဘေး ဝေ့ချွမ်ဟဲသည် လက်ကိုဆန့်ကာ ဝေ့ရှန်းကို ရိုက်နှက်လိုက်ပြီးနောက် ပြောသည်။

"ဝေ့ရှန်း... မိသားစုဝင်တစ်ဦးရဲ့ ပိုင်ဆိုင်မှုကို ခိုးယူတဲ့အတွက် ဘယ်လိုပြစ်ဒဏ်ရှိလဲဆိုတာ မင်းသိလား။"

"ဝေ့ရှန်းရဲ့ ကိစ္စကို နောက်မှ ရှင်းလို့ရပါတယ် အခု အရေးကြီးဆုံးက အဲဒီဝိဉာဥ်ဆေးပင်တွေ ဘယ်မှာလဲဆိုတာ ရှာဖို့ပဲ။"

ဝေ့ကျင်းပေါ်က ကြားဖြတ်ပြောလိုက်၏။

ဝေ့ဝူ၏ အလွန်အမင်း တုန်လှုပ်နေမှုကို ကြည့်ပြီး ပျောက်ဆုံးသွားသော ဝိဉာဥ်ဆေးပင်များ မည်မျှအထိ အရေးကြီးကြောင်း သူလည်း ခန့်မှန်းမိပေသည်။

ဝေ့ဝူ၏ စရိုက်အရ သာမန်ဝိဉာဥ်ဆေးပင်သာ ဖြစ်ပါက ဤမျှအထိ ဒေါသထွက်လိမ့်မည် မဟုတ်ဘဲ ရယ်မောပြီးပင် ကျော်ဖြတ်သွားနိုင်ပေသည်။

ဝေ့ဝူက အလျင်အမြန် မေးလိုက်သည်။

"မှန်တယ် ဝေ့ရှန်း... မင်းခိုးသွားတဲ့ မှော်ဆေးပင်တွေ ဘယ်မှာလဲ။ မြန်မြန် ထုတ်ပေးစမ်း။"

ဝေ့ရှန်းသည် ဘိုးဘေး ဝေ့ချွမ်ဟဲ၏ ပါးရိုက်မှုကြောင့် ကြောင်အမ်းသွားပြီး သူ၏ပါးကို အုပ်ကာ ငိုယိုရင်း ပြောသည်။

"မနေ့ညက ကျွန်တော် ဝိဉာဥ်ဆေးပင်တွေကို နှုတ်ပြီး ယွီဒင်းတောင်ကနေ ထွက်ပြေးပြီး ပုန်းနေခဲ့ပါတယ် ဒါပေမဲ့ ပျံသန်းနိုင်တဲ့ သားရဲတစ်ကောင်နဲ့ တိုးခဲ့တယ်။ အဲ့ဒီသားရဲက ကျွန်တော့်ကို မြေပြင်ပေါ် ရိုက်ချလိုက်လို့ ကျွန်တော် သတိလစ်သွားခဲ့တယ်။ ကျွန်တော် နိုးလာတော့ မိုးလင်းနေပြီ ကျွန်တော့်ဆီက မှော်ဆေးပင်တွေလည်း... ပျောက်ဆုံးသွားပြီ..."

ဝေ့ရှန်းသည် ပိုမို အပြစ်မကင်းသလို ခံစားရပြီး သူ၏ခေါင်းကို ဖြည်းည်းချင်း ငုံ့လိုက်သည်။

"တောက်"

ဝေ့ဝူ သူ၏ မျက်မှောင်ကို တင်းကြပ်စွာ ကြုတ်လိုက်မိသည်။

သားရဲတစ်ကောင်က ယူဆောင်သွားတာ ဟုတ်လား။ အခု ဘယ်လိုလုပ်ပြီး သွားရှာရမလဲ။

သို့သော်လည်း သူသည် ထိုဟင်းသီးဟင်းရွက်များကို ကျင့်ကြံသူတစ်ဦးဦးက ယူဆောင်သွားပြီး အကြီးအကျယ် စိုက်ပျိုးခြင်းထက်စာလျှင် သားရဲက စားပစ်လိုက်ခြင်းကို ပို၍ လိုလားပေသည်။

"မင်း ဘယ်နေရာမှာ သတိလစ်သွားတာလဲ"

"အရှေ့ဘက်မှာ ရှိတဲ့ သံနက်တောအုပ်ထဲမှာပါ။"

"ဒါဆိုရင် အိုသားရဲ ဘယ်ကို ဦးတည်သွားလဲဆိုတာ မင်းသိလား။"

"အဲဒီအချိန်တုန်းက သားရဲက ကျွန်တော့်ရဲ့ နောက်ကွယ်ကနေ ထွက်ပေါ်လာတာမို့လို့ သူလည်း အရှေ့ဘက်ကိုပဲ ဦးတည်သွားတာ ဖြစ်ရမယ်။"

ဝေ့ဝူ ခေါင်းညိတ်လိုက်၏။

"ငါ သွားရှာကြည့်မယ်။"

ထိုသို့ပြောပြီးနောက် သူ ချက်ချင်း ပျံသန်းထွက်ခွာသွားခဲ့တော့သည်။

သူသည် ခုနစ်နာရီ ရှစ်နာရီခန့် ကြာအောင် မြေလှန်ရှာဖွေခဲ့သည်။ သားရဲ အတော်များများနှင့် တိုးခဲ့သော်လည်း ငရုတ်သီးများ၏ အရိပ်အယောင်ကိုမူ မတွေ့ရှိခဲ့ရချေ။

'တကယ်လို့ မြေပုံစာအုပ်က ဂြိုဟ်တုလိုမျိုး မြေပြင်အခြေအနေကို ရှာဖွေနိုင်ရင် ကောင်းမှာပဲ။'

ဤအချက်ကို တွေးမိသောအခါ ဝေ့ဝူသည် နောက်တစ်ကြိမ်ကျလျှင် ဒရုန်းတစ်စင်း ယူဆောင်လာရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း သယ်ဆောင်နိုင်သော အလေးချိန် ကန့်သတ်ချက်ထက် ကျော်လွန်ပါက လက်လျှော့ရပေလိမ့်မည်။

နောင်တွင် သယ်ဆောင်နိုင်သော ကန့်သတ်ချက် သိဿာချိန်ပေါင်းများစွာအထိ ရောက်ရှိလာပါက တကယ့်ဂြိုဟ်တုတစ်ခု ယူဆောင်လာရန် စဉ်းစားခြင်းမှာလည်း မဖြစ်နိုင်သည် မဟုတ်ချေ။

"အကယ်၍ ဒီဟင်းသီးဟင်းရွက်တွေကို သားရဲက ယူသွားပြီး တောရိုင်းပင်တွေ ဖြစ်သွားရင်တော့ ကျင့်ကြံခြင်းလောကကြီး အတော်လေး စည်ကားသွားမှာပဲ။"

ကျင့်ကြံခြင်းလောကရှိ အခြားသော ဝိဉာဥ်ဆေးပင်များနှင့် ကမ္ဘာမြေမှ ဟင်းသီးဟင်းရွက်များ၏ အကြီးမားဆုံး ကွာခြားချက်မှာ စိုက်ပျိုးရ လွယ်ကူခြင်း ဖြစ်၏။

ကန်စွန်းဥ ဟင်းရွက်စိမ်းနှင့် စပျစ်သီးကဲ့သို့သော မှော်ဆေးပင်မျိုးသည် ကျင့်ကြံခြင်းလောကတွင် လုံးဝမရှိသည် မဟုတ်သော်လည်း အလွန်တရာ အဖိုးတန်လှပြီး မန်ရှင်းကျင့်ကြံသူများပင် ရရှိရန် ခက်ခဲလှပေသည်။

ထို့ပြင် ၎င်းတို့ကို စိုက်ပျိုးရန် အလွန်တရာ ခက်ခဲလှ၏။ သာမန်လူတစ်ယောက်အနေဖြင့် ဝိဉာဥ်ဆေးပင် တစ်ပင်တည်းမှ စိုက်ခင်းအကြီးအကျယ် ဖြစ်အောင် စိုက်ပျိုးရန်မှာ စိတ်ကူးယဉ်အိမ်မက်မျှသာ ဖြစ်သည်။

ဝိညာဉ်သန္ဓေနယ်ပယ် အင်အားစုများပင်လျှင် ၎င်းတို့ကို စိုက်ပျိုးရန်အတွက် ကံတရားအပေါ်၌သာ အဓိက အမှီပြုကြရပေသည်။

မဟုတ်လျှင် ကျင့်ကြံခြင်းလောကရှိ လူများသည် အဘယ်ကြောင့် စွန့်စားရှာဖွေခြင်းကို အလွန်အမင်း စိတ်အားထက်သန်ကြသနည်း။

အကြောင်းမှာ ၎င်းတို့ကိုယ်တိုင် မစိုက်ပျိုးနိုင်ကြသောကြောင့်ပင်။

၎င်းတို့အထဲတွင် အာနိသင် မသိရသေးသော မုန်လာဥနီနှင့် ခရမ်းချဉ်သီး နှစ်မျိုး ပါဝင်နေသေးရာ အကယ်၍ ၎င်းတို့ထဲတွင် ကြီးမားသော လျှို့ဝှက်ချက် ပါဝင်နေပါက တကယ့် ပွဲကြီးပွဲကောင်း ဖြစ်ပွားပေလိမ့်မည်။

အိမ်သို့ ပြန်ရောက်သောအခါ ဝေ့ဝူ၏ စိတ်နှလုံးမှာ လေးလံနေခဲ့သည်။

သူ၏ ပုံစံကို မြင်သောအခါ ဝေ့ကျင်းပေါ်သည်လည်း ပိုမိုတည်ငြိမ်သွားပြီး ဤကိစ္စသည် သူထင်ထားသည်ထက် ပိုမိုပြင်းထန်ကြောင်း သဘောပေါက်လိုက်၏။

သူက ဝေ့ဝူအား မည်သည့်မှော်ဆေးပင်မျိုး ပျောက်ဆုံးသွားသနည်းဟု မေးမြန်းရာဝေ့ဝူက ဟင်းရွက်စိမ်းနှင့် ငရုတ်သီးများ၏ အာနိသင်ကို ရှင်းပြလိုက်သည်။

ဝေ့ကျင်းပေါ် ထိတ်လန့်သွားလေတော့သည်။

"မန်ရှင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုနဲ့ ညီမျှတာ ဟုတ်လား။"

"ဝေ့ရှန်းကို အခု ပြစ်ဒဏ်ခတ်ခန်းမမှာ ပိတ်လှောင်ထားပြီး စီရင်ချက်ကို စောင့်ထားခိုင်းတယ်။"

ဆန်ချွမ်တောင်၏ နောက်ကျောဘက်သို့ ရောက်ရှိလာသောအခါ ဒေါင်လိုက်ချောက်ကမ်းပါးမျက်နှာပြင်ပေါ်တွင် ဂူအချို့ ရှိနေ၏။ ၎င်းတို့သည် မိသားစုကို စတင်တည်ထောင်စဉ်ကတည်းက တည်ဆောက်ခဲ့သော ပြစ်ဒဏ်ခတ်ခန်းမ၏ ထောင်ဂူများ ဖြစ်ကြသည်။

ဝေ့ရှန်းကို ကျောက်ဂူတစ်ခုအတွင်း ပိတ်လှောင်ထားပြီး ဝိညာဉ်စားသံနက်ဖြင့် ချည်နှောင်ထားလေသည်။

"ဝေ့ဝူ... ဝေ့ရှန်းကို ဘယ်လို အရေးယူမလဲဆိုတာ မင်းအပေါ်မှာပဲ လုံးဝ တည်ပါတယ်။"

ဝေ့ဝူ ငြင်းပယ်ခြင်း မပြုခဲ့ပေ။ အကြောင်းမှာ ဤအကြိမ်တွင် သူ အမှန်တကယ် ဒေါသထွက်ခဲ့သောကြောင့် ဖြစ်သည်။

"ကျွန်တော် မိသားစုစည်းမျဉ်းတွေကို ကြည့်ချင်တယ်။"

တစ်နာရီအကြာတွင် ၎င်းတို့သုံးဦး ထောင်ဂူမှ ထွက်ခွာလာခဲ့ကြပြီး ဘိုးဘေး ဝေ့ချွမ်ဟဲသည် လက်ကိုင်ဖုန်းကို အသုံးပြု၍ ဝေ့မိသားစု၏ အကြီးအကဲများကို ဆင့်ခေါ်လိုက်​​တော့သည်။

ပြီးခဲ့သည့်အကြိမ်က ဝေ့ဝူသည် လက်ကိုင်ဖုန်း ဆယ်လုံး ထပ်မံယူဆောင်လာခဲ့ရာယခုအခါ ဝေ့မိသားစု၏ မန်ရှင်းအဆင့်ဝင် အားလုံးတွင် လက်ကိုင်ဖုန်းတစ်လုံးစီ ရှိကြပြီး ဝေ့လော့သည်လည်း ချွင်းချက်မဟုတ်ချေ။

၎င်းတို့သည် အကြီးအကဲခန်းမ တွင် စတင်ဆွေးနွေးခဲ့ကြသည်။ တတိယအကြီးအကဲ ဝေ့ရှင်းယန်မှလွဲ၍ အားလုံးတွင် ကန့်ကွက်ချက်မရှိကြချေ။ တတိယအကြီးအကဲမှာမူ မျက်မှောင်ကြုတ်လျက် တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေပုံရသည်။

အဆောက်အအုံအတွင်းရှိ အားလုံးမှာ ဝေ့မိသားစုဝင်များ ဖြစ်ကြရာ ဝေ့ရှန်းသည် တတိယအကြီးအကဲ ဝေ့ရှင်းယန်၏ ဒုတိယမြောက်သားမှ မွေးဖွားလာသော မြေးဖြစ်ကြောင်း မည်သို့လျှင် မသိဘဲ နေပါမည်နည်း။

တတိယအကြီးအကဲ ဝေ့ရှင်းယန်ကိုယ်တိုင် ပါရမီအတော်ပင် ကောင်းမွန်လှသော်လည်းသူ မွေးဖွားခဲ့သော သားသုံးဦးစလုံးတွင် ဝိညာဉ်အပေါက်မပါရှိခဲ့ကြချေ။ တတိယမျိုးဆက်သို့ ရောက်ရှိသောအခါ ဤမြေးတစ်ဦးတည်းသာ ဝိညာဉ်အပေါက် ပါရှိခဲ့ပြီး ၎င်း၏ အရည်အသွေးမှာလည်း အထူးကောင်းမွန်လှပေသည်။

သာမန်ကျင့်ကြံခြင်းဖြင့်ပင် ချီသန့်စင်ခြင်း၏ အထက်ပိုင်း အဆင့်သုံးဆင့်သို့ ရောက်ရှိနိုင်သည်။

အထူးသဖြင့် မျိုးရိုးဗီဇကျမ်း၏ မြှင့်တင်မှုကြောင့် သူ၏ ဝိညာဉ်အပေါက်မှာ နှစ်ခုအထိ ဖြစ်လာခဲ့သည်။ မိသားစုတွင် လက်ရှိရှိနေသော အရင်းအမြစ်မြောက်မြားစွာဖြင့် နောင်တွင် အလယ်ပိုင်း သို့မဟုတ် အထက်ပိုင်း မန်ရှင့်းအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်လာရန်မှာ အိပ်မက်မဟုတ်ချေ။

သို့သော်လည်း ဝေ့မိသားစုသည် ယနေ့ကဲ့သို့ အခြေအနေသို့ ရောက်ရှိလာခြင်းမှာ အမှန်တကယ်တော့ ဝေ့ဝူတစ်ဦးတည်းကြောင့်သာ ဖြစ်ကြောင်း သူကောင်းစွာ သိရှိထားကြသည်။

အမှန်အတိုင်း ပြောရလျှင် ဝေ့ဝူနှင့် ဝေ့ရှန်းတို့အကြား ရွေးချယ်ရမည်ဆိုပါက တတိယအကြီးအကဲ ဝေ့ရှင်းယန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ဝေ့ဝူကိုသာ ရွေးချယ်ပေလိမ့်မည်။

ဝေ့ဝူတစ်ဦးတည်းသာ ဝေ့မိသားစုကို ကျင့်ကြံခြင်းလောက၏ တင်းကြပ်လှသော အဆင့်အတန်းများမှ ကျော်လွန်သွားစေနိုင်မည်။

ထို့ပြင် ဝေ့ရှန်း၏ လုပ်ရပ်သည် မိသားစုစည်းမျဉ်းများကို အမှန်တကယ် ချိုးဖောက်ခဲ့ခြင်း ဖြစ်သည်။ အများအကျိုးအတွက်ဖြစ်စေ ကိုယ်ရေးကိုယ်တာအတွက်ဖြစ်စေ သူသည် ဝေ့ရှန်းအတွက် အသနားခံပေးခြင်း မပြုသင့်သလို ပြုလုပ်လိမ့်မည်လည်း မဟုတ်ချေ။

ဆွေးနွေးမှု ပြီးဆုံးသွားပြီးနောက် ဘိုးဘေး ဝေ့မ်ဟဲသည် မျိုးနွယ်စုဝင်အမြောက်အမြားကို ခန်းမဆောင်ကြီး၏ ရှေ့ရှိ ရင်ပြင်တွင် စုဝေးရန် အမိန့်ပေးလိုက်သည်။

အမှန်တွင် ဤကဲ့သို့သော ကိစ္စရပ်မျိုးကို ဝေ့ကျင်းပေါ်က ဦးဆောင်ရမည်ဖြစ်သော်လည်း၎င်းသည် သူ၏သား ဝေ့ဝူနှင့် သက်ဆိုင်နေသဖြင့် ဘိုးဘေး ဝေ့ချွမ်ဟဲရှေ့ထွက်လာခြင်းက ပိုမိုကောင်းမွန်သည်ဟု သူ ခံစားရ၏။

နေမင်းကြီးသည် မြင့်မားစွာ သာလွန်နေပြီး လေပြင်းများ တိုက်ခတ်နေလေသည်။ ချန်ချွမ်တောင်၏ ထိပ်ဖျားတွင် ဝေ့ရှန်းကို ချည်နှောင်ထားပြီး ကျင့်ကြံသူ အမြောက်အမြားနှင့် သာမန်လူအချို့ ဝန်းရံစုဝေးနေကြသည်။

ဘိုးဘေး ဝေ့ချွမ်ဟဲက ကျယ်လောင်စွာ ပြောကြားလိုက်သည်။

"ဝေ့ရှန်းဟာ မိသားစုစည်းမျဉ်းတွေကို မလေးမစားပြုပြီး မျိုးနွယ်စုဝင်တစ်ဦးရဲ့ ဝိဉာဥ်ဆေးပင်ကို ခိုးယူခဲ့တယ်။ ဒီလုပ်ရပ်ရဲ့ သဘာဝဟာ အလွန်တရာ ယုတ်မာလှပြီး ပြစ်ဒဏ်ခတ်ခြင်း ခံရဖို့ ထိုက်တန်ပါတယ်။ ငါက သူ့ကို စီရင်ချက်ချဖို့ ဝေ့ဝူရဲ့ လက်ထဲကို အပ်နှံဖို့ ဆုံးဖြတ်လိုက်တယ်။"

ဝေ့ဝူ ရှေ့သို့ လှမ်းလာခဲ့၏။

"မိသားစုဝင် များနှင့် အကြီးအကဲတို့ အမှန်အတိုင်း ပြောရရင် ဝေ့ရှန်း ခိုးယူသွားတဲ့ အရာက ကျွန်တော့်ရဲ့ ဝိဉာဥ်စိုက်ခင်းထဲက ဆေးပင်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆေးပင်တွေဟာ အလွန်တရာ အရေးကြီးပြီး မိသားစုတစ်ခုလုံးကို ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဝေ့ရှန်းရဲ့ အကျင့်စာရိတ္တဟာ မလျော်ကန်ဘဲ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ကျွန်တော်က သူ၏ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်ရန်နှင့် နောင်တရခြင်းဂူသို့ ပို့ဆောင်ကာ တစ်သက်တာ ပိတ်လှောင်ထားရန် ကြေညာတယ်။"

သူ၏ စကားသံ ဆုံးသွားသည်နှင့် အောက်ခြေတွင် တိုးတိုးတိုးတိုးဖြင့် ပြောဆိုသံများ ထွက်ပေါ်လာခဲ့၏။ ရုတ်တရက် အမျိုးသမီးတစ်ဦးက အော်ဟစ်လိုက်သည်။

"ဝေ့ဝူ မင်း အခု ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဒီလိုနေရာမျိုးမှာ မင်းစကားပြောရမယ့် အလှည့်မဟုတ်ဘူး။ မင်းပြောတဲ့စကားက အတည်မဖြစ်ဘူး။ ကျွန်မက ဘိုးဘေးကြီးနဲ့ မိသားစုခေါင်းဆောင်ကို ပြန်လည်စီရင်ပေးဖို့ တောင်းဆိုတယ်။"

ထိုသို့ ပြောဆိုသူမှာ အခြားသူမဟုတ်ဘဲ ဝေ့ရှန်း၏ မိခင်ပင် ဖြစ်သည်။

ဝေ့ဝူ ဒေါသ မထွက်ခဲ့ချေ၊ သူ၏ အသံမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။

"အဒေါ် ယွီရုံ... အဒေါ်ပြောတဲ့ စကားက မမှန်ပါဘူး။ ကျွန်တော်က အခု မိသားစုရဲ့ သခင်လေး ဖြစ်တဲ့အတွက် ဆုလာဘ်နဲ့ ပြစ်ဒဏ်ပေးပိုင်ခွင့် ရှိသင့်ပါတယ်။"

"ရှန်းအာက အခုမှ အသက် တစ်ဆယ့်သုံးနှစ်ပဲ ရှိသေးတယ်ကလေးပဲ ရှိသေးတာ။ သူ အမှားလုပ်ခဲ့ရင်တောင် သူ့ကို ပြုပြင်ဖို့ အခွင့်အရေး ပေးသင့်တာပေါ့။ မင်းက ဘာဖြစ်လို့ ဒီလောက်တောင် ရက်စက်ရတာလဲ။"

ဝေ့ဝူက အေးစက်စွာ ပြောလိုက်သည်။

"အဒေါ် ယွီရုံ... တစ်ဆယ့်သုံးနှစ်ဆိုတာ မငယ်တော့ပါဘူး။ ဒါကက ဝေ့ရှန်းရဲ့ အမှားအတွက် ဆင်ခြေပေးဖို့ မလုံလောက်ပါဘူး။ မိသားစုစည်းမျဉ်းတွေကို ဒီလောက်အထိ အလွယ်တကူ ချိုးဖောက်လို့ ဘယ်ရပါ့မလဲ။"

ရွှီယွီရုံသည် ဝေ့ဝူ၏ ထက်မြက်လှသော အော်ဟစ်မှုကြောင့် ထိတ်လန့်သွားပြီး နောက်သို့ ခြေလှမ်းဝက်ခန့် ဆုတ်လိုက်မိကာ ဆက်မပြောဝံ့တော့ချေ။ သူမသည် သူမ၏ဘေးတွင် ရပ်နေသောသူကို လက်ဖြင့် ဆွဲလိုက်သည်။

သူမ၏ဘေးတွင် ရပ်နေသော အသက်လတ်ပိုင်းအမျိုးသားမှာ ဝေ့ရှန်း၏ ဖခင် ဝေ့စန်းယွဲ့ ဖြစ်ပြီး၊သူကသာ ရှေ့ထွက်ပြောရတော့သည်။

"ဝေ့ဝူ... မင်းက မိသားစုစည်းမျဉ်းတွေအကြောင်း ပြောနေတော့ ငါမှတ်မိသလောက် ဝိဉာဥ်ဆေးပင် ခိုးယူတဲ့အတွက် ထိုဝိဉာဥ်ဆေးပင်ရဲ့ တန်ဖိုးအပေါ် မူတည်ပြီး သုံးလကနေ နှစ်ပေါင်းနှစ်ဆယ်အထိသာ ပိတ်လှောင်ရတာ ဖြစ်တယ်။ မင်း ဘယ်လိုအဆင့်ရှိတဲ့ ဝိဉာဥ်ဆေးပင် ပျောက်ဆုံးသွားလဲဆိုတာ ငါမသိပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ၏ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်တဲ့အထိတော့ မဖြစ်သင့်ဘူးမလား။ ဒီလောက်အထိ ပြင်းထန်တဲ့ တစ်သက်တာ ပိတ်လှောင်မှုဆိုတာမျိုးကောပဲ။ ပြီးတော့ ငါ့ကို စပ်စုတယ်လို့ မထင်ပါနဲ့ငါသိသလောက် ငါတို့ ဝေ့မိသားစုမှာ အခု ကျင့်ကြံသူ အများကြီးမရှိသေးဘူးတစ်ယောက်ချင်းစီက အလွန်တရာ အဖိုးတန်လှပါတယ်။ မိသားစုအတွက် စဉ်းစားရင်တောင် ဒီလိုမျိုး မဖြစ်သင့်ဘူး။"

ဝေ့ဝူက ပြောသည်။

"ဦးလေး စန်းယွဲ့... ဦးလေးပြောတာ မှန်ပါတယ်။ ဝိဉာဥ်ဆေးပင် ခိုးယူခြင်းနဲ့ ပတ်သက်တဲ့ မိသားစုစည်းမျဉ်းတွေမှာ သုံးလကနေ နှစ်ပေါင်းနှစ်ဆယ်အထိ ပြစ်ဒဏ်ပဲ ရှိတာ အမှန်ပါပဲ။ ဒါပေမဲ့ မိသားစုစည်းမျဉ်းတွေထဲမှာ နောက်ထပ် အပိုဒ်တစ်ခု ရှိပါသေးတယ်။ အမှားတစ်ခုကြောင့် ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ မည်သူမဆို အကြီးအကဲတွေရဲ့ ဆွေးနွေးဆုံးဖြတ်ချက်အရ မိသားစုစည်းမျဉ်းတွေကို ကျော်လွန်ပြီး သီးခြားစီရင်ပိုင်ခွင့် ရှိပါတယ်။ ဝေ့ရှန်း ခိုးယူသွားတဲ့ ဝိညာဥ်ဆေးပင်ဟာ အလွန်တရာ အဖိုးတန်လှပြီး သူဖြစ်ပေါ်စေခဲ့တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဟာ ဦးလေးတို့ ထင်ထားတာထက် အဆပေါင်းများစွာ ပိုမိုကြီးမားပါတယ်။ ကျွန်တော် ကြေညာခဲ့တဲ့ ပြစ်ဒဏ်ဟာ မိသားစုအကြီးအကဲများအားလုံး ပူးပေါင်းဆွေးနွေးခဲ့ကြတဲ့ ရလဒ် ဖြစ်ပါတယ်။"

"ဒါ... ဒါက..."

ဝေ့စန်းယွဲ့ ဘာမျှ ပြန်လည်မပြောနိုင်တော့ချေ။

"ကောင်းပြီ။"

ဘိုးဘေး ဝေ့ချွမ်ဟဲက စကားပြောလိုက်၏

"ပြစ်ဒဏ်ခတ်ခန်းမ... ဝေ့ရှန်းကို ပြစ်ဒဏ်ခံယူဖို့ ခေါ်ဆောင်သွားလိုက်တော့။"

ဝေ့ကျွန်းချန်သည် ပြစ်ဒဏ်ခတ်ခန်းမ၏ အကြီးအကဲအနေဖြင့် ကိုယ်တိုင် ရှေ့ထွက်ကာ ဝေ့ရှန်းကို ခေါ်ဆောင်သွားခဲ့တော့၏။

ရွှီယွီရုံသည် အားအင်ကုန်ခမ်းကာ ဝေ့စန်းယွဲ့၏ ရင်ခွင်ထဲတွင် ငိုယိုလဲပြိုသွားခဲ့သည်။

၎င်းတို့ကိုယ်တိုင်မှာ ကျင့်ကြံသူများ မဟုတ်ကြဘဲ၎င်းတို့၏ မျှော်လင့်ချက်အားလုံးကို ဝေ့ရှန်းအပေါ်၌သာ ပုံအောထားခဲ့ကြခြင်းပင်။ ဤအချိန်တွင် ၎င်းတို့ မည်သို့လျှင် ဝမ်းမနည်းဘဲ နေပါမည်နည်း။

ဝေ့ဝူသည် အေးစက်စွာ စောင့်ကြည့်နေခဲ့သည်။ သူ၏ရင်ထဲတွင် မကောင်းမွန်သော်လည်း ဤသို့ ပြုလုပ်ရပေမည်။

အမှန်အတိုင်း ပြောရလျှင် သူသည် အပြင်လောကရှိ မည်သည့်အရာကိုမျှ မကြောက်ရွံ့သော်လည်း အိမ်တွင်း၌ ပြဿနာများ ဖြစ်ပွားလာမည်ကိုသာ စိုးရိမ်ခြင်း ဖြစ်သည်။

အိမ်တွင်းအခြေအနေ တည်ငြိမ်အေးချမ်းမှသာလျှင် သူသည် အပြင်လောကသို့ စိတ်အေးချမ်းသာစွာဖြင့် စွန့်စားထွက်ခွာနိုင်မည် ဖြစ်၏။

ဤအချိန်တွင် မိသားစုအတွင်း အာဏာနှင့် စည်းကမ်းကို တည်ဆောက်ရန်မှာ အလွန်ပင် အရေးကြီးလှပေသည်။

ညဘက်တွင် ဝေ့စန်းယွဲ့နှင့် ရွှီယွီရုံတို့သည် နောင်တရခြင်းဂူရှိ ဝေ့ရှန်းထံသို့ သွားရောက်ကြည့်ရှုပြီး ပြန်လာကြသောအခါ ၎င်းတို့၏ တံခါးဝတွင် လူတစ်ဦး ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

ဝေ့ဝူက အရိုအသေပြုကာ ပြောလိုက်သည်။

"ဦးလေး စန်းယွဲ့... အဒေါ် ယွီရုံ"

ရွှီယွီရုံသည် မျက်နှာပေါ်တွင် မျက်ရည်စများဖြင့် သူ့ကို လုံးဝမကြည့်ဘဲ အိမ်ထဲသို့ တစ်ယောက်တည်း ဝင်သွားခဲ့သည်။

"စိတ်ထဲမထားပါနဲ့ သူမက ဒီလိုပါပဲ။"

"ဦးလေး စန်းယွဲ့... ကျွန်တော့်ကို ရက်စက်တယ်လို့ မပြစ်တင်ပါနဲ့ ဒါပေမဲ့ ဒီကိစ္စက အရမ်းကို ပြင်းထန်လွန်းလို့ပါ။ ဒီလိုပြောရအောင်... ကျွန်တော် ရဲ့ ဝိဉာဥ်ဆေးပင်တွေကို မမြင်ဖူးသေးလို့ စကားအလွတ်မပြောချင်ပေမဲ့ ကျွန်တော့်ရဲ့ အဲဒီဆေးပင်အချို့ဟာ အဆင့် ၃ ဆေးပင်တွေထက် အဆပေါင်းများစွာ ပိုမိုအဖိုးတန်တဲ့ အထွတ်အထိပ် ရတနာတွေ ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော် သူ့ကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်မပေးခဲ့ရင် နောင်ကျရင် တခြားမျိုးနွယ်စုဝင်တွေက ဒါကို အလေးမထားဘဲ လိုက်လံအတုယူကြမှာကို စိုးရိမ်လို့ပါ။ စကားပုံတစ်ခု ရှိသလိုပဲ စည်းကမ်းမရှိရင် စနစ်မရှိဘူးဆိုသလိုကျွန်တော် ဤဆုံးဖြတ်ချက်ကို မလွှဲမရှောင်သာ ချမှတ်ခဲ့ရတာပါ။"

"ငါက မင်းတို့ ကျင့်ကြံသူတွေရဲ့ ကိစ္စကို အများကြီး နားမလည်ပါဘူး ဒါပေမဲ့ ဒီကိစ္စက အရမ်းပြင်းထန်မှန်းတော့ ငါသိပါတယ်။ မင်းကလည်း မိသားစုရဲ့ ကောင်းကျိုးအတွက် ပြုလုပ်တာဖြစ်ပြီး အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်နေတော့ ငါလည်း လက်ခံပါတယ်။"

ဝေ့ဝူ ထပ်မံ အရိုအသေပြုပြီးနောက် နှုတ်ဆက်ထွက်ခွာခဲ့သည်။

မသေမျိုးဂူသို့ ပြန်ရောက်သောအခါ ဝေ့ဝူသည် ဟောင်းလောင်းဖြစ်နေသော မြေကျင်းငယ်အချို့ကို ကြည့်ကာ သူ၏ စိုးရိမ်ပူပန်မှုများ လျော့ကျမသွားခဲ့ချေ။

သူသည် ဝေ့စန်းယွဲ့နှင့် သူ၏ဇနီးထံသို့ သွားရောက်ခဲ့ခြင်းမှာ ယခင်ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့သူများ ဖြစ်ကြသဖြင့် နှစ်သိမ့်စကား အနည်းငယ် ပြောကြားရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

နောင်တွင် ဤကဲ့သို့သော ကိစ္စမျိုး ထပ်မံဖြစ်ပွားပါက သူသည် ဤမျှအထိ သေချာရှင်းပြနေလိမ့်မည် မဟုတ်တော့ချေ။

မိသားစုဝင်များ ဖြစ်ကြသော်လည်း စည်းကမ်းဆိုသည်မှာ အေးစက်နေရပေမည်။

ဤသည်မှာ ဝေ့ဝူအနေဖြင့် မိသားစုဝင်တစ်ဦးအပေါ် ဤမျှအထိ အကြီးအကျယ် ဒေါသထွက်ခဲ့ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် အကယ်၍ ဤအရာမှာ ပြင်ပလူတစ်ဦးသာ ဖြစ်ပါက ရာနှင့်ချီသော အကြိမ်မက သေဆုံးသွားခဲ့ပြီးဖြစ်ကာ ခန္ဓာကိုယ်ပါ ပြာမှုန့်ဖြစ်သွားခဲ့ပြီ ဖြစ်ပေ၏။

သူသည် မသေမျိုးဂူတွင် ကျင့်ကြံရန် ကြိုးပမ်းခဲ့သော်လည်း သူ၏ စိတ်အခြေအနေမှာ မတည်ငြိမ်နိုင်ခဲ့ချေ။ သူသည် အပြင်သို့ ထွက်ကာ လေဟာနယ်ထဲတွင် လှည့်လည်သွားလာရင်းကံတရားကို အမှီပြု၍ ဟင်းသီးဟင်းရွက်များ သို့မဟုတ် ထိုကူပိုးမွှားမန္တန်ကို အသုံးပြုခဲ့သူ၏ အရိပ်အယောင်ကို ရှာဖွေတွေ့ရှိနိုင်မလားဟု တွေးတောနေမိသည်။

သူသည် အပြင်လောကတွင် တစ်ရက်တိုင်တိုင် လှည့်လည်ခဲ့သော်လည်း ဘာမျှ ရှာမတွေ့ခဲ့ချေ၊ သို့သော်လည်း ဝေ့ကျင်းပေါ်က ဖုန်းဆက်ကာ ချင်းမင်ဂိုဏ်း၏ သတင်း ရရှိထားကြောင်း ပြောကြားလာခဲ့သည်။

ဝေ့ဝူ ချက်ချင်းပင် အိမ်သို့ ပြန်လာခဲ့တော့သည်။

All Chapters