← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀ - ဘိုးဘေးများနှင့် မိတ်ဟောင်းဆွေဟောင်းများ။

ချန်ချွမ်တောင်သို့ ပြန်ရောက်သောအခါ ဝေ့ကျင်းပေါ်ကပြော၏

"မြင်းဖြူဂိုဏ်း ကလူတွေပြောတာတော့ ချင်းမင်ဂိုဏ်းကလူတွေ အရှေ့မြောက်ဘက်ကို ဦးတည်သွားတာ မြင်လိုက်ရတယ်တဲ့။ ငါတို့လည်း ဒီသဲလွန်စနောက်ကိုလိုက်ပြီး အဲဒီလမ်းကြောင်းက အင်အားစုအချို့ကို စုံစမ်းကြည့်ခဲ့တယ်။ အခုလေးတင်ပဲ ဟွမ်ယွဲ့အိုင် ကလူတွေ လာပြီးသတင်းပို့တာကတော့... ချင်းမင်ဂိုဏ်းနဲ့ လျိူမိသားစုဟာ ဒါချူတောင်တန်း ထဲကို ဝင်သွားတာကို မြင်လိုက်ရတယ်လို့ ပြောတယ်။"

မြင်းဖြူဂိုဏ်းနှင့် ဟွမ်ယွဲ့အိုင်တို့သည် အသစ်တည်ထောင်ထားသော အင်အားစုများ ဖြစ်ကြသည်။ ၎င်းတို့သည် လင်ရှီးဂိုဏ်းနှင့် ဝမ်ချွမ်ဂိုဏ်း တို့၏ နယ်မြေဟောင်းများတွင် အခြေစိုက်ထားကြပြီး ထိုဂိုဏ်းကြီးနှစ်ခု ပျက်စီးသွားခြင်းကို အခွင့်ကောင်းယူကာ နယ်မြေများခွဲဝေ၍ ကိုယ်ပိုင်ဂိုဏ်းများ တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။

"မင်းရဲ့ ဦးလေးကြီး သုံးယောက်မြောက်နဲ့ ကျွင်းချန်တို့လည်း အဲဒီဘက်ကို ဦးတည်သွားကြပြီ။ မတော်တဆတစ်ခုခုဖြစ်ရင် အဆင်ပြေအောင် ဝူအာ.. မင်းလည်း သူတို့ကို ကူညီဖို့ အမြန်ဆုံး လိုက်သွားလိုက်ဦး။"

ဝေ့ဝူ ခဏမျှ ကြောင်အမ်းသွားပြီးနောက် ခန်းမဆောင်ကြီးအတွင်းမှ ချက်ချင်း ထွက်ခွာခဲ့တော့၏။

သူသည် ကစားစရာကားပေါ်သို့ တက်လိုက်ပြီးသည်နှင့် ဝေ့ဆန်း နှင့် ဝေ့ကျွင်းချန်တို့ထံ ချက်ချင်း ဖုန်းဆက်ကာ ပြန်လာကြရန် ပြောကြားလိုက်သည်။

အကြောင်းမှာ ချင်းမင်ဂိုဏ်းနှင့် လျိူမိသားစုတို့၏ အရိပ်အယောင်များသည် ထိုကူပိုးမွှားကျင့်ကြံသူနှင့် ဆက်စပ်နေနိုင်သဖြင့် ၎င်းတို့ကို အန္တရာယ်မပြုစေလိုခြင်း ဖြစ်သည်။

"ဒါဆိုရင်လည်း ဝူအာ... မင်းလည်း သတိထားဦးနော်။ ငါတို့ ကျိယဲ့တောအုပ် ကို ပြန်ပြီး ခံတပ်ကို စောင့်နေလိုက်မယ်။ အဲဒီမှာ ကျန်နေသေးတဲ့ သားရဲ အနည်းငယ်ကို သတ်ဖြတ်ပြီးတာနဲ့ နယ်မြေချဲ့ထွင်ဖို့ ဖွင့်လှစ်နိုင်ပြီ။"

"ဝေ့ဝူ... မင်းသွားတဲ့အခါ ချင်းမင်ဂိုဏ်းနဲ့ လျှူမိသားစုကလူတွေကို ဖမ်းဆီးဖို့ လူအင်အား ထပ်လိုရင် မိသားစုကို ချက်ချင်း ဆက်သွယ်လိုက်ပါ ငါတို့ ချက်ချင်း လိုက်လာခဲ့မယ်။"

ဝေ့ဝူ သဘောတူလိုက်၏။

သူသည် အရှေ့မြောက်ဘက်သို့ တောက်လျှောက် ဦးတည်ပျံသန်းလာခဲ့သည်။

ဒါချူတောင်တန်းသည် ကျယ်ပြန့်လှပြီး နက်ရှိုင်းကာ အန္တရာယ်များသော တောင်တန်းကြီး ဖြစ်ပေသည်။

ထိုနေရာတွင် အစွမ်းထက်သော သားရဲများစွာ ရှိသော်လည်း မည်သည့် အဖိုးတန်ရတနာမျှ ရှာမတွေ့နိုင်သဖြင့် ကျင့်ကြံသူများသည် ရင်းနှီးမြှုပ်နှံမှုနှင့် ပြန်လည်ရရှိမည့် အကျိုးအမြတ် မမျှတဟု ခံစားရသောကြောင့် လာရောက်စွန့်စားသူ အလွန်နည်းပါးလှသည်။

သာမန်လူသားဖြစ်စေ ကျင့်ကြံသူဖြစ်စေ လုံးဝဝင်ရောက်ခြင်းမရှိသဖြင့် ၎င်းသည် လူသူကင်းမဲ့သော နေရာအစစ်အမှန် ဖြစ်၏။

ဒါချူတောင်တန်းသို့ ရောက်ရှိသောအခါ ဝေ့ဝူသည် ကစားစရာကားပေါ်မှ ဆင်းကာ ကောင်းကင်ဘုံကို လှည့်စားခြင်းကို အသက်သွင်းပြီး တောအုပ်အတွင်း လှည့်လည်ခဲ့သည်။

ဤအကြိမ်တွင် သူသည် Mewtwo ကိုပါ သီးသန့်ခေါ်ဆောင်လာခဲ့သည်။ ကျင့်ကြံခြင်းလောကတွင် Mewtwo၏ စိတ်စွမ်းအား များ အလွန်အမင်း အားနည်းသွားသော်လည်းပတ်ဝန်းကျင် ဝန်းကျင် ဆယ်ဂါလန်ခန့် အတွင်းရှိ မည်သည့်လှုပ်ရှားမှုကိုမဆို ထောက်လှမ်းနိုင်စွမ်း ရှိနေဆဲပင် ဖြစ်သည်။

ဒါချူတောင်တန်းသည် ကျယ်ပြောလှပြီး ချောက်ကမ်းပါးများ ရှုပ်ထွေးကာ မြေမျက်နှာသွင်ပြင် ဆန်းပြားလှသဖြင့် ရှာဖွေရန် ခက်ခဲလှလေ၏။

သို့သော်လည်း ဝေ့ဝူသည် အလွန်ပင် စိတ်ရှည်လှသည်။ သူသည် မည်သည့်အရာကိုမျှ မလွတ်စေရန်အတွက် နှေးကွေးစွာ ရှာဖွေခြင်းကိုသာ ပိုမိုလိုလားသည်။

တစ်နေ့နှင့် တစ်ညတာလုံး အကျိုးရလဒ်မရှိဘဲ ရှာဖွေပြီးနောက် သူသည် ကြီးမားသော တောင်ချောက်ကမ်းပါးတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

၎င်းမှာ နေဝင်ရိုးရီအချိန် ဖြစ်သဖြင့် ဤနေရာရှိ အလင်းရောင်မှာ မှိန်ဖျော့နေပြီးကြောက်မက်ဖွယ်ကောင်းကာ အနည်းငယ် ချမ်းစိမ့်လှသည်။

ချောက်ကမ်းပါး၏ အောက်ခြေတွင် အကျယ် ဇန်းနှစ်ဆယ်ကျော်ရှိပြီး ရေစီးသန်လှသော တောင်ကျစမ်းချောင်းကြီးတစ်ခု ရှိ၏။

ထိုစမ်းချောင်းအတိုင်း လိုက်လံရှာဖွေရင်း မြင့်မားပြီး ထူထပ်လှသော သစ်ပင်ကြီးများ၏ အောက်တွင် ကွယ်နေသည့် ကျောက်ဂူတစ်ခုကို သူ မြင်တွေ့လိုက်ရလေသည်။

ကျောက်ဂူသည် ဇန်းတစ်ဆယ်ကျော် မြင့်မားပြီး အလွန်တရာ ဖိနှိပ်ထားသကဲ့သို့ ထင်ရကာအတွင်းပိုင်း နက်ရှိုင်းသောနေရာမှ အေးစိမ့်သော အရှိန်အဝါများ ထွက်ပေါ်နေ၏။

ဝေ့ဝူ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မီးစက် နှင့် လျှပ်စစ်စက်ကို ထုတ်ယူကာ ကျောက်နံရံအတွင်းသို့ မြေလျှိုးဝင်ရောက်ခဲ့သည်။

ယခုအခါ မီးစက်တွင် ကိုယ်ပိုင်ပါဝါ ရှိနေပြီဖြစ်ရာ သူကိုယ်တိုင် လက်ဖြင့် လှည့်နေစရာ မလိုတော့ချေ။

သူသည် ကျောက်နံရံထဲမှ ခေါင်းကိုပြူထွက်ကာ အတွင်းပိုင်းသို့ ဖြည်းဖြည်းချင်း နက်ရှိုင်းစွာ ဝင်ရောက်ခဲ့သည်။

အတွင်းပိုင်းမှာ အလွန်တရာ မှောင်မိုက်နေသဖြင့် ဝေ့ဝူအနေဖြင့် အခြေအနေကို မနည်း အကဲခတ်နေရ၏။

ရေနွေးကြမ်းတစ်ခွက် သောက်စာခန့် အချိန်ကြာမြင့်ပြီးနောက် သူသည် ကြီးမားလှသော ကျောက်ခန်းမဆောင်ကြီးတစ်ခုကို မြင်တွေ့လိုက်ရပြီး အနံဆိုးတစ်ခု လွင့်ပျံလာခဲ့သည်။

၎င်းမှာ ပုပ်ပွနေသော အလောင်းကောင်များ၏ အနံ့ဆိုးပင်ဖြစ်သည်။

ဝေ့ဝူ အောက်သို့ ငုံ့ကြည့်လိုက်ရာ ကျောက်ခန်းမဆောင်၏ ကြမ်းပြင်ပေါ်တွင် အလောင်းကောင်များ ပြည့်နှက်နေပြီး စုစုပေါင်း တစ်ရာကျော်ခန့် ရှိသည်။

၎င်းတို့သည် ချင်းမင်ဂိုဏ်းနှင့် လျိူမိသားစုမှ လူများဖြစ်ကြောင်း သူ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်၏။

တိုက်ပွဲကြီးပြီးနောက် ချင်းမင်ဂိုဏ်းတွင် လူငါးဆယ်ခန့်သာ ကျန်ရှိတော့ရာ ၎င်းတို့အားလုံး ဤနေရာတွင် ရှိနေကြသည်။

လျိူမိသားစုတွင်မူ ပို၍ပင် နည်းပါးလှသည်။ကျင့်ကြံသူ သုံးဆယ်ခန့်သာ ရှိ၏။

ကျန်ရှိသောသူများမှာ မိသားစုဝင်များ သို့မဟုတ် ထူးခြားသော အဆင့်အတန်းရှိသည့် သာမန်လူသားများ ဖြစ်ကြသည်။

ဤအကြိမ်တွင် လျိူမိသားစုသည် မျိုးနွယ်စုတစ်ခုလုံးနှင့်အတူ ထွက်ပြေးခဲ့ကြခြင်းဖြစ်ရာ ပြတ်သားသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့သည် နှစ်ပေါင်းရာချီ၍ နေထိုင်ခဲ့သော ဘိုးဘေးတို့၏ မြေကို စွန့်ပယ်ခဲ့ရုံသာမက ၎င်းတို့၏ သာမန်လူသား မျိုးနွယ်စုဝင် အများစုကိုလည်း ချန်ထားခဲ့ကြသည်။

အကယ်၍ ပိုမိုရက်စက်သောသူ ဖြစ်ပါက ထိုသာမန်လူသားများအားလုံး သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။

ဝေ့မိသားစုသည် ၎င်းတို့ကို အမြစ်ပြတ် သုတ်သင်ခြင်း မပြုခဲ့ချေ။ အကြောင်းမှာ ၎င်းသည် အသက်ပေါင်းထောင်ချီနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။

ဝေ့မိသားစုသည် ထိုလူများကို တောင်ပေါ်တွင် နေထိုင်စေခဲ့ပြီး ၎င်းတို့၏ ကျင့်စဉ်များနှင့် မန္တန်များကိုသာ ရုပ်သိမ်းခဲ့သည်။

ကျင့်ကြံသူများ၏ ကူညီပံ့ပိုးမှုမရှိဘဲ အန္တရာယ်များသော တောင်တန်းကြီးထဲတွင် ၎င်းတို့၏ အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းသွားမည်သာ ဖြစ်သည်။

ဝေ့ဝူ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မည်သည့်လှုပ်ရှားမှုမျှ မရှိသဖြင့် ကျောက်နံရံထဲမှ သတိထား၍ ထွက်လာခဲ့သည်။

သူသည် အသက်ကိုအောင့်ကာ ကြမ်းပြင်ပေါ်ရှိ အလောင်းကောင်များကို သေချာစွာ စစ်ဆေးကြည့်လိုက်၏။

အလောင်းကောင်များသည် ခြောက်ကပ်နေပြီဖြစ်ရာ ၎င်းတို့၏ သေဆုံးမှုမှာ ထိတ်လန့်ဖွယ်ကောင်းပြီး ခြောက်သွေ့နေသော အရေပြားအတွင်း၌ ဗလာဖြစ်နေပုံရသည်။

အထူးသဖြင့် စိုးရိမ်စရာကောင်းသည်မှာ အရေပြားပေါ်တွင် အနက်ရောင် အပေါက်ငယ်လေးများစွာ ရှိနေပြီး အတွင်းပိုင်းမှ အင်းဆက်ပိုးမွှားငယ်ပေါင်းများစွာ တွားသွားထွက်ပေါ်လာခဲ့သကဲ့သို့ ဖြစ်နေသည်။

ဝေ့ဝူ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာခဲ့ရသည်။

'ဒါက ထိုကူပိုးမွှားကျင့်ကြံသူရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။'

ဝေ့ဝူ စိတ်ထဲမှ တိတ်တဆိတ် တွေးတောမိသည်။

ချင်းမင်ဂိုဏ်းနှင့် လျိူမိသားစုမှလူများသည် ဝေ့မိသားစုကို လုပ်ကြံဝံ့ကြခြင်းမှာ ကူပိုးမွှားကျင့်ကြံသူမှ ကြီးမားသော အကျိုးအမြတ်များ ပေးမည်ဟု ကတိပြုထားခြင်းကြောင့် သော်လည်းကောင်း သို့မဟုတ် ၎င်းတို့၏ အသက်အန္တရာယ်ဖြင့် ခြိမ်းခြောက်ခံထားရခြင်းကြောင့် သော်လည်းကောင်း ဖြစ်ရပေမည်။

မည်သို့ပင်ဖြစ်စေ ၎င်းတို့၏ အသုံးဝင်မှု ဆုံးရှုံးသွားပြီးနောက်တွင် ထိုလူများ ဆက်လက်တည်ရှိနေရန် မလိုအပ်တော့ချေ။

ထိုမိသားစုနှစ်ခုစလုံး ဤကဲ့သို့သော နည်းလမ်းဖြင့် ပျက်စီးသွားလိမ့်မည်ဟု သူ ထင်မထားခဲ့မိချေ။

ယခုအခါ ကူယွန်းတောင်တန်းတွင် ဝေ့မိသားစု၊ လျူမိသားစုနှင့် ကျူးမိသားစုသာ ကျန်ရှိတော့လေသည်။

ကျူးမိသားစုက လျူမိသားစုအောက်မှာ ရှိနေပြီး လျူမိသားစုသည် အမှန်တကယ်တော့ ဝေ့မိသားစုရဲ့ လက်အောက်ခံ ဖြစ်သွားပြီ ဖြစ်သည်။

'ဒီကိစ္စပြီးရင် အဖေအနေနဲ့ ကူယွန်းတောင်တန်းတစ်ခုလုံးကို စိတ်ကြိုက် စီမံကိန်းချနိုင်ပြီ။'

သူ ဤသို့ တွေးနေစဉ်မှာပင် ကြမ်းပြင်ပေါ်ရှိ အလောင်းကောင်များထံမှ လှုပ်ရှားမှုတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

အလောင်းကောင်များပေါ်ရှိ ရေတွက်၍မရနိုင်သော အပေါက်ငယ်လေးများထဲမှ အနက်ရောင် အင်းဆက်ပိုးမွှားများ အမှန်တကယ်ပင် တွားသွားထွက်ပေါ်လာကြသည်။

ဝေ့ဝူ မျက်မှောင်ကြုတ်လိုက်ပြီး မီးလုံးမန္တန် ကို အသက်သွင်းလိုက်ရာ ဂူအတွင်း၌ ပြင်းထန်သော မီးတောက်များ တောက်လောင်သွားခဲ့သည်။

သို့သော်လည်း အလောင်းကောင်များသာ လောင်ကျွမ်းသွားပြီး ထိုအင်းဆက်ပိုးမွှားများမှာမူ လုံးဝ ထိခိုက်ဒဏ်ရာရခြင်း မရှိချေ။

'ဒီအင်းဆက်တွေက ထူးဆန်းနေတယ် ငါ မြန်မြန် ထွက်ပြေးတာ ပိုကောင်းမယ်။'

သူ လျှပ်စစ်စက်ကို စတင်အသုံးပြုရန် ပြင်လိုက်စဉ်မှာပင် သူ၏ နောက်ကွယ်မှ ပြင်းထန်လှသော အရှိန်အဝါတစ်ခု ရုတ်တရက် ပြေးဝင်လာခဲ့သည်။

ဝေ့ဝူ၏ မွေးညင်းများ ထောင်ထသွားခဲ့ရပြီးသူ၏ သိုလှောင်အိတ်ထဲမှ ဘီလီရယ်ကို ဆင့်ခေါ်ရန် ပြင်လိုက်သည်။

သို့သော်လည်း သူ ၎င်းကို မပြုလုပ်နိုင်ကြောင်း တွေ့ရှိလိုက်ရ၏။

"ဘာဖြစ်တာလဲ။"

ဝေ့ဝူ ရုတ်တရက် အတိုင်းအဆမရှိသော ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

သူ သိုလှောင်အိတ်ထဲမှ မည်သည့်အရာကိုမျှ ထုတ်ယူ၍ မရချေ။

'ငါ့ရဲ့ ဝိညာဉ်အာရုံ က ငါ့ခန္ဓာကိုယ်ထဲမှာပဲ ဖိနှိပ်ခံထားရပြီး ပြင်ပကို ဖြန့်ကျက်လို့ မရတော့ဘူး။'

"ဒုန်းးး"

သူ၏ နောက်ကွယ်တွင် ကြီးမားသော စွမ်းအားတစ်ခု ပေါက်ကွဲသွားခဲ့ပြီး ဝေ့ဝူသည် လွင့်ထွက်သွားကာ ကျောက်နံရံနှင့် ဆောင့်မိပြီးမှ အောက်သို့ လဲကျသွားခဲ့သည်။

သူ၏ ကျောပြင်တစ်ခုလုံး ပူလောင်လှသော နာကျင်မှုကို ခံစားလိုက်ရပြီးကြည့်မနေဘဲပင် သူ၏ အသားများ စုတ်ပြတ်သတ်ကာ ထိတ်လန့်ဖွယ် ဖြစ်နေမည်ကို သိရှိလိုက်သည်။

ဝေ့ဝူ အသက်ကို လုရှူရင်း နောက်သို့ လှည့်ကြည့်လိုက်၏။

မီးလင်းနေသော အလင်းရောင်ထဲတွင် အနီရောင် ပိုးတောင်ပံကောင်တစ်မျိုးသည် သူ၏ထံသို့ ပျံသန်းလာနေသည်။

'ဒီလူက ကူပိုးမွှားကျင့်ကြံသူတင် မကဘဲ အင်းဆက်ထိန်းချုပ်သူလည်း ဖြစ်နေတာလား။'

အမှန်တော့ ဝေ့ဝူ ခန့်မှန်းချက် မှားယွင်းခဲ့ခြင်း ဖြစ်သည် ထိုအနီရောင် ပိုးတောင်ပံကောင်များသည်လည်း ကူပိုးမွှားများ ဖြစ်ကြသည်။

ကူအဆိပ်နှင့် အင်းဆက်ပိုးမွှားများသည် အချို့သောအချက်များတွင် ခွဲခြားရန် အမှန်တကယ် ခက်ခဲလှသည်။

လွန်ခဲ့သော အခိုက်အတန့်က အင်းဆက်ပိုးမွှားတစ်ခု ပေါက်ကွဲသွားခြင်းကြောင့် သူ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူ ထူးဆန်းသည်ဟု ခံစားရသည်မှာ ကူပိုးမွှားများကို ထိန်းချုပ်ရန်အတွက်လည်း ဝိညာဉ်အာရုံ လိုအပ်သည်။ ရန်သူက အဘယ်ကြောင့် ဤနေရာတွင် သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်နိုင်သနည်း။

ဝေ့ဝူ နောက်ထပ် လှုပ်ရှားမှု မပြုလုပ်နိုင်မီမှာပင် ရှုး ခနဲ အသံနှင့်အတူ ဝိညာဉ်ချီ တစ်ခုသည် သူ၏ လက်ကို ထိမှန်သွားခဲ့သည်။

သူ၏ ညာဘက်လက်မှာ ချက်ချင်းပင် ပေါက်ကွဲသွားခဲ့သည်။ ကြည့်လိုက်ရာ သူ၏ လက်ချောင်းငါးချောင်းအနက် လေးချောင်းမှာ ပျောက်ဆုံးသွားခဲ့ပြီး လက်မတစ်ချောင်းသာ ကျန်ရှိတော့သည်။

"တောက်"

ဝေ့ဝူ ကျိန်ဆဲလိုက်၏။

သို့သော်လည်း လက်ရှိတွင် အရေးကြီးဆုံးအချက်မှာ ဤတိုက်ခိုက်မှုကြောင့် သူ၏လက်ထဲမှ လျှပ်စစ်စက် လွင့်ထွက်သွားခဲ့ရပြီး သူ ချက်ချင်း မြေလျှိုးမန္တန်ကို အသုံးမပြုနိုင်တော့ခြင်း ဖြစ်သည်။

"ကောင်လေး... မင်းရဲ့ ရုပ်သေးရုပ်ကို သုံးလို့မရတော့ဘူးဆိုတော့ အခု ထိတ်လန့်နေပြီလား။ ဒီ ဝိညာဉ်ဖိနှိပ်ခြင်းအစီအရင် ကို ကျွမ်းကျင်သူတစ်ယောက်က ငါ့ကို ကိုယ်တိုင်ပေးထားတာ မင်းက အတော်လေး နာမည်ကြီးပါတယ်။ ဒါပေမဲ့ မင်းမှာ မြေလျှိုးနိုင်တဲ့ ရတနာ ရှိလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး။ ဒါက တကယ့်ကို မကြားစဖူးပဲ။ ကောင်လေး... ငါ တကယ်ပဲ စိတ်ဝင်စားမိတယ် မင်းရဲ့လက်ထဲမှာ ရတနာတွေ ဘယ်လောက်တောင် ရှိနေပြီး မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားလဲဆိုတာကိုပေါ့။"

အနက်ရောင် အရိပ်တစ်ခု နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့၏။ သူသည် ဝတ်ရုံအနက်ကို ခြုံထားသဖြင့် မျက်နှာကို မမြင်ရချေ။ ကျောက်ခန်းမဆောင်၏ လေထုထဲတွင် ပျံသန်းနေပြီး သူ၏နောက်တွင် အင်းဆက်ငယ်များစွာ လိုက်ပါလာကြသည်။

ဝေ့ဝူ၏ အမူအရာမှာ အေးစက်သွားခဲ့သည်။

ဤလူထံမှ ထွက်ပေါ်နေသော အရှိန်အဝါအရ မန်ရှင်းအဆင့် ၈ခန့် ရှိရပေမည်။

အမှန်တော့ သူ့တွင် ထွက်ပြေးရန် နည်းလမ်းတစ်ခု ရှိနေသေးသည် ၎င်းမှာ ဟင်းလင်းပြင်းစုတ်ဖြဲခြင်းမန္တန်ပင်ဖြစ်သည်။

သို့သော်လည်း ဟင်းလင်းပြင်စုတ်ဖြဲခြင်းမန္တန်ကို အသုံးပြုလိုက်သည်နှင့် သူသည် ချောင်ချောင်ဖြစ်ကြောင်း လျှို့ဝှက်ချက်မှာ ပျံ့နှံ့သွားပေလိမ့်မည်။

ထိုအချိန်ကျလျှင် သူတင်မကဘဲ ဝေ့မိသားစုတစ်ခုလုံးသည် အဖက်ဖက်မှ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရပြီး ကြီးမားသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။

သွေးမြစ်ဂိုဏ်း၊ ကျိုးမိသားစု၊ ယန်ကျင်းကုန်သွယ်ရေးလုပ်ငန်း၊ ချန်မိသားစုနှင့် အမျိုးမျိုးသော ပိဖုအထက်တန်းစား အင်အားစုများအားလုံး ၎င်းတို့ကို တိုက်ခိုက်ကြပေလိမ့်မည်။

'ထားလိုက်တော့ အခုမှ မသုံးရင် သေရုံပဲရှိတော့တယ်။ သတင်းက ဒီလောက်အထိ မြန်မြန် ပျံ့နှံ့သွားမှာ မဟုတ်ဘူး။ ငါ ဒီကနေ လွတ်တာနဲ့ မိသားစုကို ခေါ်ပြီး ချက်ချင်း ထွက်ပြေးမယ်။'

ဤသို့ တွေးတောပြီးနောက် သူသည် မန္တန်ကို စတင်အသက်သွင်းရန် ပြင်လိုက်သည်။

အတိအကျ ထိုအခိုက်အတန့်တွင် ကျောက်ဂူ၏ ဘေးဘက်မှ ကြီးမားလှသော အဖြူရောင် လက်ဝါးကြီးတစ်ခု ရုတ်တရက် ထိုးနှက်ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ ယခင်က ဝေ့ယွမ်၏ ရွှမ်းမင်နတ်ဘုရားလက်ဝါးနှင့် ဆင်တူသော်လည်း ဤလက်ဝါးကြီးမှာ ပိုမို ကြည်လင်တောက်ပကာ ပိုမိုစွမ်းအားပြင်းထန်လှသည်။

ကြီးမားသော အဖြူရောင်လက်ဝါးကြီးသည် ဂူပိုးမွှားကျင့်ကြံသူနှင့် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။ ကူပိုးမွှားကျင့်ကြံသူသည် သစ်ရွက်ပုံသဏ္ဌာန် အရာဝတ္ထုတစ်ခုကို ပစ်ထုတ်လိုက်ရာ ၎င်းမှာ လင်းထိန်သွားပြီး ကြီးမားသော ဒိုင်းကာကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ထိုလက်ဝါးကြီးကို ပိတ်ဆို့လိုက်သည်။

"ဘယ်သူလဲ။"

ကူပိုးမွှားကျင့်ကြံသူက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

ဝတ်စုံဖြူဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ကျောက်ခန်းမဆောင်အတွင်းသို့ ထွက်ပေါ်လာခဲ့သည်။ သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာ ပြေပြစ်လှပြီး မျက်နှာမှာ ကြည်လင်နေကာအထူးဆန်းဆုံးအချက်မှာ သူမ၏ အရေပြားမှာ အပြစ်အနာအဆာမရှိသော ကျောက်စိမ်းဖြူကဲ့သို့ ဖြစ်နေပြီး အထွတ်အထိပ်သို့ ရောက်ရှိနေသော ကျောက်စိမ်းဖြူရုပ်ထုတစ်ခုကဲ့သို့ ဖြစ်နေသည်။

"မင်းက ကူယွန်းတောင်တန်းက ဝေ့မိသားစုကလား။"

ထိုအမျိုးသမီးသည် ဝင်ရောက်လာပြီးနောက် ဝေ့ဝူအား စတင်စကားပြောလိုက်သည်

ဝေ့ဝူ လက်နှစ်ဖက်ကို ဆုပ်ကပ်ကာ အရိုအသေပြုရန် ပြင်လိုက်သော်လည်း... စိတ်မကောင်းပါဘူး သူ၏ လက်ချောင်းများ ပျောက်ဆုံးနေသဖြင့် လက်နှစ်ဖက်ကို ဆုပ်ကပ်၍ မရချေ။

"ကျွန်တော်က ဝေ့မိသားစုက ဝေ့ဝူ ပါပဲခင်ဗျာ။ စီနီယာက ဘယ်သူလဲဆိုတာ သိပါရစေ။"

"ငါ မင်းတို့ရဲ့ ဘိုးဘေးကို သိတယ်။"

ဝေ့ဝူ အလွန်အမင်း ထိတ်လန့်သွားခဲ့ရသည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်က မျိုးနွယ်စုကို စတင်တည်ထောင်ခဲ့သည့် ဘိုးဘေးကြီးကို သိခဲ့သော စီနီယာတစ်ဦး ဟုတ်လား။

All Chapters