← Chapters

သန်မာမှုကိုသာ လေးစားတာ…

Vol. 98 Ch. 1341

သန်မာမှုကိုသာ လေးစားတာ…

Vol. 98 Ch. 1341

ထာဝရကလန်သို့ ထပ်မံ ရောက်လာသည့်နောက် ဝမ်လင်းသည် တုံ့နှေးခြင်းမရှိ ရှေ့သို့ ဆက်ဝင်လာသည်။ အဘွားအိုလည်း သူ့နောက်ကနေ အလျင်အမြန် လိုက်ပါလာ၏။

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ သက်ရောက်မှုကြောင့် ထာဝရကလန်၏တပည့်များသည် ချက်ခြင်း သတိပြုမိကြသည်။ အနီးဆုံးရှိ ကလန်ကို ကင်းစောင့်နေကြသူအချို့သည် ချက်ခြင်း ပျံသန်းထွက်လာလေ၏။

သို့ရာတွင် သူတို့ ချဉ်းကပ်မလာနိုင်ခင်မှာပင် ဝမ်လင်းသည် လျှပ်စီးကဲ့သို့ ရွှေ့လျားကာ ထာဝရကလန်၏တပည့်များကို ကျော်လွန်လာသည်။ သူ့အရှိန်ကြောင့် ဖြစ်ပေါ်သော မုန်ုတိုင်းသည် ထာဝရကလန်၏တပည့်များကို နောက်ဆုတ်သွားစေပြီး ထိတ်လန့်တကြား ဖြစ်ကုန်သည်။

ဝမ်လင်း၏အမြန်နှုန်းသည် အကန့်အသတ်သို့ ရောက်နေခဲ့ပေပြီ။ သူသည် တည်နေရာရွှေ့ပြောင်းသလို ရွှေ့လျားနေခြင်း ဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း သူသည် အရင်တုန်းက ဧရာမတောင်ထိပ်ရှေ့တွင် ပေါ်လာသည်။

“ဒီတောင်ပဲ…” ဝမ်လင်း လိုချင်သည်က တောင်တစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့သော ရှေးဟောင်းနတ်ဘုရားဓားပင်။ သူသည် ယင်းဓားကို ကြယ်ကိုးလုံးရှေးဟောင်းနတ်ဘုရားတစ်ပါးက ပြုလုပ်ခဲ့သည်ဟု ထင်သည်။ သည်အရာဖြင့်ဆိုပါက သူသည် အန္တရာယ်များသော တိုက်ပွဲကွင်းပြင်တွင် လီချန်မေကို ကယ်တင်ပေးဖို့ ပိုယုံကြည်မှု ရှိပေမည်။

ဝမ်လင်းအတွက် ခုချိန်တွင် အများကြီးတွေးနေရန် အချိန်မရှိ။ သူက သူ ရှေးဟောင်းနတ်ဘုရားလက်နက်ကို ရဖို့ကိုသာ သိသည်။ မြန်မြန်ရမှာကို ဖြစ်မည်။ မြန်သထက်မြန်မြန် ဖြစ်ရမည်။

သူ တောင်နား ရောက်လာချိန်တွင် သူ့လက်နှစ်ဖက်ကို မြေပြင်ထက်သို့ ယှက်၍ ပြော၏။

“ဒီတောင်ကို ငါ ယူဆောင်သွားမယ်။ ဒါပေမဲ့ အနာဂတ်မှာ ဒီအတွက် သင်တို့ကို ငါ ကျိန်းသေပေါက် ပြန်ပေးဆယ်မှာပါ။ ဘယ်လိုတန်ဖိုးကိုမဆို ပေးဖို့ ငါ့အနေနဲ့ ဆန္ဒရှိပါတယ်။ ထာဝရကလန်ရဲ့ ရောင်းရင်းကျင့်ကြံသူတွေက ဒီတစ်ကြိမ်လောက် ငါ့ကို ကူညီပေးဖို့ မျှော်လင့်မိပါတယ်…” ထိုသို့ပြောပြီးနောက် ဝမ်လင်းသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ တောင်ထိပ်ပေါ်သို့ ခြေချလိုက်သည်။

သူသည် တွေဝေမနေပေ။ သူ ခြေချလိုက်သည်နှင့် သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားအားလုံးကို အသက်ဝင်စေခဲ့ပြီး ဖြစ်၏။ ဖျပ်ခနဲပင် တောင်သည် နိုးထလာဟန် ရ၏။ အတွင်းမှ ရှေးဟောင်းအော်ရာတစ်ခု ပေါက်ကွဲထွက်လာသည်။

ထိုအော်ရာမှာ အလွန်အားကောင်း၏။ ကောင်းကင်ဘုံကိုပါ တုန်လှုပ်နိုင်၏။ ၎င်းအော်ရာတွင် အစွမ်းထက်ရှေးဟောင်းနတ်ဘုရားအော်ရာတစ်ခု ပါဝင်ကာ ရုတ်တရက် ဟိန်းမြည်လာသည်။ ၎င်းသည် တောင်ပြင်ပ၌ ဧရာမဝဲကတော့တစ်ခုကို ဖြစ်စေပြီး ဝဲကတော့မှာ စတင်လှည့်လည်၏။

တောင်တစ်ခုလုံး လှုပ်ခါနေ၏။ မြေကြီးများပင် တုန်ခါနေသည်။ ပိုပိုများပြားသော ရှေးဟောင်းနတ်ဘုရားစွမ်းအင်များ အရူးအမူး ထွက်ပေါ်လာနေရင်း သူ့ခြေထောက်မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လို့နေ၏။

ချက်ခြင်းလိုလို ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားတွင် ရှေးဟောင်းနတ်ဘုရားကြယ်များ ပေါ်လာ၏။ သူ့ရှေးဟောင်းကြယ်များသည် တစစီ ဖြစ်သွားခဲ့သော်လည်း ရှေးဟောင်းနတ်ဘုရားစွမ်းအားကမူ ကျန်ရှိနေဆဲ ဖြစ်၏။ သူသည် ကျောက်ရုပ်တုအဖြစ် ပြောင်းလဲသွားချိန်၌ ရှေးဟောင်းနတ်ဘုရားစွမ်းအားများက ဗရမ်းဗတာအခြေအနေဖြင့် သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ခဲ့ခြင်းတည်း။

ခုချိန်တွင် တောင်ထံမှ ရှေးဟောင်းနတ်ဘုရားစွမ်းအားများသည် ဝမ်လင်းထံသို့ မြင့်တက်လာနေရင်း ရှေးဟောင်းနတ်ဘုရားကြယ်တစ်လုံး ရုတ်တရက် ပေါ်လာ၏။

သိပ်မကြာခင်တွင် ဒုတိယမြောက်ကြယ်တစ်လုံး ဖျပ်ခနဲ ပေါ်လာပြန်သည်။

မရေမတွက်နိုင်သောနှစ်ပေါင်းများစွာ အိပ်စက်နေသော ရှေးဟောင်းနတ်ဘုရားစွမ်းအားက ဝမ်လင်း၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နေရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ တစီစီအသံများ ထွက်ပေါ်နေ၏။ တောင်သည် ပို၍ တုန်ခါလာ၏။ လောကရှိမူလစွမ်းအင်သည် တဝီဝီလှည့်လည်သည်။

ကောင်းကင်သည် အရောင်ပြောင်း၏။ တိမ်များ ပျံ့ကြဲသည်။

သည်တောင်အောက်ရှိ ရှေးဟောင်းနတ်ဘုရားတစ်ပါးက ၎င်း၏မျက်လုံးကို ရုန်းကန်ဖွင့်လာသည့်အလား။ ၎င်းသည် လွတ်မြောက်ရန် ရုန်းကန် ဟိန်းမြည်လာသည့်အလား။

တောင်ပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာပြီး တစစီအသံများနှင့်အတူ ယှဉ်တွဲ၏။ တောင်သည် ပျက်စီးတော့မည့်ဟန် ဖြစ်လာ၏။ ကျောက်တုံးကျောက်သားများ ပြိုဆင်းကျလာပြီး မြေသားထု တစစီဖြစ်သည်။

ထိုအဖြစ်အပျက်များသည် မြန်လွန်း၏။ ဝမ်လင်းသည် ရှေးဟောင်းနတ်ဘုရားအော်ရာကို စုပ်ယူနေရင်း အလွန်အစွမ်းထက်အော်ရာခြောက်ခုသည် အဘက်ဘက်ကနေ တိုးဝင်လာ၏။

ထိုအော်ရာခြောက်ခုမှာ ကောင်းကင်ဘုံဒုက္ခပထမအဆင့်ရှိ ကျင့်ကြံသူများ၏ အော်ရာ ဖြစ်၏။

“လုဇီဟောင်။ မင်းပဲကိုး။ မင်း ဘာလုပ်နေတာလဲ…” အော်ရာများထဲမှ တစ်ခုထံမှ ဟိန်းအော်သံတစ်ခု ထွက်ပေါ်လာ၏။ သူ့ဆံပင်များမှာ ဖြူ၍ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူသည် ဝမ်လင်း လုပ်ဆောင်နေသည့်အရာကို တွေ့မြင်သည့်အခါ သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်ပြသသည်။

ဝမ်လင်းသည် ထိုအဘိုးအိုကို အရင်က မမြင်ဖူးးခဲ့ပေ။ သို့သော် သူ့ကျင့်ကြံမှုအဆင့်ကြောင့် သည်လူမှာ ထာဝရကလန်၏ မြင့်မြတ်သောအကြီးအကဲများထဲမှ တစ်ယောက်ဖြစ်မည်မှာ သိသာပေသည်။

အဘိုးအို၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်ပြီး သူ့ညာလက်ကို ဝေ့ယမ်းရာ မိုးကြိုးဟိန်းသံ ပဲ့တင်ထပ်၏။ ကောင်းကင်ထက်တွင် အဆုံးမဲ့မိုးကြိုးများ ပေါ်လာပြီး ထိုအဘိုးအိုလက်၏ စုပ်ယူခြင်းကို ခံရသည်။ ထို့နောက် ကောင်းကင်တုန်လှုပ်ဖွယ် မိုးကြိုးလုံးကိုးလုံးသည် ဝမ်လင်းထံ တဟုန်ထိုး တိုးဝင်လာသည်။

သူ့ဘေးတွင် အခြားတစ်ယောက်လည်း ရှိနေ၏။ သူကလည်း ဝမ်လင်းကို သုန်မှုန်စွာ ကြည့်နေ၏။ ထိုသူသည် ထာဝရကလန်၏ ကလန်ခေါင်းဆောင်ပင်။

မိုးကြိုးလုံးကိုးလုံး နီးကပ်လာချိန်တွင် ဝမ်လင်းသည် ရုတ်တရက် မော့ကြည့်၏။ သည်အခိုက်အတန့်တွင် သူသည် တောင်ထံမှ ရှေးဟောင်းနတ်ဘုရားစွမ်းအားကို အမြန်ဆုပ်ယူနေပြီး ရုတ်တရက် တတိယမြောက် ရှေးဟောင်းနတ်ဘုရားကြယ် ပေါ်လာသည်။

“မိုးကြိုး…” ဝမ်လင်း၏မျက်လုံးထဲမှ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်၏။

ဝမ်လင်း၏ပါးစပ်မှ ထိုစကားလုံး ထွက်ပေါ်လာချိန်တွင် မိုးကြိုးလုံးများမှာ ရုတ်တရက် ရပ်တန့်ကာ စတင် တုန်ယင်သည်။ ထို့နောက် ၎င်းတို့သည် ဝမ်လင်းကို တိုက်ခိုက်ခြင်းအား ရပ်တန့်ပြီး ဝတ်စုံနက်ဖြင့် အဘိုးအိုထံ ပြန်ဝင်ရောက်သွားတော့၏။

ဝမ်လင်းက ၎င်းတို့၏သခင်အစစ်အမှန် ဖြစ်သည့်အလား။ လောကရှိ မိုးကြိုးအားလုံး၏ အရှင်သခင် ဖြစ်သည့်အလားပင်။

ဝတ်စုံနက်နှင့်အဘိုးအို၏မျက်နှာ အမူအရာသည် ပြောင်းလဲသွား၏။ သူသည် သူ့အင်္ကျီလက်အိုးနှစ်ဖက်ကို ဝေ့ယမ်းကာ မိုးကြိုးလုံးများဖြင့် ထိပ်တိုက်တွေ့သည်။ အရာရာကို တုန်ခါတုန်ဟည်းစေသော မိုးကြိုးသံ ပဲ့တင်ထပ်သွား၏။

“ရောင်းရင်းကျင့်ကြံသူလု။ ငါ့ ထာဝရကလန်ဟာ သင့်အပေါ်မှာ ကောင်းကောင်းမွန်မွန် ရှိခဲ့တယ်။ အတိတ်တုန်းက သင် အဆုံးစွန်ယင်လိုချင်ခဲ့တုန်းကလည်း ဒီအဘိုးအိုက သင့်ကို ပေးခဲ့ဖူးတယ်။ သင် ကောင်းကင်ဘုံဂီတကလန်ခေါင်းဆောင်ကို သတ်ခဲ့တုန်းကလည်း ငါ ဒီကိစ္စကို လစ်လျူရှုပေးခဲ့တယ်။ ငါက သင့်ရဲ့ မူလကလန်ကိုတောင် အဆင့်ခုနစ်ဒေသရှိ ရွှေ့ပြောင်းပေးခဲ့သေးတယ်။ သင် ဆယ်နှစ်လောက် ပျောက်နေပြီး သေသွားပြီလို့ ပြောနေကြတဲ့ အချိန်မှာတောင် ဒီအဘိုးအိုက မူလကလန်ကို ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံပေးခဲ့တယ်။ သင် အခုထပ်ပေါ်လာတဲ့ အချိန်မှာလည်း ဧည့်သည်တစ်ယောက်အနေနဲ့ပဲ ရှိသင့်တာ။ ဒါပေမဲ့ သင်က ငါတို့ ထာဝရကလန်ရဲ့ တောင်ကို ယူဆောင်ချင်နေတယ်။ သင်က ထာဝရကလန်ကို တိုက်ခိုက်ဖို့အတွက် သင့်ကိုယ်သင် အရည်အချင်း ပြည့်မီနေတယ်လို့များ ထင်နေတာလား…”

ထာဝရကလန်ခေါင်းဆောင်သည် ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သူ့စကားလုံးများက မိုးကြိုးဟိန်းသံအလားပင်။

ဝမ်လင်းသည် ထာဝရကလန်ခေါင်းဆောင်ကို ကြည့်ကာ ငြိမ်သက်စွာ စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ထာဝရကလန်ရဲ့ မျက်နှာသာပေးမှုအပေါ် ငါ အကြွေးတင်ခံရတော့မယ်။ ဒီတောင်ထဲက အရာကို အနာဂတ်မှာ ငါ ကျိန်းသေပေါက် ပြန်လာပေးမှာပါ။ အချို့အကြောင်းရင်းတွေကြောင့် ငါက ဒါကို ငါနဲ့အတူ ယူသွားမှ ဖြစ်မယ်။ အနာဂတ်မှာ ငါက ပြန်လာပေးပြီး သင့်တို့ကို ပြန်ပေးဆပ်ပါ့မယ်…”

ဝမ်လင်းအောက်ရှိ ရှေးဟောင်းနတ်ဘုရားအော်ရာသည် ထပ်မံ၍ ရွှေ့လျားလာကာ သူ့ထံ တိုးဝင်သည်။ ထိုအဖြစ်က သူ့ဝတ်ရုံကိုပါ လှုပ်ခတ်သွားစေ၏။ သူ့ကိုယ်တွင်းမှ ရှေးဟောင်းနတ်ဘုရားစွမ်းအား မြင့်တက်လာနေသည်။ သူ့မျက်ခုံးနှစ်ခုကြားတွင် လေးခုမြောက်ကြယ် ဖြစ်ပေါ်လာ၏။

“မျက်နှာသာ ပေးရမှာလား။ မင်းကိုယ်မင်း ဘာထင်နေလဲ။ ထာဝရကလန်က မင်းကို မျက်နှာသာ ပေးရလောက်တဲ့ အရည်အချင်းမျိုး မင်းမှာ ရှိလို့လား။ မင်းကိုယ်မင်း နတ်ဘုရားကလန်ရဲ့ အကြီးအကဲချုပ်လို့ ထင်နေတာလား…”

ဝမ်လင်းကို စောနက မိုးကြိုးနှင့် တိုက်ခိုက်ခဲ့သော အဘိုးအိုသည် သူ့မန္တာန်ကိုယ်သူ ခုခံပြီး ဖြစ်သည်။ သူ့မျက်နှာသည် အနည်းငယ် ဖြူရောကာ မကျေမနပ်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ သူသည် ဝမ်လင်းထံ တိုးဝင်လာပြီး သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ ကောင်းကင်တုန်လှုပ်ဖွယ်မန္တာန်တစ်ခု စတင် ပေါ်လာ၏။ သူ့ဘေးပတ်လည်တွင် ခရမ်းရောင်မိုးကြိုးများ ပေါ်လာသည်။

ထာဝရကလန်ခေါင်းဆောင်သည် ပို၍ပင် အေးစက်လာ၏။ သူသည် ဝမ်လင်းပျောက်ကွယ်သွားပြီး သေဆုံးသွားပြီဟု သိခဲ့ရသည့်နောက်တွင် သူသည် မူလကလန်ကို သူ စောနက ပြောခဲ့သလိုမျိုး ဘေးကင်းအောင် ဆက်မထားခဲ့ပေ။ ထိုအစား သူသည် နတ်ဘုရားကလန်ထံ လက်လွှဲပေးဖို့ အဆင်သင့် ဖြစ်နေခဲ့၏။ သူသည် လူတစ်ယောက်နှင့်လက်အောက်ခံကလန်ငယ်တစ်ခုအတွက် နတ်ဘုရားကလန်၏ ရန်သူ မဖြစ်ချင်ခဲ့ပေ။

ဤအခိုက်အတန့်၌ သူလည်း ရှေ့တိုးဝင်လာကာ ကောင်းကင်ထက်သို့ လက်ညွှန်၏။ သူ့လက်ထဲတွင် ခုနစ်ပေဓားတစ်လက် ပေါ်လာ၏။ ထိုဓားသည် နဂါးတစ်ကောင်အသွင် ရှိ၏။ ၎င်းဓားပေါ်လာသည်နှင့် နဂါးဟိန်းသံတစ်ခု ပဲ့တင်ထပ်သည်။

သူတို့နှစ်ယောက်သည် အံ့မခန်းအမြန်နှုန်းဖြင့် ရွှေ့လျားကာ ဝမ်လင်းနား ရောက်လာကြ၏။

သူတို့၏မန္တာန်နှင့် နဂါးဓား ရောက်ရှိလာခိုက်တွင် ဝမ်လင်းက ရှေ့သို့ သူ့ညာလက်ညှိုးကို ညွှန်၏။ သည်အခိုက်တွင် အဖြူအနက်အော်ရာတစ်ခု ပေါ်လာပြီး သမင်ငယ်နှစ်ကောင်အဖြစ် ပြောင်းလဲ၏။ တစ်ချိန်တည်းမှာ ဓားစွမ်းအင်တန်း ဆယ်သန်းသည် ပေါက်ကွဲထွက်လာသည်။

ထိုတလျှံလျှံတောက်ပသော ဓားအလင်းတန်းများသည် ကောင်းကင်ကို ဖုံးလွှမ်းထား၏။ တာအိုပညာရှင်ရေသည်လည်း ယင်းဓားစွမ်းအင်တန်းများကြောင့် ဒဏ်ရာ ရခဲ့ဖူး၏။ ထို့ကြောင့် ၎င်း၏စွမ်းအားမှာ အံ့အားသင့်ဖွယ်ရာ ကောင်းသည်။ အခု သည်ဓားစွမ်းအင်တန်းဆယ်သန်းသည် ဝမ်လင်းလက်ထဲ၌ ဒုတိယအကြိမ် ပေါ်လာခဲ့ပြီး မုန်တိုင်းတစ်ခု ဖွဲ့တည်သည်။

သည်ကျင့်ကြံခြင်းဂြိုဟ်တွင် တုန်ဟည်းသံတို့ အနှံ့ ဖြစ်ပေါ်ကာ ပဲ့တင်ထပ်၏။ ဂြိုဟ်ပတ်လည်ရှိ မြူများသည်ပင် နောက်သို့ လွင့်ထွက်ကုန်သည်။ ဝတ်စုံနက်အဘိုးအို ထိုဓားစွမ်းအင်တန်းများအတွင်းသို့ တိုးဝင်လာချိန်၌ သူ့ပတ်လည်ရှိ မိုးကြိုးများ ပျက်စီးသွားသည်။ သူသည် သွေးအန်လိုက်ရပြီး ချက်ခြင်း နောက်ဆုတ်သည်။ သူသည် ကြောက်လန့်တကြား ဖြစ်မိနေ၏။

ကလန်ခေါင်းဆောင်၏အမူအရာမှာလည်း ကြီးစွာ ပြောင်းလဲသည်။ ထို့နောက် သူသည် နဂါးဓားကို ဝေ့ယမ်းကာ မရေမတွက်နိုင်သောဓားများကို ဖန်တီး၏။ သူသည် ခုခံရန် ကြိုးစားသည်။ သို့သော်လည်း သူသည် ဓားစွမ်းအင်တန်းဆယ်သန်းကြောင့် နောက်ဆုတ်ရသည်သာ။ သူသည် ဝမ်လင်းအနားသို့ ချဉ်းကပ်နိုင်စွမ်း မဲ့ရသည်။

“ဒီလုဇီဟောင်ဟာ နဂိုထဲက သန်မာလွန်းနေပြီ။ ခုဆယ်နှစ်ကြာတဲ့နောက် သူဟာ ပိုပြီး သန်မာလာတယ်…”

“ငါဟာ ထာဝရကလန်ရဲ့ ရန်သူ မဖြစ်ချင်ပါဘူး။ ငါ ဒီတောင်အတွင်းက အရာကိုပဲ ငှားချင်ခဲ့တာ။ ငါ တနေ့ကျ ဒါကို ပြန်ပေးပါ့မယ်…”

ဝမ်လင်းကို ဓားစွမ်းအင်တန်းဆယ်သန်းက ဝန်းရံထား၏။ သူ့အသံသည် ရိုးသားမှုတို့ဖြင့် ပြည့်နေ၏။

ထာဝရကလန်ခေါင်းဆောင်သည် ဓားစွမ်းအင်ကို ရှောင်ကာ သုန်မှုန်စွာ ပြောလာ၏။ “ထာဝရကလန်က ဒါကို သင့်ရှိ ဘာကြောင့် ငှားရမ်း ရမှာလဲ။ ထာဝရကလန်က သင့်ကို ဘာကြောင့် ယုံကြည်ရမှာလဲ…”

“နတ်ဘုရားကလန်ရဲ့ တာအိုပညာရှင်ရေဟာ ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူ မအောင်မြင်ခဲ့ဘူး။ အဲ့အစား သူဟာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပြီး တံခါးပိတ်ကျင့်ကြံနေရတယ်။ ဒါမှမဟုတ် ငါ သွေးကျိန်ဆိုမှုတစ်ခု ပြုလုပ်ပေးဖို့ ဆန္ဒရှိပါတယ်…”

ဝမ်လင်းသည် သူ့လျှာထိပ်ကို ကိုက်ကာ သွေးများ ထွေးထုတ်သည်။ ထိုသွေးသည် ဝမ်လင်း၏စိတ်ဝိညာဉ် အရိပ်အမြွက် ပါဝင်သော သွေးစာလုံးတစ်လုံးအဖြစ်သို့ ပြောင်းလဲသည်။ ထိုစာလုံးသည် ဓားစွမ်းအင်မုန်တိုင်းကြားကနေ ပျံသန်းထွက်လာပြီး ထာဝရကလန်ခေါင်းဆောင် ရှေ့တွင် ပျံဝဲ၏။

ဝမ်လင်း၏စကားလုံးများသည် ထာဝရကလန်ခေါင်းဆောင်နှင့် ဝတ်စုံနက်အဘိုးအိုတို့၏ စိတ်ကို တုန်လှုပ်စေ၏။

“နတ်ဘုရားကလန်ရဲ့တာအိုပညာရှင်ရေဟာ မင်းကို မသတ်နိုင်ခဲ့ဘူးလား…”

ထာဝရကလန်ခေါင်းဆောင်သည် ပင့်သက်ရှိုက်မိ၏။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန်တို့ ပြည့်နှက်သည်။

“အဓိပ္ပာယ်မရှိလိုက်တာ။ ဒီကမ္ဘာမှာ မင်းစကားကို ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ မင်းရဲ့ သွေးကျိန်ဆိုမှုကလည်း ဒီအဘိုးအိုမျက်လုံးထဲမှာ ဘာမှ အသုံးမဝင်ဘူး…” ဝတ်စုံနက်အဘိုးအိုသည် ဝမ်လင်းထံကနေ နှစ်ကြိမ်တိုင်တိုင် နောက်ဆုတ်ခဲ့ရပြီး ဖြစ်၏။ သူ့ကျင့်ကြံမှုနှင့်သူ့အဆင့်အတန်းကြောင့် သူသည် အခုလိုမျိုးအဖြစ်ကို အရင်က လုံးဝ မကြုံဖူးခဲ့ပေ။ သူသည် နှာခေါင်းရှုံ့၏။ သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ဝမ်လင်း၏သွေးဖြင့် ပြုလုပ်ထားသော သွေးကျိန်ဆိုမှုစာလုံးထံ ဆန့်တန်းလိုက်သည်။ သူက ၎င်းကို ခပ်ကြမ်းကြမ်း ညှစ်ချေဖျက်စီးလိုက်၏။

ထိုသွေးစာလုံးသည် ဘန်းခနဲ ပေါက်ကွဲ ပျက်စီးသွားတော့သည်။

ဝမ်လင်း၏မျက်နှာသည် ချက်ခြင်း ဖြူရောသွား၏။ သို့သော် သူ့မျက်လုံးမှာ အေးစက်လာသည်။ သူသည် အလိုက်သင့်အလျှော့ပေးခဲ့ပြီး ဖြစ်၏။ သည်ရှေးဟောင်းနတ်ဘုရားစွမ်းအားမှာလည်း ထာဝရကလန်က မပိုင်ဆိုင်ပေ။ ထာဝရကလန်ကြောင့် သူက အဆုံးစွန်နှိမ့်ချကာ သွေးကျိန်ဆိုမှု ပြုလုပ်ရန်ပင် တွေဝေမနေခဲ့ပေ။ သို့သော် သည်အရာများမှာ အသုံးမဝင် ဖြစ်ရ၏။

“ခွန်အားကပဲ ကျင့်ကြံခြင်းလောကမှာ စကားပြောတယ်။ သန်မာမှ လေးစားခံရမှာ…”

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။

ထိုအခိုက်အတန့်တွင် အခြားအစွမ်းထက်အော်ရာလေးခုလည်း ရုတ်တရက် နီးကပ်လာကြ၏။ သည်အော်ရာများသည် ထာဝရကလန်၏ မြင့်မြတ်သောအကြီးအကဲလေးယောက်၏ အော်ရာများပင်။ သူတို့အားလုံးသည် အစွမ်းထက်ကြပေ၏။

သူတို့ နီးကပ်လာချိန်တွင် သူတို့သည် ဝမ်လင်းကို စကားဖြင့်ပင် ပြောမနေတော့ဘဲ မန္တာန်များကို တောင်ထိပ်ပေါ်တွင် မားမားရပ်နေသော ဝမ်လင်းထံ ချက်ခြင်း ပစ်သွင်းလာခဲ့၏။

***

All Chapters