← Chapters

အခန်း ၂၅၁၅

Vol. 179 Ch. 2515

အခန်း ၂၅၁၅

Vol. 179 Ch. 2515

အခန်း (၂၅၁၅)

မင်းက နေရောင်အောက်မှာ ရှိနေဖို့ ထိုက်တန်တယ်

မကြာမီ ဟိုတယ်တစ်ခုလုံး မီးခလုတ်များပွင့်လာခဲ့ကြပြီး ၎င်းနောက်တွင်တော့ ထိတ်လန့်တကြား အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာကာ အသားအရောင်မျိုးစုံရှိသည့် နိုင်ငံခြားသားများက တည်းခိုခန်းအတွင်းထဲမှ အလောတကြီး ပြေးထွက်လာခဲ့ကြ၏။

ဟိုတယ်က လေးထောက်အဆောက်အဦး ဖြစ်သဖြင့် တစ်ချို့ကလည်း သုံးလွှာမှ အောက်သို့ တိုက်ရိုက်ခုန်ချလာကြသည်။

လင်းရီ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။ ဤလူများက အနည်းဆုံးတော့ ဒီ-အဆင့်ပင်။

ထိုသို့ အဆင့်ရှိမှလည်း ကမ္ဘာ့ထိပ်တန်း အဖွဲ့အစည်းတစ်ခုဟူသည့် နာမည်ဂုဏ်သတင်းနှင့် ကိုက်ညီပေမည်။

ဘန်း …

အော်ဟစ်ဆဲဆိုသံများအလယ်၌ သေနတ်ပစ်ခတ်သံ တစ်သံက ထွက်ပေါ်လာခဲ့ပြီး ပရမ်းပတာ ဖြစ်နေသည့် မြင်ကွင်းအခြေအနေထဲ ပုံမှန်မဟုတ်သည့် ထိတွေ့မှုတစ်ခုကို ထပ်ပေါင်းထည့်လိုက်၏။

မုတ်ဆိတ်ထူလဗျစ်နှင့် အမျိုးသားတစ်ဦး၏ နဖူးအလယ်တည့်တည့်တွင် သွေးရောင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး မျက်လုံးပြူးကျယ်လျက် မြေပြင်သို့ လဲကျသွားခဲ့၏။

ဘေးရှိ သူ့အဖော်များအားလုံး ကြက်သေသေသွားခဲ့ကြသည်။ ဘာတွေ ဖြစ်နေလဲဆိုတာကို နားမလည်နိုင်ကြသေးပေ။ တစ်စုံတစ်ဦး သေဆုံးသွားတော့မှပဲ ဤသည်က နောက်ကွယ်မှ ပူးပေါင်းကြံစည်မှု တစ်ခုဖြစ်ကြောင်းကို နားလည်သဘောပေါက်သွားခဲ့တော့၏။

ဘန်း ဘန်း …

နောက်ထပ် သေနတ်ပစ်ခတ်သံ နှစ်ချက် ပဲ့တင်ထပ်လာသည်။

လင်းရီ၏ သေနတ်ပစ်ခတ်သံက အချက်ပြသံ တစ်ခုနှယ် အောင်မြင်စွာ ပစ်ခတ်ပြီးနောက် ကျန်းလုံနှင့် ဆမ်ဘလိုတို့ကလည်း စတင်လှုပ်ရှားလိုက်ကြကာ နောက်ထပ်လူနှစ်ယောက်ကို အပါခေါ်သွားကြ၏။

သူတို့ အပေါင်းအပါများ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားသည်ကို မြင်တော့ လူမည်းတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်၏။

“ ဒါ အစိုးရဘက်ကကောင်တွေ ဖြစ်မယ် … သူတို့ ငါတို့နေရာကို ရှာတွေ့သွားပြီ …”

“ သေစမ်း … အဲ့ဒီခွေးမသားတွေ … ခွင့်မလွှတ်နိုင်ဘူး … အခုချက်ချင်း သွားသတ်မယ် …”

ဘန်း ဘန်း ဘန်း …

သေနတ်ပစ်ခတ်သံ သုံးချက် ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် လူသုံးဦး မြေပြင်သို့ လဲကျသွားခဲ့၏။

ဤသည်က သွေးရူသွေးတမ်း ဖြစ်နေသည့် Black forest အဖွဲ့ဝင်များကို ချက်ချင်း သတိဝင်လာစေပြီး အကာအကွယ်ယူရန်အတွက် နေရာအသီးသီးသို့ ပြေးဝင်ပုန်းအောင်းလိုက်ကြ၏။

သို့သော် ၎င်းနောက် … မည်သည့် သေနတ်ပစ်ခတ်သံမျှ ပေါ်မလာတော့ချေ။ မီးလောင်ကျွမ်း၍ ပစ္စည်းများ ပြုတ်ကျနေသည့် အသံကလွဲပြီး ညတစ်ခွင်လုံး နဂို ဆိတ်ငြိမ်သည့် အခြေအနေသို့ ပြန်လည်ကျရောက်သွားခဲ့လေသည်။

ဤအရာများအားလုံးက လင်းရီ ကြိုတင် စီစဉ်ထားခဲ့သည့်အတိုင်းပင်။

ဆယ့်စက္ကန့်အချိန်တိုအတွင်း သတ်နိုင်သမျှ များများသတ်ပြီး ဆုတ်ခွာရန်ပင်။

သုံးဦးသားလုံး ညအမှောင်ယံထဲတွင် မိုင်ကုန်ပြေးလွှားနေကြပြီး ကားရှိရာဘက်သို့ ဦးတည်လိုက်ကြ၏။

သို့သော် Black forest အဖွဲ့ဝင်များကလည်း အထင်သေးရမည့် လူများမဟုတ်။ တစ်စုံတစ်ယောက်က ကားထဲသို့ အသင့်ဝင်နှင့်နေပြီး လမ်းတစ်လျှောက်လုံး ပြေးလိုက်လာကြသည်။

မီတာငါးရာကျော်ကို တစ်မိနစ်ခန့် ပြေးလွှားလိုက်ရပြီး ထို့နောက်တွင်မှ ကားထံသို့ ပြန်ရောက်လာခဲ့ကြ၏။

ကျန်းလုံက အနောက်လှည့်ကြည့်လိုက်ရာ စစ်စိမ်းရောင် SUV တစ်စင်းက နီးနီးကပ်ကပ် လိုက်ပါလာနေသည်ကို မြင်တွေ့လိုက်ရလေသည်။

“ ခေါင်းဆောင်လင်း … တစ်ယောက်ယောက် လိုက်လာနေတယ် ….” ကျန်းလုံ ပြောလိုက်သည်။

“ ငါတို့ အခုချိန် မောင်းထွက်သွားလိုက်ရင် ကျိန်းသေပေါက် ငါတို့နောက်ကနေ လိုက်လာခဲ့မှာပဲ … သူတို့ဘက်က စစ်ကူတွေပါ ခေါ်ရင် ခေါ်ကြလောက်တယ် … အဲ့လိုဆို အခြေအနေက ထွက်ပြေးဖို့ ခက်ခဲသွားလိမ့်မယ် …”

ကျန်းလုံ၏ သုံးသပ်ချက်က လင်းရီ တွေးထားသည်နှင့် တစ်ထပ်တည်းပင်။

“ ကြည့်စမ်း … ဒီခွေးသူတောင်းစားတွေက တော်တော်တော့ တော်ကြတယ်နော် …”

“ မင်းတို့နှစ်ယောက် စောက်စကားများမနေကြနဲ့တော့ … အခြေအနေကို နားမလည်နိုင်ကြဘူးလား … ဒီပြဿနာကို မြန်မြန်ဖြေရှင်းဖို့ လိုတယ် …”

ဆမ်ဘလိုမှာ လဲပြိုလုနီးပါး ဖြစ်နေပြီး “ သောက်ကျိုးနည်း အန္တရာယ်များနေပါတယ်ဆို ယီးမို့လို့ လေပေါနေကြတာလား …”

“ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားစမ်းပါ … ဘယ်သူမှ မသေသေးပါဘူး …” လင်းရီ ပြောလိုက်ပြီး “ ငါတို့နားမှာ ခြုံတွေရှိနေတယ်မဟုတ်လား … အဲ့ထဲ ဝင်ပုန်းနေလိုက်ရုံပဲ …”

သုံးဦးလုံး ချက်ချင်း လှုပ်ရှားလိုက်ကြပြီး အမှောင်ထဲ ဝင်ပုန်းလိုက်ကြသည်။

လင်းရီ၏ အစီအစဉ်က ရိုးရိုးရှင်းရှင်းလေးပင်။ အကယ်၍ သူတို့ ပုန်းအောင်းနိုင်မည်ဆိုပါက အကောင်းဆုံးပင်။ အကယ်၍ မဖြစ်နိုင်ခဲ့ဘူးဆိုလျှင်လည်း အခွင့်အရေးရှာပြီး ၎င်းတို့ကို စမုံတုံးရုံသာ ကျန်သည်။

မည်သို့ပင်ဆိုစေ သူတို့နောက်မှ လိုက်ပါလာသည့်ကားက တစ်စင်းတည်းသာ ရှိ၏။ ကြီးကြီးမားမား ပြဿနာ တစ်ခု မဟုတ်ပေ။

ထိုအချိန်၌ SUV ကားက တဖြည်းဖြည်း နီးကပ်လာပြီး လင်းရီတို့ သုံးဦးလုံး အမှောင်ထဲတွင် ပုန်းအောင်းနေရင်း တစ်ဖက်၏ လှုပ်ရှားမှုများကို သေချာ အနီးကပ် စောင့်ကြည့်နေကြ၏။

ယာဉ်က သူတို့ကားနံဘေးမှ ဖြတ်သန်းသွားသည်ကို မြင်တော့မှ စိတ်သက်သာရစွာ သက်ပြင်းချနိုင်လေသည်။

သို့သော် နောက်တစ်စက္ကန့်၌ သူတို့၏ နှလုံးများ လည်ချောင်းဝသို့ ပြန်ခုန်ပေါက်တက်လာခဲ့၏။

ဘာကြောင့်ဆိုတော့ စောနလေးတင် ဖြတ်မောင်းသွားပြီး ဆယ်မီတာကျော်လောက် ရောက်နှင့်နေပြီးသည့် SUV က နောက်ပြန်ဆုတ်လာခဲ့ပြီး ဟွန်ဒါကား နံဘေးတွင် ရပ်တန့်လာသည်။

လူနှစ်ဦး ကားပေါ်မှ ဆင်းလာပြီး သေနတ်များ ကိုင်ဆောင်ထားကြကာ သတိကြီးစွာဖြင့် ချဉ်းကပ်လာခဲ့ကြ၏။

လင်းရီ မျက်မှောင်ကြုတ်မိသွားခဲ့၏။ Black forest ၏ ဂုဏ်သတင်းက အမှန်တကယ်လည်း ထိုက်တန်သည်။ ယခုလို ညအမှောင်မျိုးတွင် သေချာ ဖုံးကွယ်ထားသည့် ကားကို မြင်နိုင်သည့်အမြင်က သာမန်လူတစ်ဦးတစ်ယောက်တွင် မရှိနိုင်သည့် အမြင်မျိုးပင်။

ရှပ် ရှပ် ရှပ် …

လင်းရီ လှုပ်ရှားတော့မည့် အချိန်မှာပဲ ရုတ်တရက်ဆိုသလို ကျန်းလုံဘက်မှ အသံဗလံများ ထွက်လာခဲ့ပြီး လူနှစ်ဦး၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့သည်။

လင်းရီ နားလည်လိုက်၏။ ကျန်းလုံ၏ အရည်အချင်းဖြင့်ဆိုပါက ယခုလို အမှားမျိုး ပြုလုပ်ဖို့က မဖြစ်နိုင်ပေ။

“ ငါ သူ့ကို ကူညီပေးမှ ဖြစ်မယ် …”

ကျန်းလုံ၏ ရည်ရွယ်ချက်က ရန်သူများ၏ အာရုံကို ဆွဲဆောင်ဖို့ တမင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့တာ ဖြစ်၏။

မဟုတ်ဘူးဆိုပါက လူသစ်လေးတစ်ယောက်လို အမှားမျိုး မပြုလုပ်နိုင်ချေ။

ပုံမှန်မဟုတ်သည့် အသံများကို ကြားတော့ Black forest အဖွဲ့ဝင်နှစ်ဦးလည်း အသံလားရာဘက်သို့ ဂရုတစိုက်နှင့် ချဉ်းကပ်သွားခဲ့ကြသည်။

လင်းရီ ဟွန်ဒါ အနီးနားသို့ လှမ်းကြည့်လိုက်ပြီး ဆမ်ဘလိုကို အကြည့်တစ်ချက် ပေးလိုက်၏။

ရက်ပေါင်းများစွာ အတူပူးပေါင်းလုပ်ဆောင်ပြီးနောက် နှစ်ဦးကြားတွင် အလိုလို နားလည်သဘောပေါက်မှုက ဖြစ်ပေါ်နေလေပြီ။

လင်းရီ၏ အကြံအစည်ကို ဆမ်ဘလို ချက်ချင်း နားလည်သဘောပေါက်သွားသည်။

နောက်တစ်စက္ကန့်၌ လင်းရီနှင့် ဆမ်ဘလိုတို့ နှစ်ဦးလုံး ကျားရိုင်းတစ်ကောင်လို ခုန်ပေါက်ထွက်လာခဲ့ကြပြီး ရန်သူနှစ်ဦး၏ ပါးစပ်ကို နောက်မှ ပိတ်ဆို့ကာ လည်ပင်းကို တစ်ချက်တည်း ချိုးပစ်ပြီး အဆုံးသတ်ပေးလိုက်သည်။

သေဆုံးသည့်တိုင် အသံတစ်သံမျှ မထွက်လိုက်နိုင်ပေ။

ည အမှောင်က မှင်ရောင်ကဲ့သို့ ပိန်းပိတ်မှောင်မဲနေပြီး ကောင်းကင်တွင် ကြယ်တစ်ချို့က အလင်းတောက်ပနေလျက်ရှိ၏။

မည်သည့်အရာကမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ပင်။

ကားထဲတွင် နောက်ဆုံးကျန်ရစ်နေရစ်ပြီး ဆေးလိပ်သောက်နေသည့်လူက ဘေးပတ်ဝန်းကျင်ကို လေ့လာအကဲခတ်နေသည်။

သူတစ်ချက် စစ်ဆေးကြည့်လိုက်ပြီး သူ့အဖော်များ ထွက်သွားသည်မှာ ဤမျှကြာသည်အထိ ပြန်မရောက်လာသေးသည်ကတော့ ထူးဆန်းနေကြောင်း ခံစားနေရသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ဆေးလိပ်လည်း ကုန်သွားပြီး သူလည်း စိတ်မရှည်နိုင်တော့ချေ။ သေနတ်ကိုင်ပြီး ကားပေါ်မှ ဆင်းလာခဲ့၏။

သို့သော် သူ့ကံကြမ္မာသည်လည်း အခြားနှစ်ဦးထက်သာ၍ ကောင်းမွန်မနေချေ။ ဟွန်ဒါကားအနီးနားသို့ လျှောက်လှမ်းလာချိန်မှာပဲ နောက်ကျောဘက်မှ လင်းရီ၏ လည်လှီးခြင်းကို ခံလိုက်ရသည်။

“ လက်နက်တွေ ယူပြီး ကားကို ဖောက်ခွဲပစ်လိုက် …”

“ အိုကေ …”

ကျန်းလုံ ခွန်းတုံ့ပြန်လိုက်ပြီး လင်းရီ ညွှန်ကြားသည့်အတိုင်း လိုက်နာကာ ကားပေါ်မှ လက်နက်များအားလုံးကို အပြင်သို့ ထုတ်လိုက်၏။

ကားကို ဖောက်ခွဲပြီးနောက် သုံးယောက်သား ဟွန်ဒါပေါ်သို့ ပြန်တက်လာကာ ညအမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

“ မင်းနောက်တစ်ခါ ဒါမျိုး မလုပ်နဲ့ … ဒီလူတွေလောက်ကတော့ ငါ့အတွက် ဘာမှ ပူစရာမလိုဘူး … မင်းကိုယ်မင်း အန္တရာယ်အဖြစ်ခံပြီး ကယ်တင်ပေးဖို့ မလိုဘူး …”

ကျန်းလုံက ရိုးအသည့် အပြုံးကြီးဖြင့် “ ငါ့တာဝန်က မင်းကို ကာကွယ်ပေးဖို့ပဲ … ငါ တတ်နိုင်သရွေ့တော့ မင်းကို လုံးဝ အန္တရာယ် မဖြစ်စေရဘူး …”

“ ဒီလိုလုပ်တာက မင်းကိုယ်မင်း တာဝန်မယူတာနဲ့ အတူတူပဲ ..”

လင်းရီ စီးကရက် တစ်လိပ်ကို မီးညှိရင်း ကိုယ့်ကိုယ်ကို လန်းဆန်းသွားအောင် ပြုလုပ်လိုက်သည်။

“ မင်းကို အကြီးအကဲလုက လက်ခံထားပြီးသား … ဒီတော့ မင်းအရင်က လုပ်ခဲ့တာတွေလည်း လုံးဝ သန့်ရှင်းပြီးသား ဖြစ်သွားပြီ … အနည်းဆုံးတော့ သေဒဏ်ကျစရာ မလိုတော့ဘူး … မင်းမှာ သေခါနီး မိဘတွေအတွက် သားသမီးဝတ် ကျေပွန်ရမယ့် တာဝန်ရှိသေးတယ် … မင်းရဲ့ အသက်က အခုဆို ပိုပြီး တန်ဖိုးရှိသွားမယ် … ကောင်းကောင်းတန်ဖိုးထား ..”

ကျန်းလုံ အတန်ငယ် အတွေးနက်သွားခဲ့ပြီး

“ အကြီးအကဲလုက ငါ့ကို အဲ့အကြောင်း မပြောခဲ့ဘူး ….”

“ အကြီးအကဲလုကို ငါ နားလည်တယ် … သူက ကိုယ့်လက်အောက်ငယ်သားအပေါ် အခွင့်အရေးယူတတ်တဲ့ လူစားမျိုး မဟုတ်ဘူး …. သူ မင်းကို လက်ခံဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်ကစပြီး မင်းက ရာဇဝတ်သားမဟုတ်တော့ဘူး ….”

“ အဲ့တာသာ အမှန်ဆိုလို့ကတော့ ဒီကျေးဇူးတရားကို ဘယ်လိုပြန်ဆပ်ရမလဲတောင် မသိတော့ဘူးပဲ ….”

လင်းရီ ပြုံးလိုက်၏။

“ ဖိအားများမနေပါနဲ့ …. ငါသာဆိုလို့ကတော့ သူတို့တစ်မိသားစုလုံးပါ ချန်မှာ မဟုတ်ဘူး …. မင်း လုပ်ခဲ့တဲ့ လုပ်ရပ်ထက်တောင် ပိုပြီး ဆိုးရွားလောက်တယ် … ငါလည်း လူတော်တော်များများ သတ်ဖူးခဲ့တာပဲ … အခုကြည့်လေ … ကောင်းကောင်းမွန်မွန် အသက်ရှင်နေတာပဲ မဟုတ်ဘူးလား ….”

“ သဘောပေါက်ပြီ …” ကျန်းလုံ ပြုံးလိုက်၏။

လင်းရီ သူ့ပခုံးကို ပုတ်ပေးလိုက်ပြီး ထို့‌နောက် ဆမ်ဘလိုထံ ကြည့်လိုက်သည်။

“ တစ်ခြား အဖွဲ့အစည်းတွေရဲ့ အခြေစိုက်စခန်းက ဘယ်မှာလဲ သိလား ….”

“ Delberg Club ကတော့ … သူတို့တွေ နေရာပြောင်းသွားပြီလား ငါလည်း သေချာမသိဘူး ….”

“ ကိစ္စ မရှိဘူး …”

လင်းရီ စီးကရက်တိုကို ဖိချေလိုက်ပြီး “ အရင်ဆုံး အိပ်ဖို့ နေရာရှာကြတာပေါ့ … မနက်ဖြန် သွားကြည့်ကြမယ် … တကယ်လို့ သူတို့ အဲ့မှာ ရှိနေသေးဦးမယ်ဆိုရင် … သူတို့ကို ဝင်တိုက်ကြမယ် …”

စာစဉ် (၁၇၉)ပြီး၏။

(20 July 2026, 1:00 PM )

All Chapters