← Chapters

အနီရောင်အလင်းအောက်မှ အဖြူရောင်ပုံရိပ်

Vol. 98 Ch. 1344

အနီရောင်အလင်းအောက်မှ အဖြူရောင်ပုံရိပ်

Vol. 98 Ch. 1344

နတ်ဆိုးကလန်၏​ အနီးအနားရှိ တိုက်ပွဲကွင်းပြင်တွင် ကျင့်ကြံသူများသည် ​​နောက်ပြန်ဆုတ်​နေကြစဉ် သားရဲဟိန်းသံများသည် ပို၍ ပြင်းထန်ကျယ်​လောင်လာသည်။ ဟင်းလင်းပြင်အက်​ကြောင်းအတွင်းမှ သာ၍ အစွမ်းထက်​သော ​အော်ရာတစ်ခု ​ပေါက်ကွဲထွက်လာ​လေ၏။ ထို​အော်ရာသည် ပတ်ဝန်းကျင်ရှိသားရဲဟိန်းသံများကို ချက်ခြင်းဖိနှိပ်ပစ်နိုင်သည့်အထိ သန်မာလှသည်။

သားရဲများ ​နောက်ဆုတ်​ပေး​နေစဉ် နဂါးပုံစံသားရဲတစ်​ကောင် ဖြည်းဖြည်းချင်း ထွက်​ပေါ်လာ၏။

၎င်းမှာ နက်​မှောင်​နေ​သော နဂါး ဖြစ်၏၊ သို့ရာတွင် အစစ်အမှန်နဂါးနှင့်​တော့ ကွာခြားမှု ရှိ​နေဆဲသာ။ ထိုနဂါးကို ​ကြေးခွံများ ဖုံး​နေပြီး ၎င်းထံ၌ ကွယ်ဝှက်​နေ​သော ဦးချိုနှစ်​​ချောင်းလည်း ရှိသည်။ ယင်းဦးချိူတို့မှာ မ​ဖြောင့်တန်း၊ခပ်​ကွေး​​ကွေးပင်။

၎င်း၏ခန္ဓာကိုယ်သည် ​ပေတစ်​သောင်းရှည်လျားကာ ထွက်​ပေါ်လာသည်နှင့် ပြင်းထန်​​သောဖိအားကို ​ပေးစွမ်းသည်။ ၎င်း၏ နဂါးမျက်လုံးများဖြင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ​ဝေ့ကြည့်လိုက်သည်။ တဖြည်းဖြည်းဖြင့် ၎င်း၏အကြည့်သည် အပြာ​ရောင်မြူများ ဝန်းရံထား​သော သုံး​​ယောက်ထံ ​ရွှေ့လျားလာသည်။

ထိုသုံး​ယောက်ကို ​​တွေ့မြင်လိုက်ရသည့်​နောက် ထိုနဂါးသည် ​ကောင်းကင်တုန်လှုပ်ဖွယ်ဟိန်းသံကို ထုတ်​ဖော်သည်။ ထိုဟိန်းသံတွင် ရူးသွပ်မှု၊ ရန်လို​ဒေါသ၊ ​သွေးဆာမှုတို့ဖြင့် ပြည့်နှက်​နေသည်။

၎င်းက အပြာ​ရောင်မြူလွှာကို မှတ်မိသွားခြင်းပင်။ ၎င်း၏မှတ်ဥာဏ်ထဲ၌ ထိုအပြာ​ရောင်မြူများ ဝန်းရံထား​သော လူများသည် သားရဲများကို ဟင်းလင်းပြင်အက်​ကြောင်းထဲမှ ထွက်မလာနိုင်​အောင် ဟန့်တားထား​သော ကမ္ဘာမ​ကျေရန်သူများဟု သိရှိထား​ပေသည်။

"မထင်မှတ်စွာနဲ့ ကိုးခု​အသုတရာ​​ချောက်က ငယ်ရွယ်တဲ့နဂါးသားရဲ ဖြစ်​နေတာပဲ။ ဒီနဂါး​ဟာ သားရဲတစ်​ကောင်လို့​တောင် ယူဆလို့ မရ​တော့ဘူး။ ဒီ​ကောင်က အဆင့်ဆယ့်နှစ်ဆို​ပေမဲ့ လူသားအသွင်မ​ပြောင်းနိုင်တဲ့ အဆင့်ဆယ့်သုံးသားရဲ​တွေနဲ့ တူညီတဲ့စွမ်းအား ရှိတယ်..."

"ဒီလိုသားရဲမျိုး မ​ပေါ်ထွက်လာတာ ကြာလွန်းခဲ့ပြီ။ အကြီးအကဲတစ်ခါ ​ပြောခဲ့ဖူးတယ်။ ဒီလိုသားရဲအုပ်စုဟာ လူသားအသွင်​ပြောင်းနိုင်တဲ့ သားရဲ​တွေကိုပါ ဖိနှိပ်ထားနိုင်တယ်တဲ့။ ဒဏ္ဍာရီ အရ​တော့ ဒီသားရဲဟာ ချီ​ရှောင်သားရဲ ပိုင်ဆိုင်တဲ့ ရဲ​ဘော်ရဲဘက်သားရဲ​ခြောက်​ကောင်ထဲက တစ်​ကောင် ဖြစ်တယ်လို့ ဆိုတယ်..."

"ဒီကိစ္စဟာ အ​ရေးကြီးတယ်။ ငါတို့ အကြီးအကဲ​တွေဆီ တင်ပြမှ ဖြစ်မယ်..."

အပြာ​ရောင်မြူများကြားမှ သုံး​ယောက်သည် တစ်​ယောက်နှင့်တစ်​ယောက် စိတ်ဖြင့် ​ပြောဆိုလိုက်သည်။ သူတို့ထဲမှ တစ်​ယောက်သည် ​ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ​ချေမွပစ်ပြီး ချက်ခြင်း သတင်းပို့သည်။

သူတို့ ထိုကဲ့သို့ လုပ်​ဆောင်လိုက်ချင်းချင်း ကိုးခုအသုတရာ​ချောက်နက်နဂါးသည် ဟိန်း​ဟောက်လာ၏။ ၎င်း၏ခန္ဓာကိုယ်​ပေါ်ရှိ အက်​ကြောင်းများထံမှ အနက်​ရောင်အခိုးအ​ငွေ့များ ထွက်​ပေါ်လာပြီး စိတ်ဝိညာဉ်ကို ထွင်း​ဖောက်နိုင်​သော အနက်​ရောင်ဦး​ခေါင်းခွံများ အဖြစ် ​ပြောင်းလဲသည်။ ယင်းဦး​ခေါင်းခွံများသည် အဘက်ဘက်သို့ ပျံ့လာပြီး ဟင်းလင်းပြင်အက်​​ကြောင်းထဲမှ ထိုးထွက်လာ​တော့သည်။

ထိုအခါ ဟင်းလင်းပြင်းအက်​ကြောင်းပါ တုန်ခါလာပြီး မည်ဟည်းသံများ ပဲ့တင်ထပ်၏။ များပြားလွန်း​​သော ဦး​ခေါင်းခွံများသည် ကျင့်ကြံသူများထံ ခုန်​ပေါက်တိုးဝင်လာကြသည်။

ထိုအနက်​ရောင် ဦး​ခေါင်းခွံများ ​နောက်က​နေ ကြမ်းကြုတ်​သောသားရဲများ လိုက်ပါလာကာ တုန်လှုပ်ဖွယ်ရာ တိုက်ခိုက်လာ​တော့သည်။ သို့ရာတွင် ကိုးခုအသုတရာ​ချောက်နဂါးမှာ တိုးထွက်လာခြင်း မရှိဘဲ ဟင်းလင်းပြင်အက်​ကြောင်းတွင်းသာ ​နေထိုင်ပြီး အပြင်ဘက်သို့ ​အေးစက်စက် ကြည့်​နေသည်။

အက်​ကြောင်းအပြင်ဘက်ရှိ ကျင့်ကြံသူ​ထောင်ချီသည် ရာစုနှစ်ချီ၍ တိုက်ခိုက်ခဲ့ကြသူများ ဖြစ်၍ စိတ်အင်အား ခိုင်မာလှသည်။ သို့​ပေမည့် ခုချိန်တွင် သူတို့သည် တုန်လှုပ်မိရသည်။ သို့​သော် သည်​တိုက်ပွဲကွင်းပြင်သို့ ​ရောက်လာသည်နှင့် သူတို့အဖို့ ​နောက်ဆုတ်ခွင့် မရှိ​တော့​ပေ။ တိုက်ခိုက်ရန်သာ ရှိ၏။ အနက်​ရောင်ဦး​ခေါင်းခွံများ တိုးဝင်နီးကပ်လာချိန်တွင် ကျင့်ကြံသူများသည် ​အ​သေအရှင်တိုက်ပွဲကို စတင်ရ​​တော့သည်။

ပါရမီရှင်​ခြောက်​ယောက်သည် ဟင်းလင်းပြင်အက်​ကြောင်းထဲရှိ ကိုးခုအသူတရာ​ချောက်နဂါးထံ တိုးဝင်လာသည်။

"ငါတို့​ခြောက်​ယောက် ဒီနဂါးကို အတူပူး​ပေါင်းပြီး သတ်နိုင်ခဲ့ရင် ငါတို့ဟာ နတ်ဆိုးကလန်ဝင်​တွေ ဖြစ်လာနိုင်လိမ့်မယ်..."​ ​ခြောက်​ယောက်ထဲမှ သက်လတ်ပိုင်းလူက ​အော်ဟစ်လိုက်၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်​စေသည်။ ခရမ်း​ရောင်အလင်းတစ်ခု သူ့ကို ဝန်းရံလာ၏။ သူ့​အော်ရာမှာ မြင့်တက်လာသည်။

ကျန်သည့်ငါး​ယောက်ကလည်း သူတို့၏ အစွမ်းထက်ဆုံးမန္တာန်များကို အသုံးပြုလိုက်သည်။ လှပ​သော သက်လတ်ပိုင်း အမျိုးသမီး၏ ဆံပင်မှာ ချက်ခြင်း အဖြူ​ရောင် ​ပြောင်းသွား၏။ သူမ၏ ဆံပင်ဖြူများသည် ​​ဝေ့ယမ်းခတ်ကာ ဆံဖြူမုန်တိုင်းတစ်ခု သူမ​ရှေ့တွင် ​ပေါ်လာ၏။ ထိုမုန်တိုင်းသည် တုန်လှုပ်ဖွယ်စွမ်းအားကို သယ်​ဆောင်ကာ ကိုးခုအသူတရာ​ချောက်နဂါးထံ တိုးဝင်လာသည်။

သူတို့​ခြောက်​​ယောက်ထဲတွင် အဘိုးအိုမှာ ကျင့်ကြံမှုအမြင့်ဆုံးပင်။ သူက သူ့ညာလက်ကို ​ဝေ့ယမ်းလိုက်ရာ မ​ရေမတွက်နိုင်​သော​ရွှေ​ရောင်အမြု​တေများသည် သူ့အား ဝန်းရံ၏။ ယင်းအမြု​တေများသည် ကျင့်ကြံသူများ ပိုင်ဆိုင်​သော​ရွှေ​​ရောင်အမြု​တေနှင့် ကွာခြား၏။ ၎င်းတို့သည် အဘိုးအို သူ့ဟာသူ ကိုယ်ပိုင်ဥာဏ်ဖြင့် ဖန်တီးထား​သော မန္တာန်တစ်ခုသာ။ မူလစွမ်းအင်များ​က​​နေ ဖြစ်​ပေါ်ခြင်းပင်။ ထို့​ကြောင့် ယင်းအမြု​တေများကို ပျက်စီး​စေပြီး သန်မာ​​သောစွမ်းအားကို ရယူနိုင်၏။ လျှပ်တပြတ်အတွင်း ​ရွှေ​ရောင်အမြု​တေတစ်​​သောင်းနီးပါး သူ့ပတ်လည်တွင် ​ပေါ်လာခဲ့​ပေပြီ။

​အေးစက်စက် အမျိုးသမီးလည်း ရှိ​သေး၏။ သူမသည် သူမ၏လျှာထိပ်ကို ကိုက်ကာ သူမလက်ထဲရှိဓါး​ပေါ်သို့ ​သွေးများ ​ထွေးထုတ်လိုက်သည်။ ဓါးသည် တလျှံလျှံ​တောက်ပကာ အ​ရည်​​ပျော်ပြီး ​ရွှေ​ရောင်မြစ်တစ်ခု ဖြစ်တည်သည်။ ထိုမြစ်သည် သူမကို ဝန်းရံကာ အဖျက်အစီး​အော်ရာတစ်ခုကို ​ပေးစွမ်းသည်။ ထို့​နောက် သူမနှင့်အတူ တိုးဝင်လာ​တော့၏။

​ကျင့်ကြံသူ​​ထောင်ချီကြားမှ အစွမ်းထက်ဆုံး​ခြောက်​ယောက်၏ တိုက်ခိုက်မှုအားလုံးသည် တစ်ပြိုင်နက်တည်း ထွက်​ပေါ်လာခဲ့ပြီး ကိုးခုအသူတရာ​ချောက်နဂါးနှင့် တိုက်ပွဲ စတင်​​လေပြီ။

ပတ်ဝန်းကျင်မှ ကျင့်ကြံသူအားလုံးသည် ထိတ်လန့်တကြား ​အော်ဟစ်​နေ၏။ အနက်​ရောင်ဦး​​ခေါင်းခွံများသည် ထူးဆန်းလွန်းသည်။ ၎င်းတို့အ​ပေါ် မည်သည့်မန္တာန်၊ လက်နက်မှ သက်​ရောက်မှုမရှိ ဖြစ်​နေသည်။ ၎င်းတို့သည် ကျင့်ကြံသူများ၏ခန္ဓာကိုယ်ထဲ တိုက်ရိုက်ထွင်း​ဖောက်ဝင်ကြသည်။ သူတို့က ဝင်​ရောက်ပြီးပြီးချင်း ​ပေါက်ကွဲသွားသည်။ ထိုနည်းဖြင့် အဖျက်အစီးအားတစ်ခုသည် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို ​ပေါက်ကွဲ​စေကာ မူလစိတ်ဝိညာဉ်များပါ ကွယ်​ပျောက်သွားရသည်။

ထို့အပြင် ကြမ်းကြုတ်​သောသားရဲများသည် ဟင်းလင်းပြင်အက်​ကြောင်းထဲမှ တိုးထွက် တိုက်ခိုက်လာသည့်အတွက် ​သေ​ရေးရှင်​ရေးအခိုက်အတန့် ဖြစ်လာ​တော့သည်။

အစွမ်းထက်ကျင့်ကြံသူ​ခြောက်​ယောက်သည် ကိုးခုအသူတရာ​ချောက်နဂါး အနား ​ရောက်လာခဲ့ကာ ​သူတို့၏ တိုက်ခိုက်မှုများကို ထုတ်​ဖော်လိုက်ကြသည်။ သို့ရာတွင် သူတို့နှင့်အတူ သူတို့၏မန္တာန်များ နီးကပ်လာချိန်တွင် နဂါးက ပါးစပ်ဟကာ မြူနက်များ ​ထွေးထုတ်လိုက်သည်။

ထိုမြူနက်များ ​ထွေးထုတ်လိုက်ချိန်တွင် ယင်းတို့သည် ​ပေတစ်​သောင်းအနက်​ရောင်ဦး​ခေါင်းခွံအဖြစ် ​ပြောင်းလဲသည်။ ထိုဦး​ခေါင်းခွံကြီးသည် ကျင့်ကြံသူ ​ခြောက်​ယောက်ထံ တိုးဝင်လာ၏၊

တုန်ဟည်းသံများ ပဲ့တင်ထပ်​လေ၏။ အမျိုးသား​လေး​ယောက်တွင် အဘိုးအိုမှလွဲ၍ ကျန်သည့် သုံး​ယောက်မှာ ​သွေးအန်လိုက်ရသည်။ သူတို့၏မျက်နှာများသည် ဖြူ​ရောကုန်ပြီး ​နောက်သို့ လွင့်ထွက်သွားသည်။ သူတို့၏ဒွာရ​ပေါက်များမှ နို့နှစ်ဖြူ​ရောင် အခိုးအ​​ငွေ့များ ထွက်လာပြီး ထိုဦး​ခေါင်းခွံ၏ ဝါးမြိုခြင်း ခံရသည်။ ယင်းအခိုးအ​ငွေ့များသည် သူတို့၏အသက်ဓါတ်များပင်။

အဘိုးအို၏ ပါးစပ်​ထောင့်မှ ​သွေးများ စိမ့်ကျလာကာ သူလည်း ​နောက်ဆုတ်လိုက်ရသည်။ သူ့မျက်လုံးသည် ​အေးစက်လာ၏။ သူက သူ့လက်နှစ်ဖက်ကို လှုပ်ရှားကာ ​အော်ဟစ်လိုက်သည်။

​"ရွှေ​ရောင်အမြု​တေတစ်​သောင်း...​ပေါက်ကွဲစမ်း..."

ထိုသို့ဆိုသည့်အခါ ​ရွှေ​ရောင်အမြု​တေများသည် ​ပေါက်ကွဲပျက်စီးကာ အဖျက်အစီးအားတစ်ခုကို ဖန်တီးပြီး ဦး​ခေါင်းခွံ​ပေါ် ကျ​​ရောက်သည်။

အမျိုးသမီးနှစ်​ယောက်ထဲမှ သက်လတ်ပိုင်းအမျိုးသမီး​၏ ဆံဖြူမုန်တိုင်းသည် ပျက်စီးသွားပြီး သူမလည်း ​သွေးအန်ကာ ​နောက်သို့ လွင့်ထွက်သွားသည်။ သူမ ​နောက်ဆုတ်​နေရင်း အသက်ဓါတ်များစွာ စုပ်ယူခြင်း ခံရသည်။

​အေးစက်စက်အမျိုးသမီး မျက်နှာမှာ ဖြူ​ရော​နေပြီး သူမ၏ညာလက်မှ ​သွေးများယိုစီးကျ​နေ၏။ သူမ ပတ်လည်တွင် စီးဆင်း​နေ​သော ​ရွှေ​ရောင်မြစ်လည်း ​နှေး​ကွေးသွားသည်။ သို့​​သော် သူမက အံတင်းတင်းကြိတ်ကာ ​ရှေ့သို့ လက်ညွှန်လိုက်သည်။ သူမ ပတ်လည်ရှိ ​ရွှေ​ရောင်မြစ်သည် မ​ရေမတွက်နိုင်​သော ​ရွှေ​ရောင်မိုးစက်များအဖြစ် ​ပေါက်ကွဲထွက်ကာ ဦး​ခေါင်းခွံ​ပေါ်သို့ ကျ​ရောက်လာသည်။

တုန်ဟိန်းသံများ မည်ဟည်းလျက် ဧရာမဦး​ခေါင်းခွံကြီးသည် တဒင်္ဂရပ်ဆိုင်းသွားသည်။ ထိုအခွင့်အ​ရေးကို အသုံးချကာ အဘိုးအိုနှင့်​အေးစက်စက်အမျိုးသမီးတို့သည် သူတို့မန္တာန်များကို အသုံးပြုပြီး​နောက် ​အလျင်အမြန် ​နောက်ဆုတ်လိုက်၏။

ထိုအဘိုးအိုသည် ကျင့်ကြံသူ​ထောင်ချီကြား၌ ဩဇာရှိသည်။ သူသည် ​နောက်ဆုတ်​နေလျက် သူ့ပါးစပ်​ထောင့်မှ ​သွေးကို သုတ်လိုက်ပြီး ချက်ခြင်း လှမ်း​အော်​ပြောသည်။ "ရန်သူသားရဲ​တွေ များလွန်းတယ်။ အရင်ဆုံး...ဒီသားရဲ​တွေကို သတ်ဖို့ စ​တေးခြင်းအစီအရင်ကို အသက်သွင်းကြ..."

သူ ထိုသို့ ​အော်ဟစ်လိုက်သည့်​နောက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ​နောက်ဆုတ်ပြီး သူတို့၏ လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်​ပေါ်​စေသည်။ သူတို့၏ခန္ဓာကိုယ်မှ အစီအရင်အလင်း စတင်​ ထွက်​ပေါ်လာ​တော့၏။

"နတ်ဆိုးကလန်အစီအရင်အတွက် ငါတို့အသက်ကို ကမ်းလှမ်းပါတယ်..." တစ်ပြိုင်နက်တည်းမှာ သူတို့၏အသက်ဓါတ်များကို စ​တေးကြ၏။ ကျင့်ကြံသူ​ထောင်ချီ၏ သံပြိုင်ဟစ်သံသည် ပြင်းထန်​သောဖိအားကို ဖန်တီးသည်။

သူတို့၏အသံ ပဲ့တင်ထပ်​နေရင်း ဟင်းလင်းပြင်အက်​ကြောင်းထံမှ တ​စ္ဆေအလင်းတစ်ခု ထွက်​ပေါ်လာသည်။ ထို့​နောက် မိုးကြိုးတုန်ဟည်းသံများ ဖြစ်​ပေါ်ကာ ပါးစပ်ကြီးအလား ဟင်းလင်းပြင်အက်​ကြောင်းမှာ ရုတ်တရက် ပိတ်ဆို့သွားသည်၊

အချိန်မီ မ​ရှောင်လိုက်နိုင်​​​သော အချို့သားရဲများ၏ ခန္ဓာကိုယ်များဆို ​ပေါက်ကွဲထွက်သွား၏။ ကိုးခုအသူတရာ​ချောက်နဂါးသည်ပင် ၎င်း၏ဦး​ခေါင်း ဖြတ်​တောက်ခြင်းမှ ကာကွယ်နိုင်ရန် အလျင်အမြန် ​ခေါင်းပြန်ရုတ်လိုက်ရသည်။

အဘိုးအိုသည် ထိုအဖြစ်ကို ​တွေ့မြင်သည့်အခါ သက်ပြင်းချလိုက်သည်။ သူသည် အစတုန်းက သည်နဂါး တစ်ဝက်တပျက် ထွက်လာ​အောင် ဆွဲ​ဆောင်ပြီးမှ ၎င်းကို သတ်ရန် အစီအရင်ကို အသုံးပြုမည်ဟု ကြံထားသည်။ သို့​ပေမည့် သူတို့​ခြောက်​ယောက်သည် နဂါးထွက်လာ​အောင် ဆွဲ​ဆောင်နိုင်သည့်အထိ လုံ​လောက်​အောင် မသန်မာခဲ့​ပေ။

"လီချန်​မေသာ ရှိရင် သူ့ရဲ့ ခွန်အား၊အံ့ဖွယ်ရတနာ​တွေနဲ့ဆို ဧရာမဦး​ခေါင်းခွံကို ချိုးဖျက်နိုင်ပြီး အဲ့နဂါးထွက်လာ​အောင် လုပ်နိုင်​လောက်တယ်..."

အဘိုးအိုသည် သက်ပြင်းချကာ သူ့အ​တွေးများကို ​​​ဘေးဖယ်ထားလိုက်သည်။ ဟင်းလင်းပြင်အက်​ကြောင်း ရုတ်တရက် ပိတ်ဆို့သွား​သော အချိန်တိုကို အခွင့်​ကောင်းယူကာ သူ့ညာလက်ကို ​ဝေ့ယမ်းလိုက်၏၊ မ​ရေမတွက်နိုင်​သော ​ရွှေ​ရောင်အမြု​တေများ ​ပေါ်လာပြီး ​​စောနက ဧရာမဦး​ခေါင်းခွံထံ တိုးဝင်သွားသည်။

​အေးတိ​အေးစက်အမျိုးသမီးမှာလည်း သူ့လိုပင်။ သည်ကျင့်ကြံသူများသည် နှစ်​ပေါင်းများစွာ အတူလက်တွဲ လုပ်​ဆောင်လာသည့်အတွက် တစ်​ယောက်နှင့်တစ်​ယောက် ​ကောင်း​ကောင်းနားလည်ကြသည်။ အခြား​လေး​ယောက်က​တော့ ဦး​ခေါင်းခွံကြီးကို မတိုက်ခိုက်​ပေ။ ထိုအစား သူတို့သည် ဦး​ခေါင်းခွံအ​သေးများနှင့် အုပ်သင်းကွဲထွက်​​နေ​သော သားရဲများကိုသာ တိုက်ခိုက်လိုက်ကြသည်။

အပြာ​ရောင်မြူများ ခြုံလွှမ်းထား​​သော နတ်ဆိုးကလန်မှ ကျင့်ကြံသူများသည် သားရဲများ​​နှင့်ကျင့်ကြံသူများ ​သေဆုံး​နေမှုကို မင်​သေ​သေဖြင့် ကြည့်​နေကြသည်။ အချိုု့ဦး​ခေါင်းခွံများနှင့် သားရဲများသည် သူတို့ထံ တိုးဝင်လာကြ၏။ သို့​သော် ၎င်းတို့မှာ အပြာ​ရောက်မြူများနှင့် ထိမိသည်နှင့် နာနာကျင်ကျင် ​သေဆုံးသွားကြရ၏။

"ဒီ​နေရာဟာ တိုက်ပွဲကွင်းပြင်ပဲ။ အားနည်းတဲ့သူ ​သေမှာပဲ။ မင်း အသက်ရှင်ချင်ရင် ကိုယ့်ကိုယ်ကို သန်မာ​အောင်သာလုပ်၊ ​သေ​ရေးရှင်​ရေး​တွေကို ဖြတ်​ကျော် ​လျှောက်လှမ်းရမယ်၊ အတိတ်တုန်းက ငါတို့သုံး​​ယောက်လည်း ဒီလို လုပ်ခဲ့ကြတာပဲ..."

"ကိုးခုအသူတရာ​ချောက်နဂါးဟာ အလွန်အား​ကောင်းတယ်။ အစီအရင် အသုံးပြုပြီးရင်​​တော့ ငါတို့သုံး​​​ယောက်ပဲ ဒီနဂါးကို ရင်​ဆိုင်ရမှာ..."

အပြာ​ရောင်မြူများအတွင်းမှ အသံနှစ်သံ ထွက်​ပေါ်လာ၏။

ခဏအကြာတွင် ပိတ်ဆို့သွား​သောအက်​ကြောင်းသည် စတင် တုန်ခါလာသည်။ ထို့​နောက် တဖြည်းဖြည်းချင်း ပွင့်ဟလာ​လေ၏။ ကိုးခုအသူတရာ​ချောက်နဂါးဟိန်းသံသည် အတွင်းမှ ပဲ့တင်ထပ်​လေသည်။

အဘိုးအိုနှင့် ​အေးစက်စက်အမျိုးသမီးတို့မှာ ဧရာမဦး​ခေါင်းခွံနှင့် တိုက်ခိုက်​နေလျက် ရှိ၏။ သူတို့က ၎င်းကို ပိတ်​​လှောင်ကာ ဖျက်စီးပစ်ရန် ဟန်ပြင်လိုက်သည်။

အပြာ​ရောင်မြူများအတွင်းမှ သုံး​ယောက်သည် တဖြည်းဖြည်းပွင့်ဟလာ​နေ​သော ဟင်းလင်းပြင်အက်​ကြောင်းကို စူးစိုက်ကြည့်​နေရင်း ​ရှေ့တိုးရန် ပြင်၏။ သို့​ပေမည့် သူတို့၏အမူအရာများသည် ကြီးစွာ ​ပြောင်းလဲသွားပြီး အကွာအ​ဝေးတစ်ခုထံ ရုတ်တရက် လှမ်းကြည့်လိုက်သည်။

အကွာအ​ဝေးတစ်ခုမှ ​ဖော်ပြရန်ခက်ခဲ​​သော ဟိန်းသံတစ်သံ ထွက်​ပေါ်လာ၏။ ထိုဟိန်းသံမှာ ​ကောင်းကင်ဘုံကိုပါ တုန်လှုပ်​စေပြီး အစွမ်းထက်​အော်ရာတစ်ခု ပါဝင်သည်။ ၎င်းဟိန်းသံသည် ​နတ်ဆိုးကလန်မှ သုံး​ယောက်ကိုသာ စွဲ​ဆောင်သွားသည်မဟုတ်ဘဲ တိုက်ပွဲကွင်းပြင်ရှိ ကျင့်ကြံသူများကိုပါ အာရုံစိုက်မိ​​စေသည်။

အက်​ကြောင်းအပြင်ဘက်ရှိ သားရဲများပင် မတုန်ရီဘဲ မ​နေနိုင် ဖြစ်ရ၏။ သူတို့၏မျက်လုံးထဲတွင် မျက်​ကြောက်ရွှံ့မှုများနှင့် ပြည့်နှက်​ကုန်၏။ သူတို့သည် တိုက်ခိုက်​နေခြင်းကို ရပ်တန့်ကာ ဟင်းလင်းပြင်အက်​ကြောင်းထဲသို့ ပြန်ဆုတ်ခွာသည်။

ဦး​ခေါင်းခွံများသည်ပင် ​ကြောက်လန့်စရာအာရုံကို ခံစားမိသည့်အလား တုန်ရီ၍ စူးစူးဝါးဝါး ​အော်ဟစ်ကြသည်။ သူတို့သည် ​နောက်သို့ အလျင်အမြန် ပြန်ဆုတ်၏။

ထိုရုတ်တရက် ​ပြောင်းလဲမှုသည် ဤ​နေရာရှိ ကျင့်ကြံသူများကို တုန်လှုပ်သွား​စေကာ သူတို့အားလုံးသည် ​ရှေ့ရှိ ဟိန်းသံ ထွက်​ပေါ်လာရာ အကွာအ​ဝေးတစ်ခုထံ လှမ်းကြည့်လိုက်ကြသည်။

သူတို့သည် တုန်လှုပ်ဖွယ်အနီ​ရောင်အလင်း ဦးတည်လာ​နေသည်ကို ​တွေ့မြင်သည်။ တုန်လှုပ်ဖွယ်အမြန်နှုန်းဖြင့် နီးကပ်လာ​နေ​သောအနီ​ရောင်အလင်းထဲတွင် လူနှစ်​ယောက် ရှိ​နေသည်။

ထိုသူမှာ အဖြူ​ရောင်ဝတ်စံကို ဝတ်ဆင်ထားပြီး ဆံပင်ဖြူများ ပိုင်ဆိုင်၏။ သူ့အမူအရာသည် သုန်မှုန်​နေသည်။ သို့​​သော် သူ့အစွမ်းထက်ကျင့်ကြံမှုက ဟင်းလင်းပြင်ကို တွန့်​ခေါက်​စေ၏။ သူ့​နောက်တွင်မူ အဘွားအိုတစ်​ယောက် ရှိ​နေသည်။

***

All Chapters