← Chapters

အခန်း ၁၁၄၂

Vol. 77 Ch. 1142

အခန်း ၁၁၄၂

Vol. 77 Ch. 1142

အခန်း ၁၁၄၂ - ကောင်းကင်မြေခွေး စောင်းတေးသွား

လူအုပ်ကြီးထဲတွင် လင်ရှင်းထုံ ၏သတင်းကို ရုတ်တရက် ရရှိလိုက်သော်လည်း သူမကို မည်သည့်နေရာမှ စတင်ရှာဖွေရမည်ကို ယီယွင်လုံးဝမသိပေ။ သို့သော် အနည်းဆုံးတော့ လင်ရှင်းထုံ ဘေးကင်းကြောင်း သူသိလိုက်ရပြီ။

“မင်းသမီး၊ ဒီသတင်းကို ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်။ သူမ အသက်ရှင်နေတယ်ဆိုတာ သိရတာနဲ့တင် ကျွန်တော် အလွန်ပျော်ရွှင်ရပါပြီ။”

“အကူအညီသိပ်မပေးနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်” ဟု မြေခွေးဖြူမင်းသမီးက အားနာစွာ ပြောသည်။

“မင်းသမီး၊ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ နောက်ပြီး… လော့ဟော်အာ နဲ့ ပတ်သက်ပြီးတော့ကော သူမ ဘယ်ရောက်သွားလဲဆိုတာ မင်းသမီး သိပါသလား။” ယီယွင်မှာ လော့ဟော်အာအတွက်လည်း စိုးရိမ်နေသည်။ ထိုသွက်လက်သော မိန်းကလေးမှာ သူ့နှလုံးသားတွင် အရေးပါသောနေရာတစ်ခုကို ရယူထားသူဖြစ်သည်။

ရွှယ်ဝူရှာက ခေါင်းခါလိုက်သည်။

“အဲဒီကမ္ဘာငယ်လေးကနေ လွတ်မြောက်ဖို့ဆိုတာ ကျွန်မတို့အတွက် မလွယ်ကူခဲ့ဘူး။ လွတ်လာတဲ့အချိန်မှာပဲ ကျွန်မတို့ သုံးယောက် ကွဲသွားခဲ့ကြတာဆိုတော့ ဟော်အာ ဘယ်ရောက်သွားလဲဆိုတာ ကျွန်မလည်း မသိပါဘူး။”

“နားလည်ပါပြီ…”

ယီယွင် နောက်ထပ်ဘာမှ မပြောတော့ပေ။ သူသည် ထိုကဲ့သို့သောအဖြေမျိုးကို မျှော်လင့်ထားခဲ့ပြီးဖြစ်၍ စိတ်ပျက်စရာမရှိပေ။ တကယ်တမ်းဆိုလျှင် သူသည် မြေခွေးဖြူမင်းသမီးကို မေးစရာ မေးခွန်းပေါင်းများစွာ ရှိနေသေးသည်။ အထူးသဖြင့် ထိုကမ္ဘာငယ်လေးအကြောင်းနှင့် လင်ရှင်းထုံ၏ လွန်ခဲ့သော ဆယ်စုနှစ်များစွာက အတွေ့အကြုံများအကြောင်း ဖြစ်သည်။

ကံမကောင်းစွာဖြင့် ယီယွင်၏ စိတ်ထဲတွင် ရှုပ်ထွေးနေသဖြင့် မည်ကဲ့သို့ စတင်မေးမြန်းရမည်ကို မသိတော့ပေ။ သူသည် မြေခွေးဖြူမင်းသမီးကို နှုတ်ဆက်ပြီး နောက်တစ်ချိန်တွင်မှ ထိုအကြောင်းအရာကို အသေးစိတ် ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ယီယွင် စကားပြောရန် ပြင်ဆင်နေစဉ်မှာပင် ပုံရိပ်တစ်ခု သူ၏ရှေ့တွင် ပေါ်လာသည်။ ဇူအိုချူး ဟောက်ယုသည် ဒုတိယထပ်ရှိ ဇိမ်ခံအခန်းမှ ပျံသန်းဆင်းသက်လာခြင်းဖြစ်သည်။

ဇူအိုချူး ဟောက်ယုသည် လေထဲတွင် ဝဲပျံလျက် ယီယွင်၏ အထက်တည့်တည့်၌ ရပ်နေသည်။ သူက ယီယွင်ကို “ဒီညီလေးက နတ်သမီးဝူရှာရဲ့ သူငယ်ချင်းဆိုတော့ ကျွန်တော့်ရဲ့ ရတနာနတ်မြို့တော်ရဲ့ ဂုဏ်သရေရှိဧည့်သည်တော် တစ်ယောက်ပဲပေါ့။

ညီလေးကလည်း ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပုံရတော့ ကျွန်တော်တို့ ခင်မင်သင့်ပါတယ်။ ညီလေးတို့နှစ်ယောက်လုံးကို ကျွန်တော့်ရဲ့ ဇိမ်ခံအခန်းမှာ ထိုင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေးမလားခင်ဗျာ” ဟု ပြောသည်။

ဇူအိုချူး ဟောက်ယုမှာ အလွန်ယဉ်ကျေးသော လေသံဖြင့် ပြောသော်လည်း ယီယွင်မှာ မည်သူနှင့်မျှ စကားပြောလိုစိတ် မရှိပေ။ သူသည် ဇူအိုချူး ဟောက်ယုကို မော့ကြည့်လိုက်သည်။

သူသည် လွန်ခဲ့သော မိနစ်ပိုင်းအနည်းငယ်ကပင် မိမိကို မောင်းထုတ်ရန် ကြိုးစားခဲ့သူဖြစ်ကြောင်း ယီယွင် ကောင်းကောင်းမှတ်မိနေသည်။

ယီယွင်သည် များသောအားဖြင့် ထိုကဲ့သို့သော အသေးအဖွဲအပြစ်များကို ဂရုမစိုက်တတ်သော်လည်း ဇူအိုချူး ဟောက်ယု၏ နှိမ့်ချပြီး ရိုးသားဟန်ဆောင်ထားသော မျက်လုံးများနောက်ကွယ်တွင် အထင်သေးမှုနှင့် အလွန်အမင်း အထင်အမြင်သေးမှုကို သူ ခံစားမိသည်။

ထင်ရှားသည်မှာ ဇူအိုချူး ဟောက်ယုသည် မြေခွေးဖြူမင်းသမီးနှင့် နီးစပ်အောင် ကြိုးစားနေခြင်းဖြစ်သည်။

မြေခွေးဖြူမင်းသမီးတွင် ကြောက်မက်ဖွယ်ကောင်းသော ဆရာတစ်ယောက်ရှိပြီး မြို့စားကြီးချင် ကိုလည်း သိကျွမ်းကာ ကောင်းကင်ဘုံက ကောင်းချီးပေးထားသော သမီးပျိုတစ်ယောက်ဖြစ်သည်။

ဇူအိုချူး ဟောက်ယုအနေဖြင့် သူမကို ရိုးရိုးရှင်းရှင်း ဖိတ်ခေါ်၍မရပေ။ ထို့ကြောင့် မရိုမသေမဖြစ်စေရန် မိမိ၏ ဂုဏ်သိက္ခာကို လျှော့ချကာ ယီယွင်ကိုပါ ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

သူသည် ယီယွင်ကို အဖော်အဖြစ် အသုံးချချင်သော်လည်း တစ်ဖက်တွင်မူ ယီယွင်ကို အထင်သေးနေသည်။ ဤအခြေအနေများကို ကြည့်လျှင် ယီယွင်သည် ဇူအိုချူး ဟောက်ယုအပေါ် အမြင်ကောင်းရှိနိုင်မည်မဟုတ်ပေ။

သူ၏စိတ်ထဲတွင် စိတ်အနှောင့်အယှက်ဖြစ်ဖွယ်အတွေးများ ပြည့်နှက်နေသဖြင့် ဇူအိုချူး ဟောက်ယု၏ ဟန်ဆောင်ယဉ်ကျေးမှုကို တုံ့ပြန်ရန် စိတ်ကူးမရှိပေ။ သူသည် မြေခွေးဖြူမင်းသမီးကို တိုက်ရိုက်ပြောလိုက်သည်။

“မင်းသမီး၊ ဒီနေ့တော့ ကျွန်တော်တို့ စကားအရှည်ကြီး ပြောဖို့ အဆင်မပြေဘူး။ ကျွန်တော် အရင်သွားနှင့်ပါ့မယ်။ နောက်တစ်ရက်ကျမှ မင်းသမီးနဲ့ အသေးစိတ် စကားပြောကြတာပေါ့။ ကျွန်တော်က ရတနာနတ်မြို့တော်မှာ ခဏလောက် ဆက်နေဦးမှာပါ။”

ထိုသို့ပြောပြီးနောက် ယီယွင်သည် လှည့်ထွက်သွားခဲ့သည်။ သူသည် ဇူအိုချူး ဟောက်ယုကို စကားပင် မပြောခဲ့ပေ။

ဇူအိုချူး ဟောက်ယုသည် ယီယွင်၏ အထက်တွင် လေထဲ၌ ဆက်လက် ဝဲပျံနေဆဲဖြစ်ပြီး အောက်သို့ ငုံ့ကြည့်နေသည်။ ယီယွင် လှည့်ထွက်သွားသောအခါ သူ၏မျက်နှာပေါ်ရှိ အပြုံးမှာ တောင့်တင်းသွားသည်။ ဒီကောင်က ဒီအတိုင်းပဲ ထွက်သွားတာလား။

ဇူအိုချူး ဟောက်ယုသည် လေထဲတွင် ခပ်လွင့်လွင့်ကျန်ရစ်ခဲ့ပြီး သူ၏မျက်လုံးများတွင် ဒေါသတရားများ အရောင်လက်သွားသည်။

ရွှယ်ဝူရှာက သူ့အပေါ် အေးစက်နေခြင်းကို သူ ခွင့်လွှတ်ပေးနိုင်သည်။ သူမမှာ ကောင်းကင်ဘုံက ကောင်းချီးပေးထားသောသူဖြစ်ရာ အထက်စီးဆန်သော ဟန်ပန်ရှိခြင်းမှာ ပုံမှန်သာဖြစ်သည်။

သို့သော် ဒီကောင်က ဘယ်သူမို့လို့လဲ။ ဇူအိုချူး ဟောက်ယုက သူသည် အဆင့်အတန်းမြင့်မားသူဟု ထင်မှတ်ထားသည်။ သူသည် ဂုဏ်ပြုသောအားဖြင့် အောက်သို့ဆင်းလာပြီး ထိုလူငယ်လေးနှင့် အထူးတလည် စကားပြောပေးခဲ့ခြင်းဖြစ်သည်။

ယီယွင်ဘေးရှိ တိုက်ခိုက်ရေးသမား နှစ်ယောက်မှာလည်း အံ့အားသင့်သွားကြသည်။ နတ်သမီးဝူရှာသည် ယီယွင်နှင့် ထိုမျှလောက် နက်ရှိုင်းသော ဆက်ဆံရေးရှိလိမ့်မည်ဟု သူတို့ လုံးဝမထင်ထားခဲ့ပေ။

ထို့အပြင် ယီယွင်သည် ဇူအိုချူး ဟောက်ယုကို လူအများရှေ့တွင် လျစ်လျူရှုလိုက်သည်။ သူသည် အနည်းဆုံး ငြင်းပယ်စကားပင် မပြောဘဲ လုံးဝဥဿုံ ဂရုမစိုက်ဘဲ ထားခဲ့ခြင်းဖြစ်သည်။

ဇူအိုချူး ဟောက်ယုမှာ ရတနာနတ်စံအိမ် ၏ မျိုးဆက်သစ်များထဲတွင် အဆင့်အတန်းမြင့်မားသော လူငယ်သခင်များထဲမှ တစ်ဦးဖြစ်သည်။ ယီယွင်သည် သူ့ကို စော်ကားခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို စဉ်းစားမိပါရဲ့လား။

ပတ်ဝန်းကျင်ရှိ လူတို့၏ အံ့အားသင့်နေသော တုံ့ပြန်မှုများကို မြင်လိုက်ရသောအခါ ဇူအိုချူး ဟောက်ယု၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသည်။ သူသည် နောက်ထပ် စကားတစ်ခွန်းမျှ မပြောတော့ဘဲ သူ၏ ဇိမ်ခံအခန်းသို့ တိတ်ဆိတ်စွာ ပြန်သွားခဲ့သည်။

သူသည် ယီယွင်၏ ကျောပြင်ကို စူးစိုက်ကြည့်နေပြီး သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အငြိုးအတေးများ အရောင်လက်လာသည်။

“ဒီလူကို ငါ့အတွက် စုံစမ်းပေးစမ်း”

“ရူအာ ။”

ယီယွင်က ရူအာကို ခေါ်လိုက်သည်။

“ဟုတ်… ဟုတ်ကဲ့” ရူအာမှာ ကြောင်ငေးနေရာမှ ချက်ချင်း သတိဝင်လာသည်။

သူမသည် အလျင်အမြန် ထရပ်လိုက်ပြီး ရွှယ်ဝူရှာကို နောက်ဆုံးတစ်ချက် ငေးကြည့်ကာ ယီယွင်နောက်သို့ ပြေးလိုက်သွားခဲ့သည်။

ရူအာက မိမိကိုယ်ကို တွေးမိသည်။

“ခုနက နတ်သမီးက တကယ်ကို လှတာပဲ။ သူက အဲဒီနတ်သမီးနဲ့ ဘယ်လိုပတ်သက်နေတာပါလိမ့်…”

ရွှယ်ဝူရှာသည် ယီယွင် ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ထို့နောက် သူမ၏ ပုံရိပ်သည် ကြည်လင်သော မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားပြီး ဒုတိယထပ်ရှိ ကောင်းကင်အဆင့်အခန်း၏ ရှေ့သို့ ပြန်လည်ရောက်ရှိသွားသည်။

သူမသည် နတ်သမီးယိုချင်း နှင့် မြို့စားကြီးချင်တို့ကို ကြည့်ပြီး အနည်းငယ် ဦးညွှတ်လိုက်သည်။

“သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ပြန်ဆုံနေလို့ပါ။ ရိုင်းစိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်။”

“ရပါတယ်။”

နတ်သမီးယိုချင်းက စူးစမ်းလိုစိတ်များ အရောင်လက်လျက် နူးညံ့စွာ ပြောသည်။

မြို့စားကြီးကမူ ရယ်မောလိုက်သည်။ “ဒီနေရာမှာ မင်းရဲ့ သူငယ်ချင်းတစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့က မင်းနဲ့ နတ်သမီးယိုချင်းတို့ အပြန်အလှန် လေ့လာဖို့အတွက်ပဲ။ နောင်တစ်ချိန်မှာ အခွင့်အရေးရှိရင် မင်းရဲ့ အဲဒီသူငယ်ချင်းနဲ့ ငါ့ကို မိတ်ဆက်ပေးပါဦး။”

“ဟုတ်ကဲ့၊ ဦးချင်။”

မြေခွေးဖြူမင်းသမီးသည် နတ်သမီးယိုချင်းကို ကြည့်လိုက်သည်။ သူမသည် လက်ထဲရှိ စောင်းကို လွှတ်ချလိုက်ပြီး လေထဲတွင် ဝဲပျံနေစေသည်။ သူမ၏ နူးညံ့ပြီး ပြစ်မျိုးမှဲ့မထင်သော လက်ချောင်းများမှာ စောင်းကြိုးများကို အသာအယာ ထိတွေ့လိုက်သည်။

“ကျွန်မကို လမ်းညွှန်ပေးပါဦး။”

ကျွီ.......

လေတိုက်သံ၊ မုန်တိုင်းနှင့်အတူ ကျလာသော မိုးရေစက်သံများ၊ ကောင်းကင်ကို ထိုးဖောက်တက်သွားသော ဖီးနစ်ငှက်၏ အော်သံကဲ့သို့ မြေခွေးဖြူမင်းသမီး၏ စောင်းတီးလုံးမှာ ထွက်ပေါ်လာသည်။ ကောင်းကင်ရတနာဂိတ် တွင် တိတ်တဆိတ် စကားပြောနေကြသူများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။

သူတို့၏ နားထဲတွင် မြေခွေးဖြူမင်းသမီး၏ စောင်းတီးသံများသာ ကျန်ရစ်သည်။ သူတို့ မြင်နေရသည်မှာ မြေခွေးဖြူမင်းသမီး၏ လျင်မြန်လှပသော လက်ချောင်းများသာ ဖြစ်သည်။

စောင်းကြိုးများမှ ထွက်ပေါ်လာသော အသံသင်္ကေတများမှာ မြေခွေးဖြူမင်းသမီး၏ ပတ်လည်တွင် ကခုန်နေသော ကြယ်ရောင်များကဲ့သို့ ပဲ့တင်ထပ်နေသည်။

ထိုအချိန်တွင် မြေခွေးဖြူမင်းသမီး၏ နောက်ကွယ်တွင် အပြာရောင်မျက်လုံးတစ်ခု ရုတ်တရက် ပေါ်လာသည်။

ထိုမျက်လုံးသည် အလင်းရောင်ရှိသမျှကို ဝါးမြိုလိုက်သကဲ့သို့ ဖြစ်သည်။ ၎င်းသည် မြေခွေးဖြူမင်းသမီး၏ ပုံရိပ်ကို ဖုံးလွှမ်းသွားသည်အထိ ဆက်တိုက် ကြီးထွားလာသည်။ ထိုအချိန်၌ သူမသည် ကျယ်ပြောလှသော ကောင်းကင်ယံတွင် စောင်းတီးလုံးကို တီးခတ်နေသော နတ်သမီးတစ်ပါးနှင့် တူနေသည်။

ကောင်းကင်မြေခွေးမျက်လုံး ...........

လွန်ခဲ့သောနှစ်များစွာက မြေခွေးဖြူမင်းသမီးသည် ကမ္ဘာဦးဟင်းလင်းပြင်နယ်မြေ တွင် ယီယွင်နှင့် ယှဉ်ပြိုင်ခဲ့စဉ်က ကောင်းကင်မြေခွေးမျက်လုံးကို ခေါ်ထုတ်ခဲ့ဖူးသည်။ သို့သော် ထိုစဉ်က ကောင်းကင်မြေခွေးမျက်လုံးမှာ အစပျိုးအဆင့်သာ ရှိသေးသည်။ ယခုနှင့်ယှဉ်လျှင် အလျဉ်းမျှ မမီပေ။

All Chapters