← Chapters

ငါ့စီးတော်ယာဉ် ဖြစ်လာရင် မင်းအသက်ကို ချမ်းသာပေးမယ်…

Vol. 98 Ch. 1345

ငါ့စီးတော်ယာဉ် ဖြစ်လာရင် မင်းအသက်ကို ချမ်းသာပေးမယ်…

Vol. 98 Ch. 1345

နတ်ဆိုးကလန်သည် ကျင့်ကြံခြင်းဂြိုဟ်​ခြောက်လုံး ပိုင်ဆိုင်ထားသည်။ ထိုဂြိုဟ်များမှာ ရိုးရှင်းစွာစက်ဝန်းတစ်ခုကဲ့သို့ ဝန်းပတ်လျက် တည်ရှိ​နေသည်။ ထိုဂြိုဟ်စက်ဝန်းသည် ရိုးရှင်း​သော်လည်း တုန်လှုပ်ဖွယ်​အော်ရာကို ​ပေးစွမ်းသည်။

ဤက အစီအရင်တစ်ခုပင်။

ကြီးမား​သောအစီအရင်သည် ဂြိုဟ်​ခြောက်လုံးဖြင့် ဖွဲ့တည်ထားခြင်းသာ။ ထိုအစီအရင်သည် ​လောကကို ဖျက်စီးပစ်ဖို့ လုံ​လောက်​အောင် အစွမ်းထက်သည်။ ၎င်းအစီအရင်ကို နတ်ဆိုးကလန်​​ခေါင်း​ဆောင်က ချခင်းထားတာ ဖြစ်ပြီး ကြမ်းပြုတ်​သောသားရဲများကို ခုခံဖို့ ​နောက်ဆုံးခံတပ်မျဥ်းလည်း ဖြစ်သည်။

နတ်ဆိုးကလန်တွင် မတူညီ​သောနယ်​မြေ​ခြောက်ခု ပိုင်းခြားထားသည်။ တစ်ခုစီသည် မတူညီ​သောဂြိုဟ်တစ်ခုစီ​ပေါ်တွင် တည်ရှိ၏။ နယ်​မြေတစ်ခုစီကို စီမံ​သောအကြီးအကဲများလည်း ရှိကြပြီး သူတို့သည် တစ်​ယောက်နှင့်တစ်​​ယောက် ပတ်သတ်ခဲကာ မကြာဆိုသလို တစ်ဦးတစ်​ယောက်တည်း လုပ်​​ဆောင်​​လေ့ ရှိသည်။

ထိုဖြစ်စဥ်ကို ပထမ​ဆုံးနတ်ဆိုးကလန်​ခေါင်း​ဆောင်က ချမှတ်ခဲ့ပြီး အခုချိန်ထိ ထိုပုံစံအတိုင်း ဆက်ရှိ​နေသည်။

ကျင့်ကြံခြင်းဂြိုဟ်​ခြောက်ခု​ပေါ်တွင် ပုံစံတူရုပ်တု တစ်ခုစီလည်း ရှိ​လေ၏။ ယင်းရုပ်တုမှာ သတ်လတ်ပိုင်းလူ ဖြစ်ကာ သူ့​ခြေ​​ထောက်​အောက်တွင် တိမ်စိုင်ထုတစ်ခု ရှိ​နေပြီး သူ့ဝတ်ရုံသည် လွင့်လို့​နေသည်။ ​​မြေကမ္ဘာကို ကြည့်ရှု​နေဟန်ရ​သော ​ကောင်းကင်ယံမှ မျက်လုံးကိုးစုံလည်း ရှိ​နေပြန်သည်။

ထိုသက်လတ်ပိုင်းလူသည် ​ကောင်းကင်ထက်သို့ ကြည့်​နေပြီး သူ့အကြည့်မှာ မျက်လုံးကိုးစုံထံ ​ရောက်​နေဟန် ​ပေါ်၏။

ထိုသက်လတ်ပိုင်းလူ၏ ​နောက်တွင် မိုးထိမြင့်မား​သောသစ်ပင်တစ်ပင် ရှိကာ ​ကောင်းကင်ယံထိ ထွင်း​ဖောက်​လို့ ​နေသည်။

နတ်ဆိုးကလန်ရှိ လူတိုင်းသည် ထိုသက်လတ်ပိုင်းလူမှာ နတ်ဆိုးကလန်၏ ပထမဆုံးနှင့်​နောက်ဆုံးကလန်​ခေါင်း​ဆောင်မှန်း သိရှိထားကြသည်။ ထိုဧရာမသစ်ပင်ကြီးက​တော့ နတ်ဆိုးကလန်​ခေါင်း​ဆောင်၏ အသက်ရတနာပင်။

​​ပြောကြသည်မှာ နတ်ဆိုးကလန်​ခေါင်း​ဆောင်သည် အလွန်အား​ကောင်းကာ ​ကောင်းကင်ဘုံကိုပါ တုန်လှုပ်​စေနိုင်သည် ဟူ၏။ ​ပြောကြည်သည်မှာ ဟင်းလင်းပြင်အက်​​ကြောင်းသည် အရင်တုန်းက ပိုမိုကျယ်​ပြောပြီး ဘုရင်သားရဲ၊အင်ပါယာသားရဲနှင့် လူသားအသွင်​ပြောင်းနိုင်​သော ဒဏ္ဍာရီလာသားရဲများပါ မကြာဆိုသလို ထွက်​ပေါ်လာ​​လေ့ရှိသည်ဟု ဆိုသည်။ သို့ရာတွင် ၎င်းသားရဲများကို နတ်ဆိုးကလန်​ခေါင်း​ဆောင်က ဖျက်စီးပစ်ခဲ့ပြီး ဟင်းလင်းပြင်အက်​ကြောင်းသည်ပင် ချိတ်ပိတ်ခံရလုနီးနီး ဖြစ်ခဲ့ရသည်။

သို့​ပင်​သော်လည်း သူ ၎င်းအက်​ကြောင်းကို ချိပ်ပိတ်ခဲ့စဥ်တွင် မ​တော်တဆတစ်ခု ဖြစ်ပွားခဲဲ့သည်။ ကြည့်ရသည်မှာ ဟင်းလင်းပြင်အက်​ကြောင်းအတွင်းမှ တစ်စုံတစ်​ယောက်သည် နတ်ဆိုးကလန်​ခေါင်း​ဆောင် ၎င်းကို လုံးဝချိပ်ပိတ်ပစ်ခြင်းက​နေ အံ့မခန်းမန္တာန်တစ်ခု သုံးကာ ဟန့်တားခဲ့ပုံပင်။

သို့ရာတွင် မည်သို့ပင်ဖြစ်​စေ ချိပ်ပိတ်မှုသည် အခရာကျခဲ့သည်သာ။ ဟင်းလင်းပြင်အက်​ကြောင်းသည် အ​တော်​လေး ကြုံ့သွားခဲ့သလို ၎င်းချိပ်ပိတ်မှု​ကြောင့်လည်း အစွမ်းထက်သားရဲ အ​မြောက်အများ မထွက်လာနိုင်ကြ​တော့​ချေ။

နတ်ဆိုးကလန်၏ သာမန်တပည့်များကမူ ​ကောင်းကင်ထက်ရှိ မျက်လုံးကိုးစုအ​ကြောင်း ​သေချာ မသိကြ​​ပေ။ ကလန်၏အကြီးအကဲများကသာ ထိုမျက်လုံးကိုးစုံသည် ​ရှေး​ဟောင်း​ကောင်းကင်ဘုံနယ်​မြေကို ကိုယ်စားပြုမှန်း သိရှိထားသည်။

ပထမဆုံးမျိုးဆက် ကလန်​ခေါင်း​ဆောင်၏ အမိန့်​ကြောင့် နတ်ဆိုးကလန်သည် နတ်ဘုရားကလန်က​နေ ကွဲထွက်ကာ ဤ​နေရာတွင် ရှိ​နေရခြင်း ဟူ​သော ​ကောလဟာလများ အကြီးအကဲများကြားတွင် ရှိ​ပေ၏။ သူသည် နတ်ဘုရားကလန်၏ အုပ်စုတစ်စုကို မျိုးဆက်နှင့်ချီ၍ ဤ​နေရာတွင် ​နေထိုင်ပြီး ဟင်းလင်းပြင်အက်​ကြောင်းထဲမှ သားရဲတစ်​ကောင်ပင် အသက်ရှင်လျက် ထွက်လာခွင့်မရှိ​အောင် ​စောင့်ကြပ်ရမည်ဟု အမိန့်​ပေးထားခဲ့သည်။

​ပြောကြသည်မှာ နတ်ဘုရားကလန်​ခေါင်း​​ဆောင်သည် နတ်ဆိုးကလန်​ခေါင်း​​ဆောင်နှင့် တစ်​ယောက်တည်း ဟူ၏။ သူသည် ​ရှေး​ဟောင်း​ကောင်းကင်ဘုံနယ်​မြေမှ လာခဲ့သူဟုလည်း ​ပြောကြသည်။ သူ ​ပျောက်ကွယ်သွားသည်မှာ အချိန်ကြာမြင့်လွန်း​နေပြီ ဖြစ်၍ ​သေလား၊ရှင်လားပင် မသိရ​တော့​ချေ။ ခုလက်ရှိတွင် နတ်ဘုရားကလန်ကို သူ့ကိုယ်စား သူ့​ကျေးကျွန်များထဲမှ တစ်​​ယောက်က ထိန်းချုပ်ထား​ပေသည်။

ထို့အတွက်​ကြောင့်လည်း နတ်ဆိုးကလန်မှာ နတ်ဘုရားကလန်၏အမိန့်များကို နာခံခြင်း မရှိတော့ဘဲ

နတ်ဘုရားကလန်နှင့် ရင်ဆိုင်ရန်နည်းလမ်းများ ရှိလာခဲ့​လေ၏။

တကယ်​တော့ ဤအရာများသည် ​ကောလဟာလများသာ။ သမိုင်းအစစ်အမှန်က​တော့ အချိန်နှင့်အတူ ကွယ်​ပျောက်သွားခဲ့ပြီး ဖြစ်သည်။ လက်ချိုး​ရေတွက်လို့ရသည့် အလွန်နည်းပါး​သော လူအချို့ကသာ အမှန်တရားကို သိနိုင်​တော့သည်။

ခုချိန်တွင်မူ ဟင်းလင်းပြင်အက်​ကြောင်း အပြင်ဘက်တွင် ​ကြောက်မက်ဖွယ်အနီ​​ရောင်အလင်း ​တောက်ပလာ၏။ လုံးဝမရပ်တန့်ဘဲ တရကြမ်းနှင်လာသည့်​နောက် ​ဝမ်လင်းနှင့် အဘွားအိုတို့သည် ဤ​နေရာသို့ ​နောက်ဆုံးတွင် ​ရောက်လာခဲ့ကြ​ပေပြီ။

လမ်းတစ်​လျှောက်တွင် ဝမ်လင်းသည် အင်မတိအင်မတန် မြန်​သောနှုန်းဖြင့် အဆင့်နှစ်​ဒေသက​နေ သည်အထိ ရက်အနည်းငယ်အတွင်း အ​ရောက်လာခဲ့ခြင်းပင်။

"ဆံဖြူအမျိုးသမီးအိုပဲ .."

"လီမူဝမ်အတွက် တစ်ခုခု လုပ်​ပေးဖို့ နတ်ဆိုးကလန်ရဲ့ အမိန့်အရ လွန်ခဲ့တဲ့လဝက်​လောက်က သူမ ထွက်သွားခဲ့တာ​လေ။ သူမ​ရှေ့က ပုဂ္ဂိုလ်က ဘယ်သူများလဲ..."

"ငါ သူ့ကျင့်ကြံမှုအဆင့်ကို ဖြတ်မမြင်နိုင်ဘူး။ ဒါ​ပေမဲ့ သူ့​ရှေ့မှာဆို ငါ တုန်ရီသလို ခံစား​နေရတယ်။ သူဟာ အ​​တော့်ကို အစွမ်းထက်တာပဲ။ သူက ဘယ်ကလန်က အကြီးအကဲများလည်း မသိဘူး။ ဒါ​ပေမဲ့ ဘာ​ကြောင့် သူ ဒီ​နေရာမှာ ​ရောက်​နေရတာလဲ..."

"ဒီလူက အ​တော်​လေး အစွမ်းထက်ပြီး ထူးဆန်းလှတယ်။ ကြမ်းကြုတ်တဲ့သားရဲ​တွေ​တောင် အလန့်တကြား ​နောက်ဆုတ်သွားကြတယ်။ ဒီလူ့ကို အာရုံခံမိတဲ့အခါ အနက်​ရောင်ဦး​ခေါင်းခွံ​တွေ​တောင် ​ကြောက်​ကြောက်လန့်လန့် ဖြစ်ကုန်တယ်..."

ပါရမီရှင်​ခြောက်​ယောက်ထဲမှ အဘိုးအိုသည် ဝမ်လင်းကို ကြည့်၍ တုန်လှုပ်မိ​နေသည်။

"လီချန်​မေက ဒီလူ့​ကြောင့် အပြစ်​ပေးခံရပြီး ဟင်းလင်းပြင်အက်​ကြောင်း အတွင်းနက်ပိုင်းထဲ ပို့လွှတ်တာ ခံခဲ့ရတာများ ဖြစ်နိုင်မလား..."

​အေးတိ​အေးစက်အမျိုးသမီးကလည်း ဝမ်လင်းကို ကြည့်၏။ သူမစိတ်မှာ တုန်လှုပ်မိရ​ပေသည်။

အပြာ​ရောင်မြူများ ဝန်းရံထား​သော သုံး​ယောက်သည်လည်း ဝမ်လင်းကို စူးစိုက်ကြည့်လာကြသည်။ အပြာ​ရောင်မြူများ​အောက်ရှိ ကွယ်ဝှက်​နေ​သော သူတို့၏အမူအရာများပင် ​ပြောင်းလဲသွားသည်။ သူတို့ထဲမှ တစ်​ယောက်က ​​ပြောလာ၏။ "ဆံဖြူအဘွားအို...သူက ဘယ်သူလဲ..."

ဆံဖြူအဘွားအိုက ​ပြောရန် ပြင်လိုက်စဥ် ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပွင့်ဟ​နေ​သော ဟင်းလင်းပြင်အက်​ကြောင်းထံ ဦးတည်ဝင်လာ၏။ သူ အနီး​ရောက်လာသည်နှင့် ဦး​ခေါင်းခွံများနှင့် ကြမ်းကြုတ်​သောသားရဲများသည် ​ကြောက်လန့်တကြား​အော်ဟစ်ကာ ဟင်းလင်းပြင်အက်​ကြောင်းအတွင်း ပြန်ဆုတ်ခွာရန် ကြိုးစားကြသည်။

"ဆူလိုက်တာ..." ဝမ်လင်းသည် ချက်ခြင်းလိုလို မြနွဆန်စွာ အနား​ရောက်လာ၏။ သူက သူ့လက်ကို ​ဝေ့ယမ်းကာ မုန်တိုင်းတစ်ခု ရိုက်ခတ်သွား​စေလိုက်သည်။ ထိုမုန်တိုင်းအတွင်း၌ မိုးကြိုးပါဝင်သည်။ မုန်တိုင်း တိုက်ခတ်သွားသည်နှင့် သားရဲများသည် ပျက်စီး ​သေဆုံးရ​လေ၏။

ဝမ်လင်းသည် ခုချိန်တွင် လီမူဝမ်ကိုသာ စိတ်ပူ​နေ၏။ ထို့အပြင် သည်သားရဲများ၏​အော်သံက သူ့ကို စိတ်အ​နှောက်အယှက် ဖြစ်​စေသည်။

သူ့လက်ကို ​ဝေ့ယမ်းလိုက်သည်နှင့် အက်​ကြောင်းအပြင်ရှိ သားရဲများမှာ အ​သွေးအသားပုံအဖြစ်သို့ ​ပြောင်းသွားရ​လေသည်။ ဟင်းလင်းပြင်အက်​ကြောင်းအတွင်းမှ ကိုးခုအသူတရာ​ချောက်နဂါးပင် ဟိန်းသံများ မထုတ်​​​ဖော်ဘဲ မ​နေနိုင် ဖြစ်ရသည်။

အနက်​ရောင်မြူများမှ ဖြစ်​ပေါ်ခဲ့​သော ဦး​ခေါင်းခွံများမှာလည်း တုန်ရီကာ ဝမ်လင်းကို အလွန်အမင်း​ကြောက်လန့်စွာ ကြည့်​နေသည်။

ဝမ်လင်းသည် အက်​ကြောင်းအပြင်ဘက်တွင် ရပ်​နေပြီး တုန်ရီ​နေ​သော ဦး​ခေါင်းခွံများကို ကြည့်၏။ သူ့မျက်လုံးထဲမှ အား​ကောင်း​သောအလင်းတစ်ခုကို ​ပေးစွမ်းသည်။

​"မြေနိမ့် လောကရဲ့ မိစ္ဆာ​တွေ..."

သူ့ဘဝအ​စောပိုင်းတွင် ဟင်္သာပြဒါးဂြိုဟ်၏ ပြင်ပတိုက်ပွဲကွင်းပြင်၌ ဝိညာဥ်စားသုံးသူတစ်​ယောက် ဖြစ်ခဲ့​ပေသည်။​​ ​လေ့လွင့်မိစ္ဆာ​တော်​တော်များများကိုလည်း သူ ဝါးမြိုခဲ့ဖူး၏။ ဤအခိုက်အတန့်တွင် သူသည် ထိုဦး​​ခေါင်းခွံများ၏​အော်ရာကို ​တွေ့ရှိခဲ့​ပေသည်။

သည်​နေရာတွင်​တော့ မိစ္ဆာ​ အများအပြား ရှိမ​နေ​ပေ။ သို့​သော် အ​တော်အတန်​​တော့ ရှိ​နေ၏။ ဝမ်လင်း၏မျက်လုံးမှာ တလက်လက် ဖြစ်လာသည်။ ထို့​နောက် သူက သူ့ပါးစပ်ကိုဟကာ ရှိုက်သွင်းလိုက်သည်။ သူ့​ရှေ့တွင် ဧရာမဝဲက​တော့ကြီးတစ်ခု ​ပေါ်လာဟန်ရ၏။ ဦး​ခေါင်းခွံများသည် တုန်ရီကာ မခုခံဝံ့​တော့​ချေ။ ဦး​ခေါင်းခွံတစ်ခုပြီးတစ်ခု ပျက်စီး​နေရင်း အနက်​ရောင်အခိုးအ​ငွေ့များသည် ဝမ်လင်းပါးစပ်တွင်းသို့ ဝင်​ရောက်​လေ၏။

အကြီးဆုံးဦး​ခေါင်းခွံပါ တုန်ရင်ပြီး ပျက်စီးသွားကာ ထုထည်များပြား​သော အနက်​​ရောင်အခိုးအ​ငွေ့များသည် ဝမ်လင်း၏ရှိုက်သွင်းခြင်း ခံရသည်။

သူက သည်​နေရာရှိ သားရဲအားလုံးကို ပျက်စီး​စေပြီး​နောက် အနက်​ရောင်ဦး​​ခေါင်းခွံများကိုလည်း ရှိုက်သွင်းခဲ့​လေ၏။ ထိုကဲ့သို့စွမ်းအားနှင့်မန္တာန်တို့သည် ဆံဖြူအဘွားအိုမှ လွဲ၍ လူတိုင်းကို တုန်လှုပ်​သွား​စေသည်။

ပါရမီရှင်​ခြောက်​ယောက်သည် တုန်လှုပ်​နေပြီး သူတို့၏မျက်လုံးသူငယ်အိမ်​များပါ ကြုံမိကုန်၏။

နတ််ဆိုးကလန်မှ သုံး​​ယောက်လည်း အလားတူသာ။ သူတို့က ဝမ်လင်း၏ခွန်အားကို စတင်​ဆွေး​နွေး​ကြ၏။

"သူက ​ အနည်းဆုံး​တော့ ကောင်းကင်ဘုံဒုက္ခပထမအဆင့်မှာ ရှိလိမ့်မယ်။ ဒါ​ပေမဲ့ သူ့မှာ ​ရောင်လျှံစက်ဝန်း ရှိမ​နေပြန်ဘူး..."

"မန္တာန်တစ်ခုခု အသုံးပြုပြီး ​သူ့​ရောင်လျှံစက်ဝန်းကိုများ ဖုံးကွယ်ထားတာများ ဖြစ်​နေမလား..."

"ဒီလူက အညတရတစ်​ယောက်​တော့ မဖြစ်နိုင်ဘူး။ ဒါ​ပေမဲ့ သူက ဘာ​ကြောင့် ဆံဖြူအဘွားအိုနဲ့ အတူလာခဲ့ရတာလဲ။ ဆံဖြူအဘွားအိုက လီချန်​မေရဲ့ အသက်စိတ်ဝိညာဥ်ကို တစ်​ယောက်​ယောက်ရှိ သွား​ပေးတာ ငါ မှတ်မိတယ်။ ဖြစ်နိုင်တာက..."

"ဖြစ်နိုင်တာက ဒီလူဟာ လီချန်​မေရဲ့ အသက်စိတ်ဝိညာဥ်နဲ့များ ဆက်စပ်​နေတာ ဖြစ်​နေမလား..."

သူတို့သုံး​ယောက်သည် တစ်​ယောက်နှင့်တစ်​ယောက် စိတ်ဖြင့် အပြန်အလှန် ​ပြောဆိုလိုက်ကြပြီး သတိအ​နေထား ရှိ​နေသည်။

ဆံဖြူအဘွားအိုတစ်​​ယောက်သာ အားလုံးနှင့်စာရင် မထုံတတ်​တေး ရှိ​နေ၏။ သူမသည် လမ်းတစ်​လျှောက်တွင် ဝမ်လင်း လုပ်​ဆောင်ခဲ့သမျှကို ​တွေ့မြင်ခဲ့ရသည် မဟုတ်လား။ ထာဝရကလန်၏ မြင့်မြတ်​သောအကြီးအကဲ ​ခြောက်​ယောက်သည်ပင် သူ့ကို တားဆီးဖို့ မရဲ ဖြစ်ခဲ့ရ​သေးသည် မဟုတ်လား။ သူတို့ထဲမှ နှစ်​ယောက်ဆို ခန္ဓာကိုယ်များပါ ဆုံးရှုံးခဲ့ရ၏။ ခုချိန်တွင် ဝမ်လင်းသည် သားရဲအချို့ကိုသာ သတ်ပစ်ရုံ ရှိ​သေး၏။ ထိုအဖြစ်မှာ သူမ ​တွေ့ကြုံခဲ့ရ​သ​လောက် မကြမ်း​သေး​ချေ။

လူတိုင်း၏အကြည့်သည် ဝမ်လင်းထံ ​ရောက်​နေ၏။ သို့​သော် သူက ဂရုမစိုက်​ပေ။ သူ့အတွက် အချိန် မလုံ​မ​လောက် ဖြစ်​နေ၏။ ဦး​​ခေါင်းခွံများကို စုပ်ယူပြီးသည့်​နောက် သူသည် တဖြည်းဖြည်းချင်း ပွင့်​နေ​သော ဟင်းလင်းပြင်အက်​ကြောင်းထံ ကြည့်၏။ သူသည် အတွင်းမှ အစွမ်းထက်​အော်ရာတစ်ခုကို ခံစားမိ၏။ ထို​အော်ရာသည် ​နှေးတိ​နှေးကန် ရှိ၍ တစ်ခုခုကို ​စောင့်​နေပုံ ရသည်။

"လီချန်​မေ ဒီအက်​ကြောင်းအတွင်းဘက်ထဲ ဝင်သွားခဲ့တာလား..." ဝမ်လင်းသည် လှည့်၍ ဆံဖြူအဘွားအိုကို ကြည့်သည်။ သူ့အသံသည် မီး​တောင်တစ်ခု မ​ပေါက်ကွဲခင်က တိတ်ဆိတ်မှုမျိုးဖြင့် တည်ငြိမ်​နေသည်။

"အဲ့​နေရာပဲ..." ဆံဖြူအဘွားအိုသည် ဝမ်လင်းသူမကို ကြည့်လာသည်နှင့် ချက်ခြင်းတုန့်ပြန်လိုက်သည်။

ဝမ်လင်းသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းသည်။ သူသည် ဟင်းလင်းပြင်အက်​ကြောင်း ဖြည်းဖြည်းချင်း ပွင့်လာမည်ကို ​​​စောင့်​နေရန် အချိန်မရှိ​ပေ။ သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သလို သူ့မျက်လုံးများမှာ ​တောက်ပလာသည်။ သူ့ခန္ဓာကိုယ်မှ ရူးသွပ်ဖွယ်​အော်ရာတစ်ခု ​ပေါက်ကွဲထွက်လာ၏။ သူသည် မာန်သွင်းကာ ဟင်းလင်းပြင်အက်​ကြောင်း ပွင့်ဟ​အောင် စုတ်ဖြဲလိုက်​လေသည်။

​"ရောင်းရင်းကျင့်ကြံသူ...ရပ်လိုက်ပါ။ အထဲမှာ ကိုးခုအသူတရာ​ချောက်နဂါး ရှိ​နေတယ်။ ဒီနဂါးဟာ အစွမ်းထက်လှတယ်။ ဒီနဂါး ထွက်လာတာနဲ့ အများအပြား​သေဆုံးရလိမ့်မယ်။ ဒီအက်​ကြောင်းကို မဖွင့်ခင် ငါတို့ အစီအရင်တစ်ခု ချခင်းမှာကို ​ရောင်းရင်း​စောင့်​ပေးဖို့ ​မျှော်လင့်မိပါတယ်..."

ထိုသို့​ပြောလိုက်သည့်သူမှာ အပြာ​ရောင်မြူများထဲရှိ နတ်ဆိုးကလန်ဝင်သုံး​ယောက်ထဲမှ တစ်​ယောက် ဖြစ်သည်။

သူတို့သုံး​ယောက်သည် အက်​ကြောင်းထံသို့ ဦးတည်ဝင်လာကြ၏။

ဝမ်လင်းသည် မကြားဟန်​ဆောင်ကာ မာန်သွင်း၍ အက်​ကြောင်းကို စုတ်ဖြဲလိုက်​လေသည်။ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ အက်သံများ မြည်ဟိန်းလာသည်။ ​ဟင်းလင်းပြင်အက်​ကြောင်းမှာ သူ့​ကြောင့် မြန်မြန်ဆန်ဆန် ပွင့်ဟသွား​တော့သည်။

ထိုအက်​ကြောင်းပွင့်ဟသွားသည်နှင့် ကိုးခုအသူတရာနဂါးသည် ဟိန်းသံ​ပေးကာ ချက်ခြင်း အနား​ရောက်လာပြီး ဝမ်လင်းကို ဝါးမြိုပစ်ရန် ကြိုးစားလာသည်။

ဝမ်လင်းသည် ထိုနဂါးနှင့် အလွန်နီးကပ်​နေ၏။ နဂါးမျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်နှက်လျက် ၎င်း၏​ကြေးခွံများကြားမှ အနက်​ရောင်မြူများ ထွက်​ပေါ်​လာသည်။ ၎င်း၏ပါးစပ်မှ ပိုများပြား​သောအနက်​ရောင်အခိုးများ ထွက်​နေပြီး ၎င်း၏ခန္ဓာကိုယ်ကြီးက ဝမ်လင်းကို ဝန်းရံ​တော့မည့်ဟန်ပင်။

​"သောက်တိရိစ္ဆာန်...မင်းက ငါ့ကို ဝါးမြိုဝံ့တယ်လား..."

ဝမ်လင်း၏မျက်လုံးသည် ​အေးစက်လာ၏။ သူသည် ​ရှောင်ဖို့ပင် မကြိုးစား​ပေ။ ထိုနဂါး နီးကပ်လာချိန်၌ သူသည် လက်ဝါး​မြှောက်ကာ ​ရှေ့သို့ ရိုက်ချလိုက်သည်။

ထိုလက်ဝါးသံနှင့်အတူ မိုးကြိုးတုန်ဟီးသံတို့ ပဲ့တင်ထပ်သည်။ ထိုအခိုက်အတန့်တွင် အဆုံးမဲ့မူလစွမ်းအင်များသည် ဝမ်လင်း၏လက်ဝါးထံ အရူးအမူးစုစည်းလာပြီး ကိုးခုအသူတရာ​ချောက်နဂါး၏ မျက်နှာထံ ထိပ်တိုက်​တွေ့သည်။

နဂါး၏ခန္ဓာကိုယ် တုန်ရီသွားပြီး နာကျင်ထိတ်လန့်စွာ ​အော်ဟစ်လိုက်ရသည်။ တစီစီအသံများ ထွက်​ပေါ်၍ မ​ရေမတွက်နိုင်​သော ​ကြေးခွံများ ပွင့်ဟကာ ​သွေးများ ပန်းထွက်လျက် ​နောက်သို့ အလျင်အမြန် ဆုတ်​တော့သည်။ ၎င်းမျက်လုံးထဲရှိ ရူးသွပ်မှုမှာ ​ကြောက်လန့်မှုဖြင့် အစားထိုးသွား၏။

"မ​သေ​သေးဘူးလား..." ဝမ်လင်း၏မျက်လုံးထဲတွင် ထူးဆန်း​သောအလင်းတစ်ခု ဖြစ်​ပေါ်သွား၏။ ထို့​နောက် သူသည် ဟင်းလင်းပြင်အက်​ကြောင်းထဲ ​ခြေလှမ်းဝင်လိုက်သည်။ သူသည် သူ့ညာလက်ကို ပင့်​မြှောက်ကာ နဂါး၏ဦးချိုနှစ်ခုထံ ထပ်မံ ရိုက်ချလိုက်သည်။

မိုးကြိုးတုန်ဟည်းသံများ ​ပေါက်ကွဲကုန်၏။ နဂါးသည် ထပ်မံနာကျင်စွာ ဟိန်းသံပြုသည်။ ၎င်း၏မျက်လုံးထဲတွင် ​​ကြောက်ရွှံ့ခြင်းနှင့် ပြည့်နှက်​နေ၏။

နဂါးသည် မန္တာန်နှစ်ခု ထိမှန်ခံရပြီး​နောက်တွင်လည်း မ​သေ​သေး​ပေ။ ဝမ်လင်း၏ခန္ဓာကိုယ်သည် ဖျပ်ခနဲ လင်းလက်ကာ နဂါးဦး​ခေါင်း​ပေါ် ကျ​ရောက်သွားသည်။

“ငါ့ စီးတော်ယာဉ် ဖြစ်လာရင် မင်း အသက်ကို ချမ်းသာပေးမယ်…” ဝမ်လင်းသည် ဟင်းလင်းပြင်အက်ကြောင်းအတွင်း၏ နေရာအနေအထားနှင့် မရင်းနှီးပေ။ ထို့အတွက်ကြောင့် ကိုးခုအသူတရာချောက်နဂါးနှင့် ဆိုပါက သူ့အတွက် အများကြီး ပိုအဆင်ပြေနိုင်ပေသည်။

***

All Chapters