ငါ့စီးတော်ယာဉ် ဖြစ်လာရင် မင်းအသက်ကို ချမ်းသာပေးမယ်…
Vol. 98 Ch. 1345
နတ်ဆိုးကလန်သည် ကျင့်ကြံခြင်းဂြိုဟ်ခြောက်လုံး ပိုင်ဆိုင်ထားသည်။ ထိုဂြိုဟ်များမှာ ရိုးရှင်းစွာစက်ဝန်းတစ်ခုကဲ့သို့ ဝန်းပတ်လျက် တည်ရှိနေသည်။ ထိုဂြိုဟ်စက်ဝန်းသည် ရိုးရှင်းသော်လည်း တုန်လှုပ်ဖွယ်အော်ရာကို ပေးစွမ်းသည်။
ဤက အစီအရင်တစ်ခုပင်။
ကြီးမားသောအစီအရင်သည် ဂြိုဟ်ခြောက်လုံးဖြင့် ဖွဲ့တည်ထားခြင်းသာ။ ထိုအစီအရင်သည် လောကကို ဖျက်စီးပစ်ဖို့ လုံလောက်အောင် အစွမ်းထက်သည်။ ၎င်းအစီအရင်ကို နတ်ဆိုးကလန်ခေါင်းဆောင်က ချခင်းထားတာ ဖြစ်ပြီး ကြမ်းပြုတ်သောသားရဲများကို ခုခံဖို့ နောက်ဆုံးခံတပ်မျဥ်းလည်း ဖြစ်သည်။
နတ်ဆိုးကလန်တွင် မတူညီသောနယ်မြေခြောက်ခု ပိုင်းခြားထားသည်။ တစ်ခုစီသည် မတူညီသောဂြိုဟ်တစ်ခုစီပေါ်တွင် တည်ရှိ၏။ နယ်မြေတစ်ခုစီကို စီမံသောအကြီးအကဲများလည်း ရှိကြပြီး သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ပတ်သတ်ခဲကာ မကြာဆိုသလို တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်လေ့ ရှိသည်။
ထိုဖြစ်စဥ်ကို ပထမဆုံးနတ်ဆိုးကလန်ခေါင်းဆောင်က ချမှတ်ခဲ့ပြီး အခုချိန်ထိ ထိုပုံစံအတိုင်း ဆက်ရှိနေသည်။
ကျင့်ကြံခြင်းဂြိုဟ်ခြောက်ခုပေါ်တွင် ပုံစံတူရုပ်တု တစ်ခုစီလည်း ရှိလေ၏။ ယင်းရုပ်တုမှာ သတ်လတ်ပိုင်းလူ ဖြစ်ကာ သူ့ခြေထောက်အောက်တွင် တိမ်စိုင်ထုတစ်ခု ရှိနေပြီး သူ့ဝတ်ရုံသည် လွင့်လို့နေသည်။ မြေကမ္ဘာကို ကြည့်ရှုနေဟန်ရသော ကောင်းကင်ယံမှ မျက်လုံးကိုးစုံလည်း ရှိနေပြန်သည်။
ထိုသက်လတ်ပိုင်းလူသည် ကောင်းကင်ထက်သို့ ကြည့်နေပြီး သူ့အကြည့်မှာ မျက်လုံးကိုးစုံထံ ရောက်နေဟန် ပေါ်၏။
ထိုသက်လတ်ပိုင်းလူ၏ နောက်တွင် မိုးထိမြင့်မားသောသစ်ပင်တစ်ပင် ရှိကာ ကောင်းကင်ယံထိ ထွင်းဖောက်လို့ နေသည်။
နတ်ဆိုးကလန်ရှိ လူတိုင်းသည် ထိုသက်လတ်ပိုင်းလူမှာ နတ်ဆိုးကလန်၏ ပထမဆုံးနှင့်နောက်ဆုံးကလန်ခေါင်းဆောင်မှန်း သိရှိထားကြသည်။ ထိုဧရာမသစ်ပင်ကြီးကတော့ နတ်ဆိုးကလန်ခေါင်းဆောင်၏ အသက်ရတနာပင်။
ပြောကြသည်မှာ နတ်ဆိုးကလန်ခေါင်းဆောင်သည် အလွန်အားကောင်းကာ ကောင်းကင်ဘုံကိုပါ တုန်လှုပ်စေနိုင်သည် ဟူ၏။ ပြောကြည်သည်မှာ ဟင်းလင်းပြင်အက်ကြောင်းသည် အရင်တုန်းက ပိုမိုကျယ်ပြောပြီး ဘုရင်သားရဲ၊အင်ပါယာသားရဲနှင့် လူသားအသွင်ပြောင်းနိုင်သော ဒဏ္ဍာရီလာသားရဲများပါ မကြာဆိုသလို ထွက်ပေါ်လာလေ့ရှိသည်ဟု ဆိုသည်။ သို့ရာတွင် ၎င်းသားရဲများကို နတ်ဆိုးကလန်ခေါင်းဆောင်က ဖျက်စီးပစ်ခဲ့ပြီး ဟင်းလင်းပြင်အက်ကြောင်းသည်ပင် ချိတ်ပိတ်ခံရလုနီးနီး ဖြစ်ခဲ့ရသည်။
သို့ပင်သော်လည်း သူ ၎င်းအက်ကြောင်းကို ချိပ်ပိတ်ခဲ့စဥ်တွင် မတော်တဆတစ်ခု ဖြစ်ပွားခဲဲ့သည်။ ကြည့်ရသည်မှာ ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ တစ်စုံတစ်ယောက်သည် နတ်ဆိုးကလန်ခေါင်းဆောင် ၎င်းကို လုံးဝချိပ်ပိတ်ပစ်ခြင်းကနေ အံ့မခန်းမန္တာန်တစ်ခု သုံးကာ ဟန့်တားခဲ့ပုံပင်။
သို့ရာတွင် မည်သို့ပင်ဖြစ်စေ ချိပ်ပိတ်မှုသည် အခရာကျခဲ့သည်သာ။ ဟင်းလင်းပြင်အက်ကြောင်းသည် အတော်လေး ကြုံ့သွားခဲ့သလို ၎င်းချိပ်ပိတ်မှုကြောင့်လည်း အစွမ်းထက်သားရဲ အမြောက်အများ မထွက်လာနိုင်ကြတော့ချေ။
နတ်ဆိုးကလန်၏ သာမန်တပည့်များကမူ ကောင်းကင်ထက်ရှိ မျက်လုံးကိုးစုအကြောင်း သေချာ မသိကြပေ။ ကလန်၏အကြီးအကဲများကသာ ထိုမျက်လုံးကိုးစုံသည် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကို ကိုယ်စားပြုမှန်း သိရှိထားသည်။
ပထမဆုံးမျိုးဆက် ကလန်ခေါင်းဆောင်၏ အမိန့်ကြောင့် နတ်ဆိုးကလန်သည် နတ်ဘုရားကလန်ကနေ ကွဲထွက်ကာ ဤနေရာတွင် ရှိနေရခြင်း ဟူသော ကောလဟာလများ အကြီးအကဲများကြားတွင် ရှိပေ၏။ သူသည် နတ်ဘုရားကလန်၏ အုပ်စုတစ်စုကို မျိုးဆက်နှင့်ချီ၍ ဤနေရာတွင် နေထိုင်ပြီး ဟင်းလင်းပြင်အက်ကြောင်းထဲမှ သားရဲတစ်ကောင်ပင် အသက်ရှင်လျက် ထွက်လာခွင့်မရှိအောင် စောင့်ကြပ်ရမည်ဟု အမိန့်ပေးထားခဲ့သည်။
ပြောကြသည်မှာ နတ်ဘုရားကလန်ခေါင်းဆောင်သည် နတ်ဆိုးကလန်ခေါင်းဆောင်နှင့် တစ်ယောက်တည်း ဟူ၏။ သူသည် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေမှ လာခဲ့သူဟုလည်း ပြောကြသည်။ သူ ပျောက်ကွယ်သွားသည်မှာ အချိန်ကြာမြင့်လွန်းနေပြီ ဖြစ်၍ သေလား၊ရှင်လားပင် မသိရတော့ချေ။ ခုလက်ရှိတွင် နတ်ဘုရားကလန်ကို သူ့ကိုယ်စား သူ့ကျေးကျွန်များထဲမှ တစ်ယောက်က ထိန်းချုပ်ထားပေသည်။
ထို့အတွက်ကြောင့်လည်း နတ်ဆိုးကလန်မှာ နတ်ဘုရားကလန်၏အမိန့်များကို နာခံခြင်း မရှိတော့ဘဲ
နတ်ဘုရားကလန်နှင့် ရင်ဆိုင်ရန်နည်းလမ်းများ ရှိလာခဲ့လေ၏။
တကယ်တော့ ဤအရာများသည် ကောလဟာလများသာ။ သမိုင်းအစစ်အမှန်ကတော့ အချိန်နှင့်အတူ ကွယ်ပျောက်သွားခဲ့ပြီး ဖြစ်သည်။ လက်ချိုးရေတွက်လို့ရသည့် အလွန်နည်းပါးသော လူအချို့ကသာ အမှန်တရားကို သိနိုင်တော့သည်။
ခုချိန်တွင်မူ ဟင်းလင်းပြင်အက်ကြောင်း အပြင်ဘက်တွင် ကြောက်မက်ဖွယ်အနီရောင်အလင်း တောက်ပလာ၏။ လုံးဝမရပ်တန့်ဘဲ တရကြမ်းနှင်လာသည့်နောက် ဝမ်လင်းနှင့် အဘွားအိုတို့သည် ဤနေရာသို့ နောက်ဆုံးတွင် ရောက်လာခဲ့ကြပေပြီ။
လမ်းတစ်လျှောက်တွင် ဝမ်လင်းသည် အင်မတိအင်မတန် မြန်သောနှုန်းဖြင့် အဆင့်နှစ်ဒေသကနေ သည်အထိ ရက်အနည်းငယ်အတွင်း အရောက်လာခဲ့ခြင်းပင်။
"ဆံဖြူအမျိုးသမီးအိုပဲ .."
"လီမူဝမ်အတွက် တစ်ခုခု လုပ်ပေးဖို့ နတ်ဆိုးကလန်ရဲ့ အမိန့်အရ လွန်ခဲ့တဲ့လဝက်လောက်က သူမ ထွက်သွားခဲ့တာလေ။ သူမရှေ့က ပုဂ္ဂိုလ်က ဘယ်သူများလဲ..."
"ငါ သူ့ကျင့်ကြံမှုအဆင့်ကို ဖြတ်မမြင်နိုင်ဘူး။ ဒါပေမဲ့ သူ့ရှေ့မှာဆို ငါ တုန်ရီသလို ခံစားနေရတယ်။ သူဟာ အတော့်ကို အစွမ်းထက်တာပဲ။ သူက ဘယ်ကလန်က အကြီးအကဲများလည်း မသိဘူး။ ဒါပေမဲ့ ဘာကြောင့် သူ ဒီနေရာမှာ ရောက်နေရတာလဲ..."
"ဒီလူက အတော်လေး အစွမ်းထက်ပြီး ထူးဆန်းလှတယ်။ ကြမ်းကြုတ်တဲ့သားရဲတွေတောင် အလန့်တကြား နောက်ဆုတ်သွားကြတယ်။ ဒီလူ့ကို အာရုံခံမိတဲ့အခါ အနက်ရောင်ဦးခေါင်းခွံတွေတောင် ကြောက်ကြောက်လန့်လန့် ဖြစ်ကုန်တယ်..."
ပါရမီရှင်ခြောက်ယောက်ထဲမှ အဘိုးအိုသည် ဝမ်လင်းကို ကြည့်၍ တုန်လှုပ်မိနေသည်။
"လီချန်မေက ဒီလူ့ကြောင့် အပြစ်ပေးခံရပြီး ဟင်းလင်းပြင်အက်ကြောင်း အတွင်းနက်ပိုင်းထဲ ပို့လွှတ်တာ ခံခဲ့ရတာများ ဖြစ်နိုင်မလား..."
အေးတိအေးစက်အမျိုးသမီးကလည်း ဝမ်လင်းကို ကြည့်၏။ သူမစိတ်မှာ တုန်လှုပ်မိရပေသည်။
အပြာရောင်မြူများ ဝန်းရံထားသော သုံးယောက်သည်လည်း ဝမ်လင်းကို စူးစိုက်ကြည့်လာကြသည်။ အပြာရောင်မြူများအောက်ရှိ ကွယ်ဝှက်နေသော သူတို့၏အမူအရာများပင် ပြောင်းလဲသွားသည်။ သူတို့ထဲမှ တစ်ယောက်က ပြောလာ၏။ "ဆံဖြူအဘွားအို...သူက ဘယ်သူလဲ..."
ဆံဖြူအဘွားအိုက ပြောရန် ပြင်လိုက်စဥ် ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပွင့်ဟနေသော ဟင်းလင်းပြင်အက်ကြောင်းထံ ဦးတည်ဝင်လာ၏။ သူ အနီးရောက်လာသည်နှင့် ဦးခေါင်းခွံများနှင့် ကြမ်းကြုတ်သောသားရဲများသည် ကြောက်လန့်တကြားအော်ဟစ်ကာ ဟင်းလင်းပြင်အက်ကြောင်းအတွင်း ပြန်ဆုတ်ခွာရန် ကြိုးစားကြသည်။
"ဆူလိုက်တာ..." ဝမ်လင်းသည် ချက်ခြင်းလိုလို မြနွဆန်စွာ အနားရောက်လာ၏။ သူက သူ့လက်ကို ဝေ့ယမ်းကာ မုန်တိုင်းတစ်ခု ရိုက်ခတ်သွားစေလိုက်သည်။ ထိုမုန်တိုင်းအတွင်း၌ မိုးကြိုးပါဝင်သည်။ မုန်တိုင်း တိုက်ခတ်သွားသည်နှင့် သားရဲများသည် ပျက်စီး သေဆုံးရလေ၏။
ဝမ်လင်းသည် ခုချိန်တွင် လီမူဝမ်ကိုသာ စိတ်ပူနေ၏။ ထို့အပြင် သည်သားရဲများ၏အော်သံက သူ့ကို စိတ်အနှောက်အယှက် ဖြစ်စေသည်။
သူ့လက်ကို ဝေ့ယမ်းလိုက်သည်နှင့် အက်ကြောင်းအပြင်ရှိ သားရဲများမှာ အသွေးအသားပုံအဖြစ်သို့ ပြောင်းသွားရလေသည်။ ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှ ကိုးခုအသူတရာချောက်နဂါးပင် ဟိန်းသံများ မထုတ်ဖော်ဘဲ မနေနိုင် ဖြစ်ရသည်။
အနက်ရောင်မြူများမှ ဖြစ်ပေါ်ခဲ့သော ဦးခေါင်းခွံများမှာလည်း တုန်ရီကာ ဝမ်လင်းကို အလွန်အမင်းကြောက်လန့်စွာ ကြည့်နေသည်။
ဝမ်လင်းသည် အက်ကြောင်းအပြင်ဘက်တွင် ရပ်နေပြီး တုန်ရီနေသော ဦးခေါင်းခွံများကို ကြည့်၏။ သူ့မျက်လုံးထဲမှ အားကောင်းသောအလင်းတစ်ခုကို ပေးစွမ်းသည်။
"မြေနိမ့် လောကရဲ့ မိစ္ဆာတွေ..."
သူ့ဘဝအစောပိုင်းတွင် ဟင်္သာပြဒါးဂြိုဟ်၏ ပြင်ပတိုက်ပွဲကွင်းပြင်၌ ဝိညာဥ်စားသုံးသူတစ်ယောက် ဖြစ်ခဲ့ပေသည်။ လေ့လွင့်မိစ္ဆာတော်တော်များများကိုလည်း သူ ဝါးမြိုခဲ့ဖူး၏။ ဤအခိုက်အတန့်တွင် သူသည် ထိုဦးခေါင်းခွံများ၏အော်ရာကို တွေ့ရှိခဲ့ပေသည်။
သည်နေရာတွင်တော့ မိစ္ဆာ အများအပြား ရှိမနေပေ။ သို့သော် အတော်အတန်တော့ ရှိနေ၏။ ဝမ်လင်း၏မျက်လုံးမှာ တလက်လက် ဖြစ်လာသည်။ ထို့နောက် သူက သူ့ပါးစပ်ကိုဟကာ ရှိုက်သွင်းလိုက်သည်။ သူ့ရှေ့တွင် ဧရာမဝဲကတော့ကြီးတစ်ခု ပေါ်လာဟန်ရ၏။ ဦးခေါင်းခွံများသည် တုန်ရီကာ မခုခံဝံ့တော့ချေ။ ဦးခေါင်းခွံတစ်ခုပြီးတစ်ခု ပျက်စီးနေရင်း အနက်ရောင်အခိုးအငွေ့များသည် ဝမ်လင်းပါးစပ်တွင်းသို့ ဝင်ရောက်လေ၏။
အကြီးဆုံးဦးခေါင်းခွံပါ တုန်ရင်ပြီး ပျက်စီးသွားကာ ထုထည်များပြားသော အနက်ရောင်အခိုးအငွေ့များသည် ဝမ်လင်း၏ရှိုက်သွင်းခြင်း ခံရသည်။
သူက သည်နေရာရှိ သားရဲအားလုံးကို ပျက်စီးစေပြီးနောက် အနက်ရောင်ဦးခေါင်းခွံများကိုလည်း ရှိုက်သွင်းခဲ့လေ၏။ ထိုကဲ့သို့စွမ်းအားနှင့်မန္တာန်တို့သည် ဆံဖြူအဘွားအိုမှ လွဲ၍ လူတိုင်းကို တုန်လှုပ်သွားစေသည်။
ပါရမီရှင်ခြောက်ယောက်သည် တုန်လှုပ်နေပြီး သူတို့၏မျက်လုံးသူငယ်အိမ်များပါ ကြုံမိကုန်၏။
နတ််ဆိုးကလန်မှ သုံးယောက်လည်း အလားတူသာ။ သူတို့က ဝမ်လင်း၏ခွန်အားကို စတင်ဆွေးနွေးကြ၏။
"သူက အနည်းဆုံးတော့ ကောင်းကင်ဘုံဒုက္ခပထမအဆင့်မှာ ရှိလိမ့်မယ်။ ဒါပေမဲ့ သူ့မှာ ရောင်လျှံစက်ဝန်း ရှိမနေပြန်ဘူး..."
"မန္တာန်တစ်ခုခု အသုံးပြုပြီး သူ့ရောင်လျှံစက်ဝန်းကိုများ ဖုံးကွယ်ထားတာများ ဖြစ်နေမလား..."
"ဒီလူက အညတရတစ်ယောက်တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ သူက ဘာကြောင့် ဆံဖြူအဘွားအိုနဲ့ အတူလာခဲ့ရတာလဲ။ ဆံဖြူအဘွားအိုက လီချန်မေရဲ့ အသက်စိတ်ဝိညာဥ်ကို တစ်ယောက်ယောက်ရှိ သွားပေးတာ ငါ မှတ်မိတယ်။ ဖြစ်နိုင်တာက..."
"ဖြစ်နိုင်တာက ဒီလူဟာ လီချန်မေရဲ့ အသက်စိတ်ဝိညာဥ်နဲ့များ ဆက်စပ်နေတာ ဖြစ်နေမလား..."
သူတို့သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် စိတ်ဖြင့် အပြန်အလှန် ပြောဆိုလိုက်ကြပြီး သတိအနေထား ရှိနေသည်။
ဆံဖြူအဘွားအိုတစ်ယောက်သာ အားလုံးနှင့်စာရင် မထုံတတ်တေး ရှိနေ၏။ သူမသည် လမ်းတစ်လျှောက်တွင် ဝမ်လင်း လုပ်ဆောင်ခဲ့သမျှကို တွေ့မြင်ခဲ့ရသည် မဟုတ်လား။ ထာဝရကလန်၏ မြင့်မြတ်သောအကြီးအကဲ ခြောက်ယောက်သည်ပင် သူ့ကို တားဆီးဖို့ မရဲ ဖြစ်ခဲ့ရသေးသည် မဟုတ်လား။ သူတို့ထဲမှ နှစ်ယောက်ဆို ခန္ဓာကိုယ်များပါ ဆုံးရှုံးခဲ့ရ၏။ ခုချိန်တွင် ဝမ်လင်းသည် သားရဲအချို့ကိုသာ သတ်ပစ်ရုံ ရှိသေး၏။ ထိုအဖြစ်မှာ သူမ တွေ့ကြုံခဲ့ရသလောက် မကြမ်းသေးချေ။
လူတိုင်း၏အကြည့်သည် ဝမ်လင်းထံ ရောက်နေ၏။ သို့သော် သူက ဂရုမစိုက်ပေ။ သူ့အတွက် အချိန် မလုံမလောက် ဖြစ်နေ၏။ ဦးခေါင်းခွံများကို စုပ်ယူပြီးသည့်နောက် သူသည် တဖြည်းဖြည်းချင်း ပွင့်နေသော ဟင်းလင်းပြင်အက်ကြောင်းထံ ကြည့်၏။ သူသည် အတွင်းမှ အစွမ်းထက်အော်ရာတစ်ခုကို ခံစားမိ၏။ ထိုအော်ရာသည် နှေးတိနှေးကန် ရှိ၍ တစ်ခုခုကို စောင့်နေပုံ ရသည်။
"လီချန်မေ ဒီအက်ကြောင်းအတွင်းဘက်ထဲ ဝင်သွားခဲ့တာလား..." ဝမ်လင်းသည် လှည့်၍ ဆံဖြူအဘွားအိုကို ကြည့်သည်။ သူ့အသံသည် မီးတောင်တစ်ခု မပေါက်ကွဲခင်က တိတ်ဆိတ်မှုမျိုးဖြင့် တည်ငြိမ်နေသည်။
"အဲ့နေရာပဲ..." ဆံဖြူအဘွားအိုသည် ဝမ်လင်းသူမကို ကြည့်လာသည်နှင့် ချက်ခြင်းတုန့်ပြန်လိုက်သည်။
ဝမ်လင်းသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းသည်။ သူသည် ဟင်းလင်းပြင်အက်ကြောင်း ဖြည်းဖြည်းချင်း ပွင့်လာမည်ကို စောင့်နေရန် အချိန်မရှိပေ။ သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သလို သူ့မျက်လုံးများမှာ တောက်ပလာသည်။ သူ့ခန္ဓာကိုယ်မှ ရူးသွပ်ဖွယ်အော်ရာတစ်ခု ပေါက်ကွဲထွက်လာ၏။ သူသည် မာန်သွင်းကာ ဟင်းလင်းပြင်အက်ကြောင်း ပွင့်ဟအောင် စုတ်ဖြဲလိုက်လေသည်။
"ရောင်းရင်းကျင့်ကြံသူ...ရပ်လိုက်ပါ။ အထဲမှာ ကိုးခုအသူတရာချောက်နဂါး ရှိနေတယ်။ ဒီနဂါးဟာ အစွမ်းထက်လှတယ်။ ဒီနဂါး ထွက်လာတာနဲ့ အများအပြားသေဆုံးရလိမ့်မယ်။ ဒီအက်ကြောင်းကို မဖွင့်ခင် ငါတို့ အစီအရင်တစ်ခု ချခင်းမှာကို ရောင်းရင်းစောင့်ပေးဖို့ မျှော်လင့်မိပါတယ်..."
ထိုသို့ပြောလိုက်သည့်သူမှာ အပြာရောင်မြူများထဲရှိ နတ်ဆိုးကလန်ဝင်သုံးယောက်ထဲမှ တစ်ယောက် ဖြစ်သည်။
သူတို့သုံးယောက်သည် အက်ကြောင်းထံသို့ ဦးတည်ဝင်လာကြ၏။
ဝမ်လင်းသည် မကြားဟန်ဆောင်ကာ မာန်သွင်း၍ အက်ကြောင်းကို စုတ်ဖြဲလိုက်လေသည်။ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ အက်သံများ မြည်ဟိန်းလာသည်။ ဟင်းလင်းပြင်အက်ကြောင်းမှာ သူ့ကြောင့် မြန်မြန်ဆန်ဆန် ပွင့်ဟသွားတော့သည်။
ထိုအက်ကြောင်းပွင့်ဟသွားသည်နှင့် ကိုးခုအသူတရာနဂါးသည် ဟိန်းသံပေးကာ ချက်ခြင်း အနားရောက်လာပြီး ဝမ်လင်းကို ဝါးမြိုပစ်ရန် ကြိုးစားလာသည်။
ဝမ်လင်းသည် ထိုနဂါးနှင့် အလွန်နီးကပ်နေ၏။ နဂါးမျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်နှက်လျက် ၎င်း၏ကြေးခွံများကြားမှ အနက်ရောင်မြူများ ထွက်ပေါ်လာသည်။ ၎င်း၏ပါးစပ်မှ ပိုများပြားသောအနက်ရောင်အခိုးများ ထွက်နေပြီး ၎င်း၏ခန္ဓာကိုယ်ကြီးက ဝမ်လင်းကို ဝန်းရံတော့မည့်ဟန်ပင်။
"သောက်တိရိစ္ဆာန်...မင်းက ငါ့ကို ဝါးမြိုဝံ့တယ်လား..."
ဝမ်လင်း၏မျက်လုံးသည် အေးစက်လာ၏။ သူသည် ရှောင်ဖို့ပင် မကြိုးစားပေ။ ထိုနဂါး နီးကပ်လာချိန်၌ သူသည် လက်ဝါးမြှောက်ကာ ရှေ့သို့ ရိုက်ချလိုက်သည်။
ထိုလက်ဝါးသံနှင့်အတူ မိုးကြိုးတုန်ဟီးသံတို့ ပဲ့တင်ထပ်သည်။ ထိုအခိုက်အတန့်တွင် အဆုံးမဲ့မူလစွမ်းအင်များသည် ဝမ်လင်း၏လက်ဝါးထံ အရူးအမူးစုစည်းလာပြီး ကိုးခုအသူတရာချောက်နဂါး၏ မျက်နှာထံ ထိပ်တိုက်တွေ့သည်။
နဂါး၏ခန္ဓာကိုယ် တုန်ရီသွားပြီး နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရသည်။ တစီစီအသံများ ထွက်ပေါ်၍ မရေမတွက်နိုင်သော ကြေးခွံများ ပွင့်ဟကာ သွေးများ ပန်းထွက်လျက် နောက်သို့ အလျင်အမြန် ဆုတ်တော့သည်။ ၎င်းမျက်လုံးထဲရှိ ရူးသွပ်မှုမှာ ကြောက်လန့်မှုဖြင့် အစားထိုးသွား၏။
"မသေသေးဘူးလား..." ဝမ်လင်း၏မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သွား၏။ ထို့နောက် သူသည် ဟင်းလင်းပြင်အက်ကြောင်းထဲ ခြေလှမ်းဝင်လိုက်သည်။ သူသည် သူ့ညာလက်ကို ပင့်မြှောက်ကာ နဂါး၏ဦးချိုနှစ်ခုထံ ထပ်မံ ရိုက်ချလိုက်သည်။
မိုးကြိုးတုန်ဟည်းသံများ ပေါက်ကွဲကုန်၏။ နဂါးသည် ထပ်မံနာကျင်စွာ ဟိန်းသံပြုသည်။ ၎င်း၏မျက်လုံးထဲတွင် ကြောက်ရွှံ့ခြင်းနှင့် ပြည့်နှက်နေ၏။
နဂါးသည် မန္တာန်နှစ်ခု ထိမှန်ခံရပြီးနောက်တွင်လည်း မသေသေးပေ။ ဝမ်လင်း၏ခန္ဓာကိုယ်သည် ဖျပ်ခနဲ လင်းလက်ကာ နဂါးဦးခေါင်းပေါ် ကျရောက်သွားသည်။
“ငါ့ စီးတော်ယာဉ် ဖြစ်လာရင် မင်း အသက်ကို ချမ်းသာပေးမယ်…” ဝမ်လင်းသည် ဟင်းလင်းပြင်အက်ကြောင်းအတွင်း၏ နေရာအနေအထားနှင့် မရင်းနှီးပေ။ ထို့အတွက်ကြောင့် ကိုးခုအသူတရာချောက်နဂါးနှင့် ဆိုပါက သူ့အတွက် အများကြီး ပိုအဆင်ပြေနိုင်ပေသည်။
***