← Chapters

အခန်း ၁၆၆

Vol. 15 Ch. 166

အခန်း ၁၆၆

Vol. 15 Ch. 166

အပိုင်း (၁၆၆) မြေအောင်း ပုစဉ်းမီး။

ဖြန်း

နောက်ထပ် ကြေးမျောက်ဝံ တစ်ကောင်က တစ်ချက်တည်း ရိုက်ထုတ် ခံလိုက်ရပြန်၏။ တစ်ခဏတာမျှသာ ဖြစ်သည် ဆိုသော်ငြား ဤ ကြေးမျောက်ဝံ၏ နှာခေါင်းကြီး ရွဲ့စောင်းသွားသည်ကို ထိုသုံးဦး ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ မေးရိုးကြီးပင် ပြုတ်ထွက်သွားပုံရသည်။ အစွယ်များက ထွက်ကျလာတော့မဲ့ အတုတပ် သွားများကဲ့သို့ ဖြစ်နေခဲ့သည်။

နိမ့်ရန်က လမ်းဆုံးမှ အလင်းရောင်တစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဒီ တိရစ္ဆာန်ကောင်တွေကို အကုန် သတ်ပစ် ...။ ဒီ တိရစ္ဆာန်ကောင်တွေကို အကုန် သတ်ပစ် ...။"

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ...။" ကွမ်းထျန်းချိုင် မှင်သက် နေမိပြီ ဖြစ်၏။ သဲအိတ်တစ်လုံးကို ထုရိုက်နေသကဲ့သို့ ကြေးမျောက်ဝံများကို တစ်ချက်ပြီး တစ်ချက် ရိုက်ထုတ်နေသော ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ကြည့်ရှုရင်း အလွန်တရာ အံ့ဩ တုန်လှုပ်နေခဲ့သည်။

ကြေးမျောက်ဝံ၏ ကြောက်မက်ဖွယ် ကောင်းမှုကို အများကြီး ပြောနေစရာ မလိုချေ။ အကယ်၍ မိုးကြိုးမြှားသာ မရှိခဲ့လျှင် သူတို့ သုံးယောက် ဝိုင်းဝန်း တိုက်ခိုက်မည် ဆိုပါကလည်း ကြေးမျောက်ဝံ တစ်ကောင်ကို သတ်ဖြတ်နိုင်ရန် အလွန်တရာ အားစိုက် ထုတ်ရပေလိမ့်မည်။ သို့ပေမည့် ယခုအခါ ထို အင်မတန် ရက်စက် ကြမ်းကြုတ်သော ကြေးမျောက်ဝံများက ကလေး ကစားစရာ တစ်ခုပမာ ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။

ဖြန်း

ဖြန်း

ဖြန်း

အချက်ဆယ်ကျော်မျှ ဆက်တိုက် ဆိုသလို ရိုက်နှက်နေသည်။ ထိပ်ဖြူ ခွေးတူဝက်တူကြီးက တစ်ချက် ရိုက်လိုက်တိုင်း ကြေးမျောက်ဝံ တစ်ကောင်စီ လွင့်စင်သွားခဲ့၏။

ကြေးမျောက်ဝံများမှာ အလွန်တရာ ကြောက်ရွံ့ သွားကြပြီ ဖြစ်သည်။ ရှေ့သို့ ထပ်တိုးရဲသည့် သတ္တိ လုံးဝ မရှိကြတော့ချေ။ အားလုံးက ဟုန်ရှောင်ပေါင်နှင့် အဝေးဆုံးသို့ ရှောင်တိမ်းသွားကြပြီး အလွန်တရာ ကြောက်ရွံ့စွာဖြင့် စိုက်ကြည့်နေကြ၏။ ပါးစပ်မှလည်း အဆက်မပြတ် အော်မြည်နေကြသည်။ "ဝူး... ဝူး...။"

"ဝူး...။"

"ဝူး...။"

"ဟားဟားဟားဟား ... ဘာတွေ အော်နေတာလဲ။"

ဟုန်ရှောင်ပေါင် အလွန်တရာ ဂုဏ်ယူ ဝင့်ကြွားနေပြီး တဟားဟား ရယ်မောလျက် ပြောလိုက်၏။ "လာလေ ...။" ထိပ်ဖြူ ခွေးတူဝက်တူကြီးကို စတင် လက္ခံရရှိစဉ်က ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် သောင်းနှင့်ချီပြီး မလိုလား မနှစ်မြို့ခဲ့ချေ။ သို့ပေမည့် ယခုအခါ ခွေးတူဝက်တူကြီးအပေါ် ထားရှိသည့် သူ၏အမြင်က အနည်းငယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ တခြား အရာတွေကို အရင် ထားလိုက်ဦး...။ ငါးပိန်း မျှင်ပုဇွန်လိုမျိုး အကောင် အသေးလေးတွေကို ဖြေရှင်းသည့်နေရာတွင် ကိုယ်တိုင် လက်ဖျားနှင့် ထိစရာ မလိုတော့ပေ။ ဤတစ်ချက်ကတင် အလွန် ကောင်းမွန်နေပြီ မဟုတ်ပါလား။

အခုတစ်ခေါက်တော့ အခြေအနေ တည်ငြိမ်သွားပြီပဲ ...။

ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် ပျော်ရွှင်နေခဲ့၏။ သူက သဘောကောင်းလွန်းသည့် သူတော်ကောင်းကြီး တစ်ယောက် မဟုတ်ချေ။ အကယ်၍ ချန်ယုလိုမျိုး သူ့အပေါ် ယဉ်ကျေး လေးစားသူ တစ်ယောက်သာ ဆိုလျှင် ဘာမှ ပြောနေစရာ မလိုချေ။ ကယ်မည် ...။ အစွမ်းကုန် ကယ်ဆယ်ပေးပေမည် ...။

သို့ပေမည့် သူသည် လမ်းတစ်လျှောက်လုံးမှာ ကွမ်းထျန်းချိုင်၏ အထင်အမြင်သေးမှုကို လှိမ့်ပိန့်အောင် ခံခဲ့ရသည် မဟုတ်ပါလား။ လူသားချင်း စာနာထောက်ထားမှုဖြင့် ကယ်ဆယ်ပေးခြင်းမှာ သဘာဝကျပေသည်။ သို့တိုင် အဖိုးအခ အနည်းငယ်မျှ ကောက်ခံခြင်းက လွန်ကြူးသည်ဟု မဆိုသာချေ...။ မည်သို့ပင်ဆိုစေ လူနာတင်ယာဉ်များ ပင်လျှင် ကီလိုမီတာအလိုက် အခကြေးငွေ ကောက်ခံသေးသည် မဟုတ်ပါလား...။

"ကဲ ... အားလုံးပဲ၊ ခင်ဗျားတို့ရဲ့ အခြေအနေက မဆိုးဘူးလို့ မြင်ရတယ်။ ဒါဆို ကျုပ် သွားတော့မယ်ဗျာ ...။" ဟုန်ရှောင်ပေါင်က ပြုံးရွှင်စွာ ပြောပြီး ထွက်ခွာတော့မည့် ဟန်ပြင်လိုက်၏။

"အစ်ကိုဟုန် ...။"

သူတို့ သုံးဦးက တစ်ပြိုင်နက်တည်း အသံကုန် အော်ဟစ်လိုက်ကြသည်။ "သွားလို့ မဖြစ်ဘူး ...။ သွားလို့ မဖြစ်ဘူး ...။ ခင်ဗျား လုံးဝ သွားလို့ မဖြစ်ဘူး ...။"

"အို ...။"

ဟုန်ရှောင်ပေါင်က ရယ်မောလိုက်ပြီး မသိနားမလည်သကဲ့သို့ သရုပ်ဆောင်လိုက်၏။ "ကျုပ်က အဲဒီ မြေအောင်းပုစဉ်းမီးကို သွားလုရအုံးမယ်လေ။ ခင်ဗျားတို့ ဘာကိစ္စများ ရှိသေးလို့လဲ။"

"သူလည်း ဒီပစ္စည်းကို ပစ်မှတ်ထားပြီး လာတာပဲ ...။" ထိုသုံးဦး၏ စိတ်ထဲတွင် တုန်လှုပ်သွားကြ၏။ သို့ပေမည့် ယခုအခါ သူတို့ အလင်းလင်းအရှင်းဆုံး မြင်တွေ့ နေရပြီ ဖြစ်သည်။ သူတို့က ဤ မြေအောင်းပုစဉ်းမီးအပေါ် မည်သည့် မျှော်လင့်ချက်မှ မထားရှိတော့ချေ။ မူလတည်းက သူတို့က ရင့်မှည့်တော့မည့် မြေအောင်းပုစဉ်းမီးကို တွေ့ရှိခဲ့စဉ်က ဤမျှ များပြားလှသော မိစ္ဆာသားရဲတို့သည် မည်သည့်နေရာ၌ ရှိနေခဲ့ကြသနည်း...။ အကယ်၍သာ ထိုသို့ များပြားသည့် မိစ္ဆာသားရဲများ ရှိနေမည်ကို ကြိုတင်သိရှိခဲ့လျှင် သူတို့ကို နောက်ထပ် သတ္တိ အဆပေါင်းများစွာ ပေးအပ်မည် ဆိုသည့်တိုင် ဤရွှံ့နွံအိုင်ကြီးအတွင်းသို့ ဝင်ရောက်ရဲကြမည် မဟုတ်ချေ...။

"အစ်ကိုဟုန် ... ကျုပ်တို့ကို တစ်ခေါက်လောက် ကယ်တင်ပေးပါ ...။ ကြီးမားတဲ့ ကျေးဇူးတရားကို ...။"

"ဟားဟားဟားဟား ... သူဌေးဟုန်ဖြစ်တဲ့ ကျုပ်ရဲ့ မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားကို လမ်းသွား လမ်းလာတွေတောင် အားလုံး သိကြတယ်။ မလိုပါဘူးဗျာ ...။"

ဟုန်ရှောင်ပေါင်က တဟားဟား ရယ်မောလိုက်သည်။

ရယ်စရာပဲ ...။ ခင်ဗျားတို့က ချီးကျူးစကား အနည်းငယ် ပြောလိုက်ရုံနဲ့ သူဌေးဟုန် ဖြစ်တဲ့ ကျုပ်က မြီးကောင်ပေါက် လေးလို ဝမ်းသာအားရ ကယ်ဆယ် ပေးရမှာလား ...။

သူက ချက်ချင်းပင် ပြုံးရွှင်စွာ ပြောလိုက်သည်။ "ဒီလို လုပ်ကြတာပေါ့။ အရင်တုန်းက ကျုပ် ကြားဖူးသလိုပဲ ... အင်း ... ဒီ တောင်တစ်ခုလုံးမှာ မိစ္ဆာသားရဲတွေ ပြည့်နှက်နေတာ မင်း မြင်တဲ့အတိုင်းပဲ။ နောက်ပိုင်း အခြေအနေ က အရမ်း ရှုပ်ထွေး ခက်ခဲတော့မှာ။ တကယ်လို့များ ငါတို့က လောဘကြီးတဲ့ သိုင်းကျင့်ကြံသူတွေ ဖြစ်နေရင်... မင်းရဲ့ ပိုင်ဆိုင်မှုအားလုံးကို ထုတ်ပေးပြီးမှ ငါတို့ရဲ့ ကာကွယ်မှုကို လဲလှယ်ယူလို့ ပြောရင်တောင် မင်း သဘောတူရမှာပဲ' တဲ့ ... ခန့်မှန်းခြေ အဲဒီအချိန်တုန်းက တစ်ယောက်ယောက်က ဒီလို ပြောခဲ့တာပဲ နော် ...။"

ဟုန်ရှောင်ပေါင်က စကားအနည်းငယ် ပြောလိုက်သည်နှင့် ကွမ်းထျန်းချိုင်၏ မျက်နှာပြင်က ချက်ချင်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ဤသည်က မနေ့က သူ ဟုန်ရှောင်ပေါင်ကို ပြောခဲ့သော စကားများ ဖြစ်သည်။ ယခုအခိုက်အတန့်တွင် သူ၏ မျက်နှာတစ်ခုလုံး နီရဲ ဖောင်းကြွလာခဲ့သည်။ တစ်ခုခု ပြောလိုသော်ငြား လည်ချောင်းမှာ တောင့်တင်း နေသကဲ့သို့ ဖြစ်နေ၏။ နောက်ထပ် စကားတစ်ခွန်းမျှ ထွက်ပေါ်မလာတော့ပေ။

"အစ်ကိုဟုန် ... ဒီဟာက ... ဒီဟာက ...။"

နိမ့်ရန်၏ မျက်နှာပြင်မှာလည်း နီရဲ ဖောင်းကြွနေ၏။ အတန်ကြာ ဆွေးနွေး တိုင်ပင်နေကြပြီး၊ နောက်တစ်ကြိမ် ခုန်အုပ်လာတော့မည့် အရိပ်အယောင်များ ပြသနေသော ထို ကြေးမျောက်ဝံများကို သူက စိုးရိမ်တကြီး ကြည့်ရှုလိုက်သည်။ သို့နှင့် အလျင်စလို ရှင်းပြလိုက်၏။ "ကျုပ်တို့ နောက်ဆုံးမှာလည်း အစ်ကိုဟုန်ဆီက ဘာတစ်ခုမှ မတောင်းဆိုခဲ့ပါဘူးဗျာ။ အစ်ကိုဟုန်ရဲ့ သဘောထား ကြီးမားမှုကို ပြသပြီး အပြစ် မယူပါနဲ့တော့ဗျာ ... ရမလား။"

ဟုန်ရှောင်ပေါင်က ပြုံးလိုက်၏။ "အေးဆေးပါ ...။ အစ်ကိုကြီးကွမ်း ... ခင်ဗျား ဘယ်လိုထင်လဲ။"

ကွမ်းထျန်းချိုင်၏ မျက်နှာပြင်က နီရဲ ဖောင်းကြွနေ၏။ ဤသူသည် မိမိကိုယ်ကိုယ် အထင်ကြီး တတ်သော စရိုက်ကို အလေ့အကျင့် လုပ်လာခဲ့သူ ဖြစ်သည်။ သူ့ကို ဦးညွှတ် အရှုံးပေးခိုင်းခြင်းက သတ်ဖြတ်ပစ်ခြင်းထက်ပင် ပိုပြီး နေရထိုင်ရ ခက်ခဲလွန်းလှ၏။ သို့ပေမည့် သူကလည်း အလွန်တရာ ရှင်းရှင်းလင်းလင်း သိနားလည်သည်။ ယခုအခါ သူတို့ သုံးဦး၏ အသက်က ဟုန်ရှောင်ပေါင်၏ လက်ထဲတွင် လုံးဝ ရောက်ရှိနေပြီ မဟုတ်ပါလား။

မျက်နှာပြင် ပိုပိုပြီး ဖြူဖျော့လာသော လော်မင်ကျဲကို တစ်ချက် ကြည့်ရှုလိုက်၏။ ကွမ်းထျန်းချိုင်က ဦးခေါင်းကို အသေအလဲ ငုံ့ထားပြီးတစ်လုံးချင်းစီ အတင်းအကျပ် ညှစ်ထုတ် ပြောဆိုလိုက်သည်။ "အစ်ကိုဟုန် ... ကျုပ် ... ကျုပ်တို့ကို တစ်ခေါက်လောက် ကယ်တင်ပေးပါ ...။ ဘယ် ... ဘယ်လို စည်းကမ်းချက် ဖြစ်ဖြစ် ... ကျုပ် ... ကျုပ်တို့ အကုန်လုံး ... သဘောတူပါ့မယ် ...။"

"အဲဒါလေ ... အဲဒါလေ ...။" ဟုန်ရှောင်ပေါင် ချက်ချင်းပင် ဝမ်းသာ ပျော်ရွှင်သွား၏။ ငွေရောင်မြှားတံ ပစ်ခတ်နိုင်သော ထို ဒူးလေးကို သူ သွားရည်ကျ နေခဲ့သည်မှာ အတော်လေး ကြာနေပြီ မဟုတ်ပါလား။

"ဒါလား ...။" နိမ့်ရန် အနည်းငယ် ကြောင်အသွား၏။ ဤ ဒူးလေးက ဈေးမပေါချေ။ သို့ပေမည့် တန်ဖိုးကလည်း ကန့်သတ်ချက် ရှိသည်။ ဟုန်ရှောင်ပေါင် အနေဖြင့် သူတို့ကို ဝိညာဉ်ကျောက်တုံး ရာနှင့်ချီပြီး ထုတ်ပေးခိုင်း လိုက်လျှင်လည်း ရသည် မဟုတ်ပါလား။ ထိုအရာက ပို၍ တွက်ခြေမကိုက်ဘူးလား။

သို့ပေမည့် အတန်ကြာအောင် ဆွေးနွေး တိုင်ပင်ပြီးနောက် နောက်တစ်ကြိမ် ခုန်အုပ်လာတော့မည့် အရိပ်အယောင်များ ပြသနေသော ထိုကြေးမျောက်ဝံများကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ပြောလိုက်သည်။ "ရတယ် ...။"

ပြောရင်း ဒူးလေးကို တိုက်ရိုက် ပစ်ပေးလိုက်၏။

"ဟားဟား ...။"

ဟုန်ရှောင်ပေါင်က ပြုံးရွှင်စွာ လက်ခံယူပြီး ထပ်ပြောလိုက်၏။ "ပြီးတော့ မြေအောင်းပုစဉ်းမီးနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ သိထားသမျှ အရာအားလုံးကို ကျုပ်ကို တစ်လုံးမကျန် ပြောပြရမယ်။"

"ရပါတယ် ...။" နိမ့်ရန်က အလောတကြီး ဖြေလိုက်၏။ ဘာပဲဖြစ်ဖြစ် သူတို့က ယခုအခါ မြေအောင်းပုစဉ်းမီးကို လက်လွှတ်လိုက်ပြီ ဖြစ်ရာ ဤပစ္စည်းက ဘာမှ အရေးမကြီးတော့ချေ။

"ဒါဆို ညီလေးဟုန် ... ကျေးဇူးပြုပြီး မြန်မြန် လုပ်ပေးပါဗျာ။" နိမ့်ရန်မှာ တကယ်ကို ကြောက်ရွံ့ နေခဲ့ပြီ ဖြစ်၏။ အထူးသဖြင့် လျှပ်စီးမိုးကြိုးကို အဓိက နှိမ်နင်းနိုင်သော တစ်ခုတည်းသော ဒူးလေးက သူ့လက်ထဲမှ ထွက်ခွာသွားသည့် အချိန်တွင် သူ၏ စိတ်ထဲ၌ ပို၍ပင် စိုးရိမ် ထိတ်လန့်လာခဲ့သည်။

"ရပါပြီဗျာ ...။"

ဟုန်ရှောင်ပေါင်က ဒူးလေးကို ဟိုဒီ ချိန်ရွယ်ကြည့်ရင်း ပြောလိုက်၏။ "ခွေးတူဝက်တူကြီး ... သွား ...။ သွားပြီး ဒီ မျောက်တွေကို အကုန် မောင်းထုတ်ပစ်လိုက် ...။"

ဝူး။

ထိပ်ဖြူ ခွေးတူဝက်တူကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အရှိန်ပြင်းပြင်းဖြင့် ခုန်ပျံ ထွက်ခွာသွားခဲ့၏။

ကြေးမျောက်ဝံများမှာ ခွေးတူဝက်တူကြီး၏ ကြီးမားသော ခွန်အားကို စောစောစီးစီးတည်းက မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ အဘယ်မှာ ခုခံရဲသော သတ္တိ ရှိပါတော့မည်နည်း။ အားလုံးက ဖရိုဖရဲ ထွက်ပြေးကြတော့၏။

ခွေးတူဝက်တူကြီးကလည်း အကြိမ်အနည်းငယ် လူးလာ ခေါက်တုံ့ တိုက်ခိုက် မောင်းထုတ်လိုက်ရာ၊ ကြေးမျောက်ဝံများ လျင်မြန်စွာပင် လူစု ကွဲသွားကြသည်။

All Chapters