← Chapters

အခန်း ၁၇၁

Vol. 15 Ch. 171

အခန်း ၁၇၁

Vol. 15 Ch. 171

အပိုင်း (၁၇၁) လာခဲ့စမ်း။

သို့သော်ငြား နောက်တစ်ခဏတွင် သူတို့ သုံးဦးလုံး ကြောင်အသွားခဲ့ကြသည်။

ဘုန်း

ရွှေမျောက်ဝံနှင့် ဟုန်ရှောင်ပေါင်တို့၏ လက်သီးများမှာ အားပြင်းပြင်းဖြင့် ဝင်တိုက်မိသွားကြ၏။ ထင်မှတ်မထားသည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ လက်သီးတစ်ချက်တည်းဖြင့်ပင် ရွှေမျောက်ဝံ၏ လက်သီးမှာ ဟုန်ရှောင်ပေါင်၏ ထိုးနှက်မှုကြောင့် အနောက်သို့ လွင့်ထွက်သွားခဲ့၏။

ဟုန်ရှောင်ပေါင်က အော်ဟစ် ရယ်မောလိုက်သည်။ တစ်လှမ်းတိုးဝင်လိုက်ပြီး လက်သီးနှစ်ဖက်လုံးကို တစ်ပြိုင်နက် ထုတ်ဖော်ကာ ရွှေမျောက်ဝံ၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ထိုးနှက်လိုက်၏။

ဘုန်း

ကျယ်လောင်သည့် အသံကြီးတစ်သံနှင့်အတူ ရွှေမျောက်ဝံ၏ ရင်ဘတ်မှာ ချက်ချင်း ချိုင့်ဝင်သွားခဲ့၏။ နောက်တစ်ခဏတွင်တော့ ကြိုးပြတ်သွားသည့် စွန်တစ်ကောင်ကဲ့သို့ အနောက်သို့ လွင့်ထွက် သွားခဲ့တော့သည်။

ကွမ်းထျန်းချိုင်၊ နိမ့်ရန်နှင့် လော်မင်ကျဲတို့မှာ ပါးစပ်ကြီးများ အဟောင်းသား ပွင့်သွားကြ၏။ တဖြည်းဖြည်း ပိုမို ကျယ်လောင်စွာ ပွင့်ဟလာခဲ့သည်။ လွင့်ထွက်သွားသည့် ရွှေမျောက်ဝံကို အရူးတစ်ယောက်ကဲ့သို့ ငေးကြောင် ကြည့်ရှုနေကြ၏။

ထိတ်လန့် အံ့ဩမှုအားလုံးက စကားလုံးများအဖြစ် စုစည်း ပြောင်းလဲသွားခဲ့သည်။ "ဘယ်လိုလုပ်ပြီး ... ဖြစ်နိုင်မှာလဲ ...။"

အလွန်အမင်း အံ့အားသင့်ဆုံးသူမှာ ကွမ်းထျန်းချိုင်ပင် ဖြစ်ပေ၏။ လက္ခဏာရပ် အသွယ်သွယ်က သူ့ကို ဟုန်ရှောင်ပေါင်သည် ဗဟုသုတမရှိသည့် အသုံးမကျသော မိသားစုကြီးမှ သခင်လေးတစ်ဦးဟု ထင်မှတ်စေခဲ့သည်။ အစွမ်းအစမှာလည်း လွန်စွာ နိမ့်ကျလိမ့်မည်ဟု သတ်မှတ်ထားစေခဲ့၏။

သို့သော်ငြား စောစောလေးကပင် ဟုန်ရှောင်ပေါင်သည် ရွှေမျောက်ဝံတစ်ကောင်ကို လက်သီးတစ်ချက်တည်းဖြင့် လွင့်ထွက်သွားအောင် ထိုးနှက်ခဲ့သည် မဟုတ်ပါလား။ ထိုအရာက ကြေးမျောက်ဝံများ၏ ဘုရင်ပင် ဖြစ်သည်။ အစစ်အမှန် အဆင့်သုံး မိစ္ဆာသားရဲကြီး ဖြစ်၏။ ဟုန်ရှောင်ပေါင်ကမူ အဆင့်နှစ် ကျင့်ကြံသူလေး တစ်ဦးမျှသာ ဖြစ်သည် မဟုတ်ပါလား။ ဤသည်က မည်မျှလောက် ထိတ်လန့်ဖွယ်ကောင်းသော ပါရမီရှင်နည်း။

ကွမ်းထျန်းချိုင်သည် လုံးဝ ကြက်သေ သေသွားခဲ့ပြီဖြစ်၏။ အသုံးမကျသူ တစ်ယောက်မှသည် အံ့မခန်း ပါရမီရှင်တစ်ဦး အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုမျှမက သူတို့နှစ်ဦးအကြားရှိ ခန္ဓာကိုယ် အရွယ်အစား ကွာခြားချက် က ကလေးငယ်တစ်ဦးနှင့် လူသန်ကြီးတစ်ဦး ရင်ဆိုင်ရသကဲ့သို့ ဖြစ်နေ၏။

သို့သော်ငြား မည်သည့် သံသယမျှ မရှိလောက်အောင် ပြီးဆုံးသွားသင့်သည့် ဤတိုက်ပွဲတွင် ရွှေမျောက်ဝံက ဟုန်ရှောင်ပေါင်၏ လက်သီးတစ်ချက်တည်းဖြင့် လွင့်ထွက်သွားခဲ့ရသည်။ ဤမျှ ပြင်းထန်လွန်းသည့် ကွာခြားချက် က သူ့ကို ယခုထက်တိုင် သတိပြန်မဝင်နိုင်အောင် ဖြစ်စေခဲ့သည်။

"ဟား ဟား ... ထိုးတာကို ကြည့်ထားစမ်း။" ဟုန်ရှောင်ပေါင်က အော်ဟစ် ရယ်မောလျက် နောက်တစ်ကြိမ် ခုန်အုပ်သွားပြန်၏။

စောစောက ထိုးနှက်လိုက်သည့် ပြင်းထန်သော လက်သီးချက်က ရဲတိုက်တံခါးဖြို တုံးကြီးဖြင့် ရင်ဘတ်ကို ထိုးနှက်လိုက်သကဲ့သို့ ဖြစ်သွားစေခဲ့၏။ ရွှေမျောက်ဝံ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ယခုအခါ တစ်စစီ ပြိုကွဲထွက်တော့မည့်အတိုင်း ဖြစ်နေပြီဖြစ်သည်။

ဟုန်ရှောင်ပေါင် နောက်တစ်ကြိမ် ခုန်အုပ်လာသည်ကို မြင်လိုက်ရသည့်အခါ ၎င်းသည် ကြီးမားလှသော ခွန်အားကွာဟချက်ကို သတိပြုမိသွားခဲ့ပြီဖြစ်၏။ သို့သော်ငြား ရေရှည် တည်ရှိခဲ့သည့် ဘုရင်တစ်ပါး၏ မာနတရား က သူ၏ စိတ်ထဲရှိ အနည်းငယ်သော ကြောက်ရွံ့မှုကို ခြေမှုန်း ဖျက်ဆီးပစ်လိုက်၏။

ဝူး ….။

ရွှေမျောက်ဝံက ရင်ဘတ်ကို ဘုန်းခနဲ နှစ်ချက် ထုရိုက်လိုက်၏။ ရူးသွပ်စွာ အော်မြည်လျက် ဆီးကြို တိုက်ခိုက်လိုက်သည်။

လက်သီးနှင့် လက်သီး

အထိရောက်ဆုံးသော တိုက်ရိုက် ရင်ဆိုင်မှုပင် ဖြစ်၏။

ဘုန်း

ကျယ်လောင်သည့် အသံကြီးတစ်သံနှင့်အတူ ရွှေမျောက်ဝံ၏ ခန္ဓာကိုယ်မှာ နောက်သို့ ဒုန်းခနဲ နှစ်လှမ်း ဆုတ်ခွာသွားရသည်။

ဟုန်ရှောင်ပေါင်၏ ခန္ဓာကိုယ်မှာမူ မြေပြင်ပေါ်တွင် တည်ငြိမ်စွာ ရပ်တည်နေခဲ့သည်။ နောက်တစ်ခဏတွင် ဟုန်ရှောင်ပေါင်က အော်ဟစ် ရယ်မောလိုက်ပြီး ရှေ့သို့ နှစ်လှမ်း တိုးဝင်လိုက်၏။ ညာလက်သီးကို နောက်သို့ ဆွဲယူပြီးနောက် နောက်တစ်ကြိမ် အားရပါးရ ထိုးနှက်လိုက်သည်။ အလျင်နှုန်းက လွန်စွာ မြန်ဆန်လွန်းလှ၏။

ရွှေမျောက်ဝံမှာ ယိမ်းယိုင်နေမှုမှပင် ဟန်ချက်ပြန်မထိန်းနိုင်သေးချေ။ ထို့ကြောင့် အလျင်စလိုသာ ပြန်လည် ခုခံလိုက်ရသည်။

ဘုန်း

လက်သီးနှစ်ဖက်မှာ နောက်တစ်ကြိမ် အားပြင်းပြင်းဖြင့် ဝင်တိုက်မိသွားကြပြန်၏။ ဤတစ်ကြိမ်တွင် ရွှေမျောက်ဝံမှာ ပိုမို ပြင်းထန်စွာ ယိမ်းယိုင်သွားခဲ့ရ၏။

ဟုန်ရှောင်ပေါင်က ဤအခွင့်အရေးကို မည်သို့မျှ လက်လွှတ်ခံမည် မဟုတ်ချေ။ သူက ရူးသွပ်စွာ အော်ကြွေးလျက် နောက်တစ်ကြိမ် ခုန်အုပ်သွားပြီး လက်သီးနှစ်ဖက်လုံးကို တစ်ပြိုင်နက် ထိုးနှက်လိုက်သည်။

ဘုန်း

လက်သီးနှစ်ဖက်က ရွှေမျောက်ဝံ၏ ရင်ဘတ်ကို ထိမှန်သွားသည့်အချိန်တွင် ဟုန်ရှောင်ပေါင်၏ လက်မှ ဧရာမ ခွန်အားများက ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ ကြီးမားလှသည့် အရှိန်အဝါက ရွှေမျောက်ဝံ၏ ရင်ဘတ်ကို ထိထိမိမိ ထိုးနှက်သွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် ကြီးမားသော ချိုင့်ခွက်ကြီးနှစ်ခု ပေါ်ပေါက်လာခဲ့၏။

ရွှေမျောက်ဝံ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာလည်း ကြိုးပြတ်သွားသည့် စွန်တစ်ကောင်ကဲ့သို့ အနောက်သို့ လွင့်ထွက်သွားခဲ့သည်။ ဘုန်းခနဲ အသံအနည်းငယ်နှင့်အတူ မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် ပြန်ကန်သွားခဲ့၏။ ထို့နောက်မှသာ သစ်ပင်ကြီးတစ်ပင်နှင့် ဝင်တိုက်မိပြီး ရပ်တန့်သွားခဲ့သည်။

တရှဲရှဲ အသံများနှင့်အတူ သစ်ပင်ပေါ်မှ သစ်ရွက်အမြောက်အမြား ကျဆင်းလာခဲ့၏။

ပြောရလျှင် ကြာရှည်သည်ဟု ထင်ရသည်။ သို့သော်ငြား ဤလှုပ်ရှားမှုများမှာ ထွက်သက်ဝင်သက် အနည်းငယ်အတွင်း ဖြစ်ပျက်သွားခဲ့သည့် ကိစ္စရပ်များသာ ဖြစ်၏။ ထွက်သက်ဝင်သက် အနည်းငယ်အတွင်းမှာပင် ရွှေမျောက်ဝံသည် မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့ရပြီဖြစ်သည်။

ကွမ်းထျန်းချိုင်တို့အုပ်စုမှာ လုံးဝကို ကြက်သေ သေနေကြပြီဖြစ်၏။ ဤမြင်ကွင်းက သူတို့ မည်သို့မျှ စိတ်ကူးယဉ်၍ မရနိုင်သည့် အရာတစ်ခု ဖြစ်၏။

ဝူး …။

ရွှေမျောက်ဝံက ယိမ်းယိုင်စွာဖြင့် ထရပ်လိုက်၏။ သူက ဟုန်ရှောင်ပေါင်ဆီသို့ အစွမ်းကုန် အော်ဟစ်လိုက်သည်။

"အို … မင်း ... မင်းက မကျေနပ်သေးဘူးလား။"

ဟုန်ရှောင်ပေါင်က အလွန် ရွှင်မြူးသွားပြီး လက်ခုပ်တီးကာ ပြောလိုက်၏။ "လာစမ်းပါ ... ဒီနေ့ မင်းကို သေချာပေါက် အပြတ်အသတ် ဆုံးမပေးမယ်။"

ရွှေမျောက်ဝံက ကောင်းကင်သို့မော့ကာ ဒေါသတကြီး ကြုံးဝါးလိုက်၏။ ရူးသွပ် ကြမ်းကြုတ်သော အော်မြည်သံ နှင့်အတူ သူ၏ ရင်ဘတ်ကို ဘုန်း ဘုန်း ဘုန်း ဘုန်း ထုရိုက်နေခဲ့သည်။ ကြည့်ရသည်မှာ အတော်လေး ဟန်ပါပုံရသည်။

"မဆိုးဘူး ... မဆိုးဘူး။ အရှိန်အဝါကတော့ အပြည့်ပဲ။" ဟုန်ရှောင်ပေါင်က ရယ်မောလိုက်၏။

သူ၏ ရယ်မောသံပင် မဆုံးသေးချေ။ ရွှေမျောက်ဝံက နောက်တစ်ကြိမ် ခုန်အုပ်လာခဲ့ပြီဖြစ်သည်။ ဟုန်ရှောင်ပေါင်က ရှောင်တိမ်းခြင်း မရှိချေ။ သူကလည်း ရွှေမျောက်ဝံ၏ ပုံစံအတိုင်း ရူးသွပ်စွာ ကြုံးဝါးလျက် သူ၏ ရင်ဘတ်ကို ထုရိုက်ကာ ဆီးကြို တိုက်ခိုက်လိုက်သည်။

ဘုန်း

ဆင်ကြီးနှစ်ကောင် ဝင်တိုက်မိသကဲ့သို့ ဖြစ်သွားခဲ့၏။

သူတို့နှစ်ဦးမှာ နောက်တစ်ကြိမ် အားပြင်းပြင်းဖြင့် ဝင်တိုက်မိသွားကြပြန်သည်။ ဟုန်ရှောင်ပေါင်က မလှုပ်ရှားချေ။ ရွှေမျောက်ဝံမှာမူ တိုက်မိသည့်အရှိန်ကြောင့် ယိမ်းယိုင်သွားပြီး နောက်သို့ ဒုန်းခနဲ ဆုတ်ခွာသွားရသည်။

ဤတစ်ကြိမ်တွင် ဟုန်ရှောင်ပေါင်က ပွဲသိမ်းရန် ဆုံးဖြတ်လိုက်သည်။ ကိုယ်ကို ယိမ်းကာ လိုက်ပါသွားပြီး လက်ဝါးကို လှည့်၍ လက်သီးဆုပ်အဖြစ် ပြောင်းလဲလိုက်၏။ ထို့နောက် ရွှေမျောက်ဝံ၏ ရင်ဘတ်ကို အားရပါးရ ထိုးနှက်လိုက်၏။

ဘုန်း

ရွှေမျောက်ဝံ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားခဲ့၏။ ဟုန်ရှောင်ပေါင်က ရင်ဘတ်မှ ပြန်ကန်ထွက်လာသည့် ခွန်အားကို အသုံးပြုကာ နောက်တစ်ချက် ထပ်မံ ထိုးနှက်လိုက်သည်။

ဘုန်း

ဖူး

ရွှေမျောက်ဝံက သွေးများ တစ်လုတ်ကြီး အန်ထုတ်လိုက်ရ၏။ ထိုအချိန်တွင် ဟုန်ရှောင်ပေါင်၏ တတိယမြောက် လက်သီးချက်က ရောက်ရှိလာခဲ့၏။

ဘုန်း

တတိယမြောက် လက်သီးချက်

ဘုန်း

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံနှင့်အတူ လက်သီးသုံးချက် ထပ်တူကျသွားသည့် ဧရာမ ခွန်အားကြီးက ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။ စောစောက ရွှေမျောက်ဝံ၏ ခန္ဓာကိုယ်မှာ ကြိုးပြတ်သွားသည့် စွန်တစ်ကောင်ကဲ့သို့ ဖြစ်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ လေးညှို့မှ ထွက်ခွာသွားသည့် မြှားတစ်စင်းကဲ့သို့ ဖြစ်သွားခဲ့သည်။ ရွှေရောင် အရိပ်တစ်ခု လင်းလက်သွားရုံဖြင့် ပျောက်ကွယ်သွားခဲ့၏။

ဘုန်း

ဘုန်း

ထို့နောက်တွင်တော့ အလွန်အမင်း ပြင်းထန်လှသည့် ကျယ်လောင်သော ပေါက်ကွဲသံကြီး နှစ်သံ ထွက်ပေါ်လာခဲ့၏။

လူတိုင်းက သေချာ စိုက်ကြည့်လိုက်ကြသည်။ ထိုအခါ ကျိုးပဲ့သွားသည့် သစ်ပင်တစ်ပင် တဖြည်းဖြည်း လဲကျလာသည်ကို မြင်တွေ့လိုက်ရသည်။

ရွှေမျောက်ဝံ၏ ခန္ဓာကိုယ်မှာမူ ဒုတိယမြောက် သစ်ပင်ကြီး၏အတွင်း၌ နစ်မြုပ် ကပ်ငြိနေခဲ့သည်။ မရေမတွက်နိုင်သော သစ်သားဆူးအမြောက်အမြားက သူ၏ အရေပြားနှင့် အသားများထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေခဲ့၏။

"ကောင်းကင်ဘုံ …." နိမ့်ရန်က တဝေါဝေါ လဲကျလာသည့် ထိုသစ်ပင်ကြီးကို ကြောင်ငေးစွာ စိုက်ကြည့်နေခဲ့၏။

အတန်ကြာမှသာ စကားတစ်ခွန်း ထပ်ထွက်လာခဲ့ပြန်သည်။ "ကောင်းကင်ဘုံ ...။"

ဝုန်း

သစ်ပင်ကြီးမှာ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ လဲကျသွားခဲ့၏။ မြက်ခင်းနှင့် ရွှံ့စိုင်အခဲ အမြောက်အမြားကို လွင့်စဉ်သွားစေခဲ့သည်။

"ကောင်းကင်ဘုံ"

ဟုန်ရှောင်ပေါင်သည်လည်း လက်သီးထိုးသည့် ကိုင်ဟန်အတိုင်း ရပ်တည်နေဆဲပင် ဖြစ်၏။ အမှန်အတိုင်း ပြောရလျှင် ဤခွန်အားကြီးကြောင့် သူကိုယ်တိုင်ပင် ထိတ်လန့်သွားခဲ့ရသည်။ အတန်ကြာမှသာ သူက အသိစိတ် ပြန်လည် ဝင်ရောက်လာခဲ့၏။

သူက မေးလိုက်သည်။ "အဘိုး ... ခုနက ကျုပ် လက်သီးသုံးချက်ကို တစ်ချက်တည်း ပေါင်းလိုက်နိုင်တာလား။ လေမုန်တိုင်းတူသိုင်းကို လက်သီးနဲ့လည်း သုံးလို့ ရတာလား။"

"ဘာဖြစ်ရအုံးမှာလဲ။"

ယင်းကျိုယိုက အရူးတစ်ယောက်ကို ကြည့်သည့် မျက်လုံးမျိုးဖြင့် ဟုန်ရှောင်ပေါင်ကို ကြည့်လိုက်၏။ "ဓားသိုင်းဆိုတာ ဓားကိုင်ပြီးမှ သုံးလို့ ရတာလား။ လှံသိုင်းဆိုတာ လှံကိုင်ပြီးမှ သုံးလို့ ရတာလား။"

"အင်း ... ပြောတာတော့ အဓိပ္ပာယ် ရှိသားပဲ။"

ဟုန်ရှောင်ပေါင်မှာ ချက်ချင်း စကားမပြောနိုင်အောင် ဖြစ်သွားခဲ့၏။ သို့ပေမည့် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားခဲ့၏။ "အဘိုး ... ကြည့်စမ်း။ ကျုပ်က လက်သီးသုံးချက် ပေါင်းသိုင်းကို တတ်သွားပြီဗျ။ ကျုပ် အဲ့ဒီ လေးကျန်လျှပ်စီးပြာကို သွားရှင်းလို့ ရပြီ မဟုတ်လား။"

All Chapters