← Chapters

အခန်း ၁၃၄၀

Vol. 90 Ch. 1340

အခန်း ၁၃၄၀

Vol. 90 Ch. 1340

အခန်း (၁၃၄၀) ကံကြမ္မာမထိတွေ့နိုင်သည့် လွန်မြောက်ခြင်းအဆင့်

"လွန်မြောက်ခြင်း..."

စာအုပ်လောင်ကျွမ်းသွားသည်ကိုကြည့်ရင်း လုပ်ကြံသူစိတ်ထဲတွင် ဝေးကွာသည့် ရှေးဟောင်းအတိတ်မှ အဖြစ်အပျက်များကို ပြန်တွေးမိသည်။

လွန်မြောက်ခြင်းအဆင့်သို့ ရောက်ပြီးနောက် သူ့ဖြစ်တည်မှုက ကြောင်းကျိုးဆက်စပ်မှုအားလုံး ကျော်လွန်နိုင်ခဲ့သည်။ သူ့စကား သူ့လုပ်ရပ်များအပေါ် ကံကြမ္မာမသက်ရောက်။

ဘယ်သူနှင့်မှမကပ်ငြိ၊ ဘယ်သူမှသတိမထားမိ။ သူဆန္ဒရှိရာလုပ်နိုင်သည်။

ကိုယ်ပွားထောင်ချီဖန်တီး၍ ဘဝအတွေအကြုံမျိုးစုံ ခံစားနိုင်သည်။ မျိုးနွယ်စုတစ်ခု၏ ခေါင်းဆောင်အနေဖြင့် နှစ်ရာချီအုပ်ချုပ်ပြီး ထိုမျိုးနွယ်ကို တစ်ခြားမျိုးနွယ်များထက် ပိုတိုးတက်မြင့်မားအောင် ဦးဆောင်နိုင်သည်။

ဂိုဏ်းမဲ့ကျင့်ကြံသူတစ်ယောက်အနေဖြင့် မိတ်ဆွေများကို ဝိုင်အတူသောက်ရင်း နှစ်ထောင်ချီကြာအောင် လွတ်လပ်ပေါ့ပါးစွာ နေနိုင်သည်။ သူ့စိတ်ကြိုက်နေထိုင်ပြီး ငြီးငွေ့လာလျှင် အစရှာမရအောင် ကိုယ်ယောင်ဖျောက်နိုင်သည်။

သူလုပ်ခဲ့သည့် အဖြစ်အပျက်များကို လောကကြီးက သူ့ဘာသာအဆင်ပြေအောင် ပြုပြင်လိမ့်မည်။

မျိုးနွယ်စု၏မှတ်ဉာဏ်တွင် သူတို့ခေါင်းဆောင်က တစ်ခြားတစ်ယောက်ဖြစ်လာမည်။ ဂိုဏ်းမဲ့ကျင့်ကြံသူမိတ်ဆွေများကလည်း သူ့အကြောင်းလုံးဝမှတ်မိတော့မည်မဟုတ်။ သူ့အတိတ်အကြောင်းကို တစ်ခြားပုံစံတစ်မျိုးဖြင့် မှတ်မိနေကြလိမ့်မည်။

ဇနီးမယားများစွာရှိခဲ့သည်။ သားသမီးများစွာ မွေးဖွားခဲ့သည်။ ထိုလုပ်ရပ်များအတွက် သူတာဝန်ယူစရာမလို။

စည်းမျဉ်းကလနား ထားစရာမလို။ သူ့ဆန္ဒအတိုင်း စိတ်ကြိုက်လုပ်နိုင်သည်။ မကောင်းမှုများကို အထိန်းအကွပ်မရှိ လုပ်နိုင်သည်။ ထိုလုပ်ရပ်များကိုလည်း သူတာဝန်ယူစရာမလို။

"ဒါဟာ တကယ့်မသေမျိုးအစစ်ပဲ။ ဘယ်အရာနဲ့မှ နှောင်ဖွဲ့မထားဘူး"

ရှေးဟောင်းမသေမျိုးငါးယောက် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။ သူသိပ်အရေးမစိုက်ခဲ့။

မသေမျိုးများ ပေါ်လာသည်ကို ဘာအရေးစိုက်စရာလိုမည်နည်း။ နောက်ဆုံးတွင် သူ့လို ကံကြမ္မာနှောင်ဖွဲ့မှုကင်းသည့် လွန်မြောက်ခြင်းအဆင့် ရောက်လာမည်။ သူ့ဖြစ်တည်မှုအပေါ် သက်ရောက်မှုမရှိ။

သို့သော် သူလုံးဝအံ့ဩခဲ့ရသည်။ မသေမျိုးအဆင့်အထက်တွင် လမ်းကြောင်းတစ်ခုမကရှိနေသည်။ လွန်မြောက်ခြင်းအဆင့်သာမဟုတ်။ လွှမ်းခြုံခြင်းအဆင့်လည်းရှိသည်။

သူ့အပေါ်ထိခိုက်လာမည့်အဖြစ်ကို ရှောင်ရှားနိုင်ရန် နတ်မယ်အဆင့်တက်နေချိန်တွင် သူတိုက်ခိုက်ခဲ့သည်။ ပုံမှန်အတိုင်း ပြန်ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သူ့လုပ်ရပ်များက ကြောင်းကျိုးဆက်စပ်မှုဖြစ်မလာနိုင်သလို လူအားလုံးကလည်း နတ်မယ်အကြောင်းမေ့သွားလိမ့်မည်ဟု ထင်ခဲ့သည်။

သာမန်မသေမျိုးများသည် သူနှင့်ကြောင်းကျိုးဆက်စပ်မှု ငြိတွယ်နိုင်မည်မဟုတ်။ ဥပမာ မီးနိုင်ငံခေတ်တွင် အချိန်မသေမျိုးကို သူလုပ်ကြံခဲ့သည်။ သို့သော် ချီလင်စိတ်ထဲတွင် သူကိုယ်တိုင် အချိန်မသေမျိုးကို သတ်ခဲ့သည်ဟူသည့်မှတ်ဉာဏ် အလိုလိုပေါ်လာသည်။

သူကြောင့်ဖြစ်လာသည့် ကံကြမ္မာနှောင်ကြိုးက ချီလင်အပေါ် ပြောင်းသွားခြင်းဖြစ်သည်။

သို့သော် သူပစ်မှတ်ထားခဲ့သူက နတ်မယ်ဖြစ်နေသည်။

သိပ်မကြာမီ နတ်မယ်သည် လွှမ်းခြုံခြင်းတစ်ဝက်အဆင့်ဖြစ်ကြောင်း သူနားလည်လာသည်။ ကြောင်းကျိုးကံကြမ္မာစွမ်းအားက ခိုင်မာလွန်းသဖြင့် အပြည့်အဝဖျောက်ဖျက်၍မရ။ လူအများက နတ်မယ်အကြောင်း မေ့သွားသော်လည်း ရှေးဟောင်းမသေမျိုးလေးယောက်က မမေ့ကြ။

"အဲဒီတုန်းက လွှမ်းခြုံခြင်းအဆင့်အကြောင်း သိပ်နားမလည်ခဲ့ဘူး"

လုပ်ကြံသူ သက်ပြင်းချသည်။ မည်သို့ဆိုစေ ထိုအဆင့်သည် သူတစ်ခါမှမကြုံဖူးသည့် အဆင့်ဖြစ်သည်။ ထိုအဆင့်အကြောင်း ပိုသိခဲ့လျှင် နတ်မယ်ကိုရှင်းပစ်ဖို့ ထိုသို့တိုက်ရိုက်မလှုပ်ရှားဘဲ တစ်ခြားနည်းလမ်းတစ်ခု ရွေးချယ်ခဲ့မည်သာဖြစ်သည်။

နှစ်လေးသိန်းကုန်လွန်ခဲ့ပြီဖြစ်သည်။ လွှမ်းခြုံခြင်းအဆင့်အကြောင်း အပြည့်အဝနီးပါး သူနားလည်လာသည်။ ဤမျိုးဆက်တွင် ထိုအဆင့်သို့တက်ပြီး သူ့အကြောင်းဖော်ထုတ်မည့်လူ တစ်ယောက်မှမရှိကြောင်း သိသည်။

"လုယန်က ကြောင်းကျိုးဆက်နွယ်မှုရှုပ်ထွေးပြီး သူ့လုပ်ရပ်တိုင်း လောကအပေါ်သက်ရောက်မှုရှိပေမယ့် သူ့ဇစ်မြစ်အရိယဖလက ကံကြမ္မာဖျက်ဗီဇလက္ခဏာမျိုးပဲ။ လွှမ်းခြုံခြင်းအဆင့် ဖြစ်မလာနိုင်ဘူး။

နတ်မယ်က ထာဝရအရိယဖလပိုင်ဆိုင်ပြီး အဆင့်တက်ဖူးပေမယ့် သူအဆင့်တက်တဲ့ဖြစ်စဉ်ကို ငါဖျက်ဆီးခဲ့တယ်။ စုစည်းထားတဲ့ ကံကြမ္မစွမ်းအားတွေက လောကကြီးရဲ့မှတ်ဉာဏ်နဲ့အတူ အများကြီးပျောက်ကွယ်သွားပြီ။

ပြန်ရှင်သန်လာပြီးနောက်ပိုင်း လုယန်ရဲ့သိစိတ်နယ်မြေကိုပဲ မှီခိုနေရတယ်။ အဲဒီအချိန်အတွင်းပေါ်လာတဲ့ ကံကြမ္မာဆက်စပ်မှုအားလုံး လုယန်အပေါ်ရောက်သွားတယ်။ လွှမ်းခြုံခြင်းအဆင့်ကို သူတက်နိုင်ဖို့ ခဲယဉ်းတယ်"

မည်သို့ဆိုစေ သူလည်း လွှမ်းခြုံခြင်းအဆင့်သို့ မပြောင်းနိုင်။ လွန်မြောက်ခြင်းလမ်းစဉ်ကို ရွေးချယ်ခဲ့ပြီးဖြစ်သည်။ လွှမ်းခြုံခြင်းအဆင့်ရောက်လိုလျှင် ကျင့်စဉ်အခြေခံကိုဖျက်ဆီးပြီး အောက်ခြေမှပြန်စရမည်။

.....

လုယန်တို့လေးယောက် ဗီလာသို့ ပြန်ရောက်ပြီး သုံးလေးရက်ကြာမှ ကြယ်ပြာပေါ်တွင် ဝိညာဉ်စွမ်းအင်ပြန်ရလာသည့်အဖြစ်ကို သတိထားမိသည်။

နိုင်ငံ့ထိပ်သီးများက ရှားဟဲဆီ ရောက်လာပြီး အခုရက်ပိုင်း ထူးဆန်းသည့်စွမ်းအင်တစ်မျိုး ပေါ်လာကြောင်း သတင်းပေးသည်။ နာမည်ကျော်လမ်းမှန်ဂိုဏ်းများဖြစ်သည့် ကျန်းယိဂိုဏ်းနှင့် ကျားနဂါးတောင်တန်း၏စကားအရ ထိုစွမ်းအင်ကို ဝိညာဉ်စွမ်းအင်ဟု ခေါ်သည်။

အဆိပ်အားလုံးကို ခုခံနိုင်အောင် ရောဂါအားလုံး ကုသနိုင်အောင် ကျင့်ကြံရာတွင် အသုံးပြုနိုင်သည်ဟု ပြောသည်။ ရှားဟဲရောဂါကို ကုသနိုင်ခြေရှိသည်။

"သတင်းကောင်းပဲ"

ရှားဟဲ ဟန်မပျက်ပြောသည်။

ထိုနိုင်ငံ့ထိပ်သီးများသည် ဤသတင်းကောင်းကို လာပြောရုံသာမက လုယန်ကိုလည်း တွေ့ချင်၍ဖြစ်ကြောင်း သူရိပ်မိသည်။ ကြယ်ပြာတွင် လုယန်၏သမိုင်းကြောင်းက အထူးထင်ရှားသည်။ တစ်ချိန်က ကြယ်ပြာအုပ်ချုပ်သူဖြစ်ပြီး ရှားဟဲထက်ပိုအဆင့်အတန်းမြင့်သည်။

လက်ရှိခေါင်းဆောင်များနှင့်တွေ့ဆုံလျှင် နည်းနည်းအနေခက်ကြမည်စိုး၍ သူထွက်မတွေ့။

ကြယ်ပြာထိပ်သီးများ၏အာရုံက စားပွဲပေါ်မှ သစ်သီးပန်းကန်ဆီ အလိုလိုရောက်သွားသည်။ သူတို့အဆင့်တွေ့ဆုံပွဲများတွင် ထိုသစ်သီးပန်းကန်မျိုးက အဆင်တန်ဆာမျှသာဖြစ်သည်။

သို့သော် ဤသစ်သီးများက နည်းနည်း 'မွှေး'နေသလို ခံစားရသည်။

သစ်သီးနံ့မဟုတ်။ စိတ်ဝိညာဉ်အတွင်းပိုင်းမှ ခံစားမိသည့် အနံ့အာရုံမျိုးဖြစ်သည်။

ထိပ်သီးတစ်ယောက်က သွားကြားထိုးတံဖြင့် သစ်သီးစိတ်တစ်ခုကို ထိုးကော်ယူ၍ မြည်းကြည့်တသည်။ တစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရသည်။ လူအိုရောဂါများ အလိုလိုပျောက်ကင်းသွားသည်။

ထိုသစ်သီးများကို ဂျင်နရယ်လု ယူလာခြင်းလော။

ရှေးဒဏ္ဍာရီပုံပြင်များထဲမှ သက်ရှည်မက်မွန်သီးအကြောင်း သူတွေးမိသည်။ ကျန်းယိဂိုဏ်းမှ ကောင်းကင်သခင်ဘိုးဘေး တစ်ခါပြောဖူးသည်။ ဒဏ္ဍာရီထဲမှ ရှားပါးရတနာတိုင်း ဒဏ္ဍာရီသက်သက်မဟုတ်။ တစ်ချိန်က တကယ်ရှိခဲ့သည်။

ဓမ္မဆုတ်ကပ်ရောက်လာ၍သာ ပျောက်ကွယ်သွားခြင်းဖြစ်သည်။

မဒမ်ရှားသည် ဤသစ်သီးများ၏အာနိသင်ကို သတိမထားမိပဲ နေမည်မဟုတ်။ သူတကယ်သက်တမ်းကုန်ခါနီး ဖြစ်နေခြင်းလော။

ကြယ်ပြာထိပ်သီးများ ထွက်သွားပြီးနောက် လုယန်ပေါ်လာသည်။

"ကျန်းယိဂိုဏ်းလို အဖွဲ့အစည်းတွေက ဝိညာဉ်စွမ်းအင်အကြောင်း အတော်သိထားတာပဲ။ သူတို့လက်ထဲမှာ ရှေးဟောင်းကျမ်းစာတွေရှိနေလို့ဖြစ်မယ်"

လုယန်ပြုံး၍ ပြောသည်။ ဝိညာဉ်စွမ်းအင်ပြန်ရလာခြင်းသည် ကြယ်ပြာအတွက် ကောင်းသည့်ကိစ္စဖြစ်သည်။

အစက ကျင့်ကြံမှုလောကနှင့် ကြယ်ပြာကြားတွင် လေဟာနယ်ဂိတ်တံခါးတစ်ခု တည်ဆောက်ဖို့ သူစိတ်ကူးခဲ့သည်။ သို့သော်ကြယ်ပြာ၏ လက်ရှိအခြေအနေအရ အချိန်ခဏလောက် ကိုယ့်ဘာသာတိုးတက်အောင် ကြိုးစားစေသည်က ပိုကောင်းသည်။

"ကြယ်ပြာကို ငါတွန်းအားနည်းနည်းပေးရမယ်"

ယခု ဝိညာဉ်စွမ်းအင်ပြန်ရလာသည်။ အစိုးရအပါအင် အားလုံးက အသစ်စတင်သည့်အနေအထားဖြစ်သည်။ ဝိညာဉ်စွမ်းအင်ပြန်ပေါ်လာစအချိန်ကာလတွင် ပြဿနာများလည်း ရှိလာနိုင်သည်။

ကျင့်ကြံသူများက သိပ်ကိစ္စမရှိ။ ကျင့်စဉ်အဆင့်နိမ့်သူများက သိပ်ပြဿနာရှာကြမည်မဟုတ်။ ပြဿနာက ပြန့်ကျဲနေသည့် ဝိညာဉ်ရတနာများဖြစ်သည်။ ထိပ်တန်းလက်နက်ဟု သတ်မှတ်နိုင်သည်။ အစိုးရ၏ လက်ရှိစွမ်းရည်အရ ထိုပြဿနာကို ဖြေရှင်းနိုင်ဖို့ခက်သည်။

အမိမြေတွင် ခဏဆက်နေပြီး အစပျိုးအဆင့်ကို ဖြတ်ကျော်နိုင်အောင် ကြယ်ပြာကိုကူညီဖို့ ဆုံးဖြတ်သည်။

"နင်ဘာလုပ်ဖို့ စီစဉ်ထားလဲ။ ငါကဘာလုပ်ပေးရမှာလဲ"

"ဝိညာဉ်စွမ်းအင်အသုံးပြုနည်း အခြေခံနည်းလမ်းတွေနဲ့ ဝိညာဉ်မြစ်စမ်းသပ်နည်းတွေ စာအုပ်ပြုစုရမယ်။ ပြီးရင် ထိပ်တန်းအရာရှိတွေကို ပေးရမယ်"

ထို့နောက် လုယန် မှော်လက်စွပ်တစ်ခုထုတ်သည်။ ပန်ပု၏ လက်စွပ်ဖြစ်သည်။

"ကြယ်ပြာကို ဝိညာဉ်စွမ်းအင် နည်းနည်းထပ်ဖြည့်ကြတာပေါ့"

ကူးဖြတ်ခြင်းအဆင့်ဝါရင့်တစ်ယောက်၏ မှော်လက်စွပ်တွင် ဝိညာဉ်ကျောက်အတော်များများရှိသည်။ လုယန် ချိတ်ပိတ်တံဆိပ်ကို အတင်းချိုးဖျက်၍ ဝိညာဉ်ကျောက်များကို ထုတ်သည်။

ထိုနောက် အားလုံးကိုခွဲချေ၍ ကြယ်ပြာပေါ်တွင် ဝိညာဉ်စွမ်းအင် ပိုသိပ်သည်းလာအောင် လုပ်သည်။

"ဝါး...ဝိညာဉ်ကျောက်တွေ အများကြီးပဲ"

ပိုင်ရွှမ်းမျက်လုံးများ အရောင်တောက်နေသည်။ ဝိညာဉ်စွမ်းအင်နှင့် ထိတွေ့ပြီးကတည်းက သူ့အတိတ်သည် ဘယ်လောက်ကြမ်းတမ်းခဲ့ကြောင်း သူသဘောပေါက်လာသည်။

မူလဝိညာဉ်ဖြစ်သော်လည်း သူ့စွမ်းရည်များ၏ အပုံတစ်ထောင်လျှင် တစ်ပုံပင်မသုံးနိုင်ခဲ့။ အတော်ရှက်စရာကောင်းသည်။

"ဘာလို့ဒါတွေကို စွန့်ပစ်နေတာလဲ"

လွင့်မျောသွားသည့် ဝိညာဉ်စွမ်းအင်များကိုကြည့်၍ ပိုင်ရွှမ်း နှမျောနေသည်။

"ငါရှိနေရင် ညီမပိုင်အတွက် ဝိညာဉ်ကျောက်မရှားပါးစေရပါဘူး"

လုယန်စနောက်၍ သူ့ကျောက်စိမ်းတံဆိပ်ထဲမှ ထိပ်တန်းဝိညာဉ်ကျောက်များ ထုတ်လိုက်သည်။ နတ်မယ်နှင့်ယှဉ်လျှငသေူသည် သူတောင်းစားအဆင့်‌လေက်သာရှိသော်လည်း ကူးဖြတ်ခြင်းအဆင့်များနှင့်ယှဉ်လျှင် အများအားကျရလောက်အောင် ချမ်းသာသူဖြစ်သည်။

"အခုချိန်ကစလို့ ညီမပိုင်ရဲ့ ကျင့်စဉ်အထောက်အပံ့အားလုံးကို ငါတာဝန်ယူပါတယ်"

အထောက်အပံ့ရခြင်းသည် ထိုမျှကျေနပ်စရာကောင်းမှန်း ပိုင်ရွှမ်းလုံးဝမသိခဲ့။

*********************************

All Chapters