အခန်း ၁၃၄၈
Vol. 90 Ch. 1348
အခန်း (၁၃၄၈) မသေမျိုးဖြစ်လာခြင်း
"ကောင်းကင်လျှပ်စီးကို နှစ်ခြမ်းခွဲတယ်ပေါ့"
ကြည့်နေသည့်လူများ ထိတ်လန့်သွားကြသည်။ ကောင်းကင်လျှပ်စီးကို နှစ်ခြမ်းခွဲနိုင်သူ သို့မဟုတ် ပြောင်းပြန်စီးအောင်လုပ်နိုင်သူ သမိုင်းတွင် တစ်ယောက်မှမရှိခဲ့ဖူး။
"ပထမဆုံးဓားမသေမျိုး ပေါ်လာမယ့်သဘောလား"
ချင်ဖုန်းဓားသည် ဝူယော်သွန်းလုပ်သည့် မသေမျိုးပစ္စည်းဖြစ်သော်လည်း ဝူယော်သည် ဓားကျင့်ကြံသူမဟုတ်။ ဓားကို လက်နက်တစ်ခုအဖြစ်သာ သုံးခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ဓားထဲတွင် ကမ္ဘာငယ်တစ်ခု ထည့်သွင်းထားသည်။ လုံလောက်သည့် သန့်စင်မှုမျိုးမရှိ။
မသေမျိုးအဆင့်တက်ကောင်းကင်ဆင်းရဲ နောက်တစ်ကြိမ် စုစည်းလာသည်။ လျှပ်စီးများ မုန်တိုင်းထန်လာသည်။ မြေ၊ မီး၊ လေနှင့်ရေတို့ မိုးမြေကို ပြန်ပုံဖော်သည်။ လောကဖျက်ကပ်ဆိုး ဆင်းလာသည်။ ကွမ်တမ်စက်မှကြည့်ရသည်ပင် ရင်ဘတ်ထဲတွင် တင်းကြပ်လာသည်။ အသက်ရှူရခက်လာသည်။ ကောင်းကင်လျှပ်စီးက သက်ရှိအားလုံးကို ဖိနှီပ်ထားသည်။
လုယန်၏ဓားချီက ကောင်းကင်လျှပ်စီးကြားတွင် အလင်းတန်းဆုံမှတ်များကို ဖျက်ဆီးသည်။ လုယန်၏ကိုယ်ပိုင်ခန္ဓာ ပွင့်ထွက်သွားသည်။
ကူးဖြတ်ခြင်းအဆင့် မသေမျိုးတစ်ဝက်အဆင့်မှလူများ အံ့ဩမင်သက်မိနေကြသည်။ လုယန်၏စွမ်းအားက နာမည်ကျော်နေပြီးဖြစ်သည်။ သို့သော် သူအပြင်းအထန်ဒဏ်ရာရသွားသည်။
လုယန်၏မျက်လုံးများ စူးရှတောက်ပနေသည်။ ဒဏ်ရာအပြင်းအထန်ရထားသည်လူနှင့်မတူ။ ဇစ်မြစ်အရိယဖလသန္ဓေနှင့် ထာဝရအရိယဖလသန္ဓေကို တစ်ပြိုင်တည်း အသက်သွင်း၍ ဓားချီကို ဖန်တီးနေသည်။
ချင်ဖုန်းဓားမရှိသဖြင့် ထုတ်လွှတ်သည့်ဓားချီက ကူးဖြတ်ခြင်းအဆင့်များကို တိုက်ခိုက်နိုင်လောက်အောင် ပြင်းထန်သော်လည်း မသေမျိုးအဆင့်တက်လျှပ်စီးကိုတော့ နှစ်ခြမ်းခွဲရုံသာတတ်နိုင်ပြီး ပျက်စီးသွားသည်။
အရိယဖလနှစ်ခုအားဖြည့်ထားသည့်ဓားချီက ထင်ရှားမြင်သာသည်။ ပုံမှန်ဓားချီမျိုးမဟုတ်တော့။ မသေမျိုးဓားအစစ်နှင့်တူလာသည်။
"ဂျိမ်း"
လျှပ်စီးနောက်တစ်ကြိမ်ရိုက်ခတ်သည်။ အားလုံး ရင်တုန်သွားကြသည်။ အသွေးအသားခန္ဓာနှင့် ထိုမျှကြောက်စရာကောင်းသည့်လျှပ်းကိုရင်ဆိုင်နိုင်မည် တစ်ခြားကြယ်ကမ္ဘာသားများ တစ်ခါမှမထင်ဘူးကြ။
ကန်ရေပေါ် နှင်းတစ်စက်ကျသလို လုယန်၏စိတ်နှလုံးက တည်ငြိမ်နေသည်။ ရှေ့သို့ခြေတစ်လှမ်းလှမ်းသည်။ ဓားချီများ ခြေထောက်အောက်တွင် ပင်လယ်ပြင်လို ထိုးထွက်နေသည်။ လေဟာနယ်ကိုထိုးခွဲ၍ ကောင်းကင်လျှပ်စီး၍ ရင်ဆိုင်နေသည်။
ထိုမြင်ကွင်းကြောင့် ဓားကျင့်ကြံသူများစွာ စိတ်လှုပ်ရှားရသည်။ ကောင်းကင်လျှပ်စီးကို ရင်ဆိုင်ခြင်းသည် ဓားပညာ၏ နောက်ဆုံးပန်းတိုင်ဖြစ်သည်။
လုယန်၏ဓားပညာကိုကြည့်၍ အတွေးအမြင်များစွာ ရလာပြီး ချက်ချင်းနေရာတွင်ထိုင်၍ ပြန်သုံးသပ်ကြသည်။
ဓားမျှော်စင်အထက်နှင့်အောက်တွင် ဓားချီများ ကောင်းကင်သို့မြင့်တက်နေသည်။ ဓားကျင့်ကြံသူအားလုံး ဉာဏ်အလင်းရဖို့ ကြိုးစားကြသည်။
သေမျိုးတစ်ချို့လည်း ရုတ်တရက် ဉာဏ်အလင်းခဏတာရကြသည်။ ဓားလမ်းစဉ်အတွက် မျှော်မှန်းကြသည်။
သူတို့သည် မွေးကတည်းက ဓားပညာပါရမီပါလာသူများဖြစ်သည်။ သူတို့အခြေအနေက ထိုအတွေ့အကြုံမျိုးရဖို့ အခွင့်မပေးခဲ့။ ဓားပညာကို မကြုံဖူးခဲ့။ လုယန်ပြသနေသည့် ဓားပညာကြောင့် သူတို့အတွင်းစိတ်ဆန္ဒများ နိုးထလာသည်။
ဓားကျင့်ကြံသူဖြစ်မည့် မဟာလမ်းစဉ်ကို မြင်လာကြသည်။
မသေမျိုးကောင်းကင်ဆင်းရဲက ဆက်တိုးနေသည်။ လုယန်၏ဓားချီများကလည်း ပိုထက်မြက်အားပြင်းလာသည်။ ဓားနယ်မြေထဲမှ ကောင်းကင်လျှပ်စီးအပါအဝင် အရာအားလုံး ပျက်စီးနေသည်။
လောကတစ်ခုလုံး အံ့ဩမင်သက်မိနေသည်။ မသေမျိုးများလည်းထိုနည်းတူဖြစ်သည်။ ရှေးအောင်းခေတ်မှယနေ့ခေတ်ထိ မသေမျိုးအရိယဖလကိုရဖို့ မသေမျိုးတစ်ဝက်များ ကောင်းကင်ဆင်းရဲဖြတ်ခဲ့ကြသည်။ လူသားစွမ်းအားဖြင့်ပင် ကောင်းကင်ဆင်းရဲကို ဦးကြိုစိတ်ခေါ်နိုင်သူမျိုး တစ်ခါမှမမြင်ဖူးကြ။
"အရိယဖလသန္ဓေနှစ်ခုစွမ်းအားက မယုံနိုင်အောင်ကြီးမားတာပဲ"
ယင်ထန် သက်ပြင်းချသည်။ မသေမျိုးကောင်းကင်လျှပ်စီးစွမ်းအားကို သူကောင်းကောင်းနားလည်သည်။ အရိယဖလသန္ဓေနှစ်ခုပိုင်ဆိုင်သည့် လုယန်အဖြစ်မျိုး တစ်ခါမှမရှိခဲ့ဖူး။
ပျက်စီးသွားသည့် လုယန်ခန္ဓာကိုယ် ချက်ချင်းပြန်ပျောက်ကင်းသည်။ လောကမြူမှုန် မကပ်ငြိ။ သူ့ဝိညာဉ် ပိုအားကောင်းပြီး အသွင်ပြောင်းလာသည်။ ကြည့်လင်သန့်စင်လာသည်။
မသေမျိုးအဆင့်သို့ရောက်ချိန်တွင် အပြည့်အဝအသွင်ပြောင်းသည်။ သူ့ခန္ဓာကိုယ် အရောင်တောက်ပနေသည်။ မြင့်မြတ်သည့်နေတစ်စင်းနှင့်တူသည်။ ဘုံကျောင်းအားလုံးများပင် လက်ရှိသူ့အခြေအနေကို ယှဉ်နိုင်မည်မဟုတ်။
စကြာဝဠာတစ်ခုလုံး၏အာရုံကို ဆွဲဆောင်နိုင်လောက်အောင် ထင်ရှားနေသည်။
ဓားချီအားလုံးကို သူဖယ်ရှား၍ လက်နှစ်ဘက်ကို ဆန့်ထုတ်သည်။ သူ့ထံမှ မမြင်နိုင်သည့်အားလှိုင်းတစ်ခု ထိုးထွက်လာသည်။
ကောင်းကင်လျှပ်စီး၏ နောက်ဆုံးအဆင့်ကို ထိုစွမ်းအားဖြင့် ချေဖျက်လိုက်သည်။
အရာအားလုံး တိတ်ဆိတ်သွားသည်။
လုယန် ပင့်သက်ရှည်တစ်ချက်ချသည်။ အမြင့်ဆုံးပြည့်စုံမှုကို ခံစားရသည်။ လောကကိုကျော်လွန်ခဲ့သည့် အကြည့်ဖြင့်ကြည့်သည်။
ဗုဒ္ဓနိုင်ငံမှ ယုံကြည်မှုဖြင့်တည်ဆောက်သည့် မသေမျိုးခန္ဓာနှင့် ယာယီမသေမျိုးဖြစ်ရသလိုမဟုတ်။ ထိုစဉ်က ဝိညာဉ်စွမ်းအင်အားနည်းသဖြင့် မသေမျိုးခန္ဓာကို သူမထိန်းချုပ်နိုင်ခဲ့။ နတ်မယ်၏စွမ်းအားကို ယူရသည်။
ယခု သူ့မသေမျိုးအာရုံက ပြည့်စုံသည်။ အရိယဖလက ပြည့်စုံသည်။ တစ်ခြားလူများ၏စွမ်းအားမလိုတော့။ မသေမျိုးတာအို၏ အမြင့်ဆုံးသို့ ရောက်လာသည်။ ကျင့်ကြံသူအားလုံး၏ တစ်သက်တာပန်းတိုင် မသေမျိုးအဖြစ်ကို ရလာသည်။
"လုယန်...အောင်မြင်သွားပြီလား"
တစ်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ တစ်ခြားကြယ်ကမ္ဘာသားတစ်ယောက် ဖြစ်သည်။ မသေမျိုးဖြစ်စဉ်အကြောင်း သူတို့သိပ်နားမလည်ကြ။ ယခုမှစတင်ကြုံတွေ့ဖူးခြင်းဖြစ်သည်။
"သူမသေမျိုးဖြစ်သွားပြီ။ လုယန်မသေမျိုးဖြစ်လာပြီဟေ့"
ကျင့်ကြံသူတစ်ယောက် အော်ဟစ်လိုက်သည်။ နောက်ထပ်ပျော်ရွှင်စွာအော်ဟစ်သံများ ဆက်တိုက်ပေါ်လာသည်။
တစ်ခြားမသေမျိုးများနှင့်မတူ လုယန်၏အဆင့်တက်ဖြစ်စဉ်ကို လိုက်ဖ်လွှင့်ထာားသည်။ စကြာဝဠာတစ်ခုလုံးကြည့်ကြသည်။ သူလှုပ်ရှားမှုတိုင်းကို အံ့အားသင့်ခဲ့ကြသည်။
ထို့ကြောင့် အောင်မြင်မှုရရုံမက နာမည်ပါကြီးသွားသည်။ စကြာဝဠာတစ်ခုလုံး အောင်ပွဲခံ၍ အားပေးချီးကျူးသည်။ လုယန်နှင့်အတူ ပျော်ကြသည်။
အဓိကအင်တာနက်ပလက်ဖောင်းများတွင် ထိပ်တန်းသတင်းအဖြစ် ချက်ချင်းလွှမ်းမိုးသည်။ ဘယ်သူမှ တစ်ခြားအကြောင်းပြောဖို့ စိတ်မရှိကြ။ ကျင့်ကြံသူလောက ဘယ်လောက်စွမ်းအားကြီးကြောင်းသာ ပြောကြသည်။
"အကိုလု မသေမျိုးဖြစ်လာတာ ဂုဏ်ယူပါတယ်"
ညီအကိုမောင်နှများ တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ပြုဖို့ရောက်လာသည်။ မျက်နှာအားလုံး အပြုံးများဝေဆာနေသည်။ တကယ့်စိတ်ရင်းဖြင့်ပျော်ရွှင်ကြသည်။
"ဒုခေါင်းဆောင်၊ နင်လုပ်နိုင်မယ်ဆိုတာ ငါသိသားပဲ"
ယွမ်မုန်မုန်ကပြောသည်။ သို့သော် လုယန်တကယ်အဆင့်တက်နေချိန်တွင် တစ်ခုခုအမှားအယွင်းဖြစ်မည်စိုး၍ ယွမ်ကျိအင်္ကျီစကို သူခပ်တင်းတင်းဆွဲထားခဲ့မိသည်။
"ဂုဏ်ယူပါတယ်"
ချင်ဟဲက စကားတိုတိုသာပြောသည်။ ခံစားချက်အရိပ်မပါ။ သို့သော် သူ့နှင့်အတော်ကြာအောင် သိကျွမ်းခဲ့သူဖြစ်၍ တကယ်ပျော်ရွှင်သော်လည်း ဝမ်းသာရိပ်ပြဖို့ ရှက်နေခြင်းသာဖြစ်ကြောင်း လုယန်သိသည်။
"မဆိုးဘူး။ အခု နင်တကယ်မသေမျိုးဖြစ်လာပြီပေါ့"
ယွမ်ကျိက မှတ်ချက်ပေးသည်။ ရှားပါးသည့်အပြုံးရိပ်တစ်ခု ခဏတာထုတ်ပြသည်။
"ကျုပ်ကိုသွန်သင်ညွှန်ပြပေးခဲ့တဲ့ အမယွမ်ကို ကျေးဇူးတင်ရမှာပါ"
ယွမ်ကျိက လက်ခါပြသည်။
"မင်းနဲ့ငါ့ကြားမှာ ဒီလိုလောကဝတ်တွေမလိုပါဘူး"
"ငါ့တပည့်လေး။ မင်းမသေမျိုးဖြစ်ပြီဆိုပြီး ငါ့ကိုမေ့မသွားနဲ့နော်"
တာအိုရှင်ဝစီပိတ်က ပြုံးဖြဲဖြဲဖြင့် ရောက်လာသည်။ သူ့တစ်သက် အကောင်းဆုံးလုပ်ခဲ့သည့်အရာနှစ်ခုက ယွမ်ကျိနှင့် လုယန်ကို တပည့်အဖြစ်လက်ခံခဲ့ခြင်းဖြစ်သည်။
ထိုအောင်မြင်သည့်တပည့်များ မွေးထုတ်နိုင်ခဲ့သဖြင့် သူ့တစ်သက်လုံး အငြိမ်းစားနေရုံသာရှိတော့သည်။
လုယန်ခဏအသံတိတ်သွားသည်။ ခုနက အမယွမ်စကားပြောခဲ့သည့်စကားကို ပြန်စဉ်းစားသည်။ ဆရာတပည့်ဆက်ဆံရေးက ကောင်းလွန်းသဖြင့် ထိုသို့လောကဝတ်များမလိုအပ်ဟု တွေးမိသည်။
"ကျုပ်မသေမျိုးဖြစ်တာ ကျုပ်ကိုယ်ပိုင်ကြိုးစားအားထုတ်ခဲ့လို့ပါ"
ဝစီပိတ် "..."
မင်းအကိုနှစ်နဲ့ မင်းသိပ်ပြီး အဆက်အဆံမရှိခဲ့ဘူးလားလို့ပါ...
အောင်းလင်း၊ ကျန်းလျန်ယိ၊ ကျင်းချိုင်ဝေ၊ ကျူးထန်နှင့် တစ်ခြားလူများလည်း ရောက်လာသည်။ တစ်ချို့က စကားဖြင့်ဂုဏ်ပြုသည်။ တစ်ချို့က လက်ဆောင်ကောင်းများပေးသည်။
လက်ဆောင်က အရေးမကြီးလှ။ စေတနာသာ အဓိကဖြစ်သည်။
လုယန်မသေမျိုးဖြစ်လာသည်နှင့် စကြာဝဠာတစ်ခုလုံး ဂုဏ်ပြုကြသည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် မီးရောင်စုံများဖြင့် တန်ဆာဆင်ကြသည်။ နှစ်သစ်ချိန်တက်ပင် အဆများစွာသာလွန်သည်။
ထိုမြင်ကွင်းကြောင့် ယွမ်ကျိ မျက်ခုံးတစ်ချက်ခါသွားသည်။ သူအဆင့်တက်စဉ်ကပင် ထိုမျှမစည်ကားခဲ့။ သူ့စွမ်းအားအကြောင်း လူနည်းစုသာသိသည်။ မဟုတ်လျှင် လုယန်လို တစ်ဂိုဏ်းလုံးဂုဏ်ပြုခံရသည့် အခြေအနေမျိုး ရှိခဲ့လောက်သည်။
သေမျိုးလောကကို သူမခွာချင်။ ပေါင်းစပ်ခြင်းအဆင့်သို့ မရောက်ချင်။ ထိုသို့စည်ကားသည့် ပတ်ဝန်းကျင်မျိုးနှင့် သူသိပ်အားမကြ။
ဂုဏ်ပြုပွဲက ရက်အတော်ကြာအောင် ဆက်ဖြစ်ပြီးနောက် စိတ်လှုပ်ရှားမှုများ တဖြေးဖြေးလျော့ပါးသွားသည်။ လုယန်လည်း လွတ်လပ်ခွင့်ပြန်ရလာသည်။
နတ်မယ်က လုယန်ကိုယ်ထဲမှထွက်လာပြီး ကိုယ်ပိုင်ဂုဏ်ပြုစကားဆိုသည်။
"ရှောင်ယန်၊ မသေမျိုးဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်"
"နတ်မယ်၊ ခင်ဗျားခန္ဓာကိုယ် ပြန်တည်ဆောက်ဖို့ ကျုပ်ကူညီပေးပါ့မယ်"
"အမ်"
******************************