အခန်း ၁၃၅၁
Vol. 91 Ch. 1351
အခန်း (၁၃၅၁) တိုက်ပွဲစပြီ
"ဘာတွေဖြစ်နေတာလဲ"
လုပ်ကြံသူက ကြောက်စရာစွမ်းအင်ရောင်ကို ထုတ်လွှတ်လိုက်သည်။ ကျင့်ကြံသူအားလုံး အာရုံခံမိသည်။ ရင်ဘတ်ထဲထိ တုန်ခါသွားသည်။
ထို့နောက် စွမ်းအင်ရောင်က ချက်ချင်းပျောက်သွားသည်။ ပေါ်ခဲ့သည်ဟုပင် မထင်ရ။ အားလုံး အူတူတူကျန်ခဲ့သည်။ ထို့နောက် ကိုယ့်ကိစ္စကိုယ် ဆက်လုပ်ကြသည်။
ကျင့်ကြံသူလောက နေရာပြောင်းသွားသည်ကိုပင် သတိမထားမိကြ။
ကောင်းကင်ဂိတ်တောင်ထိပ်မှလူများသာ ထိုအချက်ကိုသိသည်။
"ရှောင်ကျိတို့ ဘယ်ရောက်သွားတာလဲ"
ယွမ်မုန်မုန် စိုးရိမ်တုန်လှုပ်စွာ လမ်းလျှောက်နေသည်။ အဖြစ်အပျက်အားလုံးက မြန်လွန်းသည်။ ဒုခေါင်းဆောင်နှင့် လုပ်ကြံသူတို့စကားပြောသည်ကို နားထောင်ခဲ့ရသည့် အဖြစ်ကလည်း ဝိုးတဝါးသာကျန်ခဲ့သည်။
တစ်ခုတော့ သေချာသိသည်။ ခုနကစကားဝိုင်းသည် အတော်တင်းမာသည်။ တိုက်ပွဲဖြစ်တော့မည့် အခြေအနေမျိုးဖြစ်သည်။
အောင်းလင်းတို့လည်း အတော်စိုးရိမ်နေသည်။ တိုက်ပွဲသို့ချက်ချင်းပြေးဝင်ချင်ကြသည်။
"အားလုံး ထိုင်ကြပါ"
အတည်ငြိမ်ဆုံးချင်ဟဲက သက်ပြင်းချသည်။ သို့သော် သူ့လက်များလည်း တုန်ရင်နေသည်။
လုယန်က ရုတ်တရက် နောက်ကွယ်မှလုပ်ကြံသူကို ဖော်လိုက်သည်။ သူတို့ထဲမှလူဖြစ်နေသည်။ ဘယ်သူမှ တည်တည်ငြိမ်ငြိမ်မနေနိုင်ကြ။
သို့သော် ဤကိစ္စက မသေမျိုးများကြားမှ ပြဿနာဖြစ်သည်။ သူတို့လို မသေမျိုးတစ်ဝက်များ ဝင်စွက်၍မရ။ ဝက်စွက်လျှင် သူတို့ကို ဓားစားခံလုပ်နိုင်ခြေပင်ရှိသည်။
သူတို့ ထိုင်စောင့်ရုံမှလွဲ၍ တစ်ခြားရွေးစရာမရှိ။
"လုယန်ကို ယုံကြည်ကြပါ။ သူက ဒီတိုက်ပွဲအတွက် ပြင်ဆင်ထားတာသေချာတယ်"
ချင်ဟဲ စိတ်ငြိမ်အောင်ထိန်း၍ အဖြစ်အပျက်တစ်ခုလုံးကို ပြန်စဉ်းစားသည်။
ရှင်းနေသည်။ ဤဂုဏ်ပြုပြွဲသည် မသေမျိုးများစုစည်းပြီး လုပ်ကြံသူကိုဖမ်းဖို့ ဟန်ပြပွဲသက်သက်သာဖြစ်သည်။ မသေမျိုးတစ်ဝက်များကို ခေါ်ထားခြင်းကလည်း ပို၍သဘာဝကျစေဖို့ဖြစ်မည်။
ဂုဏ်ပြုပွဲတွင် မသေမျိုးတစ်ဝက်ချည်းသာရှိလျှင် လုပ်ကြံသူက သေချာပေါက်သံသယဝင်လိမ့်မည်။
ယခု ဟန်ဆောင်မှုပြီးဆုံး၍ မသေမျိုးများ တိုက်ခိုက်ပွဲဝင်နေလိမ့်မည်။ မသေမျိုးတစ်ဝက်များက ကောင်းကင်ဂိတ်တောင်ထိပ်တွင် ကျန်ခဲ့သည်။
ကြယ်ကောင်းကင်အလယ်တွင် မသေမျိုးတစ်စုက လုပ်ကြံသူကိုဝိုင်းထားသည်။ စကြာဝဠာပြန်မွေးဖွားလာသကဲ့သို့ စွမ်းအင်ရောင်များစွာ လှိုင်းထန်နေသည်။ လေဟာနယ်အတိုင်းအဆမရှိ ကြေမွသည်။
ကူးဖြတ်ခြင်းအဆင့်များသာ အနီးတွင်ရှိလျှင် လေဟာနယ်အက်ကြောင်းများကြောင့် အစိတ်စိတ်အမွှာမွှာဖြစ်ပြီး သူတို့ဝိညာဉ်များ ပျက်စီးသွားလိမ့်မည်။
သမိုင်းတွင် အပြင်းထန်ဆုံးတိုက်ပွဲဖြစ်သည်။ ယော်စိန့်နှင့်တိုက်ပွဲက လုပ်ကြံသူက စွမ်းအားတစ်စိတ်တစ်ပိုင်းသာ ပြခဲ့သည်။
ဤအဆင့်တိုက်ပွဲမျိုးကို သာမန်မသေမျိုးများ ယှဉ်ဖို့ခဲယဉ်းသည်။ ယွမ်ကျိနှင့်နတ်မယ် လက်တွဲတိုက်ခိုက်သည်။ သူတို့စွမ်းအားအစစ်ကို လုံးဝဖုံးကွယ်မထားတော့။ တိုက်ခိုက်မှုတိုင်းက ခေတ်အဆက်ဆက်ပြိုင်ဘက်ကင်းအဆင့်အတန်းကို ပြကြသည်။
"သတိထားပါ။ သူ့ကို သာမန်မသေမျိုးလိုသဘောမထားနဲ့။ သူက လွန်မြောက်ခြင်းအဆင့်ရောက်နေပြီ"
လုယန် ကျန်သည့်မသေမျိုးများကို အော်ဟစ်လိုက်သည်။
အားလုံး အံ့အားသင့်သွားသည်။ သူတို့စိတ်ထဲ ဖိအားများပိုတိုးလာသည်။ သို့သော် မကြာမီ ဒေါသစိတ်က အကြောက်တရားကို လွှမ်းမိုးသွားသည်။
လုပ်ကြံသူမျက်လုံးများ ရေခဲလိုအေးစက်နေသည်။ လုယန်ကို အလောင်းတစ်ခုလို စိုက်ကြည့်သည်။ သူ့နှုတ်ခမ်းထောင့်တွင် ရက်စက်သည့်အပြုံးတစ်ခုပေါ်လာသည်။
"မိတ်ဆွေလုက အတော်သိထားပုံပဲ"
သူ့စွမ်းအားအဆင့်ကိုပင် လုယန်ခန့်မှန်းနိုင်မည်ဟု သူမထင်ခဲ့။ နတ်မယ်၏ အိမ်တော်ထဲတွင် အတွေးရခဲ့ခြင်းဖြစ်မည်။ လုယန်ကို သူအမြဲစောင့်ကြည့်ခဲ့သည်။ သို့သော် မူမမှန်သည့်အဖြစ်မျိုး တစ်ခုမှအာရုံမခံမိ။
အတော်ဖုံးကွယ်နိုင်သည့်လူငယ်ဖြစ်သည်။
"ခင်ဗျားကိုယ်တိုင် ကိုယ့်အကြောင်းကို အမှန်တိုင်းထုတ်ပြောခဲ့ရင် ပိုကောင်းခဲ့မှပါ"
လုယန်က အပြုံးဖြင့်ပြန်ဖြေသည်။ လုပ်ကြံသူကို အရေးမစိုက်။
လျှပ်စီးစွမ်းအင်တန်းများ လုယန်ဆီ မိုးပြိုသလိုပြေးဝင်လာသည်။ ထိုလျှပ်စီးမျိုးကို ဘယ်သူမှမသိကြ။ အဆုံးမဲ့စွမ်းအားပါသည်ကိုတော့ ခံစားမိသည်။ ယွမ်ကျိပင် မပေါ့ဆရဲ။
"တိမ်ဆင်းလက်ဝါး"
ကြယ်ကမ္ဘာထောင်ချီစုစည်းထားသည့် ကြယ်စုတိမ်တိုက် ပေါ်လာပြီး လျှပ်စီးတန်းများကို ချေဖျက်သည်။ ထိုအတိုင်းအတာသည် ယွမ်ကျိ၏ စွမ်းအားအစစ်ဖြစ်သည်။
လုပ်ကြံသူက ကြယ်တိမ်တိုက်ကို အာရုံစိုက်ကြည့်သည်။ ကြယ်ထောင်ချီစုစည်းထားရုံမက ယွမ်ကျိနားလည်ထားသည့် စွမ်းအင်နိယာမမျိုးစုံလည်း ပါဝင်သည်။
"ဪ ဒါက မင်းရဲ့စွမ်းအားအစစ်လား"
ဘဝတွင် ပထမဆုံးအကြိမ် စိတ်ဖိအားကို လုပ်ကြံသူ ခံစားလိုက်ရသည်။ ပေါင်းစပ်ခြင်းအဆင့်မတက်မီပင် ထိုမျှစွမ်းအားကြီးသည်။ ပေါင်းစပ်ခြင်းအဆင့်ရောက်လျှင် ဘယ်လောက်စွမ်းအားကြီးမည်မသိ။
သူ့လိုမာနကြီးသူတစ်ယောက်ပင် ထိုအဖြစ်ကို ဝန်ခံရသည်။ ယွမ်ကျိပါရမီက သူ့လိုပင်ပြင်းထန်သည်။ သူက လွန်မြောက်ခြင်းအဆင့်ကို နားလည်ခဲ့သည်။ ယွမ်ကျိက ပေါင်းစပ်ခြင်းအဆင့်ကို နားလည်ခဲ့သည်။
ယွမ်ကျိ၏တာအိုနှလုံးတွင် ချွင်းချက်တစ်ခုရှိ၍သာဖြစ်သည်။
ယွမ်ကျိလည်းသူ့ကို လောကကိစ္စများအားလုံးစွန့်လွှတ်နိုင်လျှင် ဟိုအရင်ကတည်းက ပေါင်းစပ်ခြင်းအဆင့်ကို ရောက်ခဲ့လိမ့်မည်။
"ဒီလိုမဆင်မခြင်တိုက်နေတယ်ပေါ့။ ပေါင်းစပ်ခြင်းအဆင့်ဖြစ်စဉ် အရှိန်မြင့်လာမှာမကြောက်ဘူးလား"
သူအော်ဟစ်လိုက်သည်။ ယွမ်ကျိ၏ အားနည်းချက်ဖြင့် ခြိမ်းခြောက်သည်။ ယွမ်ကျိတစ်ယောက်တည်းဆို သူထိန်းချုပ်နိုင်သည်။ သို့သော် တစ်ဘက်တွင် လူအတော်များများရှိနေသည်။ ရင်ဆိုင်ဖို့အတော်ခက်ခဲသည်။
ယွမ်ကျိက ဘာမှပြန်မဖြေ။ နတ်မယ်၏ ခန္ဓာဖောက်ခွဲမှုကိုသာ ရင်ဆိုင်ရသည်။
"ဘုန်း"
ယနေ့လိုအချိန်ရောက်လာဖို့ နတ်မယ်စောင့်ခဲ့သည့်အချိန်က အတော်ကြာခဲ့သည်။ ရန်သူကို ဤနေရာတွင် အပြတ်ရှင်းဖို့ ဆုံးဖြတ်ထားသည်။
နတ်မယ်၏ အဆက်မပြတ်ဖောက်ခွဲမှုကြောင့် အနီးအနားကြယ်စုများ ပျောက်ကွယ်သွားသည်။ လွန်မြောက်ခြင်းအဆင့်ကို ရင်ဆိုင်ရသည်ဖြစ်၍ သူ့စွမ်းအားကို အပြည့်ထုတ်သုံးသည်။
ယွမ်ကျိနှင့် လက်ရည်တူယှဉ်နိုင်သည်ဟု သူပြောခဲ့သည်မှာ စကားသက်သက်မဟုတ်။ တကယ်ယှဉ်နိုင်စွမ်းရှိသည်။
တစ်ချိန်ကလို လွှမ်းခြုံခြင်းတစ်ဝက်အဆင့်သို့ မရောက်နိုင်သော်လည်း သူ့ကျင့်စဉ်အဆင့်က အလွန်ကြောက်စရာကောင်းသည်။ ပြိုင်ဘက်ကင်းပညာများ သန့်စင်သည့်စွမ်းအားများရှိသည်။
လုပ်ကြံသူပင် ဖောက်ခွဲမှုကြောင့် ဒဏ်ရာရသည်။
ချီလင်မသေမျိုးက ခံ့ညားသည့်ချီလင်တစ်ကောင်အဖြစ် ချက်ချင်းအသွင်ပြောင်းသည်။ သူ့ဝိညာဉ်ဖြင့် တောင်မြစ်များကို ဝါးမျိုသည်။ စကြာဝဠာထဲတွင် သူ့စွမ်းအင်ရောင်များပြည့်နေသည်။
အချိန်မသေမျိုး၊ ကိုးဆမသေမျိုး၊ ကျန်းပင်ကန်းနှင့် မုန်ကျင်းဇီကို ခွာတစ်ချက်စီ ဆက်တိုက်ကန်ထုတ်သည်။
အချိန်နှင့်ကိုးဆမသေမျိုးက အရှုံးပေးကြောင်း ပြိုင်တူအော်သည်။ ကျန်းပင်ကန်းတို့နှစ်ယောက် ဘာမှန်းမသိသော်လည်း ထိုနည်းတူလိုက်အော်သည်။
ချီလင်၏စွမ်းအင်ရောင် ထိုးတက်လာသည်။ လူငါးယောက်ထဲတွင် စွမ်းအားအကြီးဆုံးဖြစ်လာသည်။
"ချီလင်အော်သံ"
ချီလင်အော်သံက ကြယ်ကောင်းကင်ကို ထိုးခွဲသွားသည်။ နတ်ဆိုးဘုရင်၏ဩဇာကို အပြည့်အဝပြသည်။ သူ့စိတ်ထဲမှ ဒေါသများကို လုပ်ကြံသူအပေါ် အပြည့်ဖွင့်ထုတ်သည်။
သူ့အချစ်ဆုံးညီအကိုကို ဝင်ပူးကပ်ထားသည့် ရန်သူကို 'ညီအကို'လို ဆက်ဆံခဲ့ရသည်။ ခွင့်မလွှတ်နိုင်။ ထိုရန်သူ သေရသည်။
"အကျိုးမရှိပါဘူး"
လုပ်ကြံသူ မျက်မှောင်ကျုံ့သွားသည်။ ဒေါသပိုကြီးလာရုံဖြင့် အနိုင်ရမည်ထင််နေသလားမသိ။
ကြယ်ကမ္ဘာလောက်ကြီးမားသည့် လက်တစ်ချောင်းဆန့်ထုတ်လိုက်သည်။ ချီလင်ကိုထိုးဖောက်သွားသည်။ သွေးများအဆက်မပြတ်အန်သည်။
မသေမျိုးသွေးများ ကြယ်ကောင်းကင်တလျှောက် ပျံ့နှံ့နေသည်။ သွေးတစ်စက်တိုင်း ကူးဖြတ်ခြင်းအဆင့်တစ်ယောက်ဖန်တီးနိုင်သည်။
"ဇစ်မြစ်ခြေရာခံ"
"ထာဝရစွမ်းအား"
လုယန်နှင့်နတ်မယ် ပြိုင်တူလှုပ်ရှားသည်။ အားလုံးကို မသေမျိုးအဆင့်စွမ်းအားနှစ်ခု သတ်မှတ်လိုက်သည်။ အားလုံး၏ဒဏ်ရာများ ချက်ချင်းပြန်ပျောက်သွားသည်။
ချီလင်မသေမျိုး လုပ်ကြံသူဆီ နောက်တစ်ကြိမ်ခုန်ဝင်သွားသည်။ နီရဲသည့်ပါးစပ်ကိုဟ၍ ကိုက်ချရန်ကြိုးစားသည်။
လုပ်ကြံသူ စိတ်ညစ်သွားသည်။ မသေမျိုးရွှေကြမ်းတစ်စကို ပြိုင်ဘက်ကင်းမသေမျိုးရတနာအဖြစ် ဖန်တီးသည်။ ချိန်းကြိုးများထိုးထွက်လာပြီး ချီလင်ကိုရစ်ပတ်သည်။ ချီလင်နာကျင်စွာ အော်ဟစ်နေရသည်။ ရုန်းမထွက်နိုင်။
ကိုးဆမသေမျိုးက ယင်ယန်ချီအဖြစ်၊ အချိန်မသေမျိုးက အချိန်စွမ်းအားထည့်ထားသည့် ကောင်းကင်ဆွဲပုဆိန်ဖြင့် လုပ်ကြံသူကို ညှပ်တိုက်သည်။
အားလုံးကဝိုင်းတိုက်နေသော်လည်း လုပ်ကြံသူ အရေးနိမ့်သည့်လက္ခဏာမရှိ။ တစ်ဦးတည်းသော လွန်မြောက်ခြင်းအဆင့်ဖြစ်သည်။ လွှမ်းခြုံခြင်းအဆင့်မရှိလျှင် သူ့ကိုဘယ်သူယှဉ်နိုင်မည်နည်း။
ဘယ်သူ့ကိုမှ သူမကြောက်။ အမြဲတမ်း တိုက်ပွဲအခြေအနေကို ပြောင်းလဲပစ်နိုင်စွမ်းရှိသည်။
လေးငါးကြိမ်ရင်ဆိုင်ပြီးနောက် လုပ်ကြံသူ၏ တိုက်ကွက်များက အတော်ထူးဆန်းနေကြောင်း လုယန်သတိထားမိသည်။ ကောင်းကင်လျှပ်စီး သို့မဟုတ် သန့်စင်ခြင်းပညာသာသုံးသည်။ တစ်ခြားနည်းလမ်းမျိုး မမြင်ရ။
တစ်ပြိုင်တည်းလိုလိုပင် လုပ်ကြံသူကလည်း ထိုပြဿနာကို သတိထားမိသည်။ ယင်ထန်မသေမျိုးအဖြစ် အချိန်ကြာမြင့်စွာတုပခဲ့သဖြင့် သူ့တိုက်ကွက်များပင် ယင်ထန်သုံးနေကျတိုက်ကွက်များ ဖြစ်နေသည်။
"မှန်တယ်။ ကုကျန်ယဲ့ပြောခဲ့တာ မှန်တယ်။ ပူးကပ်တယ်ဆိုတာ ဒီခန္ဓာခွံထဲမှာ ရုန်းမထွက်နိုင်ပဲ ပိတ်မိနေတဲ့သဘောပဲ။ နောက်ပြန်လှည့်ဖို့လည်း မဖြစ်နိုင်တော့ဘူးဆိုတော့ ယင်ထန်လို ငါဘာလို့ဆက်ပြီး ရင်ဆိုင်နေရမှာလဲ။
လွန်မြောက်ခြင်းအဆင့်တစ်ယောက်ရဲ့စွမ်းအားကို မင်းတို့အားလုံး လက်တွေ့မြင်စေရမယ်"
*******************************