← Chapters

အခန်း ၁၃၅၄

Vol. 91 Ch. 1354

အခန်း ၁၃၅၄

Vol. 91 Ch. 1354

အခန်း (၁၃၅၄) ပေါင်းစပ်ခြင်း

ကျင့်ကြံမှုလောက။

ချင်ဟဲတို့လူစု ကောင်းကင်ဂိတ်တောင်ထိပ်တွင်ရပ်၍ တိုက်ပွဲရလာဒ်ကို စိုးရိမ်တကြီးစောင့်နေသည်။

"အခုအခြေအနေက ဘယ်လိုရှိလဲမသိဘူး"

ကျန်းလျန်ယိ ဂဏာမငြိမ်လမ်းလျှောက်နေသည်။

ချင်ဟဲ သတိထားမိသည်။ တစ်ခြားလူများနှင့်မတူပဲ ယွမ်မုန်မုန်က ကောင်းကင်သို့ငေးကြောင်၍ စိုက်ကြည့်နေသည်။

"မုန်မုန်၊ ဘာတွေကြည့်နေတာလဲ"

ယွမ်မုန်မုန် ညကောင်းကင်ဆီ လက်ညှိုးထိုးပြသည်။

"ကြယ်တွေကိုကြည့်နေတာ"

"ဘာကြယ်တွေလဲ"

ချင်ဟဲ တွေးမရသဖြင့် ကောင်းကင်ဆီမော့ကြည့်သည်။ သူမျက်လုံးပြူးသွားသည်။

ကျင့်ကြံမှုလောက၏ ညကောင်းကင်မှကြယ်များက တဖြေးဖြေးမှေးမှိန်လာပြီး တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်။

.......

ကြယ်ကမ္ဘာများ ပြိုပျက်သည်။ လောကနိယာမအားလုံး တိတ်ဆိတ်သွားသည်။ ကြယ်ရောင်အလင်းများ စပ်ယှက်သွားသည်။ လောကအဆုံးသတ်တော့မလို ထင်ရသည်။ မသေမျိုးများပင် ဤတိုက်ပွဲတွင် ဝင်စွက်မရနိုင်။

တစ်ဖြေးဖြေးစွမ်းအားကြီးလာသည့် ယွမ်ကျိကြောင့် လုပ်ကြံသူ စိတ်ဖိအားပေါ်လာသည်။ ပေါင်းစပ်ခြင်းအဆင့်နှင့် နီးကပ်လာသည့် စွမ်းအားတိုးတက်မှုက ကြောက်စရာကောင်းလွန်းသည်။

ပေါင်းစပ်ခြင်းအဆင့်မရမီပင် တန်းတူတိုက်ခိုက်နိုင်စွမ်းရှိသည်။ တကယ်အဆင့်တက်သွားလျှင် ဘယ်လိုဖြစ်လာမည်မသိ။

သူ့လှုပ်ရှားမှုက မိုးမြေနှင့်တစ်သားတည်းဖြစ်လာဟန်ရှိသည်။ လှုပ်ရှားမှုတိုင်းက စကြာဝဠာဆန္ဒကို ထင်ဟပ်နေသယောင်ရှိသည်။ လောကမဟာလမ်းကြောင်းက ယွမ်ကျိ၏ကံကြမ္မာနှင့် အတူရပ်တည်သည်။ စွမ်းအင်ရောင်က အလွန်ကြောက်စရာကောင်းလာသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

လုပ်ကြံသူ မယုံနိုင်အောင်ဖြစ်သွားသည်။

လွှမ်းခြုံခြင်း၊ လွန်မြောက်ခြင်း၊ ပေါင်းစပ်ခြင်း။ မသေမျို့းအဆင့်ထက်တွင် ဤသုံးဆင့်ရှိသည်။ ယွမ်ကျိသည် ပေါင်းစပ်ခြင်းအဆင့်ရောက်မှသာ သူ့ပြိုင်ဘက်ဖြစ်နိုင်သည်။

ယခု ပေါင်းစပ်ခြင်းအဆင့်တက်ခါနီးမှာပင် ထိုမျှကြောက်စရာစွမ်းအင်ရောင်မျိုး ဘယ်လိုထုတ်လွှတ်နိုင်သည်မသိ။

"နင်လျှောက်ခဲ့တဲ့လမ်းက မှားနေလို့လေ"

အာရုံလွှဲနေချိန်ကို အခွင့်ကောင်းယူ၍ လုပ်ကြံသူမျက်နှာကို နတ်မယ် လက်သီးဖြင့်ထိုးသည်။

"နင်ရထားတဲ့ လွန်မြောက်ခြင်းအဆင့်က လမ်းမှန်နည်းမဟုတ်ဘူး။ ဖြတ်လမ်းနည်းပဲ။ လွန်မြောက်ခြင်းလမ်းစဉ်အစစ်က အရိယဖလကို တဖြေးဖြေးနားလည်အောင်ကြိုးစားရတာ။

ချီယန္တရားကိုစွန့်ပယ်ပြီး စည်းမျဉ်းသယ်ဆောင်သူဖြစ်လာရတာ။ လူသားနဲ့ကောင်းကင်ကို ခွဲခြားရတာ။ အဲဒီ့နည်းနဲ့ ကြောင်းကျိုးကံကြမ္မာကို ဖြတ်တောက်ရတာ"

လုပ်ကြံသူ ရင်ထဲတုန်ခါသွားသည်။

အရိယဖလစနစ်တည်ဆောက်သူဖြစ်၍ လွှမ်းခြုံခြင်းအဆင့်ရနိုင်သည့်နည်းလမ်းသာမက လွန်မြောက်ခြင်းနိယာမ လမ်းကြောင်းကိုလည်း နတ်မယ်သိသည်။

လွန်မြောက်ခြင်းကိုရဖို့ သတ်ဖြတ်စရာမလို။ အရိယဖလကို သေချာသန့်စင်ဖို့သာလိုသည်။ လွန်မြောက်ခြင်းအဆင့်ကို သတ်ဖြတ်စရာမလိုဘဲ အလိုလိုရောက်သွားလိမ့်မည်။

"ပါးစပ်ပိတ်ထားစမ်း"

လုပ်ကြံသူ ဒေါသတကြီးအော်ဟစ်လိုက်သည်။ လွန်မြောက်ခြင်းအဆင့်ကိုရဖို့ အဆုံးမဲ့သတ်ဖြတ်သည့်လမ်းစဉ်ကို သူအာရုံနှစ်ထားခဲ့သည်။ အရင်းနှီးဆုံးမိတ်ဆွေများ သူ့ဓားအောက်တွင် ဝိညာဉ်အဖြစ်ပြောင်းသွားသည်။

ထိုအတိတ်ကို သူထပ်မတွေးချင်။ ယခု နတ်မယ်က သူ့နည်းလမ်းကိုမှားသည်ဟု ကြေငြာသည်။ သူဘယ်လိုခံနိုင်ရည်ရှိမည်နည်း။

"နင်က အဆင့်တက်ဖို့ စိတ်အားထက်သန်မှုလွန်ကဲတယ်။ စိတ်လောလွန်းတယ်။ မအောင်မြင်နိုင်ဘူး"

နတ်မယ်ထပ်ပြောသည်။ အမြင့်ဆုံးကျင့်စဉ်စွမ်းအားရဖို့ စိတ်အစွဲလွန်း၍ စံရည်မမီရသည့်အဖြစ်မျိုး သူကိုယ်တိုင်ကြုံခဲ့ဖူးသည်။

သို့သော် သူ့အတိတ်ကိုဖြတ်တောက်လိုက်ချိန်တွင် ထာဝရနတ်မယ်ဘွဲ့ကို ရခဲ့သည်။ သူ့စိတ်အခြေအနေက တည်ငြိမ်သည်။ ကျင့်ကြံမှုကြောင့်ရလာသည့် ကြည်နူးမှုကို ခံစားနိုင်သည်။ ရှေ့လမ်းပေါင်းများစွာကို ကြိုမြင်နိုင်သည်။

ရှေးဟောင်းခေတ်တွင် ထိုအကြောင်းများ သူမပြောခဲ့။ ကျင့်ကြံမှုသည် အဆုံးမရှိကြောင်း သူယုံကြည်သည်။ ကျင့်စဉ်အဆင့်နောက်သို့ မျက်ကန်းလိုလိုက်လျှင် ထိုအဆင့်များ၏ ကျေးကျွန်သာဖြစ်လာမည်။ မမှန်ကန်သည့်စိတ်ဓာတ်ဖြင့် လွန်မြောက်ခြင်းကိုမရနိုင်။

ယင်ထန်တို့လေးယောက်လည်း မသေမျိုးအဆင့်ရောက်ပြီးနောက် ဆက်ကျင့်ကြံလိုပုံမရတော့သည်ကို သူမြင်သည်။ ရှေ့လမ်းများအကြောင်း ဆက်ပြောလျှင် သူ့တို့ကိုစိတ်ဖိအားပေးသလိုသာဖြစ်မည်။

သူလွှမ်းခြုံခြင်းအဆင့်ကို နားလည်ခဲ့သည်က တမင်ကျင့်ကြံခဲ့ခြင်းမဟုတ်။ သဘာဝအတိုင်း ရလာခြင်းဖြစ်သည်။ သူကိုယ်တိုင်ပင် ထိုအဆင့်ရောက်မည်မထင်ခဲ့။

သုံးယောက်တိုက်ပွဲက အသန့်စင်ဆုံးစွမ်းအားတိုက်ခိုက်ခြင်းအဖြစ် ပြောင်းသွားသည်။ လုပ်ကြံသူ သွေးအဆက်မပြတ်အန်သည်။ မသေမျိုးသွေးများ စကြာဝဠာတွင် ပေါက်ကွဲထွက်ပြီး စွမ်းအင်မြူများအဖြစ်ပြောင်းသွားသည်။ ဖြတ်သန်းရာတစ်လျှောက် လေဟာနယ်ပြိုပျက်ပြီး ဘလက်ဟိုးများဖြစ်လာသည်။

"ဝေါ့"

ယွမ်ကျိနှင့်နတ်မယ်လည်း အပြင်းအထန်ဒဏ်ရာရသည်။ နှုတ်ခမ်းထောင့်မှ သွေးများကျလာသည်။

အချိန်မသေမျိုးက ကောင်းကင်မျက်လုံးကိုဖွင့်ပြီး အနာဂတ်တိုက်ပွဲရလဒ်ကိုကြည့်ဖို့ ကြိုးစားသည်။

သို့သော် အနာဂတ်မြင်ကွင်းက အဆုံးစမဲ့စွမ်းအင်လှိုင်းများ ဖုံးလွှမ်းနေသည်။ ကောင်းကင်ယန္တရားရော ကြောင်းကျိုးကံကြမ္မာပါ ခွဲခြားမရ။ တိုက်ပွဲရလာဒ်မြင်နိုင်ဖို့ဆို ပိုဝေးသေးသည်။ နောက်တစ်က္ကန့်ဖြစ်လာမည့် ပုံရိပ်ပင်မမြင်ရ။

"ယွမ်ကျိခန္ဓာကိုက တစ်ခုခုမူမမှန်ဘူးထင်တယ်"

အမြင်အစူးရှဆုံးဖြစ်သည့် ချီလင်မသေမျိုးက မျက်မှောင်ကျုံ့၍ ပြောသည်။

သုံးယောက်တိုက်ပွဲကွင်းက စူးရှသည့်အလင်းရောင်နှင့် အမှောင်စွမ်းအင်ရောင် လွှမ်းခြုံနေသည်။ ဘယ်ဘက်အသာရနေသည်ကို စွမ်းအင်ရောင်အရှိန်အဟုန်ကြည့်၍သာ ဆုံးဖြတ်နိုင်သည်။

ယွမ်ကျိ၏ခန္ဓာကိုယ်အရောင် ပြောင်းလဲလာသည်ကို ချီလင် သတိထားမိသည်။ အရောင်မှိန်လာသည်။ ဆေးရောင်စုံပန်းချီကားတစ်ချပ် မြစ်ရေထဲ နစ်မြုပ်သွားပြီး ဆေးသားများရေတွင်ပျော်ဝင်သွားသလိုရှိသည်။

"ဟုတ်တယ်"

တစ်ခြားလူများလည်း ထိုအချက်ကိုသတိထားမိသည်။ ထိုအပြောင်းအလဲမျိုး တစ်ခါမှမမြင်ဖူးကြ။ စကြာဝဠာနှင့် ပေါင်းစပ်နေသလိုရှိသည်။

"ဒုတ် ဒုတ် ဒုတ်"

ထူးဆန်းသည့်အသံတစ်ခု အားလုံး၏နားထဲသို့ဝင်လာသည်။ နှလုံးခုန်သံနှင့်တူသည်။ သို့သော် ခဏသာကြားလိုက်ရသည်။ မသေမျိုးအာရုံဖြန့်ကြည့်ချိန်တွင် ဘာကိုမှမမြင်ရတော့။

လုယန်တစ်ယောက်သာ သေချာနားလည်သည်။ ထိုအရာသည် ယွမ်ကျိ၏နှလုံးခုန်သံဖြစ်သည်။ ခန္ဓာကိုယ်က တာအိုနှင့်ပေါင်းစပ်လာသဖြင့် သူ့နှလုံးက ကောင်းကင်နေရာတွင် အစားထိုးဝင်လာသည်။

ယွမ်ကျိကိုယ်တိုင် 'ကောင်းကင်'အဖြစ် တဖြေးဖြေးပြောင်းလဲလာသည်။

တိုက်ပွဲအခြေအနေက ချက်ချင်းပြောင်းသွားသည်။ ယွမ်ကျိစွမ်းအင်ရောင် အဆက်မပြတ်ထိုးတက်လာသည်။ နောက်ဆုံးတွင် လုပ်ကြံသူ၏စွမ်းအားထက် အပြည့်အဝလွှမ်းမိုးသွားသည်။ စကြာဝဠာတစ်ခုလုံး သူ့အိမ်ကွင်းဖြစ်လာသည်။ သက်ရှိအားလုံး သူ့စွမ်းအင်ရောင်ကို အာရုံခံနိုင်သည်။

ယွမ်ကျိ မျက်လုံးမှိတ်လိုက်သည်။ သူ့အာရုံ အဆုံးစမရှိဆန့်ထွက်သွားသည်။ သူ့ရှေ့မှလုပ်ကြံသူကို အာရုံခံမိသည်။ ကောင်းကင်ဂိတ်တောင်ထိပ်မှ ကြယ်များကိုကြည့်နေသည့် ယွမ်မုန်မုန်ကို အာရုံခံမိသည်။

ကျင့်ကြံမှုလောက မသိသေးသည့် စကြာဝဠာအစွန်းအနားများကို အာရုံခံမိသည်။ သက်ရှိကြယ်ကမ္ဘာများစွာရှိနေသည်။ ထိုသက်ရှိတို့၏ လှုပ်ရှားမှုအားလုံး သူ့အာရုံစက်ကွင်းထဲတွင်ရှိသည်။

လက်ကိုမြှောက်၍ ညင်သာစွာလက်သီးဆုပ်လိုက်သည်။ ယခု သူသည် စကြာဝဠာဖြစ်သည်။ အတွေးတစ်ချက်ဖြင့် မိုးမြေသဘာဝစွမ်းအားများကို ထိန်းချုပ်နိုင်သည်။ ကြယ်များကမီးဖိုအသွင်ပြောင်း၍ မိုးမြေမူလမီးတောက်ဖြင့် လုပ်ကြံသူကို သန့်စင်သည်။

လုပ်ကြံသူ သံကုန်ခြစ်၍ အော်ဟစ်လိုက်သည်။ ကြယ်မီးဖိုပေါက်ကွဲသွားသည်။ မူလမီးတောက် ငြိမ်းသွားသည်။ ဓာတ်ငါးမျိုးအရိယဖလကို သူပိုင်ဆိုင်ထားသည်။ မိုးမြေမူလမီးတောက်လည်း ဓာတ်ငါးမျိုးထဲတွင် ပါဝင်သည်။ မြေဓာတ် ရွှေဓာတ်တို့ဖွဲ့စည်းထည်းသည့် ကြယ်ကမ္ဘာများလည်း ဓာတ်ငါးမျိုးအရိယဖလအောက်တွင် ရှိနေသည်။

ထိုခဏမှာပင် ယွမ်ကျိစွမ်းအင်ရောင်ပျောက်သွားသည်။ ခန္ဓာကိုယ်က အလင်းပေါက်သလင်းတုံးလို ဖြစ်သွားသည်။

မသေမျိုးအာရုံဖြင့်ကြည့်လျှင် သူ့ကိုလုံးဝအာရုံခံနိုင်မည်မဟုတ်။

လုပ်ကြံသူလည်း ထိတ်လန့်ခြောက်ခြားလာသည်။ သူရင်ဆိုင်နေရသည့်အရာသည် လူတစ်ယောက်မဟုတ်ဘဲ အဓိပဓိကောင်းကင်လိုဖြစ်နေသည်။ သူက ကောင်းကင်ကိုရန်ငြှိုးဖွဲ့နေသည့် အာခံသူလိုဖြစ်နေသည်။

နောက်ဆုံးတွင် သလင်းတုံးခန္ဓာပင် ပျောက်ကွယ်သွားပြီး အရိပ်တစ်ခုသာကျန်တော့သည်။ အရိပ်၏မျက်နှာကို သေချာမမြင်ရသော်လည်း ခြောက်ခြားစရာအကောင်းဆုံး အေးစက်မှုအငွေ့အသက်အာရုံကို ပေးနေသည်။

"ယွမ်လော်"

အရိပ်က စကားပြောသည်။ ယွမ်ကျိ၏ ပုံမှန်လေသံထက်ပင် ပိုအေးစက်သည်။ ကောင်းကင်နိယာမစွမ်းအားဖြင့် ဖွဲ့စည်းထားသည့် လက်ဝါးတစ်ဘက် လုပ်ကြံသူအပေါ် ကျဆင်းလာသည်။

လုပ်ကြံသူ အကြီးအကျယ်သွေးအန်သည်။ သူ့မျက်နှာတွင် မယုံနိုင်သည့်အရိပ်များ ထင်ဟပ်နေသည်။ တိုက်ပွဲစကတည်းက အပြင်းထန်ဆုံးဒဏ်ရာကို သူရသည်။

သူ့အသက်ဓာတ်က အလွန်အားကောင်းသည်။ ဒဏ်ရာများချက်ချင်းပျောက်ကင်းသည်။ အရိပ်ကို သူစိုက်ကြည့်ရင်း မျက်နှာပျက်နေသည်။ ယခု ယွမ်ကျိသည် ပေါင်းစပ်ခြင်းအဆင့်သို့ တကယ်ရောက်လာကြောင်း သေချာနေသည်။

ပေါင်းစပ်ခြင်းအဆင့်နှင့် လွန်မြောက်အခြင်းအဆင့်သည် စွမ်းအားချင်း ထိုမျှမကွာခြားသင့်။ သူလျှောက်ခဲ့သည့်လမ်းက တကယ်မှားနေသလော။

"အဲ၊ ရှောင်ကျိရဲ့ကြယ် အလင်းပျောက်သွားပြီ"

ယွမ်မုန်မုန် လက်ညှိုးထိုးပြသည်။ နောက်ဆုံးမှေးမှိန်နေသည့် ကြယ်ကပျောက်သွားသည်။

"ရှောင်ကျိဆိုတာ ဘယ်သူလဲ"

ဘေးတွင်ထိုင်နေသည့် ချင်ဟဲကမေးသည်။

*********************************

All Chapters