← Chapters

အခန်း ၁၃၅၆

Vol. 91 Ch. 1356

အခန်း ၁၃၅၆

Vol. 91 Ch. 1356

အခန်း (၁၃၅၆) အတွက်မှားခြင်း

ကောင်းကင်မှလူသားအဖြစ် ယွမ်ကျိပြန်ပြောင်းသည်နှင့် ကျင့်ကြံသူလောက၏ကောင်းကင်မှကြယ်များ တစ်ခုပြီးတစ်ခု လင်းလက်လာသည်။ ပျောက်ဆုံးသွားသည့်မှတ်ဉာဏ်များ ပြောင်းလဲသွားသည့်အမှန်တရားများ အရင်လိုပြန်ဖြစ်လာသည်။

ယွမ်ကျိအကြောင်းသိသူများ မှတ်ဉာဏ်ပျောက်ဆုံးခဲ့သည့်အဖြစ်ကို သတိမထားမိကြ။ ဘာမှမဖြစ်ခဲ့သလိုသာထင်ရသည်။

ကိုးဆမသေမျိုးနှင့် တစ်ခြားလူများလည်း မှတ်ဉာဏ်ပြန်ပေါ်လာသည်။ အကြီးအကျယ်အံ့ဩနေသည်။ ခုနက ခံစားချက်က အရမ်းဆန်းကြယ်လွန်းသည်။ ယွမ်ကျိက သူတို့မျက်စိရှေ့တွင်ရှိနေသည်။

သို့သော် သူ့အကြောင်းမှတ်ဉာဏ်များ အတင်းဖျက်ဆီးခံခဲ့ရသည်။

ပေါင်းစပ်ခြင်းအဆင့် ကြောက်စရာစွမ်းရည်တစ်မျိုးလော။

လုယန်၏ရင်ဘတ် ဖားဖိုလိုဖြစ်နေသည်။ အသက်ကိုပင်ပန်းစွာရှူနေရသည်။ ခုနက သူလှုပ်ရှားလိုက်သည့်ဓားချက်သည် ထင်သလောက်လွယ်သည်မဟုတ်။ သန္ဓေ၊ ချီနှင့် ဝိညာဉ်ကို အပြင်းအထန်အာရုံစုစည်းခဲ့ရသည်။ သုံးရသည့်စွမ်းအားက အတော်မြင့်သည်။

သို့သော် အစီအစဉ်အောင်မြင်ခဲ့သည်။ အမယွမ်ကို ပေါင်းစပ်သည့်အခြေအနေမှ ပြန်ဆွဲခေါ်နိုင်ခဲ့သည်။

ဇစ်မြစ်အရိယဖလကို သူတည်ဆောက်ခဲ့သည်မှာ ထိုအချိန်အတွက်ဖြစ်သည်။ အားလုံးကို ဂုဏ်ပြုပွဲအမည်ဖြင့် စုစည်းမည်။ လုပ်ကြံသူ၏မျက်နှာဖုံးကို ခွာချမည်။ အမယွမ်၏ ပေါင်းစပ်ခြင်းစွမ်းအားဖြင့် လုပ်ကြံသူကိုသတ်မည်။

ထို့နောက် အမယွမ်ကို ထိုအခြေအနေမှ ပြန်ဆွဲခေါ်မည်။ အားလုံးက အစီအစဉ်အတိုင်းဆက်ဖြစ်နေသည်။

နောက်ထပ်ရင်ဆိုင်ရာတွင် ယွမ်ကျိစွမ်းအားက ပေါင်းစပ်ခြင်းအဆင့်မတိုင်မီကထက်ပင် ပိုတိုးလာကြောင့် လုပ်ကြံသူ တွေ့လိုက်ရသည်။

တစ်ချိန်က ပေါင်းစပ်ခြင်းအဆင့်ကို ယွမ်ကျိ တစ်ကြိမ်ခံစားဖူးသည်။ သူလိုချင်သည့်အဆင့်မျိုးမဟုတ်ကြောင်း နားလည်သဖြင့် ချက်ချင်းထွက်ခွာခဲ့သည်။

ယခု လုယန်အကူအညီရှိနေသဖြင့် သူလွတ်လွတ်လပ်လပ်တိုက်ခိုက်နိုင်သည်။ စွမ်းအားကို တမင်ထိန်းချုပ်ထားစရာမလိုတော့။ ပေါင်းစပ်ခြင်းတစ်ဝက်အဆင့်မှ ပေါင်းစပ်ခြင်းအပြည့်အဆင့်ထိ ဖြတ်သန်းချိန်တွင် ထိုအဆင့်၏ ထူးခြားဆန်းကြယ်မှုများကို သူတွေ့ကြုံခံစားခဲ့ရသည်။

အဆင့်ကျလာသော်လည်း တစ်ချို့အတွေးအမြင်နှင့် ဆန်းကြယ်မှုများက ကျန်နေသေးသည်။ မိုးမြေစွမ်းအားကို ပို၍ကျင်လည်ချောမွေ့စွာ သုံးနိုင်လာသည်။

လုပ်ကြံသူ၏ခန္ဓာကိုယ် ဒဏ်ရာဗရပွရထားပြီး သွေးများဖုံးလွှမ်းနေသည်။ သွေးကိုသုံး၍ မှော်ပညာများအသက်သွင်းသည်။ အနီရောင်လျှပ်စီးကို ဖန်တီးသည်။ ကောင်းကင်တစ်ခုလုံး သွေးလွှမ်းနေသလိုထင်ရသည်။

လျှပ်စီးအရိယဖလနှင့် ကောင်းကင်လျှပ်စီးအရိယဖလနှစ်ခုလုံး သူပိုင်ဆိုင်သည်။ အခြေခံအားဖြင့် ထိုနှစ်ခုကအတူတူဖြစ်သည်။ သက်တမ်းနှင့် အမည်ပေးပုံသာကွာသည်။ လျှပ်စီးတာအိုလမ်းစဉ်တွင် ဘယ်သူ့ကိုမဆို အတော်ဝေးဝေးတွင် နောက်ချန်ထားခဲ့နိုင်သည်။

လျှပ်စီးခန္ဓာအဖြစ်ပြောင်းပြီး ကောင်းကင်လျှပ်စီးနှင့် ပေါင်းစပ်သည်။ လျှပ်စီးထဲတွင် နေရာစုံသို့သူရောက်နိုင်သည်။

လျှပ်စီးက အာကာသကိုထိုးခွဲ၍ ကြောက်စရာအင်အားဖြင့် ပေါက်ကွဲသွားသည်။ ချီလင်တို့လူစု တိုက်ပွဲကွင်းမှ ထိတ်လန့်တကြားနောက်ဆုတ်သါားသည်။

တိုက်ပွဲကွင်းက ဆူပွက်နေသည်။ သွေးလျှပ်စီးများ ပေါက်ကွဲနေသည်။ ကြယ်စု၏လေဟာနယ်စနစ်ပင် ပျက်စီးသွားသည်။ အကွာအဝေးကန့်သတ်ချက် လုံးဝမရှိ။

ယွမ်ကျိ၏နည်းလမ်းများက ငြင်သာဟန်ရှိသော်လည်း မိုးမြေအပေါ်လွှမ်းမိုးထားသည်။ ဘယ်သူမှမယှဉ်နိုင်။ မသေမျိုးရွှေ မသေမျိုးလက်နက်များလည်း စက္ကူလက်နက်များနှင့်မခြား။

သူ့လက်ဝါးတစ်ချက်ဖြင့် မသေမျိုးတစ်ယောက်ကို သတ်ဖြတ်နိုင်သည်။

ကောင်းကင်လျှပ်စီးက လောကအနှံ့ သွေးရောင်ဖြန့်ကျက်သည်။ ကြောက်စရာနယ်မြေတစ်ခုဖြစ်လာသည်။ လုပ်ကြံသူက လျှပ်စီးထဲတွင် ခုန်ပျံပြေးလွှား၍ ပုန်းလိုက်ပေါ်လိုက် လှုပ်ရှားသည်။

ရုတ်တရက် အလစ်တိုက်ခိုက်ရန် ယွမ်ကျိနောက်ဘက်တွင် ပေါ်လာသည်။ ဓာတ်ငါးမျိုးမူလစွမ်းအင်များ လက်ဝါးတွင်စုစည်း၍ ဝိညာဉ်ဖျက်သံတုတ်ကို ဖန်တီးသည်။

ယွမ်ကျိက အနီးအနားကြယ်စုပေါင်းရာချီကို လွှမ်းမိုးထားသည်။ လုပ်ကြံသူ၏ လှုပ်ရှားမှုတိုင်းကို သူအာရုံခံမိသည်။

ခန္ဓာကိုယ်ကိုဖျတ်ခနဲလှည့်၍ ဝိညာဉ်ဖျက်သံတုတ်ကို ဘေးတိုက်ရိုက်ချသည်။

သံတုတ်ကြေမွသွားသည်။ တိုက်ခိုက်မှုမအောင်မြင်သဖြင့် လုပ်ကြံသူ ကောင်းကင်လျှပ်စီးထဲ ပြေးပုန်းသည်။

ယွမ်ကျိ လက်ဝါးနှစ်ဘက်ကို အတူပူးလိုက်သည်။ ဘေးပတ်လည်လေဟာနယ် တွန့်လိမ်သွားသည်။ ကောင်းကင်လျှပ်စီးက လုပ်ကြံသူကို ဖုံးကွယ်မပေးနိုင်တော့။

"ဒါက ပေါင်းစပ်ခြင်းအဆင့်မဟုတ်တော့ဘူး။ ပေါင်းစပ်ခြင်းအဆင့်ကို လွန်သွားပြီ"

အချိန်မသေမျိုး သက်ပြင်းချသည်။ သမိုင်းတစ်လျှောက် ယွမ်ကျိလို ကျင့်စဉ်လမ်းအဆုံးသို့ ရောက်နေသူမျိုး တစ်ခါမှမရှိခဲ့ဖူးလောက်။

လုပ်ကြံသူက ဒဏ်ရာအမြန်ကုစားပြီး အသက်ဓာတ်များစွာပေးနိုင်သည့် အရိယဖလများ ပိုင်ဆိုင်ထားသည်။ သို့သော် ထာဝရအရိယဖလမှလွဲလျှင် တစ်ခြားဘယ်အရိယဖလမှ ယွမ်ကျိ၏ ကြမ်းတမ်းသည့် တိုက်ခိုက်မှုများကို ခံနိုင်ရည်မရှိ။

လုပ်ကြံသူ၏ရုပ်ခန္ဓာက ပျက်စီးမည့်လက္ခဏာများ ပေါ်နေပြီဖြစ်သည်။ လွန်မြောက်ခြင်းအဆင့်သို့ မကောင်းသည့်လမ်းစဉ်ဖြင့် ရောက်ခဲ့သည်ဆိုသော်လည်း လွန်မြောက်ခြင်းအဆင့်သာဖြစ်သည်။

ထိုအဆင့်မျိုး၏ရုပ်ခန္ဓာ ပျက်စီးလာသည်မှာ မယုံနိုင်စရာကောင်းသည်။

ထိုအတိုင်းဆက်သွားလျှင် သူ့အတွက် အခြေအနေမကောင်း။

ရုတ်တရက် ယွမ်ကျိ၏တိုက်ခိုက်မှုများ အားနည်းသလိုဖြစ်လာသည်ကို သူသတိထားမိသည်။ မဟုတ်သေး။ အားနည်းလာခြင်းမဟုတ်။ တုံ့ဆိုင်းလာခြင်းဖြစ်သည်။ အရင်လို မသွက်လက်တော့။

ယွမ်ကျိနှင့်ပတ်သက်သည့် လောကမှတ်ဉာဏ်များ အဖြစ်အပျက်များ လျင်မြန်စွာပျောက်ကွယ်နေသည်။

ခံစားချက်ကင်းမဲ့သည့် သူ့မျက်နှာတွင် ခံစားချက်အရိပ်တစ်ချို့ မသိမသာပေါ်လာသည်။ သူ့အခြေအနေ မူမမှန်ကြောင်း သူ့ကိုယ်သူသိသည်။

ကောင်းကင်နှင့် နောက်တစ်ကြိမ် သူပေါင်းစပ်တော့မည်။

"အမယွမ်က ပေါင်းစပ်ခြင်းအဆင့်ကို နောက်တစ်ကြိမ်တက်တော့မှာပဲ"

လုယန်ရင်ထဲ မကောင်းသည့်နိမိတ်ကို ခံစားရသည်။ ထိုအခြေအနေမျိုး ပေါင်းစပ်မှုဖြစ်စဉ်အတွင်း၌သာ ဖြစ်ပေါ်လေ့ရှိသည်။ သို့သော် အမယွမ်က ပေါင်းစပ်မှုတစ်ဝက်အဆင့်သာဖြစ်သည်။ အစစ်မဟုတ်သေး။ ဘာကြောင့် ထိုအခြေအနေ ဖြစ်လာသည်မသိ။

ပေါင်းစပ်ခြင်းအဆင့်နှင့် နှစ်ခါထိတွေ့ဖူးသဖြင့် ထိုအခြေအနေရောက်ဖို့ ပိုလွယ်ကူလာခြင်းလော...

ထိုအတိုင်းဆက်သွား၍မဖြစ်ကြောင်း လုယန်သိသည်။ နောက်တစ်ကြိမ် သူလှုပ်ရှားသည်။ သန္ဓေ ချီ ဝိညာဉ် စုစည်း၍ ဇစ်မြစ်အရိယဖလဖြင့် စွမ်းအားပြည့်ဓားတစ်ချက်ထုတ်သည်။

သို့သော် ဤတစ်ကြိမ်တွင် ထိရောက်မှု သိပ်မရှိ။ ယွမ်ကျိ၏ ဖြစ်တည်မှုသက်သေများ ဆက်လက်ပျောက်ကွယ်နေဆဲဖြစ်သည်။

"ဟာ..."

လုယန် ထိတ်လန့်သွားသည်။ စိုးရိမ်နေသည့် နိမိတ်က တကယ်ဖြစ်လာသည်။ အမယွမ်၏အခြေအနေက ထိန်းချုပ်မရတော့။

ပေါင်းစပ်ခြင်းအဆင့်သို့ တဖြေးဖြေးဆွဲခေါ်ခံနေရကြောင်း သူရိပ်မိသည်။ ဇစ်မြစ်အရိယဖလစွမ်းအားက အတင်းကြိုးစား၍ ပြန်ဆွဲယူနေသည်။

သို့သော် ပေါင်းစပ်ခြင်းအဆင့်၏စွမ်းအားက ကြီးမားလွန်းသည်။ သူရင်ဆိုင်နိုင်စွမ်းထက် ကျော်နေသည်။

"ထင်ထားတဲ့အတိုင်းပါပဲ"

လုပ်ကြံသူ အဆက်မပြတ်အော်ရယ်နေသည်။ အပြင်းအထန်ဒဏ်ရာရထားသော်လည်း ယခု သူ့စောင့်နေသည့်အချိန် ရောက်လာပြီဖြစ်သည်။

"ဒီနည်းလမ်းက အမြဲတမ်းအလုပ်မဖြစ်နိုင်ဘူးဆိုတာ ငါသိသားပဲ"

အရိယဖလတစ်ခုက ယွမ်ကျိကို တစ်ခါသာဆွဲချနိုင်လိမ့်မည်။ လုယန်၏စွမ်းရည်ကြောင့်ဖြစ်သည်။ သို့သော် အဆင့်တစ်ဆင့်ကွာဟနေသည်။ ပေါင်းစပ်ခြင်းအဆင့်အပေါ် အဆက်မပြတ် သက်ရောက်နိုင်မည်မဟုတ်။

ကောင်းကင်ကို ထိုမျှလွယ်လွယ်ထိန်းချုပ်နိုင်လျှင် လွယ်လွန်းနေမည်။

စိတ်ပူလွန်းသဖြင့် လုယန်ချွေးပြန်လာသည်။ သူ့အစီအစဉ်တွင် ဟာကွက်တစ်ခုပါသွားသည်။ အလွယ်တွေးလွန်းခဲ့သဖြင့် အမယွမ်ကို မီးတွင်းထဲတွန်းပို့မိသလို ဖြစ်နေသည်။

အစောပိုင်းက စိတ်ခံစားချက်လှုပ်ရှားနေသော်လည်း ယခု ယွမ်ကျိ၏စိတ်များ ကန်ရေလိုတည်ငြိမ်နေသည်။ ဖြေရှင်းနည်းတွေ့၍မဟုတ်။ ကောင်းကင်ဖြစ်ဖို့ ပိုနည်းစပ်လာသဖြင့် စိတ်ဓာတ်က အနှောက်အယှက်ကင်းလာခြင်းဖြစ်သည်။

"အခြေအနေမကောင်းတော့ဘူး"

ကျန်သည့်မသေမျိုးများလည်း စိတ်ဓာတ်အဆုံးထိကျသွားသည်။ ယွမ်ကျိနှင့်ပတ်သက်သည့်မှတ်ဉာဏ်များ ပျောက်ဆုံးနေကြောင်း သတိထားမိသည်။ သို့သော် ဘာမှမတတ်နိုင်။

"ဘယ်လိုလုပ်ကြမလဲ။ အချိန်နောက်ပြန်ရစ်မလား"

အချိန်မသေမျိုးက အကြံပြုသည်။

"အသုံးမဝင်ဘူး"

ချီလင် ခေါင်းခါသည်။

"ပေါင်းစပ်ခြင်းအဆင့်ပေါ် မိတ်ဆွေယွမ်ကျိရဲ့ နားလည်မှုက နက်ရှိုင်းလွန်းတယ်။ အချိန်နောက်ပြန်ရစ်တောင် ပေါင်းစပ်ခြင်းအခြေအနေကို သူအလိုလိုဝင်သွားမှာပဲ"

အောင်ပွဲအလင်းရောင်ကို မြင်ရသဖြင့် လုပ်ကြံသူ ဝမ်းသာနေသည်။ ယွမ်ကျိ ပေါင်းစပ်ခြင်းအဆင့်ရောက်သည်နှင့် သူ့ကိုတိုက်ခိုက်တော့မည်မဟုတ်။ သူရင်ဆိုင်ရမည့်လူက လွှမ်းခြုံခြင်းအဆင့်မရောက်သည့် ထာဝရနတ်မယ်နှင့် တစ်ခြားမသေမျိုးများသာရှိသည်။ သူ့ကိုယှဉ်နိုင်မည်မဟုတ်။

အဆုံးစမဲ့ထာဝရစွမ်းအားများ နတ်မယ်၏လက်ချောင်းထိပ်တွင်စုစည်းလာသည်။ ယွမ်ကျိကို လက်ညှိုးထိုးသည်။

"ထာဝရတည်မြဲခြင်း"

ပေါင်းစပ်ခြင်းအဆင့်သို့ ချဉ်းကပ်နေသည့်ယွမ်ကျိ ထူးထူးခြားခြားရပ်သွားသည်။ သူနှင့်ပတ်သက်သည့် အပြောင်းအလည်းများလည်း တစ်ပြိုင်တည်းရပ်သွားသည်။

ယွမ်ကျိမျက်နှာတွင် ရှားပါးသည့် အံ့ဩရိပ်ပေါ်လာသည်။

"ဟူး..အလုပ်ဖြစ်သားပဲ"

နတ်မယ်က နဖူးမှချွေးများကို သုတ်နေသည်။ ထာဝရတည်မြဲခြင်းစွမ်းအားသည် တစ်ခြားလူများအပေါ် သတ်မှတ်ရလွယ်သော်လည်း ယွမ်ကျိအပေါ်သတ်မှတ်ဖို့ အတော်ခက်ခဲသည်။

ထာဝရအရိယဖလသည် ကိုယ်လက်ရှိအခြေအနေကိုယ် တည်မြဲအောင်ထိန်းနိုင်သလို ယွမ်ကျိကိုလည်း ထိန်းနိုင်သည်။

သို့သော် သူတစ်ယောက်တည်းစွမ်းအားဖြင့် မလုံလောက်။ လုယန်၏ ဇစ်မြစ်အရိယဖလနှင့် ပူးပေါင်းရသည်။ အရိယဖလနှစ်ခု အစွမ်းကုန်ကြိုးစားမှ ယွမ်ကျိအဆင့်ကို တည်ငြိမ်အောင်ထိန်းနိုင်သည်။

"ငါ့မှာနည်းလမ်းရှိတယ်လို့ နင့်ကိုပြောသားပဲ"

နတ်မယ်က ခပ်ညှင်းညှင်းရယ်၍ သူ့စွမ်းဆောင်မှုအတွက် လုယန်၏အသိအမှတ်ပြုမှုကို တောင်းခံသည်။

မျှော်လင့်ချက် ပျက်စီးသွားသည့် လုပ်ကြံသူ၏မျက်လုံးများ မီးလိုနီရဲလာသည်။ လူသတ်ရိပ်လည်း မြင့်တက်လာသည်။

"ထာဝရနတ်မယ်..."

*****************************

All Chapters