← Chapters

အခန်း ၁၃၅၇

Vol. 91 Ch. 1357

အခန်း ၁၃၅၇

Vol. 91 Ch. 1357

အခန်း (၁၃၅၇) အချိန်လမ်းကြောင်းပြောင်းလဲခြင်း

ကျင့်ကြံမှုလောကကောင်းကင်ထက်တွင် ကြယ်တစ်ပွင့်သာ ထူးခြားထင်ရှားနေသည်။ ဘေးပတ်လည်မှကြယ်များ တစ်ခုပြီးတစ်ခု အလင်းပျောက်သွားသည်။

ကျန်နေသည့်ထိုကြယ်က ညကောင်းကင်တွင် တောက်ပထင်ရှားနေသည်။ ဘယ်တော့မှမှေးမှိန်ခြင်းမရှိ။

ယွမ်မုန်မုန် ထိုကြယ်ကိုငေးကြောင်ကြည့်ရင်း ဖော်မပြနိုင်‌လောက်အောင်ဝမ်းသာလာပြီး အော်ရယ်လိုက်သည်။

ချင်ဟဲ၊ အောင်းလင်းနှင့် တစ်ခြားလူများ နားမလည်ကြ။ တိုက်ပွဲရလာဒ်ကို အားလုံးက စိတ်ပူပန်စွာစောင့်နေခြင်းဖြစ်သည်။ ဘာကြောင့်ယွမ်မုန်မုန်က ရုတ်တရက် ထရယ်သည်မသိ။ တစ်ခုခုကို အာရုံခံမိခြင်းလော။

....

"ဘုန်း"

လုယန်နှင့်နတ်မယ်တို့ စွမ်းအားတစ်ပြိုင်တည်းထုတ်သုံးသည်။ ယခု ယွမ်ကျိ စိတ်ကြိုက်တိုက်ခိုက်နိုင်ပြီဖြစ်သည်။ ပေါင်းစပ်ခြင်းအဆင့်သို့တက်မည်ကို ကြောက်စရာမလိုတော့။

အသက်နှောင်အရိယဖလကို လုယန်ထုတ်ဖော်ပြီးနောက် လုပ်ကြံသူ အဆင့်လျှောကျမသွားသော်လည်း သက်ရောက်မှုတစ်ချို့တော့ရှိသည်။ စွမ်းအင်မတည်မငြိမ်ဖြစ်လာပြီး ယွမ်ကျိနှင့်တိုက်ခိုက်ရာတွင် အရေးနိမ့်သည်။

လုပ်ကြံသူစိတ်ထဲ လုယန်နှင့်နတ်မယ်ကို သတ်ချင်စိတ်များ တစ်ရှိန်ထိုးမြင့်တက်လာသည်။ မျက်နှာမကြည့်ချင်လောက်အောင် မုန်းတီးလာသည်။ အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်ချင်သည်။

စကြာဝဠာနောက်ခံရှိသဖြင့် အဆုံးစမဲ့စွမ်းအားများ ယွမ်ကျိရထားသည်။ လုပ်ကြံသူအနေဖြင့် ထိုမျှအင်အားသုံးစွဲမှုမျိုးကို ရေရှည်ခံနိုင်ရည်ရှိမည်မဟုတ်။ ထိုနှုန်းအတိုင်းဆက်သွားလျှင် သေဖို့သာရှိသည်။

လုပ်ကြံသူ မိုင်သောင်းချီကိုကျော်ဖြတ်၍ တိုက်ပွဲကွင်းမှထွက်ပြေးရန် ကြိုးစားသည်။

သို့သော် မိုးမြေထိန်းချုပ်ခွင့် တစ်ပိုင်းတစ်စရထားသည့် ယွမ်ကျိရှေ့တွင် ထိုသို့လုပ်ဖို့မဖြစ်နိုင်။

တစ်ခြားလေဟာနယ်သို့ ထွက်ပြေးလျှင်ပင် လုပ်ကြံသူ၏ တည်နေရာကို ယွမ်ကျိအာရုံခံနိုင်သည်။

သူတို့တိုက်ပွဲက လေဟာနယ်အယူအဆက်ထက် ကျော်လွန်နေသည်။ ကျယ်ပြန့်သည့်စကြာဝဠာသည် သူတို့တိုက်ပွဲကွင်းဖြစ်သည်။

ချက်ချင်းဆိုသလိုပင် သက်ရှိကြယ်ကမ္ဘာသားများစွာ ထိုတိုက်ပွဲကို စောင့်ကြည့်ကြသည်။ သို့သော် တိုက်ပွဲအတိုင်းအတာကိုတော့ သူတို့နားမလည်ကြ။ စကြာဝဠာပြိုကျ၍ ကမ္ဘာအဆုံးသတ်တော့မည်ဟုထင်ကြသဖြင့် ဝမ်းနည်းပက်လက်မြည်တမ်းသံများ လေထဲတွင်ပြည့်နေသည်။

လုပ်ကြံသူ ခွေးရိုက်နွားရိုက် ရိုက်ခံနေရသည်။ ဒဏ်ရာကုသနှုန်း သိသိသာသာနှေးလာသည်။

ချီလင်မသေမျိုး၏ ရှင်သန်မှုအရိယဖလကို ဝါးမျိုဖို့ သူတွေးသည်။ ဝါးမျိုနိုင်လျှင် ရှင်သန်နိုင်ခြေနည်းနည်းရှိနိုင်သည်။

ချီလင်၏နောက်ကျောဘက်သို့ သူချက်ချင်းရောက်သွားသည်။ ဝါးမျိုလေဝဲဖွင့်ရန်ပြင်ချိန်တွင် ယွမ်ကျိက လက်ဝါးတစ်ချက်ဖြင့် ရိုက်ချိုးလိုက်သည်။

ထိုအချိန်ကျမှ ရန်သူက သူတို့ဘက်သို့ဦးတည်လာကြောင်း မသေမျိုးအုပ်စု သတိထားမိသည်။

တိုက်ပွဲလှိုင်းအကြွင်းအကျန်သက်ရောက်မှုများကြောင့် လူအားလုံး အတော်ဝေးသည့်နေရာသို့ ရောက်သါားသည်။ လုယန်နှင့်နတ်မယ်က ယွမ်ကျိကိုပြန်ဆွဲခေါ်ဖို့သာ အာရုံနှစ်ထားသဖြင့် တစ်ခြားလူများကို အရေးမစိုက်နိုင်။ ရသည့်ဒဏ်ရာကို သူတို့နည်းသူတို့ဟန်ဖြင့် ကုသရုံသာရှိသည်။

"ဟုတ်ပြီ ရှောင်ယွမ်၊ သူ့ကိုသတ်လိုက်"

နတ်မယ် အတော်အူမြူး၍ ခုန်ပေါက်နေသည်။ ထာဝရအရိယဖလစွမ်းအားသာ လွှဲပေးမနေရလျှင် သူကိုယ်တိုင် ဝင်ကူတိုက်ပြီးဖြစ်လိမ့်မည်။

လုပ်ကြံသူ၏ယုတ်မာမှုက ကမ်းကုန်သည်။ ယခု ကိစ္စအားလုံးက နတ်မယ်ကိုသူလျှို့ဝှက်လုပ်ကြံခဲ့သည့် ရှေးဟောင်းခေတ်အချိန်သို့ ပြန်ဦးတည်လာသည်။

သူသာ နတ်မယ်ကို မလုပ်ကြံခဲ့လျှင် ယခုလိုကိစ္စများ ဖြစ်လာမည်မဟုတ်။ မီးနိုင်ငံလည်း ပျက်စီးခဲ့မည်မဟုတ်။

လုပ်ကြံသူ ဆိုးဆိုးဝါးဝါးနှိပ်စက်ခံရလေ နတ်မယ် ပိုပျော်လေဖြစ်သည်။

"ကောင်းကင်မျိုမြေစားစွမ်းအား"

ပြိုင်ဘက်ကင်းသည့် ယွမ်ကျိစွမ်းအားနှင့် ရင်ဆိုင်ရသဖြင့် လုပ်ကြံသူ ဝါးမျိုခြင်းအရိယဖလကို အသက်သွင်းလိုက်သည်။ အဆုံးစမဲ့အနက်ရောင်စွမ်းအင်များ ပေါ်လာသည်။

သူနားလည်ထားသည့် အရိယဖလအစစ်ဖြစ်သည်။ အရိယဖလခြောက်ခုကို ဝါးမျိုပြီးနောက် သူ့အရိယဖလက အလွန်ကြောက်စရာကောင်းသည့်အနေအထား ဖြစ်လာသည်။ အင်ပါယာချန်၏ ဝါးမျိုခြင်းအရိယဖလက အရိယဖလတစ်ခုပင် ဝါးမျိုနိုင်သည်မဟုတ်။ ဤလမ်းစဉ်တွင် မွေးကင်းစအဆင့်သာဖြစ်သည်။

သို့သော် ယွမ်ကျိက မိုးမြေသခင်နှင့်တူသည်။ စကြာဝဠာ၏ဗဟိုတွင် နေရာယူထားသည်။ တစ်ချိန်ကအစွမ်းထက်ခဲ့သည့် ဝါးမျိုခြင်းအရိယဖလက ယွမ်ကျိကို သက်ရောက်နိုင်ပုံမပေါ်။

လုပ်ကြံသူ ခန္ဓာကိုယ်ကို ဖျတ်ခနဲခါသည်။ အနက်ရောင်အလင်းများက ပုံရိပ်ခြောက်ခုဖြစ်လာသည်။ အားလုံးက ရှေးဟောင်းလွန်ခေတ်ကို လွှမ်းမိုးခဲ့သည့် အင်အားကြီးပုဂ္ဂိုလ်များဖြစ်သည်။ သူ့မိတ်ဆွေများလည်းဖြစ်သည်။

ထိုပုံရိပ်ခြောက်ခုက ယွမ်ကျိကို ဝိုင်းထားသည်။ သူတို့စွမ်းအင်ရောင်က အသက်ရှင်စဉ်ကထက်ပင် ပိုပြင်းထန်သည်။

လုပ်ကြံသူနှင့် ပုံရိပ်ခြောက်ခု အတူပူးပေါင်း၍ မဟာမှော်စက်ဝန်းတစ်ခုတည်ဆောက်ပြီး လေဟာနယ်ကိုခွဲဖွင့်သည်။ ဖန်တီးခြင်းစွမ်းအားကိုလည်ပတ်သည်။ ကောင်းကင်ကိုလှည့်စားနိုင်သည့်စွမ်းအားဖြင့် ယွမ်ကျိကို ကိုယ်စားပြုသည့် စကြာဝဠာအပြင်ဘက်တွင် ကမ္ဘာငယ်တစ်ခုကို ဖန်တီးသည်။

ယွမ်ကျိက ကောင်းကင်အမြင့်တွက် ရပ်နေသည်။ သူ့ခြေထောက်အောက်တွင် ကြယ်စုတန်းများ မရေမတွက်နိုင်အောင်ရှိသည်။ အဓိပဓိတင့်တယ်မှုကို ပြသနေသည်။ လုပ်ကြံသူ၏ ကမ္ဘာငယ်ကို ရိုက်ဖျက်သည်။ အနက်ရောင်ပုံရိပ်ခြောက်ခု လုပ်ကြံသူကိုယ်ထဲသို့ ပြန်ဝင်သွားသည်။

လုပ်ကြံသူရိုက်နှက်ခံနေရသည်မှာ လူရုပ်ပင်မပေါ်တော့။

သူ့မျက်လုံးများ နီရဲလာသည်။ ဤနေရာတွင် သေဖို့ထိုင်စောင့်မနေနိုင်။ အသေအကျေတိုက်တိုက်ခိုက်ဖို့ကြိုးစားသည်။

"လောကသစ်ပင်။ မင်းချန်ခဲ့တဲ့ အမွေအနှစ်တွေက ငါ့အကိုအများကြီးဒုက္ခပေးခဲ့တယ်။ အခု၊ မင်းအရိယဖလကို ငါသုံးမယ်"

ဝါးမျိုခြင်းအရိယဖလသည် ပြိုင်ဘက်ကင်းမဟုတ်။ ဝါးမျိုသည့်အရာမှန်သမျှကို ကျွမ်းကျင်မည်ဟု အာမမခံနိုင်။

ဝါးမျိုပြီးနောက် အခြေခံအကျဆုံး သုံးစွဲနည်းများကိုသာ ရလာသည်။ ကျွမ်းကျင်ဖို့ဆိုလျှင် အတွေးအမြင်လိုအပ်သည်။ ကောင်းကင်လျှပ်စီးအရိယဖလ၊ ဓာတ်ငါးမျိုးအရိယဖလတို့က ရိုးရှင်းသည်။ အချိန်တန်လျှင် ကျွမ်းကျင်လာမည်။

သို့သော် အချိန်နှင့်ပတ်သက်သည့် အရိယဖလများက ပါရမီပေါ်အဓိကမူတည်သည်။ အချိန်အမြောက်အများပေလျှင်ပင် ရလာဒ်ပေါ်ဖို့ ခဲယဉ်းသည်။

အချိန်တာအိုလမ်းစဉ်တွင် သူပါရမီနည်းသည်။ အချိန်လမ်းကြောင်းအရိယဖလကို အသုံးပြုတိုင်း များစွာကြိုးစားအားထုတ်ရသည်။ ပြောင်းလဲနိုင်သည့်အချိန်က အကန့်အသတ်ရှိသည်။ နှစ်တစ်ရာအတွင်းမှ အဖြစ်အပျက်များကိုသာ ပြုပြင်နိုင်သည်။

အချိန်လမ်းကြောင်းအရိယဖလသုံးလျှင် ကြိုတင်ပြင်ဆင်ရသည်။ မဟုတ်လျှင် အပြောင်းအလဲနည်းနည်းသာလုပ်နိုင်သည်။ လုယန်၏ အမှတ်မထင်လှုပ်ရှားမှုကြောင့် သူကြိုတင်ပြင်ဆင်ချိန်မရ။

လက်ရှိတွင် အချိန်လမ်းကြောင်း ဘယ်လိုပြောင်းမည်ကိုသာ စဉ်းစားရမည်။ တိုက်ပွဲလမ်းကြောင်းပြောင်းဖို့ ပြုပြင်ရမည့်အချိန်မှတ်ကို သေချာစဉ်းစားရမည်။

အရေးကြီးသည့်အချိန်မှတ်ကို မစဉ်းစားနိုင်သေးမီ ပြင်းထန်သည့်တိုက်ခိုက်မှုကျလာသည်။

"ဝုန်း"

သူအာရုံလွင့်နေချိန်ကို ယွမ်ကျိက အမိအရတိုက်ခိုက်သည်။ သွေးအများအပြားအန်သည်။ သွေးကြောများလုံးဝပျက်စီးသွားသည်။ နာကျင်စွာအော်ဟစ်ရင်း သူ့ဒွာရခုနစ်ခုမှ သွေးများစိမ့်ထွက်လာသည်။ သူ့မြင်ကွင်းများ ဝေဝါးလာသည်။

မရတော့။ စဉ်းစားချိန်မရှိတော့။ ဆုံးဖြတ်ချက်မြန်မြန်ချရမည်။

ပြင်းထန်သည့်ဒဏ်ရာများကြောင့် သူအချိန်သိပ်မရတော့။

လုယန်နှင့်နတ်မယ်ဆီ သူအကြည့်ရောက်သွားသည်။ ဤတိုက်ပွဲအကြောင်း ပြန်စဉ်းစားသည်။ ထိုနှစ်ယောက်မှတစ်ယောက်ပျောက်သွားလျှင် ယွမ်ကျိ အစောကတည်းက ပေါင်းစပ်ခြင်းအဆင့်ရောက်ပြီးဖြစ်မည်။

သူယခုလောက် အခြေအနေဆိုးမည်မဟုတ်။

ထိုသို့တွေးရင်း သူပြုံးလိုက်သည်။

ထိုအချိန်မှတ်ကို ပြောင်းလဲသည်က အကောင်းဆုံးဖြစ်သည်။

....

"ထာဝရဂိုဏ်းပေးတဲ့မစ်ရှင်က တာအိုလမ်းစဉ်ဂိုဏ်းကို သူလျှို့ဝင်လုပ်ဖို့တဲ့လားကွာ"

ယန်ကျန်းကောင်တီအပြန်လမ်းတွင် လုယန် မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့ ပြောဆိုရယ်မောနေသည်။ ဤမစ်ရှင်က သူတို့အတွက် လွယ်ကူလွန်းသည်။

"ဒီထာဝရအရှင်ဆိုတာကလည်း အတော်စွမ်းအားကြီးတာပဲ။ နာမည်ခေါ်ရုံနဲ့ ပြန်ရှင်သန်နိုင်တယ်တဲ့။ ဒါပေမယ့် သူ့နာမည်အစစ်ကို ဘယ်သူသိမှာလဲ"

"စကားနည်းနည်းထိန်းပါဦး။ ထာဝရအရှင်နာမည်ကို ငါတို့တကယ်ခန့်မှန်းမိရင် ဘယ်လိုလုပ်မလဲ"

လုယန် သတိပေးသည်။ ထာဝရအရှင်သည် ရန်သူလား မိတ်ဆွေလား မသေချာသေး။ ထာဝရအရှင်သည် လူသားမျိုးနွယ်ကို ကာကွယ်သည်ဟူသည့် ထာဝရဂိုဏ်း၏စကားကလည်း မသေချာလှ။ အပြည့်အဝမယုံကြည်ရ။

"ဒီလိုလုပ်ပါ။ အခုချိန်ကစလို့ 'ထာဝရအရှင်'ကို'ထာဝရနတ်မယ်'လို့ ငါတို့ခေါ်ကြမယ်။ ဒီတော့ နာမည်မှန်ပြောမိရင်တောင် ထာဝရအရှင် အသက်ပြန်မရှင်နိုင်တော့ဘူးပေါ့"

လုယန်က အကြံပေးသည်။ ကျန်နှစ်ယောက်လည်း သဘောတူသည်။

လောင်မာက မြင်းရထားကိုခဏဆွဲပြီးနောက် လမ်းဘေးတစ်နေရာတွင် ရပ်နားသည်။ သူတို့သုံးယောက် အပြင်ထွက်၍ အနားယူရင်း ထာဝရနတ်မယ်အကြောင်း ဆက်ဆွေးနွေးကြသည်။

"ထာဝရနတ်မယ်နဲ့ပတ်သက်တဲ့ သမိုင်းမှတ်တမ်း ဘာလို့မရှိသလဲဆိုတာ ငါစဉ်းစားနေတာ"

"အဲဒီ့နာမည်က နားထောင်မကောင်းလို့နေမှာပေါ့"

မုန်ကျင်းကျိုးက သုံးသပ်သည်။

"စဉ်းစားကြည့်ပ‌ေါ။ ရှေးဟောင်းခေတ်မှာ လူတိုင်းက ခံ့ညားထည်ဝါတွေ ဘွဲ့တွေ နာမည်တွေ ရှိကြတယ်။ တိုက်ပွဲတစ်ခုမဖြစ်ခင် သူတို့နာမည်တွေကို ကြေညာကြမယ်။

ထာဝရနတ်မယ်က 'ငါ့နာမည် ထာဝရနတ်မယ် လီခွေးဥ'လို့ စကြေညာရင် တိုက်ပွဲမစခင်တောင် စိတ်ဓာတ်ပိုင်းတစ်ဝက်ရှုံးနေမယ်လေ။ ထာဝရနတ်မယ်က ဒီလိုရှက်စရာကောင်းတဲ့ အတိတ်ကြောင်းကို ဖျောက်ဖျက်ထားမှာသေချာတယ်"

လုယန်က ရယ်မော၍ ထပ်ဖြည့်သည်။

"သူ့နာမည်က အရှိန်အဝါမရှိဘဲ ချစ်စရာကောင်းလွန်းလို့လည်း ဖြစ်နိုင်ပါတယ်။ 'ထာဝရနတ်မယ်ပဲဝါတို့ ဘာတို့ပေါ့"

************************************

All Chapters