အခန်း ၁၃၅၉
Vol. 91 Ch. 1359
အခန်း (၁၃၅၉) လုယန်ပါရမီကို မေ့သွားသည်
လုယန်ထာဝရအရိယဖလ ပိုင်ဆိုင်ထားသည်ကို မြင်ရသဖြင့် လုပ်ကြံသူ၏စိတ်များ ဖရိုဖရဲဖြစ်သွားသည်။ ဦးခေါင်းကို ခေါင်းလောင်းဖြင့်ရိုက်ခံရသလို ထင်မိသည်။
ရုတ်တရက် ပြဿနာတစ်ခုကို နားလည်လာသည်။ ဤအချိန်လမ်းကြောင်းသစ်တွင် ဘာကြောင့် ယွမ်ကျိနှင့် သူတိုက်ခိုက်နေရသနည်း။
ဤလမ်းကြောင်းသစ်တွင် ထာဝရနတ်မယ်မရှိ။ ထို့ပြင် သူနှင့်ယွမ်ကျိကြားတွင် ဘာပြဿနာမှဖြစ်စရာမရှိ။ ဘာကြောင့်ယွမ်ကျိကသူ့ကို ကမ္ဘာ့ရန်သူလို ဆက်ဆံနေသနည်း။
......
အချိန်လမ်းကြောင်းသစ်။
ထာဝရဂိုဏ်းကို ရှင်းပြီးနောက် ထာဝရအရှင် 'အရှက်မဲ့'ကို ယွမ်ကျိဖမ်းမိသည်။ ထာဝရအရိယဖလသန္ဓေ ပိုင်ဆိုင်ထားကြောင်းတွေ့သည်။
ထိုအရိယဖလသန္ဓေ၏ စွမ်းရည်က အားကောင်းသည်။ အရိယဖလအဆင့်ထိ တည်ဆောက်နိုင်လျှင် မသေမျိုးများကြား၌ ယှဉ်နိုင်သူတွေ့ဖို့ခဲ့ယဉ်းသည်။
သို့သော် ထိုအချိန်က လုယန်သည် အခြေတည်အဆင့်သာရှိသည်။ အရိယဖလသန္ဓေတည်ဆောက်ဖို့ အချိန်မကျသေး။ ထို့ကြောင့် ယွမ်ကျိက ထိုအကြောင်း လုယန်ကိုမပြောခဲ့။
နောက်ပိုင်းအဖြစ်အပျက်များက အချိန်လမ်းကြောင်းဟောင်းနှင့် ဆင်တူသည်...
လုယန် ပြိုင်ဘက်ကင်းရွှေသန္ဓေ ပြိုင်ဘက်ကင်းနတ်ဝိညာဉ် တည်ဆောက်သည်။ နတ်ဆိုးနယ်မြေ၊ အရှေ့ပင်လယ်သို့ သွားသည်။ သို့သော် ကျန်းလျန်ယိ၊ အောင်းလင်း၊ ပဲပြာအရှင်တို့နှင့် မတွေ့ကြုံခဲ့။
ဝိညာဉ်ပြောင်းအဆင့်တွင်လည်း ယင်ထန်၏ သိစိတ်ဝိညာဉ်နှင့် မကြုံခဲ့။
နတ်မယ်ကို အသက်မသွင်းခဲ့။ ရှေးဟောင်းမသေမျိုးလေးယောက်နှင့် အချိန်စီးကြောင်းထဲတွင် မဆုံခဲ့။ မသေမျိုးလေးယောက်က ကျားပွဲသမိုင်းပုံရိပ် မချန်ခဲ့။
ထို့ကြောင့် နတ်မယ်သေဆုံးသည့်အကြောင်း သူမသိ။ ရှေးဟောင်းခေတ်တွင် အရံအစီအစဉ်အဖြစ် ဗုဒ္ဒဝါဒကို မတည်ထောင်ခဲ့။ ယင်ထန်ကလည်း ကောင်းကင်လျှပ်စီးတွင် သိစိတ်ဝိညာဉ်ချန်ခဲ့စရာ မကြောင်းမရှိ။
ဗုဒ္ဓဝါဒမရှိသဖြင့် ဗုဒ္ဓနိုင်ငံမရှိ။ မီးနိုင်ငံခေတ်အဆုံးတွင် လုပ်ကြံသူက အချိန်မသေမျိုးကို အလစ်တိုက်ခိုက်ခဲ့သည်။ တကယ်သေသွားသည်။
ရှေးသမိုင်းထဲမှလူများကို မတွေ့သော်လည်း ဝူယွီထောင်၊ လေဟာနယ်အရှင်၊ အိပ်မက်ဆိုးအဓိပဓိ၊ မဟာယုကူးဖြတ်ခြင်းအဆင့်များနှင့် လုယန်တွေ့ကြုံခဲ့သည်။
မထင်မှတ်သည့်ကိစ္စများစွာကြုံသဖြင့် ယွမ်ကျိက လုယန်ကို တစ်ယောက်တည်းအပြင်ထွက်ခိုင်းဖို့ စိတ်မချ။ ထို့ကြောင့် အသက်ကယ်အစီအမံတစ်ခု လုယန်ကိုယ်ပေါ်တွင် ဖန်တီးထားသည်။
အချိန်လမ်းကြောင်းနှစ်ခုမှ မှတ်ဉာဏ်များ တဖြေးဖြေးပေါင်းစည်းသွားသည်။ လမ်းကြောင်းသစ်၏ အတွေ့အကြံများကို လုပ်ကြံသူ အကြမ်းဖျင်း နားလည်လာသည်။
အချိန်လမ်းကြောင်းဟောင်းတွင် လုယန်က နတ်မယ်ကို ပြန်အသက်သွင်းခဲ့သဖြင့် လုယန်အပေါ် လုပ်ကြံသူ များစွာအာရုံစိုက်ခဲ့သည်။
လမ်းကြောင်းသစ်တွင် လုယန်က နတ်မယ်ကို အသက်မသွင်း။ ထို့ကြောင့် စိတ်ဝင်စားစရာမျိုးဆက်သစ်တစ်ယောက်အဖြစ်သာ ကျင့်ကြံသူက သတ်မှတ်သည်။ လုယန်၏အစောပိုင်း အတွေ့အကြုံများကို သိပ်မသိ။
လုယန်လနန်းတော်သို့သွားသည့်အချိန်တွင် သူအာရုံစိုက်မိလာသည်။ ယွမ်ကျိကလည်း လုယန်၏ အသက်ကယ်အစီအမံမှတစ်ဆင့် 'ယင်ထန်မသေမျိုး'ကို သတိထားမိသည်။
ထို့ကြောင့် မတတ်သာသဖြင့် လုပ်ကြံသူ ထွက်လာပြီး ယွမ်ကျိ၊ လုယန်တို့နှင့် စကားပြောရသည်။
လုယန်တွင် ပြိုင်ဘက်ကင်းရွှေသန္ဓေ ရှိနေသည်ကိုတွေ့ရသဖြင့် သူအံ့ဩသွားသည်။ နတ်မယ်နှင့်တစ်ခုခုပတ်သက်မည်ဟု သူခဏသံသယဝင်မိသည်။
သို့သော် စကားပြောကြရင်းမှ လုယန်၏ပြိုင်ဘက်ကင်းသန္ဓေသည် နတ်မယ်နှင့်ဘာမှမဆိုင်ကြောင်း သိလာသည်။ ရွှေသန္ဓေချင်းသာ ဆင်တူခြင်းဖြစ်သည်။ ထို့ကြောင့် သူစိတ်အေးသွားသည်။
နောက်ကွယ်မှလုပ်ကြံသူအကြောင်း မီးနိုင်ငံအကြောင်း လုယန်နှင့်ယွမ်ကျိက 'ယင်ထန်မသေမျိုး'ထံမှ သိရသည်။
လုယန်လေဟာနယ်သန့်စင်အဆင့်တက်ချိန်တွင် ယွမ်ကျိက ယင်ထန်ကို လျှပ်စီးစွမ်းအားတိုးမြှင့်ပြီး လုယန်၏စွမ်းရည်ကို တိုးမြှင့်ပေးဖို့ တောင်းဆိုသည်။
မြောက်ပိုင်းနယ်မြေပထမခရီးတွင် လုယန် ကိုးဆမသေမျိုးနှင့်မတွေ့။
ရွှဲ့ရှီလုန် နှင်းအင်ပါယာအမွေခံဖြစ်ချိန်တွင် လုယန်က သွားရောက်ဂုဏ်ပြုသည်။ ထိုဒုတိယခရီးတွင် စရိုက်ကွဲနှစ်ခုရှိသည့် ကိုးဆမသေမျိုးနှင့်တွေ့သည်။
သူကူးဖြတ်ခြင်းအဆင့်သို့ရောက်ချိန်တွင် ယွမ်မုန်မုန်က ထာဝရအရိယဖလပိုင်ဆိုင်ထားပြီးဖြစ်သည်။ လုယန်လည်း ထိုအရိယဖလသန္ဓေမျိုးရှိနေလျှင် နောင်တစ်ချိန် အပြိုင်အဆိုင်ဖြစ်လာမည်။ ထိုအဖြစ်မျိုးကို ယွမ်ကျိမလိုချင်။
ထို့ကြောင့် ထာဝရအရိယဖလသန္ဓေအကြောင်း လုယန်ကို ပြောမပြ။
သို့သော် မထင်မှတ်ဘဲ ယွမ်မုန်မုန်က လုယန်ကို အရိယဖလတည်ဆောက်သည့် အတွေ့အကြုံများ လျှို့ဝှက်ပြောပြသည်။ ထိုအကြောင်း ယွမ်ကျိသိချိန်တွင် လုယန်က ထာဝရအရိယဖလသန္ဓေ တည်ဆောက်ပြီးဖြစ်သည်။
အရိယဖလအကြောင်းများ မသင်ရသေးသဖြင့် အမျိုးတူအရိယဖလသန္ဓေများတွင် တစ်ခုသာ အရိယဖလအစစ်ဖြစ်နိုင်ကြောင်း လုယန်မသိ။
"ရှောင်ကျိ၊ ထာဝရအရိယဖလက အရမ်းစွမ်းအားကြီးတယ်လို့ နင်ပြောတယ်မဟုတ်လား။ ငါနဲ့ရှောင်လု အရိယဖလသန္ဓေအတူတည်ဆောက်ပြီး အတူစွမ်းအားတိုးအောင် လုပ်လို့မရဘူးလား။
ငါတို့ အပြိုင်အဆိုင်တွေဖြစ်လာမှာလား။ မဟုတ်ဘူး...ရှောင်လုပါရမီနဲ့ဆို နောက်ဆုံးကျရင် ထာဝရအရိယဖလကို သူတည်ဆောက်နိုင်မှာသေချာတယ်"
အခြေအနေက ထိုအဆင့်ရောက်နေပြီဖြစ်၍ ယွမ်ကျိဘာမှမတတ်သာတော့။
နောက်ပိုင်း စားဖိုမှူးပြိုင်ပွဲသွားရင်း လုယန်နှင့်ယွမ်မုန်မုန် ချင်ဟဲကိုတွေ့သည်။ စားသောက်ဆိုင်တစ်ခု ဖွင့်ထားသည်။ မဟာယုကျင့်ကြံသူများကလည်း ချင်ဟဲကို မကောင်းကြံဖို့ကြိုးစားနေသည်။
ဒေါသထွက်သွားသည့် ပဲပြာအရှင်က မဟာယုကျင့်ကြံသူများကို နေလုံးဆီအထိရောက်အောင် ရိုက်နှက်သည်။ အင်ပါယာချန်နှင့် ထိန်းချုပ်သူသခင်လည်း အရိုက်ခံရသည်။
ထိုကိစ္စကို ယွမ်ကျိက သတိထားမိသည်။ မီးနိုင်ငံဖျက်ဆီးခဲ့သည့် အဓိကတရားခံ ပဲပြာအရှင်ကို ရှင်းပစ်ရမည်။
ထိုအချိန်တွင် ရွှေသန္ဓေကြယ်တစ်ချို့ဖြင့် ပေါင်းစပ်ခြင်းတစ်ဝက်အဆင့်စွမ်းအားကို ယွမ်ကျိ ပထမဆုံးစသုံးသည်။
ပဲပြာသေခါနီးတွင် ယွမ်ကျိအခြေအနေကို ဖော်ထုတ်သွားသည်။
"ဟား...ကောင်းကင်က ရွှေသန္ဓေကြယ်တွေက နင့်ဟာပေါ့။ သေမျိုးလောကမှာ နင်ဘယ်လောက်ကြာကြာ ဆက်နေနိုင်မှာလဲ"
ထိုအချိန်ကျမှ ယွမ်ကျိအခြေအနေကို လုယန်စသိသည်။ ပေါင်းစပ်ခြင်းအဆင့်တက်သည့်နေ့တစ်နေ့ ရောက်လာလိမ့်မည်။
ယွမ်ကျိအခြေအနေကို တားဆီးဖို့ ထာဝရအရိယဖလသန္ဓေကို စွန့်ပစ်ပြီး ဇစ်မြစ်အရိယဖလတည်ဆောက်မည်ဟု လုယန်က အဆိုပြုသည်။ ယွမ်ကျိက အပြတ်ငြင်းခဲ့သည်။
ပထမဆုံးအကြိမ် သူတို့နှစ်ယောက် သဘောထားကွဲလွဲသည်။ လုယန်ပင် ဒေါသထွက်လာသည်။
ဘယ်သူမှအလျှော့မပေးကြ။ အရိယဖလနှစ်ခုလမ်းစဉ်ကို ကြိုးစားဖို့ လုယန်ဆုံးဖြတ်သည်။
လုယန်ပါရမီ တကယ်မြင့်ကြောင်း လူနည်းစုသာသိကြသည်။ ကူးဖြတ်ခြင်းအဆင့်ကို နှစ်တစ်ရာအတွင်းရောက်သူ အရင်ကမရှိခဲ့ဖူး။
မှော်ပညာသင်ယူရာတွင်လည်း သိသာသည်။ ဇစ်မြစ်အရိယဖလသည် မှော်ပညာများ၏ဇစ်မြစ်ကို ဖော်ထုတ်ဖို့သာဖြစ်သည်။ အလိုလိုတတ်မြောက်သည်မဟုတ်။
ရသသုံးမျိုးမီးတောက်...တစ်လက်မမြေချုံ့...ရွာလက်ဝါး...အားလုံးကို သူလေ့လာနိုင်ခဲ့သည်။ ယွမ်ကျိပင် အံ့အားသင့်ရသည်။
ယွမ်ကျိကို ကယ်တင်ဖို့ အစွန်းကုန်ကြိုးစားသည်။ နောက်ထပ်အဆင့်တက်ဖို့ အရိယဖလအကြောင်း သူလေ့လာသည်။ ပေါင်းစပ်ခြင်းစနစ်အကြောင်း လေ့လာသည်။ သူ့ပါရမီအစစ် ပေါ်လာသည်။
မသေမျိုးအဆင့်ထက်တွင် မဟာအဆင့်သုံးခုရှိကြောင်း ရှေးဘိုးဘေးများက ဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ အရိယဖလလမ်းစဉ်ကို သူတီထွင်ဆန်းသစ်ရုံသာရှိသည်။
နောက်ဆုံးတွင် အနည်းငယ်ကွဲပြားသည့် အရိယဖလနှစ်ခုလမ်းစဉ်ကို သူလျှောက်ခဲ့သည်။
သို့သော် ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်စွမ်းအားသည် အရိယဖလသန္ဓေနှစ်ခုထိန်းသိမ်းဖို့ မလုံလောက်။ အင်ပါယာချန်သည် တစ်ခြားအရိယဖလများကို ဝါးမျိုဖို့ သံလွင်ဘိုးဘေး၏ ဝိညာဉ်စွမ်းအင်ကို ရယူဖို့ကြိုးစားသည်။
လုပ်ကြံသူတွင် အရိယဖလများစွာ ပိုင်ဆိုင်နေသည်မှာ သူပထမဆုံးဝါးမျိုခဲ့သည်က ဝိညာဉ်အရိယဖလဖြစ်သောကြောင့်ဖြစ်သည်။
သံလွင်ဘိုးဘေးအကူအညီဖြင့် လုယန် အရိယဖလသန္ဓေနှစ်ခုကို ပိုင်ဆိုင်လာသည်။
အမှန်တော့ ထာဝရအရိယဖလကို တည်ဆောက်လိုစိတ်မရှိ။ အမယွမ်ကိုကယ်ဖို့ ဇစ်မြစ်အရိယဖလသာ တည်ဆောက်လိုသည်။
သို့သော် အမယွမ်က သဘောတူမည်မဟုတ်။ သူစိတ်ဖြေသာအောင် အရိယဖလနှစ်ခုစနစ်ကို လုယန်တီထွင်ခဲ့သည်။
မသေမျိုးကောင်းကင်ဆင်းရဲဖြတ်ရင်း ဇစ်မြစ်အရိယတည်ဆောက်ချိန်တွင် ထာဝရအရိယဖလက တည်ဆောက်ဖို့အလွန်လွယ်ကြောင်း တွေ့ရသည်။ ထင်ထားသည်ထက် ပိုလွယ်သည်။ အခက်အခဲလုံးဝမရှိ။
သေချာအာရုံခံကြည့်ပြီးနောက် ပြိုင်ဘက်ကင်းမူလဝိညာဉ်က ထာဝရအရိယဖလကို ကူညီတည်ဆောက်ပေးနေကြောင်း နားလည်လာသည်။
လုယန်ထိုသို့လုပ်နိုင်မည်ဟု ဘယ်သူမှထင်မထားကြ။ လုပ်ကြံသူပင် အံ့ဩသည်။ ဇစ်မြစ်အရိယဖလ တည်ဆောက်မည်ဟုသာ လုယန်က ပြောခဲ့သည်။
ထာဝရအရိယဖလပိုင်ဆိုင်လျှင် လုယန်က လွှမ်းခြုံခြင်းအဆင့်သို့ တက်နိုင်သည့်သဘောဖြစ်သည်။ သူ့ပါရမီအရ သွားလေရာတွင် ကြောင်းကျိုးနှောင်ဖွဲ့မှုများ လိုက်လာသည်။ လုယန် လွှမ်းခြုံခြင်းအဆင့် သေချာပေါက်ရောက်မည်ဟု လုပ်ကြံသူယုံကြည်သည်။
မသေမျိုးလျှပ်စီးများ မပျောက်ပျက်သေးမီ လုပ်ကြံသူက လုယန်ကိုအသေသတ်ရန် လှုပ်ရှားသည်။
သို့သော် လက်ရှိခေတ်သည် ရှေးဟောင်းခေတ်လိုမဟုတ်။ လုယန်ဘေးတွင် ယွမ်ကျိရှိနေသည်။
ယွမ်ကျိက အကြောင်းရင်းကိုပင်ဘာမှမမေးဘဲ အပြင်းအထန်တိုက်ခိုက်သည်။ ရှောင်လုကို သတ်ဖို့ကြံသူမှန်သမျှ သေရမည်။
သူတို့တိုက်ပွဲက သမိုင်းတလျှောက် အပြင်းထန်ဆုံးတိုက်ပွဲဖြစ်သည်။ ဝူလင်တိုက်နယ်ကို ထိုးဖောက်ပြီး စကြာဝဠာတွင် တိုက်ခိုက်ကြသည်။
ထို့နောက် အချိန်လမ်းကြောင်းဟောင်းမှ လုပ်ကြံသူ၏ဆန္ဒက လမ်းကြောင်းသစ်မှ လုပ်ကြံသူ၏ဆန္ဒနှင့် ထပ်တူကျသွားသည်။
....
လက်ရှိအချိန်လမ်းကြောင်းမှ အဖြစ်အပျက်များကို သုံးသပ်ပြီးနောက် လုပ်ကြံသူ နားလည်လာသည်။ နတ်မယ်က လုယန်ကို 'ထာဝရမျိုးဆက်ဒုတိယခေါင်းဆောင်'ဟု ခေါ်ခဲ့သည်။ အချိန်မသေမျိုးရှေ့တွင် လုယန်သည် 'အနာဂတ်စွမ်းအားအကြီးဆုံး'ဟု ချီးကျူးခဲ့သည်။
လူရင်းဖြစ်၍ ချီးကျူးခြင်းမဟုတ်လောက်။ လုယန်သည် ထာဝရအရိယဖလနှင့် တကယ်လိုက်ဖက်၍ ဖြစ်နိုင်သည်။ ကျင့်စဉ်ပါရမီကလည်း ထူးခြားသည်။
လုပ်ကြံသူရော ရှေးဟောင်းမသေမျိုးများပါ လုယန်အပေါ် အတွေးလွဲခဲ့သည်။ လုယန်၏ကျင့်စဉ်အောင်မြင်မှုများသည် သိစိတ်နယ်မြေတွင်ရှိနေသည့် နတ်မယ်ကြောင့်ဟု ထင်ခဲ့ကြသည်။
သို့သော် နတ်မယ်ထံမှ လုယန်ကြားခဲ့သမျှက ရှက်စရာအတိတ်များသာဖြစ်သည်။ အသုံးဝင်သည့်အရာ ဘာမှမသင်ခဲ့ရ။ သေဟန်ဆောင်ပညာလို တိုက်ခိုက်ဖို့ အသုံးမဝင်သည့်ပညာ၊ ယွမ်ကျိပင် သင်ပေးနိုင်သည့် ယင်ယန်ပြောင်းပြန်ပညာ၊ ကောင်းကင်မျိုမြေစားပညာများသာ သင်ခဲ့ရသည်။
ကိုယ့်ဘာသာအားကိုးပြီး နတ်မယ်အကူအညီမယူဟု ပြောခဲ့သည်မှာ စကားသက်သက်မဟုတ်။ တကယ်လည်း ထိုအတိုင်းလုပ်ခဲ့သည်။
မဟုတ်လျှင် ထာဝရနတ်မယ်သဘောကျသူ ဖြစ်လာမည်မဟုတ်။
********************************