← Chapters

အခန်း ၁၃၆၀

Vol. 91 Ch. 1360

အခန်း ၁၃၆၀

Vol. 91 Ch. 1360

အခန်း (၁၃၆၀) လွှမ်းခြုံခြင်းအဆင့်

အချိန်လမ်းကြောင်းသစ်မှ အခြေအနေကို နားလည်ပြီးနောက် လမ်းကြောင်းအဟောင်းထက်ပင် များစွာပိုကြောက်စရာကောင်းကြောင်း လုပ်ကြံသူသိလာသည်။

အရိယဖလနှစ်ခုစနစ်တည်ထောင်သူ လုယန်သည် ယွမ်ကျိကို ပေါင်းစပ်ခြင်းအဆင့်မရောက်အောင် တစ်ယောက်တည်း ထိန်းချုပ်နိုင်သည်။

"ဘုန်း"

လုယန်က ကူညီနိုင်ကြောင်း နားလည်ပြီးနောက် ယွမ်ကျိ ဘာကိုမှစိတ်မပူတော့။ နောက်တစ်ကြိမ် တိုက်ခိုက်သည်။

မိုးမြေစွမ်းအားကို ဆုပ်ကိုင်ထားသည်။ တိုက်ခိုက်နည်းများက ခမ်းနားထည်ဝါသည်။ အထိန်းအကွပ်လုံးဝမရှိ။ ပေါင်းစပ်ခြင်းအဆင့်ထက် ကျော်လွန်နေသည့် ပြိုင်ဘက်ကင်းစွမ်းအားဖြစ်သည်။

လုပ်ကြံသူခန္ဓာကိုယ် ဒဏ်ရာအကြိမ်ကြိမ်ရ၍ အကြိမ်ကြိမ်ပြန်ကုစားနေသည်။ လေဟာနယ်တွင် မသေမျိုးသွေးများ ပြန့်ကျဲနေသည်။ သွေးတစ်စက်တိုင်းက ဝါးမျိုခြင်းအရိယဖလ၏ ကြောက်စရာစွမ်းအားပါဝင်နေသည်။

သွေးတစ်စက်ပေါက်ကွဲရုံဖြင့် ကြယ်စုတစ်ခုကို ဖျက်ဆီးနိုင်သည်။

ကူးဖြတ်ခြင်းအဆင့်များ ထိုသွေးတစ်စက်လောက်ရလျှင် အရိယဖလသန္ဓေအတွေးအမြင် ရနိုင်ခြေရှိသည်။

ယခုအဆက်မပြတ်အန်နေသည့် သွေးများ၏စွမ်းအားကို စိတ်ကူးကြည့်နိုင်သည်။

သွေးစတေးနယ်မြေတစ်ခု သူဖန်တီးဖို့ကြိုးစားသည်။ ရှေးဟောင်းခေတ်မှ လျှို့ဝှက်ပညာတစ်ခုဖြစ်သည်။ ရှေးဟောင်းယာဇ်ပူဇော်မှုစွမ်းအားများ ပြည့်နေသည်။

သို့သော် ယွမ်ကျိက အခွင့်အရေးမပေး။ ညာလက်ကိုဆုပ်၍ မသေမျိုးသွေးအားလုံးကို ဖမ်းချုပ်သည်။ ဖျောက်ခနဲအသံမြည်၍ ပေါက်ကွဲသွားသည်။ သူ့လက်ချောင်းများကြားမှ အနက်ရောင်မြူခိုးများသာ စိမ့်ထွက်လာသည်။

"တာအိုရှင်ယွမ်ကျိ။ ခုနက ငါတို့ကြားမှာ နားလည်မှုလွဲသွားတယ်ထင်တယ်။ ဒီလောက်တင်းတင်းမာမာ ဖြစ်စရာမလိုပါဘူး"

လုပ်ကြံသူ နောက်ဆုတ်ဖို့စိတ်ကူးသည်။ ဆက်တိုက်ခိုက်လျှင် သေဖို့တစ်လမ်းသာရှိသည်။

"နားလည်မှုလွဲတယ်တဲ့လား။ ရှောင်လုကို သတ်ဖို့ကြိုးစားတာကလည်း နားလည်မှုလွဲတာလား"

ယွမ်ကျိမျက်နှာ အေးစက်တင်းမာနေသည်။ သေကွင်းသေကွက်များကိုရွေးချယ်၍ အဆက်မပြတ်တိုက်ခိုက်သည်။

ရှောင်လုသာ ထာဝရအရိယဖလ တည်ဆောက်မထားလျှင် ယခုချိန် သေနေပြီးဖြစ်မည်။

ယွမ်ကျိ တစ်ခါမှ ယခုလောက်ဒေါသမထွက်ခဲ့ဖူး။ မဟုတ်လျှင် လုပ်ကြံသူ၏စွမ်းရည်ကို အပြည့်အဝနားမလည်ဘဲ ခွန်ပြည့်အားပြည့်တိုက်ခိုက်နေမည်မဟုတ်။

နားလည်မှုလွဲသည်ဆိုသည့်စကား သေပြီးသူကိုသာ ပြောသင့်သည်။

ယွမ်ကျိ၏ ကျင့်စဉ်အဆင့်ကိုထိန်းရင်း လုယန်မျက်နှာ ငေးငိုင်နေသည်။ တစ်ခါမှမမြင်ဖူးသည့် ပုံရိပ်များ သူ့စိတ်အာရုံတွင် ဝိုးတဝါးပေါ်လာသည်။ ဘာမှန်းတော့သူမသိ။

ဘေးသို့ခေါင်းလှည့်ကြည့်သည်။ သူ့ဘေးတွင် လူတစ်ယောက်ရပ်နေသလို အမြဲခံစားခဲ့ရသည်။

မသေမျိုးဖြစ်ပြီးလျှင် ထူးဆန်းသည့် ထိုအမြင်အကြားအာရုံများ ပျောက်သွားမည်ဟု ထင်ခဲ့သည်။ သို့သော် ယခု ပို၍သာဆိုးလာသည်။

ဘာတွေဖြစ်နေသည်မသိ။

မျက်လုံးကို ဖြေးညှင်းစွာမှိတ်၍ သိစိတ်အာရုံကို ဖြန့်လိုက်သည်။ သူ့ခန္ဓာကိုယ် ရှိနေသည်ဟု မခံစားရတော့။ ကျယ်ပြန့်ဝေဝါးသည့် သိစိတ်အာရုံသာ ကျန်နေသည်။

ထိုသိစိတ်အာရုံက တစ်လောကလုံး၏ ကြောင်းကျိုးဆက်စပ်မှုများနှင့်ချိတ်ဆက်ပြီး အတိုင်းအဆမရှိ ပျံ့နှံ့သွားသည်။ ဉာဏ်အလင်းတစ်ခု သူ့အာရုံသို့ စီးဝင်လာသလို ခံစားရသည်။ အတိတ်ပဟေဠိများကို ဖြေရှင်းသည်။

သိစိတ်အာရုံက အဆုံးမရှိ ဖြန့်ကျက်နေသည်။

"မသေမျိုးတွေအထက်မှာ လွန်မြောက်ခြင်းအဆင့်နဲ့ လွှမ်းခြုံခြင်းအဆင့်ရှိတယ်။ လွှမ်းခြုံခြင်းအဆင့်ရောက်ဖို့ လိုအပ်ချက်သုံးခုရှိတယ်။ ကြောင်းကျိုးဆက်နွယ်မှုနဲ့ပတ်သက်တဲ့ အရိယဖလတစ်ခု ပိုင်ဆိုင်ရမယ်။ ဘဝနှစ်ခုနဲ့ နေဖူးရမယ်။ ကြောင်းကျိုးဆက်နွယ်မှုတွေ တည်ဆောက်ရမယ်..."

ယွမ်ကျိ တိုက်ခိုက်နေရာမှ ရပ်သွားသည်။ လုယန်၏အရိယဖလနှစ်ခုစွမ်းအားက သူ့ကိုဆက်ထိန်းမထားတော့သည်ကို ခံစားမိသည်။

လုယန်ဆီ သူလှည့်ကြည့်သည်။ မျက်လုံးမှိတ်၍ စွမ်းအင်ရောင်များ လှုပ်ရှားနေသည်ကိုမြင်ရသည်။ သတိလက်လွတ်ဖြစ်နေသည်။ တိုက်ပွဲကြားရောက်နေသူနှင့် လုံးဝမတူတော့။

"လွှမ်းခြုံခြင်းအဆင့်ကို တက်နေတာလား"

လုယန်ပုံစံကိုကြည့်၍ လုပ်ကြံသူ လန့်သွားသည်။ ထိုမြင်ကွင်းကို ရင်းနှီးနေသည်။ တစ်ချိန်က နတ်မယ်ကြုံခဲ့ဖူးသည့် အခြေအနေဖြစ်သည်။

"ဘယ်လိုလုပ် မသေမျိုးဖြစ်ပြီးပြီးချင်း လွှမ်းခြုံခြင်းအဆင့်ကို တက်နိုင်မှာလဲ"

ထာဝရနတ်မယ်ပင် ထိုအခြေအနေကိုရောက်ဖို့ ကြောင်းကျိုးဆက်နွယ်မှုများ နှောင်ဖွဲ့ရင်း အချိန်အတော်ကြာ စောင့်ခဲ့ရသည်။ လုယန်၏တိုးတက်နှုန်းက ယုံနိုင်ဖို့ခက်ခဲလွန်းသည်။

ဤအချိန်လမ်းကြောင်းမှ လုယန်၏အတွေ့အကြုံများက နက်ရှိုင်းလွန်းနေ၍ဖြစ်မည်။

မဟုတ်သေး။ ထိုထက်ပိုသည်။

"အချိန်လမ်းကြောင်းကို ငါတစ်ခါပြောင်းခဲ့ပြီးသားကြောင့်လား"

လုပ်ကြံသူ ချက်ချင်းအတွေးပေါ်လာသည်။ အချိန်လမ်းကြောင်းပြောင်းခြင်းသည် ကြီးမားသည့် ကြောင်းကျိုးဆက်နွယ်မှု ဖန်တီးခြင်းဖြစ်သည်။ လွန်မြောက်ခြင်းအဆင့်ဖြစ်၍ ကြောင်းကျိုးဆက်နွယ်မှုများကို သူမစုစည်း။

အချိန်မသေမျိုးကိုသတ်လိုက်သည့် အကြောင်းတရားကို ချီလင်မသေမျိုးဆီ သူပြောင်းခဲ့သည်။

အချိန်လမ်းကြောင်းပြောင်းခြင်းသည် ထိုသဘောတရားမျိုးဖြစ်သည်။ ယခုလမ်းကြောင်းမှ အပြောင်းအလဲက လုယန်သည် နတ်မယ်ကို ပြန်အသက်မသွင်းခဲ့။

လုပ်ကြံသူ ထိတ်လန့်ခြင်းမရှိဘဲ ပျော်ရွှင်နေသည်။ ကောင်းကင်က ထွက်ပေါက်အားလုံးကို ပိတ်မထားဟု သူယုံကြည်သည်။ ယခု လုယန်က သတိလက်လွတ်အနေအထားဖြစ်သည်။

လုယန်ကိုရှင်းလိုက်လျှင် ယွမ်ကျိလည်း ပေါင်းစပ်ခြင်းအဆင့်ရောက်သွားမည်။ သူ့ကိုယှဉ်နိုင်သူ တစ်ယောက်မှရှိတော့မည်မဟုတ်။

ယွမ်ကျိကို လက်ဝါးတစ်ချက်ရိုက်၍ ထိုအားအရှိန်ဖြင့် လုယန်ဆီ သူပျံသန်းသွားသည်။

သူ့အကြံကို ယွမ်ကျိရိပ်မိသည်။ အမြန်ကြားဖြတ်တားဆီးသည်။ ကောင်းကင်မှ ပြင်းထန်သည့်အရှိန်ဖြင့် ထိုးဆက်လာပြီး လုပ်ကြံသူကို ကန်ထုတ်လိုက်သည်။

လုယန်မရှိလျှင် သူ့အဆင့်ကို ဘယ်လောက်ကြာအောင်ထိန်းထားနိုင်မည် သေချာမသိ။ ပေါင်းစပ်ခြင်းအဆင့်မရောက်မီ လုပ်ကြံသူကို ရှင်းရမည်။

လုပ်ကြံသူက ဖန်တီးခြင်းစွမ်းအားဖြင့် နေလကြယ်တို့ကိုသုံး၍ သုံးဆယ့်သုံးလွှာ မှော်စက်ဝန်းတစ်ခု ဖန်တီးသည်။

ယွမ်ကျိက မှော်စက်ဝန်းကို လက်နှစ်ဘက်ဖြင့် အတင်းဆွဲဖြဲသည်။ မိုးမြေစွမ်းအားဖြင့် လုပ်ကြံသူကို ဖိနှိပ်သည်။ နံရိုးများကြေမွ၍ အသားများပုံပျက်သွားသည်။

လုပ်ကြံသူကို အကြိမ်ကြိမ်တားဆီးနေရသဖြင့် ယွမ်ကျိလည်း ပေါင်းစပ်ခြင်းအဆင့်ရောက်ဖို့ နီးစပ်လာသည်။ သူ့လှုပ်ရှားမှုများ နှေးကွေးလာသည်။ အစောပိုင်းကလို အားပြည့်ခွန်ပြည့်မရှိတော့။

အမှန်တော့ ပေါင်းစပ်ခြင်းအဆင့်သို့ သူရောက်ခဲ့ပြီးဖြစ်သင့်သည်။ စိတ်ဓာတ်နှင့်ဆန္ဒ အားကောင်းလွန်းသဖြင့် ယခုချိန်ထိ ထိန်းထားနိုင်ခြင်းဖြစ်သည်။

ကျင့်ကြံမှုလောကမှ ကြယ်များ တစ်ခုပြီးတစ်ခု ကြေမွသွားသည်။ ယွမ်မုန်မုန်စိုးရိမ်လာသည်။

"ရှောင်လုကို ဒုက္ခပေးဖို့ မကြိုးစားနဲ့..."

ယွမ်ကျိ၏ စိတ်အခြေအနေ ပိုတည်ငြိမ်လာသည်။ ခံစားချက်ကင်းလာသည်။ သူ့လေသံက အားနည်းချည့်နဲ့လာသည်။

လုယန်အကူအညီမရှိသဖြင့် ပေါင်းစပ်ခြင်းအဆင့်စွမ်းအား၏ ဆွဲခေါ်မှုကို သူမခုခံနိုင်။

လုပ်ကြံသူက ထိုအခွင့်အရေးကို အမိအရယူ၍ အတားအဆီးများကို ချိုးဖျက်ပြီး လုယန်ဆီ ချဉ်းကပ်သွားသည်။

ကျန်းပင်ကန်းနှင့် မုန်ကျင်းဇီက လုယန်ရှေ့မှ ကာကွယ်သည်။

"သွားစမ်းကွာ"

လုပ်ကြံသူက သူတို့ကိုအရေးမစိုက်ဘဲ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ မိုင်ထောင်ချီ လွင့်ထွက်သွားသည်။

သူထိတ်လန့်နေသည်။ သူ့အခြေအနေက အလွန်အန္တရာယ်များသည်။ လုယန် လွှမ်းခြုံခြင်းအဆင့်သို့ တက်ခါနီးပြီဟု ခံစားနေရသည်။

"မဟာဓာတ်ငါးမျိုးဖျက်ဆီးခြင်းလျှပ်စီး"

အားပြင်းသည့် ကောင်းကင်လျှပ်စီးဆင်းလာသည်။ မဟာဓာတ်ငါးမျိုးမူလစွမ်းအားများ လှုပ်ရှားနေသည်။ လျှပ်စီးငါးခုက လုယန်ဆီ ထိုးကျလာသည်။

ရှေးခေတ်ဝမ်းနည်းစရာကိစ္စတစ်ခု သံသရာလည်လာသည်နှင့်တူသည်။ အဆင့်တက်ခါနီးဖြစ်နေသည့်လုယန် ကာကွယ်နိုင်စွမ်းမရှိ။ ဓာတ်ငါးများကောင်းကင်လျှပ်စီးကြောင့် ကြေမွသွားသည်။ သူ့ဝိညာဉ်လည်း လေထဲတွင် ပြန့်ကျဲသွားသည်။

"အောင်မြင်ပြီကွ။ ဟားဟားဟားဟား"

အဆင့်တက်တော့မည့်လုယန်ကို ရှင်းပစ်နိုင်ခဲ့ပြီဖြစ်သည်။ လုပ်ကြံသူ၏ ပျော်ရွှင်စွာ အော်ဟစ်ရယ်မောသံက စကြာဝဠာတလျှောက် ပဲ့တင်ထပ်နေသည်။

"မလုပ်နဲ့..."

ယွမ်ကျိခံစားချက်များ ချောက်နက်တစ်ခုထဲသို့ ထိုးကျသွားသည်။ ရန်သူကို အပြတ်ရှင်းဖို့ ဆုံးဖြတ်ထားသော်လည်း ဤလောကတွင် သူ့အရေးကြီးဆုံး နှောင်ဖွဲ့မှုက ပျောက်သွားသည်။ သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ ပေါင်းစပ်ခြင်းအဆင့်သို့ တက်သွားသည်။

လောကထဲမှ ယွမ်ကျိနှင့်ပတ်သည့် မှတ်ဉာဏ်များလည်း တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်။ ယွမ်မုန်မုန်က ကြယ်များကိုကြည့်နေရာမှာ ရုတ်တရက် ငိုချလိုက်သည်။

"ထူးဆန်းတယ်။ ငါဘာလို့ငိုနေတာလဲ"

"ဆရာတူမောင်လေး...လုယန်.."

ပေါင်းစပ်ခြင်းအဆင့်၏စွမ်းအားက အပြီးသတ်ဆွဲခေါ်မသွားမီ လုယန်အကြောင်း ယွမ်ကျိ အဆက်မပြတ်တွေးနေသည်။

သူ့စကားဆုံးသည်နှင့် မသေမျိုးစည်းမျည်းစွမ်းအင်ရောင်များ ရုတ်တရက်ပေါ်လာသည်။ အတူပေါင်းစပ်ပြီးနောက် လုယန်အသွင်ဖြစ်လာသည်။ ဘယ်တော့မှမပျောက်ပျက်ဘဲ တစ်ချိန်လုံးရှိနေခဲ့သလို ထင်ရသည်။

လုယန် မျက်လုံးဖွင့်လိုက်သည်။ ပုံရိပ်သာကျန်တော့သည့် အမယွမ်ကို ပြုံး၍ကြည့်နေသည်။

"ဘာကိစ္စလဲ အမယွမ်"

ထိုစကားတစ်ခွန်းက စကြာဝဠာတစ်ခုလုံး ပဲ့တင်ထပ်၍ လုပ်ကြံသူ၏ရယ်သံကို ဖုံးလွှမ်းသွားသည်။

လုပ်ကြံသူ၏ရယ်သံ တိခနဲရပ်သွားသည်။

ရှေးဟောင်းခေတ်တွင် လွန်မြောက်ခြင်းအဆင့်ဗီဇစွမ်းရည်ဖြင့် တစ်လောကလုံး နတ်မယ်အကြောင်းမေ့သွားအောင် သူလုပ်ခဲ့သည်။ ရှေးဟောင်းမသေမျိုးလေးယောက် နတ်မယ်နာမည်မေ့သွားအောင်လုပ်ခဲ့သည်။ သို့သော်ယခု ရှေးဟောင်းခေတ်မဟုတ်။

ယွမ်ကျိသည် ရှေးဟောင်းမသေမျိုးမဟုတ်။

သမိုင်းစက်ဝန်းတို့ သံသရာလည်နေသည်။ ဆင်တူသည့်ဖြစ်ရပ်များ မကြာခဏထပ်ဖြစ်သည်။ သို့သော် ကွဲလွဲချက်ဆိုသည်မှာ အမြဲရှိနေသည်။

ထာဝရအရိယဖလပိုင်ဆိုင်သူတို့သည် အမြဲထာဝရ တည်ရှိနေသည့် မသေမျိုးများဖြစ်သည်။ နာမည်ခေါ်ရုံဖြင့် လောကတွင် ပြန်ရှင်သန်နိုင်သည်။

********************************

All Chapters