← Chapters

ရယ်မောသူ

Vol. 98 Ch. 1348

ရယ်မောသူ

Vol. 98 Ch. 1348

သူမ၏မျက်နှာသည် သွေးရောင်မရှိတော့ပေ။ သူမသည် အလွန်ပိန်နေကာ အရိုးသာသာ ဖြစ်နေ၏။ သူမ ရှေ့သို့ ဆက်သွားနေရင်း ကြီးမားလှသောအရိပ်တစ်ခုသည် သူမထံသို့ တိုက်ရိုက်တိုးဝင်လာသည်။

ထိုအရိပ် နီးကပ်လာချိန်တွင် သူမက လက်ထဲရှိ ဓားရှည်ကို ဝေ့ယမ်းကာ ၎င်းကို တန်ပြန်တိုက်ခိုက်သည်။ မိုးကြိုးတုန်ဟည်းသံများ ဖြစ်ပေါ်၍ သူမ၏မျက်နှာသည် ပို၍ ဖြူရောသွားပြီး သွေးအန်လိုက်ရသည်။ သူမသည် လေဟာနယ်အတွင်းနက်ပိုင်းထိ ဝင်ရောက်သည်။ အရိပ်က သူမနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာသည်။

တွန့်လိမ်နေသောလေဟာနယ်မှာ တုန်ခါ၍ ပျက်စီးသွား၏။ မန္တာန်အရိပ်အမြွက်များလည်း ပျက်စီးသွားသည်။ ထိုအခိုက်အတန့်တွင် ဝမ်လင်း၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုနှင့်ရူးသွပ်မှုတို့ ဖြစ်ပေါ်နေ၏။

“လီချန်မေ…” ထိုအမျိုးသမီးသည် အလွန်ပိန်သွားသော်လည်း ဝမ်လင်းက သူမကို လီချန်မေမှန်း ချက်ခြင်း သိလိုက်၏။

သူမ၏အားနည်းလှသောအခြေအနေ၊ သူမ၏ ဖြူရောသောမျက်နှာတို့မှာ ဝမ်လင်း နှလုံးသားထဲ အပ်တစ်ချောင်းကဲ့သို့ ထိုးစိုက်သည်။ ထိုနာကျင်မှုက သူ့နတ်ဘုရားအာရုံကိုပါ ပေါက်ကွဲထွက်သွားစေပြီး ကိုးခုအသူတရာချောက်နဂါးကို ထွင်းဖောက်သည့် ပြင်းထန်သောမုန်တိုင်းတစ်ခုကိုပါ ဖြစ်သွားစေသည်။ နဂါးသည် ၎င်း၏နှာခေါင်းထဲမှ လေပူစီးကြောင်းနှစ်ခုကို ထုတ်လွှတ်ကာ တုန်ယင်လျက် ရှေ့သို့ ဆက်တိုးဝင်သည်။

သည်တစ်ကြိမ်တွင် နဂါးသည် လေဟာနယ်ကို ပိုမြန်ဆန်စွာ ထွင်းဖောက်၍ ရွှေ့လျားလာ၏။ သို့ရာတွင် နဂါး၏တုန်ယင်မှုမှာ ပိုပြင်းထန်လာသည်။ ၎င်း၏စိတ်ဝိညာဉ်သည်ပင် ပျက်စီးလုနီးနီး ဖြစ်နေသည်။

သည်နေရာမှာ တားမြစ်နေရာတစ်ခုဖြစ်နေပြီး ၎င်း မဝင်ရောက်ဝံ့သည့်အလားပင်။

သိပ်မကြာခင်တွင် ကိုးခုအသူတရာချောက်နဂါးသည် ဗလုံးဗထွေးအော်ဟစ်ကာ ဝမ်လင်း လှုံ့ဆောက်ပေးနေသည်ကြားမှ ရပ်တန့်သွား၏။ ၎င်းသည် တုန်ရီလျက် ကြောက်လန့်တကြား ဟိန်းသံ ပေးနေ၏။

ခရမ်းရောင်လောက၌ အေးစက်စက်ခံစားချက်သည် လေတိုက်ခတ်သလို စီးဆင်းနေ၏။ ထိုအေးစက်စက်စွမ်းအင်က ထိုနဂါးကို ကြောက်ရွှံမှုကြောင့် ရပ်တန့်သွားစေခြင်းပင်။ ဝမ်လင်း၏အမိန့်ကို မနာခံစေခြင်းပင်။

၎င်းသည် ဆက်မရွှေ့သည့်အပြင် ပြန်ဆုတ်လိုနေ၏။ ဝမ်လင်း၏မျက်လုံးမှာ တလက်လက် ဖြစ်သွားပြီး သူက နဂါးပေါ်မှ ဆင်းရန် ပြင်သည်။ သို့ပေမည့် သူ့မျက်နှာမှာ ပြောင်းလဲသွားပြီး သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ ကျောက်စိမ်းပြားတစ်ခု သူ့လက်ထဲတွင် ပေါ်လာသည်။ ထိုကျောက်စိမ်းပြားမှာ လီချန်မေ၏စိတ်ဝိညာဉ်ကျောက်စိမ်းပြားပင်။

နားစူးသော အက်ကွဲသံ ပေါ်လာပြီး ကျောက်စိမ်းပြားပေါ်ရှိ အက်ရာသည် ပိုကျယ်ပြောလာသည်။ လီချန်မေ၏အသက်စိတ်ဝိညာဉ်သည် ပို၍ပင် အားနည်းလာခဲ့ကာ ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။

ဝမ်လင်း၏နှလုံးသားမှာ တဒင်္ဂလောက် တွန့်ကြေသွားမိ၏။ သူ့ရင်ဘက်အပေါ် တစ်ခုခုဖြင့် ထိုးချလိုက်သည့်အလား။ ရူးသွပ်ဖွယ်အော်ရာတစ်ခု သူ့ခန္ဓာကိုယ်တွင် ပြည့်နှက်လာသည်။ သူသည် နဂါးကို လစ်လျူရှုကာ ခုန်ဆင်းလိုက်ပြီး ဟင်းလင်းပြင်တွင်းနက်ထဲသို့ တရကြမ်း တိုးဝင်သွားတော့သည်။

သို့ရာတွင် ကိုးခုအသူတရာချောက်နဂါး၏ သားရဲဘုရင်အောက်ရာ မရှိတော့သည်နှင့် ဝမ်လင်း ခုန်ထွက် တိုးဝင်လာသည့်အခါ သားရဲဟိန်းသံများ ဆူညံပွက်လော ရိုက်ကုန်၏။ ခရမ်းရောင်လောကတွင် နေထိုင်သော သားရဲများသည် ဝမ်လင်းထံ ရုတ်တရက် တိုးဝင်လာကြသည်။

လိပ်ခန္ဓာကိုယ်နှင့် ကြမ်းကြုတ်သောသားရဲတစ်ကောင်သည် မာန်အပြည့်ဟိန်းကာ ဝမ်လင်းထံသို့ ပေတစ်ထောင်အကွာကနေ တိုးဝင်လာ၏။

ဝမ်လင်းသည် တစ်စက်လေးပင် အရှိန်မလျော့၊ ရှေ့သို့သာ မဲ၍သွားနေသည်။ ပေတစ်ထောင်အကွာအဝေးမှ ဖျပ်ခနဲသာ။ ဝမ်လင်းက သူ့ညာလက်သီးကို စုပ်ကာ လက်သီးချက်တစ်လုံး ပစ်သွင်းလိုက်သည်။

တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ သတ်ဖြတ်မှုတစ်ခု ဤအမှောင်ထုလောကတွင် စတင်တော့မည်ဟု ထင်ရ၏။ လိပ်သားရဲသည် တုန်ယင်ကာ ၎င်း၏ခန္ဓာကိုယ်သည် သွေးမြူများအဖြစ် ချက်ခြင်း ပေါက်ကွဲထွက်သွားသည်။

ဝမ်လင်းသည် သွေးမြူများထဲမှ တရကြမ်း ထိုးထွက်ကာ ရှေ့သို့ ဦးတည်သည်။ သို့ရာတွင် သူ ဦးတည်လာချိန်တွင် သားရဲဟိန်းသံများ ပဲ့တင်ထပ်ကာ မတူညီသောသားရဲအမျိုးအစား ဆယ်မျိုးကျော်သည် အနားရောက်လာကြသည်။

လောကတွင် မိုးကြိုးပစ်သားအလား တုန်ဟည်းသံတို့ ပဲ့တင်ထပ်ကုန်၏။ ဝမ်လင်းသည် သတ်ဖြတ်သူနတ်ဘုရားတစ်ပါးအလား၊ သူ့ကို မည်သည့်အရာမှ ရပ်တန့်နိုင်စွမ်း မရှိတော့သည့်အလား။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ သူ့ဘယ်ဘက်ရှိ ခြင်္သေ့အသွင်သားရဲသည် ချက်ခြင်း အသွေးအသားပုံ ဖြစ်သွားတော့သည်။

ပေတစ်သောင်းလောက်ရှည်လျားသော စပါးအုံးမြွေတစ်ကောင်လည်း အနားရောက်လာပြီး ဝမ်လင်း၏ ညာခြေဖြင့် ကန်ထုတ်ခြင်းကို ခံလိုက်ရသည်။ ၎င်းသည် နာကျင်စွာအော်ဟစ်လိုက်ရပြီး ချက်ခြင်း သေဆုံးသွားတော့သည်။

ပေတစ်သောင်းခန့် လူသားမျက်နှာရှိသော ပင့်ကူကြီးတစ်ကောင်လည်း ချဉ်းကပ်လာသည်။ ၎င်း၏ ပါးစပ်ကြီးကို ဝမ်လင်းအား ဝါးမြိုရန် ပြင်သည်။ သို့သော် ဝမ်လင်းသည် သူ့ညာလက်ကို ဖိနှိပ်ချလိုက်ရာ ထိုပင့်ကူမှာ သေဆုံးသွားရသည်။

မသေခင် သားရဲအော်ဟစ်သံများသည် ပိုဆိုးလာသည်။ ဝမ်လင်းသည် မုန်တိုင်းတစ်ခုကဲ့သို့ ဟင်းလင်းပြင်ကို စုတ်ဖြဲသွားနေရင်း သွေးမိုးများ ရွာသွန်းနေစေသည်။

ဝမ်လင်း၏မျက်လုံးထဲတွင် အနီရောင်အလင်း ဖြစ်ပေါ်လာ၏။ သူသည် ပိုမြန်ဆန်စွာ ရွှေ့လျားလိုက်ရင်း အော်ဟစ်လိုက်သည်။ “သေစမ်း…သေစမ်း…ထွက်သွားစမ်း…သေစမ်း…သေလိုက်ကြ…” သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေသည်။ ဓားဆယ်သန်းသည် သူ့ကို ဝန်းရံလာ၏။ ပတ်ဝန်းကျင်ရှိ သားရဲများအားလုံးသည် ကြောက်လန့်တကြား အော်ဟစ်ကာ နောက်ပြန်ဆုတ်ကြသည်။ သို့သော် သူတို့ နောက်ဆုတ်နေရင်း သူတို့၏ခန္ဓာကိုယ်များသည် ပျက်စီးကြေမွကာ ဆိုးဆိုးဝါးဝါး သေဆုံးကုန်၏။

သို့ရာတွင် ထိုသားရဲများ၏ သေဆုံးမှုက သွေးနံ့ကို ထုတ်လွှတ်စေသည့်အတွက် ပိုများပြားသော သားရဲများကို စွဲဆောင်တော့၏။ သားရဲရာချီ၊ထောင်ချီသည် ဝမ်လင်းထံ တရကြမ်း တိုးဝင်လာကြ၏။ ထိုသားရဲများသည် မြင်ကွင်းနှင့်ပင် မဆန့်တော့ချေ။

ဝမ်လင်းသည် သတ်ဖြတ်လိုစိတ် ပြည့်နှက်နေ၏။သူ့မျက်လုံးတွင် အေးစက်မှုတို့ တဖျပ်ဖျပ် ဖြစ်ပေါ်နေသည်။ သားရဲထောင်ချီ သူ့ထံ တိုးဝင်လာနေစဉ် သူ့ခန္ဓာကိုယ်မှ အပြာရောင်မီးတောက်တစ်ခု ထိုးထွက်လာသည်။ ထိုအပြာရောင်မီးတောက်သည် နေရာတိုင်းသို့ ပျံ့နှံ့သွားပြီး ၎င်းနှင့် ထိမိသည့်မည်သည့်သားရဲမဆို ပြာဖြစ်ကုန်၏။

ထိုအပြာရောင်မီးတောက်သည် မြန်လွန်း၏။ ရုတ်တရက် ပေါ်လာခြင်းပင်။ ၎င်းသည် အလျင်အမြန် ပျံ့နှံ့ပြီး ဝမ်လင်းပတ်လည်ရှိ ပေတစ်သောင်းအတွင်း မီးတောက်ပင်လယ်တစ်ခုကို ဖန်တီးသည်။ ခုချိန်တွင် သူ့ ဘေးပတ်လည်၌ ကြမ်းကြုတ်သောသားရဲများ မကျန်ရှိတော့ချေ။

သူက ရှေ့သို့ ညာခြေလှမ်းကာ ကောင်းကင်ဘုံတုန်လှုပ်စေမည့် အမြန်နှုန်းဖြင့် ရွှေ့လျားလိုက်သည်။

သို့ရာတွင် ခဏတာ ငြိမ်သက်သွားကြပြီးနောက် ပိုများပြားသော သားရဲများသည် ဟိန်းသံများ ပေးလျက် ဝမ်လင်းကို အဘက်ဘက်ကနေ ဝန်းရံလာကြသည်။ ဝမ်လင်း၏မျက်လုံးထဲရှိ အေးစက်မှုက ပိုပြင်းထန်လာသည်။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ သည်အမှောင်ထုကမ္ဘာတွင် မိုးကြိုးဟိန်းမည်သံ ပေါ်လာကာ မရေမတွက်နိုင်သော ငွေရောင်မြွေများသည် ဝမ်လင်းထံ စုဝေးလာကြ၏။ ၎င်းတို့သည် မိုးကြိုးလုံးများအဖြစ် ဖြစ်ပေါ်ကာ သားရဲများထံ တိုးဝင်သွားသည်။

မိုးကြိုးတုန်ဟည်းသံများ ထပ်မံ ပဲ့တင်ထပ်ကာ ဝမ်လင်း ထိုးထွက်လာရင်း လောကသည် လှုပ်ခါ၏။ သူ့ခန္ဓာကိုယ်မှ ကြမ်းကြုတ်သောအော်ရာတစ်ခု ပေါက်ကွဲထွက်လာပြီး သူ ပျံသန်းနေစဉ် တုန်ဟည်းပေါက်ကွဲသံတို့ ပဲ့တင်ထပ်သည်။ သားရဲများလည်း တစ်ကောင်ပြီးတစ်ကောင် သေဆုံးကြေမွကုန်၏။

ဝမ်လင်းလမ်းကြောင်းကို ပိတ်ဆို့နေသော အချို့သားရဲများကတော့ ဓားများ၏ ဖျက်စီးပစ်ခြင်းကို ခံရသည်။ အချို့ကိုမူ ဝမ်လင်းသည် တိုက်ရိုက်ဝင်ဆောင့်ကာ အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။

သွေးနံ့ ပိုပြင်းထန်လာ၏။ ဝမ်လင်း ရှေ့ဆက်သွားနေစဉ် သားရဲတစ်ကောင်တစ်လေက သူ့ကို မပိတ်ဆို့နိုင်တော့ပေ။ ဝမ်လင်း ရှေ့တွင် အတောမသပ်နိုင်သောသားရဲများ ပေါ်လာနေ၏။ သူက အေးစက်စက်နှာခေါင်းရှုံ့ကာ သူ့ညာလက်ကို ဝေ့ယမ်း၏။

ဝမ်လင်းရှေ့တွင် ဧရာမလက်ဝါးရာတစ်ခု ပေါ်လာပြီး မူလစွမ်းအင်များစွာကို စုစည်းကာ ထိုလက်ဝါးရာကို ပိုပီပြင်လာစေ၏။

ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ လက်ဝါးရာသည် ရှေ့သို့ ရွှေ့လျားသွား၏။ လက်ဝါးချက်နှင့်ထိပ်တိုက်တွေ့သော သားရဲများအားလုံးမှာ ဆိုးဆိုးဝါးဝါး သေဆုံးကုန်၏။

သွေးနံ့ ပိုကြိုင်လာသည်။

သို့ရာတွင် ဝမ်လင်းသည် ပိုမြန်ဆန်စွာ ရှေ့ဆက်သွားနေဆဲသာ။ စစ်စိတ်ဝိညာဉ်လက်ဝါးချက်ကြောင့် သားရဲများသေဆုံးနေရ၏။ ဝမ်လင်းသည် အမှောင်ထုကို ချိုးဖျက်ကာ ကျောက်စိမ်းပြားပေါ် မှတ်သားထားသော လမ်းကြောင်းအဆုံးသပ်နား ရောက်လာခဲ့တော့သည်။

သူ ထိုနေရာ ရောက်လာသည့်နောက် မည်သည့်နေရာဆက်သွားရမည့် ဦးတည်ရာ မရှိတော့ချေ။ဤနေရာတွင် အေးစက်မှုအော်ရာမှာ ပိုအားကောင်း၏။ ၎င်းသည် သူ့ခန္ဓာကိုယ်တွင်းထိ ထွင်းဖောက်ကာ သူ့မူလစိတ်ဝိညာဉ်ကိုပါ နှေးကွေးလာစေဟန် ရ၏။

စစ်စိတ်ဝိညာဉ်လက်ဝါးသည် အေးစက်စက်လေများ၏ ထိုးစွချိန်ကို ခံရသည့်အခါ အက်သံများ ပေါ်လာပြီး ထိုလက်ဝါးပေါ်တွင် ရေခဲများ ဖြစ်ပေါ်၏။ ချက်ခြင်းပင် ဧရာမလက်ဝါးကြီးသည် ရေခဲသွားတော့၏။

ထိုအခိုက်တွင် အဖြူရောင်အခိုးအငွေ့တစ်ခု သည်အေးစက်စက်လောကတွင် ပေါ်လာပြီး ကြမ်းကြတ်သောသားရဲများအဖြစ် ပြောင်းလဲ၏။ ၎င်းသားရဲများထံမှ ရေခဲတမျှအေးစက်စက်အော်ရာတစ်ခုကို ပေးစွမ်းသည်။

ထိုသားရဲများ၏ ရန်လိုသောအကြည့်မှာ ဝမ်လင်း သတ်ခဲ့သောသားရဲများထက် ပိုပြင်းထန်၏။ ၎င်းတို့သည် ပေါ်လာသည်နှင့် ဝမ်လင်းထံ တိုးဝင်လာကြသည်။

ဖျပ်ခနဲပင် အဖြူရောင်အခိုးငွေ့မှ ဖြစ်ပေါ်လာခဲ့သော သားရဲများသည် အတောမသပ်နိုင်တော့ချေ။

ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပြည့်နှက်၏။ သူသည် သူ့ရှေ့ရှိ ဟင်းလင်းပြင်ကို စုတ်ဖြဲပစ်ဖို့ တုံ့ဆိုင်းမနေပေ။ သူ့သိုလှောင်နေရာလွတ်သည် ချက်ခြင်း ဖြစ်ပေါ်လာ၏။

“ခြင်သားရဲတွေ ထွက်ပေါ်လာစမ်း…”

ဝမ်လင်း ထိုသို့ ပြောလိုက်သည်နှင့် ကောင်းကင်တုန်လှုပ်ဖွယ် တစီစီ၊တဝီဝီအသံများသည် သားရဲဟိန်းသံများကို လွှမ်းမိုးသွား၏။ ခြင်သားရဲများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြသည်။ ခြင်သားရဲပေါင်းတစ်သောင်း။

ချက်ခြင်းပင် ခြင်သားရဲတစ်သောင်းကျော်သည် ရုတ်တရက် ပေါ်လာပြီး ဝမ်လင်းကို ဝန်းရံ၏။ ၎င်းတို့သည် ကြမ်းကြုတ်သောသားရဲများထံသို့ ဝင်ရောက် ထိုးစိုက်ကျ၏။

ဝမ်လင်းသည် ရယ်မောလိုက်၏။ သည်သတ်ဖြတ်မှုမှာ ကောင်းကင်ဘုံတုန်လှုပ်ဖွယ်ရာပင်။ သူ့ခန္ဓာကိုယ်ကနေ အဆုံးစွန်အစွမ်းထက်အော်ရာတစ်ခု ပေါက်ကွဲထွက်လာ၏။ ထို့နောက် သူသည် ရှေ့သို့ ခြေလှမ်းသည်။

လီချန်မေသည် အောက်နှုတ်ခမ်းကို တင်းတင်း ကိုက်ထား၏။ သူမ၏မျက်နှာမှာ အလွန်အမင်းကို ဖြူရောလျက် ရှိသည်။ သူမ၏အောက်ဝတ်ရုံတွင် သွေးများ စွန်းပေနေ၏။ သူမ၏ရတနာလက်နက်များလည်း ပြောင်သလင်းခါနေပေပြီ။ သူမလက်ဆွဲတော် ဓားသည်ပင် တစ်ကြိမ်လွတ်မြောက်နိုင်ဖို့အတွက် ပျက်စီးခဲ့ရပြီး ဖြစ်သည်။

ခုချိန်တွင် သူမ၏ရင်ထဲ၌ မျှော်လင့်ချက်မဲ့နေ၏။ သည်ထူးဆန်းသောလောကတွင် သူမသည် အထီးကျန်မှုနှင့် အကူအညီမဲ့မှုကို ခံစားရသည်။ သည်နေရာရှိ သားရဲများမှာ များပြားလွန်း၏။ သူမ မည်သို့ပင် သတ်တသ် အကုန်မသတ်နိုင် ဖြစ်ရသည်။

သူမသည် အောက်နှုတ်ခမ်းကို တင်းရင်းစွာ ကိုက်ထားပြီးနောက် စိတ်ပျက်သည့်အမူအရာကို ထုတ်ဖော်၏။ သူမ ပတ်ပတ်လည်တွင် သားရဲများစွာ ဝန်းရံနေလျက် သူမကို ဟိန်းဟောက်နေကြသည်။ ထိုသားရဲများ၏အကြည့်က သူမခန္ဓာကိုယ်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်တော့မည့်အလား။

လီချန်မေသည် သူမ၏မူလစွမ်းအင်များကိုလည်း ပြောင်သလင်းခါ၊ ဆေးလုံးများအားလုံးကိုလည်း အသုံးပြုခဲ့ပြီးပင်။ သို့ရာတွင် သူမ၏စိတ်နှလုံးထဲတွင် ပြတ်သားခိုင်မာမှု ပြည့်နှက်နေခြင်းက သူမကို ခုချိန်ထိ တင်းခံနိုင်စေခြင်းပင်။

သူမလက်ထဲရှိ ရွှေရောင်စုတ်တံဖြင့် စာလုံးတစ်လုံးပြီးတစ်လုံး ရေးဆွဲကာ သားရဲများကို ခုခံနေ၏။ သို့ရာတွင် သူမသည် အားနည်းလာနေသည်။ စုတ်တံသည် သူမဘေးပတ်လည်ရှိ သားရဲများကို များများစားစား ထိခိုက်အောင် မလုပ်နိုင်တော့ပေ။

သူမ ပေတစ်ရာပတ်လည်ရှိ အကွာအကွယ်အရံအတားမှ ထွက်ပေါ်နေသော အပြာရောင်အလင်းကြောင့်သာ မဟုတ်ပါက သူမသည် သေဆုံးပြီးနောက်လောက်ပြီ။

သို့ရာတွင် ထိုအလင်းမှာလည်း တုန်ခါနေပြီး အချိန်မရွေး ပျက်စီးသွားတော့မည့်အလား။ ပတ်ဝန်းကျင်ရှိ သားရဲများက ထိုအလင်းကို ပိုပိုကြမ်းတမ်းစွာ တိုက်ခိုက်နေကြ၏။

ထို့အပြင် လေဟာနယ်ကို ချိုးဖျက်လာသော အရိပ်ကျာပွတ်ကလည်း ထိုအပြာရောင်အလင်းကို ကြမ်းတမ်းစွာ ရိုက်ချလာနေ၏။ အလင်းသည် ပိုပြင်းပြင်းထန်ထန် တုန်ခါကာ ပျောက်ကွယ်ခါနီး ဖြစ်လာခဲ့ပေပြီ။

ထိုသို့သာ ဖြစ်နေချိန်၌ သားရဲအချို့သည် အပြာရောင်အလင်းကို ချိုးဖျက်လာကြ၏။ လီချန်မေအဖို့ ထိုဝင်ရောက်လာသောသားရဲများကို သတ်နိုင်ဖို့အတွက် တန်ဖိုးကြီးကြီး ပေးနေရသည်။

သူမသည် ဆက်မတောင့်ခံနိုင်တော့ပေ။ အသက်ဓာတ်နှင့်မူလစွမ်းအင် ဆုံးရှုံးမှုတို့က သူမကို ဆီမရှိသည့် မီးအိမ်တစ်ခုကဲ့သို့ ဖြစ်နေစေ၏။

“ငါ သေရတော့မယ်။ သူ ပြန်နိုးထလာနိုင်လားပဲ ငါ သိချင်မိတယ်။ ငါ သူ့ကို ထပ်တွေ့ရဖို့ အခွင့်အရေး မရှိတော့ဘူး။ ငါ ဒီအတွက် နောင်တမရပါဘူး…”

လီချန်မေ၏မျက်လုံးထဲမှ မျက်ရည်စီးကြောင်းနှစ်ခု လိမ့်ဆင်းကျလာ၏။ သူမသည် ရှေ့သို့ မှိန်ဖျော့စွာ ကြည့်လို့နေ၏။ အချိန်အတန်ကြာပြီးနောက် သူမသည် မျက်လုံးမှိတ်လိုက်ကာ အပြာရောင်အလင်းအကာ ပျောက်ကွယ်ပြီး သေခြင်းတရား ရောက်လာတော့မည့်အချိန်ကို စောင့်နေလိုက်သည်။

လီချန်မေသည် ခပ်တိုးတိုး ရေရွတ်၏။ “ငါ သူ့အတွက် လုပ်ပေးခဲ့တာကို နောင်တမရဘူး…”

သို့ပေမည့် သူမ မျက်လုံးမှိတ်လိုက်စဉ် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါစေနိုင်သော ရယ်သံတစ်ခုသည် အကွာအဝေးတစ်ခုကနေ ထွက်ပေါ်လာ၏။ ထိုအဖြစ်က လီချန်မေ၏စိတ်ကို တုန်လှုပ်သွားစေပြီး သူမသည် ရုတ်တရက် မျက်လုံး ပြန်ဖွင့်၏။ သူမသည် ထိုအသံလားရာသို့ မယုံကြည်နိုင်ဟန်ဖြင့် စူးစိုက်ကြည့်နေမိသည်။ သူမမျက်လုံးထဲမှ မျက်ရည်များ ထပ်မံ စီးကျလာပြန်သည်။

***

All Chapters