← Chapters

အခန်း ၅၉၁

Vol. 60 Ch. 591

အခန်း ၅၉၁

Vol. 60 Ch. 591

အခန်း (၅၉၁)

" ယီချီဆန်ချင်း " ကျောက်ဖုန်းက သူ၏ ယွမ်စွမ်းအားများက လှည့်ပတ်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ကိုယ်ပွားသုံးခု ခွဲထွက်သွားသည်။

တစ်ယောက်က မိုးကြိုးကို ထိန်းချုပ်ပြီး လျှပ်စီးများဖြင့် ပြည့်နှက်နေသည်။ တစ်ယောက်က မီးကို ထိန်းချုပ်ပြီး မီးတောက်များ လွှမ်ခြုံထားသည်။ တစ်ယောက်က ဝိညာဉ်များကို ထိန်းချုပ်ပြီး မရဏကမ္ဘာ၏ အော်ရာက ဝန်းရံထားသည်။ ၎င်းက ကျောက်ဖုန်း၏ ယီချီဆန်ချင်းကျင့်စဉ်ပင်ဖြစ်သည်။ သူက နိယာမနားလည်မှုများအပေါ် အသုံးချကာ ကိုယ်ပွားများအဖြစ် ခွဲထုတ်လိုက်ဖြစ်သည်။ ကိုယ်ပွားများက ကျောက်ဖုန်း၏ စွမ်းအား ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။

" ငါက မိုးကြိုးသိုင်းပညာရှင်ပဲ။ "

" ငါက မီးတောက်သိုင်းပညာရှင်ပဲ။ "

" ငါက ဝိညာဉ်သိုင်းပညာရှင်ပဲ။ "

ကိုယ်ပွားသုံးယောက်က အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်၏ မတူညီသော ဓားများဆီသို့ ပျံသန်းသွားကြပြီး ဓားတစ်လက်စီကို ကိုင်လိုက်ကြသည်။ ကျောက်ဖုန်းက ကျူးရှန်းဓားကို ကိုင်ဆောင်ထားသည်။

" သတ် " ကျောက်ဖုန်းက တိုးညှင်းစွာ ပြောလိုက်ပြီး ကိုယ်ပွားသုံးယောက်နှင့်အတူ ဓားလေးလက်ကို ခွန်လွန်တပည့်များဆီသို့ ခုတ်ပိုင်းလိုက်သည်။

ရုတ်တရက် ဓားအစီအရင်အတွင်းရှိ သတ်ဖြတ်ခြင်းအရှိန်အဝါများက ပိုမိုပြင်းထန်လာပြီး ခွန်လွန်အင်မော်တယ်များပေါ်သို့ ကျရောက်သွားပြီး နေရာမှာပင် သေဆုံးသွားကြသည်။

" ကောင်းကင်အင်မော်တယ်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၅၀၀ မှတ် ရရှိပါတယ်။ "

" ရွှေအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၁၀၀၀၀ ရရှိပါတယ်။ " စနစ်မှ အသိပေးချက်များက အဆက်မပြတ် ထွက်ပေါ်လာသည်။

" ဂိုဏ်းချုပ် ဓားတစ်လက်စီကို သခင်တစ်ယောက်စီက ကိုင်ထားတယ်။ အားလုံးက မဟာရွှေအင်မော်တယ်အဆင့်မှာ ရှိပါတယ်။ ကျွန်တော်တို့ အစီအရင်ကို မချိုးဖျက်နိုင်ပါဘူး။ ဂိုဏ်းချုပ် ဘိုးဘေးကို အကြောင်းကြားပေးပါ။ " မဟာရွှေအင်မော်တယ်တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

၎င်းကို ကြားသော ခွန်လွန်ဂိုဏ်းချုပ်က မျက်နှာပျက်သွားသည်။ " ဒီအစီအရင်က အာကာသကို သီးခြားခွဲထုတ်ထားတာမလို့ ဘိုးဘေးကို အကြောင်းကြားလို့မရဘူး။ "

" ဒါဆိုဘာလုပ်ကြမလဲ။ "

" ငါတို့ တကယ်သေရတော့မှာလား။ "

ခွန်လွန်ဂိုဏ်းချုပ်ကို ဝန်းရံထားသော အင်မော်တယ်များက ကြောက်ရွံ့သော အမူအရာများဖြင့် ရှိနေကြသည်။ သူတို့က အင်မော်တယ်များအနေဖြင့် ကြီးမားသော ခွန်အားကို ပိုင်ဆိုင်ပြီး လူသားများအပေါ် လွှမ်းမိုးထားသည်။ အရှေ့တိုက်ကြီးမှ ဂိုဏ်းကြီးတစ်ခုဖြစ်သောကြောင့် သူတို့၏ ကျယ်ပြောလှသော နယ်မြေအတွင်း လုံလောက်သော ဝိညာဉ်အနှစ်သာရများကိုလည်း ရရှိနိုင်သည်။ သူတို့က သေခြင်းတရားကို ဘယ်လိုလုပ်မကြောက်ဘဲနေမှာလဲ။

" မင်းက တကယ်ပဲ ငါ့ရဲ့ ခွန်လွန်ဂိုဏ်းကို အမြစ်ပြတ်ချေမှုန်းဖို့ ရည်ရွယ်ထားတာလား။ ငါတို့ ခွန်လွန်က မင်းနဲ့ ဘာရန်ငြိုးမှမရှိဘူး။ ဘာလို့ငါတို့ကို ပစ်မှတ်ထားရတာလဲ။ တကယ်လို့ မင်းက ခွန်လွန်ဂိုဏ်းရဲ့ လူသားနိုင်ငံတွေကို လိုချင်တာဆိုရင် ငါတို့ ပေးနိုင်တယ်။ " ခွန်လွန်ဂိုဏ်းချုပ်က ကျယ်လောင်စွာ ပြောလိုက်သည်။

" မင်းတို့က လူသားတွေ ဖြစ်ရက်နဲ့ လူသားမျိုးနွယ်အပေါ် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြတယ်။ မင်းတို့လိုကောင်တွေကို ငါခွင့်မလွှတ်ဘူး။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်ပြီး အစီအရင်၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။

သတ်ဖြတ်ခြင်းအရှိန်အဝါအပြည့်ဖြင့် ဓားချီများက အောက်သို့ ခုတ်ပိုင်းလိုက်ပြီး အစီအရင်အတွင်းမှ အင်မော်တယ်တစ်သောင်းက သေဆုံးသွားကြသည်။ မဟာရွှေအင်မော်တယ်များပင်လျှင် ကျောက်ဖုန်းနှင့် ကိုယ်ပွားသုံးခု၏ စွမ်းအားကို မယှဉ်နိုင်ကြပေ။ မကြာမီ အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်၏ စွမ်းအားအောက်တွင် အင်မော်တယ်များအားလုံးက ချေမှုန်းလံလိုက်ရသည်။

" မင်းတို့က စွမ်းအားတိုးဖို့နဲ့ သက်တမ်းရှည်ဖို့ လူသားတွေရဲ့ အသွေးအသားနဲ့ ဝိညာဉ်အနှစ်သာရကို ထုတ်ယူခဲ့ကြတယ်။ ဒီနေ့ မင်းတို့ရဲ့ အလောင်းတွေကနေ ဝိညာဉ်အနှစ်သာရတွေ ပြန်သိမ်းမယ်။ ဒါပေမယ့် ငါက မင်းတို့နဲ့ မတူဘူး။ ထာဝရအသက်ရှည်ဖို့အတွက် လူသားတွေရဲ့ အသက်ကို ပူဇော်မှာမဟုတ်ဘူး။ မင်းတို့ရဲ့ ပျက်စီးမှုကို မင်းတို့ကိုယ်တိုင် ရှာဖွေခဲ့တာပဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

သူ၏ လက်ထဲတွင် လင်းယွင်ပုလင်းပေါ်လာပြီး ဓားအစီအရင်ထဲမှ အလောင်းများကို စုပ်ယူသွားသည်။ ကောင်းကင်စစ်သည်များ၏ ဝိညာဉ်အနှစ်သာရများကို ထုတ်ယူစဉ်ကပင် ကျောက်ဖုန်းက ဘာမှမခံစားခဲ့ရပေ။ လူသားများ၏ အသွေးအသားများကို စားသုံးသော ထိုအင်မော်တယ်များကို သတ်ဖြတ်ခြင်းက ကြီးမားသော ကုသိုလ်ကောင်းမှုတစ်ခုပင် ဖြစ်သည်။

ကျောက်ဖုန်းက အလောင်းများကို သိမ်းဆည်းလိုက်ပြီးနောက် လက်ဝှေ့ရမ်းလိုက်သည်။ ကိုယ်ပွားသုံးခုက ပျောက်ကွယ်မသွားဘဲ အလင်းတန်းသုံးခုအဖြစ် ပြောင်းလဲသွားပြီး ခွန်လွန်ဂိုဏ်း၏ နေရာအသီးသီးသို့ ထွက်ခွာသွားကြသည်။ ယခုအချိန်တွင် ခွန်လွန်အတွင်းရှိ အင်မော်တယ်အဆင့်အထက် တပည့်အားလုံးနီးပါးက ကျောက်ဖုန်း သတ်ဖြတ်ပြီးပြီဖြစ်သည်။

ရွှမ်ကျားစစ်သည်များက မိုဓားများကို ကိုင်ပြီး စစ်ဝိညာဉ်အစီအရင်ကို ထုတ်ဖော်တိုက်ခိုက်နေကြသည်။ ခွန်လွန်ဂိုဏ်း၏ အထက်ရှိ ကောင်းကင်တွင် သွေးရောင်အလင်းများက ဆက်တိုက်လင်းလက်နေပြီး သွေးချီဓားများက ခွန်လွန်ဂိုဏ်းမှ တပည့်များ၏ အသက်များကို ရိတ်သိမ်းနေသည်။

ရွှမ်ကျားစစ်တပ်၏ တိုက်ခိုက်မှုများက အင်မော်တယ်များနှင့် မတူဘဲ သူသေကိုယ်သေတိုက်ခိုက်သော နည်းလမ်းများပင် ဖြစ်သည်။ ခွန်လွန်ဂိုဏ်းအတွင်း တပည့်များ၏ နာကျင်စွာ အော်ဟစ်သံများက ပဲ့တင်ထပ်​နေပြီး သနားညှာတာရန်လည်း တောင်းပန်နေကြသည်။ သို့သော် ဘယ်သူကမှ သနားညှာတာမှုမပြပေ။ ရွှမ်ကျားစစ်သည်များ ရောက်ရှိသော နေရာတိုင်းက သတ်ဖြတ်ခြင်းသာ လွှမ်းမိုးသွားသည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။ ခွန်လွန်ဂိုဏ်းတစ်ခုလုံးက ယခင်ကဲ့သို့ အင်မော်တယ်စွမ်းအားများ ဖုံးလွှမ်းနေသော မြင့်မြတ်သော နေရာတစ်ခု မဟုတ်တော့ပေ။ ဂိုဏ်းတစ်ခုလုံးက သတ်ဖြတ်ခြင်းအရှိန်အဝါများ ဖုံးလွှမ်းနေပြီး အလောင်းများက နေရာအနှံ့ပျံ့ကျဲနေသည်။

ရွှမ်ကျားစစ်သည်များက လွတ်မြောက်သွားသူများကို လိုက်လံရှာဖွေပြီး ကွပ်မျက်လိုက်ကြသည်။ သိုင်းတာအိုမဟာစွမ်းအားရှင်အဆင့်တွင်ရှိသော စစ်တပ်တစ်ခုရှေ့တွင် သေဟန်ဆောင်ရန် မဖြစ်နိုင်ပေ။

" အရှင်မင်းကြီး ဒီဂိုဏ်းက အင်မော်တယ်တွေအားလုံးကို ရှင်းပြီးပါပြီ။ အခုလေးတင် ညီအကိုတွေက ဂိုဏ်းနောက်က နေရာလွတ်ထဲမှာ သာမန်လူ သုံးသိန်းကျော်ကို ရှာတွေ့ခဲ့ပါတယလ။ " မုန့်ထျန်းက ကျောက်ဖုန်းကို အစီအရင်ခံလိုက်သည်။

" ဒီဂိုဏ်းထဲက အရင်းအမြစ်တွေ၊ စိတ်ဝိညာဉ်ကျောက်တုံးတွေ၊ ဆေးပက်တွေနဲ့ ရတနာတွေ အားလုံးကို သိမ်းယူကြ။ ယူလို့ရတာ အကုန်ယူကြ။ "ကျောက်ဖုန်းက ပြောပြီး သိုလှောင်လက်စွပ်တစ်ကွင်းကို မုန့်ထျန်းအား ပစ်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " မုန့်ထျန်းက ချက်ချင်း ပြန်ပြောလိုက်သည်။

ကျောက်ဖုန်းက လင်းယွင်ပုလင်းကို ထုတ်ပြီး ခွန်လွန်ဂိုဏ်းမှ အလောင်းများအားလုံးကို သိမ်းဆည်းလိုက်သည်။ သူတို့က ကျဆုံးသွားပြီဖြစ်သောကြောင့် သူတို့ကို ကောင်းကောင်း အသုံးချရမည်ဖြစ်သည်။

ရွှမ်ကျားစစ်တပ်က ခွန်လွန်ဂိုဏ်း၏ နောက်မှ သာမန်လူသားများကို လွှတ်ပေးလိုက်သည်။ သူတို့အားလုံးက ခွန်လွန်ဂိုဏ်း၏ သွေးလွှမ်းသောမြင်ကွင်းကို ကြည့်ပြီး တုန်လှုပ်သွားကြသည်။

" အင် အင်မော်တယ်တွေအကုန် သေပြီ။ "

" ဟားဟား... သူတို့လုပ်တာ သူတို့ပြန်ခံရတာပဲ။"

" အင်မော်တယ်ဂိုဏ်းထဲဝင်ရင် ကျင့်ကြံပြီး အသက်ရှည်မယ်လို့ထင်ခဲ့တာ။ ဒါပေမယ့် သူတို့က ငါတို့ရဲ့ သွေးနဲ့အသားကို စားချင်နေကြတာပဲ။ သူတို့က အင်မော်တယ်ဖြစ်ဖို့ မထိုက်တန်ဘူး။ "

" ဒီစစ်တပ်က အင်မော်တယ်ဂိုဏ်းရဲ့ ဆိုးရွားတဲ့လုပ်ရပ်တွေကို သိပြီး နတ်ဆိုးတွေကို ချေမှုန်းဖို့ ရောက်လာတဲ့ ဒဏ္ဍာရီလာ ကောင်းကင်စစ်သည်တွေဖြစ်ရမယ်။ "

" အင်မော်တယ်တွေက နတ်ဆိုးတွေပဲ။ ကောင်းကင်စစ်သည်တို့ကို ကျေးဇူးတင်ပါတယ်။ "

ခွန်လွန်ဂိုဏ်းထဲတွင် အလောင်းများမရှိသော်လည်း ကျန်ရှိသော သွေးများနှင့် အပျက်အစီးများကြောင့် တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့သည်မှာ ထင်ရှားသည်။ ထို့အပြင် ကောင်းကင်တွင် အနက်ရောင်ချပ်ဝတ်နှင့် စစ်သည်များရှိနေသောကြောင့် အခြေအနေကို ခန့်မှန်းနိုင်သည်။

သူတို့က အင်မော်တယ်ဂိုဏ်းသို့ ရောက်လာပြီးနောက် အင်မော်တယ်များက သူတို့ကို ခေါ်လာသည့် ရည်ရွယ်ချက်ကို ပြောပြပြီး သူတို့ကို နေရာတစ်ခုတွင် ပိတ်လှောင်ထားခဲ့သည်။ ယခု အရာအားလုံး ပြီးဆုံးသွားပြီး သူတို့အားလုံး လွတ်မြောက်လာပြီဖြစ်သည်။

" ငါ့ရဲ့ စစ်တပ်က ကောင်းကင်စစ်သည်တွေမဟုတ်ဘူး။ " ကျောက်ဖုန်း၏ အသံက ပဲ့တင်ထပ်သွားသည်။

" ကောင်းကင်စစ်သည်တွေမဟုတ်ဘူးလား။ အင်မော်တယ်တွေ အများကြီးကို သတ်နိုင်တာ ဘယ်လိုလုပ် ကောင်းကင်စစ်တပ်မဟုတ်ရမှာလဲ။ "

လူပေါင်းများစွာက အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

" ငါက ဝူနိုင်ငံရဲ့ ဘုရင်ပဲ။ မင်းတို့ အရင်က နေခဲ့တဲ့ နိုင်ငံတွေ မရှိတော့ဘူး။ အကုန်လုံးက ငါ့ရဲ့ ဝူနယ်မြေဖြစ်သွားပြီ။ ငါ ဒီခွန်လွန်ဂိုဏ်းကို ချေမှုန်းဖို့ စစ်တပ်ကို ဦးဆောင်လာတာက ပထမအချက် ကောင်းကင်တာအိုရဲ့ ဖြောင့်မတ်တဲ့ လမ်းစဉ်ကို ထိန်းသိမ်းဖို့နဲ့ ဒုတိယအချက် မင်းတို့က ငါ့ရဲ့ ပြည်သူတွေဖြစ်လို့ မင်းတို့ ဒုက္ခရောက်နေချိန်မှယ ငါ့ရဲ့ စစ်တပ်က မင်းတို့ကို ကာကွယ်ပေးရမှာပဲ။ " ကျောက်ဖုန်းက အာဏာအပြည့်ဖြင့် ကြေညာလိုက်သည်။

" ဝူနိုင်ငံရဲ့ ဘုရင်လား။ ငါတို့ဘုရင်လား။ "

အားလုံးက ထိုစကားလုံးများ၏ အဓိပ္ပါယ်ကို နားလည်သွားကြပြီး ချက်ချင်း ဒူးထောက်လိုက်ကြသည်။ " အသက်ကို ကယ်တင်ပေးတဲ့အတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီးရဲ့ ကျေးဇူးကို အသက်ပေးပြီး ပြန်ဆပ်ပါမယ်။ "

" ငါမင်းတို့ကို မင်းတို့ရဲ့ ဇာတိတွေကို ပြန်ပို့ဖို့ စီစဉ်ပေးမယ်။ ပြန်ရောက်ရင် မင်းတို့အတွက် နောက်ထပ်အစီအစဉ်တွေရှိလိမ့်မယ်။ " ကျောက်ဖုန်းက စကားပြောပြီးနောက် လက်ဝှေ့ရမ်းလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters