အခန်း ၅၉၂
Vol. 60 Ch. 592
အခန်း (၅၉၂)
" အရှင်းမင်းကြီး ဒီခွန်လွန်ဂိုဏ်းက အင်အားကြီးဂိုဏ်းတစ်ခုအဖြစ် တကယ်ကို ထိုက်တန်ပါတယ်။ သူတို့ရဲ့ အမွေအနှစ်က နက်ရှိုင်းပြီး အရင်းအမြစ်တွေကလည်း ပေါများတယ်။ ဒီတစ်ခါ ကျွန်တော်မျိုးတို့ ချင်က အင်အားထပ်တိုးလာနိုင်ပြီ။ "မုန့်ထျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
" ငါတို့ ဘယ်လောက်ရခဲ့လဲဆိုတာ ပြန်ရောက်ရင် စာရင်းပြုစုလိုက်ပါ။ ပြီးတော့ ငါတို့ချင်က ခွန်လွန်ဂိုဏ်းအပြင် အခြားနယ်မြေတွေကို သိမ်းပိုက်လိုက်ပေမယ့် ဂိုဏ်းငယ်အချို့ ကျန်သေးတယ်။ တပ်တွေကို အုပ်စုခွဲပြီး အကုန်ရှင်းခိုင်းလိုက်။ အဲ့ဒီဂိုဏ်းငယ်တွေထဲမှာ အသန်မာဆုံးက ရွှေအင်မော်တယ်အဆင့်ပဲ ရှိတာမလို့ မင်းကိုင်တွယ်နိုင်ပါတယ်။ " ကျောက်ဖုန်းက မုန့်ထျန်းကို ဆက်လက်ညွှန်ကြားလိုက်သည်။
ဤနယ်မြေအတွင်း ခွန်လွန်ဂိုဏ်းက အသန်မာဆုံးဖြစ်ပြီး မဟာရွှေအင်မော်တယ်များကို ပိုင်ဆိုင်ထားသော်လည်း အခြားဂိုဏ်းငယ်များက ထိုမျှအထိ မစွမ်းဆောင်နိုင်ကြပေ။ ခွန်လွန်ဂိုဏ်း၏ တည်ထောင်သူက တလျိုရွှေအင်မော်တယ်အဆင့်ဖြစ်ပြီး သူက ဤနေရာတွင် မရှိသောကြောင့်သာ ကျောက်ဖုန်းအတွက် လွယ်ကူသွားခြင်းဖြစ်သည်။
" အမိန့်အတိုင်းပါ။ " မုန့်ထျန်းက ရိုသေစွာ ပြောလိုက်သည်။
ကျောက်ဖုန်းက ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး ဝူချန်းမြို့တော်သို့ ပြန်လာခဲ့သည်။
" စစ်သည်တွေရဲ့ စွမ်းရည်တွေကို ရယူမယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" သခင်ရဲ့ တပ်ဖွဲ့တွေက ရန်သူ ၁၇၅၉၈၄ ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၈.၇၉သန်းကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
" ရယူမယ်။ " ကျောက်ဖုန်းက တုန့်ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။
ဝုန်း....
ကျောက်ဖုန်းထံမှ အင်အားကြီးသော အော်ရာတစ်ခု ပေါက်ကွဲလာပြီး ဖိအားတစ်ခုက နန်းတော်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ခဏကြာသောအခါ ကျောက်ဖုန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ တိုးတက်လာသော စွမ်းအားများကို ခံစားပြီး ကျောက်ဖုန်းက ဝမ်းသာသွားသည်။
" စွမ်းရည်အားလုံး သန်းငါးဆယ်ထိ ရောက်သွားပြီ။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ပြီး သူ၏ အချက်အလက်များကို ဖွင့်လိုက်သည်။
နာမည် - ကျောက်ဖုန်း
အသက် - ၄၁ နှစ်
အထူးစွမ်းရည်...
နိယာမယွမ်စွမ်းအား - ၅၁.၅သန်း (သိုင်းတာအိုနိယာမသခင်အဆင့်)
အစစ်အမှန်နဂါးစွမ်းအား - ၅၀.၂ သန်း
နတ်ဘုရားအလင်း - ၅၀.၁ သန်း
ဟောက်ထျန်းတာအိုခန္ဓာ - ၅၀.၀၂ သန်း
နတ်ဘုရားအာရုံ - ၅၀.၂၃သန်း
နိယာမမူလစိတ်ဝိညာဉ် - ၅၀.၃၄ သန်း
သက်တမ်း - ၄၀၀၀၀၀ နှစ်
ကုသိုလ် - ၂၁၃၀၂၃၀၄ မှတ်
ကံကြွေး - ၁၁၀၂၀၃မှတ်
သိုလှောင်နေရာ - အကန့်အသတ်မရှိ
ကျင့်စဉ် - ကိုးဆင့်ပြောင်းလဲခြင်းဖရိုဖရဲသိုင်းတာအိုကျင့်စဉ်။
ကျောက်ဖုန်း၏ စွမ်းအားက အဆမတန် မြင့်တက်သွားခဲ့သည်။ စွမ်းရည်အားလုံး သန်းငါးဆယ်ကျော်အထိ ရောက်သွားခဲ့ပြီး အားနည်းချက် လုံးဝမရှိတော့ပေ။ သူက မဟာရွှေအင်မော်တယ်တစ်ယောက်ကို ချေမှုန်းနိုင်ပြီး တလျိုရွှေအင်မော်တယ်ကိုပင် အနိုင်ယူနိုင်ပေလိမ့်မည်။ ပြီး
" စွမ်းရည်အားလုံး သန်း ၅၀ ကျော်လွန်သွားတဲ့အတွက် အဆင့်ခြောက်ရတနာသေတ္တာသုံးခု ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
" အခု အဆင့်ခြောက် ရတနာသေတ္တာလေးခုရှိသွားပြီ။ " ကျောက်ဖုန်းက တွေးလိုက်သည်။ " ကုသိုလ်အမှတ်တွေကို စွမ်းရည်အမှတ်တွေအဖြစ် ပြောင်းလဲလို့ရတယ်။ ပြီးတော့ ဒီကံကြွေးတွေကို ကုသိုလ်အမှတ်တွေနဲ့ အခြားသူတွေဆီ လွှဲပြောင်းပေးလို့ရတယ်။ ကံကြွေးအရမ်းများရင် ကောင်းကင်နဲ့ မြေကြီးရဲ့ ပစ်ပယ်ခြင်းကို ခံရမယ်။ ဒါက တကယ် လက်နက်တစ်ခုပဲ။ အင်မော်တယ်ဘုံက အများကြီး ပြောင်းလဲသွားပေမယ့် ကောင်းကင်အပြစ်ဒဏ်က ရှိနေတုန်းပဲ။ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက ကပ်ဘေးသုံးပါးနဲ့ ပြစ်ဒဏ်ခုနှစ်ပါးကို ရှောင်ရှားဖို့ ကြိုးစားနေကြတယ်။ သူတို့က ဝိညာဉ်အနှစ်သာရနဲ့ သူတို့ရဲ့ ကံကြွေးတွေကို ဖုံးကွယ်ပြီး ကောင်းကင်ပြစ်ဒဏ်ကို ရှောင်ရှားကြတယ်။ ဒါပေမယ့် ငါ့ရဲ့ ကံကြွေးက သူတို့ဆီ ကျရောက်လာရင် သူတို့ရဲ့ ဝိညာဉ်အနှစ်သာရက ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး။ ကောင်းကင်ပြစ်ဒဏ်က သူတို့ဆီကို သေချာပေါက် ကျရောင်လာလိမ့်မယ်။ "
ကျောက်ဖုန်းက ကံကြွေး၏ စွမ်းရည်များကို ကြည့်ပြီး လိုအပ်သော အချိန်တွင် ၎င်းကို သတ်ဖြတ်ရေးလက်နက်တစ်ခုအဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
" ရတနာသေတ္တာတွေ ဖွင့်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" အဆင့်ခြောက်ရတနာသေတ္တာလေးခုကို ဖွင့်နေပါပြီ။ "
" ရှန်ထျန်းအဆင့် ဖန်ဆင်းခြင်းမြေဆီလွှာကို ရရှိပါတယ်။ "
" အဆင့်မြင့် စိတ်ဝိညာဉ်သွေးကြောကို ရရှိပါတယ်။ "
" အဆင့်မြင့် ရှန်ထျန်းစိတ်ဝိညာဉ်ရတနာ ၁၂ဆင့်အနက်ရောင်ကြာပန်းကို ရရှိပါတယ်။ "
" အစီအရင်နိယာမမျိုးစေ့ကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက်များ ထွက်ပေါ်လာသည်။
" အဆင့်မြင့် ရှန်ထျန်းစိတ်ဝိညာဉ်ရတနာ ၁၂ဆင့်အနက်ရောင်ကြာပန်း " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။ " ဆယ်နှစ်ဆင့်အနက်ရောင်ကြာပန်း အကာအကွယ်ကို သူတော်စင်အဆင့်အောက်က အင်မော်တယ်တွေ ထိုးဖောက်ဖို့ ခက်ခဲလိမ့်တယ်။ "
ထိုအချိန်တွင် ကျောက်ဖုန်းက တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး သူ၏ အမူအရာက ပြောင်းလဲသွားသည်။
" ပြန်လည်မွေးဖွားခြင်းနိယာမက ကမ္ဘာငယ်နဲ့ ပေါင်းစပ်သွားပြီ။ " ကျောက်ဖုန်းက ဝမ်းသာသွားပြီး သူ၏ နတ်ဘုရားအာရုံက ကမ္ဘာငယ်ဆီသို့ ဝင်ရောက်သွားသည်။
ထိုအချိန်တွင် ကမ္ဘာငယ်က အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေပြီး ကမ္ဘာငယ်တစ်ခုလုံး တုန်ခါနေသည်။ ကောင်းကင်နှင့် မြေကြီးက ကျယ်ပြန့်လာသည်။ သို့သော် ကမ္ဘာငယ်အတွင်းမှ သက်ရှိများက ၎င်းကို ဘာမှမခံစားရပေ။
" ကမ္ဘာငယ်အပေါ် ပြန်လည်မွေးဖွားခြင်းနိယာမရဲ့ သက်ရောက်မှုက တကယ်ကြီးမားတဲ့ပုံပဲ။ ပြန်လည်မွေးဖွားခြင်းက ကမ္ဘာတစ်ခုရဲ့ ပြည့်စုံတဲ့ အခြေခံအုတ်မြစ်ပဲ။ ကမ္ဘာငယ်က ထပ်ပြီး အဆင့်မြင့်တော့မယ်။ " ကျောက်ဖုန်း၏ နတ်ဘုရားအာရုံက ကောင်းကင်တာအိုအဖြစ် ပြောင်းလဲပြီး ကမ္ဘာငယ်၏ ပြောင်းလဲမှုများကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
အဓိကမှာ ကမ္ဘာသစ်ပင်ကြောင့် ဖြစ်သည်။ ၎င်းသာမရှိလျှင် ကျောက်ဖုန်းက နိယာမမျိုးစေ့များ မည်မျှရရှိသည်ဖြစ်စေ ကမ္ဘာငယ်နှင့် ပေါင်းစပ်နိုင်မည်မဟုတ်ပေ။ ကမ္ဘာသစ်ပင်က ကမ္ဘာ၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ကျောက်ဖုန်း၏ စောင့်ကြည့်မှုအောက်တွင် ကမ္ဘာငယ်က လျင်မြန်စွာ ကျယ်ပြန့်လာသည်။ ၎င်းက ကမ္ဘာငယ်တစ်ထောင်အဆင့်၏ အမြင့်ဆုံးအကန့်အသတ်သို့ ရောက်ရှိသွားခဲ့သည်။
ထိုနောက် မြေပြင်အောက်တွင် အာကာသနိယာမက ဖြန့်ကျက်လာပြီး နေရာတစ်ခု ပေါ်လာသည်။ ၎င်းက လူသားများ၏ ယန်နယ်မြေနှင့် မယှဉ်နိုင်သော်လည်း မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသည်။ ထိုနေရာတွင် သွေးရောင် လတစ်စင်း ထွက်ပေါ်လာပြီး ဝိညာဉ်များကို နှစ်သိမ့်ပေးနိုင်သော ယင်စွမ်းအားများ ထုတ်လွှတ်နေသည်။ ၎င်းက မရဏဘုံ၏ သွေးလပင် ဖြစ်သည်။ မရဏဘုံတွင် ယင်နိယာမက လှည့်ပတ်နေပြီး ဝိညာဉ်များနှင့် တစ္ဆေများကို ပျိုးထောင်ပေးသည်။ ယင်နှင့်ယန်က ကမ္ဘာတစ်ခု၏ အခြေခံအုတ်မြစ်ပင်ဖြစ်သည်။
" မရဏဘုံက ထွက်ပေါ်လာပြီ။ " ကျောက်ဖုန်းက ထိုမြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
မရဏဘုံထဲတွင် ပြန်လည်မွေးဖွားခြင်းနိယာမ၏ စွမ်းအားများ ပေါ်လာပြီး အနက်ရောင်အလင်းတန်းများ တောက်ပလာသည်။ ထိုနေရာတွင် ပြန်လည်မွေးဖွားခြင်းစင်မြင့်တစ်ခုပေါ်လာပြီး ၎င်းအပေါ်တွင် လမ်းကြောင်းသုံးခုရှိနေသည်။ ၎င်းတို့က လူသားလမ်းကြောင်း၊ တိရစ္ဆာန်လမ်းကြောင်းနှင့် စိတ်ဝိညာဉ်လမ်းကြောင်းတို့ဖြစ်သည်။
" လူသားလမ်းကြောင်းက လူတွေအဖြစ် ပြန်လည်ဝင်စားတယ်။ တိရစ္ဆာန်လမ်းကြောင်းက တိရစ္ဆာန်တွေနဲ့ ငှက်တွေအဖြစ် ပြန်လည်ဝင်စားကြတယ်။ စိတ်ဝိညာဉ်လမ်းကြောင်းက သစ်ပင်ပန်းပင်တွေရဲ့ ဝိညာဉ်တွေပဲ။ ဒါက ရှေးဦးမူလကမ္ဘာရဲ့ ပြန်လည်မွေးဖွားခြင်းလမ်းကြောင်းခြောက်ခုမဟုတ်ပေမယ့် ပြန်လည်မွေးဖွားခြင်းနိယာမပဲ။ ဒါပေမယ့် ဒါက မလုံလောက်သေးဘူး။ ပြန်လည်မွေးဖွားခြင်းကို တည်ထောင်ပြီး ဝိညာဉ်တွေအတွက် ဆုလာဘ်နဲ့ ပြစ်ဒဏ်တွေလညိး ရှိရမယ်။ " ကျောက်ဖုန်းက တွေးလိုက်ပြီး မရဏဘုံ၏ ဆင့်ကဲပြောင်းလဲမှုထဲသို့ ဝင်ရောက်စွက်ဖက်လိုက်သည်။
သူက ကောင်းကင်တာအို၏ စွမ်းအားကို သုံးပြီး မရဏဘုံထဲတွင် ငရဲဆယ့်ရှစ်ထပ်ကို တိုက်ရိုက်ဖွင့်လှစ်လိုက်သည်။ ၎င်းတို့အားလုံးက မိုင်ပေါင်းတစ်သန်းလောက်သာ ကျယ်ဝန်းပြီး တစ်ခုပေါ်တစ်ခု ထပ်နေသည်။
" ကမ္ဘာငယ်ထဲက သက်ရှိအားလုံးကို ကောင်းကင်တာအိုမှာ မှတ်တမ်းတင်ထားတယ်။ အပြစ်ကြေးမုံနဲ့ သုံးဘဝကျောက်တုံးကိုလည်း သန့်စင်နိုင်တယ်။ " ကျောက်ဖုန်းက ယခင်ရရှိခဲ့သော ရှန်ထျန်းစိတ်ဝိညာဉ်ရတနာ ဖန်ဆင်းခြင်းအိုးကို ထုတ်လိုက်သည်။
ထို့နောက် သူက ပါဝင်ပစ္စည်းများစွာကို အိုးထဲသို့ ထည့်လိုက်သည်။ ကောင်းကင်တာအို၏ ကောင်းချီးအောက်တွင် သန့်စင်ခြင်း အလွန်လျင်မြန်ပြီး ကြေးမုံတစ်ချပ် ပေါ်လာသည်။ ကျောက်ဖုန်း၏ ရတနာသန့်စင်ခြင်းပညာနှင့် ဖန်ဆင်းခြင်းအိုးတို့၏ ပေါင်းစပ်မှုအောက်တွင် နတ်ဘုရားအဆင့် အဆင့်မြင့် လက်နက်များနှင့် စိတ်ဝိညာဉ်ရတနာများကို သန့်စင်နိုင်ပြီး ကောင်းကင်တာအို၏ ကောင်းချီးကြောင့် သန့်စင်လိုက်သော ကြေးမုံက ဟောက်ထျန်းအဆင့် အဆင့်နိမ့်တွင် ရှိနေသည်။
" ကောင်းကင်တာအိုရဲ့ စွမ်းအားနဲ့ ဒီအပြစ်ကြေးမုံက ဝိညာဉ်တွေရဲ့ အပြစ်အားလုံးကို မြင်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ကောင်းကင်တာအို၏ စွမ်းအားကို အပြစ်ကြေးမုံထဲသို့ ထည့်သွင်းလိုက်သည်။
" သုံးဘဝကျောက်တုံးက ပိုတောင် ရိုးရှင်းသေးတယ်။ " ကျောက်ဖုန်းက ဖန်ဆင်းခြင်းအိုဖြင့် နောက်တစ်ကြိမ် သန့်စင်လိုက်ပြီး ဟောက်ထျန်းအဆင့်ရှိသော ကျောက်တုံးကြီးတစ်တုံးက မရဏဘုံထဲသို့ ကျရောက်လာသည်။ ၎င်းကိုလည်း ကောင်းကင်တာအို၏ စွမ်းအားနှင့် အားဖြည့်လိုက်သည်။
" ကောင်းကင်တာအိုရဲ့ စွမ်းအားကို ထပ်ဖြည့်လိုက်တဲ့အတွက် သုံးဘဝကျောက်တုံးက ဝိညာဉ်တွေရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ဘဝတွေကို မြင်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက အလွန်ကျေနပ်နေသည်။
" နေဦး တကယ်အရေးကြီးတဲ့ဟာကို မေ့နေတာ။ ဝိညာဉ်မှတ်ဉာဏ်၊ ဝိညာဉ်တစ်ခု ပြန်လည်မွေးဖွားဖို့ဆိုရင် သူ့ရဲ့ မှတ်ဉာဏ်တွေကို ဆေးကြောပစ်ရမယ်။ ငါ့ဆီမှာ အဘွားမန်လည်း မရှိသလို အဘွားမန်ရဲ့ စွပ်ပြုတ်လည်း မရှိဘူး။ " ကျောက်ဖုန်းက တွေးလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့