အခန်း ၅၉၄
Vol. 60 Ch. 594
အခန်း (၅၉၄)
ကျောက်ဖုန်းက ပြန်လည်မွေးဖွားခြင်း လမ်းကြောင်းကို ဖွင့်လှစ်လိုက်သည်။ ပြန်လည်မွေးဖွားရန် ရွေးချယ်သူများက မရဏဘုံ၏ ပြန်လည်မွေးဖွားခြင်း လမ်းကြောင်းမှတစ်ဆင့် ချမ်းသာသော မိသားစုများဆီသို့ ဝင်ရောက်သွားကြသည်။
ယခု ကမ္ဘာငယ်ထဲတွင် နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီး လူဦးရေက တစ်ဘီလီယံကျော်သွားပြီဖြစ်သည်။ ချင်ကမ္ဘာ၏ လူဦးရေထက်ပင် ကျော်လွန်သွားပြီဖြစ်သည်။ ယန်ထင်က ကမ္ဘာငယ်ကို ဆက်လက်အုပ်ချုပ်ထားဆဲ ဖြစ်သည်။ သိုင်းဂိုဏ်းများ ထွက်ပေါ်လာခဲ့သော်လည်း ယန်ထင်ကသာ အမြင့်ဆုံး အာဏာကို ဆုပ်ကိုင်ထားပြီး ကျောက်ဖုန်း၏ အလိုတော်ကို ကိုင်ဆောင်ထားသည်။ လူသားများအပြင် နတ်ဆိုးများနှင့် နတ်ဆိုးသားရဲများလည်း ထွက်ပေါ်လာခဲ့သည်။ ၎င်းက ကမ္ဘာဖွံ့ဖြိုးမှု၏ မလွဲမသွေဖြစ်သည့်အရာဖြစ်သည်။
" ရှောင်ဟန် အရင်တုန်းက မင်းက ငါ့နောက်ကို အကြိမ်ကြိမ် လိုက်ပါခဲ့ပြီး ချင်အတွက် အောင်မြင်မှုတွေ ရယူပေးခဲ့တယ်။ ဒီနေ့ကစပြီး မင်းကို မရဏဘုံရဲ့ အရှင်သခင်အဖြစ် ခန့်အပ်လိုက်တယ်။ သေခြင်းရှင်ခြင်းစာအုပ်ကို ကိုင်ပြီး ဝိညာဉ်တွေကို ငရဲနဲ့ ပြန်လည်မွေးဖွားခြင်းကို ဝင်ဖို့ စီရင်ရမယ်။ ပြီးတော့ ချန်လင်း၊ ကောင်းဝူနဲ့ အခြားသူတွေကို မရဏဘုံရဲ့ မရဏတရားသူကြီးတွေအဖြစ် ခန့်အပ်လိုက်တယ်။ ငရဲဆယ့်ရှစ်ထပ် တစ်ခုစီမှာ ငရဲသခင်တစ်ယောက်စီရှိရမယ်။ " ကျောက်ဖုန်းက ဝိညာဉ်များထဲမှ စစ်သူကြီးများ၊ တပ်မှူးများကို ရွေးချယ်ပြီး ရာထူးများ ခန့်အပ်လိုက်သည်။
ပြန်လည်မွေးဖွားခြင်းနိယာမက ကမ္ဘာငယ်မှ ဝိညာဉ်အားလုံးကို ဖုံးလွှမ်းသွားသည်။ သေဆုံးပြီးသွားသော ဝိညာဉ်များက မရဏဘုံ၏ ဝင်ပေါက် ကျဲယင်သို့ ရောက်လာကြသည်။
" ဒါ ဘယ်နေရာလဲ။ ငါ သေသွားပြီမဟုတ်လား။ "
မရဏဘုံသို့ ရောက်လာသော ဝိညာဉ်များက အံ့ဩသွားကြသည်။ ထိုအချိန်တွင် မရဏတမန်တော်များက ဝိညာဉ်ချုပ်နှောင်ခြင်းသံကြိုးများကို ကိုင်ဆောင်ပြီး ဖြည်းညင်းစွာ လျှောက်လာကြသည်။
" မင်းတို့ရဲ့ သက်တမ်းက ကုန်ဆုံးသွားပြီ။ အခု မရဏဘုံထဲဝင်ပြီး စီရင်ချက် ခံယူရမယ်။ ကောင်းတာလုပ်ထဲသူတွေက ပြန်လည်မွေးဖွားခြင်းထဲ ဝင်ရောက်ရမယ်။ မကောင်းတာလုပ်တဲ့သူတွေက ပြန်လည်မွေးဖွားခြင်းထဲမဝင်ခင် ငရဲမှာ ပြစ်ဒဏ်ခံယူရမယ်။ " မရဏတရားသူကြီးတစ်ယောက်က ကျယ်လာင်စွာ ပြောလိုပ်သည်။
" ဘာမရဏဘုံလဲ။ ငါက အစစ်အမှန်သိုင်းဂိုဏ်းက ဂိုဏ်းချုပ်ရဲ့သားပဲ။ ငါ့ရှေ့မှာလာပြီး ထူးထူးဆန်းဆန်းတွေ လာမလုပ်နဲ့။ " ဝိညာဉ်တစ်ယောက်က ဒေါသတကြီး ပြောလိုက်သည်။
ကမ္ဘာတွင် ဝိညာဉ်အကြောင်း ကောလဟာလများ ပျံ့နှံ့နေသော်လည်း သိုင်းတာအိုနတ်အသွင်အဆင့် ရောက်သူများပင် ဝိညာဉ်၏ အနှစ်သာရကို နားမလည်နိုင်ကြပေ။ ထို့ကြောင့် ဝိညာဉ်များနှင့် ပြန်လည်မွေးဖွားခြင်းက လူတိုင်းအတွက် ယုံမှားသံသယဖြစ်စရာဖြစ်နေသည်။ သို့သော်...
ဖြန်း...
ရိုက်ချက်တစ်ချက်က ကျဆင်းလာပြီး ထိုဝိညာဉ်က သိသိသာသာ မှေးမှိန်သွားသည်။
" မရဏဘုံထဲရောက်လာပြီဆိုရင် မင်းတို့ အသက်ရှင်တုန်းက ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ မရဏဘုံရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်။ " ကြာပွတ်ကို ကိုင်ဆောင်ထားသော မရဏတမန်တော်က ကျယ်လောင်စွာ ပြောလိုက်သည်။
သေခြင်းရှင်ခြင်းစာအုပ်ကို ကိုင်ဆောင်ထားသော မရဏတရားသူကြီးက ရှေ့ထွက်လာသည်။ သူ၏ လက်ထဲမှ စာအုပ်က တောက်ပလာပြီး သူ၏ ရှေ့မှ ဝိညာဉ်များ၏ အချက်အလက်များ ပေါ်လာသည်။
" လင်းဝူ အသက် ၈၈၇ နှစ်၊ တိုက်ပွဲမှာ ကျဆုံးခဲ့တယ်။ လူပေါင်း ၅၆၇၉ ယောက်ကို သတ်ဖြတ်ခဲ့ပြီး ကံကြွေးတွေ ပြည့်နှက်နေတယ်။ ငါးထပ်မြောက် ငရဲမှာ နှစ်တစ်ထောင် ပြစ်ဒဏ်ခံယူရမယ်။ ပြီးရင် တိရစ္ဆာန်လမ်းကြောင်းထဲ ပြန်လည်ဝင်စားရမယ်။ " မရဏတရားသူကြီးက အေးစက်စွာ ကြေညာလိုက်သည်။
" ပြိုင်ပွဲမှာ ကျင့်ကြံသူတွေ သေဆုံးတာက ကမ္ဘာရဲ့ အခြေခံသဘောတရားပဲ။ ငါက ဘာလို့ နှစ်တစ်ထောင် ပြစ်ဒဏ်ခံယူရမှာလဲ။ ငါက ဘာလို့ တိရစ္ဆာန်လမ်းကြောင်းမှာ ပြန်ဝင်စားရမှာလဲ။ " ဝိညာဉ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
မရဏတရားသူကြီးက ဘာမှမပြောဘဲ သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ မရဏတမန်တော်တစ်ယောက်က ရှေ့တိုးလာပြီး ဝိညာဉ်ကို သံကြိုးနှင့် တုပ်နှောင်လိုက်သည်။ မရဏတရားသူကြီးနှင့် မရဏတမန်တော်များက ဝိညာဉ်များကို စနစ်တကျ စီရင်နေကြသည်။
ထိုမြင်ကွင်းကို ကြည့်ပြီး ကျောက်ဖုန်းက ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။
" မရဏဘုံက ပြီးစီးသွားပြီ။ ကမ္ဘာက ပိုပြီး ပြည့်စုံသွားပြီ။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။
ထိုအချိန်တွင်...
ဝုန်း...
မရဏဘုံက ပြည့်စုံသွားပြီး စည်းမျဉ်းများ စုစည်းသွားသည်။ ကမ္ဘာငယ်၏ အာကာသက တည်ငြိမ်စွားပြီး နိယာမများက ပိုမိုသန်မာလာသည်။ ကမ္ဘာ၏ အလယ်မှ ကမ္ဘာသစ်ပင်က ကြီးထွားလာပြီး စိတ်ဝိညာဉ်စွမ်းအားများရလည်း ယခင်ထက် ပိုမိုသိပ်သည်းလာသည်။ ကျောက်ဖုန်းက ကမ္ဘာငယ်၏ ပြောင်းလဲမှုများကို ခံစားမိလိုက်သည်။
" အခုတော့ ကမ္ဘာတစ်ထောင် အလယ်အလတ်အဆင့် ရောက်သွားပြီ။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
" သခင်ရဲ့ ကမ္ဘာငယ်က ကမ္ဘာတစ်ထောင် အလယ်အလတ်အဆင့်ကို ရောက်ရှိသွားပြီး စွမ်းရည်အားလုံး သန် ၅၀ မှတ်ကို ရရှိပါတယ်။ လက်ခံလိုပါသလား။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
" ကမ္ဘာငယ်က တကယ်ကြီးမားတဲ့ အကျိုးအမြတ်တွေ ရလိုက်တာပဲ။ ငါ့ကို ကောင်းကင်တာအိုအာဏာပေးခဲ့တဲ့အပြင် ကမ္ဘာသစ်ပင်ကတစ်ဆင့် နိယာမတွေကို နားလည်အောင် ကူညီပေးတယ်။ ပြီးတော့ လူသားတာအိုလိုပဲ ငါ့ကို ဆုလာဘ်ပြန်ပေးတယ်။ " ကျောက်ဖုန်းက ရယ်မောလိုက်သည်။ " လက်ခံမယ်။ "
နန်းတော်ထဲတွင် ကျောက်ဖုန်း၏ စွမ်းရည်များက နောက်တစ်ကြိမ် မြင့်တက်လာခဲ့သည်။ ကြီးမားသော စွမ်းအားများက ကျောက်ဖုန်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သူ၏ ခန္ဓာကိုယ်က ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ကျောက်ဖုန်းက သိုင်းတာအိုနိယာမသခင်အဆင့်မှ သိုင်းတာအိုဘုရင်အဆင့်သို့ ဝင်ရောက်သွားခဲ့သည်။ ထိုအဆင့်တွင် နိယာမများကို ပိုမိုထိန်းချုပ်နိုင်ပြီး သွေးတစ်စက်က ပြန်လည်မွေးဖွားနိုင်သကဲ့သို့ နတ်ဝိညာဉ်ကလည်း မပျက်စီးနိုင်ပေ။
သိုင်းတာအိုဘုရင်အဆင့်က အင်မော်တယ်လမ်းစဉ်၏ မဟာရွှေအင်မော်တယ်အဆင့်နှင့် ညီမျှသော်လည်း တိုက်ခိုက်ရေးစွမ်းအားက များစွာသာလွန်လှသည်။ ကျောက်ဖုန်း၏ ပြည့်စုံသော စွမ်းရည်များနှင့်ဆိုလျှင် ပြောစရာပင်မလိုပေ။
" သိုင်းတာအိုဘုရင်အဆင့်၊ ကိုးဆင့်ပြောင်းလဲခြင်း အဆင့်ခြောက်။ စွမ်းရည်အားလုံးက သန်းတစ်ရာကျော်အထိ တိုးတက်သွားတယ်။ နောက်တစ်ခါ အဆင့်ကြီးတစ်ဆင့်တက်ရင် စွမ်းရည်အားလုံး အသွင်ပြောင်းလဲသွားလောက်တယ်။ " ကျောက်ဖုန်း၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ သူက တလျိုရွှေအင်မော်တယ်အဆင့်နှင့် တိုက်ခိုက်လျှင်တောင် အနိုင်ယူနိုင်မည်ဟု ယုံကြည်မှုရှိနေသည်။
"ကမ္ဘာအဆင့်မြင့်လာတော့ ကောင်းကင်တာအိုအာဏာကလည်း ပြောင်းလဲသွားတယ်။ " ကျောက်ဖုန်းက သူ၏ အထူးစွမ်းရည်ကို ကြည့်လိုက်သည်။
" ကောင်းကင်တာအိုအာဏာ (အနီ) - ကမ္ဘာရဲ့ ကောင်းကင်တာအိုအာဏာကို ကိုင်ဆွဲပြီး နိယာမတွေကို အမိန့်ပေးနိုင်တယ်။ နိယာမတွေနဲ့ ခန္ဓာကိုယ်ကို ကာကွယ်ပြီး နတ်ဝိညာဉ်ကို ပေါင်းစပ်နိုင်တယ်။ ကမ္ဘာအဆင့်မြင့်လာတာနဲ့ အကျိုးကျေးဇူးတွေ ရရှိလိမ့်မယ်။ နတ်ဝိညာဉ်ကို ပေါင်းစပ်တာက ကောင်းကင်လျို့ဝှက်ချက်တွေကို ဖုံးကွယ်ပြီး ခြေရာခံခြင်းကို တားဆီးပေးနိုင်တယ်။ ကောင်းကင်တာအိုစက်ဝန်းကို ဆင့်ခေါ်ပြီး ကိုယ့်ထက်ပိုသန်မာတဲ့သူကို ကမ္ဘာထဲ ဆွဲခေါ်နိုင်တယ်။ "
နာမည် - ကျောက်ဖုန်း
အသက် - ၄၂ နှစ်
အထူးစွမ်းရည်....
နိယာမယွမ်စွမ်းအား - ၁ ဘီလီယံ (သိုင်းတာအိုဘုရင်အဆင့်တစ်)
အစစ်အမှန်နဂါးစွမ်းအား - ၁ ဘီလီယံ
နတ်ဘုရားအလင်း - ၁ ဘီလီယံ
ဟောက်ထျန်းတာအိုခန္ဓာ - ၁ ဘီလီယံ
နတ်ဘုရားအာရုံ - ၁ ဘီလီယံ
နိယာမမူလစိတ်ဝိညာဉ် - ၁ ဘီလီယံ
သက်တမ်း - ၅၀၀၈၆၁ နှစ်
ကုသိုလ် - ၂၁၃၀၂၃၀၄ မှတ်
ကံကြွေး - ၁၁၀၂၀၃ မှတ်
သိုလှောင်နေရာ - အကန့်အသတ်မရှိ
ကျင့်စဉ် - ကိုးဆင့်ပြောင်းလဲခြင်းဖရိုဖရဲသိုင်းတာအို။
" ငါ့ထက် ပိုသန်မာတဲ့သူကို ကမ္ဘာငယ်ထဲ ဆွဲခေါ်နိုင်တယ်။ ဒါက တကယ်သတ်ဖြတ်ရေးလက်နက်ပဲ။ ကမ္ဘာအဆင့်မြင့်လာတာက ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတယ်။ " ကျောက်ဖုန်းက အနည်းငယ် အံ့အားသင့်သွားသည်။
ကမ္ဘာငယ်ထဲတွင် ကောင်းကင်တာအို၏ စွမ်းအားနှင့်ဆိုလျှင် သူတော်စင်တစ်ဝက်အဆင့် သို့မဟုတ် မဟာတန်ခိုးရှင်များကိုပင် သတ်ဖြတ်နိုင်သည်။ ၎င်းက စစ်မှန်သော သတ်ဖြတ်ရေးလက်နက်ဖြစ်သည်။
" အဆင့်ခြောက်ပြောင်းလဲခြင်းက တစ်ရက်ကျင့်ကြံရင် စွမ်းရည်အားလုံး ၁၀၀၀၀ တိုးတက်နိုင်တယ်။ အချိန်လုံလောက်နေသရွေ့ အတားအဆီး လုံးဝမရှိနိုင်ဘူး။ အင်မော်တယ်လမ်းစဉ်က နားလည်နိုင်စွမ်းနဲ့ အရင်းအမြစ်တွေအပေါ် မူတည်ပြီး ငါကတော့ အချိန်ပေါ်မူတည်တယ်။ " ဒါပေမယ့် ရန်သူတွေကို သတ်ဖြတ်တာက ပိုမြန်တယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
" စွမ်းရည်အားလုံး သန်း၁၀၀ ရောက်သွားပြီး အဆင့်ခြောက်ရတနာသေတ္တာ ငါးလုံး ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
" အားလုံးဖွင့်လိုက်။ " ကျောက်ဖုန်းက တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။
" အဆင့်ခြောက်ရတနာသေတ္တာတွေပို ဖွင့်နေပါပြီ။ "
" အဆင့်မြင့် ရှန်ထျန်းစိတ်ဝိညာဉ်ရတနာ ဖန်ထျန်းတံဆိပ်ကို ရရှိပါတယ်။ "
" ရှန်ထျန်းအဆင့် စိတ်ဝိညာဉ်အမြစ် ပန်တောက်သစ်ပင်ဆယ်ပင်ကို ရရှိပါတယ်။ "
" ရှန်ထျန်းအဆင့် မပျက်စီးနိုင်သော စိတ်ဝိညာဉ်အလင်းကို ရရှိပါတယ်။ "
" အဆင့်နိမ့် ရှန်ထျန်းစိတ်ဝိညာဉ်ရတနာ ပါကျောက်ယန်ယပ်တောင်ကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။
" ဖန်ထျန်းတံဆိပ် အတိတ်တုန်းက ဝူဘိုးဘေးတွေကြောင့် ပုကျိုးတောင် ကျိုးပဲ့သွားပြီး အဲ့ဒီအစိတ်အပိုင်းကို သူတော်စင်တစ်ပါးက သန့်စင်ထားတာပဲ။ ဒီတံဆိပ်က ကောင်းကင်နဲ့ မြေကြီးကို ဖိနှိပ်နိုင်တယ်လို့ ပြောကြတယ်။ ငါက တကယ် ဒါကို ရလိုက်တာပဲ။ ကွမ်ချန်ဇီက အသက်ရှင်နေသေးလားမသိဘူး။ ဒါက သူ့ရဲ့ မှော်ရတနာဖြစ်ပြီး အခုငါ့ လက်ထဲရောက်လာပြီ။ ဒါက တကယ်ကို အသက်ရင်းရမယ့် ရန်ငြိုးပဲ။ " ကျောက်ဖုန်းက ဖန်ထျန်းတံဆိပ်ကို ကြည့်ပြီး ရယ်မောလိုက်သည်။
" ဒါပေမယ့် အစကတည်းက ငါက ကွမ်ချန်ဇီတည်ထောင်ခဲ့တဲ့ ခွန်လွန်ဂိုဏ်းကို ဖျက်ဆီးခဲ့တာပဲ။ အဲ့ဒါကြောင့် ငါနဲ့ သူနဲ့က ရန်သူဖြစ်နေပြီ။ ဒါ့အပြင် ငါက ကောင်းကင်တာအိုအာဏာကို စွဲကိုင်ထားလို့ ဘယ်သူမှ ငါ့ကို တွက်ချက်လို့မရဘူး။ "
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့