← Chapters

အခန်း ၅၉၅

Vol. 60 Ch. 595

အခန်း ၅၉၅

Vol. 60 Ch. 595

အခန်း (၅၉၅)

" ရှန်ထျန်းအဆင့် ပန်တောက်သစ်ပင်ပဲ။ ပြီးတော့ ရှန်ထျန်းမပျက်စီးနိုင်သော စိတိ်ဝိညာဉ်အလင်းဆိုတာ ဟောက်ထျန်းအဆင့် ရတနာတွေကို ရှန်ထျန်းအဆင့်ရတနာအဖြစ် တိုးမြှင့်ပေးနိုင်တဲ့အရာပဲ။ အခုလောလောဆယ် သိမ်းထားပြီး နောက်မှ သုံးမယ်။ ပါကျောက်ယပ်တောင် အခုတော့ ယင်နဲ့ယန် ယပ်တောင်နှစ်ခုလုံးကို ရသွားပြီ။ " ကျောက်ဖုန်းက ကျေနပ်စွာ ကြည့်လိုက်သည်။ ထို့နောက် သူက ပန်တောက်သစ်ပင်များကို ကမ္ဘာငယ်ထဲမှ ကမ္ဘာသစ်ပင်ဘေးတွင် စိုက်ပျိုးလိုက်သည်။

ခဏကြာသောအခါ...

" အရှင် စစ်သူကြီးမုန့်ထျန်းက တွေ့ခွင့်တောင်းနေပါတယ်။ " ကျန်းမင်၏ အသံက အပြင်မှ ထွက်ပေါ်လာသည်။

" ဝင်ခဲ့။ " ကျောက်ဖုန်းက ပြောလိုက်သည်။

မုန့်ထျန်းက ခန်းမထဲသို့ လျှောက်ဝင်လာသည်။

" အရှင်မင်းသားကို အစီအရင်ခံပါတယ်။ ခွန်လွန်ဂိုဏ်းက ရလာတဲ့ ပစ္စည်းအားလုံးကို အသေးစိတ် မှတ်တမ်းတင်ထားပါပြီ။ အရှင်မင်းသား ကြည့်ရှုပေးပါဦး။ " မုန့်ထျန်းက ကျောက်စိမ်းစာလိပ်ကို မြှောက်ပြီး ပြောလိုက်သည်။

ကျောက်ဖုန်းက လက်မြှောက်လိုက်ရာ ကျောက်စိမ်းစာလိပ်က သူ၏ လက်ထဲသို့ ပျံသန်းရောက်ရှိလာသည်။ သူ၏ နတ်ဘုရားအာရုံက အထဲသို့ ဝင်ရောက်သွားပြီး တစ်ချက်ကြည့်လိုက်ရုံနှင့် အားလုံး နားလည်သွားသည်။

" ဒီတစ်ခေါက် ရလာတာ မနည်းဘူးပဲ။ ဒါက ချင်အင်ပါယာရဲ့ ဘဏ္ဍာတိုက်တစ်ဝက်လောက်ရှိတယ်။ ဒီအင်မော်တယ်ဘုံက အင်မော်တယ်ဂိုဏ်းတွေက တကယ်ချမ်းသာတာပဲ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" အရှင်မင်းသား ခွန်လွန်ဂိုဏ်းက တကယ်ချမ်းသာပါတယ်။ ဆေးလုံးတွေ၊ စိတ်ဝိညာဉ်ကျောက်တုံးတွေ၊ ကျင့်စဉ်တွေ၊ ဆေးပင်တွေ၊ ရတနာတွေ အများကြီးပါ။ ညီအကိုတွေက အားလုံးတွက်ချက်ပြီး ထျန်းရွှမ်ကြေးမုံထဲ ထည့်ဖို့တောင် အချိန်တော်တော် ယူလိုက်ရတယ်။ ဒါပေမယ့် အရှင်မင်းသား ဆုံးဖြတ်ပေးရမယ့် ကိစ္စအချို့ ရှိပါသေးတယ်။ ခွန်လွန်ဂိုဏ်းက ရထားတဲ့ ဝိညာဉ်အနှစ်သာရတွေ ရှိပါတယ်။ အဲ့ဒါတွေကို ဘယ်လိုစီစဉ်ရမလဲ။ " မုန့်ထျန်းက သိုလှောင်လက်စွပ်တစ်ခုကို ထုတ်ယူပြီး ပြောလိုက်သည်။

" ဝိညာဉ်အနှစ်သာရတွေက သန့်စင်ပြီးသားပဲ။ သေတဲ့သူတွေက သေသွားပြီ။ အဲ့ဒီအင်မော်တယ်တွေ သန့်စင်ထားတဲ့ အသွေးအသားတွေကို မြေထဲ မြှုပ်လိုက်ပါ။ ဝိညာဉ်အနှစ်သာရတွေကိုတော့ ငါစီစဉ်လိုက်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ကျွန်တော်မျိုး နားလည်ပါပြီ။ " မုန့်ထျန်းက ဦးညွှတ်ပြီး ပြောလိုက်သည်။

" ငါ့ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်။ စစ်တပ်က ခွန်လွန်ဂိုဏ်းရဲ့ နယ်မြေတွေကို ထိန်းချုပ်ပြီးတာနဲ့ စစ်ဆင်ရေးကို ခဏရပ်မယ်။ အခု ခွန်လွန်ဂိုဏ်းက ပျက်စီးသွားပြီဆိုတော့ ဒီသတင်းက ပျံ့သွားလိမ့်မယ်။ ကောင်းကင်ဘုံ၊ ​ဗုဒ္ဓဂိုဏ်းနဲ့ အခြားအင်အားစုတွေက ငါတို့ကို သတိထားမိသွားလိမ့်မယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" ကျွန်တော်မျိုး အမိန့်ကို နာခံပါတယ်။ " မုန့်ထျန်းက အမိန့်ကို လက်ခံပြီး ပြန်လည်ထွက်ခွာသွားသည်။

မုန့်ထျန်းထွက်သွားပြီးနောက် ဟန်ဖေးက ခန်းမထဲသို့ လျှောက်ဝင်လာသည်။

" ထျန်းရွှမ်ကြေးမုံ ဖြန့်ဝေတာ ဘယ်လိုရှိလဲ။ ပြီးတော့ သိုင်းတာအိုသင်ကြညးမှုရောဘယ်လိုလဲ။ " ကျောက်ဖုန်းက ဟန်ဖေးကို ကြည့်ပြီး မေးလိုက်သည်။

" အရှင်မင်းသား ကျွန်တော်မျိုးက အရာရှိတွေကို အရင် ချင်မှာ ကျင့်သုံးခဲ့တဲ့ မူဝါဒတွေအတိုင်း အစွမ်းကုန် လုပ်ဆောင်ဖို့ အမိန့်ပေးထားပါတယ်။ ချင်နယ်မြေထဲက ပြည်သူအားလုံး လူသားတာအိုနဲ့ သစ္စာပြုပြီးရင် ထျန်းရွှမ်ကြေးမုံနဲ့ မဟာဆရာသခင်အဆင့်ထိ ကျင့်ကြံနိုင်တဲ့ သိုင်းတာအိုကျင့်စဉ်ကို ပေးအပ်ပါတယ်။ လောလောဆယ်တော့ ဘာအခက်အခဲမှ မရှိသေးပါဘူး။ " ဟန်ဖေးက ပြန်ဖြေလိုက်သည်။

" အင်မော်တယ်ဘုံက စာရေးသားပုံကလည်း ရှေးခေတ် ရှန်းနဲ့ ကျိုးမင်းဆက်အတိုင်းပဲ။ စိတ်ဝိညာဉ်ငွေက အဓိကငွေကြေးဖြစ်ပေမယ့် စွမ်းဆောင်မှုရမှတ်နဲ့ ချိတ်ဆက်ထားရမယ်။ စာလုံးတွေနဲ့ ငွေကြေးတွေကို ပေါင်းစည်းရမယ်။ အဲ့ဒါမှ အင်မော်တယ်ဘုံက လူသားတွေက ချင်ရဲ့ အစိတ်အပိုင်း အပြည့်အဝ ဖြစ်လာမှာ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" ဒီကိစ္စက ရှုပ်ထွေးတယ်။ အင်အားလိုရင် ဝန်ကြီးချုပ်ကို ဆက်သွယ်ပြီး အင်မော်တယ်ဘုံကို စာရေးအရာရှိတွေ ပို့ခိုင်းလိုက်ပါ။ ဘာပဲလိုလို ငါပံ့ပိုးပေးမယ်။ ဒီနယ်မြေက လူသားတွေကို ချင်ထဲ အပြည့်အဝ ပေါင်းစည်းရမယ်။ အင်မော်တယ်ဂိုဏ်းက လူသားတွေကို မွေးမြူပြီး ဝိညာဉ်အနှစ်သာရနဲ့ အသွေးအသားကို ထုတ်ယူတယ်။ ပြီးတော့ အင်မော်တယ်တက်လှမ်းခြင်းအခမ်းအနားရဲ့ အကြောင်းအရာတွေကို လူတိုင်းသိအောင် ကြေညာလိုက်ပါ။ "

" ကျွန်တော်မျိုး နားလည်ပါပြီ။ " ဟန်ဖေးက ချက်ချင်း ပြန်ပြောလိုက်သည်။

ချင်အင်ပါယာက အင်မော်တယ်ဘုံအတွင်း နယ်မြေများစွာကို သိမ်းပိုက်ခဲ့ပြီး လူဦးရေတစ်ဘီလီယံကျော်အထိ ရောက်ရှိသွားပြီဖြစ်သည်။ ကျောက်ဖုန်း ယခုလုပ်ရမည်မှာ ကြီးမားသော စွမ်းအားကို အပြည့်အဝ အသုံးချရန်ဖြစ်သည်။ သိုင်းတာအိုကို ဖြန့်ဝေပြီး မြေကြီးအင်မော်တယ်ဘုံတွင် ချင်အင်ပါယာကို တည်ထောင်ရန်ဖြစ်သည်။

ထို့အပြင် တိုးတက်မှုနှုန်းက လူသားဘုံ သို့မဟုတ် ကမ္ဘာငယ်တို့ကိုပင် ကျော်လွန်သွားနိုင်သည်။ အကြောင်းမှာ အင်မော်တယ်ဘုံမှ စိတ်ဝိညာဉ်စွမ်းအား သိပ်သည်းမှုက ၎င်းတို့ လုံးဝမယှဉ်နိုင်ပေ။ ၎င်းက ရှေးဦးမူလကမ္ဘာမဟုတ်သော်လည်း မဟာကမ္ဘာတစ်ထောင်အဆင့်ကို ရောက်ရှိနေသည်။ အင်မော်တယ်ဘုံမှ လူသားများက မကျင့်ကြံကြသော်လည်း သူတို့၏ အခြေခံနှင့် မွေးရာပါအရည်အချင်းက မြင့်မားပြီး ကောင်းကောင်းအသုံးချနိုင်လျှင် အချိန်တိုအတွင်း သန်မာသော သိုင်းတာအိုကျင့်ကြံသူများစွာကို မွေးထုတ်ပေးနိုင်သည်။

" လူတိုင်းမှာ ကိုယ်ပိုင်အားသာချက်တွေ ရှိကြတယ်။ ခမည်းတော်ကို အင်ပါယာကျောင်းတော်က ဆရာတွေကို လွှတ်ခိုင်းပြီး အင်ပါယာကျောင်းတော်တည်ထောင်ခိုင်းဖို့ အချိန်ကျပြီ။ " ကျောက်ဖုန်းက တွေးပြီး ထျန်ရွှမ်ကြေးမုံမှတစ်ဆင့် ရင်ကျန့်ကို ဆက်သွယ်လိုက်သည်။

လူသားဘုံ၊ ချင်အင်ပါယာ၊ နံနက်ခင်းညီလာခံခန်းမ။

" ဝန်ကြီးတို့ ဒီနေ့ ငါမင်းတို့ကို အရေးကြီးတဲ့ အကြောင်းအရာတစ်ခု ပြောစရာရှိတယ်။ ဝန်ကြီးအနည်းငယ်ပဲ ဒီကိစ္စကို သိသေးတယ်။ ငါ ပြည်သူတွေကို မထုတ်ပြန်ရသေးဘူး။ " ရင်ကျန့်က ပလ္လင်ရှေ့တွင် ရပ်ပြီး ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ အရာရှိအားလုံးက အာရုံစိုက်လိုက်ကြသော်လည်း လွီပုဝေ၊ ဝမ်ကျန့်နှင့် လီစီတို့ကတော့ တည်ငြိမ်စွာ ရှိနေကြသည်။ သူတို့က ရင်ကျန့် ဘာပြောမည်ကို ကြိုသိနေသည်မှာ ထင်ရှားသည်။

" လွန်ခဲ့တဲ့ နှစ်တစ်ရာကတည်းက အိမ်ရှေ့စံမင်းသားက အင်မော်တယ်ဘုံကို ဝင်ရောက်သွားခဲ့တယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

ထိုစကားများ ထွက်ပေါ်လာသည်နှင့် နန်းတော်တစ်ခုလုံးက ရင်ကျန့်ကို တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။ သူတို့က ၎င်းကို ဘယ်သူမှမမျှော်လင့်ထားကြပေ။

" အိမ်ရှေ့စံမင်းသားက လွန်ခဲ့တဲ့ နှစ်တစ်ရာကတည်းက အင်မော်တယ်ဘုံထဲ ဝင်သွားခဲ့တာလား။ အခု သူ ဘယ်လိုဖြစ်သွားလဲ။ " အရာရှိတစ်ယောက်က မေးလိုက်သည်။

" အိမ်ရှေ့စံမင်းသားက ချင်စစ်သည်တစ်သိန်းကို ဦးဆောင်ပြီး အင်မော်တယ်ဘုံမှာ နယ်မြေတွေ သိမ်းပိုက်ပြီး ပြည်သူတစ်ဘီလီ​ယံကျော်ကို စုစည်းခဲ့တယ်။ အဲ့ဒီနယ်မြေထဲက အင်မော်တယ်ဂိုဏ်းတွေကို ဖျက်ဆီးခဲ့တယ်။ ဒီနေ့မှာ ငါတို့ ချင်က အင်မော်တယ်ဘုံကို အခြေချနိုင်ပြီ။ " ရင်ကျန့်က ဂုဏ်ယူစွာ ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ်ကို ဂုဏ်ပြုပါတယ်။ " အရာရှိအားလုံးက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။

" ဝန်ကြီးချုပ်ဟန်က အိမ်ရှေ့စံမင်းသားကို ကူညီဖို့ အင်မော်တယ်ဘုံထဲ ဝင်ရောက်သွားခဲ့တယ်။ အင်မော်တယ်ဘုံက တကယ်ကျယ်ဝန်းတယ်။ မလုံလောက်သေးဘူး။ ဒါ့အပြင် အင်မော်တယ်ဘုံရဲ့ လူဦးရေက များပေမယ့် အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက ငါတို့ လူသားတွေကို အစားအစာတွေအဖြစ် မွေးမြူထားကြတယ်။ အင်မော်တယ်ဘုံထဲက လူသားမျိုးနွယ်တွေအတွက် ကျင့်ကြံခြင်းလမ်းစဉ်မရှိဘူး။ ဒါကြောင့် အိမ်ရှေ့စံမင်းသားက အင်မော်တယ်ဘုံက လူသားတွေကို ထျန်းရွှမ်ကြေးမုံနဲ့ သိုင်းပညာတွေ သင်ကြားပေးပြီး ယဉ်ကျေးမှုနဲ့ စာပေတွေကို ပေါင်းစည်းတာ စတင်နေပြီ။ ဒါပေမယ့် လူအင်အားပိုလိုတယ်။ ဒါကြောင့် အင်ပါယာကျောင်းတော်က ဆရာတွေနဲ့ အုပ်ချုပ်ဖို့ အရည်အချင်းရှိတဲ့သူတွေက အင်မော်တယ်ဘုံမှာ ကူညီဖို့ လိုအပ်တယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ကျွန်တော်မျိုးတို့ ချင်အင်ပါယာအတွက် တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ပါပဲ။ " ဝန်ကြီးအားလုံးက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

" ချီအာ " ရင်ကျန့်၏ အကြည့်က လှေကားတွင် ရပ်နေသော ကျောက်ချီဆီသို့ ရောက်ရှိသွားသည်။

" မြေးတော်ရှိပါတယ်။ " ကျောက်ချီက ချက်ချင်း ပြန်ဖြေလိုက်သည်။

" မင်းရဲ့ ခမည်းတော်က ချင်အင်ပါယာအတွက် အင်မော်တယ်ဘုံမှာ နယ်မြေတွေကို သိမ်းပိုက်ပြီးပြီ။ ချင်အင်ပါယာက အင်မော်တယ်ဘုံမှာ အခြေခံအုတ်မြစ်ချပြီးသွားပြီ။ မင်းရဲ့ ခမည်းတော်ကို အင်မော်တယ်ဘုံမှာ တစ်ယောက်တည်း တိုက်ခိုက်ခိုင်းလို့မရဘူး။ ဒီနေ့ကစပြီး လူသားဘုံက ကိစ္စအားလုံးကို မင်းကို လွှဲပေးလိုက်ပြီ။ " ရင်ချီက ပြုံး၍ ပြောလိုက်သည်။ စားပွဲထဲမှ တံဆိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းက အင်ပါယာရတနာ ဧကရာဇ်တံဆိပ်တော်မဟုတ်ဘဲ အင်ပါယာကိစ္စများကို ကိုယ်စားပြုသော တံဆိပ်ပင်ဖြစ်သည်။

" အဘိုးလည်း အင်မော်တယ်ဘုံထဲ ဝင်တော့မှာလား။ " ကျောက်ချီ၏ အမူအရာက ပြောင်းလဲသွားသည်။

" အင်မော်တယ်ဘုံက ချင်အင်ပါယာ သိမ်းပိုက်မယ့် နောက်ထပ် နယ်မြေတစ်ခုပဲ။ မင်းရဲ့ ခမည်းတော် ထွက်သွားတုန်းက ငါ လိုက်သွားချင်ပေမယ့် မင်းရဲ့ ခမည်းတော်က ခွင့်မပြုခဲ့ဘူး။ အခုတော့ အုတ်မြစ်ချပြီးသွားပြီ။ ငါမသွားဖို့ အကြောင်းရင်းမရှိတော့ဘူး။ " ရင်ကျန့်က ပြုံးလိုက်သည်။ ထို့နောက် သူက ခန်းမထဲမှ အရာရှိများကို ကြည့်လိုက်သည်။

" ကျုံးဖု၊ စစ်ဦးစီးချုပ်။ " ရင်ကျန့်က ခေါ်လိုက်သည်။

" ကျွန်တော်မျိုးတို့ ရှိပါတယ်။ " လွီပုဝေနှင့် ဝမ်ကျန့်တို့က ပြန်ဖြေလိုက်ကြသည်။

" လူသားဘုံက တည်ငြိမ်သွားပြီ။ ပြည်သူတွေရဲ့ စိတ်နှလုံကလည်း ချင်အင်ပါယာဆီ ရောက်နေပြီ။ ဆက်ခံသူက ထူးချွန်တဲ့ ဝန်ကြီးတွေရဲ့ အကူအညီကို လိုအပ်နေသေးတယ်။ ဝန်ကြီးနှစ်ယောက်က အိမ်ရှေ့စံမင်းသားကို လူသားဘုံကို အုပ်ချုပ်ရာမှာ ကူညီပေးပြီး ချင်အင်ပါယာက ထူးချွန်ထက်မြက်တဲ့ သူတွေ မွေးထုတ်ပေးဖို့ မျှော်လင့်ပါတယ်။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

" ကျွန်တော်မျိုးတို့ အမိန့်တော်ကို နာခံပါတယ်။ " လွီပုဝေနှင့် ဝမ်ကျန့်တို့က ချက်ချင်း ပြန်ပြောလိုက်ကြသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters