← Chapters

အခန်း ၅၉၇

Vol. 60 Ch. 597

အခန်း ၅၉၇

Vol. 60 Ch. 597

အခန်း (၅၉၇)

ချန်းရှန်းမဟာဧကရာဇ်နန်းတော်။

" မဟာဧကရာဇ် ကောင်းကင်ဧကရာဇ်က သတင်းစကားပါးလိုက်ပါတယ်။ ခွန်လွန်ခွန်လွန်ဂိုဏ်းရဲ့ ကောင်းကင်တံဆိပ်က ကွဲအက်သွားတယ်လို့ ဆိုပါတယ်။ ပြီးတော့ ကျွန်တော်မျိုးရဲ့ လက်အောက်ငယ်သားတွေ ခွန်လွန်ဂိုဏ်းကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။ " အရာရှိတစ်ယောက်က ချန်းရှန်းမဟာဧကရာဇ်ကို အစီရင်ခံလိုက်သည်။

" အရှေ့တိုက်ကြီးတစ်ခုလုံးက ငါတို့ ကောင်းကင်ဘုံရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပဲ။ ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားဖို့က မဖြစ်နိုင်ဘူး။ ခွန်လွန်ကို စုံစမ်းဖို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်ပါ။ " ချန်းရှန်းမဟာဧကရာဇ်က လေးနက်စွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " အရာရှိက ထွက်သွားရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားပြီး ဆက်ပြောလိုက်သည်။ " မဟာဧကရာဇ် ကောင်းကင်ဧကရာဇ်က ​​ဗုဒ္ဓလမ်းစဉ်ကို အရှေ့ဘက်ကို ပျံ့နှံ့ဖို့ ခွင့်ပြုတဲ့ အမိန့်ကို ထုတ်ပြန်ထားပါတယ်။ အဲ့ဒါက ကျွန်တော်မျိုးတို့အတွက် မကောင်းနိုင်ပါဘူး။ မဟာဧကရာဇ်က တားဆီးဖို့ ရည်ရွယ်ချက်မရှိတာလား။ "

" အဲ့ဒီကိစ္စနဲ့ ပက်သက်ရင် ကောင်းကင်ဧကရာဇ်က ငါတို့နဲ့ ဆွေးနွေးပြီးသားပါ။ ကောင်းချန်၊ ဇီဝေနဲ့ ငါတို့ဆီက သဘောတူညီချက် ရပြီးသားပါ။ ကောင်းကင်ဘုံနဲ့ ပက်သက်ရင် ကောင်းကင်ဧကရာဇ်က ငါတို့နဲ့ မတိုင်ပင်ဘဲ ဆုံးဖြတ်ချက်မချပါဘူး။ " ချန်းရှန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" မဟာဧကရာဇ်က ဘာလို့သဘောတူလိုက်တာလဲ။ " အရာရှိက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" ​ဗုဒ္ဓလမ်းစဉ် အရှေ့ဘက်ကို ရောက်လာတာက ကောင်းကင်တာအိုရဲ့ လှုပ်ရှားမှုကြောင့်ပဲ။ တစ်ယောက်ယောက်က တားချင်ရင်တောင် တားလို့မရဘူး။ ပြီးတော့ အဲ့ဒါက ငါတို့ကို ထိခိုက်မှာမဟုတ်ဘူး။ ငါတို့က သူတို့ကို တောင်ဘက်တိုက်ကြီးထဲမှာပဲ ခွင့်ပြုထားတာ။ " ချန်းရှန်းက ရယ်မောလိုက်သည်။

" မဟာဧကရာဇ် အခု ကောင်းကင်တာအိုက မပြည့်စုံတော့ဘူး။ ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဉ်းတွေကလည်း သူတော်စင်တွေ လက်ထက်တုန်းကလို မဟုတ်တော့ဘူး။ သူတော်စင်တွေ သတ်မှတ်ခဲ့တဲ့ စည်းမျဉ်းဟောင်းတွေကို ဘာလို့လိုက်နာနေရတာလဲ။ " အရာရှိက သံသယဖြင့် မေးလိုက်သည်။

" ဒါက ​ဗျူဟာမြောက်ကစားပွဲတစ်ခုပဲ။ မင်း ဒီလောက်ထိ စိတ်ပူစရာမလိုဘူး။ ကောင်းကင်ဧကရာဇ်ညွှန်ကြားတာကိုပဲ လိုက်နာပါ။ " ချန်းရှန်းက ထပ်မပြောတော့ဘဲ ခေါင်းခါလိုက်သည်။

ဝူချန်မြို့တော်။

နန်းတော်ထဲတွင် လူသားဘုံမှ အရာရှိများက ထိုနောက်တွင် ရောက်နေကြပြီဖြစ်သည်။

" အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " နှစ်တစ်ရာကျော် မတွေ့ရသော ကျောက်ဖုန်းကို မြင်လိုက်ရသောအခါ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။

" ဝန်ကြီးတို့ မတွေ့တာကြာပြီ။ မင်းတို့အားလုံး အများကြီး တိုးတက်လာကြတာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အားလုံးက ချင်အင်ပါယာနဲ့ ဧကရာဇ်မင်းမြတ်ရဲ့ ကျေးဇူးကြောင့်ပါ။ " အရာရှိများက ပြန်လည်ဖြေကြားလိုက်ကြသည်။

" ဖုန်းအာ ငါ အရာရှိတစ်ရာကျော်ကို ခေါ်လာတယ်။ မင်းတစ်ယောက်တည်း အင်မော်တယ်ဘုံမှာ ရုန်းကန်နေစရာမလိုတော့ဘူး။ ဝန်ကြီးတို့ အရင်ဆုံး ကျောင်းတော်တွေ တည်ထောင်ပြီး သိုင်းတာအိုကို ဖြန့်ဝေရမယ်။ ပြီးတော့ ဒီအင်မော်တယ်ဘုံက လူသားတွေ အားလုံးကို ချင်ရဲ့ အုပ်ချုပ်မှုအောက် ရောက်အောင် လုပ်ပါ။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " အရာရှိများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။

ကျောင်းတော်များ၊ သိုင်းတာအိုလမ်းစဉ်နှင့် ချင်၏ ဥပဒေအားလုံးကို ဤကမ္ဘာတွင်လည်း အကောင်အထည်ဖော်မည်ဖြစ်သည်။ ၎င်းကို မြင်သောအခါ ကျောက်ဖုန်းက ပြုံးလိုက်သည်။ ချင်အင်ပါယာမှ အရာရှိတစ်ဝက်လောက်က အင်မော်တယ်ဘုံကို ရောက်လာပြီဖြစ်သောကြောင့် ဤနယ်မြေကို အသွင်ပြောင်းလဲရန် လုံလောက်ပြီဖြစ်သည်။

" ဖုန်းအာ ကြည့်လိုက်။ " ရင်ကျန့်က ပြုံးပြီး သူ၏ လက်ကို မြှောက်လိုက်ရာ အိုးကြီးကိုးလုံးက နန်းတော်ထဲတွင် ပေါ်လာသည်။ ၎င်းတို့က ဟွာရှအိုးကိုးလုံးဖြစ်သည်။

" ဒီအိုးကိုးလုံးကို ယူလာတာက ငါ့ကို နည်းနည်းစိတ်အေးစေတယ်။ အနည်းဆုံးတော့ ချင်နယ်မြေကို အင်မော်တယ်နဲ့ နတ်ဘုရားတွေ ကျူးကျော်လာမှာ မစိုးရိမ်ရတော့ဘူးပေါ့။ ဖုန်းအာ အင်မော်တယ်ဘုံရဲ့ ကံကြမ္မာစွမ်းအားကို စုပ်ယူဖို့ အချိန်မရောက်သေးဘူးလား။ " ရင်ကျန့်က လေးနက်စွာ မေးလိုက်သည်။

" အရှေ့တိုက်ကြီးက ကောင်းကင်ဘုံရဲ့ အခြေခံအုတ်မြစ်ပဲ။ သားတော်က နယ်မြေအများကြီး သိမ်းပိုက်ထားပေမယ့် ဒါက အရှေ့တိုက်ကြီးရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိသေးဘူး။ ချင်ရဲ့ နာမည်ကို တည်ဆောက်ပြီး ကံကြမ္မာစွမ်းအားကို စုစည်းဖို့က အခွင့်အရေးကို စောင့်ရဦးမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ရင်ကျန့်က တစ်စုံတစ်ခုကို သတိရသွားသည်။ " အင်မော်တယ်လူသားအဆိပ်လား။ "

" ဟုတ်တယ်။ အချိန်အတော်ကြာသွားပြီ။ သက်ရောက်မှုကြီးမားလာရင် ကောင်းကင်ဘုံက အဲ့ဒီ အင်မော်တယ်လူသားအဆိပ်​အပေါ် အာရုံစိုက်သွားလိမ့်မယ်။ အဲ့ဒီအချိန်က သားတော်တို့ အရှေ့တိုက်ကြီးရဲ့ ကံကြမ္မာစွမ်းအားကို သိမ်းပိုက်ရမယ့် အချိန်ပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ထိုအချိန်တွင် ကျောက်ဖုန်းက တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး လက်ဝှေ့ရမ်းလိုက်သည်။ ထျန်းရွှမ်ကြေးမုံက လေထဲသို့ ပျံသန်းလာပြီး ယင်ပု၏ ပုံရိပ်က ပေါ်လာသည်။

" အရှင်ကို ဂါရဝပြုပါတယ်။ " ယင်ပုက ကျောက်ဖုန်းကို ဦးညွှတ်လိုက်သည်။ ထို့နောက် သူက ရင်ကျန့်ကို မြင်သောအခါ အံ့ဩသွားပြီး ရိုသေစွာ ပြောလိုက်သည်။ " ဧကရာဇ်မင်းမြတ်လည်း အင်မော်တယ်ဘုံထဲကို ဝင်လာတာလား။ ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။ "

ရင်ကျန့်က ဘာမှမပြောဘဲ လက်ဝှေ့ရမ်းလိုက်သည်။

" အခြေအနေဘယ်လိုလဲ။ " ကျောက်ဖုန်းက တိုက်ရိုက်မေးလိုက်သည်။

" အရှင် အင်မော်တယ်လူသားအဆိပ်က အပြည့်အဝ ပေါက်ကွဲလာပြီ။ အခု တောင်ဘက်တိုက်ကြီးတစ်ခုလုံးလိုလို အင်မော်တယ်လူသားအဆိပ်ဒဏ်ကို ခံစားနေရတယ်။ အဲ့ဒီအဆိပ်ကြောင့် အင်မော်တယ်တွေ၊ နတ်ဆိုးတွေနဲ့ ​ဗုဒ္ဓတွေ အများကြီး သေဆုံးသွားကြတယ်။ ဒါပေမယ့် အင်မော်တယ်လူသားအဆိပ်က အရမ်းထူးဆန်းတယ်။ သူတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အရင်းအမြစ်ကို ရှာမတွေ့ကြဘူး။ " ယင်ပုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" အဲ့ဒီအင်မော်တယ်လူသားအဆိပ်က ဘယ်လောက်ထိ ထိရောက်လဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။ သူက အင်မော်တယ်လူသားအဆိပ်ကို သန့်စင်ခဲ့သော်လည်း ဘယ်လောက်ထိ ထိရောက်လဲဆိုတာ မသိသေးပေ။

" အရှင် သာမန်လူသားတွေကို သတ်ဖြတ်ပြီး အင်မော်တယ်လူသားအဆိပ် ကူးစက်ခံရတဲ့ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက တကယ်သနားစရာကောင်းပါတယ်။ အကောင်းဆုံးဆိုရင် ဒဏ်ရာအပြင်းအထန်ရပြီး သူတို့ရဲ့ တိုးတက်မှုက ရပ်တန့်သွားပါတယ်။ အဆိုးဆုံးကတော့ ကျင့်စဉ်ဖောက်ပြီးတော့ ပေါက်ကွဲပြီး သေဆုံးသွားပါတယ်။ ပြီးတော့ အင်မော်တယ်လူသားအဆိပ်က သာမန်လူသားတွေကို သတ်ဖြတ်မှ ကူးစက်တာမဟုတ်ပါဘူး။ အထိအတွေ့နဲ့လည်း ကူးစက်ပါတယ်။ ဒါက တောင်ဘက်တိုက်ကြီးတစ်ခုလုံးကို ကပ်ရောဂါတစ်ခုလို ပျံ့နှံ့သွားပြီး လုံးဝရှုပ်ထွေးသွားစေပါတယ်။ " ယင်ပုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

၎င်းကို ကြာသောအခါ ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပြုံးလိုက်သည်။ " အင်မော်တယ်လူသားအဆိပ်ပျံ့နှံ့တာကို တားဆီးလို့မရဘူး။ တလျိုအင်မော်တယ်အဆင့်အောက်ကလူတွေ အများကြီးခံစားရလိမ့်မယ်။ သာမန်လူသားတွေကို သတ်လေ အဆိပ်က ပိုပြင်းလေပဲ။ သူတို့ ဒါကို အဆုံးသတ်ချင်ရင် သာမန်လူတွေကို သတ်ဖြတ်တာကို ရပ်ရလိမ့်မယ်။ ဒါပေမယ့် သူတို့ တကယ်ပဲ ရပ်နိုင်မှာလား။ "

" ဖုန်းအာ အင်မော်တယ်လူသားအဆိပ်ကို အရှေ့တိုက်ကြီးမှာလည်း ဖြန့်သင့်တယ်။ အင်မော်တယ်ဘုံတစ်ခုလုံး ရှုပ်ထွေးသွားမှ ချင်က ဒီမုန်တိုင်းထဲမှာ ရှင်သန်နိုင်လိမ့်မယ်။ " ရင်ကျန့်က ဝင်ပြောလိုက်သည်။

" ဟုတ်တယ်။ အင်မော်တယ်လူသားအဆိပ် ပျံ့နှံ့ဖို့က အရေးကြီးတယ်။ အရှေ့တိုက်ကြီးတင်မဟုတ်ဘူး။ အနောက်ဘက်တိုက်ကြီးလည်း ပါဝင်ရမယ်။ ကောင်းကင်ဘုံနဲ့ ​ဗုဒ္ဓဂိုဏ်းက ကပ်ဘေးသုံးပါးနဲ့ ပြစ်ဒဏ်ကိုးပါးကို ရှောင်ရှားဖို့ သာမန်လူသားတွေရဲ့ ဝိညာဉ်အနှစ်သာရကို စားသုံးနေကြတယ်။ အင်မော်တယ်လူသားအဆိပ်က သူတို့ရဲ့ အခွင့်အလမ်းကို ဖြတ်တောက်လိုက်တာပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" ကျွန်တော်မျိုး အနောက်ဘက်တိုက်ကြီးဆီသွားပြီး အင်မော်တယ်လူသားအဆိပ်ကို ဖြန့်ဖို့ ခွင့်ပြုချက်တောင်းခံပါတယ်။ " ယင်ပုက ချက်ချင်း ဦးညွှတ်ပြီး ပြောလိုက်သည်။

" အင်း အဲ့ဒီတာဝန်ကို မင်းယူလိုက်ပါ။ ဒါပေမယ့် သတိထားပါ။ ဘယ်သူမှ သတိမထားမိစေနဲ့။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" စိတ်ချပါ အရှင်။ အင်မော်တယ်လူသားအဆိပ်ကို မမြင်နိုင်ပါဘူး။ ပြီးတော့ အဆိပ်ဖြန့်တဲ့သူတွေက ဝူချန်တွေမလို့ စိုးရိမ်စရာမရှိပါဘူး။ " ယင်ပုက ပြောလိုက်သည်။

" သွားတော့။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" အမိန့်အတိုင်းပါ။ " ယင်ပု၏ ပုံရိပ်က ဦးညွှတ်ပြီး ပျောက်ကွယ်သွားသည်။

" တောင်ဘက်တိုက်ကြီးက အင်မော်တယ်လူသားအဆိပ်ကြောင့် ရှုပ်ထွေးသွားပြီ။ ကောင်းကင်ဘုံရဲ့ အာရုံက အဲ့ဒီကို ရောက်နေလိမ့်မယ်။ အခု အချိန်ကျပြီ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ကံကြမ္မာစွမ်းအားစုစည်းတဲ့ အရှိန်အဝါကို ဘယ်လိုဖုံးကွယ်မလဲ။ " ရင်ကျန့်က လေးနက်စွာ မေးလိုက်သည်။

" ဟွာရှအိုးကိုးလုံးရဲ့ စွမ်းအားက လုံလောက်ပါတယ်။ ပြီးတော့ သာတော်က နိယာမစွမ်းအားနဲ့ ထပ်ပြီး ဖုံးကွယ်ထားလို့ရတယ်။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

" ကောင်းပြီ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ နောက်ခဏတွင် သူ၏ ခန္ဓာကိုယ်မှ ကြီးမားသော အင်ပါယာကံကြမ္မာစွမ်းအားများ ပေါ်လာသည်။

" အင်ပါယာကံကြမ္မာ " ရင်ကျန့်က စိတ်ထဲမှ ရေရွတ်လိုက်သည်နှင့် ဧကရာဇ်တံဆိပ်တော် ပေါ်လာပြီး ကံကြမ္မာစွမ်းအားများ စတင်စုစည်းလိုက်သည်။

" ဟွာရှအိုးကိုးလုံး၊ ဖရိုဖရဲနယ်ပယ်။ " ကျောက်ဖုန်းက အိုးကိုးလုံးကို ယူကာ ကောင်းကင်သို့ ပျံတက်သွားပြီး ကျယ်ပြောလှသော နယ်မြေကို အကာအကွယ်စည်းတစ်ခု ချလိုက်သည်။ ထို့နောက် သူ၏ နိယာမနယ်ပယ်ကလည်း ချက်ချင်း ထွက်ပေါ်လာပြီး ဝူချန်မြို့တော်ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။

ချင်က အခြေချပြီးဖြစ်သော်လည်း သတိထားရန် လိုအပ်နေသေးသည်။ ကောင်းကင်ဘုံနှင့် ​ဗုဒ္ဓဂိုဏ်း၏ စွမ်းအားက ကြောက်စရာကောင်းလှသည်။ တလျိုရွှေအင်မော်တယ်များနှင့် ထိုထက်အဆင့်မြင့်သူများ များစွာ ရှိသည်။ ကျောက်ဖုန်းက သူ​တို့ရှေ့တွင် နောက်ဆုတ်ရုံသာ တတ်နိုင်ပေလိမ့်မည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters