← Chapters

အခန်း ၅၉၈

Vol. 60 Ch. 598

အခန်း ၅၉၈

Vol. 60 Ch. 598

အခန်း (၅၉၈)

" ငါက ချင်အင်ပါယာရဲ့ ဧကရာဇ်။ ဒီနေ့ကစပြီး ဝူနိုင်ငံကို ချင်အင်ပါယာအဖြစ် ပြောင်းလဲလိုက်ပြီ။ ဝူနိုင်ငံရဲ့ ပြည်သူအားလုံးက ချင်ပြည်သူတွေ ဖြစ်သွားပြီ။ ချင်ပြည်သူတွေရဲ့ ကံကြမ္မာစွမ်းအားအားလုံး ချင်အင်ပါယာမှာ စုစည်းစေ။ " ရင်ကျန့်က အမိန့်တော်ကို ထုတ်ပြန်လိုက်သည်။

အင်ပါယာကံကြမ္မာစွမ်းအားမှ တစ်ဆင့် သူ၏ အသံက ပျံ့နှံ့သွားပြီး ချင်နယ်မြေအတွင်းမှ ပြည်သူများ၏ နားထဲကို ချက်ချင်း ရောက်ရှိသွားသည်။ ထိုကြေညာချက်က ပြည်သူများကို အံ့ဩသွားစေပြီး အခြေအနေကို နားမလည်နိုင်ဖြစ်သွားကြသည်။

" ပြည်သူအားလုံး စိုးရိမ်စရာမလိုဘူး။ ဒါက ငါ့ရဲ့ ခမည်းတော် ချင်ဧကရာဇ်ပဲ။ ဒီနေ့ကစပြီး ချင်ရှီဟွမ်က ဒီနယ်မြေကို အုပ်ချုပ်ပြီး ပြည်သူအားလုံးကို ကာကွယ်ပေးလိမ့်မယ်။ " ကျောက်ဖုန်းက ထျန်းရွှမ်ကြေးမုံမှတစ်ဆင့် သူ၏ အသံကို ပေးပို့လိုက်သည်။

သူ၏ အသံကို ကြားသောအခါ ပြည်သူအားလုံး စိတ်အေးသွားကြသည်။ ကျောက်ဖုန်းက ဤနယ်မြေကို စုစည်းထားသည်မှာ တစ်နှစ်တောင် မပြည့်သေးသော်လည်း သူ၏ နာမည်ကို လူတိုင်းသိကြလေသည်။

ထိုအချိန်တွင် ပြည်သူများစွာ၏ ကံကြမ္မာစွမ်းအားများက ဝူချန်းမြို့ဆီသို့ စုစည်းသွားပြီး ရွှမ်ငှက်ဆီသို့ ရောက်ရှိသွားသည်။ ထိုကံကြမ္မာစွမ်းအားများက အင်အားကြီးမားပြီး လူသားဘုံထက် ပို၍ သာခွန်သည်။ ကျန့်တစ်ထောင်ကျော်မြင့်သော ရွှမ်ငှက်က လေထဲတွင် ရပ်နေပြီး ကြောက်စရာကောင်းသော ဖိအားများကို ထုတ်လွှတ်နေသည်။

" ဒီကံကြမ္မာစွမ်းအားနဲ့ဆို ခမည်းတော်ရဲ့ စွမ်းအားက မဟာရွှေအင်မော်တယ်ကို သတ်နိုင်လိမ့်မယ်။ ဒါပြီးရင် တလျိုရွှေအင်မော်တယ်ကိုတောင် တိုက်ခိုက်နိုင်လိမ့်မယ်။ သူ့ကို အိမ်စောင့်ခိုင်းပြီးရင် ငါ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရပြီ။ " ကျောက်ဖုန်းက အင်ပါယာကံကြမ္မာစွမ်းအားကို ကြည့်ပြီး ပြုံးလိုက်သည်။

" ဒါပြီးရင် ချင်ရဲ့ အင်ပါယာကံကြမ္မာနဲ့ လူသားတာအိုကနေ အကျိုးအမြတ်တွေ ရနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက စိတ်အားထက်သန်စွာ တွေးလိုက်သည်။

ကံကြမ္မာမင်းဆက် အဆင့်တက်တိုင်း လူသားတာအိုက တုန့်ပြန်မှုပေးသည်။ သူက ရတနာသေတ္တာများသာမက စွမ်းရည်များစွာကိုလည်း ရရှိနိုင်သည်။

ထိုအချိန်တွင် ကံကြမ္မာစွမ်းအားများက အင်ပါယာကံကြမ္မာစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ရွှမ်ငှက်က ကြီးထွားလာသည်။ လေထဲတွင် ရွှမ်ငှက်က အဆုံးမရှိသော ကံကြမ္မာစွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ကံကောင်းသည်မှာ ကံကြမ္မာစွမ်းအားများက ဟွာရှအိုးကိုးလုံး၏ စွမ်းအားနှင့် ပေါင်းစပ်သွားခဲ့သည်။ ကျောက်ဖုန်း၏ ဖရိုဖရဲနယ်ပယ်ကလည်း ဖုံးကွယ်ထားသောကြောင့်သာ မဟုတ်လျှင် ထိုလှုပ်ရှားမှုများကို ကောင်းကင်ဘုံက သိသွားနိုင်သည်။

အင်ပါယာကံကြမ္မာရွှမ်ငှက်က တဖြည်းဖြည်း ကြီးထွားလာသည်။ ထို့နောက်တွင် ချင်အင်ပါယာတစ်ခုလုံးက ကြီးမားသော အသွင်ပြောင်းလဲမှုကို ကြုံတွေ့ရမည်ဖြစ်သာ်။ အင်ပါယာကံကြမ္မာက ကောင်းကင်ကံကြမ္မာအဖြစ် ပြောင်းလဲရုံသာ်က နတ်ဝိညာဉ်ကောင်းကင်နန်းတော်ကိုလည်း စုစည်းပေးမည်ဖြစ်သည်။ ချင်၏ ဝန်ကြီးများက အစစ်အမှန်ဝိညာဉ်များက နတ်ဝိညာဉ်ကောင်းကင်နန်းတော်ထဲတွင် ပေါင်းစည်းပြီး ကောင်းကင်ကံကြမ္မာကို ခံစားရမည်ဖြစ်သည်။

ကံကြမ္မာစွမ်းအားများက အင်ပါယာကံကြမ္မာရွှမ်ငှက်ဆီသို့ စုစည်းသွားသည်။ ပြည်သူများက သာမန်လူများဖြစ်နေပြီး ကျင့်ကြံသူများဆိုလျှင် ကံကြမ္မာစွမ်းအားက ပို၍ အားကောင်းပေလိမ့်မည်။

" ချင်ကောင်းကင်နန်းတော် ဒီကံကြမ္မာစွမ်းအားက ဒါကို လုပ်နိုင်ပါ့မလား။ " ရင်ကျန့်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များနှင့် ပြည့်နှက်နေသည်။ ချင်ကောင်းကင်နန်းတော်ကို စုစည်းလိုက်သည်နှင့် အဆုံးမရှိသော အကျိုးကျေးဇူးများနှင့် ကံကောင်းမှုများကို ရရှိပေလိမ့်မည်။

ဝုန်း...

အင်ပါယာကံကြမ္မာ ရွှမ်ငှက်၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ပေါက်ကွဲလာပြီး အရေးကြီးသော အမှတ်တစ်ခုကို ဖြတ်ကျော်သွားသည်။

" အောင်မြင်ပြီ။ ကောင်းကင်နန်းတော် အဆင့်နိမ့်။ " ကျောက်ဖုန်းက ရွှမ်ငှက်ကို ကြည့်ပြီး ပြုံးလိုက်သည်။

" ခမည်းတော် " ကျောက်ဖုန်းက ချက်ချင်း ခေါ်လိုက်သည်။

ရင်ကျန့်က ချက်ချင်း နားလည်သွားပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

" အခု ချင်က ကောင်းကင်နန်းတော်ကို စုစည်းနိုင်ခဲ့ပြီ။ ချင်နယ်မြေအတွင်းက ပြည်သူအားလုံးကို ချင်ကောင်းကင်နန်းတော်က ကာကွယ်ပေးမယ်။ ချင်နယ်မြေတစ်ခုလုံးက ချင်ဥပဒေအောက်မှာရှိတယ်။ အခု ကောင်းကင်ကံကြမ္မာကို စုစည်းပြီး ကောင်းကင်နန်းတော်ကို တည်ထောင်လိုက်ပြီ။ " ရင်ကျန့်က ကျယ်လောင်စွာ ကြေညာလ်ုက်သည်။

အင်ပါယာကံကြမ္မာစွမ်းအားများက မိုင်ပေါင်းသန်းချီသော နယ်မြေကို ဖုံးလွှမ်းသွားပြီး ရွှေရောင်အလင်းတန်းများ ထွက်ပေါ်ကာ ရွှမ်ငှက်က လျင်မြန်စွာ ကြီးထွားလာသည်။ အင်ပါယာကံကြမ္မာက ကောင်းကင်ကံကြမ္မာအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်တွင် ဧကရာဇ်တံဆိပ်တော်က လှုပ်ရှားလာပြီး ကောင်းကင်ကံကြမ္မာက အထဲသို့ ဝင်ရောက်သွားသည်။

အရာရှိများ၏ စိတ်အသိထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။ ကံကြမ္မာအလင်းများ တောက်ပလာပြီး အင်ပါယာညီလာခံခန်းမက ပေါ်လာသည်။ ထို့နောက် ဧကရာဇ်နန်းတော်၊ ဝန်ကြီးရုံးများ၊ စစ်စခန်းများ အားလုံး ပေါ်လာခဲ့သည်။ ၎င်းက စစ်မှန်သော ကောင်းကင်နန်းတော်ပင်ဖြစ်သည်။

" ချင်ရဲ့ ဝန်ကြီးအားလုံး နတ်ဝိညာဉ်တွေနဲ့ ကောင်းကင်နန်းတော်ထဲကို ဝင်ကြ။ ကောင်းကင်ကံကြမ္မာရဲ့ ကာကွယ်မှုနဲ့ စွမ်းအားကို ရယူကြ။ " ရင်ကျန့်၏ အသံက ပဲ့တင်ထပ်သွားသည်။ သူ၏ နတ်ဝိညာဉ်က ဟင်းလင်းပြင်မှ ကောင်းကင်နန်းတော်၏ ညီလာခံခန်းမထဲသို့ ဝင်ရောက်သွားပြီး ပလ္လင်ပေါ်တွင် ထိုင်လိုက်သည်။

" အမိန့်အတိုင်းပါ။ " အရာရှိအားလုံးက ရိုသေစွာ ပြန်ဖြေလိုက်ကြပြီး သူတို့၏ နတ်ဝိညာဉ်များက ကောင်းကင်နန်းတော်နှင့် ပေါင်းစည်းသွားသည်။

ယခင်က ​ဗလာဖြစ်နေခဲ့သော နတ်ဝိညာဉ်ကောင်းကင်နန်းတော်၏ ညီလာခံခန်းမထဲတွင် နတ်ဝိညာဉ်များ ပြည့်နှက်သွားသည်။ နတ်ဝိညာဉ်ညီလာခံခန်းမထဲတွင် ရင်ကျန့်က ပလ္လင်ပေါ်တွင် ထိုင်နေပြီး အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက အောက်တွင် ရပ်နေကြသည်။ ဝမ်ကျန့်က စစ်ဘက်အရာရှိများ၏ ရှေ့ဆုံးတွင် ရပ်နေပြီး လွီပုဝေက အရပ်ဘက်အရာရှိများ၏ ရှေ့ဆုံးတွင် ရပ်နေသည်။

ရှေးဦးမူလခေတ်ကတည်းက ကောင်းကင်နန်းတော်က လူသားတာအို၏ အခွင့်အာဏာမှ အစိတ်အပိုင်းတစ်ခုဖြစ်​သည်။ သို့သော် ကောင်းကင်နှင့်မြေကြီးကို ဖွင့်လှစ်ပြီးနောက် ကောင်းကင်တာအိုပေါ်လာပြီး ကောင်းကင်သူတော်စင်များ ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် ကောင်းကင်နန်းတော်က ကောင်းကင်တာအို၏ အခွင့်အာဏာဖြစ်သွားပြီး ကောင်းကင်ဘုံက ပိုင်ဆိုင်သွားခဲ့သည်။

" ကောင်းကင်နန်းတော်အဆင့်ကို တက်လှမ်းသွားပြီ။ လူသားအာဏာက ကောင်းကင်နန်းတော်ရဲ့ နတ်ဘုရားအာဏာဖြစ်သွားပြီ။ ဒီနေ့ကစပြီး ချင်က အင်ပါယာကံကြမ္မာစွမ်းအားကို ကျင့်ကြံနေကြတဲ့ အရာရှိတွေအားလုံးက နတ်ဘုရားအာဏာရဲ့ စွမ်းအားကို အသုံးပြုနိုင်ပြီ။ " ကျောက်ဖုန်းက နတ်ဝိညာဉ်ကောင်းကင်နန်းတော် ထွက်ပေါ်လာသည်ကို ကြည့်ပြီး စိတ်ထဲမှ နားလည်သွားသည်။

" နတ်ဝိညာဉ်တွေက ကောင်းကင်နန်းတော်ထဲ ဝင်ရောက်လာပြီ။ အရာရှိအာဏာက နတ်ဘုရားအာဏာအဖြစ် ပြောင်းလဲပြီး အရာရှိတံဆိပ်က နတ်ဘုရားတံဆိပ်အဖြစ် ပြောင်းလဲစေ။ ငါ့ရဲ့ လက်အောက်က အရာရှိအားလုံးက သက်ဆိုင်ရာနတ်ဘုရားအာဏာကို ကိုင်စွဲပြီး ချင်အင်ပါယာကို အုပ်ချုပ်ကြ။ " ရင်ကျန့်၏ အမိန့်တော်က ထွက်ပေါ်လာသည်။

ထိုအမိန့်နှင့်အတူ အရာရှိများ၏ တံဆိပ်များက ချင်ကောင်းကင်နန်းတော်၏ ကောင်းကင်ကံကြမ္မာများ ပါဝင်လာပြီး နတ်ဘုရားရတနာများ ဖြစ်သွားကြသည်။ တစ်ချိန်တည်းတွင် သူတို့က ရာထူးအလိုက် သူတို့ကို ပေးအပ်ထားသော နတ်ဘုရားအာဏာနှင့် နတ်ဘုရားစွမ်းအားများကို ခံစားလိုက်ရသည်။

လူသားဘုံ။

အင်ပါယာကျောင်းတော်၊ အင်ပါယာဆရာ၏ ခန်းမ။

" ချင်က ကောင်းကင်နန်းတော်အဖြစ် အဆင့်တက်သွားပြီး ကောင်းကင်ကံကြမ္မာတွေ ကျရောက်လာပြီ။ မဟာရွှေအင်မော်တယ်အဆင့်က လက်တစ်ကမ်းပဲ လိုတော့တယ်။ " ကွေ့ကူကျိ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားသည်။

သူတစ်ယောက်တည်းမဟုတ်ပေ။ ချင်အင်ပါယာတစ်ခုလုံးက အင်ပါယာကံကြမ္မာ၏ ပြောင်းလဲမှုကို ခံစားမိကြသည်။ ချင်အရာရှိအားလုံးက ကောင်းကင်နန်းတော်၏ ကောင်းကင်ကံကြမ္မာကောင်းချီးအောက်တွင် အနည်းဆုံး အဆင့်ကြီးတစ်ဆင့် တက်လှမ်းသွားကြသည်။

ထိုအချိန်တွင် ရင်ကျန့်က ကောင်းကင်နန်းတော်နှင့် အပြည့်အဝ ပေါင်းစပ်သွားပြီး ကောင်းကင်ဧကရာဇ်ရဲ့ အာဏာကို ကိုင်စွဲလိုက်သည်။ သူ့ဆီမှ ကြောက်စရာကောင်းသော ဖိအားများ ထွက်ပေါ်လာသည်။ ဧကရာဇ်ပလ္လင်၊ နတ်ဘုရားအာဏာ၊ ကောင်းကင်နှင့် မြေကြီးကို အမိန့်ပေးခြင်း။ သူ၏ အော်ရာက မဟာရွှေအင်မော်တယ်အဆင့်ကို ကျော်လွန်ပြီး တလျိုရွှေအင်မော်တယ်အဆင့်သို့ ရောက်သွားသည်။ အဆင့်နိမ့် ကောင်းကင်နန်းတော်က ရင်ကျန့်ကို တလျိုရွှေအင်မော်တယ်အဆင့်ထိ တွန်းတင်ပေးခဲ့သည်။

" သူတော်စင်နန်းတော်ကျင့်စဉ်က တကယ်ကို နက်နဲတာပဲ။ ခမည်းတော်ရဲ့ စွမ်းအားက တလျိုရွှေအင်မော်တယ်အဆင့်နဲ့ ယှဉ်နိုင်နေပြီ။ " ကျောက်ဖုန်းက ရင်ကျန့်ကို ကြည့်ပြီး ပြုံးလိုက်သည်။

" ချင်က ကောင်းကင်နန်းတော် အဆင့်နိမ့်သို့ တက်လှမ်းသွားပြီး လူသားတာအိုရဲ့ တုန့်ပြန်မှု စွမ်းရည်အားလုံး သန်း ၂၀၀ ရရှိပါတယ်။ အဆင့်ခုနှစ်ရတနာသေတ္တာတစ်လုံး ရရှိပါတယ်။ လက်ခံလိုပါသလား။ " စနစ်မှ အသိပေးချက်က ချက်ချင်း ထွက်ပေါ်လာသည်။

" ကောင်းကင်နန်းတော်ကို တည်ထောင်လိုက်တာ အကျိုးအမြတ်အများကြီး ရလိုက်တာပဲ။ ချင်က လူသားတာအိုနဲ့ ချိတ်ဆက်ထားလို့ ဒီလောက် ကြီးမားတဲ့ တုန့်ပြန်မှုကို ရလိုက်တာပဲ။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။ " စွမ်းရည်တွေ ရယူမယ်။ "

ကြီးမားသော စွမ်းအားများက ပေါက်ကွဲလာပြီး အားကောင်းသော အော်ရာတစ်ခုက ကျောက်ဖုန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ခန်းမထဲမှ အရာရှိအားလုံးက ထိုအော်ရာကြောင့် နောက်ဆုတ်လိုက်ရသည်။

" အိမ်ရှေ့စံမင်းသားက အဆင့်တက်သွားပြီ။ ငါ့ရဲ့ စွမ်းအားက မဟာရွှေအင်မော်တယ်အဆင့်နဲ့ နှိုင်းယှဉ်နိုင်ပေမယ့် အိမ်ရှေ့စံမင်းသားရဲ့ ရှေ့မှာ အားနည်းနေတုန်းပဲ။ "

အရာရှိအားလုံးက အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ကျောက်ဖုန်းနှင့် သူတို့ကြားမှ ကွာဟချက်က အလွန်ကြီးမားသည်ကို နားလည်လာကြသည်။

ယခုတစ်ကြိမ်တွင် ကျောက်ဖုန်းက စွမ်းရည်အားလုံး သန်း ၂၀၀ ကျော်ရရှိခဲ့သည်။ ထို့ကြောင့် သူ၏ စွမ်းရည်များ သန်း ၃၀၀ ထိ တိုးတက်လာပြီး သူ၏ စွမ်းအားကလည်း တိုးတက်လာခဲ့သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters