← Chapters

အခန်း ၅၉၉

Vol. 60 Ch. 599

အခန်း ၅၉၉

Vol. 60 Ch. 599

အခန်း (၅၉၉)

" လူသားတာအိုအာဏာကလည်း အသွင်ပြောင်းလဲသွားပြီ။ ဒီတစ်ခါ ရခဲ့တဲ့ ကံကြမ္မာစွမ်းအားက ကောင်းကင်တာအိုကိုလည်း အားကောင်းစေတဲ့ပုံပဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ ဝမ်းသာသွားသည်။

လူသားတာအိုအာဏာ (အနီ) - လူသားတာအိုကို ထိန်းချုပ်ပြီး နတ်ဝိညာဉ်နဲ့ ပေါင်းစပ်နိုင်တယ်။ လူသားတာအိုမပျက်စီးသရွေ့ နတ်ဝိညာဉ်က ထာဝရတည်ရှိနိုင်မယ်။ လူသားတာအိုရဲ့ စွမ်းအားကို သုံးပြီး ကိုယ်ပိုင်စွမ်းအားကို မြှင်တင်နိုင်တယ်။ လူသားတာအို ကံကြမ္မာစွမ်းအား ပိုအားကောင်လေ စွမ်းအားမြှင့်တင်မှုပိုကြီးမားလေ ဖြစ်တယ်။

" လူသားတာအိုရဲ့ စွမ်းအားနဲ့ ပေါင်းစပ်နိုင်တယ်။ ဒါက ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ပြီး ရန်သူတွေကို တိုက်ခိုက်တာနဲ့ တူတယ်။ ကောင်းကင်တာအိုနဲ့ အစစ်အမှန်ဝိညာဉ်ကို ပေါင်းစပ်ထားတဲ့ သူတော်စင်တွေက ကောင်းကင်တာအိုရဲ့ စွမ်းအားကို အသုံးပြုနိုင်တယ်။ အခု ငါက လူသားတာအိုရဲ့ စွမ်းအားကို အသုံးပြုနိုင်တာဆိုတော့ တကယ်ဆင်တူတယ်။ လူသားတာအိုရဲ့ စွမ်းအားနဲ့ ပေါင်းစပ်တာက ငါ့ရဲ့ စွမ်းအားကို ဘယ်လောက်ထိတိုးမြှင့်ပေးနိုင်မလဲမသိဘူး။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။

" အခု ငါ့ရဲ့ ဝှက်ဖဲတွေက တကယ်များသွားပြီ။ ကောင်းကင်တာအိုအာဏာနဲ့ ရန်သူတွေကို ကမ္ဘာငယ်ထဲ ဆွဲခေါ်ပြီး ကောင်းကင်တာအိုရဲ့ စွမ်းအားနဲ့ သတ်ဖြတ်နိုင်တယ်။ ပြီးတော့ လူသားတာအိုရဲ့ စွမ်းအားနဲ့ ပေါင်းစပ်နိုင်တယ်။ ဒါတွေက တကယ်သန်ဖြတ်ခြင်းနည်းလမ်းတွေပဲ။ " ကျောက်ဖုန်းက ကျေနပ်စွာ တွေးလိုက်သည်။

သူက ခန်းမထဲသို့ ကြည့်လိုက်သည်ယာ အရာရှိအများအပြားက သူတို့၏ နတ်ဝိညာဉ်များကို ကောင်းကင်ကံကြမ္မာကို သူတို့ဆီသို့ ဆွဲယူနေကြသည်။ ကောင်းကင်ကံကြမ္မာနှင့် ပေါင်းစပ်ပြီး သူတို့၏ အာဏာများကို နတ်ဘုရားအာဏာများအဖြစ် ပြောင်းလဲနေကြသည်။ ကျောက်ဖုန်းက သူတို့ကို မနှောက်ယှက်ဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

အနောက်ဘက်နယ်မြေ၊​ ​ဗုဒ္ဓဂိုဏ်း။

​ဗုဒ္ဓအလင်းများ ဖုံးလွှမ်းနေသော ​ဗုဒ္ဓတစ်ပါးက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အံ့ဩသော အရိပ်အယောင်များ ပေါ်လာသည်။

" သူတို့က အင်မော်တယ်ဘုံထဲ ဝင်ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ပြီးတော့ သူတို့ရဲ့ ကံကြမ္မာစွမ်းအားက ပိုပြီး နက်ရှိုင်းလာပြီ။ စိတ်ဝင်စားစရာပဲ။ " မီလဲ​ဗုဒ္ဓ၏ မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာသည်။

​ဗုဒ္ဓနယ်မြေတွင် ​ဗုဒ္ဓကျင့်ကြံသူတိုင်းက နတ်ဆိုးများမဟုတ်ဘဲ မီလဲ​ဗုဒ္ဓကဲ့သို့ စစ်မှန်သော ​ဗုဒ္ဓကျင့်ကြံသူများလည်း ရှိနေသည်။ အင်မော်တယ်ဘုံတွင် နတ်ဆိုးများနှင့် ကပ်ဘေးချီများ ဖုံးလွှမ်းနေသောကြောင့်သာ သူတို့က ထွက်ပေါ်မလာခြင်းဖြစ်သည်။

" အနာဂတ်မှာ အရာအားလုံက ခန့်မှန်းလို့မရဘဲ ပြောင်းလဲနေတယ်။ သူတော်စင်တွေ ပျောက်ကွယ်သွားပြီး ကောင်းကင်တာအိုက ငြိမ်သက်နေတယ်။ ဒါပေမယ့် အဲ့ဒီလူက ကောင်းကင်နဲ့ မြေကြီးရဲ့ ကံကြမ္မာထဲမှာ မရှိဘူး။ " မီလဲ့​ဗုဒ္ဓက တည်ငြိမ်စွာ ရေရွတ်လိုက်သည်။

မီလဲ့​ဗုဒ္ဓမှလွဲ၍ မြေကြီးအင်မော်တယ်ဘုံမှ ချင်အင်ပါယာနှင့် ကျောက်ဖုန်း၏ တည်ရှိမှုကို ဘယ်သူမှ မသိကြပေ။ မီလဲ​ဗုဒ္ဓခံစားသိရှိခြင်းမှာ ယခင် လူသားဘုံတွင် ရှိခဲ့သော ကြောင်းကျိုးဆက်နွယ်မှုကြောင့် ဖြစ်နိုင်သည်။

ဝူချန်းမြို့တော်။

ခန်းမထဲမှ ကောင်းကင်ကံကြမ္မာ၏ စွမ်းအားများက တဖြည်းဖြည်း တည်ငြိမ်သွားသည်။ ရွှမ်ငှက်ကလည်း ကောင်းကင်ကံကြမ္မာစွမ်းအားများနှင့်အတူ ပျောက်ကွယ်သွားသည်။

" ကောင်းကင်ကံကြမ္မာကို သုံးပြီး ဟွာရှအိုးကိုးလုံးနဲ့ ချင်နယ်မြေကို ကာကွယ်ရမယ်။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်သည်။ ဟင်းလင်းပြင်အထက်မှ ဟွာရှအိုးကိုးလုံးက အလင်းတန်းကိုးခုအဖြစ် ပြောင်းလဲသွားပြီး ချင်နယ်မြေ၏ အစွန်အဖျားများသို့ ပျံသန်းသွားသည်။ လူသားဘုံကဲ့သို့ပင် အိုးကိုးလုံးက ချိတ်ဆက်သွားပြီး အကာအကွယ်တစ်ခု ပေါ်လာသည်။

အရှေ့တိုက်ကြီး၏ စွမ်းအားများ ကြွယ်ဝပြီး ကပ်ဘေးချီများ လုံးဝမရှိသော နေရာတစ်ခုတွင် တိမ်များဖုံးလွှမ်းနေပြီး ပြင်ပကမ္ဘာနှင့် လုံးဝကွဲပြားနေသည်။ ထိုနေရာတွင် လှိုဏ်ဂူတစ်ခုရှိနေပြီး လှိုဏ်ဂူရှေ့တွင် အလံတစ်သန်းကျော်နှင့် အစီအရင်တစ်ခုက ကျယ်ဝန်သော နေရာတစ်ခုကို ဖုံးလွှမ်းထားသည်။ ထိုအစီအရင်အောက်တွင် လှိုဏ်ဂူက ကမ္ဘာနှင့် သီးခြားဖြစ်နေပြီး လုံးဝ မတည်ရှိသကဲ့သို့ ဖြစ်နေသည်။

ဟွာရှအိုးကိုးလုံးက ချိတ်ဆက်သွားသောအချိန်တွင် လှိုဏ်ဂူထိမှ ဧကရာဇ်ဝတ်ရုံများကို ဝတ်ဆင်ထားသော လူသားဧကရာဇ်ရှစ်ပါးက ရုတ်တရက် မျက်လုံးများ ဖွင့်ပြီး တစ်ယောက်ကိုတစ်ယောက် အံ့ဩစွာ ကြည့်လိုက်ကြသည်။

" အိုးကိုးလုံးလား.... အဲ့ဒါတွေက လူသားဘုံကို ကျသွားတာမဟုတ်လား။ " ဧကရာဇ်တစ်ပါးက အံ့ဩစွာ ပြောလိုက်သည်။

" ဟုတ်တယ်။ အရင်က ကျွမ်းရှုက ငါတို့ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအားကို သုံးပြီး ကောင်းကင်နိုင်ကို ဖြတ်တောက်ခဲ့တယ်။ အဲ့ဒီနောက်မှာ အရှေ့တိုက်ကြီးရဲ့ ထောင့်တစ်နေရာကို လူသားဘုံအဖြစ် ပြောင်းလဲပြီး လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအား ၂၀ ရာခိုင်နှုန်းကို အိုးကိုးလုံးနဲ့ ဖိနှိပ်ထားခဲ့တာ။ "

" ဒါဆို အဲ့ဒီအိုးတွေက ဘာလို့ အင်မော်တယ်ဘုံမှာ ပေါ်လာတာလဲ။ "

" ကောင်းကင်ဘုံနဲ့ ​ဗုဒ္ဓဂိုဏ်းက လူသားဘုံကို အင်မော်တယ်ဘုံထဲ ပြန်ဆွဲခေါ်ခဲ့တာလား။ "

" မဖြစ်နိုင်ဘူး။ နှစ်တွေကြာသွားပေမယ့် လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို ဖျက်ဆီးပြီး လူသားဘုံကို အင်မော်တယ်ဘုံထဲ ဆွဲခေါ်ဖို့က သူတို့အတွက် ခက်ခဲလိမ့်မယ်။ "

" လူသားဘုံက အင်မော်တယ်ဘုံထဲ ပြန်ရောက်မလာရင် အိုးကိုးလုံးက ဘယ်လိုလုပ်ပြန်ပေါ်လာမှာလဲ။ "

" ဘာတွေဖြစ်ပျက်ခဲ့တာလဲ။ "

လူသားဧကရာဇ်များက တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။ အိုးကိုးလုံးက ဟောက်ထျန်းရတနာများဖြစ်ကြသော်လည်း ၎င်းတို့က လူသားမျိုးနွယ်၏ အထွတ်အမြတ်ရတနာများ ဖြစ်ကြသည်။ ၎င်းတို့က လူသားမျိုးနွယ်၏ ကံကြမ္မာစွမ်းအားနှင့် ရှန်ထျန်းအဆင့်အောက် မနိမ့်ကျပေ။

" မကောင်းတဲ့ဘက်ကကြည့် တွေးဖို့မလိုဘူး။ လူသားမျိုးနွယ်ရဲ့ အင်အားကြီးသူတစ်ယောက်က အင်မော်တယ်ဘုံကို တက်လှမ်းလာပြီး အိုးကိုးလုံးကို ယူလာတာလည်း ဖြစ်နိုင်တယ်။ " ခန္ဓာမီးတောက်များနှင့် တောက်ပနေသော ဧကရာဇ်တစ်ပါးက ပြောလိုက်သည်။ သူက မဟာဧကရာဇ်သုံးပါးထဲမှ တစ်ပါးဖြစ်သော စူးရန်ရှီပင်ဖြစ်သည်။

" ဧကရာဇ်စူး ကျုပ်အရင်က အိုးကိုးလုံးကို လူသားမျိုးနွယ်ရဲ့ ကံကြမ္မာအပြင် ကျိုးလီဝူမျိုးနွယ်ရဲ့ ကံကြမ္မာကိုလည်း ဖိနှိပ်ခဲ့တယ်။ ပြီးတော့ ငါက မဟာအစီအရင်တစ်ခုကိုလည်း တည်ဆောက်ခဲ့တယ်။ ရွှေအင်မော်တယ်အဆင့်အောက်က ဘယ်သူမဆို အဲ့ဒီအစီအရင်ကို ဖျက်ဆီးဖျု့ လုံးဝမဖြစ်နိုင်ဘူး။ " ဧကရာဇ်ကျွမ်းရှုက ပြောလိုက်သည်။

" ငါတို့ရှစ်ယောက်က လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအားကို ကိုင်စွဲထားပြီး အိုးကိုးလုံးက လူသားမျိုးနွယ်နဲ့ ချိတ်ဆက်နေတယ်။ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းကနေတစ်ဆင့် အိုးကိုးလုံးကို ဆက်သွယ်ကြည့်လို့ရတာပဲ။ " မဟာဧကရာဇ်သုံးပါးထဲမှ တစ်ပါးဖြစ်သော ဖုရှီက ပြောလိုက်သည်။

" ဧကရာဇ်ရှီပြောတာမှန်တယ်။ ငါတို့ရှစ်ယောက်ပူးပေါင်းပြီး အိုးကိုးလုံးနဲ့ ဆက်သွယ်ကြည့်ရအောင်။ ဒါဆို အခြေအနေမှန်ကိုလည်း သိနိုင်တယ်။ "

" ကောင်းကင်ဘုံက ငါတို့လူသားမျိုးနွယ်ရဲ့ နောက်ဆုံးကံကြမ္မာစွမ်းအားကို လိုချင်လို့ လူသားဘုံကို အင်မော်တယ်ဘုံထဲ ဆွဲခေါ်လာတာဆိုရင် အိုးကိုးလုံးကို သုံးပြီး သူသေကိုယ်သေတိုက်ကြတာပေါ့။ "

"မှန်တယ်။ အိုးကိုးလုံးက လူသားမျိုးနွယ်ရဲ့ လက်ထဲမှာမရှိဘူးဆိုရင် အဲ့ဒါတွေကို ဖျက်ဆီးပစ်ရမယ်။ ငါတို့လူသားမျိုးနွယ်ရဲ့ အထွတ်အမြတ်ရတနာကို အခြားမျိုးနွယ်တွေကို အသုံးပြုခွင့်မပေးနိုင်ဘူး။ " ဧကရာဇ်များက အချင်းချင်း ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချလိုက်ကြသည်။

" စကြရအောင်။ ငါတို့ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအားကို အသုံးပြုပြီး အိုးကိုးလုံးနဲ့ ဆက်သွယ်ကြမယ်။ အိုးကိုးလုံးကို သန့်စင်နိုင်နဲ့သူက ဘာတွေဖြစ်နေလဲဆိုတာ သိနိုင်လိမ့်မယ်။ " စူးရန်ရှီက ဖြည်းညင်းစွာ ပြောလိုက်သည်။

" ကောင်းပြီ။ " လူသားဧကရာဇ်များက ခေါင်းညိမ့်လိုက်ကြသည်။

သူတို့က လူသားမျိုးနွယ်၏ ကံကြမ္မာစွမ်းအားကို သုံးပြီး အိုးကိုးလုံးနှင့် ဆက်သွယ်ရန် ကြိုးစားလိုက်ကြသည်။ ယခင် သူတို့က လူသားမျိုးနွယ်၏ ဧကရာဇ်များ ဖြစ်ခဲ့ကြပြီး လူသားမျိုးနွယ်၏ ကံကြမ္မာစွမ်းအားကို သယ်ဆောင်ခဲ့ကြသည်။ ကမ္ဘာကြီးက ပြောင်းလဲသွားပြီး သူတော်စင်များ ပျောက်ကွယ်ကာ ကောင်းကင်တာအိုက ပြောင်းလဲသွားသော်လည်း လူသားမျိုးနွယ်က ဤကမ္ဘာ၏ အဓိကနေရာတွင် ရှိနေသည်ဟူသော အချက်က ပြောင်းလဲ၍ မရပေ။ လူသားမျိုးနွယ်တည်ရှိနေသရွေ့ သူတို့က လူသားမျိုးနွယ်၏ ဧကရာဇ်များအနေဖြင့် လူသားမျိုးနွယ်၏ ကံကြမ္မာစွမ်းအားကို အသုံးပြုနိုင်ဆဲ ဖြစ်သည်။

လူသားဧကရာဇ်ရှစ်ပါးထံမှ ကံကြမ္မာစွမ်းအားများ ထွက်ပေါ်လာပြီး လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် အိုးကိုးလုံးကို ဆက်သွယ်ရန် ကြိုးစားလိုက်ကြသည်။ ထိုဆက်သွယ်မှုက မီးတိမ်တိုက်လှိုဏ်ဂူနှင့် ရှေ့မှ မဟာအစီအရင်ကို ဖြတ်သန်းသွားသည်။

အရှေ့တိုက်ကြီး၊ ဝူချန်းမြို့တော်။

" အိုးကိုးလုံးကိုတော့ နေရာချပြီးပြီ။ ချင်က အင်မော်တယ်ဘုံကို တရာဝင်ကြေညာပြီး ဝင်ရောက်ခြင်းမရှိသေးတော့ အိုးကိုးလုံးရဲ့ အကာအကွယ်ကို အပြည့်အဝ ထုတ်လွှတ်လို့မရသေးဘူး။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" ခမည်းတော် စိတ်မပူပါနဲ့။ သားတော် အဲ့ဒါကို နားလည်ပါတယ်။ အင်မော်တယ်အဆင့်ထက်က တစ်ယောက်ယောက်က ချင်နယ်မြေထဲဝင်ရောက်လာရင် အိုးကိုးလုံးက သတိပေးလိမ့်မယ်။ ပြီးရင် သားတော်တို့က လှုပ်ရှားလို့ရတယ်။ ဒါ့အပြင် အိုးကိုးလုံးရဲ့ စွမ်းအားကို ဘယ်သူမှ သတိထားမိမှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အခု အင်မော်တယ်ဘုံထဲက ချင်နယ်မြေက ကျယ်ဝန်းပြီး လူသားဘုံထက် လူဦးရေပိုများတယ်။ သိုင်းတာအိုကို ဖြန့်ဝေပြီး ချင်အင်ပါယာကို အားကောင်းအောင် လုပ်ရမယ်။ နားလည်ကြလား။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါတယ်။ " အရာရှိများက တစ်ညီတစ်ညွှတ်တည်း ပြန်ပြောလိုက်ကြသည်။ ထို့နောက် အားလုံးက ထွက်ခွာသွားကြသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters