အခန်း ၆၀၀
Vol. 60 Ch. 600
အခန်း (၆၀၀)
" ခမည်းတော် ကိုယ်တိုင်ရောက်လာတာ မယ်တော်နဲ့ အခြားသူတွေရော အဆင်ပြေကြရဲ့လား။ " ကျောက်ဖုန်းက လှေကားပေါ်တွင် ထိုင်ပြီး ပြုံး၍ မေးလိုက်သည်။
" မင်းရဲ့ မယ်တော်က မင်းကို အရမ်းစိတ်ပူနေတယ်။ ဒီတစ်ခါ ငါလာတာကိုလည်း သူမက ထောက်ခံတယ်။ ငါတို့သားအဖ ပေါင်းရင် အင်မော်တယ်ဘုံတစ်ခုလုံးကို သိမ်းပိုက်နိုင်လိမ့်မယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
ကျောက်ဖုန်း၏ အမြင်တွင် ရင်ကျန့်က နိုင်ငံခြောက်ခုကို သိမ်းပိုက်ရန် ပြင်ဆင်နေသော ယခင်က ချင်ဘုရင်နှင့် တူနေသည်။ ရင်ကျန့်အတွက် အင်မော်တယ်ဘုံကို သိမ်းပိုက်ခြင်းက နိုင်ငံခြောက်ခုကို ဖျက်ဆီးခြင်းထက် ပိုကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်သည်။
" အခုချင်က ကောင်းကင်နန်းတော်အဆင့်ကို တက်လှမ်းသွားပြီ။ ခမည်းတော်ပိုင်ဆိုင်တဲ့ အင်ပါယာကံကြမ္မာစွမ်းအားက တလျိုရွှေအင်မော်တယ်အဆင့်နဲ့ တိုက်ခိုက်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။
" တလျိုရွှေအင်မော်တယ် အရင် ချင်က ဒီလိုတည်ရှိမှုမျိုးကို အိပ်မက်တောင်မမက်ဖူးပေမယ့် အခုတော့ ငါက အဲ့ဒီစွမ်းအားကို ပိုင်ဆိုင်နေပြီ။ တလျိုက ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးနိုင်တယ်။ ဖုန်းအာ ဒီစကားက ချဲ့ကားပြောတာမဟုတ်ဘူးလို့ ငါခံစားရတယ်။ ငါ တလျိုရွှေအင်မော်တယ်အဆင့် စွမ်းအားကို သုံးပြီး လူသားဘုံကို တိုက်ခိုက်လိုက်ရင် အဲ့ဒါက ပျက်စီးသွားလိမ့်မယ်။ " ရင်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" အခုတော့ ခမည်းတော်နဲ့ သားတော်က ချင်ကို နည်းနည်းကာကွယ်ပေးနိုင်ပြီပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဖုန်းအာ မင်းရဲ့ စွမ်းအားက တလျိုရွှေအင်မော်တယ်အဆင့်ကို ကျော်လွန်သွားပြီလား။ " ရင်ကျန့်က မေးလိုက်သည်။
" သားတော်ရဲ့ လက်ရှိစွမ်းအားနဲ့ဆို တလျိုရွှေအင်မော်တယ် စဦးအဆင့်ကို သတ်ဖြတ်နိုင်လိမ့်မယ်။ အဲ့ဒီအဆင့်ထက် ကျော်လွန်သွားရင်တော့ သုံးတဲ့ နည်းလမ်းအပေါ်မှာပဲ မူတည်တော့တယ်။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။
" ဖုန်းအာ မင်းက တကယ်သန်မာတယ်။ " ရင်ကျန့်က ကျေနပ်စွာ ပြောလိုက်သည်။
" ခမည်းတော် ကံကြမ္မာစွမ်းအားလမ်းစဉ်က နက်နဲတယ်။ အခု ကောင်းကင်နန်းတော်၊ ပြီးရင် သူတော်စင်နန်းတော်၊ အင်မော်တယ်သူတော်စင်နန်းတော်။ ခမည်းတော်က သူတော်စင်တစ်ပါးရဲ့ စွမ်းအားကို ရရှိလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ချင်က အင်မော်တယ်ဘုံရဲ့ တစ်စိတ်တစ်ပိုင်းကို အုပ်ချုပ်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အင်း အခု အင်ပါယာကျောင်းတော်ကို တည်ထောင်ပြီးတော့ သိုင်းတာအိုကို ဖြန့်ဝေတယ်။ နောက်တစ်ဆင့်ကဘာလဲ။ " ရင်ကျန့်က မေးလိုက်သည်။
ကျောက်ဖုန်းက ဘာမှမပြောဘဲ လက်ဝှေ့ရမ်းလိုက်သည်။ လေထဲတွင် အလင်းစက်များ ထွက်ပေါ်လာပြီး အင်မော်တယ်ဘုံ၏ မြေပုံပေါ်လာသည်။
" တကယ်ကို အင်မော်တယ်ဘုံလို့ ခေါ်ထိုက်တယ်။ ဒီမြေပုံကို ကြည့်ရုံနဲ့ အင်မော်တယ်ဘုံက ဘယ်လောက်ကျယ်ဝန်းတယ်ဆိုတာ သိနိုင်တယ်။ အခု ငါတို့က အရှေ့တိုက်ကြီးမှာ ရှိနေတာ။ ဒါပေမယ့် ငါတို့ နယ်မြေက ဘယ်လောက်ကျယ်လဲ မသိသေးဘူး။ " ရင်ကျန့်က ပြောလိုက်သည်။
" ခမည်းတော် ဒါက အရှေ့တိုက်ကြီးက ချင်နယ်မြေပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ အလင်းကွင်းတစ်ခုက တောက်ပလာပြီး နယ်မြေတစ်ခုကို မှတ်သားလိုက်သည်။
" နယ်မြေသေးသေးလေးပဲ။ ဒါပေမယ့် လူဦးရေဘီလီယံချီရှိတယ်။ အရှေ့တိုက်ကြီးမှာ ငါတို့ လူသားမျိုးနွယ်တွေ ဘယ်လောက်တောင် ရှိနေတာလဲ။ " ရင်ကျန့်က အံ့ဩစွာဖြင့် ကြည့်လိုက်သည်။
သူက ယခင် ချင်က အရှေ့တိုက်ကြီး၏ တစ်ဝက် သို့မဟုတ် သုံးပုံတစ်ပုံကို သိမ်းပိုက်ခဲ့သည်ဟု ထင်ခဲ့သည်။ သို့သော် မြေပုံကို ကြည့်လိုက်သောအခါ သူတို့နယ်မြေက တစ်ရာခိုင်နှုန်းပင်မရှိသေးပေ။
" ရှေးဦးမူလခေတ်တုန်းက အရှေ့တိုက်ကြီးက အစည်ကားဆုံးနယ်မြေတစ်ခုဖြစ်ပြီး လူဦးရေ သုံးရာဘီလီယံကျော်ရှိခဲ့တယ်။ ဒါက တိုက်ကြီးတစ်ခုပဲ ရှိသေးတယ်။ အခြားတိုက်ကြီးမှာလည်း လူသားမျိုးနွယ်တွေ အများကြီးရှိတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အင်မော်တယ်ဘုံက တကယ် လူဦးရေထူထပ်တာပဲ။ " ရင်ကျန့်က ပြုံးပြီး ပြောလိုက်သည်။
" ခမည်းတော် ခုနက သိုင်းတာအိုဖြန့်ဝေပြီးရင် ဘာဆက်လုပ်မလဲလို့ မေးခဲ့တယ်မဟုတ်လား။ အဲ့ဒါက နယ်မြေချဲ့ထွင်ဖို့ပဲ။ " ကျောက်ဖုန်းက မြေပုံကို ကြည့်ပြီး လက်ဝှေ့ရမ်းလိုက်သည်။ မြေပုံပေါ်တွင် မျဉ်းကြောင်းတစ်ခု ပေါ်လာသည်။
" မင်းက အထက်ကို ဆက်မတိုက်ဘဲ အနောက်ဘက်ကနေ တောင်ဘက်တိုက်ကြီးကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာလား။ " ရင်ကျန့်က ချက်ချင်း နားလည်သွားသည်။
" အခု အရှေ့တိုက်ကြီးမှာက အခြေချနိုင်ရင် လုံလောက်ပြီ။ မြောက်ဘက်ကိုဆက်တိုက်ရင် ကောင်းကင်ဘုံက သတိထားမိသွားနိုင်တယ်။ ဒါပေမယ့် အနောက်ဘက်ကနေ တောင်ဘက်တိုက်ကြီးကို တိုက်ရင် ကောင်းကင်ဘုံရဲ့ အာရုံစိုက်မှုကို ရှောင်လွှဲနိုင်လိမ့်မယ်။ နောက်ပိုင်း ကောင်းကင်ဘုံက သတိထားမိသွားရင်တော့ သားတော်တို့က ဘာမှမချန်ဘဲ အပြည့်အဝ တိုက်ခိုက်လို့ရပြီ။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။
" မင်းရဲ့ အစီအစဉ်အတိုင်းပဲ လုပ်ပါ။ အခု ငါတို့ချင်ရဲ့ စခန်းတွေအားလုံးက အင်မော်တယ်ဘုံထဲဝင်လာပြီ။ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကို ကြောက်စရာမလိုဘူး။ " ရင်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။
ယခုအခါ ချင်စစ်သည်များက ယခင်နှင့်မတူတော့ဘဲ ကမ္ဘာငယ်တွင် နှစ်ပေါင်းများစွာ လေ့ကျင့်ထားကြပြီဖြစ်သည်။ ချင်စစ်စခန်းများတွင် ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့်အောက် မရှိတော့ဘဲ သိုင်းတာအိုနတ်အသွင်အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။
သူတို့သားအဖနှစ်ယောက် ဆွေးနွေးနေကြစဉ် ကျောက်ဖုန်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
" ဘာဖြစ်တာလဲ။ " ရင်ကျန့်ကလည်း ကျောက်ဖုန်း၏ အမူအရာကို သတိထားမိလိုက်သည်။
" တစ်ယောက်ယောက်က အိုးကိုးလုံးနဲ့ ဆက်သွယ်နေတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" အိုးကိုးလုံးနဲ့ ဆက်သွယ်နေတာလား။ " ရင်ကျန့်၏ အမူအရာကလည်း ပြောင်းလဲသွားသည်။ " အိုးကိုးလုံးက လူသားမျိုးနွယ်ရဲ့ အထွတ်အမြတ်ရတနာပဲ။ ဘယ်သူက ဆက်သွယ်နိုင်မှာလဲ။ "
" အိုးကိုးလုံးနဲ့ ဆက်သွယ်တယ်။ အဲ့ဒါက သားတော်တို့ လူသားမျိုးနွယ်က ဖြစ်ရမယ်။ " ကျောက်ဖုန်းက တစ်စုံတစ်ခုကို တွေးမိသွားပြီး ရေရွတ်လိုက်သည်။ " အတိတ်က လူသားဧကရာဇ်ပဲ။ "
" လူသားဧကရာဇ်လား။ " ရင်ကျန့်က မျက်လုံးပြူးသွားသည်။
" ခမည်းတော် အဲ့ဒါက တကယ် လူသားဧကရာဇ်ဆိုရင် ဒါက ကောင်းကင်က ပေးတဲ့ အခွင့်အရေးပဲ။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဒဏ္ဍာရီအရ လူသားဧကရာဇ်များက မီးတိမ်တိုက်လှိုဏ်ဂူတွင် နေထိုင်ခဲ့သည်ဟု ဆိုကြသော်လည်း အမှန်တော့ ရှေးဟောင်းသူတော်စင်များက သူတို့ကို အကျဉ်းချထားခြင်းဖြစ်သည်။ ယခုအချိန်တွင် ကောင်းကင်ဘုံ၊ ဗုဒ္ဓဂိုဏ်းနှင့် နတ်ဆိုးများက လူသားများကို အစာများအဖြစ် မွေးမြူနေကြသည်။ လူသားမျိုးနွယ်၏ ဧကရာဇ်များအနေဖြင့် ၎င်းကို ခွင့်ပြုနိုင်မည်မဟုတ်ပေ။
လူသားဧကရာဇ်တစ်ပါးစီက သူတော်စင်တစ်ဝက် အထွတ်အထိပ်အဆင့်တွင် ရှိကြသည်။ အနာဂတ်တွင် သူတို့က မီးတိမ်တိုက်လှိုဏ်ဂူမှ လွတ်မြောက်လာလျှင် လူသားမျိုးနွယ်က အင်အားကြီးသူများကို ပိုင်ဆိုင်ပေလိမ့်မည်။
" ဒါဆို လူသားဧကရာဇ်တွေက အင်မော်တယ်ဘုံမှာ အိုးကိုးလုံး ပေါ်လာတာကို ခံစားမိပြီး အိုးကိုးလုံးနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတာ ဖြစ်လိမ့်မယ်။ " ကျောက်ဖုန်းက ခန့်မှန်းလိုက်သည်။
" ဖုန်းအာ လူသားဧကရာဇ်တွေနဲ့ တိုက်ရိုက်ဆက်သွယ်လို့ရလား။ " ရင်ကျန့်က မေးလိုက်သည်။
" ရတယ်။ သားတော်က အိုးကိုးလုံးကို သန့်စင်ပြီးသားပဲ။ လူသားဧကရာဇ်တွေက အဲ့ဒါနဲ့ ဆက်သွယ်ချင်ရင် လုပ်လို့ရတယ်။ သားတော်ရဲ့ နတ်ဘုရားအာရုံကို အိုးကိုးလုံးရဲ့ နေရာလွတ်ထဲ ထည့်သွင်းလိုက်ရင် လူသားဧကရာဇ်တွေလည်း ဝင်လာလို့ ရလောက်တယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဒါဆို စမ်းကြည့်လိုက်ပေါ့။ တကယ် လူသားဧကရာဇ်ဆိုရင် ငါတို့အတွက် ကောင်းတဲ့ကိစ္စပဲ။ " ရင်ကျန့်က ပြောလိုက်သည်။
ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး သူ၏ နတ်ဘုရားအာရုံကို အိုးကိုးလုံးနှင့် ဆက်သွယ်လိုက်သည်။ ထို့နောက် သူ၏ နတ်ဘုရားအာရုံက အိုးကိုးလုံးထဲသို့ ဝင်ရောက်သွားပြီး ထိုနေရာတွင် ပုံရိပ်ရှစ်ခု ပေါ်လာသည်။
" ဒါ ငါတို့ လူသားမျိုးနွယ်ပဲ။ အခြားမျိုးနွယ်မဟုတ်ဘူး။ "
" ကောင်းတယ်။ အိုးကိုးလုံးက အခြားမျိုးနွယ်တွေရဲ့ လက်ထဲမရောက်တာ ငါတို့ လူသားမျိုးနွယ်အတွက် ကံကောင်းခြင်းပဲ။ "
" အင်း လူသားမျိုးနွယ်ရဲ့ လူငယ်လေးက အင်မော်တယ်လမ်းစဉ်ကို ကျင့်ကြံထားတာမဟုတ်ဘူးပဲ။ "
လူသားဧကရာဇ်များ၏ အကြည့်များက ကျောက်ဖုန်း၏ နတ်ဘုရားအာရုံပေါ်သို့ ကျရောက်သွားသည်။ သူတို့၏ မူလခန္ဓာကိုယ်များ ဆင်းသက်လာခြင်းမရှိသော်လည်း ကျောက်ဖုန်း၏ နတ်ဘုရားအာရုံက ကွဲပြားနေသည်ကို သတိထားမိသွားကြသည်။
" ကျောက်မျိုးနွယ်ရဲ့ ရင်ဖုန်းက လူသားဧကရာဇ်တို့ကို ဂါရဝပြုပါတယ်။ " ကျောက်ဖုန်းက သူ၏ ရှေ့မှ ပုံရိပ်များကို ကြည့်ပြီး ချက်ချင်း မှတ်မိလိုက်သည်။
လူသားမျိုးနွယ်၏ မဟာဧကရာဇ်သုံးပါးနှင့် ဧကရာဇ်ငါးပါး။ သူတို့က လူသားမျိုးနွယ်ကို ဦးဆောင်ကာ ဒုက္ခများထဲမှ တစ်ဆင့်ပြီးတစ်ဆင့် ဆွဲခေါ်ပြီး အသန်မာဆုံးမျိုးနွယ်ဖြစ်လာအောင် ကြိုးစားခဲ့သူများဖြစ်ကြသည်။ သူတို့က ကျောက်ဖုန်း၏ လေးစားမှုနှင့် ထိုက်တန်ပေသည်။
" ကျောက်ရဲ့ ရင်ဖုန်း မျိုးရိုးနာမည်ရှိတာပဲ။ စိတ်ဝင်စားစရာပဲ။ "
" ဟားဟား ငါတို့လူသားမျိုးနွယ်ဖြစ်နေသရွေ့ ဘာမှမဖြစ်ဘူး။ အိုးကိုးလုံးက အခြားမျိုးနွယ်တွေရဲ့ လက်ထဲမရောက်သွားတာ ကောင်းတဲ့ ကိစ္စပဲ။ "
" အစက အိုးကိုးလုံး အင်မော်တယ်ဘုံမှာ ပေါ်လာတာကို ခံစားမိတော့ အခြားမျိုးနွယ်ရဲ့ လက်ထဲ ရောက်သွားပြီလို့ ထင်ခဲ့တာ။ အခုတော့ အဲ့လိုမဟုတ်တာ သိရတော့ တော်ပါသေးတယ်။ "
" ကောင်လေး မင်း ဘယ်လမ်းစဉ်ကို ကျင့်ကြံတာလဲ။ မင်းရဲ့ နတ်ဘုရားအာရုံက အင်မော်တယ်ဝိညာဉ်အဖြစ် ဘာလို့မပြောင်းလဲတာလဲ။ " လူသားဧကရာဇ်များက ကျောက်ဖုန်းကို သိလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။
" လူသားဧကရာဇ်တို့ ဂျူနီယာက ကိုယ်တိုင်ဖန်တီးထားတဲ့ သိုင်းတာအိုလမ်းစဉ်ကို ကျင့်ကြံနေတာပါ။ ဒါက အင်မော်တယ်လမ်းစဉ်မဟုတ်ပါဘူး။ ဒါက လူသားမျိုးနွယ်အတွက် ဂျူနီယာကိုယ်တိုင် ဖန်တီးထားတာပါ။ " ကျောက်ဖုန်းက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။