ရှေးဟောင်းနတ်ဘုရားယဇ်ပလ္လင်
Vol. 98 Ch. 1352
“နင် သူမကို ဒဏ်ရာအပြင်းအထန် ရစေခဲ့တယ်။ ဒါ့ကြောင့် တန်ဖိုးတစ်ခု ပြန်ပေးဆပ်စေရမယ်…”
ဝမ်လင်း၏အသံမှာ အေးစက်၏။ သူက လက်ထဲဆုပ်ကိုင်ထားသော ကင်းမြှီးကောက်ကို ထပ်မံ ပစ်လွှတ်ပြန်သည်။ သူ ကိုင်ထားသော အမြှီးနှစ်ချောင်းမှာ ရုတ်တရက် စုတ်ပြဲသွားပြီး ကင်းမြှီးကောက်ခန္ဓာကိုယ်မှာ လေဟာနယ်အတွင်း ပြိုလဲကျ၏။ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ကျိုးပျက်နေသောအစိတ်အပိုင်းများစွာ ရှိနေပြီး သွေးများနေရာအနှံ့တွင် စီးကျနေသည်။
၎င်းခန္ဓာကိုယ် ကျရောက်လာသည်နှင့် ခြင်သားရဲဘုရင်သည် ခပ်စူးစူးအော်မြည်သံ ပြုကာ အရူးအမူး တိုးဝင်လာ၏။ အနားရောက်လာသည့်အခါ ၎င်း၏ကြီးမားသောပါးစပ်ကြီးဖြင့် ကင်းမြှီးကောက်၏ခန္ဓာကိုယ်ပေါ်ရှိ အက်ကြောင်းကို ထိုးစိုက်ချကာ စုပ်သွင်းလိုက်၏။ ၎င်းပုံစံက စိတ်လှုပ်ရှားနေဟန် ပေါ်သည်။
ထိုကဲ့သို့ ပြုလုပ်ပြီးသည့်နောက် ကျန်သည့်ခြင်သားရဲငါးထောင်မှာလည်း တရကြမ်း ထွက်လာကာ ကင်းမြှီးကောက်ကို ဝန်းရံသည်။ ၎င်းတို့၏ချွန်မြမြနှုတ်သီးများဖြင့် ထိုးစိုက်ကာ စတင် စုပ်ယူတော့သည်။ ကင်းမြှီးကောက်အော်သံသည် စိတ်မချမ်းမွေ့ဖွယ် ကောင်းလှ၏။ ၎င်းက အသက်ရှင်ဖို့ ရုန်းကန်နေသည့်အလား။ သို့သော် ထိုရုန်းကန်မှုသည် အားနည်းကာ ခြင်သားရဲငါးထောင်၏ စုပ်ယူခြင်းကို ရပ်တန့်နိုင်ခြင်း မရှိပေ။
ထိုမြင်ကွင်းကြောင့် ဝမ်လင်းပင် သူ့ဦးရေပြား ထုံထိုင်းသွားသလို ခံစားမိရ၏။
ဧရာမကင်းမြှီးကောက်၏ ခန္ဓာကိုယ်ရှိ သွေးများအားလုံး ဆုံးရှုံးကာ သွေ့ခြောက်သွားဖို့ စက္ကန့်ပိုင်းမျှသာ ကြာ၏။ ထိုကင်းမြှီးကောက်၏ တာအိုနားလည်မှုပင် ပြန့်ကြဲသွားကာ ခြင်သားရဲများ၏ စုပ်ယူခြင်း ခံလိုက်ရသည်။
ခြင်သားရဲဘုရင်သည် စူးရှရှာအော်သံပြု၏။ ၎င်းက ကျေနပ်နေသည့်ပုံပင်။ ၎င်း၏ခန္ဓာကိုယ်သည် တုန်ရီကာ ၎င်း၏ကျင့်ကြံမှုအဆင့်မှာ များစွာ တိုးလာ၏။ ခြင်သားရဲဘုရင်သာမက ကျန်သည့်ခြင်သားရဲငါးထောင်မှာလည်း စိတ်လှုပ်ရှားစွာ အော်ဟစ်ကြသည်။
သားရဲများ၏သွေးနှင့်သူတို့၏အဆီအနှစ်များကို စုပ်ယူပြီးသည့်နောက် ခြင်သားရဲများသည် သွေးရူးသွေးတန်း ဖြစ်လာကြသည်။ ခုချိန်တွင် ၎င်းတို့သည် ဖြန့်ကြဲကာ သားရဲများနောက် လိုက်လံနေ၏။ ဖမ်းမိသည်နှင့် ထိုသားရဲမှာ ခြောက်ကပ်သွားသည့်အထိ ခြင်သားရဲ၏ စုပ်ယူခြင်းကို ခံနေရသည်။
ဝမ်လင်းသည် ခြင်သားရဲများထံမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဧရာမကင်းမြှီးကောက်အနား ရောက်လာ၏။ သူ့ဘယ်လက်ကို ဝေ့ယမ်း၍ ကျန်သည့်အမြှီးခုနစ်ချောင်းကို ဖျက်စီးပစ်လိုက်သည်။ သူက ပါးစပ်ဟကာ အပြာရောင်မီးတောက်တစ်ခုကို ထွေးထုတ်၍ ထိုအမြှီးများကို မီးလောင်တိုက်သွင်းသည်။
မီးလောင်ကျွမ်းနေစဉ် သူ့မျက်လုံးထဲတွင် အတားအဆီးများ တဖျပ်ဖျပ် ဖြစ်ပေါ်ပြီး ထိုအမြှီးများပေါ် ကျရောက်၏။ ခဏအကြာတွင် အမြှီးကိုးချောင်းမှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီးနောက် ဝမ်လင်းက သူ့သိုလှောင်နေရာလွတ်ထဲ ထည့်သိမ်းလိုက်လေသည်။
ထို့နောက် သူ့ဘယ်လက်သီးဖြင့် ကင်းမြှီးကောက်ခေါင်းကို ထိုးချလိုက်ရာ ခေါင်းပေါက်ကွဲထွက်သွားပြီး လက်သီးစုပ်ခန့်အနက်ရောင်အမြုတေတစ်ခု ပေါ်လာ၏။ ထိုအမြုတေအတွင်း၌ ဝတ်စုံနက်အမျိုးသမီး၏ ပုံရိပ်မှာ တဖျပ်ဖျပ် ပေါ်နေသည်။ သူမ၏မျက်နှာထက်တွင် ထိတ်လန့်မှုတို့အထင်းသား ပြည့်နှက်လျက် ရှိ၏။
အဆင့်ဆယ့်သုံးသားရဲတစ်ကောင်သည် လူသားအသွင် ပြောင်းလဲနိုင်ပါက ဘဝနှစ်ခုရှိသည်နှင့် တူပေ၏။ ၎င်းတို့၏သားရဲခန္ဓာကိုယ် ပျက်စီးသွားလျှင်ပင် ခန္ဓာကိုယ်အတွင်း၌ မူလစိတ်ဝိညာဉ်တစ်ခု ရှိလို့နေဆဲသာ။
ဝမ်လင်း အနက်ရောင်အမြုတေကို ထုတ်ယူလိုက်စဉ် ထိုအမျိုးသမီးသည် ကြောက်လန့်တကြား ဖြစ်နေ၏။ ဝမ်လင်းမျက်လုံးထဲတွင်တော့ အေးစက်မှုများသာ။ သူ့နတ်ဘုရားအာရုံသည် ထိုအမြုတေထံ တရကြမ်း တိုးဝင်ကာ အရာရာကို ချိုးဖျက်ပြီး သူမ၏မှတ်ဉာဏ်များကို စတင် ရှာဖွေသည်။
ဝမ်လင်းသည် တဖြည်းဖြည်းဖြင့် သူမ၏ဘဝတစ်ခုလုံးကို တွေ့မြင်လာရသည်။ သူသည် လွန်ခဲ့သောနှစ်ပေါင်းမရေမတွက်နိုင်သောအချိန်တုန်းက သည်ကင်းမြှီးကောက်မှာ အဆင့်ခုနစ်သာ ရှိသေးကြောင်း တွေ့၏။ သို့သော် ထိုကင်းမြှီးကောက်သည် အခွင့်အရေးတစ်ခုကြောင့် အမျိုးသမီးတစ်ယောက်နှင့် တွေ့ခဲ့၏။ ထိုအမျိုးသမီးသည် ဒီကင်းမြှီးကောက်ကို သူမ၏ညာလက်ဖြင့် ညွှန်ကာ အမှတ်အသားတစ်ခု ချန်ခဲ့ပြီး စကားတစ်ခွန်း ဆိုခဲ့သည်။
“ဉာဏ်ရည်ပိုင်ဆိုင်တဲ့ သားရဲလေး။ ငါ နင့်ကို ခရမ်းသွေးလို့ နာမည်ပေးမယ်။ ငါ့သားရဲဗိုလ်ချုပ်တွေထဲက တစ်ယောက် ဖြစ်လာပြီး ငါ့ ကုသမှုကို ကူညီပေးရမယ်…”
ထိုအမျိုးသမီး၏ပုံရိပ်သည် ဝေဝေဝါးဝါးသာ။ သူမအသွင်က ရှင်းရှင်းလင်းလင်း ရှိမနေပေ။ ကင်းမြှီးကောက်၏ မှတ်ဉာဏ်များထဲတွင်တော့ ၎င်းက ထိုအမျိုးသမီးအပေါ် အလွန်လေးစားသမှု ထား၏။
မှတ်ဉာဏ်များ တဖျပ်ဖျပ် ဖြစ်နေ၏။ သူ ဆက်လက်ရှာဖွေနေရင်း သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူသည် လူသားအသွင်ပြောင်းနိုင်သော သားရဲများ စုစုပေါင်း (၁၉)ကောင်ရှိကြောင်း သိလာခဲ့၏။
သူက သည်အက်ကြောင်း၏အရွယ်အစားမှာလည်း အတောမသပ်၊အကန့်အသတ်မဲ့သည်ကိုလည်း ရှာတွေ့ခဲ့၏။ ထိုသားရဲများသည်ပင် သည်အက်ကြောင်းမည်မျှ နက်သည်ကို မသိထားကြပေ။ သူတို့သည် အက်ကြောင်းအတွင်းနက်ပိုင်းတွင် အစွမ်းထက်သားရဲများ ရှိသည်ကိုသာ သိထားပြီး ယင်းသို့ အစွမ်းထက်သားရဲများကလည်း လွယ်လွယ်ထွက်မလာတတ်ပေ။ သို့ပေမည့် ယင်းသားရဲများ ထွက်လာခဲ့လျှင်တော့ မုန်တိုင်းထန်သွားပေမည်။
အက်ကြောင်း၏မူလအစကိုတော့ သည်ဝတ်စုံနက်အမျိုးသမီး(ဝါ)အဆင့်ဆယ့်သုံးကင်းမြှီးကောက်ပင် သိမထားပေ။ သူမသည် သည်နေရာတွင် သူမ စတင်မွေးဖွားခဲ့သည်ကိုသာ သိ၏။
ဝမ်လင်းသည် ဟင်းလင်းပြင်အက်ကြောင်းအတွင်းနက်ပိုင်း၌ တားမြစ်ဧရိယာတစ်ခု ရှိမှန်းလည်း သိရှိလာခဲ့သည်။ ကင်းမြှီးကောက်က လေးစားသော အမျိုးသမီးဖြစ်သူမှာ ထိုနေရာတွင် ဒဏ်ရာကုသနေတာ အချိန်ကြာလွန်းခဲ့လေပြီ။
ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းကာ စတင် စဉ်းစားသည်။ သူသည် ထိုနေရာသည် နတ်ဆိုးကလန်က တွေးထင်ထားသကဲ့သို့ ပြင်ပနယ်မြေနှင့် ချိတ်ဆက်ထားသောနေရာမဟုတ်ဟု နားလည်သွားသည်။ သို့သော် ထိုတားမြစ်နေရာသည် ဆန်းကြယ်သောနေရာတစ်ခုတော့ ဖြစ်သည်သာ။
အချို့အကြောင်းပြချက်များကြောင့် ဝမ်လင်းသည် ကင်းမြှီးကောက်၏မှတ်ဉာဏ်များကို ရှာဖွေပြီးနောက် သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်ချိန်တွင် သူသည် လေကောင်းကင်ဘုံနယ်မြေထဲရှိ ဟင်းလင်းပြင်အက်ကြောင်း တွေးမိသွားသည်။ သူသည် ဧရာမခြင်သားရဲဘုရင်သည် ထိုအက်ကြောင်းအတွင်းမှ ထွက်လာရန် ရုန်းကန်ကာ တဖက်ရှိ ခြင်သားရဲများနှင့်သာ ပြည့်နှက်နေသော ဗရမ်းဗတာလောကသို့ ထွက်လာရန် ကြိုးစားခဲ့သည်ကို ပြန်မှတ်မိသည်။
“ဒီနေရာနှစ်ခုဟာ ချိတ်ဆက်မှုတစ်ခုခုများ ရှိနေမလား…” ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ထိုအကြောင်းကို ဆက်မတွေးတော့ပေ။ ထိုအစား သူသည် ထွက်ပေါက်ရှိရာသို့လှည့်၍ အလျင်စလို ထွက်လာတော့သည်။
ဝမ်လင်းသည် ဤနေရာမှာ ပြင်ပနယ်မြေသို့ ဦးတည်တာ မသေချာမှတော့ သူသည် ဒီနေရာတွင်ထပ်ပြီး အချိန်ဖြုန်းမနေတော့ပေ။ သူက နတ်ဆိုးကလန်သို့ တက်နိုင်သမျှ အလျင်စလို ပြန်ပြီး ချိပ်ပိတ်နယ်မြေအစီအရင်ထံ သွားရောက်ပေမည်။ သူက ထိုအစီအရင်ကို ချိုးဖျက်နိုင်မည့် နည်းလမ်းတစ်ခုရှကာ ပြင်ပနယ်မြေရှိ တာအိုသခင်အိပ်မက်ပြာကို သွားရှာမည် ဖြစ်သည်။
အစပိုင်းတွင် သားရဲများသည် ဝမ်လင်းနောက် လိုက်လံလာသေး၏။ သို့သော် ခုချိန်တွင် သူက သားရဲတစ်ကောင်ပြီးတစ်ကောင်ကို အမဲလိုက်ပစ်၏။ သူက အစုလိုက်အပြုံလိုက် သတ်ဖြတ်လျက် ထွက်ပေါ်သို့ မြန်သထက်မြန်မြန် သွားနေသည်။
ဝမ်လင်းသည် အချိန်စီးဆင်းခြင်းမန္တာန်ကို မရပ်တန့်ပစ်ဘဲ ဆက်တိုက်အသက်သွင်းထားပြီး လီချန်မေ၏အသက်ဓာတ် ကွယ်ပျောက်နေခြင်းကို တားဆီးထားသည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဝမ်လင်းသည် တရကြမ်း လာနေရင်း ခြင်သားရဲများကြောင့် သားရဲများလည်း တစ်ကောင်ပြီးတစ်ကောင် သေဆုံးကုန်ကြ၏။ သွေးဓားကလည်း ဝမ်လင်းကို ဝန်းရံထားရာကနေ သားရဲတစ်ကောင်ကို ထောက်လှမ်းမိသည်နှင့် တိုးဝင်သွားသည်။
ယဉ်ပါးသွားသော ကိုးခုအသူတရာချောက်နဂါးကမူ ထွက်ပြေးသွားတာ ကြာပြီ ဖြစ်ကာ ၎င်း၏အရိပ်အယောင်ပင် မကျန်တော့ပေ။
ဝမ်လင်းသည် တဖြည်းဖြည်းဖြင့် ကျောက်စိမ်းပြားပေါ်ရှိ မြေပုံအရ ထွက်ပေါက်နား ချဉ်းကပ်လာနေ၏။ သို့ရာတွင် သူသည် သူ့အချိန်စီးဆင်းခြင်းမန္တာန်မှာ လီချန်မေ၏အသက်ဓာတ်ဆုံးရှုံးမှုကို နှေးရုံသာနှေးစေပြီး မရပ်တန့်နိုင်သည့်အတွက်ကြောင့် တဖြည်းဖြည်း စိတ်ပူပန်လာ၏။ သူ ပိုနှေးလေလေ သူမ အသက်ရှင်နိုင်ဖို့ အခွင့်အရေးမှာ နည်းပါးလေ မဟုတ်လား။
သို့ရာတွင် ဝမ်လင်းသည် အရင်က ချိပ်ပိတ်နယ်မြေအစီအရင်ကို မြင်ခဲ့ဖူး၏။ သူသည် ၎င်းကို ဖွင့်လှစ်ဖို့အတွက် ယုံကြည်မှု သိပ်မရှိပေ။
“နတ်ဘုရားပြစ်ဒဏ်ဟာ ဒီဟင်းလင်းပြင်အက်ကြောင်းထဲမှာမို့ ဆင်းသက်မလာခဲ့ဘူး…။ ဒါပေမဲ့ ငါ ထွက်သွားတာနဲ့ ဒီပြစ်ဒဏ်ဆင်းသက်လာလိမ့်မယ်လို့ ငါ ခံစားမိနေတယ်။ ဒီနတ်ဘုရားပြစ်ဒဏ်ရဲ့ စွမ်းအားဟာ ချိပ်ပိတ်နယ်မြေအစီအရင်ကို ချိုးဖျက်နိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်မှာပါ…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက်ဖြစ်လျက် သူသည် ပိုမြန်ဆန်စွာ ပျံသန်းလာနေသည်။
သို့ရာတွင် သူသည် လမ်းတစ်ဝက်ကျော်ရောက်လာပြီး ထွက်ပေါက်နှင့် နီးလာချိန်တွင် တိုးညင်းသောအသံတစ်ခု သူ့ထံ တိုးဝင်လာသည်။
“နင်က ငါ့ရဲ့ သားရဲဗိုလ်ချုပ်တွေထဲက တစ်ယောက်ကို သတ်ပြီးတော့ အခုလိုမျိုး အလျင်စလို ထွက်သွားနေတာပဲ။ နင် ငါ့ကို ရှင်းပြချက်တစ်ခု ပေးဖို့ လိုတယ်...”
ထိုအသံသည် အလွန်တည်ငြိမ်သည်။ သို့သော် ယင်းအသံ ထွက်ပေါ်လာသည်နှင့် ပေါက်ကွဲထွက်လာ၏။ ဝမ်လင်းသည်ပင် ယင်းအသံကို အစပိုင်းတွင် သတိမပြုမိပေ။ ထိုအသံ သူ့နားထဲ ဝင်ရောက်လာချိန်တွင် သူသည် ရုတ်တရက် ရပ်ကာ လှည့်ကြည့်၏။
သူ့နောက်တွင် ဘယ်အချိန်ကမှန်းမသိရဘဲ အမျိုးသမီးတစ်ယောက် ပေါ်လာ၏။ သူမသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်နေသည်။ သူမ၏မျက်လုံးထဲတွင် ကြယ်များ ပါဝင်နေဟန်ရပြီး မမြင်ရသောဝဲကတော့တစ်ခုလို ဖြစ်ပေါ်နေသည်။
“သင်က ဘယ်လိုရှင်းပြချက်ကို လိုအပ်တာလဲ…” ဝမ်လင်း၏အမူအရာသည် ပုံမှန်ပင်။ သို့သော် သူ့မျက်လုံးသူငယ်အိမ်မှာ ကျုံ့သွား၏။သူ့ဘယ်လက်ကို လေဟာနယ်အတွင်း ဆန့်ထုတ်သည်။ မွန်းစတားဆန်သော အနီရောင်အလင်း ဖျပ်ခနဲ ပေါ်ကာ သွေးဓား ပေါ်လာသည်။
ထိုအမျိုးသမီး၏အကြည့်က သွေးဓားပေါ်သို့ ကျရောက်၏။ သူမ၏မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်ကာ တိုးညင်းစွာ ပြောလာသည်။ “ငါ ဒီဓားကို သိတယ်။ ဒီဓားဟာ တစ်ခါတုန်းက ကောင်းကင်ဘုံအင်ပါယာကို ဒဏ်ရာ ရစေခဲ့ဖူးတယ်။ နင်က ဒီဓားရဲ့အစွမ်းကို သုံးနိုင်တယ်ဆိုတော့ တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါးပဲ ဖြစ်ရမယ်…”
ဝမ်လင်းသည် ထိုအမျိုးသမီးကို စူးစိုက်ကြည့်ကာ သတိထားနေ၏။ သူမရှေ့ရှိ အမျိုးသမီးမှာ သန်မာသည်ဟု မခံစားရစေပေ။ သို့သော် သူက သူ မြင်နေရသော ထိုအမျိုးသမီးမှာ အစစ်အမှန်ခန္ဓာကိုယ်မဟုတ်ဘဲ ကိုယ်ပွားတစ်ခုဟု ခပ်ရေးရေး ခံစားမိသည်။
ထိုအမျိုးသမီးသည် သူမ၏ဆံပင်ကို သပ်ကာ ညင်သာစွာ ပြောလိုက်၏။ “စိတ်မပူနဲ့။ ငါ့မူလခန္ဓာကိုယ်ဟာ ဒဏ်ရာ ကုသနေတာ။ ဒါ့ကြောင့် ငါ့ကိုယ်ပွားနဲ့ပဲ ရောက်လာခဲ့တာ။ ဒီကိုယ်ပွားဟာ ကောင်းကင်ဘုံဒုက္ခအဆင့်ဆိုပေမယ့် နင့်ကိုတော့ တားဆီးနိုင်စွမ်း မရှိသလို ငါလည်း နင့်ရဲ့ ရန်သူ မဖြစ်ချင်ဘူး…”
ဝမ်လင်းသည် စကားတစ်ခွန်းမှ မဆိုပေ။ သို့သော် သူ့ဘယ်လက်ဖြင့် သွေးဓားကိုတော့ တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်သာ။
ထိုအမျိုးသမီးသည် ဝမ်လင်းကို ကြည့်ကာ ပြော၏။ “ငါက ကောင်းကင်ဘုံအင်ပါယာရဲ့ ကိုယ်လုပ်တော်တွေထဲက တစ်ယောက်ပဲ။ ငါ့နာမည်က လတစ်။ နင့်ဘေးနားက အမျိုးသမီးရဲ့ အသက်ဓာတ်ဟာ ကုန်ခမ်းတော့မှာ။ နင့်ကို ကြည့်ရတာ သူမရဲ့အသက်ဓာတ်ကို ပြန်ယူဆောင်နိုင်မယ့် နည်းလမ်းတစ်ခုခု ရှိတဲ့ပုံပဲ။ ငါ နင့်ကို ဒီနေရာမှာ နေရအောင် မလုပ်နိုင်ပေမဲ့ ဒီအမျိုးသမီးရဲ့ အသက်ဓာတ်လုံးဝ ပျောက်ကွယ်သွားတဲ့အချိန်ထိ နင် ထွက်မသွားနိုင်အောင်တော့ ငါ တားဆီးနိုင်တယ်…”
ဝမ်လင်း၏အမူအရာသည် ပုံမှန်အတိုင်းပင်။ သို့သော် သူ့တည်ငြိမ်သောမျက်လုံးထဲတွင်တော့ ပြတ်သားမှု ပြည့်သည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “သူမသာ သေသွားခဲ့ရင် ငါ ဒီနေရာကနေ ထွက်သွားမှာ မဟုတ်ဘူး။ အဲ့အစား နင် ဒဏ်ရာကုသနေတဲ့ နေရာထိ တစ်လျှောက်လုံး သတ်ဖြတ်လာရင်း နင့်ကို လာသတ်မယ်…”
“နင် ကြိုးစားကြည့်နိုင်တယ်…”
ထိုအမျိုးသမီး၏မျက်လုံးထဲတွင် လေးစားသည့်အရိပ်အယောင် ဖြစ်ပေါ်သွားသည်။ သူမက ပြုံး၍ ဆို၏။ “ဒါ တကယ် ဖြစ်နိုင်တယ်။ ဒီလိုဆိုရင်ရော…ငါ နင့်ကို ဒီနေရာကနေ ခုချက်ခြင်း ထွက်သွားလို့ ရအောင် လုပ်ပေးပြီး ဒီအမျိုးသမီးအတွက် အချိန်ပိုရအောင် လုပ်ပေးမယ်။ ဒါပေမဲ့ နင်က ငါ့အတွက် ကတိတစ်ခုတော့ တည်ရမယ်…”
“ဘာကတိလဲ…” ဝမ်လင်းသည် မျက်မှောင်ကြုတ်သွား၏။
ထိုအမျိုးသမီးသည် ဝမ်လင်းကို ကြည့်ကာ နူးညံ့စွာ ပြောလိုက်၏။ “နင် ဒီအမျိုးသမီးကို ကယ်တင်ပြီးရင် ဒီကိုပြန်လာပြီး ငါ့ ဒဏ်ရာကုသမှုကို ကူညီပေးရမယ်။ ဒီဟင်းလင်းပြင်အက်ကြောင်းအနက်ပိုင်းက ဘာလဲဆိုတာ ငါ မသိဘူး။ ဒါပေမဲ့ ရှေးဟောင်းနတ်ဘုရားယဇ်ပလ္လင်တစ်ခု ရှိတာတော့ ငါ သိထားတယ်။ နင့်ကို ဒဏ်ရာ ကုသဖို့ ကူညီပေးရင် နင် ဒီရှေးဟောင်းနတ်ဘုရားယဇ်ပလ္လင်ရအောင် ပြန်ကူညီပေးမယ်။ နင်က ရှေးဟောင်းနတ်ဘုရားယဇ်ပလ္လင်ဟာ ဘာလဲဆိုတာ သိလိမ့်မယ်လို့ ငါ ထင်တယ်။ ငါ နင်နဲ့ ရန်သူတွေ ဖြစ်မလာဘူးဆိုတဲ့ တာအိုပဋိညာဉ်လည်း ချုပ်ဆိုပေးနိုင်တယ်…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက ရှေးဟောင်းနတ်ဘုရားယဇ်ပလ္လင်ကို မသိပေ။ သို့သော် ထိုအမျိုးသမီးအကြည့်အရ သူသည် သူမ ပြောသည့်အတိုင်း လုပ်မည်ဟု ယုံကြည်မှု ရှိနေပုံ ရသည်။
“ ဘာကြောင့် ငါ့ကို ရွေးတာလဲ…”
“ဘာလိုလဲဆိုတော့ နင်က တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်နေလို့…”
“ဘာလို့လဲဆိုတော့ နင်က ကောင်းကင်ဘုံအင်ပါယာကို ဒဏ်ရာ ရစေခဲ့ဖူးတဲ့ သွေးဓားကို ထိန်းချုပ်နိုင်လို့…”
“ဘာလို့လဲဆိုတော့ နင့်ရှိမှာ ငါနဲ့ ရင်းနှီးတဲ့ တစ်စုံတစ်ယောက်ရဲ့ အော်ရာ ပိုင်ဆိုင်ထားလို့။ နင်က သူ့ရဲ့ အသိအမှတ်ပြုမှုကို ရရှိထားတယ်လို့ ငါ ယူဆထားလို့ပဲ…”
“ဘာလို့လဲဆိုတော့ နင့် ခန္ဓာကိုယ်ထဲမှာ အနှစ်သာရငါးခု ရှိနေလို့။ နင့် အနှစ်သာရငါးခုသာ ပြီးပြည့်စုံသွားရင် နင်ဟာ ကောင်းကင်ဘုံအင်ပါယာနဲ့ ယှဉ်တိုက်ခိုက်နိုင်လိမ့်မယ်…”
“နင်နဲ့ သဘောတူညီမှု ရပြီး မဟာမိတ်ဖွဲ့ဖို့အတွက် ငါ့မှာ အကြောင်းပြချက်တွေ အများကြီး ရှိတယ်။ ငါတို့သာ မဟာမိတ်ဖြစ်သွားခဲ့ရင် ငါက နင့်ကို အကျိုးအမြတ်တွေ ပေးနိုင်တယ်…”
ထိုအမျိုးသမီးသည် ဤသို့ ပြောနေရင်း ဝမ်လင်းကို ကြည့်နေသည်။
ဝမ်လင်း၏အမူအရာသည် ပြောင်းလဲမသွားပေ။ သူ ဘာတွေးနေသည်ကို ပြောရန် မဖြစ်နိုင်ပေ။
ထိုအမျိုးသမီးသည် ပြုံး၍ သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ အဖြူရောင်အလင်းတန်းတစ်ခု ဝမ်လင်းထံ ပျံသန်းဝင်လာသည်။
“ဒီကျောက်စိမ်းပြားနဲ့ဆိုရင် နင်က ဘယ်နေရာကနေပဲ ဖြစ်ဖြစ် ဒီဟင်းလင်းပြင်အက်ကြောင်းထဲ ဝင်နိုင်သလို ပြန်လည်းထွက်နိုင်တယ်။ ငါ နင့်ကို စောင့်နေမယ်…”
ထိုအမျိုးသမီးသည် စကားစသပ်ပြီးနောက် နောက်လှည့်ကာ ပျောက်ကွယ်သွားတော့သည်။ သူမသည် ဝမ်လင်းကို ကျောက်စိမ်းပြားတစ်ခု လာပေးရုံသပ်သပ် ဖြစ်နေသည့်အလား။
ကျောက်စိမ်းပြားကို ယူဆောင်ကာ ဝမ်လင်းသည် ထိုအမျိုးသမီး ပျောက်ကွယ်သွားသောနေရာသို့ ကြည့်ကာ မျက်မှောင်ထပ်ကြုတ်မိသည်။
“သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ရှေးဟောင်းနတ်ဘုရားယဇ်ပလ္လင်ကရော ဘာလဲ…”
စဉ်းစားနေလျက် ဝမ်လင်း၏နတ်ဘုရားအာရုံသည် သူ့လက်ထဲရှိ ကျောက်စိမ်းပြားထံ ဝေ့ခတ်သွား၏။ ကျောက်စိမ်းပြားမှာ အလွန်ရိုးရှင်း၏။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုသာ။ သို့သော် ၎င်းသည် အလွန်ရှုပ်ထွေးလွန်းသည်။ သို့ပေမည့် ဝမ်လင်း၏အတားအဆီးပညာရပ်အပေါ် နားလည်မှုဖြင့် သူက ထိုကျောက်စိမ်းပြားသည် အန္တရာယ်မရှိမှန်းကို မြင်နိုင်ပေသည်။
အနည်းငယ် စဉ်းစားလိုက်ပြီးနောက် သူက သူ့နတ်ဘုရားအာရုံ အမျှင်တန်းတစ်ခုကို ကျောက်စိမ်းပြားထဲရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ဝင်ရောက်စေလိုက်သည်။ သူ့နတ်ဘုရားအာရုံသည် ဖျပ်ခနဲ ပျောက်ကွယ်သွားပြီးနောက် ဟင်းလင်းပြင်အက်ကြောင်း ဝင်ပေါက်တွင် ပြန်ပေါ်လာတော့သည်။
မည်သည့်အန္တရာယ်မှ မရှိသည်ကို သေချာဆုံးဖြတ်ပြီးနောက် ဝမ်လင်းသည် ထိုအမျိုးသမီးအပေါ် သံသယဝင်မှုကို ဖိနှိပ်ထားလိုက်၏။ ထို့နောက် သူသည် ကျောက်စိမ်းပြားထံမှ ဖျပ်ခနဲ လင်းလက်မှုနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
ဟင်းလင်းပြင်အက်ကြောင်းအတွင်းနက်ပိုင်းတွင် အနီရောင်သလင်းကျောက် ဆဠဂံလောကတစ်ခု ရှိနေ၏။ ထိုလောကသည် မှောင်မိုက်လျက် ရှိ၏။ သလင်းကျောက်သည် ပေတစ်ရာလောက် ရှိသည်။ ၎င်းသည် ရေခဲတစ်ခုနှင့်ပင် တူနေသေး၏။ ထိုသလင်းကျောက်အတွင်း၌ အမျိုးသမီးတစ်ယောက် ထိုင်လျက် ရှိနေသည်။
ထိုအမျိုးသမီး၏ မျက်တောင်များမှာ တုန်ရီလာပြီး သူမသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူမ၏အကြည့်သည် သလင်းကျောက်ကို ဖြတ်သန်းကာ လေဟာနယ်အတွင်းသို့ ကျရောက်သွားသည်။ မည်သူကမျှ သူမ ဘာတွေးနေသည်ကို သိနိုင်လိမ့်မည် မဟုတ်ပေ။
***