← Chapters

နတ်ဘုရားပြစ်ဒဏ် ရောက်ရှိလာပြီ။

Vol. 99 Ch. 1353

နတ်ဘုရားပြစ်ဒဏ် ရောက်ရှိလာပြီ။

Vol. 99 Ch. 1353

နတ်ဆိုးကလန် အနီးအနားရှိ ဟင်းလင်းပြင်အက်ကြောင်း အပြင်ဘက်တွင် ကျင့်ကြံသူများ ရှိနေကြဆဲပင်။ သူတို့သည် မူလစွမ်းအင်များကို ပြန်လည် အားဖြည့်နေကြ၏။ သူတို့သည် မကြာမကြာ ဟင်းလင်းပြင်အက်ကြောင်းအတွင်းသို့ လှမ်းကြည့်လေ၏။

အပြာရောင်မြူများဖြင့် ခြုံလွှမ်းထားသော နတ်ဆိုးကလန်ဝင်သုံးယောက်သည်လည်း အကွာအဝေးတစ်ခုတွင် ထိုင်နေလျက် ဟင်းလင်းပြင်အက်ကြောင်းထံ မကြာမကြာ လှမ်းကြည့်နေ၏။

ဝမ်လင်း ဟင်းလင်းပြင်အက်ကြောင်းအတွင်းပိုင်းသို့ ဝင်ရောက်သွားသည်မှာ တစ်လနီးပါး ရှိလာခဲ့ပေပြီ။ ကျင့်ကြံသူများအတွက် တစ်လ ဆိုသောအချိန်မှာ ဘာမှ မဟုတ်။ များသောအားဖြင့် ကျင့်ကြံခြင်းရာသီစက်ဝန်းတစ်ခုဆို လအတော်အတန် ကြာမြင့်တတ်ပေ၏။

သို့ပေမည့် ဤနေရာရှိ ကျင့်ကြံသူများနှင့် နတ်ဆိုးကလန်မှ သုံးယောက်တို့သည် အချိန်အတန်ကြာသည့်အထိ တည်တည်မြဲမြဲ မကျင့်ကြံနိုင်ဘဲ ဖြစ်နေ၏။ ထိုသို့ ဖြစ်ရခြင်းမှာ သူတို့နှင့် အလွန်ရင်းနှီးလှသော ဟင်းလင်းပြင်အက်ကြောင်းသည် အလွန်တရာ ထူးဆန်းလာသောကြောင့်တည်း။

ဟင်းလင်းပြင်အက်ကြောင်းသည် အလွန်ငြိမ်သက်နေ၏။ ကြောက်ဖို့ ကောင်းလောက်အောင် ငြိမ်သက်နေခြင်းမျိုး ဖြစ်၏။ မရေမတွက်နိုင်သော နှစ်များစွာအတွင်း အခုလိုမျိုး ငြိမ်သက်မှုမျိုးမှာ ဖြစ်တောင့်ဖြစ်ခဲပင်။ အက်ကြောင်းအတွင်းရှိ ကြမ်းကြုတ်သောသားရဲများသည် အမြဲလိုလို ဟိန်းသံများ ပေးလျက် အတင်း ထိုးထွက်လာလေ့ ရှိသည်။ သို့သော် ခုချိန်တွင်မူ ယင်းအက်ကြောင်းမှာ လုံးဝ တိတ်ဆိတ်နေသည်။

ဟင်းလင်းပြင်အက်ကြောင်းသည် တိတ်ဆိတ်နေလျှင်ပင် သွေးနံများ အတွင်းဘက်ကနေ အဆတ်မပြတ် လှိုင်ထွက်နေ၏။ ယင်းသွေးနံ့သည် မသိသာသော်လည်း အမျှင်မပြတ်ပေ။ ဟင်းလင်းပြင်အက်ကြောင်းအတွင်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်နေသည့်အလား၊ ငရဲတစ်ခု ဖြစ်နေသည့်အလားပင်။

တိတ်ဆိတ်မှုနှင့် သွေးနံ့တို့က မမြင်ရသောဖိအားကို ဖန်တီးလေ၏။ ထိုလေးလံသောဖိအားက ကျင့်ကြံသူများ၏ စိတ်နှလုံးကို တင်းကြပ်စေပြီး တည်တည်ငြိမ်ငြိမ် မနေနိုင် ဖြစ်စေသည်။

ဤအခိုက်တွင် အစိမ်းရောင်အလင်းတန်းတစ်ခု ဟင်းလင်းပြင်အက်ကြောင်းတွင်းမှ ထွက်ပေါ်လာ၏။ ထိုအလင်း ပေါ်လာသည်နှင့် လူတိုင်း၏အကြည့်မှာ စုဝေးလာသည်။ အစိမ်းရောင်အလင်းသည် ပြန့်ကြဲသွားလျက် ပါရမီရှင်ခြောက်ယောက်ထဲမှ အဘိုးအို၏အသွင် ထွက်ပေါ်လာသည်။

လွန်ခဲ့သောခုနစ်ရက်က သူသည် ဟင်းလင်းပြင်အက်ကြောင်းအတွင်း၌ မည်သို့ဖြစ်ပျက်နေသည်ကို ထောက်လှမ်းရန် ဆုံးဖြတ်ခဲ့၏။ မည်သူကမျှ သူ့ကို မတားခဲ့ပါ။ အကြောင်းမှာ လူတိုင်းသည် ဟင်းလင်းပြင်အက်ကြောင်းအတွင်း၌ မည်သို့မည်ပုံ ဖြစ်ပျက်နေသည်ကို သိချင်ကြသောကြောင့် ဖြစ်၏။

ထိုအဘိုးအို အခု ပြန်ရောက်လာသည့်အခါ သူ့မျက်နှာထက်တွင် တုန်လှုပ်မှု၊မယုံကြည်နိုင်မှု၊ကြောက်လန့်မှုတို့နှင့် ပြည့်လို့နေ၏။ လူတိုင်း၏အကြည့်က သူ့ထံ ရောက်လာချိန်တွင် သူက ခပ်ရှရှအသံဖြင့် ပြောလိုက်သည်။

“အထဲမှာ သားရဲအလောင်းတွေ ပြည့်နှက်နေတယ်။ ဒီအလောင်းအားလုံးဟာလည်း အစိတ်စိတ် အပိုင်းပိုင်း ဖြစ်နေကြတယ်။ သိပ်သည်းလှတဲ့ သွေးနံ့ကြောင့် ငါ့အနေနဲ့ အတွင်းနက်ပိုင်းကို မဝင်ရောက်နိုင်ခဲ့ဘူး။ ဒီအက်ကြောင်းအတွင်းမှာ သားရဲအများကြီး သေဆုံးခဲ့တာကြောင့် အတွင်းနက်ပိုင်းမှာ သွေးပင်လယ်လို့ ဖြစ်နေတာတော့ ငါ ခံစားနိုင်ခဲ့တယ်…”

“သားရဲတွေကတော့ အဆင့်အမျိုးမျိုးပဲ၊ ဘုရင်အဆင့်သားရဲတွေတောင် ပါတယ်။ သူတို့အားလုံးဟာ တစ်ချက်တည်းနဲ့ အသက်ခံခဲ့ရပြီး သူတို့ရဲ့ခန္ဓာကိုယ်တွေ ပေါက်ကွဲထွက်သွားကြတာပဲ…”

အဘိုးအို၏စကားလုံးများသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏အမူအရာကို ကြီးစွာ ပြောင်းလဲသွားစေသည်။ သူတို့က အချို့ကြိုတင်ထင်မြင်ချက်များ ရှိနေသော်လည်း တုန်လှုပ်မိနေဆဲသာ။

“လွန်ခဲ့တဲ့တစ်လက လီချန်မေကို ကယ်တင်ဖို့အတွက် သွားခဲ့တဲ့ ဒီကျင့်ကြံသူကြောင့် သားရဲတွေအစုလိုက်အပြုံလိုက် သေဆုံးသွားရတာ ဖြစ်မယ်။ ဒီလူ့ရဲ့ ကျင့်ကြံမှုဟာ ဆန်းကြယ်လွန်းတယ်။ သူက ဟင်းလင်းပြင်အက်ကြောင်းအတွင်းမှာ ဒီလိုမျိုး ကပ်ဘေးတစ်ခုကို တကယ် လုပ်နိုင်စွမ်း ရှိလောက်တယ်။ ဒါတွေက တကယ့်ကို တုန်လှုပ်စရာပဲ။ သူ ဘယ်လောက်ပဲအစွမ်းထက်ထက် သူဟာ တစ်ယောက်တည်းလေ။ ဒါပေမဲ့ သူက ဘယ်လိုများ အခုလို အစုလိုက်အပြုံလိုက် သတ်ပစ်နိုင်ရတာလဲ…”

“နတ်ဆိုးကလန်ရဲ့ အကြီးအကဲတောင် သူ့ ပြိုင်ဘက် မဟုတ်ခဲ့ဘူး။ အဲ့အကြီးအကဲတောင် သူ့ကြောင့် လျှို့ဝှက်ဒဏ်ရာ ရရှိခဲ့သေးတယ် မဟုတ်လား။ ဒါပေမဲ့ သူ့ခွန်အားက ဘယ်လောက်ပဲ သန်မာပါစေ သူက ဒီလိုမျိုး သတ်နိုင်လိမ့်မယ်လို့တော့ ငါ မထင်မိဘူး။ တကယ်တော့ အက်ကြောင်းအတွင်းမှာ ရှိတဲ့ သားရဲတွေက များပြားလွန်းလှတယ်မလား…”

“ကြည့်ရတာ သားရဲအင်ပါယာအသစ် မွေးဖွားလာတာ ဖြစ်မယ်။ ဒါမှမဟုတ် လူသားအသွင်သားရဲတစ်ကောင်များ မွေးဖွားလာတာလား။ သားရဲတွေက မကြာဆိုသလို အချင်းချင်း ကြားမှာ တိုက်ခိုက်လေ့ ရှိကြတယ်။ ဒါမှမဟုတ် ဆန်းကြယ်လှတဲ့ သားရဲအင်ပါယာသစ်တစ်ကောင်ကြောင့်များ ဒီလိုမျိုး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြတာလည်း ဖြစ်နိုင်တယ်…”

ထိုအဘိုးအို ပြောပြသည့်အကြောင်းကို ကြားလိုက်ရသည့်နောက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထံမှ အသံအမျိုးမျိုး ထွက်လာကြ၏။ သူတို့သည် ဟင်းလင်းပြင်အက်ကြောင်းထံ ကြည့်နေကြပြီး ပို၍ သတိထားနေသည်။

နတ်ဆိုးကလန်မှ သုံးယောက်သည်လည်း အလေးအနက်အမူအရာများ ဖြစ်နေ၏။ သူတို့ထဲမှ တစ်ယောက်သည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ အဖြစ်သနစ်ကို နတ်ဆိုးကလန်ထံ သတင်းပို့၏။

ကြယ်စုကြယ်ဝေး၏အလင်းက သည်နက်မှောင်သောဟင်းလင်းပြင်ကို လင်းထင်စေသည့်အတွက်ကြောင့် အနည်းငယ်မှောင်မိုက်ခြင်းက ကျင့်ကြံသူများ၏အမြင်ကို မသက်ရောက်စေနိုင်ချေ။ သူတို့သည် အရာရာကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။

သို့ရာတွင် အရာရာသည် မှောင်မိုက်လာဟန်ထင်ရပြီး ပြင်းထန်သောဖိအားတစ်ခုသည် အဘက်ဘက်မှ ထွက်ပေါ်လာနေ၏။ ထိုဖိအားသည် အားကောင်းလွန်းကာ နေရာအနှံ့ကနေ စုစည်းနေဟန် ထင်ရသည်။ ယင်းဖိအားပေါ်လာသည်နှင့် အက်ကွဲသံများ ပဲ့တင်ထပ်လာသည်။

ကြည့်ရသည်မှာ ထိုဖိအားကြောင့် ဟင်းလင်းပြင်သည် သူ့ဟာသူ ဖိသိပ်ခြင်း ခံရသည့်အလား။

ကျင့်ကြံမှုအဆင့်နိမ့်သူများဆို မျက်နှာများ ချက်ခြင်း ဖြူရောကုန်ကြသည်။ သူတို့၏ခန္ဓာကိုယ်မှ အရိုးများတစ်ခုနှင်တစ်ခု ပွတ်တိုက်သကဲ့သို့ တစီစီအသံများပါ ထွက်လာကြ၏။ သူတို့သည် သွေးအန်လိုက်ရကာ ဒဏ်ရာအပြင်းအထန် ရသွားကြသည်။

“ဒါက…”

“ဒီဖိအားက ဘာကြီးလဲ…” ကျင့်ကြံသူများ၏အမူအရာသည် ချက်ခြင်း ပြောင်းလဲသွားကြသည်။ သူတို့သည် ထိုဖိအားကို ခုခံနိုင်ရန် စွမ်းအင်များ ဖြန့်ကျက်လိုက်ရပြီးနောက် အပေါ်သို့ မော့ကြည့်လိုက်သည်။

သူတို့က သူတို့အထက်ရှိ ဟင်းလင်းပြင်တွင် တိမ်ထုများ ပေါ်လာသည်ကို မြင်ရသည်။ ထိုတိမ်များသည် ဟင်းလင်းပြင်တွင် မပေါ်လာသင့်ချေ။ သို့သော် ခုတော့ ပေါ်လာခဲ့လေပြီ။

ထိုတိမ်များသည် ခရမ်းရောင်ရှိ၍ အတောမသပ်သည့်အလား။ ယင်းတို့က ပါးလွှာသောလေထုတွင် ပေါ်လာပြီး ကြယ်ကွင်းပြင်ကို ခြုံလွှမ်းသည်။ တိမ်စုများမှာ ရွှေ့လျားလျက် စုစည်းနေလေ၏။

တိမ်များစုဝေးနေစဉ် ဖိအားသည် ပိုပိုပြင်းထန်လာသည်။ ယင်းဖိအားအတွင်းမှ ဟိန်းသံများ ထွက်ပေါ်လာ၏။ ထိုဟိန်းသံများသည် ကောင်းကင်ဘုံကိုပါ တုန်လှုပ်စေနိုင်လောက်သည်။ ဟင်းလင်းပြင်ပင် မတည်မငြိမ် ဖြစ်လာစေ၏။

တိမ်များအတွင်းမှ အခြားလောကတစ်ခုသို့ ဖွင့်လှစ်မည့် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာကာ ကြီးမားသောအဆောက်အဦတစ်ခု ပေါ်ထွက်လာသည်။ ထိုအဆောက်အဦမှာ အဖြူရောင်ကျောက်စိမ်းများဖြင့် ပြုလုပ်ထားသည့်အလား။

တဝုန်းဝုန်းအသံများ ပိုပြင်းထန်လာကာ အဆုံးမဲ့မိုးကြိုးများသည် တိမ်များကြား လျှပ်ထွေးလိမ်နေသည်။ ဟင်းလင်းပြင်သည် အပြင်းအထန် တုန်ရီလာကာ ပျက်စီးတော့မည့်အလား။

ထိုဖိအားသည် ပြင်းထန်သထက် ပြင်းလာသည်။ အဆုံးမဲ့တိမ်ထုများသည် ဆက်လက် ပျံ့နှံ့လာကာ မျက်စိတမှိတ်အတွင်း ယင်းတို့မှာ အဆင့်ကိုးဒေသအများစုကို ထွေးခြုံသွားဟန် တူသည်။

သည်နေရာရှိ ကျင့်ကြံသူထောင်ချီသည် လှုပ်ခါနေကြ၏။ သူတို့သည် သူတို့အထက်ရှိ တိမ်စုတိမ်ဝေးကို ကြည့်ကာ မင်ငေးနေမိသည်။ သူတို့၏စိတ်ဝိညာဉ်မှ ကြောက်ရွှံ့မှုသည် သူတို့၏နှလုံးသားထဲတွင် ပေါ်လာ၏။ မည်သူက အရင်ဆုံးနောက်စဆုတ်လိုက်သည် မသိရသော်လည်း ထိုကျင့်ကြံသူများသည် အလျင်အမြန် ပျံသန်းထွက်ပြေးကြတော့၏။ သူတို့သည် ဤတိမ်စုတိမ်ဝေးများထံမှ အဝေးကို ထွက်သွားချင်သည်။

“နတ်ဘုရားပြစ်ဒဏ်…။ ဒါက ဒါက နတ်ဘုရားပြစ်ဒဏ်ပဲ…”

လူအုပ်ထဲမှ ဗလုံးဗထွေးအသံများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံးသည် ထိုစကားကို ကြားလိုက်ရချိန်တွင် သူတို့၏မျက်နှာများ ဖြူရောကုန်ကြသည်။ သူတို့သည် သူတို့အသက်ရှင်ဖို့အတွက် နောက်သို့ အရူးအမူး ဆုတ်ကြတော့သည်။

“နတ်ဘုရားပြစ်ဒဏ်…ဒါက တကယ့်ကို နတ်ဘုရားပြစ်ဒဏ်ပဲ…” နတ်ဆိုးကလန်မှ သုံးယောက်သည်လည်း တုန်ယင်ကာ သူတို့၏မျက်လုံးထဲတွင် ထိတ်လန့်မှုတို့ ဖြစ်ပေါ်ကြသည်။ သူတို့လည်း တွေဝေမနေဘဲ နောက်ဆုတ်ကြသည်။

မိုးကြိုးဟိန်းသံ ဖြစ်ပေါ်၏။

မိုးကြိုးတုန်ဟည်းသံသည် ထိုသိပ်သည်းထူထဲသော တိမ်စုဝေးထံမှ ထွက်ပေါ်လာကာ ကြယ်ကွင်းပြင်ကို လှုပ်ခါစေသည်။ ကျင့်ကြံသူရာချီသည် သွေးအန်ကာ လိမ့်ဆင်းကျကုန်သည်။

မိုးကြိုးတုန်ဟည်းသံများသည် တုန်ခါလှိုင်းတစ်ခုအဖြစ် ပြောင်းကာ ပျံ့နှံ့သည်။ မျက်စိတစ်မှိတ်အတွင်း ယင်းသည် အဆင့်ကိုးဒေသတစ်ခုလုံးကို လှုပ်ခါစေ၏။ အဆင့်ကိုးဒေသရှိ သိပ်သည်းသောမြူများသည် ချက်ခြင်း ပြိုလဲပျက်စီးသည်။ အတွင်းရှိ သားရဲများဆို ကြောက်လန့်တကြား အော်ဟစ်ကုန်ကြ၏။

ကပ်ဘေးတစ်ခု အဆင့်ကိုးဒေသတွင် အစပြုလေသည်လော။ အော်သံဟစ်သံများ ပွက်လောရိုက်၏။

တိမ်များ ပေါ်လာကာ မိုးကြိုးတုန်ဟည်းသံတို့ ပဲ့တင်ထပ်လာသည့်အခါ နတ်ဆိုးကလန်မှ အကြီးအကဲများသည် ကျင့်ကြံနေရာကနေ နိုးထလာကြ၏။ သူတို့၏အမူအရာမှာလည်း ကြီးစွာ ပြောင်းလဲကာ သူတို့သည် သူတို့၏ကျင့်ကြံခြင်းဂြိုဟ်များထံမှ ပျံသန်းထွက်လာသည်။

နတ်ဆိုးကလန်မှ အကြီးအကဲဆယ့်ခြောက်ယောက် ထွက်လာချိန်တွင် သူတို့သည် တိမ်ထုကြီးကို တွေ့မြင်လိုက်ရပြီး သူတို့၏မျက်လုံးသူငယ်အိမ်များ ကြုံကုန်သည်။

“ဒါ…ဒါက ဘယ်လို နတ်ဘုရားပြစ်ဒဏ်မျိုးလဲ…”

နတ်ဆိုးကလန်မှ အကြီးအကဲများသည် တုန်လှုပ်နေကြစဉ်မှာပင် နတ်ဆိုးကလန်မှ ရှေးဟောင်းအသံတစ်ခု ထွက်ပေါ်လာသည်။ “ဒါက အသင်္ချေနတ်ဘုရားပြစ်ဒဏ်ပဲ…”

ကြည့်ရသည်မှာ ထိုအသံပိုင်ရှင်သည် ဤနတ်ဘုရားပြစ်ဒဏ်နှင့် ပတ်သတ်၍ စိတ်ပူပန်နေဟန် ပေါ်သည်။

အကြီးအကဲဆယ့်ခြောက်ယောက်သည် ထိုအသံကို ကြားလိုက်ရသည့်အခါ သူတို့သည် နတ်ဆိုးကလန်ထံ တလေးတစား ကြည့်ကာ ပြောလိုက်၏။ “မြင့်မြတ်သောအကြီးအကဲကို နှုတ်ဆက်ပါတယ်…”

နတ်ဆိုးကလန်ထံမှ အလင်းတန်းတစ်ခု ထိုးထွက်လာပြီး သက်လတ်ပိုင်းအရွယ်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သူသည် ငယ်ရွယ်ပုံ ရသော်လည်း သူ့ထံမှ ရှေးဟောင်းအော်ရာကို ပေးစွမ်းလျက် ရှိ၏။

ထိုသက်လတ်ပိုင်းလူသည် တိမ်စုများကို စိတ်လှုပ်ရှားစွာ ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မိုးကြိုး၊ စိတ်ဝိညာဉ်၊ ခွန်အားနဲ့ အခြားအရာတွေ အပါအဝင် နတ်ဘုရားပြစ်ဒဏ်အမျိုးအစား အများကြီး ရှိကြတယ်။ အသင်္ချေနတ်ဘုရားပြစ်ဒဏ်ကတော့ ကြောက်မက်ဖွယ်အကောင်းဆုံးပဲ။ ဒီပြစ်ဒဏ်ဟာ အမြဲလိုလို ပြောင်းလဲနေတတ်ပြီး ဒီပြစ်ဒဏ်ဟာ ကောင်းကင်ဘုံကိုယ်တိုင်ရဲ့ ခွန်အားနဲ့ ညီမျှတယ်လို့လည်း ကောလဟာလတစ်ခု ရှိတယ်။ ဒီပြစ်ဒဏ်ဟာ သံသယမရှိ သတ်ဖြတ်မှုပဲ။ ဒီလိုနတ်ဘုရားပြစ်ဒဏ်မျိုးကို ဘယ်ရောင်းရင်းကျင့်ကြံသူကများ မထင်မှတ်စွာ သွားရောက် စွဲဆောင်မိစေခဲ့လဲ ငါ သိချင်မိတယ်…”

“ကလန်ခေါင်းဆောင် တစ်ခါက ပြောခဲ့ဖူးတာ တစ်ခု ရှိတယ်။ သက်ရှိအားလုံးဟာ အသင်္ချေနတ်ဘုရားပြစ်ဒဏ်ကို ဖြတ်သန်းဖို့ လိုအပ်လိမ့်မယ်တဲ့။ ငါကတော့ ဒီနေ့ထိ ဒီအသင်္ချေနတ်ဘုရားပြစ်ဒဏ်ကို မမြင်တွေ့ဖူးခဲ့သေးဘူး။ ကလန်အစီအရင်ကို ဖွင့်လှစ်လိုက်။ ပြီးရင် ကျင့်ကြံသူအားလုံးကို နတ်ဆိုးကလန်ထဲ ဝင်ရောက်ခွင့် ပြုလိုက်။ မဟုတ်ရင် သူတို့ပါ ဒီအသင်္ချေနတ်ဘုရားပြစ်ဒဏ် ဖျက်စီးပစ်တာ ခံရလိမ့်မယ်…”

ထိုသက်လတ်ပိုင်းလူသည် တိမ်စုတိမ်ဝေးများကို စူးစိုက်ကြည့်နေလျက် သူ့အမူအရာသည် အလေးအနက် ဖြစ်လာသည်။

သူ့စကားလုံးများမှာ အမိန့်တစ်ခုနှင့် တူ၏။ အကြီးအကဲဆယ့်ခြောက်ယောက်သည် သူတို့၏နတ်ဘုရားအာရုံများကို ဖြန့်ကျက်ကာ ချက်ခြင်းပင် ဆိုင်ရာကျင့်ကြံခြင်းဂြိုဟ်များထံ ပျံသန်းသွားသည်။ နတ်ဆိုးကလန်ဝင်များစွာ ပျံသန်းထွက်လာပြီး တိုက်ပွဲကွင်းပြင်ရှိ ကျင့်ကြံသူများကို နတ်ဆိုးကလန်ထံ လမ်းပြပေးကြသည်။

နတ်ဆိုးကလန်မှ တပည့်များသည် သေမျိုးစစ်တပ်တစ်ခုနှင့် တူ၏။ အမိန့်တစ်ခု ပေးလိုက်သည်နှင့် သူတို့သည် မြန်ဆန်သွက်လက် ထိရောက်စွာ လှုပ်ရှားနိုင်ကြသည်။ သူတို့သည် အချို့အမည်မသိနည်းလမ်းကို အသုံးပြုကာ ကျင့်ကြံသူအားလုံးကို နတ်ဆိုးကလန်ထံ လမ်းပြသည်။

နတ်ဆိုးကလန်အပြင်ဘက်တွင် ကျင့်ကြံသူများ လုံးဝ မရှိတော့သည့်အချိန်တွင် ကလန်အစီအရင် အသက်ဝင်လာသည်။ ဟိန်းသံများ တုန်ဟည်းကာ နတ်ဘုရားပြစ်ဒဏ်၏ ဟိန်းသံနှင့် ယှဉ်ပြိုင်လာသည့်အလား။ သိပ်မကြာခင်တွင် နတ်ဆိုးကလန်ရှိ ဂြိုဟ်များအားလုံးကို အစီအရင်သည် ဝန်းရံပေးသွားသည်။

“ငါ့နတ်ဆိုးကလန်မှာ ဒီနတ်ဘုရားပြစ်ဒဏ်ကို သွားအစပျိုးစေတဲ့သူ မရှိဘူး။ ဒါ့ကြောင့် အစီအရင်အသက်ဝင်နေရင် ကလန်က ဘာအန္တရာယ်မှ မဖြစ်နိုင်တော့ဘူး။ ဒီအဘိုးအိုကတော့ အသင်္ချေနတ်ဘုရားပြစ်ဒဏ်ကို အစပျိုးစေတဲ့သူကို တွေ့ချင်မိတယ်…”

အဘိုးအို၏မျက်လုံးတို့မှာ တောက်ပနေ၏။ သူ့အကြည့်က လေဟာနယ်ကို ထွင်းဖောက်ကာ ဟင်းလင်းပြင်အက်ကြောင်းထံ လှမ်းကြည့်နေသည့်အလား။

တိမ်များသည် အရူးအမူး ပျံ့နှံ့နေ၏။ အချိန်တိုအတွင်း ထိုတိမ်စုတိမ်ဝေးသည် အဆင့်ကိုးဒေတစ်ခုလုံးကို လုံးဝ ထွေးခြုံသွားသည်။ ထိုတိမ်စုများအတွင်း၌ လျှပ်စီးနှင့်မိုးကြိုးတို့ သိပ်သည်းစွာ ရှိနေပြီး မြင်တွေ့ရသော ကျင့်ကြံသူတိုင်းကို တုန်လှုပ်စေသည်။

တိမ်များ ပျံ့နှံ့လာရင်း တခြားလောကထံ အက်ကြောင်းသည် ဆက်လက် ကျယ်ပြောလာပြီး ဧရာမအဖြူရောင်အဆောက်အဦတစ်ခု တဝက်တပျက် ထွက်ပေါ်လာသည်။

နတ်ဆိုးကလန်မှ မြင့်မြတ်သောအကြီးအကဲသည် တိမ်များကြားရှိ ထိုတဝက်တပျက်အဆောက်အဦကို တွေ့မြင်လိုက်ရသည့်အခါ သူ့မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွား၏။ သူသည် ထိုအဆောက်အဦ ရှေ့တွင် တစ်စုံတစ်ယောက် ထိုင်နေဟန် ရုပ်တုတစ်ခုနှင့် ယင်းရှေ့ရှိ အောက်ဘက်တွင် ထိုးစိုက်နေသော ကျောက်သားဓားနှစ်လက်ကို တွေ့မြင်လိုက်ရသည်။

***

All Chapters