← Chapters

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း (၁၂၆) သွားပြီ... ဒါက အချစ်ရဲ့ ခံစားချက်ပဲ။

ယဲ့ချန်စကားထွက်ပြောရသည့် အကြောင်းရင်းမှာ တစ်ဖက်က အစ်မမိုကို ကူညီချင်၍ဖြစ်ပြီး နောက်တစက်မှာမူ ထိုစုံထောက်ကျွမ်းကျင်မှုစာအုပ်ကို သင်ယူထားပြီးဖြစ်ရာ အခင်းဖြစ်ပွားရာနေရာ၏ လေထုကလည်း ကွက်တိဖြစ်နေသဖြင့် သူ၏စွမ်းရည်များကို ထုတ်ပြချင်စိတ် တဖွားဖွားဖြစ်ပေါ်လာသောကြောင့်ဖြစ်သည်။

၎င်းသည် လည်ချောင်းဝတွင် ငါးရိုးစူးနေသကဲ့သို့ မဟောရလျှင် မနေနိုင်မထိုင်နိုင် ဖြစ်နေခြင်းပင်။

သို့သော်လည်း အစည်းအဝေးခန်းထဲရှိ ရဲအရာရှိများသည် ယဲ့ချန်အပေါ် အတော်လေး မကျေမနပ်ဖြစ်နေကြသော်လည်း အစ်မမိုကို အားနာသောကြောင့်သာ ဒေါသမပေါက်ကွဲကြခြင်းဖြစ်သည်။

"စိတ်ဝင်စားဖို့ကောင်းသားပဲ။"

ရှန်ကျန့်ရုံသည် ထိုင်ချလိုက်ပြီး စားပွဲပေါ်မှ စီးကရက်တစ်လိပ်ကို ကောက်ယူကာ မီးညှိပြီး ခဲလိုက်သည်။ ဆေးလိပ်ငွေ့များကြားတွင် သူ၏မျက်နှာမှာ အလွန်ပင် မည်းမှောင်နေပုံရ၏။ သူက ရေတစ်ငုံသောက်ကာ ဆက်ပြောလိုက်သည်။

"မင်းမှာ ဘာအမြင်တွေရှိလဲ မင်းကို စကားပြောခွင့်ပြုပါ့မယ် ဒါပေမဲ့ မှတ်ထားပါ၊ ဒီနေရာက နောက်ပြောင်ရမယ့်နေရာမဟုတ်ဘူး။ မင်းပြောတဲ့ စကားလုံးတိုင်းအတွက် မင်း တာဝန်ယူရမယ်။"

"ဟွတ်... ဟွတ်..."

ဒါရိုက်တာလော့ က ချောင်းခြောက်ဆိုးလိုက်သည်။

"ကဲ... သူက ရှောင်ယဲ့ လူမှောင်ခိုသမား ကျောက်ထယ်ကွမ်နဲ့ ကျန်းချောင်တို့ သားအဖကို ဖမ်းဆီးနိုင်ခဲ့တာတွေဟာ သူ့ရဲ့လက်ရာတွေပဲ။ အခု ရှောင်ယဲ့ကို စကားအနည်းငယ်ပြောဖို့ ဖိတ်ခေါ်လိုက်ကြရအောင်။"

အစည်းအဝေးခန်းထဲတွင် လက်ခုပ်သံအနည်းငယ် ခပ်ကျဲကျဲထွက်ပေါ်လာသည်။ အချို့အရာရှိများကမူ အခွင့်အရေးကိုအသုံးချကာ သမ်းဝေနေကြသည်။

"ယဲ့ချန် မြန်မြန်ပြောစမ်းပါ။"

မိုချင်းကမူ မည်သည့်အကြောင်းကြောင့်မှန်းမသိ ယဲ့ချန်အပေါ် ယုံကြည်မှုများ အပြည့်ရှိနေခဲ့သည်။

"ကောင်းပါပြီ ကျွန်တော် လိုရင်းပဲ ပြောပါ့မယ်။"

ယဲ့ချန်သည် ထမရပ်ဘဲ ထိုင်လျက်ပင် ပြောလိုက်၏။

"တရားခံနဲ့ ပတ်သက်ပြီး စပြောရရင် ကျွန်တော့်အမြင်က ကျွမ်းကျင်သူ ရှန်ရဲ့ အမြင်နဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ ဒီအမှုရဲ့ တရားခံဟာ အသက် ၅၀ ဝန်းကျင် ခန္ဓာကိုယ် ကြံ့ခိုင်မှုမရှိဘဲ အားနည်းသူ အရပ် ၁.၇ မီတာအောက်ကွမ်တာ လမ်းရဲ့ ဒေသခံ၊ တစ်ယောက်တည်း နေထိုင်သူ၊ ကိုယ်ပိုင်ယာဉ်မရှိသူနဲ့ စီးပွားရေးအခြေအနေ သာမန်အောက်ရှိသူ ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ ဒါဟာ သူ ပထမဆုံးအကြိမ် လူသတ်ဖူးတာ ဖြစ်ရပါမယ်။ သူက အတွေ့အကြုံမရှိတဲ့သူတစ်ယောက်ပဲ လုံးဝကို ဖောက်ပြန်နေတဲ့ ဆက်တိုက်လူသတ်သမား မဟုတ်ပါဘူး။"

တစ်ခန်းလုံး ပွက်လောရိုက်သွားခဲ့သည်။ အစည်းအဝေးခန်းတစ်ခုလုံး ဆူညံသွားပြီး ရဲအရာရှိများ၏ မျက်နှာတွင် သံသယများ ပြည့်နှက်သွားကာ အချို့ကမူ စတင်လှောင်ရယ်ကြတော့သည်။

"ဒါက..."

ဒါရိုက်တာလော့သည် မိုချင်ယကို ကြည့်ကာ မတတ်နိုင်သလို ပုခုံးတွန့်ပြလိုက်သည်။

"ဟားဟားဟားဟား ပထမဆုံးအကြိမ် သတ်တာ ဟုတ်လား။ ပြီးတော့ ရုပ်အလောင်းကို ဖြတ်တောက်ပြီး စွန့်ပစ်ဖို့ပါ သိနေတယ်ပေါ့။ စွန့်ပစ်တဲ့နေရာမှာလည်း ဘာသဲလွန်စမှ ချန်မထားခဲ့ဘူးဆိုတော့ လူသတ်သမားက ပါရမီရှင်ကြီးလား။"

ရှန်ကျန့်ရုံ၏ လေသံတွင် လှောင်ပြောင် သရော်မှုများ ပြည့်နှက်နေသည်။

"တော်စမ်းပါ တစ်နေရာရာမှာ သွားပြီး အေးအေးဆေးဆေး နေလိုက်စမ်းပါ။ မင်းကို အကြံတစ်ခု ပေးပါ့မယ်။ နောက်နောင် ကျွမ်းကျင်ပညာရှင်တွေ စကားပြောနေတဲ့အခါ ဝင်မရှုပ်တာ ပိုကောင်းလိမ့်မယ်။ အရှက်ကွဲတာ များလာရင် လူအဖြစ်ပါ အဖတ်ဆယ်မရဘဲ နေလိမ့်မယ်။"

"ယဲ့ချန်နင့်ရဲ့ အမြင်ကို ဆက်ပြောပြပါဦး။"

မိုချင်းက ဆက်လက်အားပေးနေ၏။

"ရပါတယ် စပြောမိပြီဆိုတော့လည်း အာရုံနောက်ခံပြီး အချိန်ဆွဲမနေတော့ပါဘူး။ စကားအနည်းငယ်နဲ့ပဲ အဆုံးသတ်လိုက်ပါ့မယ်။ ပြောပြီးရင် အိမ်ပြန် ရေချိုးပြီး အိပ်ရမယ်မနက်ဖြန် ကျောင်းသွားရဦးမှာ။"

ယဲ့ချန်သည် သမ်းဝေလိုက်ပြီး မိုချင်းကို အချက်အချို့ ညွှန်ကြားလိုက်သည်။

မိုချင်းသည် စားပွဲပေါ်မှ ရီမုကို ကောက်ယူကာ နှိပ်လိုက်သည်။ ပရိုဂျက်တာ စခရင်ပေါ်တွင် ရုပ်အလောင်း စွန့်ပစ်သည့်နေရာ ဓာတ်ပုံများနှင့် ရင်ခွဲစစ်ဆေးရေးဌာနမှ ရိုက်ကူးထားသော ရုပ်အလောင်းအစိတ်အပိုင်းများ၏ အနီးကပ်ဓာတ်ပုံများစွာ အလိုအလျောက် ပေါ်လာခဲ့သည်။

"အားလုံးပဲ ရုပ်အလောင်းအစိတ်အပိုင်းတွေရဲ့ အနီးကပ်ဓာတ်ပုံတွေကို သေချာအာရုံစိုက်ကြည့်ပေးပါ။"

ယဲ့ချန်၏ အကြည့်များမှာ တဖြည်းဖြည်း စူးရှလာခဲ့သည်။

"ရင်ခွဲစစ်ဆေးချက်အရ ရုပ်အလောင်းကို ဖြတ်တောက်ဖို့ အသုံးပြုခဲ့တဲ့ ကိရိယာဟာ တစ်ခုတည်းပဲ ရှိပါတယ် အဲဒါက ပုဆိန်ပါ။ ရုပ်အလောင်းအစိတ်အပိုင်းတွေရဲ့ ဖြတ်ပိုင်းတွေကို ကြည့်ရင် ဘယ်အပိုင်းမှ တစ်ချက်တည်းနဲ့ ပြတ်တောက်သွားတာမျိုး မရှိတာကို တွေ့ရပါလိမ့်မယ်။"

"ပုဆိန်ရဲ့ ဖြတ်တောက်နိုင်စွမ်းဟာ အလွန်ပြင်းထန်တယ်ဆိုတာ ခင်ဗျားတို့ သိထားရပါမယ်။ ဒါပေမဲ့ ဒီမှာတော့ ဖြတ်ပိုင်းတွေက ကြမ်းတမ်းနေပြီး ဒဏ်ရာတွေရဲ့ ဘေးနားမှာ အရိုးအစအနလေးတွေ ပြန့်ကြဲနေပါတယ်။ ဒါက လူသတ်သမားဟာ အပိုင်းပိုင်းပြတ်သွားအောင် ပုဆိန်နဲ့ အကြိမ်ကြိမ် ခုတ်ခဲ့ရတယ်ဆိုတာကို ဆိုလိုတာပါ။ ဒါကိုကြည့်ရင် လူသတ်သမားရဲ့ ရုပ်အလောင်းဖြတ်တောက်တဲ့ နည်းစနစ်ဟာ အလွန်ကို အဆင့်မတန်းရှိဘဲ မကျွမ်းကျင်တာကို ပြသနေပြီး သူဟာ ခွန်အားကြီးမားတဲ့လူ မဟုတ်ပါဘူး။"

"နောက်ပြီး ရုပ်အလောင်းအစိတ်အပိုင်းတွေပေါ်မှာ ထင်ရှားတဲ့ ခုခံကာကွယ်မှုဒဏ်ရာ အချို့ကို သတိပြုမိပါလိမ့်မယ်။ အဲဒါတွေအားလုံးဟာ သေဆုံးသူက ရှောင်တိမ်းခုခံနေတဲ့အချိန်မှာ လူသတ်သမားက ပုဆိန်နဲ့ ရမ်းခုတ်လို့ ဖြစ်ပေါ်လာတဲ့ ဒဏ်ရာတွေပါ။ ရင်ခွဲစစ်ဆေးချက် အစီရင်ခံစာအရ ခုခံကာကွယ်မှုဒဏ်ရာတိုင်းရဲ့ အနားစွန်းတွေမှာ သွေးဖြူဥတွေကို တွေ့ရှိရတဲ့အတွက် ဒီဒဏ်ရာတွေဟာ သေဆုံးသူ သက်ရှိထင်ရှားရှိနေစဉ်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သေဆုံးသူရဲ့ ရင်ခေါင်းအတွင်းမှာ သိပ်သည်းတဲ့ အရည်ကြည်ဖုလေးတွေ အများကြီးရှိနေတာကြောင့် စစ်မှန်တဲ့ သေဆုံးရတဲ့အကြောင်းရင်းဟာ အသက်ရှူကျပ်ခြင်း ကြောင့် ဖြစ်တယ်ဆိုတာ ဆုံးဖြတ်ဖို့ မခက်ခဲပါဘူး။ ဒါက ကျွန်တော်တို့ကို ဘာကို ပြောပြနေတာလဲ။"

ယဲ့ချန်၏ ရှင်းလင်းချက်ကြောင့် အစပိုင်းတွင် ပျင်းရိငြီးငွေ့နေသော အစည်းအဝေးခန်းအတွင်းရှိ လေထုမှာ တဖြည်းဖြည်း တင်းမာပြီး တည်တံ့လာခဲ့သည်။

ငိုက်မြည်းနေသော အရာရှိများမှာလည်း ချက်ချင်း မျက်လုံးပွင့်လာကြ၏။ ရှန်ကျန့်ရုံ ၏ မျက်လုံးများတွင်လည်း မရည်ရွယ်ဘဲ တွေးတောစဉ်းစားသည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။ မိုချင်းနှင့် ဒါရိုက်တာလော့တို့သည်လည်း တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။

"ယဲ့ချန်... ဒါက ဘာကို ပြောပြနေတာလဲ။"

မိုချင်းက မေးလိုက်၏။

"အားလုံးပဲ စဉ်းစားကြည့်ပါဦး။ လူသတ်သမားဟာ ပုဆိန်ကိုကိုင်ပြီး သေဆုံးသူကို ရူးသွပ်စွာ ရမ်းခုတ်ခဲ့တယ် အချိန်အတော်ကြာ ရုန်းကန်ခဲ့ရပေမယ့် သေဆုံးသူကို ချက်ချင်းမသတ်နိုင်ခဲ့ဘူး နောက်ဆုံးကျမှသာ သူမကို လည်ပင်းညှစ်ပြီး သို့မဟုတ် အသက်ရှူကျပ်အောင်လုပ်ပြီး သတ်ခဲ့ရတာပါ။"

ယဲ့ချန်က ပြုံးလိုက်သည်။

"ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူဟာ အရပ် ၁၆၀ စင်တီမီတာခန့်ရှိပြီး ကိုယ်အလေးချိန် ပေါင် ၁၀၀ (ပိဿာ ၃၀ ဝန်းကျင်) အောက်ပဲ ရှိပါတယ်။ သူမဟာ သေးသွယ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ အကယ်၍ ကျွန်တော်သာ ပုဆိန်ကို ကိုင်ထားရင် သူမကို နှစ်ချက်တည်းနဲ့ အပြတ်ရှင်းနိုင်ပါတယ်။"

"ဒါ့အပြင် သေဆုံးသူရဲ့ တံတောင်ဆစ်လက်ကောက်ဝတ် ဒူးဆစ်နဲ့ ခြေကျင်းဝတ် အဆစ်နှစ်ဖက်လုံးမှာ ထင်ရှားတဲ့ အရေပြားအောက် သွေးယိုစီးမှု တွေ ရှိနေပါတယ်။ ရာဇ၀တ်မှုခွဲခြားရေး ရှုထောင့်ကနေကြည့်ရင် ဒါတွေဟာ ချည်နှောင်ချုပ်ကိုင်မှုဒဏ်ရာတွေ ဖြစ်ပါတယ်။ အကယ်၍ ပြစ်မှုကျူးလွန်သူဟာ ပြစ်မှုကျူးလွန်စဉ်မှာ သေဆုံးသူကို ချည်နှောင်ချုပ်ကိုင်ဖို့ ကြိုးစားခဲ့ရင် အဲဒီအဆစ်တွေပေါ်မှာ ချည်နှောင်ချုပ်ကိုင်မှုဒဏ်ရာတွေ ပေါ်လာဖို့ အလားအလာ အလွန်များပါတယ်။"

"ဒီအမှုမှာ သေဆုံးသူရဲ့ ခန္ဓာကိုယ်ကို ကြည့်ရင် ချည်နှောင်ချုပ်ကိုင်မှုဒဏ်ရာတွေ အများကြီး ရှိနေပါတယ်။ ဒါက လူသတ်သမားဟာ ပြစ်မှုကျူးလွန်စဉ်မှာ သေဆုံးသူကို ထိန်းချုပ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ရတယ်ဆိုတာကို ပြသနေပေမယ့် ဒီဒဏ်ရာတွေက သိပ်မပြင်းထန်တာကြောင့် လူသတ်သမားရဲ့ ချုပ်ကိုင်နိုင်စွမ်းဟာ အလွန်အကန့်အသတ်ရှိတယ်ဆိုတာ တိုက်ရိုက်သက်သေပြနေပါတယ်။"

"အကယ်၍ လူသတ်သမားဟာ သန်မာထွားကျိုင်းသူဆိုရင် သေဆုံးသူရဲ့ခန္ဓာကိုယ်ပေါ်က ချည်နှောင်ချုပ်ကိုင်မှုဒဏ်ရာတွေဟာ ပြင်းထန်လိမ့်မယ် ဒါပေမဲ့ ဒဏ်ရာအများကြီး ရှိနေမှာမဟုတ်ဘူး။ ရိုးရိုးရှင်းရှင်းပြောရရင် သူဟာ ကွက်တိလှုပ်ရှားမှု အနည်းငယ်နဲ့တင် သေဆုံးသူကို ထိန်းချုပ်နိုင်လိမ့်မယ်။"

"ကျွန်တော့်ကိုပဲ ဥပမာ ထပ်ပေးပါ့မယ်။ ကျွန်တော့်အရပ်က ၁၈၂ စင်တီမီတာ ရှိပါတယ်။ အစ်မမိုရဲ့ အရပ်နဲ့ ကိုယ်အလေးချိန်က ဘယ်လောက်လဲ။"

"ငါလား..."

မိုချင်းသည် ခဏမျှ ကြောင်သွားသော်လည်း ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။

"ငါ့အရပ်က ၁၆၈ စင်တီမီတာ ကိုယ်အလေးချိန်က ၁၀၉ ပေါင် ရှိတယ်။"

"အင်း... အစ်မမိုက သေဆုံးသူထက် အများကြီး ပိုမြင့်ပြီး ပိုလည်း လေးပါတယ် ဒါပေမဲ့ ကျွန်တော်သာ အစ်မမိုကို ထိန်းချုပ်ချင်တယ်ဆိုရင် စက္ကန့် ၁၀ ထက် ပိုကြာမှာ မဟုတ်ပါဘူး။"

ယဲ့ချန်က ပြုံးလိုက်၏။

အစည်းအဝေးခန်းထဲတွင် ရယ်မောသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"တော်စမ်းပါ။ အစ်မမိုက ရဲတပ်ဖွဲ့ရဲ့ ကိုယ်ခံပညာ ချန်ပီယံလေ။ သူ့ကို ထိန်းချုပ်ဖို့ ဟုတ်လား အဝေးကြီးပဲ သူကသာ နင့်ရဲ့ညီလေးကို တစ်ချက်တည်းနဲ့ အပိုင်းပိုင်းပြတ်အောင် ကန်ပစ်လိမ့်မယ်။"

အမျိုးသမီးရဲအရာရှိတစ်ဦးက အလွန်ပင် ရဲတင်းပွင့်လင်းစွာ စနောက်လိုက်သည်။

"ကဲ... ကဲ... မနောက်ကြနဲ့တော့။"

ဒါရိုက်တာလော့က တည်ကြည်သောမျက်နှာဖြင့် ပြောလိုက်ပြီး ယဲ့ချန်ဘက်သို့ လှည့်လိုက်၏။

"ရှောင်ယဲ့ မင်းရဲ့ ခွဲခြမ်းစိတ်ဖြာချက်က အလွန်ကောင်းမွန်ပြီး ကျွမ်းကျင်အဆင့်ရှိပါတယ်။ ဆက်ပြောပါဦး။"

အစည်းအဝေးခန်းသည် ချက်ချင်း ပြန်လည်တိတ်ဆိတ်သွားပြီး အားလုံးက ယဲ့ချန်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။

"ကဲ... ဒီလောက်အများကြီး ပြောခဲ့တာက လူသတ်သမားဟာ ခန္ဓာကိုယ် အားနည်းသူအရပ် ၁၇၀ စင်တီမီတာအောက် ဖြစ်နိုင်ခြေရှိပြီး လူငယ်တစ်ယောက် မဟုတ်ဘဲ အသက် ၅၀ ဝန်းကျင်ဖြစ်ဖို့ အလားအလာ အလွန်များတယ်ဆိုတာကို ပြောချင်လို့ပါ။"

ယဲ့ချန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

ဤအချိန်တွင် အရာရှိအတော်များများသည် ၎င်းတို့၏ မှတ်စုစာအုပ်များကို ထုတ်ယူကာ အလေးအနက် စတင်မှတ်သားနေကြပြီ ဖြစ်သည်။ စောစောက ရှန်ကျန့်ရုံက ရာဇ၀တ်မှုဆိုင်ရာ ပုံဖော်ချက်ကို ပြောပြစဉ်က အားလုံးက နားထောင်ရုံသာ နားထောင်ပြီး မှတ်စုမထုတ်ခဲ့ကြသည်ကို သတိပြုရမည်။

"ကောင်းပါပြီ ကျွန်တော် ဆက်ပြောပါ့မယ်။ ဒီအမှုမှာ ရုပ်အလောင်းကို ဖြတ်တောက်ဖို့ အသုံးပြုခဲ့တဲ့ ကိရိယာဟာ တစ်ခုတည်းပဲ ရှိပါတယ် အဲဒါက ပုဆိန်ပါ။ ဒီက အားလုံး သိထားတဲ့အတိုင်း ပုံမှန် ရုပ်အလောင်းဖြတ်တောက်တဲ့ ကိရိယာတွေထဲမှာ ဓား၊ ပုဆိန်၊ လွှ၊ လျှပ်စစ်လွှ၊ ခွဲစိတ်ဓား စတာတွေ ပါဝင်ပါတယ်၊ ဒါပေမဲ့ ဒီအမှုက တရားခံဟာ ပုဆိန်တစ်လက်တည်းကိုပဲ သုံးခဲ့ပါတယ်။ ဒါက သူဟာ ကြိုတင်ပြီး ရုပ်အလောင်းကို ဖြတ်တောက်ဖို့ အစီအစဉ် လုံးဝမရှိခဲ့သလို လူသတ်ဖို့တောင် အစီအစဉ် မရှိခဲ့တာကို ပြသနေပါတယ်။ ဒါကြောင့် လူသတ်ပြီးတဲ့နောက်မှာ လက်လှမ်းမီရာ ကိရိယာကို သုံးပြီး ရုပ်အလောင်းကို ဖြတ်တောက်ခဲ့ရတာပါ ဖြစ်နိုင်တာကတော့ အိမ်မှာ ရုပ်အလောင်း ဖြတ်တောက်ဖို့ရာ ရှိတဲ့ တစ်ခုတည်းသော ကိရိယာဟာ အဲဒီပုဆိန်ပဲ ဖြစ်နေလို့ပါ။ အကယ်၍ သူဟာ ကျွမ်းကျင်သူ ရှန်ပြောသလို ပြစ်မှုကျူးလွန်ဖူးသူ သို့မဟုတ် ဖောက်ပြန်နေတဲ့ ဆက်တိုက်လူသတ်သမားဆိုရင် လက်နက်အမျိုးမျိုးကို အဆင်သင့် ပြင်ဆင်ထားမှာ မဟုတ်ဘူးလား။"

ဤသည်ကို ကြားသောအခါ ရဲအရာရှိများမှာ မဆိုင်းမတွ ခေါင်းငြိမ့်မိကြသည်။

"ဘာပဲဖြစ်ဖြစ် လူသတ်သမားအတွက် ရုပ်အလောင်းကို ဖြတ်တောက်ဖို့ ဘယ်လောက်ခက်ခဲခဲ့လဲဆိုတာနဲ့ ရုပ်အလောင်း အစိတ်အပိုင်းတွေရဲ့ ပျက်စီးမှုအတိုင်းအတာကို ကြည့်ရင် သူဟာ အတွေ့အကြုံမရှိသူတစ်ဦးဖြစ်ဖို့ အလားအလာ အလွန်များပါတယ်။"

"ရုပ်အလောင်း စွန့်ပစ်တာနဲ့ ပတ်သက်ပြီး ပြောရအောင်။ လူသတ်သမားဟာ ရုပ်အလောင်းကို တောရိုင်းထဲမှာ မစွန့်ပစ်ခဲ့ဘူး မြေမြှုပ်တာ ဒါမှမဟုတ် မြစ်ထဲမှာ နှစ်မြှုပ်တာမျိုးလည်း မလုပ်ခဲ့ဘူး။ ဒါက သူက လူ့အဖွဲ့အစည်းကို ရန်စနေတာ မဟုတ်ပါဘူး။ စဉ်းစားကြည့်ပါဦး ကွမ်တာ လမ်းဆိုတာ ကျေးလက်တောရွာ မဟုတ်ပါဘူး မြေအောက်မှာ စည်ပင်သာယာရေး ပိုက်လိုင်းတွေ အပြည့်ရှိနေတာကြောင့် ကျင်းတူးဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ဒါ့အပြင် အဲဒီမှာ မြစ်လည်း မရှိပါဘူး။"

ဤသည်ကို ကြားလိုက်ရသောအခါ ရှန်ကျန့်ရုံ ၏ မျက်နှာအမူအရာမှာ အတန်ငယ် ပျက်ယွင်းသွားခဲ့သည်။ သူ ပြန်လည်ချေပချင်သော်လည်း ခဏမျှ မည်သို့ချေပရမည်ကို မသိဖြစ်သွားခဲ့၏။

"ဒီအမှုမှာ ရုပ်အလောင်း စွန့်ပစ်တဲ့နေရာ ၅ ခုစလုံးဟာ ကွမ်တာ လမ်းရဲ့ အမှိုက်ပုံးတွေထဲမှာပဲ ဖြစ်ပြီး အလွန် စုစည်းနေပါတယ်။ ဒါက လူသတ်သမားရဲ့ ရုပ်အလောင်း စွန့်ပစ်တဲ့ နည်းလမ်းဟာ အလွန်ကို အဆင့်မရှိတာကို ပြသနေတာပါ။ ဒါ့အပြင် သူဟာ စွန့်ပစ်တဲ့နေရာတွေရဲ့ အနီးအနားမှာ နေထိုင်သူ ဖြစ်ရပါမယ်။ ပတ်ဝန်းကျင်ကို အလွန်အမင်း ကျွမ်းကျင်နေတဲ့အတွက် စွန့်ပစ်တဲ့ ဖြစ်စဉ်အတွင်း လမ်းတိုင်းမှာရှိတဲ့ အမှိုက်ပုံးတွေရဲ့ တည်နေရာကို တိတိကျကျ ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။"

ဤကောက်ချက်ကြောင့် ရဲအရာရှိများမှာ လုံးဝ ဆွံ့အသွားခဲ့ကြရသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ချန်သည် စုံစမ်းစစ်ဆေးရေး နယ်ပယ်ကို စွန့်ပစ်သည့်နေရာများ၏ အနီးတဝိုက်သို့ တိုက်ရိုက်ကျဉ်းမြောင်းပေးလိုက်သောကြောင့်ဖြစ်သည်။

"လူသတ်သမားမှာ ကိုယ်ပိုင်ယာဉ်မရှိပါဘူးအကယ်၍ ရှိခဲ့ရင် သူဟာ ရုပ်အလောင်းအစိတ်အပိုင်းတွေကို အဝေးကြီးမှာ သွားရောက်စွန့်ပစ်မှာ သေချာပါတယ်။ ယနေ့ခေတ် လူ့အဖွဲ့အစည်းမှာ ကိုယ်ပိုင်ကားဆိုတာ မရှားပါဘူး ယွမ်သောင်းဂဏန်းအနည်းငယ်ပေးရင် ကားအသစ်တစ်စီး ရနိုင်ပြီး အော်တိုဂီယာတောင် ဖြစ်နေပါပြီ။ ဒါကြောင့် ဒါက လူသတ်သမားရဲ့ လူနေမှုအဆင့်အတန်းဟာ မမြင့်မားဘဲ စီးပွားရေးအခြေအနေ သိပ်မကောင်းဘူးဆိုတာကို သွယ်ဝိုက်ပြီး ညွှန်ပြနေပါတယ်။"

"ဟုတ်ပြီ။"

မိုချင်းသည် အနည်းငယ် စိတ်လှုပ်ရှားလာပြဖြစ်၏။

"လူသတ်သမားဟာ အမျိုးသားဖြစ်တယ်ကွမ်တာ လမ်း မှာ နေထိုင်တယ် စွန့်ပစ်တဲ့နေရာတွေရဲ့ အနီးတဝိုက်မှာတင် နေထိုင်တာလည်း ဖြစ်နိုင်တယ် ကားမရှိဘူး အရပ် ၁၇၀ စင်တီမီတာအောက် ဖြစ်နိုင်ပြီး ခန္ဓာကိုယ် ပိန်ပိန်ပါးပါးနဲ့ အသက် ၅၀ ဝန်းကျင်ဖြစ်မယ်။"

ယဲ့ချန်က ဆက်ပြောသည်။

"လူသတ်တာနဲ့ ရုပ်အလောင်းကို ဖြတ်တောက်တာဟာ နေရာလိုအပ်ပါတယ်။ ကျွန်တော်တို့ နေရာကို အမျိုးအစား သုံးမျိုး ခွဲခြားနိုင်ပါတယ်။ အများပြည်သူဆိုင်ရာနေရာ ၊ တစ်ပိုင်းအများပြည်သူဆိုင်ရာနေရာ နဲ့ ကိုယ်ပိုင်သီးသန့်နေရာတို့ ဖြစ်ပါတယ်။"

"အများပြည်သူဆိုင်ရာနေရာဆိုတာ ဆေးရုံ၊ ကျောင်း၊ လမ်းမကြီး စတာတွေကို ဆိုလိုတာပါ။ ကွမ်တာ လမ်း ရုပ်အလောင်းဖျက်ဆီးမှုအမှုအရဆိုရင်တော့ ဒီလိုနေရာမျိုးတွေမှာ လူသတ်ဖို့ရော ရုပ်အလောင်းဖြတ်တောက်ဖို့ပါ လုံးဝ မဖြစ်နိုင်ပါဘူး။"

"တစ်ပိုင်းအများပြည်သူဆိုင်ရာနေရာဆိုတာ စားသောက်ဆိုင်လေးတွေ ဆိုင်ခန်းလေးတွေ စတာတွေကို ဆိုလိုပါတယ်။ ဒီလိုနေရာမျိုးတွေမှာ လူသတ်ဖို့ လုံးဝဖြစ်နိုင်ပေမယ့် ရုပ်အလောင်းဖြတ်တောက်ဖို့ အခြေအနေတွေကတော့ မကိုက်ညီပါဘူး။"

"ကိုယ်ပိုင်သီးသန့်နေရာဆိုတာ သီးခြားနေအိမ်ကို ဆိုလိုတာပါ။ ဒီလို သီးခြားနေအိမ်အတွက် ကျွန်တော်တို့ဟာ အိမ်ငှားဖြစ်နိုင်ခြေကို ဖယ်ထုတ်ရပါမယ်။ ခင်ဗျားတို့ သိထားရမှာက ရုပ်အလောင်း ဖြတ်တောက်တဲ့အလုပ်ဟာ ဝက်တစ်ကောင်ကို သတ်ဖြတ်တာထက် မနည်းပါဘူး။ လူသတ်သမားအနေနဲ့ ရုပ်အလောင်းကို ဖြတ်တောက်ဖို့အတွက် အချိန်နဲ့ လုပ်ငန်းစဉ်တစ်ခု လိုအပ်တာကြောင့် ရုပ်အလောင်းဖြတ်တောက်မယ့် တည်နေရာရဲ့ အကြွင်းမဲ့လုံခြုံမှုကို သေချာစေရပါမယ်။ သတိရပါ ဒါက အခြေခံလုံခြုံမှု မဟုတ်ဘဲ အကြွင်းမဲ့လုံခြုံမှု ဖြစ်ပါတယ်။"

"ဒါကြောင့်..."

ဒါရိုက်တာလော့၏ မျက်နှာအမူအရာမှာလည်း စိတ်လှုပ်ရှားမှုများ ပေါ်လာပြီး...

"လူသတ်သမားမှာ သီးခြားနေအိမ်ရှိတယ် တစ်ယောက်တည်း နေထိုင်သူ ဖြစ်ဖို့ အလားအလာ အလွန်များတယ် မှတ်ထားကြစမ်း ဒါတွေအားလုံးကိုသေချာချရေးထားကြ။"

"ဟုတ်ပါတယ် လူသတ်သမားဟာ လူပျိုကြီးဖြစ်နိုင်သလို အိမ်ထောင်ကွဲ၊ မုဆိုးဖို သို့မဟုတ် သားသမီးတွေက တခြားနေရာမှာ သွားနေထိုင်ကြတာမျိုး စတာတွေ ဖြစ်နိုင်ပါတယ်။"

ရှန်ကျန့်ရုံက အနည်းငယ် အနေရခက်စွာ ရယ်မောလိုက်၏။

"မင်း ဒါတွေအားလုံးကို မှန်အောင် ခန့်မှန်းနိုင်ခဲ့ရင်တောင် ဘာဖြစ်လဲ စုံစမ်းစစ်ဆေးရေး နယ်ပယ်က ကျယ်ပြန့်နေတုန်းပဲ။ ဒါက သမုဒ္ဒရာထဲမှာ အပ်ရှာသလိုမျိုး ဖြစ်နေတုန်းပဲ။"

"ဒါကြောင့်ပဲ ကျွန်တော် အခု သေဆုံးသူအပေါ် အာရုံစိုက်ဖို့ လိုအပ်တာပါ။"

"လူသတ်သမားကို အရင်လိုက်စုံစမ်းတာဟာ မြင်းရှေ့က လှည်းကွေ့တာပါပဲ။ ရုပ်အလောင်းဖျက်ဆီးမှုအမှုတစ်ခုမှာ အမှုဖြေရှင်းဖို့ သော့ချက်ဟာ ရုပ်အလောင်းရဲ့ ရင်းမြစ်ကို ရှာဖွေဖို့ အမြဲတမ်း ဖြစ်ရပါမယ်။ ရုပ်အလောင်းရဲ့ ရင်းမြစ်ကို ရှာတွေ့တာနဲ့ အမှုက အခြေခံအားဖြင့် ပြေလည်သွားပါပြီ။"

ဤသို့ပြောပြီးနောက် ယဲ့ချန်သည် အချိန်ကို စစ်ဆေးရန် သူ၏ဖုန်းကို ထုတ်ကြည့်လိုက်သည်။

"ကဲ... နောက်ကျနေပြီဆိုတော့ လိုရင်းပဲ တိုတိုပြောပါ့မယ်။"

ယဲ့ချန်၏ စကားပြောနှုန်းမှာ အလွန် မြန်ဆန်လာခဲ့သည်။

"ရင်ခွဲစစ်ဆေးချက်အရ သေဆုံးချိန်ဟာ လွန်ခဲ့တဲ့ သုံးရက်က မနက်အစောပိုင်း ၃ နာရီဝန်းကျင် ဖြစ်ပါတယ်။ အသက် ၂၀ ကျော် မိန်းကလေးတစ်ဦးဟာ အဲဒီအချိန်မှာ ကွမ်တာ လမ်းမှာ ပေါ်လာတာဟာ ကွမ်တာ လမ်းရဲ့ ဒေသခံဖြစ်ဖို့ အလားအလာ အလွန်များပါတယ်။ သေဆုံးသူရဲ့ အစာအိမ်အတွင်းကနေ ရိုးရာဆေးဖက်ဝင်အပင်တွေဖြစ်တဲ့ တောင်ခါးကူ ၊ ၊ ကျောက်ချဉ်ဖုတ် နဲ့ ကပ္ပူရစတဲ့ ပါဝင်ပစ္စည်းတွေကို တွေ့ရှိရပါတယ်။ ကျွန်တော် ရိုးရာဆေးပညာကို အတန်ငယ် လေ့လာဖူးပါတယ် ဒီဆေးတွေအားလုံးဟာ သားဖွားမီးယပ် ရောင်ရမ်းမှုတွေကို ကုသဖို့ အသုံးပြုတာဖြစ်ပြီး အထူးသဖြင့် သားအိမ်ခေါင်း အနာဖြစ်ခြင်းကို ကုသဖို့ အသုံးပြုတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သေဆုံးသူဟာ မသေဆုံးခင်မှာ ပြင်းထန်တဲ့ မီးယပ်ရောဂါ ဝေဒနာကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ယနေ့ခေတ် လူ့အဖွဲ့အစည်းမှာ အနောက်တိုင်းဆေးပညာက ခေတ်စားပြီး ရိုးရာဆေးပညာက မှေးမှိန်နေပါတယ်။ ယန်မြို့တော်မှာ ရိုးရာဆေးရုံ တစ်ခုတည်းပဲ ရှိပြီး အခြေအနေက အေးစက်နေပါတယ်။ ရိုးရာ ဆရာဝန်ကြီးတွေရှိတဲ့ ကိုယ်ပိုင်ဆေးခန်းငယ်တွေ အနေနဲ့ကတော့ အများကြီး ရှိမှာမဟုတ်တဲ့အတွက် ခင်ဗျားတို့ သေချာ သွားရောက် စုံစမ်းစစ်ဆေးနိုင်ပါတယ်။"

"သေဆုံးသူရဲ့ ဘယ်ဘက်လက်ညှိုးနဲ့ လက်ခလယ်ကြားမှာ နီကိုတင်းနံ့ရတဲ့ မီးလောင်ရာတွေ ရှိနေတာကြောင့် သေဆုံးသူဟာ မသေဆုံးခင်မှာ ဆေးလိပ်သောက်တတ်တဲ့ အလေ့အထရှိပြီး ဒီအလေ့အထကို နှစ်အနည်းငယ်ကြာ ထိန်းသိမ်းထားခဲ့ကြောင်း ပြသနေပါတယ်။ သေဆုံးသူရဲ့ အသက်အရွယ်အရ သူမဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ဆေးလိပ်စသောက်ခဲ့တာ ဖြစ်ရမှာဖြစ်ပြီး ဆေးလိပ်အလွန်အကျွံ သောက်သူတစ်ဦး ဖြစ်ပါတယ်။"

"ကျွန်တော့်အမြင်အရ သေဆုံးသူဟာ ကွမ်တာ လမ်း ရဲ့ ဒေသခံဖြစ်ပေမယ့် အစ်မမို ပေးထားတဲ့ အချက်အလက်အချို့ကို ကြည့်ရသလောက် လွန်ခဲ့တဲ့ သုံးရက်အတွင်း ကွမ်တာ လမ်းမှာ လူပျောက်တိုင်ကြားချက် မရှိသေးပါဘူး။ ဒါက သေဆုံးသူဟာ မိဘတစ်ကွဲ မိသားစု သို့မဟုတ် မပြည့်စုံတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ရတာ ဖြစ်နိုင်ပြီး အတိုချုပ်ပြောရရင် မိသားစုဆီက ဂရုစိုက်မှုနဲ့ မေတ္တာကို မရရှိခဲ့သူ ဖြစ်ပါတယ်။"

"အင်း... သေဆုံးသူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်ပြီး ပြင်းထန်တဲ့ မီးယပ်ရောင်ရမ်းမှု ဝေဒနာကို ခံစားခဲ့ရတယ်ဆိုတော့ သူမဟာ လူပေလူတေ တစ်ယောက် ဖြစ်နိုင်ပါတယ်။"

"နောက်ဆုံးအနေနဲ့ သေဆုံးသူနဲ့ လူသတ်သမားကြားက ဆက်ဆံရေးအကြောင်း ပြောကြရအောင်။"

ယဲ့ချန်သည် ထရပ်လိုက်ပြီး သူ၏အကြည့်များမှာ လူ့နှလုံးသားကို ဖောက်ထွင်းမြင်နိုင်သော မှော်ဆရာတစ်ဦးကဲ့သို့ အလွန်ပင် စူးရှနေခဲ့သည်။

"ယေဘုယျအားဖြင့် လူသတ်မှုတွေဟာ သိကျွမ်းသူအချင်းချင်း ကျူးလွန်တာ သူစိမ်းတွေ ကျူးလွန်တာ သို့မဟုတ် ၎င်းတို့နှစ်ခုကြားက ဆက်ဆံရေးမျိုးတွေပဲ ဖြစ်ပါတယ်။"

"ကွမ်တာလမ်း ရုပ်အလောင်းဖျက်ဆီးမှုအမှု အတွက်ဆိုရင်တော့ သူစိမ်းတစ်ယောက်က ကျူးလွန်တဲ့ အမှုဖြစ်နိုင်ခြေကို အခြေခံအားဖြင့် ဖယ်ထုတ်နိုင်ပါတယ်။ အကယ်၍ မဟုတ်ခဲ့ရင် ရုပ်အလောင်းကို ဖြတ်တောက်ဖို့နဲ့ သေဆုံးသူရဲ့ ဦးခေါင်းကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးဖို့ အချိန်ကုန်ခံနေစရာ အကြောင်းမရှိပါဘူး။"

"လူသတ်မှု ဖြစ်ပွားတဲ့နေရာနဲ့ ရုပ်အလောင်း ဖြတ်တောက်တဲ့နေရာဟာ တစ်နေရာတည်းဖြစ်ရပါမယ် အဲဒါက လူသတ်သမားရဲ့ အိမ်ပါပဲ။ ကွမ်တာ လမ်းဟာ လူဦးရေ သိပ်သည်းပါတယ်။ မနက်အစောပိုင်းအချိန်တွေမှာတောင် ညဉ့်နက်သန်းခေါင် စားသောက်ဆိုင်တွေနဲ့ KTV တွေ တစ်ညလုံး ဖွင့်ထားတာတွေ ရှိတာကြောင့် လူသတ်သမားအနေနဲ့ သေဆုံးသူကို သူ့အိမ်ထဲကို အတင်းအဓမ္မ ဖမ်းခေါ်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သွေးဆောင်ဖြားယောင်းမှုအပိုင်းအနေနဲ့ကတော့ သေဆုံးသူရဲ့ အသက်အရွယ်အရ သူမဟာ သူစိမ်းတွေအပေါ် အခြေခံ ခုခံကာကွယ်မှု ရှိသင့်ပါတယ်။ သေဆုံးသူဟာ လူသတ်သမားရဲ့ အိမ်ထဲကို ငြိမ်းငြိမ်းချမ်းချမ်း ဝင်သွားခဲ့တာ ဖြစ်ရပါမယ်။"

"သိကျွမ်းသူအချင်းချင်း ကျူးလွန်တဲ့ အမှုလား။"

ဒါရိုက်တာလော့ ၏ သဘောထားမှာ အလွန်ပင် နှိမ့်ချသွားခဲ့သည်။

"အတိအကျကြီးတော့ မဟုတ်ပါဘူး။"

"ဒီအမှုအရ လူသတ်သမားဟာ သေဆုံးသူကို သတ်နေတဲ့အချိန်မှာ အတော်လေး တုန်လှုပ်ချောက်ချားတဲ့ အခြေအနေမှာ ရှိနေသင့်ပေမယ့် လူသတ်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ စိတ်ခံစားချက်တွေက တဖြည်းဖြည်း တည်ငြိမ်လာခဲ့တာကြောင့် ရုပ်အလောင်းကို ဖြတ်တောက်ဖို့ တွေးမိခဲ့တာပါ။ ရုပ်အလောင်း စွန့်ပစ်တဲ့အချိန်မှာတော့ လူသတ်သမားရဲ့ အခြေအနေဟာ ပိုပြီး တည်ငြိမ်နေခဲ့ပါတယ်။ သူဟာ ရုပ်အလောင်း အစိတ်အပိုင်းတွေကို အမှိုက်ပုံး ၅ ခုထဲကို အလွန် ချောမွေ့တိကျစွာ ပစ်ထည့်ခဲ့ပြီး နေရာအနှံ့ စွန့်ပစ်မှုကို ပြီးမြောက်စေခဲ့ပါတယ်။ ဖြစ်စဉ်အတွင်း လူသတ်သမားဟာ အတိုင်းအတာတစ်ခုအထိ ယုံကြည်မှုရှိကြောင်း ပြသခဲ့ပါတယ်။ ဘယ်လိုအကြောင်းပြချက်က သူ့ကို ဒီလို စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုမျိုး ဖြစ်ပေါ်စေခဲ့တာလဲ။"

ယဲ့ချန်ခဏမျှ ရပ်လိုက်သည်။ ရှန်ကျန့်ရုံ အပါအဝင် အားလုံးက အသက်ရှူပင် မဝံ့ကြဘဲ မျက်တောင်မခတ်တမ်း ယဲ့ချန်ကို စိုက်ကြည့်နေကြသည်။

"ဒီစိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုဟာ သေဆုံးသူအပေါ် သူရဲ့ မသိကျွမ်းမှုကနေ မြစ်ဖျားခံတာ ဖြစ်ပါတယ် တစ်နည်းအားဖြင့် ပြောရရင် ရဲတွေက ရုပ်အလောင်းရဲ့ ရင်းမြစ်ကို ရှာတွေ့ပြီး သေဆုံးသူရဲ့ လူမှုဆက်ဆံရေးကို စုံစမ်းစစ်ဆေးရင်တောင် လူသတ်သမားဟာ ပိုက်ကွန်ကနေ လွတ်မြောက်သွားဖို့ အလားအလာ အလွန်များပါတယ်။ ဒါကြောင့် သေဆုံးသူဟာ လူသတ်သမားရဲ့ အိမ်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာ ဖြစ်ရပါမယ် ဒါက သူ့ရဲ့ ယုံကြည်မှုပါပဲ ဒါကြောင့် ဒီအမှုကို အမျိုးအစားခွဲရရင် သေဆုံးသူနဲ့ လူသတ်သမားဟာ တစ်ဦးကိုတစ်ဦး သိကြပေမယ့် မရင်းနှီးကြဘူး သိကျွမ်းသူနဲ့ သူစိမ်းကြားက နေရာတစ်ခုမှာ ရှိနေပါတယ်။ ပြီးတော့ လူသတ်သမားရဲ့ ပုံမှန် အမူအရာဟာ အလွန်ကောင်းမွန်ပြီး အိမ်နီးနားချင်းတွေရဲ့ မျက်စိထဲမှာတော့ ကျွန်တော်တို့ ခေါ်လေ့ရှိတဲ့ လူကောင်းကြီးဖြစ်နေရပါမယ် ဒါကြောင့်ပဲ သေဆုံးသူဟာ သူ့အပေါ် ဘာမှ သံသယမရှိခဲ့တာ ဖြစ်ပါတယ်။"

"ရုပ်အလောင်းရဲ့ ရင်းမြစ်ကို ရှာတွေ့ပြီးတဲ့နောက် သေဆုံးသူရဲ့ လူမှုဆက်ဆံရေးကို စုံစမ်းစစ်ဆေးတဲ့အခါ သေဆုံးသူရဲ့ မိဘတွေရဲ့ လူမှုဆက်ဆံရေးကိုပါ စစ်ဆေးနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။"

"ကဲ... ကျွန်တော် ပြောချင်တာ အားလုံး ပြောပြီးပါပြီ ကျန်တဲ့ကိစ္စတွေကတော့ မရှုပ်ထွေးတော့ဘူးလို့ ထင်ပါတယ်။"

ယဲ့ချန်က အပြည့်အစုံ ကောက်ချက်ချလိုက်သည်။

"အော်... ဒါနဲ့ နောက်ဆုံးတစ်ခု ထပ်ဖြည့်ချင်တာကတော့ လူသတ်သမားဟာ ပထမဆုံးအကြိမ် ပြစ်မှုကျူးလွန်တာဖြစ်ပေမယ့် သဲလွန်စအများကြီး ချန်မထားခဲ့တာဟာ သူဟာ အသေးစိတ် အစွဲအလမ်းကြီးသူ ဖြစ်နိုင်ပြီး နေ့စဉ်ဘဝနဲ့ အလုပ်မှာ စနစ်တကျ ရှိသူဖြစ်နိုင်တာကို ညွှန်ပြနေပါတယ်။ ဖြစ်နိုင်တာကတော့ လူသတ်သမားဟာ Virgoဖြစ်နေမလားပဲ ဒါက ကျွန်တော် နောက်ပြောင်လိုက်တာပါ ဟားဟားဟားဟား..."

ဖြောင်း~~ ဖြောင်း~~ ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း~~

အစည်းအဝေးခန်းတစ်ခုလုံး သောင်းသောင်းဖျဖျ လက်ခုပ်သံများဖြင့် ပေါက်ကွဲသွားခဲ့ပြီး ဒါရိုက်တာလော့အပါအဝင် ရဲအရာရှိအားလုံး မတ်တတ်ရပ်ကာ ယဲ့ချန်အတွက် လက်ခုပ်တီး ဂုဏ်ပြုကြတော့သည်။

မိုချင်းသည် ယဲ့ချန်ကို ကြည့်ရင်း သူမ၏ နှလုံးသားတစ်ခုလုံး ဒိန်းဒိန်းတုန်အောင် ခုန်လာခဲ့ပြီး တစ်ခါမျှ မခံစားဖူးသော ခံစားချက်မျိုးကို ရုတ်တရက် ခံစားလိုက်ရသည်။

'သွားပြီ... သွားပြီ... ဒါက ချစ်မိတဲ့ ခံစားချက်ပဲ။ ယဲ့ချန် နင်ကတော့ ပြဿနာကောင်လေးပဲအမှုကို ခွဲခမ်းစိတ်ဖြာနေတုန်းက နင်က တည်ငြိမ်ပြီး အေးဆေးလွန်းတယ် ခန့်ညားပြီး မိုက်လွန်းတယ် မိုချင်းရေ နင်ကတော့ သွားပြီ ဒီတစ်ခါတော့ တကယ်ကို သွားပြီ...'

All Chapters