အခန်း ၁၂၇
Vol. 13 Ch. 127
အခန်း (၁၂၇) ကျွန်မ ဆေးလိပ်နံ့ကို မကြိုက်ဘူး။
အစည်းအဝေးခန်းအတွင်းရှိ မီးများ ပြန်လည်လင်းထိန်လာခဲ့သည်။ လေထုတစ်ခုလုံးမှည်း တက်ကြွလှုပ်ရှားပြီး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေတော့သည်။
ဒါရိုက်တာ လို့အိုလော့က လက်ခုပ်ကို ပြင်းပြင်းထန်ထန် တီးလိုက်ပြီး။
"ကဲ... အစည်းအဝေး ပြီးပြီ အားလုံးပဲ ပြန်ပြီး ကောင်းကောင်း အနားယူကြ။ မနက်ဖြန်ကစပြီး ယဲ့ချန်ညွှန်ပြပေးခဲ့တဲ့ လမ်းညွှန်ချက်အတိုင်း သေချာ စုံစမ်းစစ်ဆေးကြစို့။ ဒီလောက်အထိ ရှင်းပြပေးထားတာတောင် အမှုကို မဖြေရှင်းနိုင်သေးဘူးဆိုရင်တော့ ဒါဟာ ငါတို့ရဲ့ အရည်အချင်းမရှိလို့ပဲ ဖြစ်လိမ့်မယ်။"
"ယဲ့ချန် မင်းကတော့ တကယ်ကို စုံထောက်ကြီး ပါပဲဗျာ ကျေးဇူးတင်ပါတယ်။ ဒီအမှုကို ဖြေရှင်းဖို့ ငါတို့ရဲတပ်ဖွဲ့ကို ကူညီပေးခဲ့တဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်။"
"အားနာစရာကြီးဗျာ ကျွန်တော်က အားလပ်ချိန်တွေမှာ စုံထောက်ဝတ္ထုလေး နည်းနည်းပါးပါး ဖတ်ရတာကို ဝါသနာပါရုံတင်ပါ၊ ပြောပလောက်စရာ မရှိပါဘူး။"
"လာ... ရှောင်ချင်းငါနဲ့ ခဏလိုက်ခဲ့ဦး။"
"ယဲ့ချန် ဒီမှာ ခဏစောင့်နေနော်။ ငါ ဒါရိုက်တာ လော့နဲ့ ခဏလောက် စကားပြောပြီးရင် အတူတူ ပြန်ကြမယ်။"
မိုချင်းက ယဲ့ချန် ကို ညှို့ယူဖမ်းစားနိုင်သော အပြုံးလေးဖြင့် ပြောဆိုပြီးနောက် ဒါရိုက်တာ လော့ထံသို့ လျှောက်လှမ်းသွားခဲ့၏။
"ရှောင်ချင်း ယဲ့ချန်က မင်းနဲ့ ဘာတော်တာလဲ။"
ဒါရိုက်တာ လော့က အတင်းအဖျင်း မေးချင်ဇောဖြင့် စပ်စုသော မျက်နှာပေးဖြင့် မေးလိုက်သည်။
"ငါ့ကို ဖုံးကွယ်မထားဘဲ အမှန်အတိုင်း ပြောစမ်းပါ။"
"သူ... သူက... သူက ကျွန်မနဲ့ ဘာမှမတော်ပါဘူး... သူငယ်ချင်းပါပဲ..."
မိုချင်းသည် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ခေါင်းလေးငုံ့ကာ မျက်နှာတစ်ခုလုံး ရဲတက်လာခဲ့သည်။
"ဟားဟားဟားဟား... ရှောင်ချင်းရာ ငါလည်း ဒီအရွယ်တွေကို ဖြတ်သန်းလာခဲ့တာပဲ အခြေအနေကို ငါမသိဘဲ နေမလား ရှောင်ချင်းရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတာ နှစ်အတော်ကြာပြီ ဖြစ်ပေမယ့် တစ်ယောက်နဲ့မှ တွဲခဲ့တာမျိုး မရှိဘူး။ ဒီအခွင့်အရေးကို လက်လွတ်မခံနဲ့ ဒီယဲ့ချန်ဆိုတဲ့ ကောင်လေးက သာမန်မဟုတ်ဘူး သူဟာ နောင်တစ်ချိန်မှာ ကြီးကျယ်တဲ့ ကိစ္စရပ်တွေကို သေချာပေါက် လုပ်ဆောင်နိုင်မယ့်လူပဲ အင်း... အခွင့်အရေးကို ဆုပ်ကိုင်ထားစမ်းပါ။"
ဒါရိုက်တာလော့ က မိုချင်း (Mo Qing) ၏ ပုခုံးကို ပုတ်ကာ ဆက်ပြောသည်။
"ဒါကို မှတ်ထားပါ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို လိုက်ပိုးပန်းတာက တောင်တစ်လုံးခြားနေသလို ခက်ခဲပေမယ့် မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ပြန်လိုက်တာကတော့ ပါးလွှာတဲ့ ဇာပုဝါလေးတစ်ခုပဲ ခြားနေသလို လွယ်ကူလှတယ်။ဒါနဲ့ စကားမစပ် မင်း လတ်တလောမှာ အတော်လေး အလုပ်များနေခဲ့တာပဲ။ ဒီအမှုကို ကိုယ်တိုင်ကိုယ်ကျ လိုက်စုံစမ်းနေဖို့ မလိုတော့ဘူး။ ရက်အနည်းငယ်လောက် ခွင့်ယူပြီး အနားယူလိုက်ပါဦး။"
"ကောင်းပါပြီ ဒါရိုက်တာလော့ကျွန်မ ဘာလုပ်ရမလဲဆိုတာ သိပါပြီ။"
မိုချင်း ၏ မျက်ဝန်းများ ဝင်းပသွားခဲ့၏။
မကြာမီ မိုချင်းနှင့် ယဲ့ချန်တို့သည် ရဲစခန်းမှ အတူတူ ထွက်ခွာလာခဲ့ကြသည်။
ရှန်ကျန့်ရုံကမူ အစည်းအဝေးခန်းထဲတွင် ထိုင်လျက်ကျန်ရစ်ပြီး သူ၏မျက်နှာတွင် စိတ်ပျက်အားလျော့မှုနှင့် စိတ်ဓာတ်ကျမှုများ ပြည့်နှက်နေခဲ့သည်။
"ကျွမ်းကျင်သူ ရှန်ခင်ဗျား မပြန်သေးဘူးလား။"
"ကျွန်တော်... ကျွန်တော် တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်လို့ပါ။"
အချိန်မှာ ည ၁၀ နာရီကျော်မျှသာ ရှိသေးသဖြင့် သိပ်လည်း မစောတော့သလို သိပ်လည်း နောက်မကျသေးပေ။
"ယဲ့ချန် ငါနဲ့ လမ်းခဏလောက် လျှောက်ရအောင်။"
မိုချင်းက ပြုံးလျက် ပြောလိုက်၏။
"ရတာပေါ့။"
သူတို့နှစ်ဦးသည် လမ်းမထက်တွင် ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်လာခဲ့ကြသည်။
နွေးထွေးတည်ငြိမ်သော လမင်းကြီး၏ အလင်းရောင်သည် လမ်းမပေါ်သို့ ဖြာကျနေပြီး သူတို့၏ အဝတ်အစားများပေါ်တွင် ဝေမှုံ့ကာ နှစ်ဦးသားကြားတွင် နူးညံ့သိမ်မွေ့သော သံယောဇဉ် အထိအတွေ့လေးတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။
"ယဲ့ချန် နင်က မှုခင်းဆေးပညာနဲ့ ရာဇ၀တ်မှုဆိုင်ရာ ပုံဖော်ချက်တွေမှာ ဒီလောက်အထိ ကျွမ်းကျင်လိမ့်မယ်လို့ ငါ တကယ် မျှော်လင့်မထားခဲ့ဘူး။ နင် ဒါတွေအားလုံးကို ဘယ်ကနေ သင်ယူခဲ့တာလဲ။"
မိုချင်း သည် ယဲ့ချန်အပေါ် ပို၍ပို၍ စပ်စုချင်စိတ် ပြင်းထန်လာခဲ့သည်။
"ကျွန်တော်ပြောပြီးပြီပဲ အားလပ်ချိန်တွေမှာ Web novels တွေ ဖတ်ရတာ ဝါသနာပါတဲ့ စာအုပ်ပိုးကောင်အဟောင်းကြီးပါဆို။ စာတွေ အများကြီးဖတ်လေလေ သဘာဝအတိုင်း အများကြီး သိလာလေလေပေါ့။"
"ဟုတ်ပါပြီ။"
မိုချင်းက ယဲ့ချန်ကိုမျက်စောင်းထိုးလိုက်ရာ အလွန်ပင် ညို့ယူဖမ်းစားနိုင်ပုံရသည်။
မိုချင်း နှင့် သိကျွမ်းခဲ့သည်မှာ အတန်ကြာပြီဖြစ်သော်လည်း ယဲ့ချန်သည် ယနေ့ညတွင် သူမကို ထူးထူးခြားခြား ပိုမိုနူးညံ့ပြီး မိန်းမဆန်နေသည်ဟု ခံစားမိသည်။
ထိုစဉ် ယဲ့ချန်သည် ရှေ့နားရှိ လမ်းကွေ့တစ်ခုကို သတိပြုမိလိုက်ပြီး ထိုလမ်းကွေ့တွင် ဘတ်စကားမှတ်တိုင်တစ်ခု ရှိနေခဲ့သည်။
အမှန်စင်စစ် မြို့ပြကြီးများတွင်လည်း ဖုန်းရွှေ ကို ကြည့်ရှုနိုင်ပြီး မြင့်မားသော အဆောက်အအုံများကို တောင်တန်းများအဖြစ်လည်းကောင်း၊ လမ်းမများကို ရေအဖြစ်လည်းကောင်း ရှုမြင်နိုင်သည်။
ဒီလမ်းမကြီး၏ ရှေ့မျက်နှာစာသည် စည်ပင်ဝပြောသော ချီစွမ်းအင်စီးကြောင်း နှစ်ခုကို စုဆောင်းထားသဖြင့် ဖုန်းရွှေ အလွန်ကောင်းမွန်ကာ နေ့ခင်းဘက်တွင် လူစည်ကားရခြင်း ဖြစ်သည်။ အထူးသဖြင့် ထိုလမ်းကွေ့သည် ကွေ့ကောက်သောနေရာတွင် သံယောဇဉ်ရှိသည်ဟု ဆိုရိုးရှိသည့်အတိုင်း ဖြစ်သည်။
အကယ်၍ သူစိမ်းနှစ်ဦးသာ ထိုနေရာတွင် ဆုံတွေ့ခဲ့မည်ဆိုလျှင် ပထမဆုံးတွေ့ဆုံချိန်မှာတင် ချစ်မိသွားဖို့ အလားအလာ အလွန်များလှသည်။
'အို... ငါ ချိန်းတွေ့ဖို့အတွက် သန့်ရှင်းမြတ်နိုးစရာ နေရာကောင်းလေးတစ်ခုကို ရှာဖွေတွေ့ရှိလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ...'
"အစ်မမိုရှေ့က ဘတ်စကားမှတ်တိုင်မှာ ခဏသွားထိုင်ရအောင်။"
ယဲ့ချန်က အကြံပြုလိုက်၏။
မိုချင်းက ခေါင်းငြိမ့်ပြခဲ့သည်။
ဒီအချိန်တွင် ဘတ်စကားများ ပြေးဆွဲမှု ရပ်နားသွားခဲ့ပြီဖြစ်ရာ မှတ်တိုင်တွင် မည်သူမျှ မရှိတော့ချေ။
သူတို့နှစ်ဦးသည် ခုံတန်းလျားပေါ်တွင် ထိုင်လိုက်ကြသည်။
"ဟင် ဒီမှာ ထိုင်ရတာ တကယ်ပဲ သက်တောင့်သက်သာရှိပြီး စိတ်ကို ပျော်ရွှင်စေတာပဲ။"
မိုချင်းက အံ့သြစွာ ပြောလိုက်၏။
ဤအချိန်တွင် လမ်းမီးတိုင်များ၏ အောက်တွင် ယဲ့ချန်သည် မိုချင်းကို ကြည့်လိုက်ရာ သူမ၏ ပုံမှန် ထက်မြက်ပြီး ရဲရင့်သော မျက်ခုံးနှင့် မျက်ဝန်းများသည် သိသိသာသာ နူးညံ့ပျော့ပျောင်းသွားသည်ကို တွေ့ရသည်။
သူမ၏ အကြည့်များသည် နူးညံ့ပြီး ချစ်စရာကောင်းနေကာ အလွန်ပင် လှပလွန်းနေခဲ့၏။
ရုတ်တရက် ယဲ့ချန်က စကားစလိုက်သည်။
"ဒါနဲ့ အစ်မမို ကျွန်တော်အကဲခတ်ကြည့်ရသလောက် အစ်မရဲ့မျက်နှာအသွေးအရောင်အရ အစ်မရဲ့ အစာအိမ်က အနည်းငယ် ပြဿနာရှိနေပုံရတယ်။ အစ်မရဲ့ စားသောက်မှုပုံစံကို သေချာ ဂရုစိုက်ဖို့ လိုလိမ့်မယ်။ အစ်မက မနက်စာကို ခဏခဏ ကျော်သွားတတ်တယ် နေ့လယ်စာကို အလွန်နောက်ကျမှ စားတယ်ပြီးတော့ နေ့လယ်စာ နောက်ကျတာကြောင့် ညစာကို ညသန်းခေါင်ယံအထိ ဆွဲဆန့်ပြီး စားတတ်တယ်မလား။ ဒါက ကျန်းမာရေးအတွက် လုံးဝမကောင်းဘူး။"
"အာ နင် ဘယ်လိုသိတာလဲ။"
မိုချင်းသည် အံ့အားသင့်သွားပြီး ရုတ်တရက် ဂရုစိုက်ခံရသည့် နွေးထွေးမှုကို ခံစားလိုက်ရ၏။ ထိုအခိုက်အတန့်တွင် သူမ တကယ်ပဲ စိတ်လှုပ်ရှားသွားခဲ့ရသည်။
"သေချာပေါက် သိတာပေါ့။ ဒါက နောက်ပြောင်ရမယ့် ကိစ္စမဟုတ်ဘူး။"
ယဲ့ချန်က တည်ကြည်စွာ ပြောလိုက်သည်။
"ဒီလို ရှင်းပြပါ့မယ် နေ့ခင်းဘက်ဟာ လူတွေ အတက်ကြွဆုံးအချိန် ဖြစ်တယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ သုံးစွဲရမှုကြောင့် သဘာဝအတိုင်း ဆာလောင်မှုကို ခံစားရပြီး စားသောက်ဖို့ လိုအပ်တယ် ဒါကြောင့် နေ့ခင်းဘက်ကို လူသားတို့၏ အစားအစာလို့ ခေါ်ဆိုပြီး ကောင်းကင်ဘုံကလူသားတွေ စားသောက်ဖို့ စီစဉ်ပေးထားတဲ့ အချိန်ဖြစ်တယ်။ တစ်နည်းအားဖြင့် အစ်မနေ့ခင်းဘက်မှာ အချိန်မှန်စားရမယ် ဗိုက်ပြည့်အောင် စားရမယ်။ မွန်းလွဲပြီးရင် မစားနဲ့ဆိုသလို နေ့လယ် ၂ နာရီနောက်ပိုင်းမှ စားတာဟာ ကျန်းမာရေးကို အလွန်ထိခိုက်စေတယ်။ ညဘက်ကျတော့ ယန်စွမ်းအင် လျော့နည်းပြီး ယင်စွမ်းအင် ထွန်းကားလာကာ ယင်ဝိဉာဥ်တွေ ပေါ်လာတတ်တယ်။ ယင်ဝိဉာဥ်တွေ အစားအစာစားတဲ့ အချိန်က ညသန်းခေါင်ယံအချိန်ဖြစ်လို့ သရဲတစ္ဆေတို့၏ အစားအစာလို့ ခေါ်တယ်။ အစ်မက ညစာကို ညသန်းခေါင်ယံမှာ စားမယ်ဆိုရင် ဒါဟာ သရဲတစ္ဆေတွေနဲ့ အစားအစာ လုစားနေသလိုပဲ။ ကံမကောင်းရုံတင်မကဘူး။ အစ်မရဲ့ ကိုယ်တွင်းအင်္ဂါတွေကိုပါ ပျက်စီးစေပြီး ရေရှည်မှာ အသက်တိုစေလိမ့်မယ်။"
"ဟင် တကယ်လား။"
မိုချင်းက လန့်သွားခဲ့၏။
"ကောင်းပါပြီ ငါ နင့်စကားကို နားထောင်ပါ့မယ်။ နောက်နောင် ကျရင် နေ့လယ် ၂ နာရီနောက်ပိုင်း နေ့လယ်စာ လုံးဝမစားတော့သလိုညသန်းခေါင်ယံမှာ ညစာစားတာမျိုး လုံးဝမလုပ်တော့ဘူး။"
"အလုပ်တွေချည်းပဲ သဲကြီးမဲကြီး မလုပ်ပါနဲ့ အစ်မရဲ့ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်ပါဦး။"
ယဲ့ချန်သည် ဆေးလိပ်တစ်လိပ်ကို ထုတ်ယူကာ မီးညှိရန် ပြင်လိုက်သည်။
"ဆေးလိပ်မသောက်နဲ့။"
မိုချင်းက ရုတ်တရက် တားမြစ်လိုက်သည်။
"ငါ ဆေးလိပ်နံ့ကို မကြိုက်ဘူး။"
"အစ်မမို ကတော့ ကျွန်တော့်ကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်နေတာပဲ။"
ယဲ့ချန်က အနည်းငယ် မကျေမနပ်ဖြစ်ကာ ပြောလိုက်သည်။
"အစ်မ ဆေးလိပ်နံ့ကို မကြိုက်ဘူး ဟုတ်လား။ အစ်မတို့ရဲစခန်းက အရာရှိကြီးတွေဆို ဆေးလိပ်အိုးကြီးတွေ အများကြီးပဲအစည်းအဝေးလုပ်ရင် တစ်ခန်းလုံး ဆေးလိပ်ငွေ့တွေနဲ့ မွမ်းကြပ်နေတာ ကျွန်တော်တောင် ခေါင်းကိုက်တယ်။"
"အဲဒါကြောင့် မဟုတ်ပါဘူး..."
မိုချင်းသည် ရုတ်တရက် ခေါင်းလေးငုံ့သွားခဲ့၏။ လရောင်အောက်တွင် သူမ၏ နားရွက်လေးများမှာ နီရဲလာခဲ့သည်။ သူမက တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ငါ... ငါ... နင် ငါ့ကို နမ်းတဲ့အချိန်ကျရင်... ဆေးလိပ်နံ့... ထွက်နေမှာကို မကြိုက်လို့ပါ..."
"အမ်"
ယဲ့ချန်လန့်သွားခဲ့၏။
"နမ်းရမယ် ဟုတ်လား။"
"ငါ အရင်က နင့်ကို ကတိပေးထားဖူးတယ်လေ။"
မိုချင်းက ပြောရင်း သူမ၏ လက်ချောင်းလေးများကို အချင်းချင်း ပွတ်သပ်နေခဲ့သည်။
"မဟုတ်ဘူးလေ... အစ်မမို ကျွန်တော်က နောက်လိုက်တာပါ..."
ယဲ့ချန်သည်လည်း အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သော်လည်း သူ၏ ဆင်ခြင်တုံတရားကိုတော့ အပျောက်မခံခဲ့ပေ။
"ကျွန်တော်ကတစ်ခါတလေကျရင် ရိုင်းစိုင်းတဲ့ ပြက်လုံးတွေ ထုတ်တတ်ပေမယ့် သူတစ်ပါးအပေါ် အခွင့်အရေးယူတတ်တဲ့ အရှက်မရှိတဲ့လူမျိုး မဟုတ်ပါဘူး။ ထားလိုက်ပါတော့ အစ်မမို ကျွန်တော်စောစောက ကူညီပေးခဲ့တာပဲ။ ဒါ့အပြင် ရဲတပ်ဖွဲ့ကို အမှုကူညီဖြေရှင်းပေးတာဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ပဲလေ အစ်မကိုယ့်ကိုယ်ကိုယ် စတေးစရာ အလျှော့ပေးစရာ မလိုပါဘူး။"
"အို နင်က ဘာလို့ ဒီလောက် စကားတွေ အများကြီး ပြောနေတာလဲ။"
မိုချင်းသည် ပန်းတစ်ပွင့်ကဲ့သို့ လှပသော သူမ၏ မျက်နှာလေးကို ပင့်မော့လိုက်ပြီး။
"နင် ငါ့ကို နမ်းမှာလား၊ မနမ်းဘူးလား ငါ... ငါက သဘောတူပြီးသားပဲဥစ္စာ နင် နမ်းမှာလား မနမ်းဘူးလား။"
"ဒါဆို... ဘယ်နေရာကို နမ်းရမလဲ။"
ယဲ့ချန်က တဟဲဟဲ ရယ်မောလိုက်သည်။
"နင် နမ်းချင်တဲ့နေရာကို နမ်း။"
မိုချင်းက စိတ်တိုတိုဖြင့် ပြောလိုက်၏။ ဒီအခြေအနေကို ကြည့်ရသည်မှာ သူမက ယဲ့ချန်ကို အတင်းအဓမ္မ နမ်းခိုင်းနေသကဲ့သို့ ဖြစ်နေသည်။
ဒါဟာ သူမရဲ့ ပထမဆုံး အနမ်းပင်။
ဤသည်ကို ကြားလိုက်ရသောအခါ ယဲ့ချန် သည်လည်း အားနာမနေတော့ပေ။
သူသည် ချက်ချင်းပင် လက်ကို ဆန့်ထုတ်ကာ မိုချင်း၏ မေးစေ့လေးကို အသာအယာ မော့လိုက်သည်။
မိုချင်းသည် ရှက်သွေးဖြာလျက် မျက်လုံးလေးများကို မှိတ်ထားလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တုန်ရင်နေခဲ့၏။
ယဲ့ချန်သူမကို နမ်းလိုက်သည်။
စတင်စမ်းသပ်သည့် အထိအတွေ့လေးမှသည် နောက်ပိုင်းတွင် ပြင်းထန်သော စိတ်ဆန္ဒများ၏ မုန်တိုင်းအသွင်သို့ ကူးပြောင်းသွားခဲ့သည်။
မိုချင်းသည် ထိုအနမ်းကြောင့် ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားခဲ့ရပြီး ဘာကိုမှ မတွေးတောနိုင်တော့သလို၊ မတွေးတောချင်တော့ပေ။ သူမသည် သဘာဝအလျောက်ပင် ယဲ့ချန်၏ ခါးကို တင်းကျပ်စွာ ဖက်တွယ်ထားမိလေ၏။
ယဲ့ချန်သည် သူမထံမှ မွှေးပျံ့သော ရနံ့များကို လောဘတကြီး သိမ်းပိုက်နေခဲ့သည်။
၅ မိနစ်ခန့် ကြာပြီးနောက်...
မိုချင်း ၏ ခန္ဓာကိုယ်မှာ နူးညံ့ပျော့ခွေသွားပြီး ယဲ့ချန် ၏ ရင်ခွင်ထဲသို့ မှီတွယ်လိုက်သည်။
"ဟူး... နင်က ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မွေးစားထားတဲ့ ယောက်ျား တစ်ယောက်ဆိုတာ သိရက်သားနဲ့တောင် ငါ နင့်အပေါ် စိတ်ဝင်စားမိသွားတယ်။ ဒါက ငါ့ရဲ့ဝဋ်ပါပဲ။"
"အစ်မမို လျှောက်မပြောပါနဲ့ ကျွန်တော် ဘယ်တုန်းက မွေးစားခံရလို့လဲ။"
ယဲ့ချန်က ပေါ့ပေါ့ပါးပါးပင် ငြင်းဆိုလိုက်သည်။
"ထားလိုက်ပါတော့ ရှင်းမပြနဲ့ ငါမကြားချင်ဘူး။"
မိုချင်းသည် ဤအခိုက်အတန့်တွင် အလွန်ပင် နူးညံ့နေခဲ့ပြီး ယဲ့ချန်၏ ပုခုံးပေါ်တွင် ခေါင်းလေးကို အေးအေးဆေးဆေး တင်ထားခဲ့သည်။
သူမ၏ ရှည်လျားသော ဆံကေသာနက်များသည် လေနှင့်အတူ လွင့်မျောလာပြီး ယဲ့ချန်၏ မျက်နှာကို လာရောက်ထိတွေ့သဖြင့် ယဲ့ချန်ကို အနည်းငယ် ယားယံစေခဲ့သည်။
"အမ်... အစ်မမို ကျွန်တော်... လုပ်ချင်တယ်..."
ယဲ့ချန်က ပြောလိုက်၏။
"နင် ဘာလုပ်ချင်တာလဲ။"
"အစ်မိုသိလား ကျွန်တော်ငယ်ငယ်တုန်းက နို့စောစော ပြတ်ခဲ့တာ။ ကျွန်တော့ရဲ့ မပြည့်စုံခဲ့တဲ့ ကလေးဘဝကို အခု ပြန်ပြီး ဖြည့်ဆည်းပေးလို့ ရမလား။"
ယဲ့ချန်ကပြောင်ချော်ချော် လေသံဖြင့် ပြောလိုက်သည်။
"သွားစမ်းပါ။"
မိုချင်းက ပြုံးလျက် ဆူပူလိုက်သည်။
"ငါ နင့်ကို ငါ့ရဲ့ ပထမဆုံးအနမ်း ပေးပြီးပြီပဲ အခွင့်အရေး ထပ်မယူနဲ့။"
ထိုသို့ပြောပြီးနောက် မိုချင်းသည် မတ်တတ်ရပ်ကာ သူမ၏ ရှုပ်ပွနေသော အင်္ကျီကို ပြန်လည်ပြုပြင်လိုက်သည်။
"ငါ့ကို အိမ်ပြန်လိုက်ပို့တော့။"
သူမက ခဏမျှ ရပ်လိုက်ပြီး တိုးတိုးလေး ထပ်ပြောသည်။
"နောင်ကျရင် နင် ဘယ်လိုပြုမူမလဲဆိုတာ စောင့်ကြည့်ရဦးမယ်။ အကယ်၍ ကောင်းကောင်း ပြုမူမယ်ဆိုရင်တော့ ငါ နင့်ရဲ့ မပြည့်စုံခဲ့တဲ့ ကလေးဘဝကို ဖြည့်ဆည်းပေးဖို့ ခွင့်ပြုနိုင်တာပေါ့။ ဟွန်း... လူဆိုးလေး ငါတော့ နင့်ကြောင့် လူဆိုးမလေး ဖြစ်နေပြီ ပြီးတော့... နောက်နောင် ကျရင် နင့်ကို မွေးစားထားတဲ့ အဲဒီအမျိုးသမီးကို ငါ့မျက်စိရှေ့မှာ လုံးဝမတွေ့ပါစေနဲ့။"
ချက်ချင်းပင် ယဲ့ချန်သည် တက္ကစီတစ်စီးကို ခေါ်ယူကာ မိုချင်းကို အိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ သူတို့နှစ်ဦးသည် နောက်ခန်းတွင် ထိုင်လိုက်ကြ၏။ ယဲ့ချန်က မိုချင်း၏ ခါးကို ဖက်ရန် ကြိုးစားလိုက်ရာ သူမက အပေါ်ယံမျှသာ ရုန်းကန်ပြပြီး နောက်ဆုံးတွင် ယဲ့ချန်၏ ရင်ခွင်ထဲသို့ မှီတွယ်လာခဲ့သည်။
၎င်းသည် အလွန်ပင် လုံခြုံမှုရှိသည်ဟု ခံစားရစေပြီး သူမသည် တဖြည်းဖြည်းနှင့် အိပ်မောကျသွားခဲ့တော့သည်။
ကားပေါ်မှ ဆင်းချိန်တွင် ယဲ့ချန်က သူမကို ပွေ့ချီကာ ခေါ်ဆောင်သွားခဲ့သည်။
လူနေအိမ်ရာဝင်း ထဲသို့ ရောက်သည်နှင့် မိုချင်း နိုးလာခဲ့ပြီး အလွန်အမင်း ရှက်ရွံ့သွားခဲ့ရသော်လည်း နှလုံးသားထဲတွင်တော့ အလွန်ပျော်ရွှင်နေခဲ့သည်။
သူတို့နှစ်ဦးသည် မိုချင်း၏ အိမ်အောက်ထပ်တွင် လမ်းခွဲခဲ့ကြသည်။
အိမ်သို့ ပြန်ရောက်ပြီးနောက် မိုချင်းသည် ယဲ့ချန် ပေးခဲ့သော ပန်းချီကားပါရှိသည့် အနက်ရောင် ပလတ်စတစ်အိတ်ကို ယူကာ မိုထင်ဝမ် ၏ စာကြည့်ခန်းထဲသို့ ဝင်သွားခဲ့သည်။
"ယဲ့ချန် ငါ့ကို ဘာပေးလိုက်တာလဲမသိဘူး။"
မိုချင်း သည် အိတ်ထဲမှ ပန်းချီကားကို ထုတ်ယူလိုက်သည်။ သူမသည် ပန်းချီကားများနှင့် ပတ်သက်ပြီး များများစားစား မသိနားမလည်သဖြင့် သေချာမကြည့်ဘဲ ပန်းချီကားကို စားပွဲပေါ်သို့ တင်ကာ စာကြည့်ခန်းထဲမှ လှည့်ထွက်ခဲ့တော့သည်။
ယဲ့ချန် လည်း အိမ်သို့ ပြန်ရောက်လာခဲ့ပြီး သီချင်းလေး ညည်းကာ ရေချိုးပြီးနောက် ကုတင်ပေါ်တွင် လှဲလျောင်းလျက် ဖုန်းကစားနေခဲ့သည်။
"နေဦး... ငါ သရဲမျက်လုံးကို သုံးပြီး ယွီရှီးဘာလုပ်နေလဲဆိုတာ ချောင်းကြည့်လိုက်ဦးမယ်။ ဒီအချိန်ဆို သူမ အိပ်ပျော်နေလောက်ပြီ မလား။"
ယဲ့ချန်သည် စိတ်ထဲမှ တွေးတောကာ သရဲမျက်လုံးကို အသက်သွင်းလိုက်၏။
သူ၏ သူငယ်အိမ်များသည် သရဲတစ္ဆေတစ်ကောင်၏ မျက်လုံးများကဲ့သို့ ထိတ်လန့်ဖွယ်ရာ ကောင်းသော သရဲအလင်းရောင်များဖြင့် ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။
ယဲ့ချန်၏ မြင်ကွင်းထဲတွင် ဝေဝါးသော မြူခိုးများ ရုတ်တရက် ပေါ်လာခဲ့ပြီးနောက် ရေချိုးခန်းမှ ရေပန်းဖွင့်ထားသံကို ကြားလိုက်ရသည်။
ထို့နောက် လင်းယွီရှီး၏ ပျော်ရွှင်စွာ သီချင်းညည်းဆိုသံ ထွက်ပေါ်လာခဲ့သည်။
"နင့်ကို အရမ်းလွမ်းတယ် နင့်ကို အရမ်းလွမ်းတယ် နင့်ကို အရမ်းလွမ်းတယ် နင့်ကို အရမ်းလွမ်းတယ်။ နင့်ကို တကယ် တကယ် လွမ်းနေတာပါ။ အပိုတွေ မဟုတ်ဘူး နင့်ကို လွမ်းနေတာ အပိုတွေ မဟုတ်ပါဘူး..."
ထို ညို့ယူဖမ်းစားနိုင်ပြီး စိတ်ကူးယဉ်ဆန်သော မြူခိုးများကြားတွင် သွယ်လျပြီး ဆွဲဆောင်မှုရှိကာ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ခန္ဓာကိုယ်လေးပေါ်သို့ ဆပ်ပြာရည်များ လိမ်းကျံနေသည့် မိန်းမလှလေးတစ်ဦး၏ ပုံရိပ်ကို ဝေဝါးစွာ မြင်တွေ့လိုက်ရတော့သည်။