← Chapters

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း (၁၂၈) စကားမပြောနဲ့ ပါးစပ်ပိတ်ထားစမ်း။

ယဲ့ချန်တစ်ယောက် လင်းယွီရှီးရေချိုးနေလိမ့်မည်လို့ ဒီအချိန်မှာ လုံးဝ (လုံးဝ) မျှော်လင့်မထားခဲ့မိပေ။

တကယ့်ကို မိန်းမပျက်သရဲမပဲ။ မျှော်လင့်ထားတဲ့အတိုင်းဒီလိုသရဲမျိုးက သဘာဝအတိုင်းကို ညစ်ပတ်လွန်းတယ်။

အိမ်သာတွေရေချိုးခန်းတွေထဲကို ခိုးဝင်ရတာကို သိပ်ဝါသနာပါတာပဲ။

ခွေးမြီးကောက်ရင် ရာသက်ပန် ပြန်မတည့်ဆိုသလို သူ့အကျင့်က ပြင်မရတော့ပေ။

"တော်ပါပြီ မဖွယ်မရာတာတွေကို မကြည့်အပ်ပါဘူး ငါ ဆက်မကြည့်နိုင်တော့ဘူး။"

ယဲ့ချန်က တရားမျှတလှသော မျက်နှာပေးဖြင့် ပြောလိုက်၏။

"ဒါ့အပြင်... ကြည့်ပလောက်အောင်လည်း သိပ်ထူးခြားတာ ရှိတာမဟုတ်ပါဘူး..."

သို့သော်လည်း လင်းယွီရှီး တစ်ယောက် ရေချိုးပြီးနောက် ညအိပ်ဝတ်စုံလေးကို ဝတ်ဆင်ကာ ရေချိုးခန်းထဲမှ ထွက်လာသည့်အချိန်ကျမှသာ ယဲ့ချန် သည် သူ၏ ကြောက်မက်ဖွယ်သရဲမျက်လုံးကို မချင့်မရဲဖြင့် ပိတ်လိုက်တော့သည်။

"ဟဲဟဲ... ဒီသရဲမျက်လုံးက တကယ်ကို အသုံးဝင်တာပဲ... ယင်ယန်မျက်လုံး ထက်တောင် ပိုပြီး စွမ်းသေးတယ်။ ယွီရှီးရဲ့ အသားအရေက တကယ်ကို ကောင်းလွန်းတယ် သူမရဲ့ ခန္ဓာကိုယ်အချိုးအစားကလည်း လုံးဝကို အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းတယ်။"

အိပ်စက်ခြင်း။

နောက်တစ်နေ့ နံနက်အစောပိုင်း။ မိုးမလင်းမီအချိန်၌ ယဲ့ချန်သည် သရဲမျက်လုံးနှင့် သရဲမကြားက ဆက်နွယ်မှုကို အသုံးပြု၍ နေရောင်ခြည်ဒဏ်ကြောင့် ဝိညာဉ်လွင့်ပြယ်မသွားစေရန် ၎င်း၏ သိုလှောင်ခန်း ထဲသို့ အမြန်ဆုံး ပြန်လာခဲ့ရန် လှမ်းပြီး အမိန့်ပေးလိုက်သည်။

နံနက် ၉ နာရီကျော်မှသာ ယဲ့ချန်တစ်ယောက် အိပ်ရာမှထကာ မျက်နှာသစ် သွားတိုက်ခဲ့၏။ ထို့နောက် အောက်ထပ်သို့ဆင်းကာ ခေါက်ဆွဲတစ်ပွဲ ဝင်စားလိုက်သည်။ ဒီနေ့လည်း သူ ကျောင်းတက်ဖို့ အစီအစဉ်မရှိပေ။ သူ့မှာ လုပ်စရာ အရေးကြီးကိစ္စကြီး ရှိနေသောကြောင့်ဖြစ်သည်။

ကျိုးမိသားစုက ယဲ့ချန်၏ ဘဏ်အကောင့်ထဲသို့ ယွမ် သန်း ၅၀၀ လွှဲပေးပြီးဖြစ်၏။ သူ့ဆီမှာ အရင်ကတည်းက ရှိနေသည့် သန်း ၁၀၀ နှင့် ပေါင်းလိုက်လျှင် တစ်နည်းအားဖြင့် ဆိုရသော် ယဲ့ချန်၏ ဘဏ်ကတ်ထဲတွင် ယွမ် သန်း ၆၀၀ တိတိ ရှိနေပြီဖြစ်သည်။

ဒီလောက် ပိုင်ဆိုင်မှုပမာဏဆိုလျှင် သူဟာ ယန်မြို့တော် ရဲ့ သူဌေးကြီးတစ်ဦးလို့ သတ်မှတ်၍ရနေပြီဖြစ်သည်။ ပိုက်ဆံ ရှာထားပြီးမှတော့ သုံးရပေမည်။ ဒီအတိုင်း သိမ်းထားလျှင် ငွေကြေးတန်ဖိုး ကျဆင်းမှုသာ ဖြစ်ပေါ်လိမ့်မည်။

ဒီနေ့ အိမ်ဝယ်မယ့်ကိစ္စကို အပြီးပြတ် ဆောင်ရွက်ရမည်။ ဒီကိစ္စက တကယ်ကို ထပ်ပြီး နှောင့်နှေးလို့မရတော့ပေ။ ယွီရှီးတို့ မိသားစုအတွက် တစ်လုံးဝယ်ပေးပြီး သူ၏ မိဘများအတွက်လည်း တစ်လုံး ဝယ်ပေးရမည်။

အိမ်အသစ်များမှာ အလှဆင်မလုပ်ရသေးသဖြင့် ချက်ချင်းတက်နေရန် အဆင်မပြေသောကြောင့် ယဲ့ချန်သည် အလှဆင်ပြီးသားအိမ်သုံးလျှပ်စစ်ပစ္စည်းများ အပြည့်အစုံပါဝင်ပြီး ချက်ချင်း တက်နေရုံသာဖြစ်သည့်အနားယူပြီးသား အိမ်ဟောင်းများကိုသာ ရှာဖွေရန် ရွေးချယ်လိုက်သည်။

ယဲ့ချန်သည် ယန်မြို့တော်၏ အကြီးဆုံး အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီများ စုစည်းရာ ချွမ်းဟွာ လမ်းသို့ ကားဖြင့် ထွက်ခွာလာခဲ့သည်။

ကားပေါ်မှ ဆင်းပြီးနောက် ယဲ့ချန်သည် "Log Cabin Real Estate" ဟု ခေါ်သော ကုမ္ပဏီတစ်ခုထဲသို့ တန်းစီဝင်ရောက်ခဲ့၏။

အနက်ရောင် စကတ်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးငယ်တစ်ဦးသည် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးလှသော အလုပ်ခွင်အပြုံးလေးဖြင့် အနားသို့ လျှောက်လှမ်းလာကာ စိတ်အားထက်သန်စွာ ဆီးကြိုလိုက်သည်။

"မင်္ဂလာပါရှင် Log Cabin Real Estate မှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အစ်ကို ဝယ်ချင်တဲ့ အိမ်အမျိုးအစား သတ်မှတ်ချက်တွေကို ကျွန်မကို တိုက်ရိုက်ပြောပြလို့ရပါတယ် ဒါမှ ကျွန်မတို့က..."

ရုတ်တရက် ထိုမိန်းကလေးက

"ဟင်... ယဲ့ချန်။"

"နင်က ဘယ်သူလဲ။"

ရှေ့က မိန်းကလေးမှာ ယဲ့ချန်နှင့် သက်တူရွယ်တူခန့်ရှိပြီး ရုပ်ရည်က ၇၀ ရာခိုင်နှုန်းခန့် လှပသော်လည်း လင်းယွီရှီး၊ ရှယန်နန် နှင့် မိုချင်း တို့ကဲ့သို့ နတ်သမီးအဆင့်များနှင့် ယှဉ်လိုက်လျှင်မူ သာမန် မိတ်ကပ်ခြယ်သထားသော မိန်းကလေးတစ်ဦးမျှသာ ဖြစ်သည်။

တစ်ဝက်ခန့် စဉ်းစားပြီးနောက် ယဲ့ချန် ရုတ်တရက် မှတ်မိသွားခဲ့သည်။ ဒီမိန်းကလေးက သူ၏ အလယ်တန်းတုန်းက အတန်းခေါင်းဆောင်ဖြစ်သည်။

ထိုစဉ်က ကျောင်းတွင် သူမသည် နာမည်ကြီး အတန်းတွင်းအလှပန်းလေး ဖြစ်ခဲ့ပြီး အလွန်ပင် အေးစက်တည်ငြိမ်ကာ လှပသူဖြစ်၏။

သူမ၏ နာမည်က... ဝမ်ကျွမ်း ဟု ထင်ရသည်။ အလယ်တန်းအောင်ပြီးနောက် သူမ ကျောင်းဆက်မတက်တော့ဘဲ လူ့အဖွဲ့အစည်းထဲတွင် အလုပ်လုပ်ကိုင်နေခဲ့သည်ဟု ကြားဖူးသည်။

ယခုအချိန်တွင် ဝမ်ကျွမ်း ဆီ၌ ယခင်က ရှိခဲ့သော အေးစက်သည့် အမူအရာများ မရှိတော့ဘဲ အလုပ်ခွင်အတွေ့အကြုံကြောင့် ရရှိလာသော လူအကဲခတ်ကျွမ်းကျင်သည့် အရည်အချင်းများဖြင့် အစားထိုးဝင်ရောက်နေပြီဖြစ်သည်။

"အော်... အလှလေး ဝမ်ကျွမ်းပါလား နင်က ပိုပြီးတော့တောင် လှလာတယ်နော် ငါ တောင် မမှတ်မိချင်ဘူး။"

ယဲ့ချန်က ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။

"ယဲ့ချန် ဘာကိစ္စရှိလို့လဲ အိမ်ဝယ်မလို့လား။"

"အင်း... ကြည့်ချင်လို့ပါ။ နင် ငါ့ကို အိမ်အချို့လောက် မိတ်ဆက်ပေးပါဦးလား။"

ယဲ့ချန်က ပြောလိုက်၏။

"လာပါ၊ အတန်းဖော်ဟောင်းကြီးရဲ့ ငါ့နောက် လိုက်ခဲ့။ စိတ်မပူပါနဲ့ ငါ မိတ်ဆက်ပေးမယ့် အိမ်တွေက အကောင်းဆုံးတွေချည်းပဲ ဖြစ်စေရမယ်။"

ဝမ်ကျွမ်းက ယဲ့ချန်ကို စားပွဲတစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး ရေတစ်ခွက် ငှဲ့ပေးကာ ကွန်ပျူတာရှေ့တွင် ထိုင်လိုက်သည်။

"အတန်းဖော်ဟောင်းကြီး နင်က ဘယ်လိုအိမ်မျိုးကို လိုချင်တာလဲ။"

"ကျယ်ရမယ် အသစ်ဖြစ်ရမယ် အဆင့်မြင့်အလှဆင်ထားပြီး တည်နေရာကလည်း မဆိုးရဘူး။"

ယဲ့ချန်ခဏမျှ စဉ်းစားကာ ပြောလိုက်သည်။

"အင်း... ငါ ရှာကြည့်ပေးမယ် —တွေ့ပြီ။ လုံဟူ မြို့နယ် မှာရှိတဲ့ ဓာတ်လှေကားပါတဲ့ တိုက်ခန်းတစ်ခုရှိတယ် စတုရန်းမီတာ ၁၂၀ ကျယ်ပြီး အပြည့်အစုံ အလှဆင်ထားတယ်။ မူလကတော့ မင်္ဂလာဆောင်အိမ်အဖြစ် ပြင်ဆင်ထားတာ ဒါပေမဲ့ နောက်တော့ ဇနီးမောင်နှံအသစ်က ရန်ဖြစ်ကြပြီး မင်္ဂလာဆောင်ပွဲတောင်မလုပ်ရသေးဘူး အရပ်ဘက်ရေးရာဦးစီးဌာနမှာ ကွာရှင်းလက်မှတ် သွားလုပ်လိုက်ကြလို့ ငါတို့ကုမ္ပဏီမှာ ပြန်ရောင်းဖို့ လာအပ်ထားတာ။ အဲဒီအိမ်က လူတစ်ခါမှ မနေရသေးဘူး အရမ်းတန်တယ် ယွမ် ၂ သန်းပဲ။"

"၂ သန်း..."

ယဲ့ချန်မျက်မှောင်ကြုတ်လိုက်သည်။

"အတန်းဖော်ဟောင်းကြီး ဈေးနှုန်းနဲ့ ပတ်သက်ရင်တော့ အိမ်ရှင်က ညှိနှိုင်းပေးလို့ရတယ်လို့ ပြောထားတယ်။"

ဝမ်ကျွမ်းက အမြန်ပြောလိုက်သည်။

"နင် တကယ်ဝယ်မယ်ဆိုရင် ဈေးတစ်ခု ပေးခဲ့လေ ငါ အိမ်ရှင်နဲ့ သွားပြီး ညှိနှိုင်းပေးမယ်။ ဘယ်လိုလဲ။"

ယဲ့ချန် မျက်မှောင်ကြုတ်ရခြင်းမှာ အိမ်က ဈေးကြီးလွန်း၍ မဟုတ်ဘဲအလွန် ဈေးပေါလွန်းနေသောကြောင့်ဖြစ်သည်။

'တောက်... လူက ပိုက်ဆံရှိလာတော့ အရာရာတိုင်းက မယုံနိုင်စရာကောင်းလောက်အောင် ဈေးပေါနေသလိုပဲ ပေါလွန်းလို့ ငါတောင် မျက်စိထဲမဝင်တော့ဘူး... သောက်ကျိုးနည်းငါ တကယ်ပဲ ဘဝင်မြင့်နေပြီလား။'

"အော်... မဟုတ်ပါဘူး ငါပြောတာက ဒါထက် ပိုပြီး ဈေးကြီးတဲ့ အိမ်မျိုးတွေ မရှိဘူးလားလို့။"

ယဲ့ချန်က မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။

"အာ..."

ဝမ်ကျွမ်းကြောင်အသွားခဲ့သည်။

သူမ ဒီမှာ အလုပ်လုပ်ခဲ့တာ ၂ နှစ်ရှိပြီဖြစ်ပြီး ဖောက်သည်ပေါင်း မြောက်မြားစွာကို ဝန်ဆောင်မှုပေးခဲ့ဖူးသော်လည်း။ အိမ်က ဈေးမကြီးလို့ဆိုပြီး ညည်းညူတဲ့လူကို တွေ့ဖူးတာ ဒါပထမဆုံးအကြိမ်ပင်။

သို့သော်လည်း ဝမ်ကျွမ်း၏ အလုပ်ခွင်ကျွမ်းကျင်မှုကတော့ မဆိုးလှပေ။

"အင်း... ငါ ထပ်ရှာကြည့်ပေးမယ်။ ဟုတ်ပြီနန်ဟူ မြို့နယ်မှာ တစ်ခုရှိတယ် စတုရန်းမီတာ ၁၃၅ ကျယ်တယ် ဈေးက ၃ သန်း။"

ယဲ့ချန်က ခေါင်းခါပြလိုက်သည်။

'ဟိုး... ၃ သန်းတောင် ဈေးပေါတယ်လို့ ခေါင်းခါပြတယ်ပေါ့ ဘာကောင်လဲဟ သူ ငါ့ကို ဒီမှာ အလုပ်လုပ်နေမှန်းသိလို့ အိမ်ဝယ်ချင်ယောင်ဆောင်ပြီး ငါ့ကို လာပိုးပန်းနေတာလား ဒီလူက ရူးနေတာလား။'

ဝမ်ကျွမ်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။

"ဒါဆိုလည်း နင့်ရဲ့ လိုအပ်ချက်နဲ့ အတွေးအမြင်ကို ငါ့ကို တိုက်ရိုက်ပဲ ပြောပြပါတော့။"

"အလှဆင်ပြီးသား လျှပ်စစ်ပစ္စည်းတွေ အပြည့်အစုံပါပြီး ချက်ချင်းတက်နေလို့ရမယ့် ဗီလာ အိမ်အမျိုးအစားတွေ ရှိလား ငါ နှစ်လုံး ဝယ်ချင်လို့။"

ယဲ့ချန်က အမှန်အတိုင်း ပြောလိုက်သည်။

"ဗီလာ နှစ်လုံးတောင်"

ဤအခိုက်အတန့်တွင် ဝမ်ကျွမ်းသည် ယဲ့ချန်တစ်ယောက် သူမကို လာရောက်ပိုးပန်းနေခြင်းသာ ဖြစ်သည်ဟု လုံးဝ တထင်တချ ထင်လိုက်တော့သည်။

ယနေ့ခေတ်မှာ ဗီလာအိမ်တွေကို တစ်ပြိုင်နက်တည်း နှစ်လုံးဝယ်မယ့် သူဌေးကြီးဆိုတာ ရှိလို့လား။ ရိုးရိုးသားသားပြောရရင် သူက တကယ်ပဲ ပိုက်ဆံမရှားတဲ့ သူဌေးကြီးဆိုရင် ဘာလို့ အိမ်ဟောင်းကို ဝယ်မှာလဲ အိမ်အသစ် စီမံကိန်းတွေဆီပဲ တန်းသွားမှာပေါ့။

ဝမ်ကျွမ်းတို့ ကုမ္ပဏီတွင် ဗီလာအိမ်အချို့ ရှိနေသည်မှာ အမှန်ပင်ဖြစ်သော်လည်း သော့များက ဆိုင်တွင်မရှိသဖြင့် ယဲ့ချန်က အိမ်သွားကြည့်ချင်သည်ဟု ပြောပြီးမှ မဝယ်ခဲ့လျှင် သူမအတွက် အချိန်ဖြုန်းရာ မရောက်ပေဘူးလား။

"အမ်... ယဲ့ချန်နင် ဗီလာဝယ်ချင်ရင်တော့ ဘေးနားက New Century Real Estate ကုမ္ပဏီကို သွားကြည့်လိုက်ပါဦး အဲဒီမှာ ဗီလာအိမ်စာရင်းတွေ အများကြီးရှိတယ်လို့ ကြားဖူးတယ်။"

ဝမ်ကျွမ်းက သရော်စာ ကဲ့သို့ ပြောလိုက်၏။

ယဲ့ချန်သည် သူမ၏ လေသံထဲမှ သရော်မှုကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် ထရပ်လိုက်သည်။

"ကောင်းပါပြီ အတန်းဖော်ဟောင်းကြီး ကျေးဇူးတင်ပါတယ်။ ငါ ဘေးကဆိုင်ကိုပဲ သွားကြည့်လိုက်ပါ့မယ်။"

ယဲ့ချန်သည် ပြုံးလျက် Log Cabin Real Estate မှ ထွက်ခွာကာ ဘေးနားရှိ New Century Real Estate ကုမ္ပဏီထဲသို့ ဝင်ရောက်သွားခဲ့သည်။

မိနစ် ၂၀ ခန့် ကြာပြီးနောက်...

ဝမ်ကျွမ်း သည် ယဲ့ချန်တစ်ယောက် New Century Real Estate မှ ထွက်လာသည်ကို လှမ်းမြင်လိုက်ရသည်။

မိန်းကလေးငယ်တစ်ဦးက ယဲ့ချန်ကို အလွန်အမင်း ရိုသေသမှုပြုလျက် ယဲ့ချန်နှင့် ချက်ချင်းပင် အိပ်ရာထဲသို့ အတူတူ လှဲလျောင်းချင်နေသည့်အလား အလွန်အမင်း ပြုစုယုယစွာဖြင့် အပြင်အထိ လိုက်ပါပို့ဆောင်ပေးနေခဲ့သည်။

"မစ္စတာ ယဲ့ ဖြည်းဖြည်းသွားပါရှင် စိတ်ချလက်ချသာ နေပါ၊ အစ်ကို့အတွက် ကိစ္စအားလုံးကို ကျွန်မ သေချာပေါက် အကောင်းဆုံး ဆောင်ရွက်ပေးပါ့မယ်။ ပြီးတော့... မစ္စတာ ယဲ့ အစ်ကို့မှာ ဘာလိုအပ်ချက်ပဲရှိရှိ ကျွန်မကို အချိန်မရွေး ဖုန်းဆက်လို့ရပါတယ်နော်။ ညဘက်အပါအဝင် ၂၄ နာရီလုံး ကျွန်မ ဖုန်းဖွင့်ထားပါတယ်ရှင်..."

သူမက ပြောရင်း ယဲ့ချန်ကို ညို့ယူဖမ်းစားနိုင်သော အပြုံးလေးတစ်ခု ပေးလိုက်သေး၏။

ယဲ့ချန်ကမူ သူမကို များများစားစား အာရုံမစိုက်ဘဲ ရှေ့သို့ တန်းစီလျှောက်လှမ်းသွားခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ။"

ဝမ်ကျွမ်းသည် အလွန်အမင်း စပ်စုချင်စိတ် ပြင်းထန်လာသဖြင့် အပြင်သို့ အမြန်ပြေးထွက်ကာ ထိုမိန်းကလေးငယ်အနားသို့ လျှောက်သွားလိုက်သည်။

"ရှောင်မေ အဲဒီလူက နင်တို့ဆီက အိမ်ဝယ်သွားလို့လား။"

"ဟုတ်တယ် အစ်မ ကျွမ်း သူဌေးအစစ်ပဲ သူက လှပစွာ အလှဆင်ပြီးသား လျှပ်စစ်ပစ္စည်းတွေ အပြည့်အစုံပါတဲ့ ရေကန်နံဘေးက သီးခြားဗီလာ နှစ်လုံးကို တိုက်ရိုက်ဝယ်သွားတာအိမ်ဖိုးတင် ယွမ် သန်း ၆၀ နီးပါး ရှိတယ် ဘာစကားမှ အပိုမပြောဘဲ မျက်တောင်တစ်ချက်တောင် မခတ်ဘဲ စပေါ်ငွေတစ်ဝက်ကို ကတ်ခြစ်ပြီး တန်းပေးသွားတာ။"

ထိုမိန်းကလေးငယ်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏

"ဒီလို ယောက်ျားမျိုးကတော့ ရုပ်ရည်နဲ့တင် လူကို သတ်နိုင်ပြီး ပိုက်ဆံနဲ့တင် လူကို ဖိသတ်နိုင်တာမျိုးပဲ... အို... ဘုရားသခင် သူသာ ကျွန်မကို ချိန်းတွေ့ဖို့ ခေါ်မယ်ဆိုရင် ကျွန်မရဲ့ ကိုယ်ခံပညာ စွမ်းရည်ပေါင်း ၁၈ မျိုးလုံးကို ထုတ်သုံးပြီး သူ ကျွန်မဆီကနေ ရုန်းမထွက်နိုင်အောင် လုပ်ပစ်လိုက်မယ်။"

"ဒါနဲ့ စကားမစပ် အစ်မ ကျွမ်သူက အစ်မ မိတ်ဆက်ပေးလိုက်တာလို့ ပြောတယ် တကယ်ပဲ ကျေးဇူးတင်ပါတယ်နော်။ ဒီည ညီမ အစ်မကို ညစာ ကောင်းကောင်းလိုက်ကျွေးပါ့မယ်။ ဒီတစ်ခါတော့ ညီမ ကော်မရှင်ခတင် ယွမ် တစ်သိန်းကျော် ရပြီ။"

ဝိုး...

ဝမ်ကျွမ်း ၏ ရင်ထဲတွင် သွေးဟောင်းများ အန်ထွက်မတတ် ခံစားလိုက်ရ၏။ ထို့နောက် သူမသည် အရူးတစ်ယောက်ကဲ့သို့ ယဲ့ချန် နောက်သို့ အပြေးအလွှား လိုက်ပါသွားတော့သည်။

တစ်ချိန်တည်းမှာပင်။

မိုချင်း အိမ်၌။ ဧည့်ခန်းအတွင်း။

မိုထင်ဝမ် သည် အမှားတစ်ခုခု ကျူးလွန်ထားမိသော ကျောင်းသားငယ်တစ်ဦးကဲ့သို့ ဆိုဖာပေါ်တွင် အလွန် အနေရခက်စွာ ထိုင်နေခဲ့သည်။

မိုချင်းသည်လည်း သူ့ဘေးတွင် ထိုင်နေပြီး သူမ၏ မျက်နှာတွင်လည်း မတတ်နိုင်သည့် အမူအရာများ ပြည့်နှက်နေသည်။ သူမတို့ မိသားစု၏ အခြေအနေအရ ယွမ် ဆယ်သန်းကျော် လျော်ကြေးပေးရမည်ဆိုလျှင် ၎င်းသည် မိသားစုကို လုံးဝ ဒူးထောက်သွားစေနိုင်သော ပမာဏ ဖြစ်သည်။

သူတို့နှင့် မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် အမျိုးသား နှစ်ဦး ထိုင်နေကြသည်။ ထိုအထဲမှ တစ်ဦးမှာ ဆံပင်ကို သပ်ရပ်စွာ ဖြီးသင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ခြေထောက်ချိတ်ထိုင်လျက် သူဌေးကြီးတစ်ဦး၏ အရှိန်အဝါများကို ထုတ်ဖော်ပြသနေသည်။

ကျန်တစ်ဦးမှာ ထန်ဝတ်စုံကို ဝတ်ဆင်ထားပြီး စူးရှသော မျက်ဝန်းများရှိသည့် သက်ကြီးရွယ်အိုတစ်ဦး ဖြစ်သည်။

"ဟားဟား... ညီကိုမိုရေ ကြည့်စမ်းငါတို့ ယန်မြို့တော်ရဲ့ အကျော်ကြားဆုံး ကမ္ပည်းအက္ခရာနဲ့ ပန်းချီပညာရှင်ကြီး ဆရာကြီး ဖန်း ကိုယ်တိုင် လိုက်ကြည့်ပေးဖို့ ငါ ဖိတ်ခေါ်လာခဲ့တာ ဟားဟားဟား။"

ထို ဆံပင်သပ်ရပ်စွာ ဖြီးထားသော သက်လတ်ပိုင်း အမျိုးသားက အားရပါးရ ရယ်မောလိုက်သည်။

"ငါ အဲဒီ ကျန်းတာချန်း ရဲ့ ပန်းချီကားကို ကျွမ်းကျင်သူ အများကြီးနဲ့ စစ်ဆေးဖူးပြီးသားဖြစ်လို့ အစစ်အမှန်ဆိုတာ သေချာပေမယ့် ဆရာကြီး ဖန်း ရဲ့ စူးရှတဲ့ မျက်လုံးတွေနဲ့ ထပ်ပြီး စစ်ဆေးပေးတာက ငါ့ကို ပိုပြီး စိတ်အေးစေတာပေါ့။"

"ထားလိုက်ပါတော့ သူဌေးချောင်ရာခင်ဗျားရဲ့ စရိုက်ကို ကျွန်တော် မသိဘဲ နေမလား။"

ထန်ဝတ်စုံဝတ်ထားသော သက်ကြီးရွယ်အိုက ရယ်မောလိုက်သည်။

"ပန်းချီကားက အစစ်ဖြစ်နေလို့သာ ခင်ဗျား ကျွန်တော့်ကို ခေါ်လာတာပေါ့။ ခင်ဗျား ကျွန်တော့်ကို ဒီအထိ အဖော်ခေါ်လာတာက ကျွန်တော့်ရှေ့မှာ ကြွားဝါချင်လို့ သက်သက်ပဲဥစ္စာ။ ကဲပါ... ကျန်းတာချန်း ရဲ့ ပန်းချီကားဆိုတာ နိုင်ငံတော်ရတနာအဆင့်တန်ဖိုးမဖြတ်နိုင်တဲ့အရာပဲ။ သွားကြည့်ကြစို့။"

"ညီကိုမို ပန်းချီကားက ဘယ်မှာလဲ။"

ထို ဆံပင်သပ်ရပ်စွာ ဖြီးထားသော သူဌေးခချောင်က စိတ်မရှည်သော မျက်နှာပေးဖြင့် မေးလိုက်သည်။

"ဒါ... ဒါက... စာကြည့်ခန်းထဲမှာပါ၊ ကျွန်တော့်နောက် လိုက်ခဲ့ကြပါ။"

မိုထင်ဝမ်မှာ ငိုတော့မည့် မျက်နှာဖြစ်နေခဲ့သည်။

မိုချင်းက သူမ၏ ဖခင်အိုကို စိတ်မလှုပ်ရှားစေရန် ပုခုံးကို အမြန်ပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။ ချက်ချင်းပင် မိုချင်းနှင့် မိုထင်ဝမ် တို့ သားအဖသည် သူဌေးချောင်နှင့် ဆရာကြီး ဖန်းတို့ကို စာကြည့်ခန်းထဲသို့ ခေါ်ဆောင်လာခဲ့ကြသည်။

"ညီကိုမို..."

သူဌေးချောင်သည် စားပွဲပေါ်တွင် တင်ထားသော ကျန်းတာ့ချန်း၏ "Peaches Presenting Longevity" ပန်းချီကားကို မြင်လိုက်ရသောအခါ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်သွားပြီး ရင်ထဲတွင် မီးတောက်သွားကာ ငိုရခက် ရယ်ရခက်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

သူ မြင်လိုက်ရသည်မှာ ပန်းချီကား၏ အလယ်ဗဟိုတည့်တည့်တွင် လက်သီးဆုပ်ခန့်ရှိသော အပေါက်ကြီးတစ်ပေါက် ဖြစ်နေခြင်းပင်။

"သူဌေးချောင်... တကယ်ပါ... ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ်ဒါ ကျွန်တော့်အမှားပါ၊ ကျွန်တော့်အမှား သက်သက်ပါပဲ။"

ညီကိုမိုသက်ပြင်းချလိုက်၏။

"ဒါက အဖိုးတန်ပစ္စည်းတစ်ခုကို ဖျက်ဆီးပစ်တာပဲ မဟုတ်ဘူးလား။"

ဆရာကြီး ဖန်းသည်လည်း ဒေါသတကြီးဖြင့် တုန်ရင်လာခဲ့သည်။ သူသည် တစ်ဘဝလုံး ပန်းချီကားများကို ချစ်မြတ်နိုးလာခဲ့သူ ဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံတော်ရတနာဟု ခေါ်ဆိုနိုင်သော အစစ်အမှန်လက်ရာတစ်ခုကို ဤကဲ့သို့ ဖျက်ဆီးထားသည်ကို မြင်လိုက်ရသဖြင့် သူလည်း ရင်ကျိုးရကာ သွေးအန်မတတ် ခံစားလိုက်ရသည်။

"ပျက်စီးသွားပြီ ဘာမှ သုံးစားလို့ မရတော့ဘူးဒီပန်းချီကားက ဘာတန်ဖိုးမှ မရှိတော့ဘူး။ ဟူး... နှမြောစရာကောင်းလိုက်တာ ဘယ်လိုဖြစ်ရတာလဲ ဒါက မီးရှို့လူသတ်မှု ကျူးလွန်တာနဲ့ အတူတူပဲ ခွင့်မလွှတ်နိုင်စရာ ရာဇ၀တ်မှုပဲ။"

"လူကြီးမင်းတို့ ရှင့်။"

မိုချင်းက အားနာလှသော မျက်နှာဖြင့် ပြောလိုက်သည်။

"ကျွန်မတို့ အဖေက ပန်းချီကားကို သေချာ ဂရုမစိုက်မိလို့ပါ၊ အခုအချိန်မှာ တောင်းပန်နေလည်း ထူးမှာမဟုတ်တော့ပါဘူး။ ကိစ္စတွေက ဒီအခြေအနေအထိ ရောက်လာပြီဆိုတော့ ကျွန်မတို့ အေးအေးဆေးဆေး ညှိနှိုင်းပြီး ဘယ်လို လျော်ကြေးပေးရမလဲဆိုတာ ဆွေးနွေးကြရင် မကောင်းဘူးလား ရှင့်။"

"လျော်ကြေး လျော်ကြေး လျော်ကြေး ဘယ်လို လျော်ကြေးပေးမှာလဲ။ ကျန်းတာချန်း ရဲ့ ပန်းချီကား ဘယ်နှစ်ကားလောက် ရှိနေလို့လဲ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူးအနုပညာတန်ဖိုး စုဆောင်းမှုတန်ဖိုး တန်ဖိုးတက်လာမယ့် အလားအလာ ဒါတွေကို ဘယ်လို လျော်ကြေးပေးမှာလဲ။ ဘာလျော်ကြေးမှ လာမပြောနဲ့။"

သူဌေးချောင်က ရင်ဘတ်ကို ထုကာ ခြေဆောင့်နေခဲ့သည်။

မိုချင်းဆွံ့အသွားခဲ့ရ၏။ မိုထင်ဝမ်မှာလည်း ချွေးစေးများ ပြန်လာခဲ့သည်။

ကွက်တိ ထိုအခိုက်အတန့်တွင်။

မရည်ရွယ်ဘဲ ဆရာကြီး ဖန်းသည် စားပွဲပေါ်တွင် ပေါ့ပေါ့ပါးပါး တင်ထားသော ပန်းချီကားတစ်ကားကို လှမ်းမြင်လိုက်ရသည်။ အဲဒါကတော့ မနေ့က ယဲ့ချန်ဆွဲပြီး မိုချင်းကို ပေးခဲ့တဲ့ ပန်းချီကားပင် ဖြစ်သည်။

"နေဦးးးး"

ရုတ်တရက် ဆရာကြီး ဖန်းက အော်ဟစ်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားခဲ့သည်။ ထို့နောက် တုန်ရင်နေသော လက်များဖြင့် သူ၏ အိတ်ကပ်ထဲမှ စာဖတ်မျက်မှန်နှင့် အဖြူရောင် လက်အိတ်တစ်စုံကို အမြန်ထုတ်ယူလိုက်တော့သည်။

ဆရာကြီး ဖန်းသည် မျက်မှန်နှင့် လက်အိတ်ကို စွပ်လိုက်ပြီး ကိုယ်ကို ကိုင်းကာ ပန်းချီလိပ်ကို အသာအယာ ဖြန့်လိုက်သည်။ သူ၏ လှုပ်ရှားမှုများသည် သူ၏ ပထမဆုံး ချစ်သူ၏ ဘောင်းဘီကို ချွတ်ပေးနေသကဲ့သို့ အလွန် အလွန်နူးညံ့ညင်သာလှသည်။

"ဆရာကြီး ဖန်း..."

သူဌေးချောင်က လှမ်းခေါ်လိုက်သည်။

"ရှူးးး"

ဆရာကြီး ဖန်းက တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး တိုးတိုးလေး ဟောက်လိုက်သည်။

"စကားမပြောနဲ့ ပါးစပ်ပိတ်ထားစမ်းးအသံကျယ်ကျယ်ပြောတာဟာ ဒီပစ္စည်းအပေါ် စော်ကားရာရောက်တယ် ပါးစပ်ပိတ်ထား ငြိမ်ငြိမ်နေစမ်း။"

All Chapters