အခန်း ၂၇၄
Vol. 28 Ch. 274
အခန်း (၂၇၄) - ပဟေဠိများစွာ
ကြာမြင့်စွာ တိတ်ဆိတ်သွားပြီးနောက် သူသည် တောင်ဝှေးကို အားပြုကိုင်ကာ ထရပ်လိုက်သည်။ လေ့ထီလျန် တံခါးဖွင့်လိုက်ချိန်တွင် လက်ထောက်ဖြစ်သူက ရုံးခန်းအတွင်းမှ ထွက်လာသော သူ့ကို မြင်လိုက်သဖြင့် လှမ်းပြောလိုက်လေသည်။
"ဥက္ကဋ္ဌ... ခုနတင်ပဲ ခြေရာခံအဖွဲ့ဆီက သတင်းရပါတယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က သခင်လေးချီချန် ဝူလင်စခန်းထဲကို ဝင်သွားတာကို သူတို့ မြင်လိုက်ကြတယ်လို့ ပြောပါတယ်..."
သူ၏စကားကို ကြားပြီးနောက် လေ့ထီလျန်က အေးစက်စွာ အမိန့်ပေးလိုက်၏။
"သူတို့ကို အမြန်ဆုံး ဖမ်းခေါ်လာဖို့ လူတွေ ထပ်လွှတ်လိုက်... စမ်းသပ်မှုကို နောက်ထပ် နှောင့်နှေးလို့ မရတော့ဘူး..."
လက်ထောက်က ခေါင်းညိတ်လိုက်ပြီး ရိုသေသော်လည်းကောင်း ဖြေကြားလိုက်သည်။
"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ..."
သူတို့နှစ်ဦး မြေအောက်ထပ် စမ်းသပ်ခန်းဆီသို့ လျှောက်လှမ်းသွားစဉ် လေ့ထီလျန်က စိတ်ထဲမှ တွေးတောနေမိလေသည်။
'ငါ့ခန္ဓာကိုယ်ကြီး လုံးဝပျက်စီးမသွားခင် အဲဒီဆေးရည်ကို အမြန်ဆုံး ရမှဖြစ်မယ်...'
နောက်တစ်နေ့ နံနက်စောစောတွင် ကျီယန်က စောစီးစွာ နိုးထလာပြီး ရိုးရှင်းသော မနက်စာကို ပြင်ဆင်လိုက်၏။ ကျူးလင်သည် ဒုတိယထပ်မှ ဆင်းလာချိန်တွင် ထမင်းစားခန်း၌ မနက်စာ စားနေသော သူ့ကို မြင်လိုက်ရသဖြင့် နှုတ်ဆက်လိုက်လေသည်။
"မင်္ဂလာမနက်ခင်းပါ ကျီယန်... ဒီနေ့ စောစောနိုးနေပါလား..."
ကျီယန်က မော့ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"မင်္ဂလာမနက်ခင်းပါ ရှောင်လင်... မနေ့က ငါတို့ လူတွေအများကြီး ဖမ်းမိထားတယ်... ဒီနေ့တော့ ရှောင်ဝေ့နဲ့အတူ သူတို့ကို စစ်မေးရလိမ့်မယ်..."
သူ၏စကားကို ကြားသော် ကျူးလင်သည် သူ၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး မေးမြန်းလိုက်၏။
"သူတို့ကို ဘယ်လိုစစ်ဆေးဖို့ စီစဉ်ထားလဲ..."
ကျီယန်သည် သူမ၏မေးခွန်းကို ကြားပြီးနောက် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်လေသည်။
"ငါတို့ဆီမှာ အစ်ကိုကြီး ရှိသေးတယ်လေ... သူက စိတ်စွမ်းအင်သုံးပြီး သူတို့ကို အမှန်အတိုင်း ပြောပြလာအောင် ဖိအားပေးနိုင်တယ်..."
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျူးလင်က မေးလိုက်သည်။
"ပါမောက္ခကုန်းကို ပြောတာလား..."
ကျီယန်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"ဟုတ်တယ်..."
ကျူးလင်သည် ကုန်းရီရွှမ်၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာနှင့် ညိုမည်းနေသည့် မျက်ကွင်းများကို ပြန်လည်တွေးမိကာ ပြောလိုက်လေသည်။
"ငါ့အမြင်တော့ မင်းရဲ့အစ်ကိုကြီးက တခြားအရာအားလုံးထက် အိပ်စက်ဖို့ ပိုလိုနေတာ..."
ကျီယန်က သက်ပြင်းတစ်ချက်ချလျက် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"သူက သူ့မိဘတွေကလွဲရင် ဘယ်သူ့စကားမှ နားထောင်လေ့မရှိဘူး... ကံဆိုးတာက ကမ္ဘာပျက်ကပ် စတင်ကတည်းက ငါ့ကြီးဒေါ်နဲ့ ဦးလေးက ဆုံးပါးသွားခဲ့ကြပြီ..."
သူမသည် ကျီယန်၏စကားကို ကြားပြီးနောက် ခေတ္တမျှ စဉ်းစားလိုက်ပြီး သူမ၏ ဝိညာဉ်နန်းဆောင်အတွင်းမှ နတ်စမ်းရေတစ်ပုလင်းကို ထုတ်ယူလိုက်လေသည်။
သူမသည် နတ်စမ်းရေပုလင်းကို ကျီယန်၏ရှေ့တွင် ချပေးလိုက်ပြီး ပြောလိုက်သည်။
"သူ့ကို ဒီနတ်စမ်းရေ အမြန်ဆုံးသောက်ခိုင်းလိုက်... မဟုတ်ရင် နောက်ရက်အနည်းငယ်အတွင်း သူ သေလိမ့်မယ်...”
“သူ့ခန္ဓာကိုယ်က အကန့်အသတ်ကို ကျော်လွန်နေပြီ... ပြီးခဲ့တဲ့အကြိမ်က သူ့ကိုတွေ့တော့ သူ့ရဲ့ အတွင်းအင်္ဂါတွေ စပြီး ပျက်စီးနေတာကို ငါ သတိထားမိတယ်..."
ကျီယန်သည် သူမကို ကြည့်ကာ လှိုက်လှိုက်လှဲလှဲ ပြောလိုက်ရရှာသည်။
"ကျေးဇူးအများကြီးတင်ပါတယ် ရှောင်လင်..."
ကျီယန်သည် နတ်စမ်းရေပုလင်းကို သူ၏ သိုလှောင်မှုဟင်းလင်းပြင်ထဲသို့ ထည့်လိုက်ပြီးနောက် မတ်တတ်ထရပ်ကာ ပန်းကန်အလွတ်ကို ကိုင်၍ မီးဖိုချောင်သို့ လျှောက်သွားလိုက်သည်။ သူသည် ပန်းကန်ဆေးနေရင်း လှမ်းမေးလိုက်လေသည်။
"ရှောင်လင်... မင်း တစ်ခုခု စားချင်လား... စားချင်ရင် ငါ တစ်ခုခု အလွယ်တကူ လုပ်ပေးလို့ရတယ်နော်..."
ကျူးလင်သည် သူ ပန်းကန်ဆေးနေသည်ကို ကြည့်ကာ ပြန်ပြောလိုက်သည်။
"မလိုပါဘူး... ငါ မဆာဘူး..."
ကျူးလင့်ထံမှ ကျင့်ကြံခြင်းအကြောင်းကို သင်ယူဖူးသဖြင့် ရွှေအမြုတေအဆင့်သို့ ရောက်ရှိပြီးသော ကျင့်ကြံသူများသည် ဆာလောင်ခြင်း မရှိတော့ကြောင်း ကျီယန် သိရှိထားသည်။
ကျူးလင် စားသောက်ခြင်းမှာ အရသာရှိသော အစားအစာများကို နှစ်သက်သောကြောင့်သာ ဖြစ်ကြောင်း သူ သိထားသဖြင့် ဆက်၍ မတိုက်တွန်းတော့ပေ။
ကျီယန်သည် လက်မှရေများကို သုတ်လိုက်ပြီးနောက် သူမကို ကြည့်ကာ ပြောလိုက်သည်။
"ဒါဆို ငါ အခု လုံခြုံရေးအဆောက်အအုံကို သွားလိုက်ဦးမယ်... မင်း တစ်ခုခုလိုရင် အဲဒီကိုလာပြီး ငါ့ကို ရှာလို့ရတယ်... ဒီနေ့တော့ ငါ အဲဒီမှာ တော်တော်ကြာကြာ နေရလိမ့်မယ် ထင်တယ်..."
သူ မထွက်ခွာမီ ကျူးလင်က သတိပေးလိုက်လေသည်။
"အင်း... အဲဒီလူတွေကို စစ်မေးတဲ့အခါ သတိထားဦး... အချို့လူတွေမှာ အားကောင်းတဲ့ စိတ်စွမ်းအင်တွေ ရှိကြတယ်..."
ကျီယန်က သူမကို လက်ပြကာ ပြုံးပြလိုက်သည်။
"အင်း... နောက်မှတွေ့မယ်..."
ကျီယန် ခြံဝန်းအတွင်းမှ ထွက်ခွာသွားပြီးနောက် ကျူးလင်သည်လည်း ထမင်းစားခန်းထဲမှ ထွက်လာခဲ့သည်။ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် သူမ ထိုင်လိုက်သည်နှင့် တံခါးပွင့်သွားကာ လီချိုး ဝင်လာလေသည်။
ဧည့်ခန်းထဲတွင် သူမ ရှိနေသည်ကို တွေ့သောအခါ သူက အံ့ဩတကြီး မေးမြန်းလိုက်သည်။
"စစ်မှန်တဲ့နတ်ဘုရားမ ကျူးလင်... မင်း ဘာလို့ ဒီမှာ ရှိနေတာလဲ..."
သူ၏မေးခွန်းကို ကြားသော် ကျူးလင်က မျက်ခုံးပင့်လိုက်ကာ မေးလိုက်သည်။
"ကျွန်မ ဘာမှလုပ်စရာမရှိလို့ ဒီမှာထိုင်ပြီး ရှို့ဝူ နိုးလာတာကို စောင့်နေတာ..."
“ကျွန်မကို ဒီမှာတွေ့ရတာ ဘာလို့ အဲဒီလောက် အရမ်း အံ့ဩနေရတာလဲ... ကျွန်မ မသိသင့်တဲ့ တစ်ခုခုကို ရှင် ဖုံးကွယ်ထားလို့လား... ဒါမှမဟုတ် တစ်ခုခု ခိုးလုပ်နေတာလား..."
လီချိုးသည် သူမ၏မေးခွန်းကို ပြန်မဖြေဘဲ မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။ သူ၏ ချောမောသော မျက်နှာထက်မှ မျက်မှောင်ကြုတ်မှုကို ကြည့်ကာ ကျူးလင်က မေးလိုက်၏။
"အဆင့်မြင့်နတ်ဘုရား လီချိုး... တစ်ခုခု ဖြစ်လို့လား... တစ်ခုခုက မင်းကို စိတ်အနှောင့်အယှက် ပေးနေသလိုပဲ..."
လီချိုးက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။
"ငါ အဆင်ပြေပါတယ်... မိစ္ဆာနတ်ဘုရားက သူ့ကို တစ်ခုခု စုံစမ်းကူညီပေးဖို့ တောင်းဆိုထားလို့ပါ... ဒါပေမဲ့ ငါ ပိုပြီး စုံစမ်းလေလေ ပဟေဠိတွေက ပိုများလာလေလေပဲ..."
သူ၏ အဖြေကို ကြားရလျှင် ကျူးလင်သည် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်သည်။
"ရှို့ဝူက မင်းကို ဘာစုံစမ်းခိုင်းတာလဲ..."
ရှို့ဝူက ဤကိစ္စကို လျှို့ဝှက်ထားရန် မပြောခဲ့သဖြင့် လီချိုးသည် ကျူးလင်ကို ကြည့်ကာ ပြောလိုက်သည်။
"သူက ငါ့ကို သံသရာကျောက်တုံးအကြောင်း စုံစမ်းခိုင်းတာ..."
ရှို့ဝူ စုံစမ်းခိုင်းသည့်အရာက သံသရာကျောက်တုံး ဖြစ်နေလိမ့်မည်ဟု ကျူးလင် မထင်ထားခဲ့ပေ။ သူမသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်လေသည်။
"သံသရာကျောက်တုံးက နတ်ဘုံမှာ ရှိပြီး နတ်စစ်သည်တွေ စောင့်ကြပ်နေတာလေ... ရှင်က ဘယ်လိုနည်းလမ်းနဲ့ သံသရာကျောက်တုံးအကြောင်းကို စုံစမ်းရတာလဲ..."
သူမ၏ မေးမြန်းမှုကို ကြားသော် လီချိုးက တည်ငြိမ်စွာပင် ဖြေကြားလိုက်သည်။
"ငါတို့နှစ်ယောက်လုံးက နတ်ဘုရားတွေ ဖြစ်ကြပေမဲ့ မတူညီတဲ့ဘုံတွေမှာ နေထိုင်ပြီး ကွဲပြားတဲ့ မျိုးနွယ်စုတွေအဖြစ် မွေးဖွားလာကြတာ...”
“ငါတို့ သားရဲမျိုးနွယ်စုရဲ့ ဘေးကင်းရေးကို ထည့်တွက်ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းကို ဘာမှ ပြောပြလို့ မရဘူး..."
ကျူးလင်က နားလည်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်မ နားလည်ပါတယ်..."
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ထပ်မံ မေးလိုက်သည်။
"ရှင် စုံစမ်းရသလောက် တိုးတက်မှုကိုတော့ ငါ့ကို ပြောပြလို့ ရမလား..."
လီချိုး ပြန်မဖြေနိုင်မီမှာပင် သူ၏နောက်ကျောဘက်မှ ရှို့ဝူ၏ အသံ ထွက်ပေါ်လာလေသည်။
"လီချိုး... မင်း ပြန်ရောက်ပြီလား... ငါ သိချင်တဲ့အရာကို ရှာတွေ့ခဲ့ပြီလား..."
လီချိုးသည် နောက်သို့ လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"မတွေ့သေးဘူး... ဒါပေမဲ့ သံသရာကျောက်တုံးအကြောင်း စုံစမ်းနေရင်းနဲ့ တခြား စိတ်ဝင်စားစရာကောင်းတဲ့ သတင်းအချက်အလက်တွေ အများကြီး တွေ့ခဲ့တယ်..."
ရှို့ဝူသည် ကျူးလင့်ဘေးတွင် ဝင်ထိုင်လိုက်ပြီးနောက် လီချိုးကို ကြည့်ကာ ပြောလိုက်သည်။
"မင်း စုံစမ်းရသလောက် ပြောပြပါဦး..."
ဧည့်ခန်းထဲတွင် ၎င်းတို့ သုံးဦးတည်းသာ ရှိနေသည်ကို မြင်လျှင် လီချိုးသည် အသံလုံအတားအဆီးတစ်ခုကို တည်ဆောက်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်၏။
နောက်တစ်စက္ကန့်တွင် သူတို့၏ရှေ့ ဟင်းလင်းပြင်၌ ရေမှန်ပြင်တစ်ခု ပေါ်လာလေသည်။ ရေမှန်ပြင်ထဲတွင် မည်သည့်အရာမျှ မရှိသည်ကို တွေ့ရသဖြင့် ရှို့ဝူက မေးခွန်းထုတ်လိုသော မျက်လုံးများဖြင့် မျက်ခုံးပင့်လိုက်လေသည်။