← Chapters

ချိပ်ပိတ်နယ်မြေအစီအရင်

Vol. 99 Ch. 1355

ချိပ်ပိတ်နယ်မြေအစီအရင်

Vol. 99 Ch. 1355

သွေးဓားသည် သားရဲများစွာ၏သွေးကို စုပ်ယူခဲ့ပြီးဖြစ်သလို သွေးပင်လယ်တွင် မွန်းမံပြီးခဲ့လေပြီ။ ၎င်း ပေါ်လာသည်နှင့် ကြောက်မက်ဖွယ်သွေးအလင်းကို ပေးစွမ်းလာသည်။ ကောင်းကင်ထက်ရှိ တိမ်များသည်ပင် ထိုသွေးအလင်း၏ ထွင်းဖောက်ခြင်းကို ခံရသည်။

လက်ထဲရှိ သွေးဓားနှင့်အတူ ဝမ်လင်း၏မျက်လုံးများ တောက်ပလာ၏။ အစိမ်းရောင်ဓား သူ့ထံ ဦးတည်ဝင်လာချိန်တွင် သူက သွေးဓားကို ဝေ့ယမ်းလိုက်သည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်၏။ သွေးဓားကို ဝေ့ယမ်းလိုက်သည်နှင့် ဟင်းလင်းပြင်အက်ကြောင်းတစ်ခု စုတ်ဖြဲကာ ပွင့်လှစ်သွားသည်။ ထိုအက်ကြောင်းသည် အစိမ်းရောင်ဓားနှင့် ထိပ်တိုက်တွေ့ဆုံသည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်၏။ အစိမ်းရောင်ဓားသည် စူးရှသောဓားတေးသံကို ထုတ်လွှတ်သည်။ အစိမ်းရောင်အလင်း ပျက်စီးသွား၏။ ယင်းဓား နောက်ဆုတ်သွားစဉ် သွေးအလင်းပမာဏမှာ ၎င်းကို ထွေးခြုံလေ၏။ သွေးဓားသည် ကျယ်လောင်သောဓားတေးသံကို ထုတ်လွှတ်၏။ ၎င်းက အံ့မခန်းကြမ်းကြုတ်မှုအော်ရာကို ပေးစွမ်းလျက် နောက်ကနေ လိုက်သည်။

ထိုအခိုက်အတန့်တွင် အဖြူရောင်ကျောက်စိမ်းခန်းမပေါ်ရှိ ရုပ်တုရှေ့မှ နောက်ထပ်ကျောက်သားဓားပေါ်တွင် အက်ကြောင်းများ ပေါ်လာ၏။ ၎င်းက ပွင့်ဟကာ အားကောင်းသောအပြာရောင်အလင်းကို ထုတ်လွှတ်သည်။ ၎င်းသည် ပျံသန်းထွက်လာပြီး သွေးဓားကို အစိမ်းရောင်ဓားနှင့်အတူ ခုခံမှု ပြုသည်။

တုန်ဟည်းသံများ အရူးအမူး ပျံ့နှံ့ကုန်၏။ ဓားသုံးလက် ထိပ်တိုက်တွေ့ခြင်းက ဟင်းလင်းပြင်ကိုပါ တုန်ခါစေသည်။

သွေးဓား၏ဇစ်မြစ်သည် ဆန်းကြယ်၏။ ၎င်းထံတွင် အဆုံးမဲ့စွမ်းအားများ ပါဝင်နေ၏။ နတ်ဘုရားပြစ်ဒဏ်ဓားနှစ်လက်နှင့် ရင်ဆိုင်ရသည့်အခါပင် ၎င်းက အားနည်းသွားခြင်း မရှိသည့်အပြင် ပို၍ပင် ကြမ်းလာသည်။

ဓားသုံးလက် ထိပ်တိုက်တွေ့နေချိန်တွင် တိမ်တိုက်များထံမှ မိုးကြိုးအော်မြည်သံ ထွက်ပေါ်၏။ တိမ်များထံမှ ဖိအားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုဖိအားသည် အထည်ဒြပ်ဖြစ်လာနီးပါးအနေအထားဖြင့် ပျံ့လွင့်သည်။ အဖြူရောင်ကျောက်စိမ်းအဆောက်အဦက အက်ကြောင်းအဟထဲကနေ အနည်းငယ် ပိုထွက်လာ၏။

အဆောက်အဦရုပ်တုနောက်တွင် နောက်ထပ် ဓားနှစ်လက် ရှိနေပြန်သည်။ တစ်လက်သည် အက်ရာများ ရုတ်တရက် ပေါ်လာပြီး ဓားနက်တစ်လက် ပျံသန်းထွက်လာသည်။ ယင်းဓားကလည်း အစိမ်းရောင်၊အပြာရောင်ဓားများနှင့်အတူ သွေးဓားကို အတူတကွ ဖိနှိပ်သည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ဆန်းကြယ်သောဓားသုံးလက်၏ တိုက်ခိုက်မှုက သွေးဓားကို သာ၍ပင် ပိုရူးသွပ်လာစေသည်။ သွေးအလင်းသည် ကြောက်မက်ဖွယ်ကောင်း၏။ သို့သော် ၎င်းသည် တဖြည်းဖြည်းနောက်ဆုတ်ရသည်။ ၎င်းမှာ မယှဉ်ပြိုင်နိုင်တော့တာ သိသာသည်။

သွေးဓားသည် ၎င်း၏ကိုယ်ပိုင်စိတ်ဝိညာဉ် ရှိ၏။၎င်းက အော်မြည်သံ ပြုသည်။ ၎င်းသည် ဓားသုံးလက် သူ့လမ်းကို ဟန့်တားနှောက်ယှက်နေသည့်အတွက် ဒေါသထွက်လာခဲ့ပေပြီ။

ထိုအဖြစ်အပျက်များသည် တဒင်္ဂအတွင်း ဖြစ်ပျက်သွားခြင်းပင်။ ဝမ်လင်းသည် ရှေ့သို့ လှမ်း၏။ သူ့မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်များ အရူးအမူး လှည့်ပတ်သည်။ ထိုလှည့်ပတ်မှုက ၎င်း၏အကန့်အသတ် ရောက်လာသည့်အခါ ဝမ်လင်းသည် သူ့ညာလက်ညှိုးဖြင့် သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်သည်။ သူသည် သူ့အသွေးအသားကို ချိုးဖျက်၏။ သွေးတစ်စက် ပျံသန်းထွက်လာသည်။ ထိုသွေးသည် သူ့သွေးအဆီအနှစ် မဟုတ်ပါ။ ၎င်းက သူ့ရှေးဟောင်းနတ်ဘုရားကြယ်များကနေ ဖြစ်ပေါ်လာခြင်းတည်း။ သွေးစက်သည် သွေးဓားထံ ပျံသန်းသွားပြီး သွေးဓားက စုပ်ယူပစ်သည်။ သွေးဓားသည် ချက်ခြင်းပင် တုန်လှုပ်ဖွယ်ဖိအားတစ်ခုကို ပေးစွမ်းကာ သွေးအလင်းသည် အဆများစွာ ပိုသိပ်သည်းလာသည်။

သွေးဓားထံမှ ဧရာမသွေးအရိပ်တစ်ခု ပေါ်လာ၏။ ထိုအရိပ်သည် ဝေဝေဝါးဝါး လူသားအသွင်ဖြင့် တူနေဟန် ရသည်။ ၎င်း ပေါ်လာသည်နှင့် သွေးဓားသည် ရှေ့သို့ တိုးဝင်ကာ ရောင်စုံဓားသုံးလက်ကို ချက်ခြင်း နောက်ဆုတ်သွားစေသည်။ တစီစီအသံများ ထွက်ပေါ်၏။ ယင်းတို့သည် ယှဉ်ပြိုင်မသာတော့သည်မှာ သိသာသည်။

ထိုအခိုက်အတန့်တွင် ရုပ်တုနောက်မှ နောက်ဆုံးဓားသည် ပြိုပျက်ကာ ရွှေရောင်အလင်းတောက်ပမှုကို ပေးသည်။ ယင်းက ပြင်းထန်သောဖိအားကို သယ်ဆောင်ကာ ဓားစွမ်းအင်သည် သွေးဓားနှင့် ထိပ်တိုက်တွေ့သည်။

ဘန်းခနဲ ပေါက်ကွဲ၏။ သွေးဓားနောက်သို့ ထပ်မံ နောက်ဆုတ်ရသည်။

အစိမ်း၊အပြာ၊အနက်၊ရွှေရောင် ဓားလေးလက်သည် ဤအခိုက်တွင် လေထဲတွင် လွင့်မြောလျက် ရှိသည်။ ယင်းတို့က စတင်လှည့်ပတ်ကာ ဧရာမဝဲကတော့တစ်ခုကို ဖြစ်စေသည်။ ထိုဝဲကတော့အတွင်းကမူ ဗရမ်းဗတာ ဖြစ်မှုတို့ ပြည့်နှက်လျက် တခြားလောကတစ်ခုခု ဖြစ်နေသည့်အလား။

ထိုလောကသည် ဝေဝါးကုန်၏။ သို့သော် လူတစ်ယောက်သည် ယင်းလောကအတွင်း၌ မရေမတွက်နိုင်သော ဂြိုဟ်များနှင့် ယင်းဂြိုဟ်များပေါ်တွင် သေမျိုးများစွာ ရှိနေသည်ကို ခပ်ရေးရေး မြင်နိုင်ပေသည်။ သူတို့သည် ခပ်တိုးတိုး ဆိုရင်း ထူးခြားဆန်းကြယ်သော အသံတစ်ခုသည် ဝဲကတော့ထဲမှ ထွက်လာကာ လူတိုင်း၏စိတ်ကို လှုပ်ခါစေသည်။

ထိုအသံသည် အဆင့်ကိုးဒေသတွင် အလျင်အမြန် ပြည့်နှက်လာပြီး ကလန်အကာအကွယ်အစီအရင်ကို ထွင်းဖောက်သွားသည်။ ယင်းအသံသည် ကျင့်ကြံသူတိုင်းနှင့် သားရဲတိုင်း၏ စိတ်ဝိညာဉ်အတွင်း ရှင်းရှင်းလင်းလင်း ဝင်ရောက်သည်။

“ဒုက္ခငြိမ်းခြင်းကုန်းမြေ…။ နတ်ဘုရားပြစ်ဒဏ် ပွင့်ဟခြင်း။ နတ်ဘုရားပြစ်ဒဏ် အဆုံးသပ်။ ထာဝရအသက်ကို ပိုင်ဆိုင်ပြီး မဟာတာအိုကို ပိုင်ဆိုင်မယ်တဲ့လူတွေဟာ နာကျင်မှုနဲ့ရုန်းကန်မှုကို ပတ်သယ်နိုင်ပြီး ငါ့တပည့် ဖြစ်လာလိမ့်မယ်…”

“ဒုက္ခငြိမ်းခြင်းကုန်းမြေထဲ ဝင်ရောက်လာရင် မင်းဟာ ကောင်းကင်ဘုံရဲ့ ဂုဏ်ဒြပ် ဖြစ်လာနိုင်မယ်။ အခြားလူတွေ အထက်ကို ရောက်မယ်။ ကောင်းကင်ဘုံတာအိုကို ပိုင်ဆိုင်ရရှိမယ်…”

“ဒုက္ခငြိမ်းခြင်းကုန်းမြေကို ဝင်ရောက်လာတာနဲ့ မင်းရဲ့ သေဆုံးသွားတဲ့ ချစ်ရသူတွေလည်း ပြန်အသက်ရှင်နိုင်ပြီး ထာဝရ အတူတူ နေထိုင်နိုင်မယ်။ မင်းက အစစ်အမှန်တာအိုကို အောင်မြင်နိုင်မယ်…”

“ဒုက္ခငြိမ်းခြင်းကုန်းမြေကို ဝင်ရောက်လာတာနဲ့ မင်းရဲ့ ပြန်လည်မွေးဖွားတဲ့သံသရာစက်ဝန်းဟာ ပြိုလဲပျက်စီးသွားလိမ့်မယ်။ သေခြင်းရှင်ခြင်းဆိုတာ ရှိတော့မှာ မဟုတ်ဘူး…”

“ငါ့ဒုက္ခငြိမ်းခြင်းကုန်းမြေကို ဝင်ရောက်လာတာနဲ့ မင်းရဲ့ နှလုံးသားဟာ ပြီးပြည့်စုံလာပြီး မင်းစိတ်ဟာ မင်းနောက် လိုက်ပါလိမ့်မယ်…”

ထိုအသံထဲတွင် ဝဲကတော့အတွင်းရှိ လောကထံမှ ဖိအားဖြင့် ပြည့်နှက်နေ၏။ ထိုအသံသည် အားကောင်း၏။ အချို့အကြောင်းရင်းများကြောင့် လူတစ်ယောက်သည် ဤအသံအပေါ် နွေးထွေးမှုနှင့် ယုံကြည်မှုကို ခံစားရပေလိမ့်မည်။

နတ်ဘုရားပြစ်ဒဏ်ကို ရှောင်ရှားနိုင်ဖို့အတွက် နတ်ဆိုးကလန်သို့ ဝင်ရောက်နေကြသော ကျင့်ကြံသူထောင်ချီသည် ချက်ခြင်းပင် စိတ်များရှုပ်ထွေးလာကြ၏။ လူငယ်တစ်ယောက်ဆို သူ့မျက်လုံးမှာ ဝေဝါးလာကာ ဝဲကတော့က အစားထိုးဝင်ရောက်သွား၏။ သူသည် ပျော်ရွှင်ဟန်ပေါက်လာကာ ပြုံးသည်။

ထိုအပြုံးသည် ထူးခြားဆန်းကြယ်လွန်းသည်။ ချက်ခြင်းပင် ထိုလူငယ်ကို အလင်းတစ်ခု ဝန်းရံပြီးနောက် သူ ကွယ်ပျောက်သွားတော့သည်။

သူ ကွယ်ပျောက်သွားချိန်၌ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူရာချီမှာလည်း အလားတူး ထူးခြားဆန်းကြယ်စွာ ပြုံးကုန်ကြ၏။ သူတို့ကိုလည်း အလင်းတစ်ခု ဝန်းရံလာပြီးနောက် အားလုံး တစ်ယောက်ပြီးတစ်ယောက် ကွယ်ပျောက်သွားလေ၏။

“ဒါက အသင်္ချေနတ်ဘုရားပြစ်ဒဏ်ရဲ့ ဒုက္ခငြိမ်းခြင်းဆင့်ခေါ်မှုပဲ။ မင်းတို့စိတ်ကို စူးစိုက်ထားကြ။ မဟုတ်ရင် မင်းတို့ရဲ့တာအိုနှလုံးသား မတည်မငြိမ် ဖြစ်လာပြီး ဒီဝဲကတော့ထဲက လောကထဲ ဆင့်ခေါ်ခြင်း ခံရလိမ့်မယ်…”

နတ်ဆိုးကလန်၏ မြင့်မြတ်သောအကြီးအကဲသည် အစီအရင်အပြင်ဘက်ရှိ ဝဲကတော့ကို စူးစိုက် ကြည့်နေ၏။ သူ့အမူအရာမှာ အလွန်တရာ လေးနက်လျက် ရှိသည်။

သူ့အသံသည် မိုးကြိုးသံအလား။ နတ်ဆိုးကလန်အနှံ့ မြည်ဟိန်းသွား၏။ သူ့အသံသည် မိန်းမောနေသော ကျင့်ကြံသူအားလုံးကို နိုးထလာစေ၏။ သို့ရာတွင် သူတို့သည် ပြန်နိုးထပြီးပြီးချင်း တဖန် ပြန်မိန်းမောသွားကြသည်။

ထိုကဲ့သို့ ပျောက်ကွယ်သွားခြင်းသည် နတ်ဆိုးကလန်မှ လူများတွင်သာ ဖြစ်ပျက်နေသည် မဟုတ်ပေ။ တစ္ဆေကလန်၊ နတ်ဘုရားကလန်၊ ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်နှင့် မြူများကြားရှိ သားရဲများပါ ကွယ်ပျောက်ကုန်ကြခြင်းပင်။

သွေးဓားသည် ဝမ်လင်းကို ဝန်းရံထား၏။ သူသည် ဓားလေးခုကြောင့် ဖြစ်ပေါ်နေသော ဝဲကတော့ကို မော့ကြည့်သည်။ ထူးဆန်းသောအသံက သူ့စိတ်ထဲသို့လည်း ဝင်ရောက်လာသည်သာ။ သူသည် နတ်ဘုရားပြစ်ဒဏ်အသံကို ခုခံနေခြင်းကြောင့် ယင်းအသံသည် အခြားသူများထက် သူ့အပေါ်တွင် ပို၍ပင် ကြည်လင်ပြတ်သားနေ၏။ သို့သော သူ့နားထဲရှိ အသံမှာ အမြဲမပြတ် ပြောင်းလဲလျက် ရှိသည်။

တစ်ခါတစ်ရံ သူ့အမေနှင့်အဖေ၏ အသံမျိုး၊ ရံဖန်ရံခါ လီမူဝမ်နှင့် ဝမ်ပိုင်တို့၏ အသံကဲ့သို့၊ တစ်ခါတစ်ရံဆို ဟင်္သာငှက်နတ်အင်ပါယာဟောင်း၏ အသံပင် ဖြစ်နေသေး၏။ ထိုအသံအားလုံးသည် ဝမ်လင်းစိတ်ထဲတွင် ထူးဆန်းသောလေသံအသွင် ဖြစ်တည်သည်။

“ဒုက္ခငြိမ်းခြင်း…” ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူ့တာအိုနှလုံးသာမှာ သန်မာ၏။ သာမန်ကျင့်ကြံသူများထက် များစွာ ပိုခိုင်မာသည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့သော အချို့မွန်းစတားအိုကြီးများသည် သူ့ထက် ပိုသာနိုင်လိမ့်မည် မဟုတ်ပေ။ ဝမ်လင်းသည် သူ့တစ်ဘဝလုံး အန္တရာယ်အထွေထွေကို ရင်ဆိုင်ခဲ့သည့်သူ မဟုတ်လား။ ထိုပုံရိပ်ယောင်အသံလောက်ဖြင့် သူ့စိတ်ကို မသက်ရောက်စေနိုင်ချေ။

“ဒါက ဒုက္ခငြိမ်းခြင်း ဟလား…” သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ထိုးထွက်လာ၏။ သူသည် သွေးဓားကို ဓားလေးလက်ကြောင့် ဖြစ်ပေါ်နေသော ဝဲကတော့ထံ ခပ်ကြမ်းကြမ်း ဝေ့ယမ်း၏။

ကောင်းကင်နှင့်မြေကြီးသည် ဟိန်းမြည်ပဲ့တင်ထပ်နေ၏။ တုန်လှုပ်ဖွယ်ဓားအလင်း လင်းလက်ကာ ဝဲကတော့ပေါ်သို့ ကျရောက်သည်။ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ဝဲကတော့အတွင်းမှ အစွမ်းထက်အားတစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်းထံသို့ ရိုက်ချလာသည်။

ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရသည်။

ထိုအခိုက်အတန့်တွင် ဝဲကတော့သည် ရုတ်တရက် ပိုမို မြန်ဆန်စွာ လှည့်ပတ်လာကာ တိမ်များကြား ပျောက်ကွယ်သွားသည်။ တိမ်များသည် ဝဲကတော့၏ ဆွဲငင်ခြင်း ခံရသည့်အလား ပြင်းပြင်းထန်ထန် ဟိန်းမြည်သံ ပြု၏။ ယင်းတိမ်များသည် နေရာတစ်ခုတည်းတွင် စုဝေးသည်။

ဤတွင် တိမ်တိုက်များသည် တောင်အသွင် ဖွဲ့တည်၏။ ထိုတိမ်တောင်သည် အဆုံးမဲ့အောင် ရှည်လျားကာ ခရမ်းရောင်အတိ ပြီးသည်။ ယင်းထံမှ ကောင်းကင်ဘုံတုန်လှုပ်ဖွယ်ဖိအားကို ပေးစွမ်းလေ၏။

ဤတောင်ပေါ်တွင် တာအို ဟူသော စာလုံး ဖြစ်တည်ရန် စာလုံးမြောက်များစွာ ယှက်လိမ်ရေးထွင်းထားသည်။ တိမ်များသည် အရူးအမူး စုစည်းနေကြကာ တောင်သည် ကြီးမားသထက် ကြီးမားလာသည်။

ထိုတောင်သည် ဝမ်လင်းထံ ဖိကျလာလျက် မိုးကြိုးတုန်ဟိန်းသံများ ဆက်တိုက် ဖြစ်ပေါ်နေသည်။ ကြည့်ရသည်မှာ ၎င်းက ဝမ်လင်းကို လုံးဝ ခြေမွပစ်ချင်သည့်ဟန်ပင်။

ဖိအားသည် နတ်ဆိုးကလန်၏အကာအကွယ်အစီအရင်ကိုပါ ပျက်စီးမည့် အရိပ်အယောင်များ ပြသလာစေသည့်အထိ ပြင်းထန်၏။ အက်သံများ ဆူညံနေသလို အက်ရာများလည်း ပျံ့နှံ့ကုန်သည်။

အဆုံးမရှိဖိအား အဘက်ဘက်မှ တိုးဝင်လာစဉ် ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ တစီစီအသံများ ပဲ့တင်ထပ်၏။ သူ့ခြေထောက်သည် ကြယ်ရောင်စုံကောင်းကင်ကို နင်းခြလျက် တောင့်မခံနိုင်သောအသံများပါ ပေးစွမ်းလာသည်။

သူ့မျက်နှာသည် အနည်းငယ် နီမြန်းလာ၏။ သူ့မူလစွမ်းအင်များကို ခန္ဓာကိုယ်တစ်ခုလုံးအား လှည့်ပတ်စေသည်။ သူသည် တလက်လက် မျက်လုံးများဖြင့် ထိုတိမ်တောင်ကို မော့ကြည့်လိုက်၏။

သူက နတ်ဘုရားပြစ်ဒဏ် ၎င်း၏စွမ်းအားအားလုံး ထုတ်လွှတ်လာမည့် အခိုက်ကို စောင့်ဆိုင်းနေသည် မဟုတ်ပါလား။ ခုက ဤအခိုက်အတန့်ပင်။ ဝမ်လင်းသည် ထိုတောင် သူ့အပေါ် ဖိကျလာစဉ် သူ့မျက်လုံးမှာ တလက်လက် ဖြစ်၏။ သူ့မူလစွမ်းအင်အားလုံး ပေါက်ကွဲထွက်လာပြီး သူ့အောက်ရှိ သွေးဓားကို ဝေ့ယမ်းသည်။ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပေါ်လာသည်။

ထိုဟင်းလင်းပြင်အက်ကြောင်းသည် တစ်လွှာချင်း ပွင့်ဟ လာကာ တိမ်တောင်ထံမှ ဖိအားထံ ထည့်ပေါင်း၏။ ဟင်းလင်းပြင်အက်ကြောင်း ပျက်စီးမှုက ပိုပြင်းထန်လာသည်။ ခဏအကြာတွင် ဟင်းလင်းပြင်အက်ကြောင်းမှာ လုံးဝပွင့်ထွက်သွား၏။

ယင်းအဖြစ်သည် ကြယ်ရောင်စုံကောင်းကင်အောက်ရှိ လေဟာနယ်အာကာပြင်ကို လှစ်ပေါ်စေသည်။

ယင်းလေဟာနယ်မှာ ချိပ်ပိတ်နယ်မြေအစီအရင် တည်ရှိနေသော နေရာတည်း။

ဟင်းလင်းပြင်အက်ကြောင်း ပွင့်ထွက်လာသည့်အခါ အေးစက်စက်စွမ်းအင်များ တရှိန်ထိုး ထွက်လာ၏။ ဝမ်လင်းက ထိုအက်ကြောင်းထဲ ခြေလှမ်းဝင်ကာ လေဟာနယ်အတွင်းသို့ လှမ်း၏။ ဝမ်လင်းအပေါ် တန်းတန်းမတ်မတ် ဖိကျလာသော တိမ်တောင်သည် ဆင်းသက်လာ၏။ အက်ကြောင်းသည် တဖန် ပွင့်ထွက်လာပြန်ကာ တိမ်တောင်ပါ ဝင်ရောက်လာ၏။

ဝမ်လင်းနှင့် တိမ်တောင်တို့ ဟင်းလင်းပြင်နေရာထဲ ဝင်ရောက်ချိန်၌ ပိုက်ကွန်သဖွယ်တည်ဆောက်ပုံတစ်ခု ပေါ်ထွက်လာ၏။ ၎င်းက သက်ရှိအားလုံးကို ချိုးဖျက်ခြင်းကနေ ဟန့်တားမည့် အစွမ်းထက်အော်ရာကို ပေးစွမ်းသည်။

ဝမ်လင်း၏မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာသလို သူက ပိုက်ကွန် အနီးအနား မြန်ဆန်စွာ ရောက်ရှိလာ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေကာ သူ့ခန္ဓာကိုယ်ပေါ်သို့ ချိပ်တံဆိပ်များစွာ နေရာချသည်။ ဤအခိုက်တွင် တိမ်တိုက်သည် ဝမ်လင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့ပေပြီ။

ဝမ်လင်းက ရုတ်တရက် ထိုတောင့်ကို ထောက်ပိုးသည့်အလား သူ့လက်နှစ်ဖက်ကို ဖြန့်ကားထုတ်၏။ ထို့နောက် သူက မာန်သွင်းလိုက်၏။ ဝမ်လင်းက ထိုဖိသိပ်အားကို ချိပ်ပိတ်နယ်မြေအစီအရင်ပေါ်သို့ လွှဲပြောင်းပေးစဉ် သူ့ခန္ဓာကိုယ်မှာ တုန်ရီနေလျက် သူ သွေးအန်လိုက်ရတော့သည်။

လေဟာနယ်နေရာတစ်ခုလုံး ရုတ်တရက် လင်းထိန်ကာ ပိုက်ကွန် လှစ်ဟလာ၏။ ထိုပိုက်ကွန်သည် အတောမသပ်မည့်အလား။ အဆုံးသပ်ကို တွေ့မြင်ရဖို့ မဖြစ်နိုင်ချေ။ ယင်းက အတွင်းဘက်နယ်မြေ (ဝါ) ချိပ်ပိတ်နယ်မြေတစ်ခုလုံးကို ခြုံလွှမ်းထားပြီး မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကုန်လွန်လာတာတောင် အတွင်းဘက်နယ်မြေ၏ ကျင့်ကြံသူများ မည်မျှ ကြိုးစားပါစေ ယင်းအစီအရင်ကို ချိုးဖျက်ပြီး ပြင်ပနယ်မြေသို့ မဝင်ရောက်နိုင်ခဲ့ကြပေ။

အလွန့်အလွန်နည်းပါးသော အစွမ်းထက်ကျင့်ကြံသူ တစ်ဦးချင်းစီကသာ သူတို့၏အစွမ်းထက်ကျင့်ကြံခြင်းကို အသုံးပြုကာ ချိုးဖျက်နိုင်စွမ်း ရှိခဲ့ဖူးသည်။

သို့ရာတွင် ခေတ်များတလျောက် နတ်ဘုရားပြစ်ဒဏ်၏စွမ်းအားကို ငှားယမ်းကာ သည်ချိပ်ပိတ်နယ်မြေအစီအရင်ကို ချိုးဖျက်သည့်သူ မည်သူမျှ မရှိခဲ့ဖူးချေ။ ထိုနည်းလမ်းဖြင့် ချိုးဖျက်ရာတွင် ဝမ်လင်းကသာ ပထမဆုံး ဖြစ်၏။

***

All Chapters