အခန်း ၁၁၆၀
Vol. 78 Ch. 1160
အခန်း ၁၁၆၀ - ကရုဏာမထားခြင်း
“ကျေးဇူးတင်ပါတယ် သခင်ကြီးယီ။ သခင်ကြီးယီရဲ့ ကျေးဇူးကို ကျွန်တော် တစ်သက်လုံး မေ့မှာမဟုတ်ပါဘူး”
ဒေါင်ရှောင်ချင်းမှာ အလွန်တုန်လှုပ်ဝမ်းသာဖြစ်သွားပြီး ယီယွင်ကို အကြိမ်ကြိမ် ဦးညွှတ်နေတော့သည်။
ယီယွင်သည် ဂိုဏ်းချုပ်ဒေါင်ကို ထူမပေးလိုက်ပြီး “အဆုံးအဖြတ် မစောပါနဲ့ဦး။ ကျွန်တော် ခင်ဗျားသမီးရဲ့ ရောဂါကို လုံးဝ မကုသပေးနိုင်သေးပါဘူး။ သူမ ခန္ဓာကိုယ်ထဲက အဆိပ်ကို ခဏတာ သက်သာအောင်ပဲ လုပ်ပေးထားတာပါ။ အနာဂတ်မှာ အခွင့်အရေးရှိရင် ရောဂါ ပြန်ပေါ်လာနိုင်ပါသေးတယ်။” ဟု ပြောသည်။
“ဗျာ ဒါဆိုရင်…”
ဒေါင်ရှောင်ချင်းမှာ တုန်လှုပ်သွားသည်။ ယီယွင်၏ စကားက သူ့ကို အလွန် စိုးရိမ်စေသည်။ ယခုတစ်ကြိမ်တွင် ယီယွင်ရှိနေ၍ သေမင်းလက်ထဲမှ ဆွဲထုတ်နိုင်ခဲ့သော်လည်း နောက်တစ်ကြိမ်တွင် ဘယ်လိုလုပ်မလဲ။
“ဂိုဏ်းချုပ်ဒေါင်၊ စိတ်မပူပါနဲ့။ ကျွန်တော် ခင်ဗျားသမီးရဲ့ အခြေအနေကို မေ့ထားမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီကိစ္စမှာ ပါဝင်ပတ်သက်နေပြီ၊ ခင်ဗျားသမီးကြောင့်တင် မဟုတ်ဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း အရမ်း စိတ်ဝင်စားမိတယ်။”
ယီယွင်သည် ထိုမကောင်းဆိုးဝါးမှာ သာမန်မဟုတ်ဘဲ ထူးခြားသော ဇာစ်မြစ် ရှိနေသည်ဟု တစုံတရာ ခံစားနေရသည်။
ယီယွင်၏ စကားကို ကြားလိုက်ရသောအခါ ဒေါင်ရှောင်ချင်းမှာ မည်သို့ ပြန်လည် ကျေးဇူးဆပ်ရမှန်း မသိတော့ပေ။ သူသည် ယီယွင်ကို အကြွေးတင်လွန်းနေပြီ ဖြစ်သည်။
“ဒါဆိုရင်…”
ယီယွင်သည် ဇူးချိုဘိုဘက်သို့ လှည့်ကြည့်ကာ
“ဆရာကြီး ဇူအို၊ ခင်ဗျားရဲ့ ပညာရှင်အမြင်အရ ကျွန်တော် ဖော်စပ်ထားတဲ့ နန်းတော်အဆင့်ရေခဲနှလုံး ဆေးလုံးတွေက အစစ်အမှန် ဟုတ်မဟုတ် ပြောပြပေးနိုင်မလား” ဟု မေးသည်။
ဇူးချိုဘို မျက်ခုံးပင့်သွားသည်။ သူ ဝန်မခံချင်သော်လည်း ယီယွင် ဖော်စပ်ထားသည့် ဆေးလုံးများ၏ အရည်အသွေးမှာ သူထက် သာလွန်နေသည်မှာ အမှန်ပင်။
သူ မလွှဲမရှောင်သာ ခေါင်းညိတ်ပြီး “တကယ်ပဲ အစစ်အမှန်တွေပါပဲ။” ဟု ပြောသည်။
“ဒါဆိုရင်…”
ယီယွင် မတ်တပ်ရပ်လိုက်ပြီး ဇူအိုချူး ဟောက်ယုကို ကြည့်ကာ
“ဒါဆို သခင်လေးဇူအို၊ ကျွန်တော် နန်းတော်အဆင့်ရေခဲနှလုံး ဆေးလုံးတွေ ဖော်စပ်အောင်မြင်ရင် ဆေးလုံးတွေက ကျွန်တော့်ပိုင်ဆိုင်မှု ဖြစ်မယ်၊ ပြီးတော့ ခင်ဗျားက ဆေးဖော်စပ်ခရဲ့ နှစ်ဆကို ပေးရမယ်လို့ အရင်က သဘောတူထားခဲ့တယ်နော်။ အခု ခင်ဗျားရဲ့ လက်နှစ်ဖက် ကိစ္စက…” ဟု ပြောသည်။
“ယီယွင်၊ မင်း…”
ဇူအိုချူး ဟောက်ယု၏ မျက်နှာမှာ သေလူတစ်ယောက်ကဲ့သို့ ဖြူဖျော့သွားသည်။ သူသည် စစ်သည်တစ်ယောက် ဖြစ်သည်။ လက်နှစ်ဖက်ကို ဖြတ်ပစ်လိုက်ပါက သူ၏ စွမ်းအားမှာ များစွာ လျော့ကျသွားလိမ့်မည်။
သူသည် ရတနာမသေမျိုးနတ်စံအိမ် ၏ သခင်လေးတစ်ယောက် ဖြစ်သည့်အတွက် ယီယွင် သူ့ကို မထိရဲလောက်ဟု သူ မျှော်လင့်ထားသည်။ သို့သော် လောင်းကစားရလဒ်မှာ ထွက်ပေါ်လာပြီ ဖြစ်ရာ ယီယွင်က သူ၏ လက်များကို တောင်းဆိုနေသည်။
ယီယွင်၊ အနိုင်ကျင့်လွန်းလှချည်လား။ မင်း ရတနာမသေမျိုးနတ်စံအိမ် ရဲ့ ရန်သူ ဖြစ်ချင်တာလား ဇူအိုချူး ဟောက်ယု၏ အသံမှာ ယီယွင်၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။ ရတနာမသေမျိုးနတ်စံအိမ် မှာ သူ၏ နောက်ဆုံး ကယ်တင်ရှင် ဖြစ်သည်။
“သခင်လေးယီ၊ ဒါကို အရမ်း အလေးအနက် မထားပါနဲ့လား အရင်က ဖြစ်ခဲ့တာတွေက ဟာသလေးတစ်ခုပါ။ အရမ်း အလေးအနက် မထားပါနဲ့။” ဇူအိုချူး ဟောက်ယု၏ နောက်မှ နောက်လိုက်တစ်ယောက်က ပြောသည်။
“မှန်တယ်၊ ဖြစ်နိုင်ရင် တခြားသူတွေကို ခွင့်လွှတ်လိုက်ပါ။ သခင်လေးယီ၊ မေ့လိုက်ပါတော့လား။”
လူအုပ်ထဲမှ လူများကလည်း ထောက်ခံကြသည်။ ဤအချိန်တွင် အလျှော့ပေးခိုင်းခြင်းမှာ ဉာဏ်ကောင်းသည့် လုပ်ရပ် ဖြစ်သည်။ တစ်စုံတစ်ယောက်က ပြဿနာကို ဖြေရှင်းပေးနိုင်ပါက ဇူအိုချူး ဟောက်ယု၏ ခင်မင်မှုကို ရရှိနိုင်ပေလိမ့်မည်။
ယီယွင်က ဇူအိုချူး ဟောက်ယု၏ လက်ကို တကယ် ဖြတ်ပစ်လိမ့်မည်ဟု မည်သူမျှ မယုံကြည်ကြပေ။ ရတနာမသေမျိုးနတ်စံအိမ် ၏ သခင်လေးတစ်ယောက်ကို အမည်မသိ လူငယ်လေးတစ်ယောက်က လက်ဖြတ်လိုက်ခြင်းမှာ မဖြစ်နိုင်လောက်အောင် ရူးမိုက်ရာ မရောက်ဘူးလား။
ယီယွင်သည် နောက်ဆုတ်ရန် အကြောင်းပြချက် လိုအပ်နေပြီး ဤကိစ္စကို ကြီးသည်မှ ငယ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူတို့အားလုံး ယုံကြည်ထားကြသည်။
“ဟာသလား”
ယီယွင် ရယ်မောလိုက်သည်။ သူသည် အိတ်ကပ်ကို ပွတ်လိုက်ရာ သွားတန်းများပါသော ထူထဲသည့် ဓားကြီးတစ်ချောင်း ထွက်ပေါ်လာသည်။
ဓား၏ ပုံစံမှာ အလွန် ထူးခြားလွန်းသည်။ ဓားပြားနှင့် ဆင်တူသည်။ ၎င်းမှာ ယီယွင်၏ အိတ်ကပ်ထဲမှ အမှတ်တမဲ့ တွေ့လိုက်ရသည့်အရာ ဖြစ်သည်။ ဓား၏ အရည်အသွေးမှာ သာမန်ဖြစ်သော်လည်း ပုံစံကတော့ အထင်ကြီးစရာ ကောင်းလှသည်။
ယီယွင် တကယ် လုပ်တော့မည်ကို မြင်လိုက်ရသောအခါ ဇူအိုချူး ဟောက်ယုမှာ ကြောက်ရွံ့သွားသည်။
“ယီယွင်၊ မင်း တကယ်ပဲ အဆုံးထိ လုပ်တော့မလို့လား”
“အဆုံးထိလား မင်းက ငါ့ကို အဲဒီလောက်ထိ လုပ်ဖို့ အရည်အချင်း ရှိတယ်လို့ ထင်နေတာလား” ယီယွင် ဇူအိုချူး ဟောက်ယုဆီသို့ လျှောက်သွားရင်း အေးစက်စွာ ပြောသည်။
“ဆဋ္ဌမမြောက်အဘိုး” ဇူအိုချူး ဟောက်ယု ဇူးချိုဘို၏ အကူအညီကို တောင်းလိုက်သည်။
ဇူးချိုဘို မျက်မှောင်ကြုတ်လိုက်သည်။ ဇူအိုချူး ဟောက်ယုမှာ သူ အထင်ကြီးသည့် လူငယ်တစ်ယောက် ဖြစ်သည်။ သို့သော် လူငယ်တစ်ယောက်အတွက် သူ ကိုယ်တိုင် ဝင်ပါရခြင်းမှာ ဂုဏ်သိက္ခာ ကျဆင်းစရာဟု သူ ထင်သည်။
သူ မလုပ်ချင်သော်လည်း စကားပြောလိုက်သည်။ “ငါ့ရဲ့ လူငယ်မိတ်ဆွေ ယီယွင်၊ ငါ့တူမြေးက မင်းကို စော်ကားမိတာ မမှန်ကန်ပါဘူး။ ဒါပေမဲ့ ငါ့မျက်နှာကို ထောက်ထားပြီး ခွင့်လွှတ်ပေးလို့ မရဘူးလား မင်း ဒီလိုလုပ်ရင် ရတနာမသေမျိုးနတ်စံအိမ် က မင်းရဲ့ ကျေးဇူးကို မှတ်သားထားပါ့မယ်။”
“ခင်ဗျား မျက်နှာကို ထောက်ပြီးလား” ယီယွင် ရယ်မောလိုက်သည်။
“ကျွန်တော် ခင်ဗျားကို ဒီနေ့မှ သိတာပါ။ ဘာလို့ ခင်ဗျားကျေးဇူးကို လိုချင်ရမှာလဲ ကျွန်တော် မေးပါရစေ၊ ဒီနေ့သာ ကျွန်တော် ရှုံးပြီး ခင်ဗျားတူမြေးက ကျွန်တော့်လက်ကို ဖြတ်ဖို့ လုပ်ခဲ့ရင် ခင်ဗျားက ကျွန်တော့်ဘက်ကနေပြီး ခွင့်လွှတ်လိုက်ပါ လို့ ပြောပေးမှာလား”
ယီယွင်၏ လှောင်ပြောင်သော အသံကို ကြားလိုက်ရသဖြင့် ဇူးချိုဘိုမှာ တောင့်ခဲသွားသည်။ ရတနာနတ်မြို့၏ ထိပ်တန်း ဆေးဖော်စပ်ခြင်းပညာရှင်၊ ရတနာမသေမျိုးနတ်စံအိမ် ၏ အကြီးအကဲဖြစ်သူ သူသည် လူငယ်တစ်ယောက်၏ အထင်သေးခြင်းကို ခံလိုက်ရသည်။
“ကောင်းပြီ ကောင်းလိုက်တာ ရှေးကတည်းက သူရဲကောင်းတို့သည် ငယ်ရွယ်စဉ်မှာပင် စတင်ခဲ့ကြတာပဲ။ စိတ်ဓာတ်ရှိခြင်းက လူငယ်တွေရဲ့ ကောင်းတဲ့ အရည်အသွေးပါ၊ ဒါပေမဲ့ အဲဒီစိတ်ဓာတ်က အန္တရာယ်တွေကို ဆွဲဆောင်တတ်တယ်။ တစ်ခါတရံ အလျှော့ပေးတတ်ဖို့ သင်ယူပါ၊ မဟုတ်ရင် မင်းပဲ ဒုက္ခရောက်လိမ့်မယ်။” ဇူးချိုဘိုက အသံကို မြှင့်ပြောသည်။
ထိုအချိန်တွင် မြို့စားကြီး ချင်မှာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဟားဟားဟား ဆရာကြီးဇူအို ပြောတဲ့အတိုင်းပဲ၊ ရှုံးနိမ့်မှုကို ဝန်ခံပြီး လောင်းကြေးစည်းမျဉ်းအတိုင်း လုပ်ဆောင်ဖို့ အချိန်ကျပြီ။”
မြို့စားကြီး ချင် ပြောနေရင်း လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ဇူအိုချူး ဟောက်ယု ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ရုတ်တရက် ပိတ်လှောင်သွားပြီး သူ့ကို နေရာမှာတင် ထိန်းချုပ်လိုက်သည်။
“မြို့စားကြီးချင်၊ ခင်ဗျား ဘာလုပ်တာလဲ”
ဇူအိုချူး ဟောက်ယု၏ မျက်နှာမှာ အလွန် ဖြူဖျော့သွားသည်။ သို့သော် သူ မည်သို့ ရုန်းထွက်နိုင်မည်နည်း။
ယီယွင်သည် ခြေလှမ်းတစ်လှမ်း ရှေ့တိုးလိုက်သည်။ ဓားမှာ အရိပ်ကဲ့သို့ လှုပ်ရှားသွားသည်။
ဝှူး......
ဓားချက်မှာ လေဟာနယ်ကို ထိုးဖောက်သွားပြီးနောက် ဇူအိုချူး ဟောက်ယု၏ ဝမ်းနည်းဖွယ် အော်ဟစ်သံ ထွက်ပေါ်လာသည်။ သူ၏ လက်နှစ်ဖက်မှာ ပခုံးအထက်မှ ဖြတ်တောက်ခံလိုက်ရပြီး သွေးများ ပန်းထွက်သွားသည်။
ထို့နောက် ယီယွင်သည် သန့်စင်သော ယန် မီးတောက်ကို ပစ်လွှတ်လိုက်ရာ လေထဲတွင် ရှိနေသော ဖြတ်တောက်ခံထားရသည့် လက်များကို လောင်ကျွမ်းသွားစေသည်။
“ဟူး....ဝူး...... ဝူး .....”
သန့်စင်သော ယန်မီးတောက်မှာ ပြင်းထန်စွာ လောင်ကျွမ်းသွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ဇူအိုချူး ဟောက်ယု၏ လက်များမှာ ပြာဖြစ်သွားသည်။
လက်နှစ်ဖက်မှာ လောင်းကြေး၏ တန်ဖိုး ဖြစ်ရာ ယီယွင်သည် ဇူအိုချူး ဟောက်ယု ပြန်မရနိုင်စေရန် သေချာစေရမည်။ မဟုတ်လျှင် ဖြတ်တောက်ခြင်းမှာ အဓိပ္ပာယ် မရှိတော့ပေ။ ရတနာမသေမျိုးနတ်စံအိမ် ၏ စွမ်းဆောင်ရည်ဖြင့် လက်ပြန်တပ်ခြင်းမှာ အလွန် လွယ်ကူသည်။ သို့သော် လက်များမှာ ပြာဖြစ်သွားပါက ပြန်လည် ပေါက်လာစေရန် ခက်ခဲလိမ့်မည်။
လက်ပြတ်များကို ပြန်လည် ပေါက်လာစေသည့် ပစ္စည်းများမှာ အလွန် ဈေးကြီးသည်။ ရတနာမသေမျိုးနတ်စံအိမ် မှာ သခင်လေးတစ်ယောက်အတွက် ထိုမျှ ဈေးကြီးသော ပစ္စည်းမျိုးကို သုံးစွဲမည် မဟုတ်ပေ။ သုံးစွဲခဲ့လျှင်တောင် ပြန်ပေါက်လာသည့် လက်များမှာ ဥပဒေသများနှင့် ယွမ်ချီတို့၏ လေ့ကျင့်မှု မရှိသဖြင့် ယခင်လက်များထက် ပိုမို အားနည်းနေလိမ့်မည်။
သူတို့မှာ အစကနေ ပြန်လည် လေ့ကျင့်ရလိမ့်မည် ဖြစ်ရာ သူ၏ ကိုယ်ခံပညာ လမ်းကြောင်းမှာ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားခြင်းပင် ဖြစ်သည်။
ဇူအိုချူး ဟောက်ယုသည် သူ၏ လက်များ ပြာဖြစ်သွားသည်ကို ကြည့်နေရင်း သူ၏ ဦးနှောက်မှာ ထိခိုက်သွားသကဲ့သို့ ဖြစ်ပြီး ရူးမတတ် ဖြစ်သွားသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် သူသည် မြင့်မားသော နေရာတွင် ရှိသည့် သခင်လေးတစ်ယောက်မှ ကိုယ်လက်အင်္ဂါ မစုံလင်သူတစ်ယောက် ဖြစ်သွားခဲ့သည်။
“ငါ့လက်တွေ… ငါ့လက်တွေ…”
သူ၏ လက်များ ပျက်စီးသွားသဖြင့် ရတနာမသေမျိုးနတ်စံအိမ် တွင် သူ၏ ဂုဏ်သိက္ခာမှာ များစွာ ကျဆင်းသွားတော့မည်။ ရတနာမသေမျိုးနတ်စံအိမ် ကဲ့သို့ နေရာမျိုးတွင် သူကဲ့သို့ ကိုယ်လက်အင်္ဂါ မစုံလင်သူကို လက်ပြန်ပေါက်စေမည့် ပစ္စည်းမျိုး ပေးမည် မဟုတ်သည်မှာ သေချာသည်။
ဇူအိုချူး ဟောက်ယုသည် ယီယွင်ကို ပြင်းထန်သော အငြိုးအတေးဖြင့် စိုက်ကြည့်လိုက်သည်။
သို့သော် ယီယွင် လျစ်လျူရှုထားလိုက်သည်။
“ငါ့ရဲ့ လူငယ်မိတ်ဆွေ ယီယွင်၊ မင်း တကယ်ပဲ ပြတ်သားလွန်းတယ်။ မင်း ရတနာမသေမျိုးနတ်စံအိမ် ကို စော်ကားမိတာကို မကြောက်ဘူးလား” မြို့စားကြီး ချင်က ရယ်မောရင်း ယီယွင်၏ နားထဲသို့ ယွမ်ချီဖြင့် လှမ်းပြောသည်။
ယီယွင် ခေါင်းခါလိုက်ပြီး “ကျွန်တော် ရတနာနတ်မြို့က အင်အားစုတွေကို မစော်ကားချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ဒီမြို့မှာ အနည်းဆုံး သုံးနှစ် နေရဦးမှာပါ။ တစ်ယောက်ယောက်က မစရင် ကျွန်တော် မစပါဘူး။ ဒါပေမဲ့ ကျွန်တော် အမြဲတမ်း သည်းခံပြီး အလျှော့ပေးနေရင် ကျွန်တော့်ကို အနိုင်ကျင့်လို့ လွယ်တယ်လို့ မြင်ကြလိမ့်မယ်။ အဲဒီလိုဆိုရင် ပြဿနာတွေက ပိုတိုးလာလိမ့်မယ်” ဟု ပြောသည်။
ယီယွင်သည် လာမည့် သုံးနှစ်အတွင်း ရတနာနတ်မြို့တွင် သူ မုန်တိုင်းတစ်ခု ဖန်တီးတော့မည်ကို ကောင်းကောင်း သိသည်။ သူ၏ ယွင်ရှင်းဆေးခန်း တစ်ခုတည်းကပင် ဆေးခန်းများစွာ၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သည်။ သူသာ အနိုင်ကျင့်ခံလွယ်ပါက နောက်ကျသည်ဖြစ်စေ စောသည်ဖြစ်စေ သူ အမြိုခံရလိမ့်မည်။